← Chapters

ဉာဏ်ပညာ

Vol. 66 Ch. 1056

ဉာဏ်ပညာ

Vol. 66 Ch. 1056

ကောင်းကင်တွင် မြူခိုးဖြူများ နေရာအနှံ့သို့ ပျံ့နှံ့နေခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အသံများကလည်း ထွက်နေသည်။ နေရာလွတ်တစ်ခုလုံးလည်း အနည်းငယ် တုန်ခါနေ၏။

ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားကြသည်။ ယခုတစ်ကြိမ် ရောက်လာသော ခြေသလုံးအိမ်တိုင်ဝိညာဉ် အရေအတွက်က သူတို့ထင်ထားသည်ထက် ပိုများနေသည်။ သူတို့ကို ဝိုင်းခဲ့သော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ချောင်းငယ်တစ်ခုသာဆိုလျှင် ယခု သူတို့ အရှေ့တွင် ပေါ်လာသော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက မြစ်ကြီးတစ်စင်းလို ဖြစ်နေ၏။

ချန်လွေ့၏ မိတ်ဆက်ပေးမှုနှင့် အတူ ထိုရက်များ အတွင်း ရရှိလာသော အတွေ့အကြုံများအရ ထိုကဲ့သို့ များပြားသော ခြေသလုံး အိမ်တိုင်ဝိညာဉ်အုပ်စုအထဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်များ ရှိနေမည်မှာ သေချာသည်။ ကတ်သရင်း ပြောခဲ့သော စကားများကို ပြန်တွေးမိပြီး သူတို့ နှစ်ယောက်က ပို၍ပင် စိုးရိမ်လာခဲ့ ကြသည်။

[နိဗ္ဗာန်မီးတောက်]သည် ခြေသလုံးအိမ်တိုင်ဝိညာဉ်များအပေါ် အထူးစွမ်းအား ရှိနေသည်။ အပြင်းအထန် သတ်ဖြတ်နိုင်သော စွမ်းအားအပြင် ခြေသလုံးအိမ်တိုင် ဝိညာဉ်များ၏ စွမ်းအားကိုလည်း သိနိုင်ပြီး ကံကောင်းခြင်း ဖွေရှာကာ၊ ကံဆိုးခြင်းကို ရှောင်တိမ်းနိုင်၏။ ထိုခြေသလုံးအိမ်တိုင်ဝိညာဉ်များက သူတို့ သုံးယောက် ဆုတ်ခွာခဲ့စဉ် ကတ်သရင်း ခံစားမိခဲ့သော အရာများ ဖြစ်နိုင်သည်။ သူတို့၏ အငွေ့အသက်များကို လိုက်ရှာနေခြင်းလည်း ဖြစ်နိုင်၏။

ကတ်သရင်း၏ [နိဗ္ဗာန်မီးတောက်]သည် ခြေသလုံးအိမ်တိုင်ဝိညာဉ်များကို တားဆီးနိုင်သော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအားကတော့ တိုင်းပြည်အဆင့် အထွတ်အထိပ်တွင်သာ ရှိနေပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်များကိုတော့ ယှဉ်၍ မရနိုင်ပေ။

ပါ့ဂ်လီအို၏ တိုက်ခိုက်ရေးစွမ်းအားက ခြေသလုံးအိမ်တိုင်ဝိညာဉ်များနှင့် တိုက်ခိုက်ရန်အတွက် အထူးကောင်းမွန်သော်လည်း ကတ်သရင်းလောက် သေစေနိုင်စွမ်း မရှိပေ။ သူတို့သာ တိုက်ခိုက်ကြမည်ဆိုလျှင် ခြေသလုံးအိမ်တိုင်ဝိညာဉ်များက သူတို့သုံးယောက်ကို ချက်ချင်း ဝါးမျိုသွားနိုင်၏။ ယခုအချိန်တွင် နဂါးထွင်းစာ၏ ဖုံးကွယ်နိုင်စွမ်းကိုသာ မျှော်လင့်နေပြီး ခြေသလုံးအိမ်တိုင်ဝိညာဉ်များ သတိမထားမိရန်ကိုသာ ဆုတောင်းရပေတော့မည်။

သို့သော်လည်း ခြေသလုံးအိမ်တိုင်ဝိညာဉ်များက တစ်စုံတစ်ခုကို သတိထားမိသွားသလို ဖြစ်သွားပြီး ရုတ်တရက် ငြိမ်သက်သွားကြသည်။ မြနဂါးနှင့် အဆိပ်နဂါးတို့၏ နှလုံးသားတို့ကလည်း ရုတ်တရက် တင်းမာလာခဲ့၏။ ခြေသလုံးအိမ်တိုင်ဝိညာဉ်များတွင် ဉာဏ်ရည်ဉာဏ်သွေးနှင့် ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း အစရှိသော စိတ်ခံစားချက်များ မရှိပေ။ တိုက်ခိုက်လိုစိတ်သာ ရှိ၏။ သို့သော်လည်း ထိုကဲ့သို့ ရိုးရှင်းသော စိတ်ကပင် ပို၍ ကြောက်စရာကောင်းသည်။

အပေါ်ယံ လှည့်စားမှုများကြောင့် သူတို့က အနှောင့်အယှက် မဖြစ်ကြပေ။ ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ အာရုံခံနိုင်စွမ်းက သာမန်လူများ၏ အကြားအာရုံမဟုတ်ပေ။ အသက်ရှိနေသော အငွေ့အသက်ကို အာရုံခံခြင်း ဖြစ်သည်။ ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ အာရုံခံနိုင်စွမ်း ပိုကောင်းမွန်လေလေ၊ ပိုမိုအစွမ်းထက်လေလေ ဖြစ်သည်။ ဖုံးကွယ်ထားနိုင်သော အထူးစွမ်းရည်သာ မရှိလျှင် အသက်ရှင်ရန် မဖြစ်နိုင်လောက်သလောက်ပင်။

ပါ့ဂ်လီအို၏ နဂါးထွင်းစာက တိုင်းပြည်အဆင့်သာ ရှိသောကြောင့် နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်များထံမှ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။

ခြေသလုံးအိမ်တိုင်ဝိညာဉ်များ ရပ်တန့်သွားကြသည်။ အုပ်စုဖွဲ့နေခြင်းမျိုး မဟုတ်ဘဲ သူတို့က တဖြည်းဖြည်း ကွဲသွားကြပြီး ဖြစ်နိုင်ခြေရှိသော အငွေ့အသက်ကို ရှာဖွေနေကြသည်။ ပါ့ဂ်လီအိုက ခရိုဘဲလက်စ်၏ လက်များကို ဆုပ်ကိုင်ထားပြီး နှစ်ယောက်လုံး ချွေးအေးများ ထွက်လာခဲ့သည်။

“တစ်ခုခုဖြစ်ရင် ငါ သူတို့ကို ထိန်းထားမယ်။ မင်း ကတ်သရင်းနဲ့ ချက်ချင်း ထွက်ပြေး။"

ထိုထွင်းစာအစီအရင်မှာ အသံကို ဖုံးကွယ်နိုင်သော အစွမ်းရှိသောကြောင့် အတွင်းဘက်မှ အသံများကို အပြင်မှ မကြားရပေ။

“ပါ့ဂ်လီအို...” ခရိုဘဲလက်စ်၏ မျက်လုံးများ နီရဲသွား၏။

“အခုအချိန် အသက်ရှင်ဖို့အတွက် အတူတူ ရင်ဆိုင်ရမယ့် အချိန် မဟုတ်သေးဘူး။ ဒီနေရာမှာ ငါတို့ နှစ်ယောက်တည်း ရှိတာ မဟုတ်ဘူး။"

ပါ့ခ်လီအို သက်ပြင်းချလိုက်သည်။

“ငါက ကတ်သရင်းကို ဒီနေရာ ဆွဲခေါ်လာမိတာ။ ဒါမှမဟုတ် ငါတို့ နှစ်ယောက်လုံးက သူ့ကို ဆွဲခေါ်လာခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အသက်ရှင်အောင် ထားရမယ်။”

တခြားနေရာ၌ ဖြစ်သည်။ မြူခိုးဖြူများကဲ့သို့ ခြေသလုံးအိမ်တိုင် ဝိညာဉ်များအုပ်စုက အများကြီး မဟုတ်ပေ။ တိုက်ပွဲဝင်နေသော အဖွဲ့က အေးဆေးသာ ဖြစ်သည်။ ခြေသလုံးအိမ်တိုင်ဝိညာဉ်ဒါဇင်ခန့်က အပေါ်ကို ဝဲပျံနေကြသည်။

သူတို့ဘာသာ ပျံနေခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်၏ စွမ်းအားကြောင့် ဟန်ချက်ပျက်ကာ လူးလွန့်နေကြခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပြာရောင်လျှပ်စီးတစ်ခု လက်သွား၏။ ခြေသလုံးအိမ်တိုင်ဝိညာဉ်များက လေထဲမှ လျှပ်စီးကြောင့် အရပ်လေးမျက်နှာမှ အကြိမ်ကြိမ် ဖြတ်တိုက်ခံရပြီး ပြင်းထန်စွာ တုန်ခါသွားကြသည်။ စက္ကန့်အနည်းငယ် ကြာသောအခါ လျှပ်စီးများ ရပ်တန့်သွား၏။ ထိုအရာက အပြာရောင်ဓားများကို ကိုင်ထားသော ရိုမန်ပင်။ ရိုမန်၏ ဘယ်ဘက်မျက်လုံးက ထူးဆန်းသော အလင်းတစ်ခု လင်းလက်နေ၏။ သူက ဓားများကို အမှတ်မထင် ဝှေ့ယမ်းလိုက်သော်လည်း ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ တိုက်စားမှုစွမ်းအားကို ဖယ်ရှားလိုက်သည်။ လေပြင်းများ တိုက်ခတ်သွားပြီး အပေါ်မှ ခြေသလုံးအိမ်တိုင်ဝိညာဉ်များက တစ်ပြိုင်နက်တည်း တုန်ခါသွားကာ ပြာမှုန်များအဖြစ် ပျောက်ကွယ် သွားလေသည်။

“အရမ်းချောတာပဲ။”

မယ်ဒီလူ၏ မျက်လုံးများက ကြယ်ပွင့်များလို လင်းလက်သွားခဲ့သည်။

ရိုမန်လည်း ထိုအရာကို ကြားသောအခါ ပို၍ ဝင့်ကြွားလာခဲ့သည်။

သို့သော် ဒေလီယာ၏ ပုံမှန် အသံက ထွက်ပေါ်လာခဲ့သည်။

“မယ်ဒီလူ…. သူ့ကို ချော့မနေနဲ့။ “

ချော့မနေနဲ့ ဟုတ်လား။”

ရိုမန်က မျက်ခုံးပင့်၍ မော့ကြည့်လိုက်သည်။ ဘေးနားတွင် ရှိနေသော ဒေလီယာက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်၏။

အစိမ်းရောင်လျှပ်စီးတစ်ခုက အလွန်မြန်သော အရှိန်ဖြင့် လက်ခနဲ ဖြစ်သွားသည်။ ခုနက ရိုမန်ထက် အကြိမ်ပေါင်းများစွာ ပို၍ မြန်ဆန်၏။ အစ်ဇဘယ်လာ၏ ပုံရိပ်က ရိုမန်အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ အစ်ဇဘယ်လာကို ဝန်းရံထားသော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ရိုမန်ကို ဝန်းရံခဲ့သော ခြေသလုံးအိမ်တိုင်ဝိညာဉ်များထက် ငါးဆခန့် ပိုများကြောင်း ရိုမန် မှတ်မိသည်။ သို့သော် ယခုအချိန်တွင် အားလုံးက ချက်ချင်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

တကယ့်တိုက်ပွဲတွင်တော့ လူတိုင်းက မထင်မှတ်ဘဲ ဘယ်ဖီဂေါ တော်ဝင်မိသားစု၏ မိစ္ဆာမျက်လုံးက ခြေသလုံးအိမ်တိုင်ဝိညာဉ်များ၏ အထူးစွမ်းရည်ကို တစ်စိတ်တစ်ပိုင်း တားဆီးနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဒေလီယာ၏ နတ်မိစ္ဆာမျက်လုံး၏ ဝိညာဉ်စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ ခြေသလုံးအိမ်တိုင်ဝိညာဉ်များကို အချိန်အတွင်း ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူတို့၏ ကိုယ်ပိုင်စွမ်းအား အကန့်အသတ်ကြောင့် သူတို့ တားဆီးနိုင်သော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ယေဘုယျအားဖြင့် တိုင်းပြည်အဆင့် ကနဦးပိုင်း ခြေသလုံးအိမ်တိုင် ဝိညာဉ်များသာ ဖြစ်ကြသည်။

မဒမ်-ဒေါ်လေးက တူဖြစ်သူကို ပြုံးရင်း ကြည့်လိုက်သည်။ သူက လက်ဖဝါးကို ဆန့်တန်းလိုက်သောအခါ ဥပဒေသ အပိုင်းအစနှစ်ခု ရှိနေ၏။

“ခန့်ချောလေး ရိုမန်... မင်း ဘာတွေ ရလိုက်လဲ။”

ခန့်ချောလေး ရိုမန်က သူ၏ ခြေထောက်ပေါ်မှ အရိပ်လေပြေ ဘွတ်ဖိနပ်ကို စိုက်ကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။

“ဒါက နည်းနည်းတော့ မမျှတဘူး ထင်တယ်။ အချစ်ဆုံး ဒေါ်လေး။”

“ငါကတော့ မျှတတယ်လို့ ထင်တယ်။”

ဦးလေး ဖြစ်သူ၏ အသံ ထွက်ပေါ်လာသည်။

“ခန့်ချောလေး ရိုမန်... မင်းမှာ အကြောင်းအရာတစ်ခုခု ရှိတယ်ဆိုရင် အခုချက်ချင်း အမှောင်လကို ပြန်ပြီးတော့ ကောင်းကောင်း ဆွေးနွေးကြည့်ကြမလား။”

“ဦးလေး... ကျုပ် ဘာပြဿနာမှ မရှိပါဘူး။”

ခန့်ချောလေးရိုမန်က ထိုသို့ လေ့ကျင့်ရေး ရတနာမြေမှ မထွက်သွားချင်ပေ။ ခေါင်းဆောင်က အမြဲတမ်း အခက်အခဲဆုံးကို ရင်ဆိုင်ပြီး သူတို့အတွက် အသင့်တော်ဆုံး ခြေသလုံးအိမ်တိုင် ဝိညာဉ်အုပ်စုကို ရှာပေးနိုင်သည်။ သူက တိုင်းပြည်အဆင့် ကနဦးပိုင်း စွမ်းအားကို အခြေငြိမ်သွားပြီ ဖြစ်သည်။ နောက်ထပ် အဆင့်ငယ် တစ်ခုကို ရောက်ရန် နီးကပ်နေပြီ ဖြစ်သည်။

“ဟွန့်။”

ဒေလီယာက မြောက်နေသော ရိုမန်ကို ကြည့်ပြီး မယ်ဒီလူကို မေးလိုက်သည်။

“ဒီကောင်က အခုထိ ချောနေတုန်းလား။”

“အင်း။”

မယ်ဒီလူ ခေါင်းညိတ်လိုက်သည်။

ဒေလီယာလည်း ခဏတာ စကားမပြောနိုင် ဖြစ်သွား၏။ “ဟုတ်ပါပြီ။ နင်တို့ အချစ်ရေးတွေ အကြောင်း ပြောနေတဲ့ မိန်းမတွေနဲ့ ငါ စကားမပြောချင်တော့ဘူး။”

ချန်လွေ့လည်း ရိုမန်ကို ဆက်လက် မနောက်ပြောင်တော့ပေ။

လက်တစ်ချက်ကို ဝှေ့ယမ်းလိုက်ရာ အဝေးတွင် ရှိသော ဆမ်မြူရယ်ကို ချောင်းမြောင်းနေသည့် နတ်ဆိုးအရှင်သခင်အဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်အချို့က ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဆမ်မြူရယ်၏ ဓားအရှေ့က အနီးအနားမှ ခြေသလုံးအိမ်တိုင်ဝိညာဉ်များကို ဖြတ်တောက်ရန်အတွက် အလင်းစီးကြောင်းများစွာကို ထုတ်လွှတ်လိုက်သည်။

အရိပ်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သူက ဒဏ်ရာများစွာဖြင့် အပြင်းအထန် အသက်ရှူနေရင်း ချန်လွေ့ဘေးနားကို ပြန်ရောက်လာခဲ့သည်။

“မလောနဲ့ ဆမ်မြူရယ်။”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“အမြန်လိုရင် အနှေးဖြစ်တတ်တယ်။ မင်းက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်ရုံပဲ ရှိသေးတယ်။ အခုလက်ရှိမှာ အရေးကြီးဆုံးက စွမ်းအားကို ပေါင်းစည်းပြီး ပိုင်နိုင်ကျွမ်းကျင်အောင် လုပ်ဖို့ပဲ။ အရမ်း အလွန်အကျွံ ဖြစ်သွားရင် ဆိုးကျိုးတွေပဲ ဖြစ်လာမှာ။ နားလည်လား။”

“ကျုပ် နားလည်ပါပြီ သခင်။”

ဆမ်မြူရယ်က လေးစားစွာ ခေါင်းငုံ့ထားလိုက်သည်။ နတ်ဆိုးဘုံသို့ ရောက်လာပြီးနောက် ရွှေရောင်စစ်သည်တော်က ဖိအား အတော်လေး ကြီးမားနေခဲ့သည်။ အကြောင်းမှာ သူ့သခင်၏ အကူအညီက တိုင်းပြည်အဆင့်တွင် အများစု ဖြစ်နေကြသောကြောင့်ပင်။

သို့သော် သူက နတ်ဆိုးအရှင်သခင်အဆင့် အလယ်ပိုင်းတွင်သာ ရှိနေသေးပြီး ထို့ကြောင့် ဆမ်မြူရယ်က စွမ်းအားကို အလျင်အမြန် တိုးတက်အောင် အမြဲပင် လိုချင်နေခဲ့သည်။ သူက နေ့တိုင်း အချိန်ဥပဒေသ၏ အထူးနေရာကို ဝင်ပြီး ကြိုးစားလေ့ကျင့်ခဲ့သည်။

ယခု ထိုသို့ လျို့ဝှက် ဆန်းကြယ်သော နေရာကို ရောက်သောအခါ အထူးနေရာမှ စုဆောင်းထားခဲ့သည်များက နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပြီး သူက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားခဲ့သည်။ ကံမကောင်းစွာပင် ချန်လွေ့ ပြောသလို သူက အမှန်တကယ်ပင် အလျင်စလို လုပ်နေခဲ့သည်။

အနီးနားရှိ ခန္ဓာကိုယ်များ ပျက်စီးသွားခဲ့သော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ပြန်လည် စုစည်းလာကြသည်။ ချန်လွေ့က လူတိုင်းကို ကြည့်လိုက်ပြီး ခေါင်းပေါ်တွင် ဆူးသရဖူ ပေါ်လာကာ အဖြူရောင် အလင်းများ ထွက်ပေါ်လာခဲ့သည်။ သူက [ကောင်းကင်ကုသ]ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။

လူတိုင်း၏ ဒဏ်ရာများက အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူတို့ ရရှိခဲ့သော ခြေသလုံးအိမ်တိုင်ဝိညာဉ် တိုက်စားမှုစွမ်းအားများကလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

“ခဏလေး သခင်... ဒီစွမ်းအားကို မသုံးပါနဲ့။”

အနီးနားမှ ခြေသလုံးအိမ်တိုင်ဝိညာဉ် တစ်ကောင်ဆီမှ ထိတ်လန့်နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုသူက ဂူရာဒန်ပင်။

အလောင်း အောက်လမ်းပညာရှင်က စမ်းသပ်ချက်၏ ပထမဆုံးနေ့မှာပင် အရိုးများကို ဆုံးရှုံးခဲ့ပြီး ဝိညာဉ်သာ ကျန်ရှိခဲ့သည်။ နောက်ပိုင်းတွင် ဂူရာဒန်က ခြေသလုံးအိမ်တိုင်ဝိညာဉ်များနှင့် ပေါင်းစည်းရန် ကြိုးစားသော အရူးအတွေး တစ်ခု ရရှိခဲ့သည်။ နတ်ဆိုးဧကရာဇ်အဆင့်၌ အားအနည်းဆုံး ခြေသလုံးအိမ်တိုင် ဝိညာဉ်ကို ဖမ်းမိပြီးနောက် ဂူရာဒန်က ခြေသလုံးအိမ်တိုင် ဝိညာဉ်နှင့် ပေါင်းစည်းရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသက်သွင်းခဲ့ပြီး ထိုသို့ အသက်သွင်းကာ ကြိုးစားပြီးနောက် သူတို့က အမှန်တကယ်ပင် တစ်ခုတည်း ဖြစ်သွားခဲ့သည်။

ထိုအောင်မြင်မှုကြောင့် ဂူရာဒန်က ပျော်ရွှင်နေခဲ့ပြီး လက်ရှိတွင် နောက်ထပ် သုတေသနများ ပြုလုပ်နေခဲ့သည်။ သူက ခြေသလုံးအိမ်တိုင်ဝိညာဉ် ဖြစ်သွားသော်လည်း သူ၏ ခြေသလုံးအိမ်တိုင်ဝိညာဉ်က ချန်လွေ့၏ စွမ်းအားကို ကြောက်နေရဆဲ ဖြစ်သည်။ အထူးသဖြင့် အပြင်းထန်ဆုံး ကုသမှုစွမ်းအားဟု သတ်မှတ်နိုင်သော [ကောင်းကင်ကုသ]ကိုပင် ဖြစ်လေသည်။

ချန်လွေ့ အနည်းငယ် ပြုံးလိုက်ပြီး ပစ်မှတ်လုပ်ဆောင်ချက်ကို ဖွင့်ကာ ကုသမှု ပစ်မှတ်မှ ဂူရာဒန်ကို ချန်လှပ်ထားလိုက်သည်။ ထိုအချိန် ချန်လွေ့က စူပါစနစ်၏ အပြောင်းအလဲများကို ခံစားမိလိုက်သည်။ သူက လူတိုင်းကို အသိပေးလိုက်ပြီး သူ၏ အသိက စူပါစနစ်ထဲ ဝင်ရောက်သွားခဲ့သည်။

“ကတ်သရင်း…. “

ချန်လွေ့က ကြယ်စင်စုနတ်ဘုရားကျောင်း၏ အဓိကခန်းမတွင် ကတ်သရင်းကို တစ်ချက်ကြည့်လိုက်ပြီး ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။

ထိုနေရာတွင် ပေါ်လာနိုင်ခြင်းက ကတ်သရင်း၏ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်သွားပြီ ဖြစ်၍ပင်။ ချန်လွေ့က ဒုတိယမြောက်မှာ အစ်ဇဘယ်လာ ဖြစ်မည်ဟု အမြဲတမ်း တွေးနေခဲ့သော်လည်း ကတ်သရင်းက ခြေတစ်လှမ်း စောနေခဲ့သည်။

“ဒီနေရာက ဇိုလာပြောတဲ့ ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ အမွေအနှစ်လောကပဲ ဖြစ်ရမယ်။”

ကတ်သရင်းက စူးစမ်းလိုစိတ်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ကျယ်ပြောလှသော ကြယ်စင်စုကို ကြည့်ပြီး စိတ်ရင်းအမှန်ဖြင့် ချီးကျူးလိုက်၏။

“လှလိုက်တာ။”

“ဂုဏ်ယူပါတယ်။ မင်းက ဒီစကြဝဠာရဲ့ အိမ်ရှင်မတွေထဲက တစ်ယောက် ဖြစ်တော့မယ်။”

ချန်လွေ့က ကတ်သရင်း၏ လက်ကို ကိုင်လိုက်သည်။

“ဘယ်လို ခံစားရလဲ။”

“ဒါက ရင်းနှီးမှု နည်းနည်းပါတဲ့ အထူးခံစားချက်တစ်ခုပဲ။ ကျွန်မရဲ့ လက်အောက်ခံတွေက ကျွန်မကို အုပ်ချုပ်သူတစ်ယောက်အနေနဲ့ ယုံကြည်ပြီး လေးစားခံရတဲ့ အချိန်နဲ့ တူနေတယ်။ ဒီစကြာဝဠာကို မြင်တဲ့အချိန် ကျွန်မက ကြယ်ပေါင်းများစွာနဲ့ နက်ဗြူလာတစ်ခုလိုပဲ။ ဒီလို ဖြစ်တည်မှု တစ်ခုလုံးနဲ့ ပေါင်းစပ် သွားသလို ခံစားရတယ်။”

“အုပ်ချုပ်သူ... ယုံကြည်မှု ဟုတ်လား။”

ချန်လွေ့ စဉ်းစားနေစဉ်မှာပင် ကြယ်စင်စုနတ်ဘုရားကျောင်းက လင်းလက်သွားပြီး ဗာရိုနီကာ ပေါ်လာခဲ့သည်။

“တောင်းပန်ပါတယ်။ ယုံကြည်သူအချို့ရဲ့ ဆုတောင်းတွေကို လုပ်ပေးနေလို့ နောက်ကျသွားတယ်။”

ဗာရိုနီကာက ကတ်သရင်းကို မြင်သောအခါ ပြုံးလိုက်သည်။

“ဒါက ဧကရီအရှင်မ ကတ်သရင်း ဖြစ်မယ်။ နတ်ဝင်သည် တစ်ယောက် အနေနဲ့ ရှင်ရဲ့ ကြယ်စင်စု နတ်ဘုရားရုပ်ထုကို မြင်ရတာ ဂုဏ်ယူပါတယ်။ ကျွန်မက ဗာရိုနီကာပါ။”

ကက်သရင်းက ပြန်လည် ဦးညွှတ်ရင်း ညင်သာစွာ ပြုံးလိုက်သည်။

“ကျွန်မကို ကတ်သရင်းလို့ပဲ ခေါ်ပါ။ ဗာရိုနီကာနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။”

ဇိုလာနှင့် အစ်ဇဘယ်လာ တို့ကြောင့် မင်းသားလေး၏ ယခင်က လူသားလောကမှ အချစ်ဦး အကြောင်းက မောင်းမဆောင်ထဲတွင် ပျံ့နှံ့နေခဲ့သည်။ ထိုအထဲတွင် အတော်လေး ဆိုးရွားသော အဆုံးသတ်လည်း ပါဝင်နေသည်။

ဗာရိုနီကာက ဝိညာဉ်သာ ကျန်ရှိတော့သည့် အဖြစ်အတွက် လူတိုင်းက သနားနေကြသည်။ ဗာရိုနီကာ ခန္ဓာကိုယ် ဆုံးရှုံးသွားခြင်းက ယှဉ်ပြိုင်နိုင်စွမ်းနှင့် ချိန်ညှိနိုင်စွမ်းအချို့ကို ဆုံးရှုံးသွားသည်ဟုလည်း ဆိုလိုပေသည်။

ထိုအရာက သလင်းကျောက် မောင်းမဆောင်မှ သူ့ကို လက်ခံနိုင်ရသော အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်လေသည်။

ဗာရိုနီကာ ခေါင်းညိတ်ပြီး ကတ်သရင်း၏ ထူးခြားသော စိတ်နေစိတ်ထားကို ချီးကျူးလိုက်သည်။

ဇိုလာပြောတဲ့အတိုင်းဆိုရင် ချန်လွေ့မှာ မိဖုရားတစ်ပါးထက် ပိုများတာပဲ။ ဒီအမျိုးသမီးတွေက ပျော်ရွှင်နိုင်မှာပါ။ အခုတော့ ငါလည်း ပျော်ရွှင်နိုင်ပြီ။

ချန်လွေ့၏ အတွေးများ ပြောင်းလဲသွားသောအခါ သူတို့သုံးယောက်က ချက်ချင်းပင် ယုံကြည်မှုကျောက်တိုင်ဆီသို့ ရောက်ရှိသွားကြသည်။ အလင်းတန်းတစ်ခုက ကတ်သရင်းကို ဖုံးလွှမ်းသွားခဲ့ပြီး သူ့ကို ယုံကြည်မှုမျှော်စင်ထဲ စုပ်ယူသွားခဲ့သည်။

ယုံကြည်မှုမျှော်စင်က တောက်ပစွာ လင်းလက်လာခဲ့ပြီး ကြယ်အပ်နှင်းစင်မြင့်မှ ကတ်သရင်း၏ ယုံကြည်မှုကြယ်စင်စု နတ်ဘုရားရုပ်ထုနှင့်အတူ လင်းလက်လာခဲ့သည်။

ခဏကြာ ကတ်သရင်း ပြန်ပေါ်လာပြီး သူ၏ အငွေ့အသက်က ကမ္ဘာမြေကို တုန်လှုပ်စေမည့် အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့သည်။ စူပါစနစ်တစ်ခုလုံးကလည်း သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။

ကတ်သရင်း၏ စိတ်ဝိညာဉ်နှင့် ကြယ်စင်စုသို့ ပေါင်းစည်းသွားခြင်းကြောင့် အသက်ရှိနေသော ဂြိုဟ်များက ယခင်ကကဲ့သို့ပင် အံ့ဩဖွယ်ရာများ ဖြစ်ပျက်လာခဲ့သည်။ ယုံကြည်သူ အမြောက်အမြားနှင့် သက်ဆိုင်သော ယုံကြည်မှုအဆောက်အအုံများလည်း ပေါ်ထွက်လာခဲ့သည်။

“အံ့ဩစရာကောင်းတဲ့ စွမ်းအားတစ်ခုပဲ။”

ဗာရိုနီကာ၏ မျက်လုံးများ လင်းလက်လာပြီး ဦးညွှတ်လိုက်သည်။

“ဉာဏ်ပညာကို ကျွမ်းကျင်တဲ့ နတ်ဘုရားမကို မြင်တွေ့ရတာ ဂုဏ်ယူမိပါတယ်။”

ကတ်သရင်း ပေါင်းစည်းလိုက်သည်က ဉာဏ်ပညာ၏ ယုံကြည်မှုဇစ်မြစ်ပင် ဖြစ်သည်။

ကတ်သရင်းက လက်ကို အံ့ဩစွာ ကြည့်လိုက်သည်။

“ဒါက နှလုံးသားတံခါးကို ဖွင့်ပေးတဲ့ သော့တစ်ချောင်းလို ခံစားရတယ်။ ကြယ်အဆင့် တိုးမြင့်မှုက ယူဆောင်လာတဲ့ ခံစားချက်နဲ့ စွမ်းအားက အဆုံးမရှိသလိုပဲ ကြီးမားနေတယ်။”

ချန်လွေ့ကလည်း ထိုခံစားချက်မျိုး ရှိခဲ့ဖူးသည်။ နတ်ဘုရားမတစ်ပါး ထပ်ပေါင်းပြီးနောက် စူပါစနစ်က ပြောင်းလဲသွားရုံသာမက သူ၏ စွမ်းအားလည်း ပို၍ပင် ကြီးကျယ်ခမ်းနားလာခဲ့သည်။ ထိုကဲ့သို့ အပြောင်းအလဲတွင် လေးနက်သော အမှန်တရား တစ်ခုလည်း ပါဝင်နေသည်။ ထိုအရာက ကြယ်စွမ်းအားများဖြင့် အမြဲ ပြန်ပြည့်နေ၏။ အမှန်တကယ်၌ သူက [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]ကို အသက်သွင်းမှသာ ပို၍ သိသာမည် ဖြစ်ပေသည်။

“ဒါတင်မကဘူး။ ကျွန်မ စိတ်ထဲမှာလည်း သိလိုက်ရတာက... ခဏလေး...”

ကတ်သရင်းက မျက်မှောင်ကြုတ် လိုက်ပြီး လေသံ ပြောင်းသွားခဲ့သည်။ “အခြေအနေ မကောင်းဘူး။”

“ဘာဖြစ်လို့လဲ။”

ချန်လွေ့ ချက်ချင်းပင် တုံ့ပြန်ပြီး အံ့အားသင့်သွားခဲ့သည်။ “မင်းရဲ့ မူလခန္ဓာက ဘယ်မှာလဲ။”

“နောက်ကျသွားပြီ။”

ကတ်သရင်းက တစ်စုံတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။

“အဲဒီ အချိန် ဥပဒေသ အတွက် အခန်း ဒီမှာရှိလား။”

ချန်လွေ့က သူ့ကို အံ့ဩစွာ ကြည့်လိုက်ပြီး သူ၏ အတွေးများကို နားလည်သွားခဲ့သည်။

“ရှိတာပေါ့။ အဲဒါက မူလ လေ့ကျင့်ရေးကွင်းပြင်ပဲ။ ငါ မင်းနဲ့ အတူ လိုက်သွားမယ်။”

All Chapters