ဇာမဏီ နက္ခတ်တာရာ
Vol. 66 Ch. 1057
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ အထဲရှိ ကျွန်းတစ်ကျွန်း၌ ဖြစ်သည်။
ခြေသလုံးအိမ်တိုင်ဝိညာဉ်များစွာတို့သည် နဂါးထွင်းစာမှော်စက်ဝိုင်း၏ အစွန်အဖျားသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာကြသည်။ ထိုအခါ အကာအကွယ်ထွင်းစာများ ချက်ချင်း တုံ့ပြန်ကာ လင်းလက်လာခဲ့သည်။ တစ်ကောင်ပြီး တစ်ကောင် ချဉ်းကပ် လာသော ခြေသလုံးအိမ်တိုင်ဝိညာဉ်များ ထိတွေ့မိသည်နှင့် ပေါက်ကွဲကုန်ကြသည်။
သို့သော်လည်း ထိုခြေသလုံးအိမ်တိုင်ဝိညာဉ်များ၌ စိတ်လှုပ်ရှားမှု သို့မဟုတ် ဒေါသ အရိပ်အရောင်များ မရှိကြပေ။ ၎င်းတို့က စုစည်းပြီး ပြန်လည် မွေးဖွားလာကာ အငွေ့အသက်များကို ဆက်လက်ရှာဖွေနေကြသည်။
ထိုအခြေအနေကြောင့် ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ ပို၍ပင် စိတ်ဖိစီး လာကြသည်။ မကြာမီတွင် သူတို့အား ရှာတွေ့သွားတော့မည်မှာ အနှေးနှင့်အမြန်သာ ဖြစ်တော့သည်။
ခရိုဘဲလက်စ်က ကက်သရင်း၏ ဘေးနားတွင် ရပ်နေပြီး၊ ပါ့ဂ်လီအိုကမူ မိုးကြိုးကောက်ရိုက်တုတ်ကို ကိုင်ထားသည်။ မှော်စာအစီအရင် ပြိုလဲသွားသည့်အခိုက်အတန့်တွင် အပြင်းထန်ဆုံး တိုက်ခိုက်မှု စတင်ရန် သူက အသင့်ရှိနေခဲ့သည်။
ခြေသလုံးအိမ်တိုင်ဝိညာဉ်များ ပိုမို၍ နီးကပ်လာသောအခါ ပါ့ဂ်လီအို မိုးကြိုးကောက်ရိုက်တုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ သူက ခရိုဘဲလက်စ်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် အချိန်ကြာကြီး ဖုံးကွယ်ထားခဲ့သော စကားများကို ပြောလိုက်သည်။
“ဘက်တီလေးရယ်။ ဒီတစ်ခါ ငါတို့ မသေဘူးဆိုရင် လက်ထပ်ကြမယ်။”
သူ့စကားကြောင့် ခရိုဘဲလက်စ် ခေတ္တမျှ ကြောင်ငေးသွားသည်။
“တခြားသူတွေ မနာလိုဖြစ်ပြီး သေလောက်အောင် ခမ်းနားတဲ့ မင်္ဂလာပွဲကြီးတစ်ခု လုပ်ကြမယ်။”
“လူယုတ်မာ...”
ခရိုဘဲလက်စ်က နှုတ်ခမ်းဖျားမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရှင်က အခုမှ ပြောရတာလား။”
သူ၏ မျက်လုံးထောင့်နားမှ မျက်ရည်များ တစ်စက်ပြီးတစ်စက် ကျဆင်းလာခဲ့သည်။
“ရှင် ကျွန်မကို ရာနိုင်းရီအဖြစ် ဟန်ဆောင်ပြီး လိမ်ခဲ့ကတည်းက... ဒီလိုပြောဖို့ ကျွန်မ နှစ်ပေါင်းများစွာ စောင့်ခဲ့တာ...”
“ဟီးဟီး။”
ပါ့ဂ်လီအိုက ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။
ခရိုဘဲလက်စ်ကမူ အေးစက်နေသော အဆိပ်နဂါးကို ကြည့်နေရင်းဖြင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူက အတားအဆီးကို ဖောက်ထွင်းကာ ကတ်သရင်းကို ဘေးကင်းရာသို့ ပို့ဆောင်ပြီးလျှင် ထိုလူယုတ်မာနှင့်အတူ ပြန်လာပြီး အတူတူသေဆုံးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကတ်သရင်း၏ ခန္ဓာကိုယ်မှ အလွန်အားကောင်းသော အသက်စွမ်းအင်နှင့်အတူ ပြင်းထန်လှသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်က အလွန်အားကောင်းလွန်းလှသဖြင့် နဂါးထွင်းစာ၏ အကာအကွယ်ကန့်သတ်ချက်ကို ချက်ချင်းပင် ကျော်လွန်သွားခဲ့သည်။
ထွင်းစာအစီအရင် အားနည်းနေပြီ ဖြစ်ရာ အပေါက်များစွာ ရှိနေသကဲ့သို့ ဖြစ်သွားပြီး အငွေ့အသက် အားလုံး ပျံ့နှံ့ကုန်သည်။ ပတ်ဝန်းကျင်ရှိ ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ထိုအကြောင်းကို ချက်ချင်း သိရှိသွားကြပြီး အငွေ့အသက်ကို ဝါးမျိုရန်အတွက် အလုအယက် ပြေးဝင်လာကြသည်။
နဂါးထွင်းစာမှော်စက်ဝိုင်းက ထိုအဆက်မပြတ်ရိုက်ခတ်မှုကို မတားဆီးနိုင်ဘဲ ချက်ချင်းပင် ပြိုလဲသွားသည်။
“သွားပြီ!”
ပါ့ဂ်ကလီအိုသည် ကတ်သရင်းက ရုတ်တရက် ထိုသို့ ပြောင်းလဲမှု ဖြစ်သွားမည်ဟု မထင်ထားခဲ့ပေ။ ဖုံးကွယ်ရန် အတွက် နောက်ကျ သွားလေပြီ။ သူက စွမ်းအား အကုန်သုံးပြီး တိုက်ခိုက်ရန် ပြင်လိုက်စဉ် ကတ်သရင်း၏ အငွေ့အသက်က အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အမြင့်တစ်ခုအထိ ရောက်ရှိသွားကြောင်း ခံစားလိုက်ရသည်။
ခမ်းနားကြီးကျယ်သော အသက်စွမ်းအင်က ကြီးမားလှသော မြစ်ရေစီးကြောင်းတစ်ခုပမာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ချဉ်းကပ်လာသော ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ထိုရေစီးကြောင်း၏ အင်အားကြောင့် အဝေးသို့ တွန်းထုတ်ခံလိုက်ရသည်။
ထိုရေစီးကြောင်းက အင်အားတစ်ခုခုကြောင့် ရပ်တန့်သွားသကဲ့သို့ ရုတ်တရက် ငြိမ်သက်သွားသည်။ အနီးအနားရှိ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက ထိုရေစီးကြောင်းကို ဝါးမျိုရန်အတွက် အရူးအမူး ပြေးလာကြတော့သည်။
ခြေသလုံးအိမ်တိုင် ဝိညာဉ် နှစ်ကောင်က သူတို့၏ အရှေ့တွင် ပေါ်လာသောအခါ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က တကိုယ်လုံးတွင် စီးဆင်းနေသော စွမ်းအင်ကြောင့် တုန်လှုပ်သွားခဲ့ရသည်။ ၎င်းတို့မှာ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်များ ဖြစ်နေ၏။
တစ်ကောင်တည်း မဟုတ်ဘူး!
ခရိုဘဲလက်စ်က ကတ်သရင်းကို ခေါ်ဆောင်ပြီး ထွက်သွားရန် ပြင်လိုက်စဉ် ဘေးနားမှ ကတ်သရင်း ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ပြတ်သားလှသော အော်မြည်သံတစ်ခု ထွက်ပေါ်လာ၏။
ဇာမဏီ အော်မြည်သံပင်!
အဆိပ်နဂါးနှင့် မြနဂါးတို့ အပေါ် မော့ကြည့်လိုက်ရာ ကောင်းကင်တွင် ကြီးမားလှပြီး မည်းနက်နေသော တိမ်တိုက်တစ်ခုကို တွေ့လိုက်ရ၏။ ပို၍ တိကျစွာ ဆိုရလျှင် ၎င်းက မီးတောက်များရှိသော ဇာမဏီငှက် တစ်ကောင်ပင်။ ဇာမဏီငှက်က ထပ်မံ အော်လိုက်ပြီး တောင်ပံများ ခတ်ကာ အောက်သို့ ဝဲပျံ ဆင်းလာ ခဲ့သည်။
ရပ်တန့်သွားသော အသက်စွမ်းအင် ရေစီးကြောင်းက ရုတ်တရက် ပြောင်းလဲသွားပြီး မီးတောက်ပုံစံ ဖြစ်လာသည်။ ၎င်းက ချက်ချင်းပင် မည်းနက်သွားခဲ့ပြီး အတွင်းမှ အနီရောင် ရေးရေးလေးကို ဖော်ပြနေ၏။ မြိန်ယှက်စွာ ဝါးမျိုနေကြသော ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အရသာ ရှိသော အစားအစာမှ သေစေနိုင်သော ဓားအဖြစ်သို့ ပြောင်းလဲသွားမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
မတုံ့ပြန် နိုင်ခင်မှာပင် အားလုံး အနက်ရောင် မီးတောက်ထဲတွင် ပျောက်ကွယ်သွားသည်။ ဇာမဏီငှက် ဖြတ်သန်းသွားသော နေရာတိုင်းတွင် ကြီးမားသော မီးတန်းကြီးများက ထပ်နေအောင် ဖြစ်နေပြီး ခြေသလုံး အိမ်တိုင် ဝိညာဉ်များကို အပိုင်းပိုင်း ခွဲထုတ်လိုက်သည်။ မီးပင်လယ်၏ စွမ်းအားနှင့် အကျယ်အဝန်းတို့က ဆက်လက်၍ ကျယ်ပြန့်လာပြီး အတွင်းထဲရှိ ခြေသလုံးအိမ်တိုင် ဝိညာဉ်များက အဆက်မပြတ် ပျက်စီးကာ ပြန်လည် မွေးဖွားလာ နေကြသည်။
နောက်ဆုံး ၎င်းတို့၏ စွမ်းအားများ ကုန်ခမ်းသွားခဲ့ပြီး နတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တိုင်းပြည် အဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်များပင် ခြွင်းချက်မရှိခဲ့ပေ။
နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ် နှစ်ကောင်က မီးပင်လယ်တစ်ခုလုံး၏ စွမ်းအားကို မတားဆီးနိုင်တော့ပေ။ ၎င်းတို့က ချဉ်းကပ်လာသော မီးတောက်များကို တွန်းလှန်ရင်း အဆက်မပြတ် အော်ဟစ်နေကြ၏။
ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး တပြိုင်နက်တည်း အံ့အားသင့်သွား ကြသည်။ ဒီလို စွမ်းအားမျိုး၊ ဒီ[နိဗ္ဗာန်မီးတောက်]က မသေမျိုး ဂုဏ်သတ္တိကို တန်ပြန်နိုင်တယ် ဆိုရင်တောင် ဒီလောက်အထိက...
ကြီးမားပြီး မည်းနက်သော ဇာမဏီငှက်က နီရဲသောမီးလျှံဖြင့် လောင်ကျွမ်းနေပြီး ပုံစံက လူပုံစံ အဖြစ်သို့ အလျင်အမြန် ကျုံ့ဝင် သွားခဲ့သည်။ သို့သော်စွမ်းအင်က မကျဆင်းသွားဘဲ ပိုတိုးတက်ကာ တောက်ပလာသည်။ အဆိပ်နဂါးနှင့် မနဂါးတို့၏ တအံ့တသြ ကြည့်နေမှု အောက်တွင် မီးတောက် အနီရောင် အတွင်း၌ ပုံသဏ္ဍာန်က အံ့ဩဖွယ်ရာ ဖြစ်နေသည်။
ထိုအရာက အနက်ရောင် အဓိက ဖြစ်နေပြီး အနီရောင်နှင့် အနက်ရောင် များဖြင့် အလှဆင်ထားသော ချပ်ကာ တစ်ခု ဖြစ်သည်။ မီးပွားများနှင့် ကြယ်များကဲ့သို့ တောက်ပနေပြီး ခမ်းနားထည်ဝါမှုကို မဆုံးရှုံးဘဲ ကျက်သရေ ရှိနေသည်။
“[ယုံကြည်မှုချပ်ကာ]...”
ပါ့ဂ်လီအိုက အနည်းငယ်မျှပင် သံသယ မဖြစ်တော့ဘဲ အော်ပြော လိုက်သည်။ [ယုံကြည်မှုချပ်ကာ]က နတ်ဘုရားတစ်ပိုင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ အရေးကြီးသော လက္ခဏာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကတ်သရင်းက ကြယ်နှစ်ပွင့် တိုးမြင့်မှု ပြီးဆုံးပြီးနောက် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တိုက်ရိုက် အဆင့်တက် သွားခြင်း ဖြစ်နိုင်သည်။
ဖြစ်ရပ်များပြောင်းလဲသွားသည်နှင့် စိုးရိမ်ချက်မှုများက ပျော်ရွှင်ချက်သို့ ပြောင်းလဲသွားပြီး ခရိုဘဲလက်စ်က စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ် နှစ်ကောင်၏ အော်ဟစ်သံများသည် ကြောက်လန့်တကြားဟိန်းသံများ အဖြစ် ပြောင်းလဲလာခဲ့သည်။
လေထုက ရုတ်တရက် အလွန်ပင် အေးစက်လာခဲ့သည်။ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က တစ်ချိန်တည်း တုန်လှုပ် သွားကြပြီး ၎င်းတို့၏ ခြေသလုံးအိမ်တိုင် ဝိညာဉ်များကို ကာကွယ်ရန် စွမ်းအင် အလျင်အမြန် အသုံးပြု လိုက်ကြသည်။ ခြေသလုံး အိမ်တိုင် ဝိညာဉ်များတွင် တိုင်းပြည် မရှိသော်လည်း ၎င်းတို့၏ ပါရမီက အလွန်ပင် အားကောင်းလှသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်များက ဟိန်းသံဖြင့် ခြေသလုံး အိမ်တိုင် ဝိညာဉ်တိုက်စားမှု ထုတ်လွှတ်နိုင်၏။ အနက်ရောင်မီးတောက်၏ အကာအကွယ်မရှိခဲ့လျှင် ထိုဟိန်းသံ တစ်ခုတည်းဖြင့်ပင် အဆိပ်နဂါးနှင့် မြနဂါးတို့၏ ဝိညာဉ်ကို အပြင်းအထန် ထိခိုက်စေလိမ့်မည်။
ရုတ်တရက်ပေါ်လာသော မီးပင်လယ်က ခြေသလုံးအိမ်တိုင် ဝိညာဉ်အများအပြားကို ဖယ်ရှား နိုင်ခဲ့သော်လည်း ၎င်းတို့ အရှေ့မှ နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံး အိမ်တိုင် ဝိညာဉ် နှစ်ကောင်က တကယ့် ရန်သူများဖြစ်ကြသည်။
ကတ်သရင်းက လက်များကို မြှောက်လိုက်ပြီး ခန္ဓာကိုယ် ပတ်လည်ရှိ တောက်ပမှုက ပို၍ပင် အားကောင်းလာကာ နေရာလွတ် တစ်ခုလုံးသို့ အလျင်အမြန် ပျံ့နှံ့သွား ခဲ့သည်။ ၎င်းက ကျယ်ပြောလှသော နက်ဗြူလာတစ်ခုကဲ့သို့ ဖြစ်နေသည်။ နက်ဗြူလာ အတွင်းရှိ ကြယ်များက လင်းလက်နေကြသည်။ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က ထိုကြယ်များမှာ အထူးခြားဆုံး စွမ်းအား တစ်ခုဖြင့် ချိတ်ဆက်ထားပြီး တောင်ပံ ဖြန့်ထားသော ဇာမဏီငှက် ကဲ့သို့ ထူးခြားသောပုံစံ ရှိနေကြောင်းကို တွေ့လိုက်ရသည်။
“နက္ခတ်တာရာလား...”
ခရိုဘဲလက်စ်က ချန်လွေ့ တစ်ခါ ပြောပြခဲ့သော ပုံပြင် တစ်ခုတွင် အသုံးပြုခဲ့သည့် အသုံးအနှုန်း တစ်ခုကို ရုတ်တရက် သတိရသွား၏။
“အခြေအနေ သိပ်မကောင်းဘူး။”
ပါ့ဂ်လီအိုက မျက်မှောင်ကြုတ် လိုက်သည်။
“နတ်ဘုရားတစ်ပိုင်းမှာ အစွမ်းအထက်ဆုံးက [ယုံကြည်မှုချပ်ကာ] မဟုတ်ဘဲနဲ့ ‘တိုင်းပြည်’ပဲ။ ဒီလို တိုင်းပြည်က ငါတို့ရဲ့ လက်ရှိ အတုအယောင် တိုင်းပြည်-ယောင်နဲ့ အရည်အသွေး အတော်လေး ကွာခြားတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့် တိုင်းပြည်က စိတ်ကူးယဉ်စွမ်းအင် မဟုတ်ဘဲနဲ့ အသက်၊ ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ တကယ့် တိုင်းပြည်ပဲ။ ကတ်သရင်းက တစ်ဆို့မှု ဖောက်ထွက်ပြီး တိုင်းပြည် အဆင့်သို့ ရောက်ရှိလာခဲ့ပေမဲ့ အစစ်အမှန် တိုင်းပြည်ကို မနိုးထ နိုင်သေးဘူး။ ဒီလို တိုင်းပြည် စွမ်းအားမျိုးက အစွမ်းထက်တဲ့ ရန်သူကို ယှဉ်ပြိုင်ဖို့ မသင့်တော်ဘူး။ သူရဲ့ တိုင်းပြည်-ယောင်နဲ့ ဆိုရင် ဒီခြေသလုံးအိမ်တိုင် ဝိညာဉ် နှစ်ကောင်ကို ခုခံဖို့ ခက်ခဲလိမ့်မယ်။ အဲဒါကြောင့် ငါတို့ အမြန်ဆုံးပြေးဖို့ ပြင်ဆင်သင့်တယ်။ ဝန်ထုတ်တန်ပိုး မဖြစ်အောင်လို့...”
အဆိပ်နဂါးက စကားမဆုံးခင် ရပ်တန့်သွားသည်။ သူက နတ်ဘုရား တစ်ပိုင်းအဆင့်သို့ မရောက်သေးသော်လည်း ကြယ်အပ်နှင်းခံထားရသည့်အတွက် ခံစားမိနိုင်ပေသည်။ ထိုနက္ခတ်တာရာတွင် ရိုးရိုး စွမ်းအားများ မပါဝင်ဘဲ ကြီးမားလှသော အသက်စွမ်းအင်နှင့် ယုံကြည်မှုစွမ်းအားတို့ အများအပြားပါဝင်နေသည်။ မြနဂါးပင် ၎င်းကို သိရှိသွားခဲ့သည်။
ဒီကြယ်စင်စုက... တကယ့် တိုင်းပြည်လား...
ဇာမဏီနက္ခတ်တာရာအတွင်းရှိ ကြယ်များက အလင်းတန်းများစွာကို ထုတ်လွှတ်ပြီး ကတ်သရင်းကို ဖုံးလွှမ်း လိုက်သည်။ ကတ်သရင်း၏ ခန္ဓာကိုယ် ရုတ်တရက် ဖောက်ထွင်း မြင်သာသွားပြီး ဇာမဏီငှက်ပုံစံ ရှိသော အလင်းစီးကြောင်း တစ်ခုက ခြေသလုံးအိမ်တိုင်ဝိညာဉ်နှစ်ကောင်ဆီသို့ တည့်တည့်တိုးဝင်သွားခဲ့သည်။ အလင်းတန်းက မရေတွက်နိုင်သော ငှက်များ၏ တောင်ပံခတ်သံများဖြင့် ပြည့်နှက်နေသည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် အဝေးမှ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့ပင် တုန်လှုပ်သွားကြသည်။
အဆိပ်နဂါးက ကောက်ကျစ်သော လူသားတစ်ဦး ပိုင်ဆိုင်သော အစစ်အမှန် ကြယ်စင်စုတိုင်းပြည်ကို ရုတ်တရက် သတိရလိုက်ပြီး သူ၏ နှလုံးသားထဲ၌ တုန်လှုပ်သွားခဲ့သည်။
ဒါက... ကြယ်နှစ်ပွင့် တိုးမြင့်မှု အောင်မြင်ပြီး ရရှိတဲ့ နတ်ဘုရား အပ်နှင်းစွမ်းအားလား...
တွေးနေစဉ်မှာပင် ငှက်များစွာကို သယ်ဆောင်လာသော ဇာမဏီငှက် အလင်းစီးကြောင်းသည် မှီတွယ် နေသော ခြေသလုံးအိမ်တိုင် ဝိညာဉ် နှစ်ကောင်အား ထိုးနှက်လိုက်သည်။ ချက်ချင်းပင် ခရိုဘဲလက်စ်နှင့် ပါ့ဂ်လီအိုတို့က အားကောင်းသော ထိမှန်မှုကြောင့် အနီးအနားရှိ နေရာလွတ်၌ ပြင်းထန်သော တုန်ခါမှုကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရသည်။
တလက်လက်အလင်းရောင်က အတွင်းထဲရှိ ဖြစ်ရပ်များကို မမြင်နိုင်သော်လည်း ငှက်များ အားလုံးက အော်ဟစ်နေသကဲ့သို့ လေကိုဖောက်ထွင်း၍ မရေတွက်နိုင်သော လေတိုးသံများကို ရေးရေးလေး ကြားလိုက်ရသည်။
နေရာလွတ်ထဲရှိ တုန်ခါမှုများ နောက်ဆုံးတွင် ရပ်တန့်သွားခဲ့သည်။ ကြယ်များ၏ တောက်ပမှုနှင့် အလင်း စီးကြောင်းက ခြေသလုံး အိမ်တိုင် ဝိညာဉ်များအားလုံးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။
ကတ်သရင်း၏ ပုံရိပ်တစ်ခုသာ လေထဲတွင် ကျန်နေပြီး သူ၏ကိုယ်မှ ချပ်ကာကလည်း အလွန်ပါးလာပြီး ပျောက်ကွယ်တော့မလို ထင်ရသည်။
“ကတ်သရင်း!”
ခရိုဘဲလက်စ်က အလျင်အမြန် သွားပြီး သူ့ကို ထူလိုက်သည်။
“အဆင်ပြေရဲ့လား။”
ကတ်သရင်းက မောဟိုက်နေ၏။ ခုနက တိုက်ခိုက်မှုသည် အမှန်ပင် အစွမ်းထက်လှသော်လည်း သူ၏ စွမ်းအားအကုန်နီးပါးကို အသုံးပြုခဲ့ရသည်။
“အဆင်ပြေပါတယ်။”
“နင်က အရမ်းမိုက်တယ်။”
မြနဂါးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“နင်က ငါတို့ကို ထပ်ပြီးတော့ ကယ်တင်ခဲ့ပြန်ပြီ။ ကျေးဇူးပါ။”
“ဒီလောက်ယဉ်ကျေးဖို့ မလိုပါဘူး။ ပြောရမယ်ဆိုရင် ဒါတွေ အားလုံးက နင်တို့က ငါ့ကို ကယ်တင်ပေးလို့ ဖြစ်လာတာပါ။”
ကတ်သရင်း အသာလေး ပြုံးပြီး လက်ကို ဖြန့်လိုက်သည်။ လက်ထဲ၌ သလင်းကျောက် စက်လုံး တစ်ခု ရှိနေသည်။
“ဥပဒေသ သလင်းကျောက် စက်လုံး!”
ပါ့ဂ်လီယို၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။
“အင်း... အဲ... ကောင်းပြီ။ ငါ ဘာမှ ယဉ်ကျေးတဲ့ စကားတွေ မပြော တော့ဘူး။ အသိအမှတ် ပြုပါတယ်။”
ကက်သရင်းက ပြုံးလိုက်သည်။
“နိဗ္ဗာန်စွမ်းအားက ခြေသလုံးအိမ်တိုင်ဝိညာဉ်တွေကို မဆန့်ကျင်ဘူးဆိုရင် နတ်ဘုရားတစ်ပိုင်းအဆင့် ခြေသလုံးအိမ်တိုင်ဝိညာဉ်နှစ်ကောင်ကို ဒီလောက် အလွယ်လေးနဲ့ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မရဲ့ စွမ်းအား ကုန်သွားပြီ။ တိုက်ခိုက်ရေး စွမ်းရည်တွေ အားလုံး သုံးလို့ မရတော့ဘူး။ ကျွန်မကို ပြန်လိုက်ပို့ဖို့ ရှင်တို့နှစ်ယောက်ကိုပဲ မှီခိုရတော့မယ်။”
“ဒါပေါ့... ငါ့ကို အခုကစပြီး ဘက်တီလို့ပဲ ခေါ်ပါ၊ ကက်သရင်း။”
မြနဂါးက ဥပဒေသ အပိုင်းအစများ အလျင်အမြန် စုဆောင်းနေသော ဆရာသခင် အဆိပ်နဂါးဆီ တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြုံးရင်းနှင့် ပြောလိုက်သည်။
“တစ်ယောက်ယောက်က လက်ထပ်ကြဖို့အတွက်လား ဘာလား ပြောခဲ့တာ မှတ်မိသေးတယ်။”
“ဘာ...”
အဆိပ်နဂါးက ဟန်ဆောင်ပြီး မေးလိုက်သည်။
“ဒီတစ်ခေါက် အသက်ရှင်ရင် လက်ထပ်ကြမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ အာ... အဲဒီ အရေး အကြီးဆုံး ကတိကို မေ့သွား ပြီလား ... ကျွန်မရဲ့...အချစ်ရဆုံး အဆိပ်နဂါး ပါ့ဂ်လီအို။”
မြနဂါး၏ အသံက နူးညံ့နေ သော်လည်း သူ၏ မျက်လုံးများက ဒေါသများ ပြည့်နှက်နေသည်။
“ဟိုမှာကြည့်...”
ဆရာသခင်၏ အဆိပ်နဂါးက မိုးပေါ်ကို လက်ညှိုးထိုးပြလိုက်သည်။ မြနဂါးက မော့ကြည့်လိုက်ရာ မည်သည့်ကိုမျှ မတွေ့ခဲ့ပေ။ သူက ရုတ်တရက် ချစ်လှစွာသော အဆိပ်နဂါးက အလင်းစီးကြောင်းအဖြစ် ပြောင်းလဲကာ ရှေ့သို့ ထွက်ပြေးသွားကြောင်း တွေ့လိုက်ရသည်။
“လူယုတ်မာ! အဲဒီမှာ ရပ်နေစမ်း!”
မြနဂါးက လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ပြီး သူ့နောက်သို့ ဒေါသတကြီး ပြေးလိုက်သွားသည်။
“နင်တို့တစ်ခုခု မေ့နေကြသလိုပဲ...”
လိုက်ပို့ပေးရန် လိုအပ်နေသော ကတ်သရင်းက အပြစ်ကင်းစင်စွာဖြင့် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။