နှစ်ထပ်တိုင်းပြည်
Vol. 66 Ch. 1058
နောက်လိုက်နေရင်း မြနဂါးက အကာအကွယ် လိုအပ်နေသော ကတ်သရင်းကို ရုတ်တရက် သတိရ သွားခဲ့ပြီး အဖွဲ့လူစုရာ နေရာသို့ ပြန်ခေါ်လာခဲ့၏။
ဇိုလာက ဒိုဒိုကို ခေါ်သွားပြီးနောက် အခြား တစ်နေရာသို့ ရှာဖွေရန် ထွက်သွားခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရပေ။ ကတ်သရင်း နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း မြင်လိုက်သော် သူက အံ့ဩမိသွား၏။ အမှန်တကယ်တွင် နတ်မိမယ်နဂါး၏ စိတ်ထဲ၌ နတ်ဆိုးဘုံ ထိပ်တန်း မိန်းမလှ၊ ဧကရီက မောင်းမဆောင် ထဲတွင် အင်အားကြီးမားသည့် ပြိုင်ဘက်တစ်ဦး အဖြစ် အမြဲ ရှိနေခဲ့သည်။ မျှော်လင့်မထားဘဲနှင့် သူသည်လည်း နတ်ဘုရားတစ်ပိုင်း ဖြစ်သွားခဲ့လေပြီ။ ကတ်သရင်းက သူ့ကို ယှဉ်နိုင်လောက်သော အနေအထားမျိုး ဖြစ်နေသည်ကို သူ ခံစားမိလိုက်သည်။ ထို့ကြောင့် သူ အလွန်အံ့ဩသွားခဲ့ရခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်ကြား၌ တစ်ဦးနှင့်တစ်ဦး အထူး ချိတ်ဆက်မှု တစ်ခုရှိနေသည်ကိုလည်း ခံစားနေရသည်။
ထိုအရာက ထိုလောကရှိ နတ်ဘုရားမများ အကြားတွင် ဖြစ်ပေါ်တတ်သော ဆက်နွယ်မှုတစ်ခု ဖြစ်နိုင်ပေသည်။
ခဏအကြာ ကတ်သရင်းအတွက် အမြဲပင် စိုးရိမ်သော ချန်လွေ့က အဖွဲ့သားများကို ခေါ်ဆောင်ကာ ကျက်သရေမျှော်စင်ဆီသို့ အပြေးရောက်လာခဲ့သည်။ ကတ်သရင်း၏ အားနည်းနေသော အခြေအနေက နေ့တစ်ဝက် ခန့်သာ ကြာမြင့်ခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။
အဓိကအကြောင်းအရင်းမှာ သူက လက်ရှိ စွမ်းအားနှင့် အသားမကျသေး
သောကြောင့်သာ ဖြစ်သည်။ ထိုစမ်းသပ်ချက်၌ မပါဝင်မီ ကတည်းက ကတ်သရင်း၏ စွမ်းအားမှာ အရေးကြီးသော အခြေအနေတစ်ခုတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။
သူက ချန်လွေ့ကို ပြောပြခဲ့သည့် အတိုင်းပင်၊ သော်သော်၏ “ကပ်ပါးမွေးဖွားမှု”က သူကို အဆုံးမဲ့ စွမ်းအားတစ်ခု ပေးပြီး ထိုစွမ်းအား၏ တစ်ဝက်ကိုသာ သူ စုပ်ယူခဲ့ရသေးသည်။
[ကြယ်အဆင့်တိုးမြှင့်မှု] အောင်မြင်သွားသည်နှင့် ကတ်သရင်းသည် ကြယ်စင်စုပိုင်နက်ထဲ၌ “ဉာဏ်ပညာ”အခြေအနေကို ရရှိခဲ့သည်။ ထိုအခိုက်အတန့်တွင် သူက အနှိုင်းမဲ့ အသက်စွမ်းအင်နှင့် ယုံကြည်မှုစွမ်းအားကို ခံစားလိုက်ရသည်။ ကပ်ဘေးကို ရင်ဆိုင်ခဲ့ရသောကြောင့် ကတ်သရင်းသည် သတ္တိရှိရှိဖြင့် လေ့ကျင့်ရေးကွင်းပြင်သို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။
နတ်ဘုရားရာထူးကို ရရှိထားသူတိုင်းက စူပါစနစ်ထဲရှိ လေ့ကျင့်ရေးကွင်းပြင်ကို လွတ်လပ်စွာ အသုံးပြုနိုင်သည်။
ဒူဝံကြယ်ခရမ်းဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် အမြင့်ဆုံး အချိန် ဥပဒေသသသည် ၁:၁၀၀၀ အထိ တိုးမြှင့်သွားခဲ့သည်။ လေ့ကျင့်ရေးကွင်းပြင်၏ စိတ်ပုံရိပ်ကို အပြင်သို့ ပို့လွှတ်နိုင်ပြီး သက်ရောက်မှုက တစ်ဝက်သာရှိသော်လည်း အသုံးပြုသူများ ချိတ်ဆက်ထားသော ပစ်မှတ်များနှင့် အကန့်အသတ်မရှိပေ။
အလဲအလှယ် ဌာနမှ လဲလှယ် ထားသော ယုံကြည်မှုကို ယူပြီးနောက် ထိုနေရာသို့ ဝင်ရောက် နိုင်သည်။
သစ်သီး စွမ်းအားကို မှီခိုသော အသုံးပြုသူက ချိတ်ဆက်ထားသော ပစ်မှတ်နှင့် မတူညီပေ။ အချိန် အကန့်အသတ် တစ်ခုရှိပြီး အမြင့်ဆုံး လုပ်ပိုင်ခွင့် ဥပဒေသ ကိုလည်း အသုံးမပြုနိုင်ပါ။
စူပါစနစ်၏ လေ့ကျင့်ရေး ကွင်းပြင်ထဲတွင် ကတ်သရင်း၏ ပါရမီနှင့် နားလည်နိုင်စွမ်း တို့က ချန်လွေ့ကို စိတ်ထဲ၌ အရှက်ရ သွားစေသည်။
ဒါက တကယ့် ပါရမီရှင်ပဲ... ငါက စူပါစနစ်နဲ့ လောက ကူးပြောင်း လာလို့သာ ကံကောင်းသွားတာ။
ကတ်သရင်းက “နက္ခတ်တာရာ” နှင့်ဆင်တူသော တိုက်ကွက်ကြီး တစ်ခုကို အသုံးပြုလိုက်သောအခါ ချန်လွေ့က အံ့အားသင့်သွားသည်။
ထို“ဇာမဏီနက္ခတ်တာရာ”သည် ပုံရိပ်ယောင် စွမ်းရည် တစ်ခု မဟုတ်ပေ။ ထိုအရာက အစွမ်းထက်ဆုံး ဉာဏ်ပညာ၊ ယုံကြည်မှုပါရမီနှင့် ပေါင်းစပ်ထားပြီး တကယ့်အစစ်အမှန် ယုံကြည်မှု တိုးပွားသည့် ကြယ်စင်စု ပိုင်နက် တစ်ခု ဖွဲ့စည်းထားခြင်း ဖြစ်သည်။
အမှန်တကယ်တွင် ထိုအရာက ချန်လွေ့ ကြယ်စင်စု ပိုင်နက်၏ အစိတ်အပိုင်း တစ်ခုနှင့် ညီမျှ၏။ ချန်လွေ့က ထိုအရာကို တစ်နေရာတွင် မြင်ခဲ့ဖူးသည်။ ထိုနေရာကား... ဖရိုဖရဲဘုံပင်။
အလွန်ကြီးမားသော နေအဖွဲ့အစည်းများ ဖြစ်ကြသည့်နေရာမှ အလောင်းများဖြစ်ကြသော်လည်း ထိုနေအဖွဲ့အစည်းများမှာ အသက်မရှိဘဲ တိတ်ဆိတ်ခြောက်ကပ် နေခဲ့သည်။
ကတ်သရင်းက တကယ့် နတ်ဘုရား ဖြစ်သွားတာလား။
ချန်လွေ စဉ်းစားမိသည်။
ဒါဆိုရင် “နတ်ဘုရားအပ်နှင်း”တဲ့ ငါကရော ဘာလဲ။
မည်သို့ပင်ဆိုစေကာမူ၊ ထိုအကြောင်းအရာများကို ယခုလေ့လာရန် အချိန်မရှိသေးပေ။
ကတ်သရင်းနှင့် အခြားသူများက ထိုမယုံနိုင်စရာ လမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းခဲ့သည့်တိုင် သူ၏လက်ရှိစွမ်းအားမှာ တကယ့်အစွမ်းထက် ပုဂ္ဂိုလ်များအဆင့်တွင်မူ အားနည်းနေသေးသည်။ နတ်ဘုရားအဆင့်ရောက်ရှိရန်ကို ပြောစရာပင်မလိုပေ။
ထိုအရာက မြင့်မားလှသော လမ်းကြောင်းတစ်ခု ဖြစ်နိုင်ပြီး အဝေးကြီး ကျန်နေသေးသည်။
ချန်လွေ့ စဉ်းစားနေစဉ်မှာပင် ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က ကတ်သရင်း၏ တိုင်းပြည်ကို လေးစားအားကျမှုများ ဖော်ပြနေခဲ့သည်။ နတ်မိမယ်နဂါးမှာမူ ယှဉ်ပြိုင်လိုစိတ် အနည်းငယ် ခံစားလိုက်ရသည်။ ကတ်သရင်းက နတ်ဘုရားတစ်ပိုင်း အသစ် တစ်ယောက်ဖြစ်လာပြီး သူက နတ်ဘုရားတစ်ပိုင်း အလယ်အလတ်အဆင့်သို့ ချဉ်းကပ်လုနီးပါး ဖြစ်နေခဲ့သည်။
အကယ်၍ ဇိုလာက သူကို စိန်ခေါ်မည်ဆိုလျှင် အနိုင်ကျင့်ရာ ကျပေလိမ့်မည်။ ထို့အပြင် လမ်းတလျှောက်၌ ကတ်သရင်းနှင့် သူသည် အပေးအယူ မျှနေခဲ့သည်။ ထို့အပြင် ကတ်သရင်းမှာ သူ အချစ်ဆုံး သော်သော်လေး၏ အမေဖြစ်နေသည်။ ကူကယ်ရာမဲ့ ဖြစ်နေရင်း ဇိုလာလည်း ထိုသို့ မခံချင်စိတ်ကို စိတ်ထဲ၌သာ ဖုံးကွယ် ထားလိုက်ရသည်။
သို့သော်လည်း နတ်မိမယ်နဂါး၏ စိတ်ဓာတ်ကျမှုကို သေသေချာချာ အာရုံစိုက်နေသော အစ်ဇဘယ်လာ သတိပြုမိသွားသည်။ သူ ထိုညီမကို ဘေးသို့ ခေါ်လာပြီး မေးခွန်း အနည်းငယ်မေးကာ အကြောင်းစုံကို နားလည်သွားခဲ့သည်။
ခဏအကြာ အစ်ဇဘယ်လာ၏ ညွှန်ကြားချက်အရ ချန်လွေ့သည် ဇိုလာဆီသို့ ရောက်လာပြီး စကား အနည်းငယ်ဖြင့် ချော့မော့လိုက်သည်။
နတ်မိမယ်နဂါးက အပေါ်ယံတွင် ငြင်းဆန်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင်တော့ အတော်လေး သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။
ချန်လွေ့၏ စိတ်ထဲတွင်တော့ သံသယများ ဝင်လာခဲ့သည်။
ကတ်သရင်းက ဉာဏ်ပညာ နတ်ဘုရားမ ရာထူးကို ရရှိပြီးနောက် နတ်ဘုရားတစ်ပိုင်းအဆင့်ကို အဆင့်တက်သွားတယ်။ အဲဒါကြောင့် သူ့မှာ ဇာမဏီ နက္ခတ်တာရာ ရှိလာခဲ့တယ်။ ဇိုလာက နတ်ဘုရား တစ်ပိုင်း အဆင့်သို့ ရောက်ပြီးမှ အသိပညာ နတ်ဘုရားမ ရာထူးကို ရရှိခဲ့တာ။
ဒါဆိုရင်... သူရဲ့ [ ဒြပ်စင်၆ခုပိုင်နက် ] ထဲမှာ ပြောင်းလဲမှု တစ်ခုခုများ ရှိနေပြီလား။
ဇိုလာက ချက်ချင်း [ ဒြပ်စင်၆ခု ပိုင်နက် ] ကို အသက်သွင်း လိုက်သည်။ ချန်လွေ့က ကောင်းကင်နှင့် မြေကြီးကို ပိုင်ဆိုင်သော ငွေရောင် အလင်းတန်း ဒြပ်စင်၆ခုစွမ်းအားကို သေသေချာချာ ခံစားမိလိုက်သည်။
ထိုအရာများက “နေအဖွဲ့အစည်း” မဟုတ်ပေ။
သူ စဉ်းစားနေစဉ်မှာပင် နတ်မိမယ် နဂါး၏ ခရမ်းရောင် မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာ လက်ခနဲ ဖြစ်ပေါ်သွားသည်။[ ဒြပ်စင်၆ခု ပိုင်နက်] ရုတ်တရက် ပျောက်ကွယ် သွားပြီး တလက်လက် တောက်ပ နေသော ကြယ်ရောင်များ လင်းလက် လာကာ အပြာရောင် ဖျော့ဖျော့များ ထွက်ပေါ်လာခဲ့သည်။ တောက်ပ နေသော ကြယ်များက ထင်ရှား နေပြီး ခန့်ညားကာ ကျယ်ပြောလှသော အသက် နှင့် ယုံကြည်မှု စွမ်းအားများ လိမ့်တက်လာခဲ့သည်။
ချန်လွေ့၏ မျက်လုံးများ အရောင် တောက်ပသွားသည်။
ဒါက နှစ်ထပ် ပိုင်နက်ပဲ!
[ဒြပ်စင်၆ခုပိုင်နက် ] အပြင် ဇိုလာတွင် စူပါစနစ်၏ တိုင်းပြည် စွမ်းအား ဖြစ်သော စူပါစနစ်၏ နတ်ဘုရားတိုင်းပြည် စွမ်းအားလည်း ရှိနေသည်။
ဇိုလာက ယခင် တစ်ခေါက် အသိပညာနတ်ဘုရားမ ဖြစ်ပြီးနောက် အနားတွင် တည်ရှိ နေသော စွမ်းအား အသစ်တစ်ခုကို အမြဲပင် ခံစားနေခဲ့ရသည်။ မူလ [ဒြပ်စင်၆ခုပိုင်နက်] ၏ အကန့်အသတ်ကြောင့် သူက ထိုနေရာမှ မလွတ်မြောက်နိုင်ဘဲ ၎င်း၏ ပုံစံကို မဖန်တီးနိုင်ခဲ့ပေ။ ထိုရက်များအတွင်း ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေထဲ၌ အမှန်တကယ် လေ့ကျင့်မှုများကြောင့် သူက နတ်ဘုရားတစ်ပိုင်းအလယ်အလတ်အဆင့်သို့ မရောက်သေးသော်လည်း ထိုတိုင်းပြည်အသစ်ကို အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့သည်။ ချန်လွေ့ကဲ့သို့ပင် သူကလည်း အလွန်ရှားပါးလှသော နှစ်ထပ်တိုင်းပြည်ပိုင်ရှင် ဖြစ်လာ၏။
ကတ်သရင်း၏ ဇာမဏီနက္ခတ် တာရာနှင့် မတူဘဲ ဇိုလာ၏ နက္ခတ် တာရာက အလွှာများစွာ ရှိသော မျဉ်းကွေးတစ်ခု ဖြစ်ပြီး ချန်လွေ့က ထိုနက္ခတ်တာရာကို “သက်တန့်” ဟု အမည်ပေးလိုက်၏။
ထိုနာမည်ကို ဇိုလာ၏နှလုံးသားက လက်ခံခဲ့ပြီး သူ ပြုံးရွှင်စွာဖြင့် ချန်လွေ့ကို နမ်းလိုက်သည်။
“ [ဒြပ်စင်၆ခုပိုင်နက်]... သက်တန့် နက္ခတ်တိုက်ကွက်စွမ်းအား... ဒြပ်စင် နတ်ဘုရားမသရဖူ...” ချန်လွေ့က ပြုံးရင်း ခေါင်းခါလိုက်၏။ “ဒါတွေက ဇာတ်လိုက်တစ်ယောက်ရဲ့ ရောင်လျှံတွေပဲ။ မင်းက တကယ် ကူးပြောင်းလာတာ မဟုတ်ဘူးဆိုတာ သေချာလား... ဇိုလာ။”
“ဘာပြောတာလဲ။”
နတ်မိမယ်နဂါးအတွက် “လောကကူးပြောင်းလာသူ” ဟူသော စကားလုံးမှာ အသစ်အဆန်း ဖြစ်နေသောကြောင့် သူ ကြောင်သွားခဲ့သည်။
“ဟုတ်ပါပြီ။”
ဘေးဘက်မှ ပါ့ဂ်လီအိုက ဒေါသ ထွက်သွားခဲ့သည်။
“ဆရာသခင်အဆိပ်နဂါး”၏ မျက်နှာက မနာလိုမှုများ၊ မုန်းတီးမှုများနှင့် ပြည့်နေခဲ့သည်။
“မင်းတို့အားလုံးက ဘာပါလိမ့်.. အဲဒီ ကလိမ်ကကျစ်ကျတဲ့ မင်းသားနဲ့ မင်းသမီးပဲ။ သနားစရာကောင်းတဲ့ ငါတို့က ဘယ်မှာ သွားနေရမှာလဲ။”
ဆရာသခင် အဆိပ်နဂါးက အမှန်တကယ်ပင် လက်မခံ နိုင်ခဲ့ပေ။ အစက ဒီကောက်ကျစ်တဲ့ လူသားက ဘာစွမ်းအားမှ မရှိဘူး။ ဒီအဆင့် ရောက်အောင် သူ တက်လာတာကို ငါကြည့်ခဲ့ရတယ်။ အခုပြန်ကြည့်မယ် ဆိုရင် ငါ့စိတ်ထဲ စိတ်ဓာတ်ကျတာ ဖော်ပြလို့တောင် မရတော့ဘူး။”
သူက စိတ်ထဲတွင် ညည်းညူ လိုက်သည်။
တခြားတစ်ဖက်မှာတော့ ဒီအရူးမက ငါ့ထက်တောင် ပိုပြီး အစွမ်းထက်လာတယ်။ အရင်က ငါတို့တွေ အဆင့် အတူတူပဲ။ အခုတော့ သူက အဝေးကြီးကို ရောက်နေပြီ။ ကတ်သရင်းလည်း အတူတူပဲ။ ဘက်တီလေးရဲ့ သူငယ်ချင်း အစ်ဇဘယ်လာက တိုင်းပြည်အဆင့် အလတ်ပိုင်းကို ရောက်တော့မယ်။ တစ်နေ့ ကျရင် ဒီကောင်နဲ့ ပတ်သက်တဲ့ မိန်းမ တိုင်းက... တိုက်ခိုက်ရေးသမား မဟုတ်တဲ့ သူတွေက လွဲပြီးတော့ သူတို့ရဲ့ စွမ်းအားတိုးတက်တဲ့ အမြန်နှုန်းက ဆတိုးနေမှာပဲ။
ဘာ! သူနဲ့ ပတ်သက်တဲ့ ယောက်ျားတွေရဲ့ စွမ်းအားတွေလည်း တိုးတက်လာတယ် ဟုတ်လား!
ငါက အခု တိုင်းပြည်အဆင့် အထွတ် အထိပ်ကို ရောက်နေပြီ။ ချီးပဲ။ ငါက မိန်းမတစ်ယောက် ကိုတောင် မယှဉ်နိုင်ဘူးလား။
ချန်လွေ့နှင့် ဘဲခေါင်း နဂါးတို့၏ ရင်းနှီးမှုမှာ ထိုလောကသို့ ချန်လွေ့ ကူးပြောင်းလာခဲ့သော အချိန်က စတင်ခဲ့လေသည်။ အဆိပ်နဂါး စဉ်းစားနေသည်ကို ချန်လွေ့ မည်သို့ နားမလည်နိုင် ဖြစ်ရမည်နည်း။
အမြဲတမ်း ပြဿနာ ရှာနေသော တူလေး ဖြစ်သူကို အနိုင်ကျင့် ပြီးနောက် ချန်လွေ့က အဆိပ်နဂါးကို ထူးထူးဆန်းဆန်းပြုံးပြရင်း ကြည့်လိုက်သည်။
ထိုသို့ရင်းနှီးသော အပြုံးကြောင့် အဆိပ်နဂါး အနည်းငယ် ထိတ်လန့် သွားခဲ့သည်။
“မင်းက ဘာပြုံးတာလဲ။”
“ဂုဏ်ယူပါတယ် ထာဝရမိတ်ဆွေ။”
“ဉာဏ်များတဲ့လူသား... မင်းဘာပြောတာလဲ။”
“ခင်ဗျား ဘက်တီလေးကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ကြားတယ်။”
“အား..!”
ထိုဓားက အဆိပ်နဂါး၏ အားနည်းချက်ကို တည့်တည့် ထိသွားခဲ့သည်။ သူ နောက်ပြန် လှည့်ကြည့်လိုက်လျှင်ပင် အနားမှ ဘက်တီ၏ မျက်စောင်းထိုးမှုနှင့် မျှော်လင့်ချက်များကို ခံစားမိနေသည်။
အဲဒီတုန်းက... ငါပြောခဲ့တာက... အဲဒါမဟုတ်ဘူးလေ။ မင်း နားကြား မှားတာ ဖြစ်မယ်။ ငါက နှစ်ပေါင်း ရာနဲ့ချီပြီး တစ်ယောက်တည်း နေချင် သေးတယ်။ သစ်ပင်တစ်ပင်တည်းမှာ မတွဲနေချင်ဘူး။ ငါ့ရဲ့ မောင်းမဆောင် အိပ်မက်လည်း အကောင်အထည် မဖော်ရသေးဘူး။ နဂါးမတစ်အုပ်ကို ခေါ်ပြီးတော့ ဒီကောင်ရဲ့ အိမ်ပေါ် ပျံပြချင်သေးတယ်...
သို့သော်လည်း ထိုအရာများကို သူ မပြောရဲပေ။ မဟုတ်လျှင် သူ တကယ် ပြဿနာတက်ပေလိမ့်မည်။
ပါ့ဂ်လီအိုက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဟိုမှာကြည့်စမ်း... ဘာကြီးလဲ။”
ကံဆိုးစွာပင် ထိုအကွက်က လက်ထပ်ပွဲ အတွက် မကျေနပ် နေသော နဂါးတိုက်ခိုက်ရေးသမား အမျိုးသမီး အတွက် အလုပ် မဖြစ်တော့။ ထို့အပြင် ဘေးဘက်မှ တားမြစ်ဂါထာတစ်ခုကို မတော်တဆ ရွတ်ဖတ်သော နတ်မိမယ် နဂါးက ထွက်ပြေးရန် ကြိုးစားနေသော အဆိပ်နဂါးကို နေရာတွင်ပင် ရပ်တန့် နေစေခဲ့သည်။
အခြေအနေ မကောင်းကြောင်း မြင်သော် ကျောင်းသားတူလေးက လာရောက် ကူညီပေးသည်။ သူက ပထမဆုံး ထခုန်ပြီး အဆိပ်နဂါးအား ခံစားချက်များနှင့် ကစားသော တာဝန်မဲ့သူအဖြစ် ပြောဆိုခဲ့သည်။ ထို့အပြင် သူက လက်ထပ်ပွဲကို ယခု ကျင်းပသင့်ကြောင်း တောင်းဆိုပြီး လက်ထပ်ပွဲကို အားလုံးက သက်သေ ခံရမည် ဖြစ်သည်။
အဆိပ်နဂါးက ထိုသစ္စာဖောက်အား စိတ်ထဲတွင် အကြိမ်ထောင်ပေါင်းများစွာ ဆဲဆိုလိုက်တော့သည်။
သို့သော်လည်း ဘေးနားမှ နတ်မိမယ်နဂါးက မတော်တဆ လက်ချောင်းများကို လှုပ်ရှားလိုက်ရာ အဆိပ်နဂါးက ပါးစပ် အထိန်းအချုပ် လွတ်သွားပြီး သဘောတူ လိုက်ရ၏။
သွားပြီ... အားလုံးသွားပြီ။
ဟာသပြဇာတ်တစ်ခုက ထိုနေရာ၌ စတင်နေသည်။
ရလဒ်က မည်သို့ပင်ဖြစ်စေကာမူ၊ လေ့ကျင့်ရေးကြောင့် တင်းမာ နေခဲ့သော အာရုံကြောများ အားလုံး ပြေလျော့သွားခဲ့သည်။
ချန်လွေ့က မျက်ခုံးပင့်ကာ အဆိပ်နဂါးကို ဝေဖန်ခဲ့သော်လည်း သူ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ သူ၏ လုပ်ဆောင်မှုများ ရပ်တန့်သွားသည်။ အကြောင်းမှာ တစ်စုံတစ်ခုကို အသုံးပြုလိုက်ကြောင်း သူ ခံစားလိုက် ရသောကြောင့်ပင်။
သိဒ္ဓိအရိပ်စက်လုံး။
သိဒ္ဓိအရိပ်စက်လုံးက သိဒ္ဓိအလင်းဝတ်ရုံ၏ အထူး ဖန်တီးမှု တစ်ခုဖြစ်ပြီး ၎င်း၌ အလင်းခွဲနှင့် သိဒ္ဓိအကာအကွယ်ဟူ၍ အထူး စွမ်းရည် နှစ်မျိုး ရှိနေသည်။ အလင်းခွဲက တိုက်ပွဲကိုယ်ပွားနှစ်ခုကို ဖန်တီးနိုင်ပြီး ကြာချိန်မှာ ငါးစက္ကန့် ဖြစ်သည်။ သို့သော်လည်း ထိုအရာက [ရှုထောင့်ပျက်စီးခြင်း]ကဲ့သို့သော အဆုံးသတ်တိုက်ကွက်များကို အသက်သွင်းနိုင်သည်။ အချိန်ဥပဒေသနှင့် ပေါင်းလိုက်သောအခါ ၎င်းသည် ပို၍ အစွမ်းထက်သော တန်ပြန် တိုက်ခိုက်မှု တစ်ခုကို ဖန်တီးနိုင်၏။ [သိဒ္ဓိစိတ်ပုံရိပ်] မှာမူ စိတ်ပုံရိပ် ဖန်တီးခြင်းပညာရပ်တစ်ခု ဖြစ်ပြီး လုံလောက်သော အလင်းဒြပ်စင် စွမ်းအားများကို စုစည်းပြီးနောက် ပုတီးတစ်လုံး ဖြစ်စေခဲ့သည်။ အသုံးပြုပြီးနောက် စိတ်ပုံရိပ် တစ်ခုကို ဆင့်ခေါ်နိုင်ပြီး ၎င်းက တစ်နာရီကြာ ခံနိုင်သည်။ ၎င်းသည် မူရင်း ခန္ဓာကိုယ်၏ စွမ်းအား အားလုံးကို အသုံးပြုနိုင်သော်လည်း စွမ်းအားများ သုံးတိုင်း စိတ်ပုံရိပ်၏ စွမ်းအား လျော့ကျသွားပေသည်။ စိတ်ပုံရိပ်က စွမ်းအား ကုန်ဆုံး သွားလျှင် သို့မဟုတ် သတ်မှတ်ချိန် ကုန်သွားလျှင် ပျောက်ကွယ်သွားမည် ဖြစ်သည်။
လက်ရှိတွင် [သိဒ္ဓိအရိပ်စက်လုံး] တစ်ခုသာ ပြုလုပ်ရသေးသည်။ ချန်လွေ့က ၎င်းကို အရေးပေါ် အခြေအနေ အတွက် ရှီရာထံ ပေးထားခဲ့သည်။ သူ့တွင် ကိုယ်ပွား အတွက် “အသူရာ”ကို ထုတ်လွှတ် နိုင်သော်လည်း ထူးဆန်းစွာပင် ဖန်တီးခြင်းဇစ်မြစ် နားလည်ပြီးနောက် ကိုယ်ပွားစွမ်းရည်မှာ မီးခိုးရောင်ပြောင်းသွားပြီး အသုံးမပြုနိုင်သော အခြေအနေ ဖြစ်သွားခဲ့သည်။ မည်သည့် အတွက်ကြောင့် ဖြစ်သွားမှန်း သူ နားမလည်နိုင်ခဲ့ပေ။
ယခုတွင် ရှီရာက သိဒ္ဓိအရိပ် စက်လုံးကို အသုံးပြုလိုက်ရာ အခြေအနေ ပြင်းထန်နေကြောင်း ဖော်ပြနေ၏။ ချန်လွေ့ ချက်ချင်းပင် ဇိုလာနှင့် အခြားသူများကို အသင့်ပြင်ရန် ပြောပြီး ကြယ်ဂိတ်ကို အသက်သွင်းလိုက်သည်။
ထိုအချိန် ကြယ်ကြွေတမန် အင်ပါယာ နန်းတော်၏ အဓိက ခန်းမထဲ လူတစ်ယောက် ရပ်နေ၏။ သူ၏ ပုံစံမှာ ယခင် အက်စ်ခီကဲ့သို့ မမောက်မာပေ။ သူက ထိုနေရာ၌ တည်ငြိမ်စွာ ရပ်နေသော်လည်း ပလ္လင်ပေါ်ရှိ ရှီရာ အပေါ်၌ ကြီးမားသော ဖိအား တစ်ခုကို လွှမ်းခြုံထားခဲ့သည်။
သူက နန်းတော်ထဲသို့ ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။ တိုင်တန်များနှင့် ဧရာမ သလင်းကျောက် သားရဲများပင် သတိမထားမိခဲ့ကြပေ။ ချန်လွေ့ ခင်းကျင်းခဲ့သော ရှေးမှော်စာ အကာအကွယ်အားလုံးမှာ သူ၏ အရှေ့တွင် အသေးအဖွဲ မျှသာ ဖြစ်ပေါ်ခဲ့ပြီး ချက်ချင်းပင် ပျက်စီး သွားတော့သည်။ ထို့ကြောင့် ရှီရာက သိဒ္ဓိအရိပ် စက်လုံးကို ချက်ချင်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။