← Chapters

အဆောင်ပစ္စည်း၇ခု

Vol. 66 Ch. 1062

အဆောင်ပစ္စည်း၇ခု

Vol. 66 Ch. 1062

အထွက်စွမ်းအင် ရပ်သွားသည်နှင့် တွင်းနက်က တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ဝါးမျိုခံလိုက်ရသော ပင်လယ်ရေနှင့် ကျွန်းတို့က မူလ အခြေအနေသို့ ပြန်မရောက်ခဲ့ပေ။ သူတို့က ထာဝရ ပျောက်ကွယ်သွားခဲ့သည်။

ချန်လွေ့က [ပျက်သုဉ်းခြင်း]နှင့် [ကြယ်ဝါးမျိုခြင်း] အကြားတွင် အခြေခံကျသော ကွာခြားမှု တစ်ခု ရှိကြောင်းကို ခံစားမိခဲ့သည်။ [ကြယ်ဝါးမြိုခြင်း]က တကယ့် ဝါးမြိုခြင်း ဖြစ်သည်။ [ပျက်သုဉ်းခြင်း]က [ပျက်သုဉ်းခြင်း]ပင်။ ၎င်းတွင် နေရာလွတ် အထူး ဥပဒေသတစ်ခု ပါဝင်သည်။ ဝါးမျိုခြင်း စွမ်းအားနှင့် တူညီသော အရာက ပစ်မှတ်ကို ပိုင်းခြားပြီး အထူး ဥပဒေသ နေရာလွတ်သို့ နယ်နှင်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် ထိုနေရာတွင် ၎င်းကို ဖိချေဖျက်ဆီးမည် ဖြစ်သည်။ [ပျက်သုဉ်းခြင်း]အပြင် အမြောက်ကြီး သုံးလက်တွင် [ဖြိုခွင်းခြင်း]နှင့် [အတွေး]တို့ ပါဝင်ကြသည်။

[ဖြိုခွင်းခြင်း]က အလွန်ပင် အားကောင်းသော ဖောက်ထွင်းမှု ပါဝင်ပြီး ခုခံမှုကို လျစ်လျူရှုသော ဥပဒေသ တစ်ခု ပါရှိသည့် တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။ ၎င်းက အထင်ကြီးလောက်စရာ စွမ်းအားမျိုး ရှိပြီး အစီအရင်များ၊ ခုခံမှုများကို ဖျက်ဆီးပစ်နိုင်သည်။

[အတွေး]က ဝိညာဉ် အမျိုးအစား သို့မဟုတ် ကိုင်တွယ်၍ မရသော ရန်သူများ အပေါ်တွင် အင်အားကြီး ထိခိုက်မှု ဖြစ်စေသည်။ ထို့အပြင် ထိုတိုက်ကွက်၌ အထူး တယ်လီပို့ လုပ်ဆောင်ချက်တစ်ခုလည်း ရှိနေပြီး မဟာမိတ် ဖြစ်သူအား ပစ်မှတ် နေရာသို့ မထိခိုက်စေဘဲ တယ်လီပို့ ပြုလုပ်နိုင်သည်။

အမြောက်ကြီးသုံးလက်၏ အစမ်း ပစ်ခတ်ခြင်းက အံ့အားသင့်စရာ တစ်ခု ဖြစ်ခဲ့သည်။

အမှန်တကယ်၌ ထိုအမြောက်ကြီး သုံးလက်က သာမန် အဆင့်(၅) မြို့ပြ အဖွဲ့အစည်းထက် သာလွန်သည်။ ထိုအရာက အလူစီယာ လက်ဆောင် ပေးခဲ့သော အဆင့်(၆) အဖွဲ့အစည်း မြို့တော် အပျက်အစီးများ ကျေးဇူးကြောင့် ဖြစ်သည်။ ၎င်းတို့တွင် မြို့တော် အဆင့် အမြောက်ကြီးများ ပါဝင်ပြီး သလင်းကျောက်ဇာမဏီက လက်ရှိ အဂ္ဂိရတ် စွမ်းရည်များဖြင့် ပြန်လည် မွမ်းမံထားခြင်း ဖြစ်သည်။

အမြောက်ကြီး သုံးလက်အပြင် ကျန်ရှိသော လက်နက်များကလည်း အတော်လေး စွမ်းအားကြီးလှသည်။ အဂ္ဂိရတ် အဖွဲ့အစည်း စစ်တပ်ထဲ၌ ဂရမ်လင်အစေခံများက တိုက်ခိုက်ရေး စစ်သားများ မဟုတ်ကြသော်လည်း သူတို့၏ တာဝန်ကို ဖယ်ရှား၍ မရနိုင်ပေ။ ထုတ်လုပ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပစ္စည်းအမျိုးမျိုး ထိန်းချုပ်ခြင်းတို့ကို ဂရမ်လင် အစေခံများ လုပ်ဆောင်၏။ လက်နက်အပါအဝင် ကိရိယာများကို ထိန်းချုပ်ခြင်းကလည်း သူတို့၏ အထူးပြု ဖြစ်ျဘသည်။ ရှာဖွေခြင်း၊ ပစ်မှတ်ချိန်ခြင်းနှင့် အသက်သွင်းခြင်း ကဲ့သို့သော လုပ်ဆောင်ချက်များ တွင်လည်း သိသာ ထင်ရှားသော အလုပ်သမားများ ရှိကြသည်။

ဂရမ်လင် အစေခံများတွင် ဆင့်ကဲ ပြောင်းလဲခြင်း ကဏ္ဍ၌ အထူး ဆင့်ကဲ ပြောင်းလဲနိုင်ကြပြီး အောင်မြင်စွာ ဆင့်ကဲ ပြောင်းလဲ နိုင်သူများက စုစည်းရုပ်သေးများကို ထိန်းချုပ်ကာ တိုက်ခိုက်နိုင်သော စစ်သည်များ ဖြစ်လာနိုင်၏။ ဂရမ်လင်ကဲ့သို့ အင်အားကြီးပြီး သစ္စာရှိသော လက်အောက်ငယ်သားများကြောင့် ထိန်းချုပ်သူ ဖြစ်သော ချန်လွေ့က အမိန့်ပေးရန်သာ လိုအပ်ပြီး သူတို့က သေသေချာချာ နာခံကြလေသည်။

အစွမ်းထက် လက်နက်များအပြင် ကြယ်မြို့၌ ခုခံမှု စွမ်းအားနှင့် အထူးစွမ်းရည် ကိရိယာများလည်း ရှိကြသည်။ စမ်းသပ်မှု အချို့ ပြုလုပ်ပြီးနောက် ချန်လွေ့က ထိုဧရာမ အထူးစစ်သင်္ဘောကြီးနှင့် ပတ်သက်၍ အတော်လေး ကျေနပ် သွားခဲ့သည်။ သို့သော်လည်း စည်းမျဉ်း စွမ်းအင် ကုန်ဆုံးမှုက ထင်ထားသည်ထက် ပိုမို၍ ကြီးမား နေသည်။

ချန်လွေ့က ထိုစမ်းသပ်မှု ရလဒ်ကို အတော်လေး ကျေနပ်နေလေသည်။ သူက ကြောက်မက်ဖွယ်ရာ မိုးပျံ နယ်မြေသို့ မပြန်သွားခဲ့။ နောက်ထပ် သူက လေ့ကျင့်ရန် အတွက်ပင် ထိုနေရာသို့ ပြန်သွားမည် မဟုတ်ချေ။

အကြောင်းမှာ ထိုစမ်းသပ်ချက်က သူတို့အတွက် ဖြစ်နေ၍ပင်။

အကြီးမားဆုံး သက်ရောက်မှုက ချန်လွေ့၏ အကာအကွယ် မပါဘဲ တကယ့် တိုက်ခိုက်မှု များမှသာ ရရှိနိုင်သည်။ ကံကောင်း၍ မရနိုင်။

ထိုအရာက အတော်လေး အန္တရာယ်များပြီး ပြန်ပြင်၍မရသော ထိခိုက်မှုများကို ဖြစ်စေနိုင်သည်။

ထိုအရာက စမ်းသပ်ချက်တွင် မိတ်ဆွေများနှင့် ဆွေမျိုးများ၏ ကြံ့ကြံ့ခံမှု၊ ဇွဲလုံ့လ တို့နှင့်လည်း သက်ဆိုင်နေပေသည်

ထိုအရာက သူတို့ အကျိုးပြု နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ သူတို့က [ကြယ်အဆင့်တိုးမြှင့်မှု]ကို ပို၍ လျင်မြန်စွာ နားလည်နိုင်လေလေ၊ ချန်လွေ့ကို ပို၍ လျင်မြန်စွာ ကူညီနိုင်လေလေ ဖြစ်သည်။

ခြွင်းချက်တစ်ခုကတော့ ချွဲကျိကောင်ပင် ဖြစ်သည်။ ထိုဆရာသခင် ချွဲကျိကောင်က သခင်မ တစ်ယောက်၏ ကတိ ပေးထားသော အရာများကြောင့် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ကြယ်မြို့က ကျွန်းပေါ်တွင် ဆင်းသက်လိုက်သည်နှင့် အရောင်နှင့် ပုံစံတို့က ကျွန်းနှင့်အတူ အလျင် အမြန် ပေါင်းစည်း သွားခဲ့သည်။ အပင်များ၊ ကျောက်တန်းနှင့် စသဖြင့်တို့က ထိုနေရာ၌ ရှိနေသည်။ ရုတ်တရက် ကြည့်လျှင် အတူတူသာ ဖြစ်နေ၏။

ယခုတွင် ချန်လွေ့က ကြယ်မြို့ရှိ တိတ်ဆိတ်သော အခန်းတစ်ခုထဲ၌ ရှိနေသည်။ သူ၏ ပတ်ပတ်လည်တွင် ပစ္စည်းသုံးခု ရှိနေ၏။ ဝတ်ရုံ၊ ဖိနပ်တစ်ရံနှင့် ဒိုင်းကာ တစ်ခုတို့ ဖြစ်သည်။

သူက ဝတ်ရုံဆီသို့ လက်ဆန့်တန်း လိုက်ပြီး စိတ်ထဲ၌ ထိုမျက်လုံးများက ပြန်ပေါ်လာခဲ့သည်။ လှပသော အနက်ရောင် မျက်လုံးများသည် ညကောင်းကင်ရှိ ကြယ်များကဲ့သို့ ဖြစ်နေပြီး တောက်ပနေခဲ့သည်။

“အက်စ်မိုဒက်စ် တော်ဝန်မိသားစု တစ်ခုလုံးက မရှိတော့ရင်၊ ရင်လျက်နဲ့ သေသလို ဖြစ်နေခဲ့ရင် ဒီလို အန္တိမ အဆောင်ပစ္စည်းက ဘာထူးလို့လဲ။ ဖြစ်နိုင်မယ်ဆိုရင် တော်ဝင်မိသားစုနဲ့ ပြည်သူတွေရဲ့ အသက်အတွက် ဒါကို လဲလှယ်လိုက်မယ်။”

ချန်လွေ့က နူးညံ့လှသော အနက်ရောင်ဆံပင်ကို ပွတ်သပ်နေ သလို ထိုဝတ်ရုံကို ပွတ်သပ်လိုက်၏။ ထို့နောက် သူက အစိမ်းဖျော့ရောင် ဘွတ်ဖိနပ်ကို ကောက်ယူလိုက်သည်။

“ကျွန်မ ဧကရီအရှင်မ ပြောသလို မပြောတတ်ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျွန်မ ယောက်ျားအတွက် စိတ်မကောင်းဘူး။ ကျွန်မ ရှင့်ကို အရာအားလုံး ပေးမယ်။”

ဆွဲဆောင်မှု ရှိသော အပြာရောင် မျက်လုံးထဲ၌ ဖုံးကွယ် မထားသော မြတ်နိုးစိတ်များ ရှိနေခဲ့သည်။

“ပြီးတော့လည်း ပြန်ယူမှာက ရှင်ပဲလေ။”

“ခဏ နေပါဦး။ မဒမ်-ဒေါ်လေး၊ အဲ့ဒါက...”

မနှစ်သက်ဖွယ် အသံတစ်သံ ထွက်လာ၏။

အပြာရောင် မျက်လုံးထဲရှိ မြတ်နိုးစိတ်များ ပျောက်ကွယ်သွားပြီး နှာခေါင်းရှုံ့ကာ ဘေးဘက်ကို ကြည့်လိုက်သည်။

“မင်းမှာ ပြောစရာ တစ်ခုခု ရှိလို့လား။ ရိုမန်လေး။ ငါတို့ သဘောတူပြီးပြီ မဟုတ်လား။”

“ဘာ သဘောတူတာလဲ။ ကျုပ် ဘာလို့ မသိရတာလဲ။ အား။ နာတယ်၊ နာတယ်။ သဘောတူတယ်။ သဘော တူပါတယ် ဒေါ်လေး။ ခင်ဗျားရဲ့ စိတ်ဆန္ဒက ကျုပ်တို့လို နိမ့်ကျတဲ့ သူတွေ ရှိနေရတဲ့ ရည်ရွယ်ချက်ပါပဲ။”

ခဏ ကြာပြီးနောက် ထိုသူက ရှေ့သို့ ကိုင်းလိုက်ပြန်သည်။

“ဦးလေး။ အဲဒီဖိနပ်တွေက မဒမ် ဒေါ်လေးရဲ့ ခြေထောက်မှာ အမြဲတမ်း ရှိနေသလိုပဲ။ မင်းမှာ စွဲလန်းမှု တစ်ခုခု ရှိတာလား။”

“အား။ ဒေလီယာ မင်းက ကိုယ့် ယောက်ျားကို သတ်ချင်နေတာလား။”

ဒေလီယာ၏ လက်က လူဆိုး တစ်ယောက်ကို ကိုင်တွယ်ပြီးနောက် ငွေရောင်ဒိုင်းကာ တစ်ခုကို ကမ်းပေး လိုက်သည်။

“တောင်းပန်ပါတယ်။ ခေါင်းဆောင်။ ဒီနေ့မှပဲ ကျွန်မ စိတ်ပိုင်းဖြတ် ပြီးတော့ ဒါကို ပေးရတာ။”

နွေးထွေးပြီး လှပသော အပြုံး ရှိနေသည့် အပြာရောင်မျက်လုံးတစ်စုံ ဖြစ်သည်။

နဂါး တစ်ကောင်၏ သီအိုရီအရ ယောက်ျားနှင့် မိန်းမတို့ အကြား၌ သန့်ရှင်းသော ရင်းနှီးမှု မရှိနိုင်ပေ။ သို့သော်လည်း ချန်လွေ့၏ စိတ်ထဲ၌ ဒေလီယာက သေခြင်း ရှင်ခြင်းကို မျှဝေခဲ့သော အစ်မ တစ်ယောက် အပြင် ရဲဘော်ရဲဘက်လည်း ဖြစ်၏။ ထိုအရာက အစစ်အမှန် ရင်းနှီးမှု တစ်ခုသာမက ညီအစ်ကို မောင်နှမ အကြားမှာ မိသားစု စိတ်ဓာတ်လည်း ဖြစ်ပေသည်။

“ဟေး။ ခေါင်းဆောင်။ ဦးလေး။ ခင်ဗျား ရင်ထဲ ထိလို့ရတယ်။ ဒါပေမဲ့ ဖက်တာတွေ ဘာတွေ မလိုဘူးလေ။”

အသံဆိုး တစ်သံ ထွက်လာပြန်၏။ သူက စကားပြီးအောင် မပြောနိုင် ခင်မှာပင် သူ့ကို ဦးလေး ဖြစ်သူက ဖက်လိုက်ပြီး သူ၏ အရိုးများက အက်ကွဲသံများ ထွက်လာခဲ့သည်။

ချန်လွေ့က သဘောပေါက်သော အပြုံးဖြင့် ဒိုင်းကာကို ကြည့်လိုက်၏။

အရိပ်နက်ဝတ်ရုံ၊ အရိပ်လေပြေ ဘွတ်ဖိနပ်နှင့် ထင်ယောင်မှားဒိုင်းတို့ ဖြစ်ကြသည်။

သူ၏ ကြယ်ကြွေတမန်ဓား၊ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၊ အမျက် ဘုရင် ချပ်ကာနှင့် သွေးရောင် လက်စွပ်၊ နတ်ဆိုးဒိုင်း အားလုံး ပေါင်းလိုက်လျှင် နတ်ဆိုးဘုံရှိ တော်ဝင် မိသားစုများမှ အန္တိမ အဆောင်ပစ္စည်းများအားလုံး ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ အဆောင်ပစ္စည်းများက တော်ဝင် မိသားစုအတွက် အစားထိုး မရသော အရေးပါမှုနှင့် လုပ်ဆောင်ချက်များ ရှိသော်လည်း သူတို့က သူ့ကို ပေးခဲ့လေသည်။

ထိုအရာက သူ၏ မိန်းမများ၊ မိတ်ဆွေကောင်းများနှင့် ဆွေမျိုးများ ပေးသော ကောင်းချီးပင် ဖြစ်သည်။

ယန္တရားဆရာသခင်၏ မျက်လုံးထဲ ထိုအဆောင်ပစ္စည်း ၇ ခုမှာ အဆောင်ပစ္စည်း-ယောင်များသာ ဖြစ်သည်။ သို့သော် ချန်လွေ့က အန္တိမ ဟူသော ဂုဏ်ပုဒ်ကို ကြားခဲ့ဖူးသည်။

ထိုအရာက သိဒ္ဓိနဂါး ရိုဒရီဂူးဇ်၊ ဒြပ်စင်ဘုရင်များနှင့် တမန်တော်များ အပါအဝင် လူအများမှ ကြားခဲ့ဖူး၏။ နောက်ဆက်တွဲများ မရှိသော်လည်း ထိုအဆောင်ပစ္စည်း၇ခု၏ တကယ့် စွမ်းအားက သီးခြားစီ မဟုတ်ဘဲ ပေါင်းစည်းမှု တစ်ခု ဖြစ်ကြောင်း သေချာပေသည်။

ချန်လွေ့က “အစုံလိုက်” ဟူသော အယူအဆကို ယခင် ကစားခဲ့သော ဂိမ်းထဲ၌ မှတ်မိသည်။ တစ်ခုထက် ပိုသော အရာများကို စုဆောင်းလျှင် ထပ်တိုး အစွမ်းတိုးမှု တစ်ခု ရစေနိုင်သည်။

ဂန္ဒဝင်အဆန်ဆုံးမှာ ဘလစ်ဇက် ကုမ္ပဏီမှ ဒီယာဘလို စီးရီးပင် ဖြစ်သည်။ အချို့ အစိမ်းရောင် အဆင် တန်ဆာက ရွှေနက် အဆင်တန်ဆာ ထက်ကို ပို၍ပင် သာလွန်သည်။ သို့သော် အဆောင်ပစ္စည်း ၇ခုက ထူးခြားနေဟန် တူသည်။ သူက ၄ခုခွဲကို ရရှိခဲ့သော်လည်း ထိုကဲ့သို့ တိုးမြှင့်မှုမျိုး မရှိခဲ့ပေ။

ဒါပေမဲ့ အဲဒီ လူတွေက ဒီအဆောင်ပစ္စည်း ၇ခုအကြောင်း ပြောနေတဲ့ အချိန်မှာ တစ်ခုခု ထူးခြားတာ ရှိသလိုမျိုး လျှို့ဝှက် နေကြတယ်။ ဒါဆိုရင် ဒီအဆောင်ပစ္စည်း ၇ခုကို စုပေါင်းလိုက်ရင် ထူးခြားတဲ့ ပြောင်းလဲမှုများ ရှိလာမလား။ ဒါက အန္တိမ အဆောင်ပစ္စည်း တစ်ခုအဖြစ် ပေါင်းစည်းသွားမှာလား။ ဒီနာမည်က အရမ်း မိုက်လွန်းတယ်။ လောကကို ဖျက်ဆီးပြီးတော့ နတ်ဘုရားတွေကို သတ်ပစ်တာ မပြောနဲ့။ ဒါက စေတန်ကို တိုက်ခိုက်ဖို့ စွမ်းအား ရနိုင်ဖို့ စွမ်းအားရဖို့ ပြဿနာ မရှိလောက်ဘူး မဟုတ်လား။

ချန်လွေ့ ခဏ စဉ်းစားလိုက်ပြီး သူ၏ မျက်နှာပေါ်၌ နတ်ဘုရားဝါးမျို မျက်နှာဖုံး ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်၌ အမျက်ဘုရင်ချပ်ကာ ပေါ်လာခဲ့ပြီး ဘယ်လက်ထဲ၌ နတ်ဆိုးဒိုင်းကာ ပေါ်လာသည်။ ညာလက်ထဲ၌ ကြယ်ကြွေတမန်ဓား ပေါ်လာခဲ့သည်။ သူ၏ လက်ချောင်းတွင် သွေးရောင်လက်စွပ်တစ်ကွင်း ပေါ်လာခဲ့သည်။

အဆောင်ပစ္စည်း ၇ခု ပေါင်းစည်း ပြီးနောက် ချန်လွေ့က တိတ်တိတ် စောင့်နေခဲ့သည်။

တစ်မိနစ်၊ နှစ်မိနစ်၊ ဆယ်မိနစ် ကုန်လွန်သွားခဲ့သည်။

လေညင်းလေးများ တိုက်နေပြီး သစ်ရွက် တစ်ရွက် ကြွေလာကာ ကောင်းကင်ထက်တွင် ကျီးကန်းက အော်နေ၏။

ထိုအရာက ချန်လွေ့၏ လက်ရှိ ခံစားချက်ပင်။

ဒဏ္ဍာရီလာ ပဲ့တင်ထပ်သံတွေ ဘယ်မှာလဲ။

ဒဏ္ဍာရီလာ အန္တိမ အဆောင် ပစ္စည်း ဘယ်မှာလဲ။

အဆင့်(၄) လက်နက် ခုကို စုပြီးတော့ ဆင့်ခေါ်နိုင်တဲ့ ဒဏ္ဍာရီလာ ရည်းစားရော ဘယ်မှာလဲ။

ဒီစောက်ဒဏ္ဍာရီလာက လုံးဝ စိတ်မချရဘူး။ ဆံပင် တစ်မျှင်တောင် မထွက်လာဘူး။ ဒါပေမဲ့ အဆောင် ပစ္စည်း ၇ခုက လောကကို ဖျက်ဆီး နိုင်တဲ့ အဆောင်ပစ္စည်း တကယ် ဖြစ်နိုင်မယ် ဆိုရင်တော့ စေတန်လို လူတွေက နတ်ဆိုးဘုံ ကနေ အဆောင်ပစ္စည်း ၇ခုကို လုယူ သွားလောက်ပြီ။

ဟုတ်ပါပြီ။ [အထူးစိစစ်မှု]နဲ့ပဲ အရင်ဆုံး စကြတာပေါ့။

ဒါပေမဲ့ အဆောင် ပစ္စည်းရဲ့ ပုံမှန် အသိအမှတ် ပြုတာက စူပါစနစ်ရဲ့ စိစစ်မှုနဲ့ မတူဘူး။ ပထမက အသိအမှတ်ပြုတာ။ နောက်တစ်ခုက အတင်းလုယူတာ။

ဒါက မူလအဆောင်ပစ္စည်း ၇ခုကို ပြည့်စုံသွားရင် ပေါ်လာနိုင်တဲ့ သက်ရောက်မှုကို ရနိုင်မလားတော့ မသိဘူး။ အခုတော့ ငါ တစ်ခါသွားရင် ခြေတစ်လှမ်းပဲ သွားလို့ရဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီအဆောင်ပစ္စည်း ၇ခုက ငါ့လက်ထဲ ရောက်နေပြီ။ အဲဒီ အချိန်ကြရင် အံ့ဩဖွယ်ရာတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒါကိုပဲ ငါ မျှော်လင့်ထားလို့ မရဘူး။ ငါ့ရဲ့ စွမ်းအားကိုလည်း မှီခို ရဦးမယ်။

အဆောင်ပစ္စည်း ၇ခုက ချန်လွေ့ မျှော်လင့် ထားသလို တန်ပြန် ပြောင်းလဲမှုများ၊ ပဲ့တင်ထပ်မှုများ မရှိသည့် အတွက် ချန်လွေ့က စိတ်ကို အေးအေးထားပြီး လေ့ကျင့်ရေး၌သာ စိတ်ကို နှစ်မြှုပ် ထားတော့သည်။

လေ့ကျင့်ရေးအတွင်း ခက်ခဲမှုများ တံခါးပိတ်ပြီး ကြယ်စွမ်းအား သန့်စင်ခြင်းများ မရှိပေ။

ထိုအစား..

သူက နေ့စဉ် ကမ်းပါးပေါ်၌ ထိုင်နေပြီး ဒီရေ အသွားအပြန်ကို ကြည့်နေခဲ့သည်။

ငါးဖမ်းပြီး ငါးကင်သည်။

သစ်ခုတ်ပြီး အိမ်ဆောက်သည်။

စာရေးသည်။

ပုံဆွဲသည်။

ကမ်းခြေ ညနေခင်းတွင် ကမ်းခြေ၌ လမ်းလျှောက်ပြီး ပင်လယ်လေပြေကို ခံစားနေသည်။

ညပိုင်းတွင် ကမ်းခြေ၌ လှဲပြီး ကြယ်များကို ကြည့်သည်။

ထိုကဲ့သို့ လေ့ကျင့်ခြင်းမျိုးက ဘဝ နေထိုင်ခြင်းနှင့် ပိုတူသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဘဝကိုယ်တိုင်က လေ့ကျင့်ခြင်း တစ်မျိုး ဖြစ်သည်။

ထိုကဲ့သို့ ပတ်ဝန်းကျင်မျိုး၌ ချန်လွေ့က သုံးလ အချိန်နှင့် တိုက်ပွဲကို မေ့လျော့သွားဟန် တူ၏။

သူ၏ စိတ်အခြေအနေက လုံးဝ ကွက်လပ် ဖြစ်သွားခဲ့သည်။

တစ်စုံတစ်ယောက်ကသာ အနီးနား၌ ရှိနေလျှင် ချန်လွေ့က သဘာဝနှင့် တစ်သားတည်း ဖြစ်သွားကြောင်းကို ခံစားမိနိုင်မည် ဖြစ်သည်။

လှုပ်ရှားတိုင်းက ဖော်ပြ၍မရသော လျှို့ဝှက်ဆန်းကြယ်မှု ပါဝင်နေသည်။

မျက်စိတစ်မှိတ် အတွင်း တစ်လ ကုန်ဆုံးသွားခဲ့သည်။

ခရမ်းရောင်လအောက် ကမ်းခြေ၌ လှဲလျောင်း နေသော ချန်လွေ့က ရုတ်တရက် ခုန်ထလိုက်သည်။

သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် ခရမ်းရောင် ကြယ်အလင်း တောက်ပ နေ၏။ လက်ကို ဝေ့ယမ်းလိုက်ရာ ကြယ်အမှတ်များ လမ်းကြောင်း ပေါ်လာခဲ့သည်။

ချန်လွေ့ ဘေးနားတွင် အဆုံးမဲ့ ကြယ်စင်စုတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက [ဓူဝံကြယ်တိုင်းပြည်]ပင် ဖြစ်သည်။

ကြယ်စင်စုတွင် နက္ခတ်တာရာ ၂ ခု ပေါ်လာပြီး ထိုအရာများ အတော် လင်းလက်နေခဲ့သည်။

ထိုအရာက တောင်ပံခတ်နေသော ငှက်ကြီး တစ်ကောင်နှင့် အခြား တစ်ခုက ထပ်နေသော မျဉ်းကွေး တစ်ခု ဖြစ်သည်။ ၎င်းတို့က သန့်ရှင်းပြီး အားကောင်းသော တောက်ပမှုများ ထုတ်လွှင့်နေပြီး သီးခြားစွမ်းရည်များ ပြည့်နှက်နေကာ ကြယ်စင်စု၏ ဗဟိုချက် နှစ်ခု ဖြစ်လာခဲ့သည်။

ချန်လွေ့၏ လက်ထဲရှိ ကြယ် အမှတ်များက ပို၍ပို၍ လှုပ်ရှား နေခဲ့သည်။

ညကောင်းကင်မှ ကြယ်များပင် လမ်းကြောင်း တစ်ခုခုကြောင့် ပြောင်းလဲသွားဟန် တူသည်။

သူက အသေအချာပင် စကြဝဠာ ထဲ၌ မပြောပလောက်သော ဒြပ်စင် တစ်ခုသာ ဖြစ်သော်လည်း စကြဝဠာ တစ်ခုလုံးက သူ၏ တည်ရှိမှုကို ဝန်းရံသော အရာတစ်ခု ဖြစ်သွား၏။

ရုတ်တရက် ချန်လွေ့၏ လှုပ်ရှားမှုများ တန့်သွားခဲ့သည်။ ကြယ်အမှတ်များ ရပ်တန့်သွားကြပြီး သူက နောက်ဆုံးတွင် ၎င်းတို့ကို မထိန်းနိုင်တော့ပေ။

ဘုန်း!

တိုင်းပြည်တစ်ခုလုံး ပြိုလဲသွား၏။

ချန်လွေ့၏ ပုံရိပ်က အောက်ဘက်ရှိ ကမ်းခြေပေါ်တွင် ပေါ်လာခဲ့ပြီး မောဟိုက်နေခဲ့သည်။

“ကြည့်ရတာ စကြဝဠာရဲ့ ကြယ်စွမ်းအားကို စုစည်းပြီးတော့ တိုက်ခိုက်ရတာက အတော်လေး ခက်တာပဲ။”

ချန်လွေ့က နဖူးမှ ချွေးကို သုတ်လိုက်သည်။

“ပြီးတော့ ဇစ်မြစ် ဥပဒေသ ၂ ခုကို နားလည်တာကလည်း အတော်လေး အကျိုးရှိတယ်။ လက်ရှိ [ဓူဝံကြယ် ခရမ်းအသွင်ပြောင်းခြင်း]က နတ်ဘုရား-ယောင် အလယ်ပိုင်းနဲ့ ညီမျှလောက်တယ်။”

အထူးအဆင့်နဲ့အထက် ပုဂ္ဂိုလ်က ထိပ်သီးအဆင့်ကို ရောက်လေလေ၊ အဆင့်ငယ်တွေကြား ခြားနားမှုက ပိုပြီးတော့ ကြီးမားလေလေပဲ။

[ဓူဝံကြယ်အသွင်ပြောင်းခြင်း]ရဲ့ တိုက်ခိုက်ရေးစွမ်းအားက နတ်ဘုရား-ယောင် အလယ်ပိုင်းကို ရောက်နေပေမဲ့ အဲဒီပုဂ္ဂိုလ်နဲ့ အတော်လေး ဝေးနေသေးတယ်။

အဲဒါကြောင့် ငါ အေးဆေးနေလို့ မရဘူး။

All Chapters