နိုးထခြင်းနှင့် သတ်မှတ်ချက်များ
Vol. 66 Ch. 1063
ချန်လွေ့က ထိုကဲ့သို့ “ဘဝကို တိတ်တိတ်လေး နားလည်ခြင်းမျိုး” ဆက်မလုပ်တော့ပေ။
အကြောင်းမှာ ယခင်က သူ နားလည်ထားခဲ့သော လျို့ဝှက် ဆန်းကြယ်မှုများကို လုံးဝ ချေဖျက် ပြီးသွားပြီ ဖြစ်၍ပင်။ ဆက်လုပ် လျှင်လည်း အကျိုးမထူးနိုင်တော့။
တစ်လအတွင်း [ဓူဝံကြယ်အသွင်ပြောင်းခြင်း]၏ နတ်ဘုရား-ယောင် ကနဦးပိုင်း တိုက်ခိုက်ရေးစွမ်းအားက အလတ်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအရာက အတော်လေး မယုံနိုင်စရာ ကောင်းလှသည်။
သာမန် နတ်ဘုရား-ယောင် အဆင့်များကပင် ထိုသို့ ပြုလုပ်နိုင်ရန် နှစ်ပေါင်း ရာနှစ်ချီ၊ ထောင်နှစ်ချီ ကြာနိုင်သည်။ ပို၍ပင် ရှားပါးသည်မှာ ထိုလက တကယ့် အစစ်အမှန် တစ်လ ဖြစ်သည်။
အချိန်ဥပဒေသသဖြင့် အဆပေါင်း ထောင်ချီ ပြုလုပ်ခြင်းမျိုး မဟုတ်ပေ။ သာမန်အခြေအနေတွင် ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလှသည်။ ဝမ်းနည်းစရာမှာ လေ့ကျင့်ရေးက သင်္ချာဂဏန်း မဟုတ်ပေ။
တစ်လအတွင်း နတ်ဘုရား-ယောင်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိသွားခြင်းက နှစ်လအတွင်း နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိလိမ့်မည်ဟု မဆိုလိုပေ။ ထိုကဲ့သို့ အောင်မြင်မှုမျိုး ရရှိခြင်းမှာ ချန်လွေ့ ယခင်က လေ့ကျင့်မှုနှင့် “နတ်ဘုရားအပ်နှင်း" ယုံကြည်မှုစွမ်းအားတို့ကို ချေဖျက်ခြင်းနှင့် နားလည်ခြင်းတို့၏ ရလဒ်များကြောင့် ဖြစ်သည်။
နောက်တစ်ခေါက် ထိုကဲ့သို့ မယုံနိုင်စရာ ရလဒ်မျိုး ဖြစ်လာနိုင်ရန် မဖြစ်နိုင်ပေ။ အစပိုင်း ချန်လွေ့က နက္ခတ်တာရာစွမ်းအားကို အသုံးပြုပြီး တိုက်ခိုက်မှုကြီး တစ်ခု ပြုလုပ်ချင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် ကျရှုံးသွားခဲ့ရသည်။
ကြယ်မြို့၏ အထူးဆင့်ကဲ ပြောင်းလဲခြင်း ရလဒ်က ယခုလတွင် ထွက်လာမည် ဖြစ်သည်။ အထူး ဆင့်ကဲ ပြောင်းလဲခြင်းက ပုံမှန် မဟုတ်ပေ။ ပြောရမည် ဆိုလျှင် ပျိုးထောင်ကန်ထဲရှိ အဂ္ဂိရတ် သက်ရှိများ ပို၍ကြာကြာလေလေ စွမ်းအင်များ ပို၍ စုမိလေလေ ဖြစ်ပြီး အောင်မြင်သွားပြီးနောက် စွမ်းအားများ ပိုကြီးမားလာလေ ဖြစ်သည်။ အထူးစွမ်းရည်အချို့လည်း ရရှိနိုင်သော အခွင့်အရေးတစ်ခု ရှိသည်။ သို့သော်လည်း စွမ်းအင်များ ပိုမိုစုဆောင်းသည်နှင့် ကျရှုံးနိုင်ခြေလည်း ပိုများပေသည်။
လက်ရွေးစင်တိုင်တန် ၁၂ကောင်၏ အထူးဆင့်ကဲပြောင်းလဲခြင်းတွင် ၇ကောင်က အောင်မြင်ပြီး ၅ကောင် ကျရှုံးသွားခဲ့သည်။ သာမန် အဂ္ဂိရတ် သက်ရှိများက ဆင့်ကဲပြောင်းလဲရန် ကျရှုံးသည်နှင့် လုံးဝ ပျက်စီးသွားမည် ဖြစ်သည်။ ဥပမာ - မီးအိမ်ဝိညာဉ်၏ နှလုံးသားဝိညာဉ်က ကျရှုံးသွားလျှင် ချက်ချင်း ကွဲကြေပြီး ပျောက်ကွယ် သွားမည် ဖြစ်သည်။
ထိုအရာမှာ သလင်းကျောက်သားရဲများပင် ခြွင်းချက်မဟုတ်ပေ။ တိုက်တန်များ ကတော့ မတူညီပေ။ သူတို့က မသေသွားကြသော်လည်း စွမ်းအားတစ်ဆင့် လျော့ကျသွားမည် ဖြစ်သည်။ ထို့ကြောင့် တိုက်တန် ၅ကောင်က နတ်ဆိုးဧကရာဇ် အဆင့်သို့ ပြန်ရောက်သွားခဲ့သည်။ အောင်မြင်သွားသော တိုင်တန် ၇ကောင်အနက် အိုးရှင်းနက်စ်နှင့် ခရိုနိုတို့က အကြာဆုံး ဆင့်ကဲ ပြောင်းလဲချိန် ရှိခဲ့ပြီး တိုင်းပြည် အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
အခြားတိုင်တန်များထဲတွင် တိုင်းပြည်အဆင့် အလယ်ပိုင်းနှင့် တိုင်းပြည်အဆင့် အလယ်ပိုင်း ၂ကောင်နှင့် တိုင်းပြည်အဆင့် ကနဦးပိုင်း ၂ကောင်ရှိသည်။ အိုးရှင်းနက်စ်၊ ခရိုနိုနှင့် တိုင်းပြည် အဆင့် အလတ်ပိုင်းရှိ နမ်မိုရှင်တို့က အထူးစွမ်းရည်များ ရရှိခဲ့ကြသည်။ အိုးရှင်းနက်စ်က “ကပ်ပါးမွေးဖွားခြင်း” နှင့် “အသစ်ပြန်ဖြစ်ခြင်း” ရရှိခဲ့သည်။
သူက သာမန်စွမ်းအင်ဖြစ်တည်မှုများကို ဝါးမျိုနိုင်ပြီး ထိခိုက်ခံရပါက အလိုလို ပြန်ကောင်းနိုင်သည်။ တိုင်တန်များအတွက် ထိုအရာက အတော်လေး အသုံးဝင်သော စွမ်းအင်ဖြစ်သည်။
ခရိုနိုက နေရာလွတ်ခုခံမှု ရရှိခဲ့သည်။ ထိုအရာက သူနှင့် သူ့၏အဖော်များကို ကာကွယ်ရန်အတွက် နေရာလွတ်အတားအဆီးတစ်ခုကို ဖန်တီးနိုင်သည်။
နမ်မိုရှင်၏ စွမ်းရည်က “ကူးယူခြင်း” ဖြစ်သည်။ ထိုအရာက ကြေးမုံပုံရိပ်များကို ကူးယူကာ တိုက်ခိုက်နိုင်သည်။
တိုက်ခိုက်စွမ်းအားက သူ၏ တစ်ဝက်သာရှိပြီး အချိန် အကန့်အသတ်က ၁၀မိနစ် ဖြစ်သည်။ အားနည်းချက်တစ်ခုက ခုခံမှုစွမ်းအား အလွန်နည်းပါးပြီး တိုက်ခိုက်မှုအချို့ ခံရသည်နှင့် ကြေးမုံ ပုံရိပ်က ပျောက်ကွယ်သွားမည် ဖြစ်သည်။
အိုးရှင်းနက်စ်၏ တိုက်တွန်းမှုကြောင့် ကျရှုံးသွားသော တိုင်တန် ၄ ကောင်က နာမည်များ ဆုံးရှုံးသွားခဲ့ပြီး နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်း တိုင်တန်များ အားလုံးကို အထူး ဆင့်ကဲ ပြောင်းလဲခြင်းတွင် ဝင်ပါစေခဲ့သည်။ နောက်ဆုံးတွင် စွမ်းအားအထက်ဆုံး ပြန်လည် ရွေးချယ် ထားသော တိုင်တန် ၁၂ကောင်ကို သခင် ဖြစ်သူက အမည်ပြန်ပေးမည် ဖြစ်၏။
ချန်လွေ့က ထိုတောင်းဆိုချက်ကို လက်ခံခဲ့သည်။ ယခုတစ်ခေါက် သူက စည်းမျဉ်းစွမ်းအင် အတော်များများကို ယူဆောင်လာခဲ့ပြီး ကြယ်မြို့တစ်ခုလုံးရှိ အဂ္ဂိရတ်သက်ရှိများကို အရည်အသွေးအရ တိုးတက်
ပြောင်းလဲစေရန် လုံလောက်ခဲ့သည်။
သလင်းကျောက်ဇာမဏီက လက်ကျန်အချက်အလက်အချို့နှင့် အဂ္ဂိရတ်ကုန်ကြမ်းအချို့ကို အသုံးပြုကာ ဒုတိယမြောက် အထူးဆင့်ကဲပြောင်းလဲခြင်းကို လေ့လာနေခဲ့သည်။ ထိုအရာက အဂ္ဂိရတ်သက်ရှိများကို ထပ်မံဆင့်ကဲပြောင်းလဲစေနိုင်မည် ဖြစ်သည်။
ထိုဆင့်ကဲပြောင်းလဲခြင်းက အမြင့်ဆုံးသော အဆင့်(၆) မြို့တော်အတွက်သာ ဖြစ်သည်။ ထိုအရာက စမ်းသပ်ချက်နှင့် သိပ္ပံနည်းကျ ကနဦးအဆင့်သာ ရှိသေးသည်။ နှမြောစရာမှာ ကြက်သွေးနီရောင် မီးအိမ်ဝိညာဉ် မန်လေ့စ်ပင် ဖြစ်သည်။
၎င်းက ချန်လွေ့၏ အလားအလာ အရှိဆုံး အထူးအဆင့်ဖြစ်ပြီး သူက ဆင့်ကဲ မပြောင်းလဲနိုင်ပေ။ မီးအိမ် ဝိညာဉ်များ၏ သာမန်စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့်သာ ဖြစ်သည်။ အထူးဆင့်ကဲပြောင်းလဲ ပြီးနောက် နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိနိုင်ပြီး မီးအိမ်ဝိညာဉ် ကလည်း ရွှေနက်ရောင် ဖြစ်သွားမည် ဖြစ်သည်။
S++အဆင့်ရှိသော ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က အထူးအဆင့်သို့ အဆင့်တက်ရန် အလားအလာအရှိဆုံး ဖြစ်သော်လည်း ကံဆိုးစွာပင် မည်မျှ ကြိုးစားစေကာမူ မအောင်မြင်ခဲ့ပေ။ သို့သော်လည်း သူ၏ မီးအိမ် နှလုံးသားက အလွန်အမင်း ထူးခြားလှပြီး ကျရှုံးမှုကြောင့် မပျောက်ကွယ်သွားခဲ့ပေ။
သူ့ကို ဒိုရူဒါ ပထမဆုံး လုပ်ခဲ့စဉ်က မည်သည့်နည်းလမ်းများ၊ မည်သည့်ကုန်ကြမ်းများ ပြုလုပ်ခဲ့ကြောင်း မည်သူမှ မသိကြ။ သလင်းကျောက်ဇာမဏီက ကြက်သွေးရောင် မီးအိမ်နှလုံးသားအတွက် ဖော်မြူလာကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုလုပ်ရသေးပေ။
မီးအိမ်ဝိညာဉ်များ၏ နတ်ဆိုးအရှင်သခင်အဆင့်သို့ ဆင့်ကဲပြောင်းလဲလာသော မီးအိမ်ဝိညာဉ်များ၏ တိုက်ခိုက်ရေးစွမ်းအားက မန်လိစ်ထက် များစွာ နိမ့်ကျ၏။
ထိုအချိန်တွင် ချန်လွေ့က စိတ်ထဲ၌ အာရုံတစ်ခု ရခဲ့သည်။ ထို့ကြောင့် သူက ချက်ချင်းပင် စူပါစနစ်ထဲသို့ ဝင်လိုက်သည်။ ကြယ်စင်စု နေရာလွတ်ထဲ၌ တောက်ပမှုတစ်ခု တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။
ထိုအလင်းစက်က တိမ်တိုက် တစ်ခုကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ပထမဆုံးအမြင်မှာ သန့်စင်မှုပင် ဖြစ်သည်။ ပါးလွှာပုံရသော တိမ်တိုက်ထဲ၌ သန့်စင်ပြီး စွမ်းအား ကြီးမားသော စွမ်းအင်များ စုစည်းလာကြသည်။ ခဏကြာသော် အလယ်တွင် လုံးဝန်းသော အရာတစ်ခုက သလင်းကျောက် အလင်းရောင်များ တောက်ပလာပြီး စွမ်းအင် အစုအဝေး တစ်ခုလုံးက အလျင်အမြန် စုစည်းလာကာ ပို၍ သေးငယ်လာခဲ့သည်။
မိန်းမ တစ်ယောက်၏ ပုံစံမျိုး ပေါ်လာသည်။ ထိုအမျိုးသမီး၏ ခန္ဓာကိုယ်က အလျင်အမြန်ပင် ဖောက်ထွင်းမြင်နေရခြင်းမှ အကောင်အထည် ပေါ်လာခဲ့သည်။ သူ၏ မျက်နှာသွင်ပြင်က အနည်းငယ် ဝေဝါး နေသော်လည်း နူးညံ့နေ၏။ သူက သွယ်လျပြီး အချိုးအစား ညီမျှသည်။ သူ၏ ပြီးပြည့်စုံလုနီးပါး ခန္ဓာကိုယ်ကို ငွေချပ်ကာဖြင့် ဖုံးလွှမ်းထား၏။
သူရဲကောင်းဆန်ဆန် အရှိန်အဝါ ထဲတွင် သူက သတ်ဖြတ်ခြင်းစိတ် ပြင်းပြသော စိတ်ဝိညာဉ် တစ်ခုကို ဖော်ပြနေခဲ့သည်။
ထိုအမျိုးသမီး၏ ပိတ်ထားသော မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာပြီး ရွှေရောင် မျက်ဆံက အေးစက်သော လက်ရှိများ ထုတ်လွှတ်လိုက်ဟန်တူသည်။ သူ၏ မျက်ဆံက ချန်လွေ့၏ ဝိညာဉ်ကို ဖောက်မြင်နိုင်ဟန် ထင်နေရသည်။
အပြင် လောက၌သာ ဆိုလျှင် ထိုအကြည့် ယူဆောင်လာသော ဖိအားက [ဓူဝံကြယ်အသွင်ပြောင်း] ရှိသော ချန်လွေ့ကို ကြောက်လန့်စေ ပေလိမ့်မည်။ သို့သော် ထိုနေရာက စူပါစနစ် ဖြစ်သည်။ ထိုအမျိုးသမီးက မည်မျှ ပြင်းထန်သော စွမ်းအားများ ထုတ်စေကာမူ ထိုကဲ့သို့ ကျယ်ပြောလှသော စကြာဝဠာထဲတွင် ပင်လယ်ထဲ၌ ရေတစ်စက်ကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။
ချန်လွေ့က [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို အသက်မသွင်းခဲ့ပေ။ သူက ကြောက်လန့်မနေဘဲ ထိုအမျိုးသမီးကို တိတ်တိတ်လေး ကြည့်နေလိုက်သည်။
“ခင်ဗျား နောက်ဆုံး နိုးလာပြီပဲ။ ဖိုက်သွန်။”
သူ၏ အရှေ့မှ အမျိုးသမီးက အချိန် အတော်ကြာ အိပ်ပျော်နေခဲ့သော ဖိုင်သွန် ဖြစ်သည်။ ချန်လွေ့က သိဒ္ဓိအလင်းတောင်၌ ရှိနေစဉ် ဖိုင်သွန်က ထိုဝိညာဉ်ပေါင်းစည်းခြင်း နည်းလမ်းကို အသုံးပြုပြီး ဖန်တီးခြင်း ဇစ်မြစ် ဥပဒေသကို နားလည်အောင် ကူညီပေးခဲ့သည်။
ထို့နောက် သူက အစွယ်များကို ပြသပြီး ချန်လွေ့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဝါးမျိုကာ ပြီးပြည့်စုံသော ဖန်တီးခြင်း ဇစ်မြစ် ဥပဒေသကို ရယူချင်ခဲ့သည်။
ကံဆိုးစွာပင် ဖိုင်သွန်၏ သေသေချာချာ တွက်ချက်မှုများ ရှိနေခဲ့သော်လည်း ချန်လွေ့က သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ တမင်တကာပင် ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားကို နားလည်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
အကျိုးအမြတ်များ မရရှိခဲ့ဘဲ သူက သဘာဝသစ်ပင်နှင့် မီးနဲ့လေ ချိပ်ပိတ်တို့ကြောင့် ချုပ်နှောင် ခံခဲ့ရသည်။
ဖန်တီးခြင်း ဇစ်မြစ် စွမ်းအားနှင့် ပျက်စီးခြင်း ဇစ်မြစ် ဥပဒေသကို နားလည်ပြီးနောက် စူပါစနစ်၏ စွမ်းအားက အရည်အသွေးအရ ပြောင်းလဲမှုများ ဖြစ်လာခဲ့သည်။ ဖိုင်သွန် မည်မျှပင် စွမ်းအား ကြီးမားစေကာမူ စူပါစနစ်ထဲရှိ အဆုံးမဲ့ ကြယ်စင်စုကို လှုပ်ခါ စေနိုင်မည် မဟုတ်ချေ။
သူက နည်းလမ်း အမျိုးမျိုး သုံးခဲ့သော်လည်း ကျရှုံးခဲ့လေသည်။ သို့သော် [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း]ကို သုံးထားသော ချန်လွေ့က လေးနက်သော အရှိန်အဝါများကို နားလည်သွားခဲ့သည်။
ဝိညာဉ်အားကုန်နေသော ဖိုက်သွန်က ကြံရာမရတော့ဘဲ နတ်ဘုရား-ယောင်ဘဝကို ဖောက်ခွင်းရန် ပြင်ဆင်ထားခဲ့သည်။ ထိုစဉ် ချန်လွေ့က ခီလီနီယာ၏ စိတ်ပုံရိပ် ချိပ်ပိတ်ထားသော စွမ်းအားကို အပေးအယူ လုပ်ခဲ့လေသည်။
၎င်းက အသူရာချောက်နက်၏ အုပ်စိုးသူ ၃ဦးထဲမှ တစ်ဦး ဖြစ်သည်။ အဆုံး၌ ဖိုက်သွန်က အသက်ရှင်ရန် ရွေးချယ်ခဲ့ပြီး ချန်လွေ့နှင့် လက်အောက်ခံ-သခင်စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ခီလီနီယာ၏ စွမ်းအားကို ဝါးမျို ပြီးနောက် ဖိုင်သွန်က စူပါစနစ်ထဲ၌ အိပ်ပျော်သွားခဲ့သည်။ ယခုမှသာ သူ နိုးထလာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ နိုးထခြင်းက အတော်လေး အချိန် ကိုက်လှသည်ဟု ပြောနိုင်ပေသည်။ အကြောင်းမှာ ချန်လွေ့က စေတန် ကဲ့သို့ အင်အားကြီး ရန်သူကို နှစ်လ အတွင်း ရင်ဆိုင်ရမည် ဖြစ်၍ပင်။
ဖိုင်သွန်က စေတန်၏ ရန်သူဟောင်း ဖြစ်ပြီး နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းဖြစ်သည်။ သူက ဝိညာဉ် အခြေအနေ၌သာ ဖြစ်သော်လည်း သူ၏ စွမ်းအားကို ငြင်းပယ်၍ မရပေ။ ဖိုင်သွန်၏ အကူအညီနှင့် ဆိုလျှင် သူ အနိုင်ရရှိ နိုင်ခြေက ကြီးကြီးမားမား တိုးတက် သွားပေလိမ့်မည်။
ဖိုင်သွန်က ချန်လွေ့ကို လျစ်လှူရှု နေသကဲ့သို့ပင် အကြည့်လွှဲလိုက်၏။ သူက စကား မပြောသော်လည်း ခန္ဓာကိုယ်မှ အလင်းရောင် ဖျော့ဖျော့ တောက်ပလာပြီး ထူးဆန်းသော ဝိညာဉ်စွမ်းအားများ ထုတ်နေခဲ့သည်။ ဖိုင်သွန်၏ ခန္ဓာကိုယ်မှ အလင်းရောင် အကြိမ်များစွာ ပြောင်းလဲပြီးနောက် သူက ပို၍ပင် မျက်မှောင်ကြုတ် လိုက်သည်။
အချိန်အတော် ကြာပြီးနောက် ဖိုင်သွန်၏ မျက်လုံးက ချန်လွေ့၏ မျက်နှာပေါ် ရောက်ရှိလာပြန်သည်။
“ငါ ရှုံးတယ်။”
ချန်လွေ့က ထိုမျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲ၌ ချန်လွေ့က ကိစ္စ အများအပြားကို မြင်ခဲ့ရသည်။ အကြံဉာဏ် အများဆုံး သူက အမောက်မာဆုံး ဖြစ်သည်။
“ခင်ဗျားက မရှုံးဘူးလို့ တကယ် တွေးနေတာလား။”
“ငါ့ရဲ့ ဝိညာဉ်မှာ အထူးစွမ်းအား တစ်ခု ရှိတယ်။ အထူးသဖြင့် စာချုပ်တွေ အတွက်ပေါ့။ ဒါပေမဲ့ ခုနက ငါ သုံးလေးခေါက်လောက် စမ်းကြည့်ခဲ့တယ်။ ဒါပေမဲ့ မဖယ်ရှား နိုင်ခဲ့ဘူး။ ငါ မှတ်မိတာ မမှားဘူး ဆိုရင် အစပိုင်းမှာ မင်းပြခဲ့တဲ့ အရှိန်အဝါက ထူးခြားတယ်။ ဒါပေမဲ့ အဲဒါက နတ်ဘုရား-ယောင် အဆင့် ကနဦးပိုင်းပဲ ရှိသေးတယ်။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့ ဝိညာဉ်က ၇၀% လောက် ပြန်ကောင်းသွားပြီ။ ဒါက သာမန် နတ်ဘုရား-ယောင်အဆင့် ထိပ်သီးပိုင်းထက်ကို အများကြီး သာလွန်တယ်။ ဒါပေမဲ့ ငါက မင်းရဲ့ စာချုပ်စွမ်းအားကနေ မရုန်းထွက်နိုင် သေးဘူး။ အဲဒါကြောင့် ငါ ရှုံးတယ်။ လက်ခံရတာ ခက်ပေမဲ့ ရှုံးတာက ရှုံးတာပဲ။”
“ခင်ဗျားက အရှုံးကို လက်ခံနိုင်တဲ့ သူဆိုတာ ကျုပ်သိပါပြီ။” ချန်လွေ့က ခေါင်းညိတ်လိုက်သည်။
“ကျုပ် ရှည်ရှည်ဝေးဝေး မပြောနေ တော့ဘူး။ ခင်ဗျား နိုးလာတာ ကွက်တိပဲ။ ခင်ဗျားရဲ့ အကူအညီ ကျုပ် လိုတယ်။”
“မင်းရဲ့ ဉာဏ်ပညာနဲ့ ဆိုရင် ဒါက နည်းဗျူဟာ အခက်အခဲတော့ မဟုတ် နိုင်လောက်ဘူး။ ဒါက သေချာပေါက် အင်အားကြီးတဲ့ရန်သူပဲ။” ဖိုက်သွန်က အမှန်တကယ်ပင် ထူးချွန်လှသည်။ သူက ချန်လွေ့၏ ရည်ရွယ်ချက်ကို စကားတစ်ခွန်းဖြင့် မြင်နိုင်ခဲ့သည်။ ”
“ငါ ခန့်မှန်းတာ မှန်တယ်မလား။”
“ ဟုတ်တယ်။ ကျုပ်မှာ ရန်သူ တစ်ယောက် ရှိတယ်။ နှစ်လအတွင်း ကျုပ် သူနဲ့ တိုက်ခိုက်ရမယ်။ အဲဒါကြောင့် ခင်ဗျားရဲ့ စွမ်းအားကို ကျုပ်လိုအပ်တယ်။ ”
“ရန်သူ ဟုတ်လား။”
“သူက ခင်ဗျားရဲ့ မိတ်ဆွေဟောင်း ဖြစ်လိမ့်မယ်။”
ချန်လွေ့က ပင့်သက်ရှိုက်လိုက်၏။
“စေတန်ပဲ။”
“စေတန်။ မင်းရဲ့ ရန်သူက တကယ်ကြီး သူ ဖြစ်နေတာပဲ။”
ဖိုက်သွန်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ရုတ်တရက် သူက တစ်ခုခုကို တွေးမိသွားခဲ့ပြီး ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
“ငါ မှတ်မိသလောက်ဆိုရင် မင်းက အလင်းတံဆိပ်၊ မြေတံဆိပ်နဲ့ မီးတံဆိပ် ပြခဲ့တယ်။ ဒါဆိုရင် မင်းက ..... မင်း ဘာလို့ စေတန်ကို တိုက်ခိုက်နေရတာလဲ ဆိုတာကို ငါ နားလည်ပြီ ထင်တယ်။ ဒီတိုက်ပွဲက အနှေးနဲ့အမြန် ဖြစ်ပေမဲ့ မင်းအတွက် စောလွန်းသေးတယ်။ မင်း သူ့ကို မတိုက်ခိုက်သင့်သေးဘူး။”
ထိုမှတ်ချက်များက မမျှော်လင့်ထားသော အချက်အလက်များကို ဖော်ပြနေခဲ့သည်။ ဖိုက်သွန် ပြောသော မီးတံဆိပ်နှင့် မြေတံဆိပ် တို့က ချန်လွေ့ တမင်တကာ ထုတ်ပြခဲ့သော အမျက်ဘုရင် ချပ်ကာနှင့် ကြယ်ကြွေတမန်ဓားတို့ ဖြစ်လေသည်။
ထိုအရာက အလင်းနတ်ဘုရားကျောင်း၌ တိုက်ခိုက်နေစဉ် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ချန်လွေ့ တမင်တကာ ထုတ်ခဲ့ခြင်း ဖြစ်သည်။
ဒါက ဘာကို ပြောတာလဲ။ ငါက ဘာလို့ စေတန်ကို အနှေးနဲ့အမြန် တိုက်ခိုက်ရမှာလဲ။”
ချန်လွေ့က သံသယများ ပြည့်နှက် နေသော်လည်း စေတန်ကို ရင်ဆိုင် ရမည်က အရေးအကြီးဆုံး ကိစ္စတစ်ခု ဖြစ်သည်။
“ဒါဆိုရင် ဖိုက်သွန်....”
“ဟားဟားဟား...” ဖိုက်သွန်က ရုတ်တရက် ရယ်လိုက်၏။ ရယ်သံက အစပိုင်း ဆွဲဆောင်မှု ရှိသော်လည်း ချန်လွေ့ မျက်မှောင်ကြုတ် လိုက်လေသည်။ အကြောင်းမှာ ထိုရယ်သံတွင် ပါနေသော လှောင်ပြောင်မှုကြောင့်ပင်။ ချန်လွေ့က ထိုရယ်သံကို ကြယ်ကြွေတမန် အင်ပါယာ၌ စေတန်ထံမှ ကြားခဲ့ဖူးသည်။ နောက်ဆုံးတွင် ဖိုက်သွန်၏ ရယ်သံက ရပ်တန့်သွားခဲ့သည်။
“ငါ ခုနက စကားပြောတာ မပြီး သေးဘူး။”
“ပြောပါ။”
“ငါက ရှုံးနိမ့်သွားပေမဲ့ မင်းက မနိုင်သေးဘူး။”
“ဘာလို့လဲ။”
ချန်လွေ့က မျက်ခုံးပင့်လိုက်သည်။ “ဒါက မင်းရဲ့ တိုင်းပြည်ပဲ။ ခုနက ငါ စမ်းကြည့်ပြီးပြီ။ ဒါက အတော်လေး ထူးခြားတယ်။ ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ မထွက်ပြေးနိုင်ဘူး။”
ဖိုက်သွန်က အသေအချာ ပြောလိုက်သည်။
“အခုတော့ ငါက လျှို့ဝှက် ပညာရပ်ကို အသက်သွင်းပြီးသွားပြီ။ ငါ့ ဝိညာဉ်က ပိတ်သွားပြီ။ မင်းရဲ့ အမိန့်ကို နာခံမှာ မဟုတ်ဘူး။ ပြီးတော့လည်း ဒီလျှို့ဝှက်ပညာရပ်မှာ လုပ်ဆောင်ချက် တစ်ခု ရှိတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီး တာပဲ။ ဒီလို ဖျက်ဆီးတာက မင်းရဲ့ တိုင်းပြည်ကို ပျက်စီးစေမှာ မဟုတ် လောက်ဘူး။ ဒါပေမဲ့ မင်းက ငါ့ ဆီကနေ စွမ်းအားတွေ အကျိုး အမြတ်တွေ ဘာကိုမှ ရမှာ မဟုတ်ဘူး။”
“ခင်ဗျားက သေမှာမကြောက်ရင် ဘာလို့ စာချုပ်ကို လက်ခံခဲ့ တာလဲ။” ချန်လွေ့က ခေါင်းခါပြလိုက်သည်။
“အဲဒါက နောက်ဆုံး ကြိုးစား တာပဲ။ ပြန်တိုက်ခိုက်ဖို့ အတွက် စွမ်းအားစုဖို့ ကြိုးစားတာ။ ဒါပေမဲ့ ဒီအပိုင်းမှာ ငါ ရှုံးနိမ့်သွားတာကို ဝန်ခံပါတယ်။”
“ခင်ဗျား တကယ် ဆုံးဖြတ် ပြီးပြီလား။ တကယ် အညံ့ခံဖို့ထက် သေဖို့ပဲ ရွေးချယ်မှာလား။”
“မိန်းမတွေရဲ့ ရူးမိုက်မှုကို လျှော့မတွက်နဲ့။”
ဖိုက်သွန်က ပြုံးလိုက်ပြန်သည်။ “အဲဒီတုန်းက ယူရီရယ်လို့ ခေါ်တဲ့ တစ်ယောက်ရှိတယ်။ သူက ဒါကို လျှော့တွက်မိတဲ့အတွက် ငါ သူ့ကို သတ်လိုက်တော့ ငါ့လက်ထဲမှာ သူ သေရတာကို မယုံနိုင်ခဲ့ဘူး။”
ချန်လွေ့က ရှေ့ဟောင်း လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ ဘာမှမသိပေ။ သူက ယူရီရယ် ဟူသော နာမည်ကို ဖိုက်သွန်နှင့် မိုက်ကယ်တို့အကြား ပြောနေစဉ်က ရေးရေးလေး ကြားခဲ့ရကြောင်း မှတ်မိခဲ့သည်။ သို့သော်လည်း ဆိုလိုရင်းကို သူ မသိပေ။ ဝါရင့် နတ်ဘုရား-ယောင် တစ်ယောက်က ထိုနေရာ၌ ရှိမည်ဆိုလျှင် ထိုစဉ်က မိုက်ကယ်နှင့် အခြားသူများကဲ့သို့ နာမည်ကျော်ခဲ့သော ထိုနာမည်ကို ကြားလျှင် ထိတ်လန့်သွားလိမ့်မည်။
ဖိုက်သွန်၏ ပြတ်သားမှုက အတုအယောင် မဟုတ်ကြောင်း ချန်လွေ့က မြင်နိုင်သည်။ သူ၏ နှလုံးသား မွန်းကြပ်သွားခဲ့သည်။
ငါ စောင့်နေခဲ့တဲ့ အကူအညီက အလကား ဖြစ်သွားပြီ။”
ထိုအချိန် ဖိုက်သွန်၏ မျက်လုံးက တောက်ပသွားခဲ့သည်။
“ဒါပေမဲ့ မင်း ကိစ္စနှစ်ခုကို လုပ်နိုင်မယ်ဆိုရင် ငါက မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စ နှစ်ခုကို မအောင်မြင်ခင် မင်း ငါ့ကို ထိခိုက်အောင် မလုပ်ဘူးလို့ ကတိ ပေးရမယ်။”