ရတနာရှာအဖွဲ့၏ မမျှော်လင့်ထားသော ကပ်ဘေး
Vol. 66 Ch. 1064
ဖိုက်သွန်၏ အမူအရာ ပြောင်းလဲ သွားခြင်းက အပြောင်းအလဲ တစ်ခုဟု ခေါ်ဆိုရပေမည်။ ခုနက စိတ်ပြောင်း သွားပြီးနောက် ချန်လွေ့က စိတ်ကို တည်ငြိမ်အောင်ထားပြီး မေးလိုက်သည်။
“ဘယ်နှစ်ခုလဲ။”
“ပထမဆုံးအနေနဲ့ အဆောင် ပစ္စည်း (၇)ခုကို စုစည်းရမယ်။ “
“အဲဒါက ဘာများထူးခြားလို့လဲ။ “
“မင်း အဲဒီ အဆောင်ပစ္စည်း (၇)ခုလုံး စုစည်းပြီးတဲ့ အချိန်အထိ စောင့်လိုက်ဦး။ “
ဖိုက်သွန်က စကားပြောမပြီးခင်ပင် ချန်လွေ့ ပတ်ပတ်လည်မှ အဆောင် ပစ္စည်း(၇)ခုကို မြင်လိုက်ရသည့် အခါ ရုတ်တရက် မျက်လုံး ပြူးသွား၏။ “လေတံဆိပ်၊ မီးတံဆိပ်၊ အမှောင်ထု တံဆိပ်။” အမြဲပင် တည်ငြိမ်နေသော ဖိုက်သွန်က ထိတ်လန့်သွားမိသည်။
“မင်းက အဆောင်ပစ္စည်း (၇)ခုရဲ့ အသိအမှတ် ပြုတာကို ခံခဲ့ရပြီးပဲ။”
“အသိအမှတ် ပြုတာထက် အညံ့ခံတာလို့ ပြောရမယ်။” ချန်လွေ့ ပြောသည်မှာ မှန်ပေသည်။ သူက အဆောင်ပစ္စည်းများ၏ အသိအမှတ် ပြုခြင်းကို မရရှိခဲ့ဘဲ [အထူးစိစစ်မှု] ဖြင့် အဆောင်ပစ္စည်း (၇)ခုကို “ချန်” ဟူသော အမှတ်အသား ပေါင်းခဲ့ခြင်း ဖြစ်သည်။ ထိုအရာက အမှန်ပင် အညံ့ခံခြင်းနှင့် ညီမျှပေသည်။
“အညံ့ခံတယ် ဟုတ်လား။”
ဖိုက်သွန်၏ ထိတ်လန့်နေသော အကြည့်ထဲတွင် ရှင်းပြ၍မရသော အဓိပ္ပာယ်တစ်ခု ရှိနေခဲ့သည်။
“မင်းက ဘယ်သူလဲ။”
“ချန်လွေ့၊ ချန်လွေ့ရဲ့ ချန်၊ ချန်လွေ့ရဲ့ လွေ့။” ချန်လွေ့က လက်ဖြန့်လိုက်သည်။ “ဒါပေမဲ့ အခု ထင်ယောင်မှား နတ်ဆိုးဒိုင်း၊ အရိပ်နက်ဝတ်ရုံနှင့် အရိပ်လေပြေ ဘွတ်ဖိနပ်က လုံးဝ မပေါင်းစည်း သေးဘူး။ ဒီအဆောင်ပစ္စည်း (၇)ခု အပြည့်အဝ ပေါင်းစည်း သွားရင် ဘာဖြစ်မလဲဆိုတာ ပြောပြနိုင်မလား။”
ဖိုက်သွန်က ခဏတာ တိတ်ဆိတ် သွားခဲ့သည်။ “ငါလည်း သေချာ မသိဘူး။ ဘာမှမဖြစ်ရင် မဖြစ်ဘူး။ ဒါကြောင့် အရာအားလုံး အဆုံးသတ် သွားရင်လည်း အဆုံးသတ်သွား နိုင်တယ်။ ပြီးတော့ ဒါက အစလည်း ဖြစ်နိုင်တယ်။ “
“ဒီလို အဖြေမျိုးကို ကျုပ် တစ်ယောက်ယောက် ပြောတာ ကြားဖူးသလိုပဲ။ ဒါပေမဲ့ ဒါက တကယ် ဘာမှ အဓိပ္ပာယ်မရှိဘူး။” ချန်လွေ့က ထိုအကြောင်းကို ဖိုက်သွန် ဆက်မပြောပြချင်မှန်း မြင်သည့် အတွက် သူ၏ လေသံ ပြောင်းသွားခဲ့သည်။
“ဒီတော့ ခင်ဗျားရဲ့ ပထမဆုံး သတ်မှတ်ချက်က ပြည့်စုံသွားပြီ။ “
“အင်း။ “
ဖိုက်သွန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “ဒုတိယ သတ်မှတ်ချက်က ဒီတစ်ခေါက် ငါ့ရဲ့ စွမ်းအား မသုံးဘဲနဲ့ မင်း စေတန်ကို အနိုင်ယူဖို့ပဲ။ မင်း ဒီလို လုပ်နိုင်မယ် ဆိုရင် ငါမင်းဆီမှာ လုံးဝ အညံ့ခံမယ်။ “
“ရမယ်...” ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ခင်ဗျားရဲ့ သတ်မှတ်ချက် အတိုင်းဆိုရင် ကျုပ် ဒါကို မလုပ်နိုင်မချင်း ခင်ဗျားကို ထိခိုက်အောင် လုပ်လို့မရဘူး။ ဒါဆို တိုက်ပွဲမှာ ကျုပ်ကို စေတန်က သတ်သွားရင် လက်အောက်ခံ-သခင် စာချုပ်ပဲ ချုပ်ထားတဲ့ ခင်ဗျားက ထပ်ပြီး လွတ်မြောက်သွားမှာပဲ မဟုတ်လား။ အဲဒီအခါ ခင်ဗျားက အကျိုးအမြတ်တွေ ရနိုင်လိမ့်မယ်။ အဲ့ဒါ အကြံကောင်း တစ်ခုပဲ။ ဒါပေမဲ့ ခင်ဗျား စဉ်းစားကြည့်ဖူးလား။ အခု ခင်ဗျားက ကျုပ်ရဲ့ လောကထဲမှာ ချုပ်နှောင် ခံထားရတယ်။ ကျုပ် တကယ် သေသွားမယ် ဆိုရင် ခင်ဗျားလည်း အတူတူ ပျောက်ကွယ် သွားမှာပဲ။ “
“ဒါက ငါ့ကိစ္စပါ။ မင်း စိတ်ပူစရာ မလိုဘူး။”
ဖိုက်သွန်က စိတ်မလှုပ်ရှားပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ သတ်မှတ်ချက်ပဲ။ သဘောတူလား။ “
“ကျုပ်က စေတန်ကို တိုက်ခိုက်ဖို့ အတွက် ကျုပ်ရဲ့ စွမ်းအားကိုပဲ မှီခိုရမယ်ဆိုတာကို သိပြီးသားပါ။ “
ချန်လွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ကျုပ် ခင်ဗျားကို ကတိပေးတယ်။ “
“ကောင်းပြီ။ “
ဖိုက်သွန်၏ မျက်လုံးထဲတွင် လေးစားမှု အငွေ့အသက် တစ်ခု ရှိနေပြီး သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။
“အခု ငါမင်းရဲ့ တိုင်းပြည်ထဲမှာ ငါ့ရဲ့ ဝိညာဉ်ကို ပြန်ကောင်းအောင် ဆက်လုပ်လိုက်ဦးမယ်။ ဒီလောကက ငါ့အတွက် အတော်လေးကို ထူးဆန်းတယ်။ တကယ့် စကြာဝဠာ လိုမျိုးပဲ။ ဒီမှာရှိတဲ့ အထူးစွမ်းအားကို ငါ ခံစားချင်တယ်။ မင်းက ပါးနပ်တဲ့ သူပဲ။ ငါ့ကို ထိန်းချုပ်ထားသလိုမျိုး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတဲ့ အရာလိုမျိုးကို လုပ်မှာ မဟုတ်ဘူး ဆိုတာကို ငါ ယုံကြည်တယ်။ ဒါပေမဲ့ ငါ မင်းကို သတိပေးရမယ်။ ငါ့ရဲ့ လျို့ဝှက် ပညာရပ်က အမြဲတမ်း အလုပ်ဖြစ်တယ်။ ပြင်ပ အနှောင့် အယှက် အဟန့်အတား တစ်ခုခု ဖြစ်လာမယ်ဆိုရင် ရလဒ်က တစ်ခုပဲ ရှိမယ်။ အဲဒါက အတူတူသေဖို့ပဲ။ “
“ခင်ဗျားလည်း ပါးနပ်တဲ့ သူပဲ။ အဲဒါကြောင့် ကတိ မတည်တာရဲ့ အကျိုးဆက်ကို သိလောက်မှာပါ။ ကျုပ်က ခင်ဗျားရဲ့ တန်ဖိုးမရှိတဲ့ ချိန်းခြောက်တဲ့ တည်ရှိမှုကို သည်းခံနေမှာ မဟုတ်ဘူး။”
“ မင်းက စေတန်ကို နှစ်လအတွင်း အနိုင်ယူနိုင်မယ်ဆိုရင် ဖိုက်သွန်ဆိုတဲ့ ငါက ငါ့ဝိညာဉ်နဲ့ ကျိန်ဆိုတယ်။ မင်းကို တစ်ဘဝလုံး အညံ့ခံမယ်။ “
ချန်လွေ့က ဖိုက်သွန်၏ ဝိညာဉ် အနည်းငယ်မျှ မလှုပ်ရှားခဲ့သည်ကို သေသေချာချာ အာရုံခံမိသည်။ ထိုကျိန်ဆိုခြင်းက အမှန်တကယ် စိတ်ပိုင်းဖြတ်မှု ဖြစ်ဟန်တူသည်။ အဆောင်ပစ္စည်း (၇)ခုက ဖိုက်သွန်အ ဆင့်၌ ပေါ်လာသည့် အချိန်မှစ၍ ထိုအမျိုးသမီး၏ အပြုအမူက အထူး ပြောင်းလဲမှုအချို့ ဖြစ်ပေါ်ခဲ့သည်။ မည်သည့်အတွက်ကြောင့်မှန်း ချန်လွေ့ မသိခဲ့ပေ။ ဖိုက်သွန်က သစ္စာဆိုပြီးနောက် ချန်လွေ့ကို မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
“မင်းက တကယ်ပဲဆိုရင် စစ်မှန်တဲ့ အံ့ဩဖွယ်ရာတွေ ဖန်တီးနိုင်မှာပါ။ “
ထိုအသံက တဖြည်းဖြည်းနှင့် အမျိုးသမီး ခန္ဓာကိုယ် ပျောက်ကွယ် သွားသည်နှင့်အမျှ ပျောက်သွား၏။
ငါက တကယ်ဆိုရင် ဟုတ်လား။ ငါက တကယ် ဘာကြီးလဲ။
ချန်လွေ့ သိချင်မိသွားသော်လည်း ထိုအကြောင်း စဉ်းစားရင်း အချိန်ကုန် မခံနိုင်ပေ။ ဖိုက်သွန် နိုးထလာခြင်းက ချန်လွေ့၏ စိတ်ထဲမှ နောက်ဆုံး ကံကောင်းမှုကို ဖြတ်လိုက်ခြင်းနှင့် ညီမျှသည်။ ထို့နောက်တွင် သူက တိုက်ပွဲအတွက် ပြင်ဆင်ရန်သာ ကျန်တော့သည်။ ချန်လွေ့က စူပါစနစ်ထဲမှ ထွက်သွားတော့မည် ပြင်လိုက်စဉ် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ အကြောင်းမှာ သူ၏ စိတ်ထဲမှ ကွင်းဆက်တစ်ခု ရုတ်တရက် ပြတ်တောက်သွား၍ပင်။ တိတိကျကျ ပြောရလျှင် တစ်စုံတစ်ယောက်၏ ကွင်းဆက် စွမ်းအား ဖြစ်သည်။ စူပါစနစ်၏ ကွင်းဆက်က ဝိညာဉ် စာချုပ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူ သော်လည်း ထိုစွမ်းအားက ဝိညာဉ် စွမ်းအားထက် များစွာ ကြီးမား၏။ သူ့ထက်ပင် စွမ်းအားကြီးသော ချိတ်ဆက်သူများက ကွင်းဆက်ကို မဖယ်ရှားနိုင်ပေ။ ယခုတွင် အလိုလို ပြတ်တောက်သွားသော ကွင်းဆက်များက တစ်ခုတည်းကိုသာ ဆိုလိုသည်။ ချိတ်ဆက်ထားသူက သေဆုံးသွား၍ပင်။
ချန်လွေ့ကို တိတ်တိတ်လေး စိတ်သက်သာရာ ရသွားစေသည်မှာ ပျောက်သွားသော ကွင်းဆက်က ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ စမ်းသပ်ချက်ထဲမှ အဖွဲ့ဝင်များ၊ သူ၏ အမြတ်နိုးရဆုံးသော ဆွေမျိုးများနှင့် မိတ်ဆွေများ မဟုတ်ဘဲ အခြားသူ တစ်ယောက် ဖြစ်နေခြင်းပင်။ သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
အကြောင်းမှာ သေဆုံးသွားသူက အတော်လေး မမျှော်လင့်ထားစရာ ဖြစ်၍ပင်။
ဗက်ဇယ်နာ။
ဗက်ဇယ်နာက ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌ ချန်လွေ့ အနိုင်ယူခဲ့သော နတ်ဘုရား တစ်ပိုင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ် ဖြစ်သည်။ ကြယ်အဆင့်တိုးမြှင့်မှုနှင့် ကြယ်အပ်နှင်းခြင်း လက်ခံပြီးနောက် သူ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိ လုနီးပါး ဖြစ်ခဲ့၏။ စူပါစနစ်ကြောင့် သူက ချန်လွေ့၏ ယုံကြည်သူ တစ်ယောက် ဖြစ်လာခဲ့သည်။ အယ်ဒီလိုင်းနှင့် ဟယ်လင်တို့က ပင်လယ်သေသို့ ပြန်သွားပြီး သူတို့၏ မျိုးနွယ်စုများနှင့် ဆွေမျိုးများဆီကို သွားတွေ့ချင်ကြောင်း အဲလစ်ထံမှ ချန်လွေ့ ကြားခဲ့ဖူးသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် လာလာရီယာက ပင်လယ်သေမှ ရတနာမြေပုံတစ်ခုကို ရရှိခဲ့သည်။ အိုလီဗီးရက်စ်၏ မျက်လုံးများက သလင်းကျောက်နှင့် ဒင်္ဂါးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အတူတူ ရတနာရှာဖွေရန် ပြောဆိုခဲ့သည်။ ထိုအရာကို လူအများအပြားကလည်း ချက်ချင်းပင် သဘောတူခဲ့ကြသည်။ ဗက်ဇယ်နာက သူတို့ကို ကာကွယ်ရန် အတူတူ သွားခဲ့သည်။ အဲလစ်က တိတ်တိတ်လေး လိုက်သွားချင် ခဲ့သော်လည်း သူ့ကို ကြက်သွေးရောင် မီးအိမ်ဝိညာဉ် မန်လေ့စ်က ဖမ်းဆီးခဲ့သည်။
ဗက်ဇယ်နာ အခုလို ရုတ်တရက် သေသွားမည်ဟု မထင်ထားခဲ့ဘူး။ ဆိုလိုတာက လာလာရီယာနှင့် တခြားသူတွေက အန္တရာယ်တစ်ခုခု ကျရောက်နေတာပဲ။
အိုလီဗီးရက်စ် ကွင်းဆက်က ထိုနေရာ၌ ရှိနေသေးသည်။ သို့သော် မူလ ညီတူမျှတူ ကွင်းဆက်၏ အကန့်အသတ်ကြောင့် အခြားသော မိန်းကလေးများက ချိတ်ဆက် ထားခြင်း မရှိပေ။ ထို့ကြောင့် သူတို့၏ လုံခြုံရေးကို သိရှိရန် မဖြစ်နိုင်ပေ။
အဆိုးဆုံးမှာ စေတန်နှင့် တိုက်ရန် နှစ်လသာ လိုတော့ခြင်းပင်။ အချိန်က အရေးကြီးလှပေသည်။ သို့သော် အချိန်၌ ထိုသို့ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့သည်။ ချန်လွေ့ ခဏကြာ စဉ်းစားလိုက်ပြီး ချက်ချင်းပင် ကယ်တင်ရန် ထွက်ခွာသွားခဲ့သည်။ သူက အိုလီဗီးရက်စ် အတွက် ယောက်ျားနှင့် မိန်းမကြားမှ အချစ်မျိုး မရှိဘဲ သူဌေးနှင့် သက်တော်စောင့် အကြားမှ စာချုပ်ကလည်း လုံးဝ အလိမ် ဖြစ်သော်လည်း ရိုးသားပြီး လောဘကြီးသော နဂါးနက်က ချန်လွေ့စိတ်ထဲ၌ ညီမလေးတစ်ဖွယ် ဖြစ်နေခဲ့သည်။
(ရင်းနီ။ ။ ဟေ့...ကောင်မလေးက ရှင့်ထက် အသက်ကြီးတယ် မလား။ “
စကားနားထောင်သော အယ်ဒီလိုင်း ကလည်း ညီမလေး တစ်ယောက်နှင့် တူညီနေသည်။ ပါးစပ်ကြမ်းသော မာယာရှင် မင်းသမီးလေးက အပြစ်တင်နေရုံသာ ဖြစ်သည်။ သူ၏ အခြားသော အချက်များက မိတ်ဆွေတစ်ယောက် ဖြစ်ရန် ထိုက်တန်ပေသည်။
ညီမလေးတွေနှင့် မိတ်ဆွေ တစ်ယောက်က အခု အန္တရာယ် ကျရောက်နေပြီ။ ငါ ထိုင်ပြီးတော့ ကြည့်မနေနိုင်ဘူး။
အင်း။ ပုံစံသုံးခုရှိတဲ့ ရင်ပြား လိုလီလေး အတွက် နဂါးဧကရာဇ် ယောက္ခထီးအတွက် ကူညီတယ်လို့ပဲ သတ်မှတ်လိုက်မယ်။
ထိုနေရာက ပင်လယ်သေ၌ ဖြစ်နေခဲ့ပြီး သူ့တွင် ကြယ်မြို့ကဲ့သို့ အထူးစစ်သင်္ဘောတစ်ခု ရှိနေခဲ့သည်။ သူက အမှန်တကယ်ပင် လေ့ကျင့်ရန် အတွက် နေရာမှန် ရောက်လာခဲ့၏။
ပထမဆုံးအနေဖြင့် အိုလီဗီးရက်စ်နှင့် အခြားသူများ ရတနာရှာရန် ထွက်သွားသော နေရာကို ရှာတွေ့ရန် လိုအပ်သည်။ ထိုအရာကို အသိနိုင်ဆုံးမှာ ဟယ်လင် သို့မဟုတ် အယ်ဒီလိုင်းတို့၏ မျိုးနွယ်စုများပင် ဖြစ်၏။
ထို့ကြောင့် သူ၏ ပထမဆုံး ပန်းတိုင်မှာ မာယာရှင်နှင့် နာဂါတို့၏ နေထိုင်ရာကိုပင် ဖြစ်သည်။
ချန်လွေ့က ပင်လယ်သေထဲ၌ သဲလူသားများ ရေးဆွဲထားသော မြေပုံကို ထုတ်လိုက်သည်။ သလင်းကျောက် ဇာမဏီက အလျင်အမြန်ပင် မြေပုံထဲမှ အချက်အလက်များကို စုပ်ယူပြီး ပင်လယ်နေရာများကို တိတိကျကျ နေရာ သတ်မှတ် လိုက်သည်။ ထို့နောက် အနီးဆုံးရှိ မာယာရှင် မျိုးနွယ်စုဆီ နေရာ သတ်မှတ်ကာ စစ်သင်္ဘောကို အရှိန်အဟုန်အပြည့် ပျံသန်း သွားတော့သည်။
လေထဲ ပျံသန်းသော အမြန်နှုန်းက အမြင့်ဆုံး ဖြစ်ပေသည်။ အထူးသဖြင့် ကြယ်မြို့ကဲ့သို့ အထူးစစ်သင်္ဘော ဖြစ်သည်။ နတ်ဆိုးထောင်ချောက် သင်္ဘောက မာယာရှင် နယ်မြေသို့ ရောက်ရှိရန် သုံးလေးရက်ကြာ ရွက်လွှင့်ခဲ့ရသော်လည်း စစ်သင်္ဘော အတွက် တစ်ခဏမျှသာ ကြာခဲ့သည်။
ချန်လွေ့က မကြာခဲ့ရသည်မှာ ကြာပြီဖြစ်သော အံ့ဩဖွယ်ရာ သီချင်းသံများကို အာရုံခံမှ ကြားလိုက်ရသည်။
သို့သော် ထိုသီဆိုသူများ၏ လက်ရှိ ခံစားချက်က သေချာပေါက် အံ့ဩဖွယ်ရာ မဟုတ်ပေ။ လေထဲ၌ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် အလွန် ကြီးမားသော အရာတစ်ခု ထွက်ပေါ်လာရာ မာယာရှင်များ၏ ပထမဆုံး တုံ့ပြန်မှုက ကြောက်လန့်ခြင်း ဖြစ်သည်။
မာယာရှင် အတော်များများက တိုက်ပွဲ သီချင်းများကို ပြိုင်တူပင် သီဆိုကြပြီး ထိုအလွန်ကြီးမားသော နတ်ဆိုးသားရဲကို စိတ်ရှုပ်ထွေးအောင် ကြိုးစားနေကြသည်။
ကံမကောင်းစွာပင် ထိုကဲ့သို့ သီချင်းသံမျိုးက အတွင်းထဲမှ အဂ္ဂိရတ် သက်ရှိများနှင့် ကြယ်မြို့ကို လုံးဝ သက်ရောက်မှု မရှိပေ။
မာယာရှင်အချို့က မှော်များကို ပြင်ဆင်ပြီး ပစ်ခတ်ရန် စတင်ပြင်ဆင် ကြတော့သည်။ ထိုအချိန် ပင်လယ် နယ်မြေ ကောင်းကင်ပေါ်၌ ပုံရိပ် တစ်ခု ပေါ်လာခဲ့သည်။
“မကြောက်ပါနဲ့။ ကျုပ်က မာယာရှင်တွေရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကျုပ်က အကြီးအကဲ အယ်လီနာကို တွေ့ချင်ပါတယ်။ “
ထိုအသံက မာယာရှင်များ စိတ်မကူးနိုင်သော အဟန့်အတား တစ်ခုကို ဖော်ပြနေခဲ့သည်။ သူတို့၏ ဝိညာဉ်တစ်ခုလုံးက တုန်လှုပ်နေခဲ့ပြီး မှော်ပညာ အပါအဝင် တိုက်ပွဲ သီချင်းသံများ အလိုလို ရပ်တန့် သွားခဲ့သည်။
“ဘယ်မိတ်ဆွေက ကျွန်မကို တွေ့ချင်တာလဲ မသိဘူး။”
ရှေ့မှ ပင်လယ်က ရုတ်တရက် လှိုင်းထန်လာပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခုက လရောင်အောက်တွင် ပေါ်လာခဲ့သည်။ ထိုသူက အနက်ရောင် ဆံပင်နှင့် ရွှေအိုရောင် မျက်လုံးများ ရှိနေသော မိန်းမလှ တစ်ယောက် ဖြစ်သည်။ သူ၏ နဖူးပေါ်၌ ရွှေရောင် သလင်းကျောက် တစ်ခု ရှိနေ၏။ သူက ဆွဲဆောင်မှု ရှိသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ရင့်ကျက်သော အလှတရားများ ဖော်ပြနေခဲ့သည်။
ချန်လွေ့က ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးကို တွေ့ဖူးသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ ထိုသူက ဟယ်လင်၏ အမေ၊ မာယာရှင် မျိုးနွယ်စု၏ အကြီးအကဲ အယ်လီနာ ဖြစ်လေသည်။
ချန်လွေ့က မာယာရှင်များနှင့် ရင်းနှီးသော အက်ဂ်ယော မျက်နှာကို ပြောင်းထားခဲ့ပြီး အယ်လီနာကို အသာလေး ခေါင်းညိတ်လိုက်သည်။
“မင်္ဂလာပါ။ အကြီးအကဲ အယ်လီနာ။ ကျုပ်တို့ ပြန်တွေ့ကြ ပြန်ပြီ။”
“ဆာ-အက်ဂ်ယော..”
အယ်လီနာက အံ့အားသင့်သွားပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။ ချန်လွေ့နှင့် နဂါးဧကရာဇ်တို့က သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို ဖယ်ရှားရာတွင် ပူးပေါင်းပြီး ဖယ်ရှားခဲ့သည်။ ထိုသို့ ပူးပေါင်းဖယ်ရှားခြင်းက ထိုပင်လယ် နယ်မြေမှ အကြီးမားဆုံး ကပ်ဘေးကို ဖြေရှင်းနိုင်ခဲ့လေသည်။ မာယာရှင် မျိုးနွယ်စုအတွက် သူက အမှန်ပင် ကျေးဇူးရှင် ဖြစ်လေသည်။
“ကြယ်ကြွေတမန် အင်ပါယာမှာ ဟယ်လင်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါပဲ။” အယ်လင်က သူ၏ သမီး ပင်လယ်သေမှ ထွက်သွား ပြီးနောက်တွင် ထင်ထားသလို အခက်အခဲများ မကြုံတွေ့ခဲ့ ရကြောင်းကို သိရှိသွားပြီး ဖြစ်သည်။ သူက လွတ်လပ်ပြီး ပျော်ရွှင်သော ဘဝ၌ နေခဲ့ရသည်။ အယ်လီနာက အက်ဂ်ယောကို အတော်လေး ကျေးဇူးတင်နေခဲ့သည်။ ထို့အပြင် အယ်လီနာ၏ လက်ရှိ စွမ်းအားက နတ်ဆိုးဧကရာဇ် အထွတ်အထိပ်သို့ ရောက်နေသော်လည်း အက်ဂ်ယောက သူ၏ မျက်လုံးထဲ၌ ပို၍ပင် ခန့်မှန်း၍ မရနိုင်အောင် ဖြစ်လာခဲ့သည်။ သူက အထူး အဆင့်သို့ ရောက်ရှိသွားခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် သူ၏ စိတ်ထဲ၌ ပို၍ပင် ကြောက်လန့် နေခဲ့သည်။
“အကြီးအကဲ အယ်လီနာ။ ကျုပ်မှာ အရေးတကြီး ပြောစရာ ရှိတယ်။ ဟယ်လင် ဒီမှာ ရှိလား။ “
အယ်လီနာက ခေါင်းခါလိုက်သည်။
“အယ်လင်နှင့် သူ့မိတ်ဆွေတွေက လွန်ခဲ့တဲ့ (၄)လတုန်းက ဒီကို ရောက်လာခဲ့တယ်။ အကြာကြီး မနေခဲ့ဘူး။ ပြီးတော့ သူတို့က နာဂါမျိုးနွယ်ရဲ့ မိုးကြိုးမြွေ ကျွန်းစုကို သွားခဲ့တယ်။ သူတို့က အယ်ဒီလိုင်းရဲ့ အမေနဲ့ အစ်မဆီကို သွားလည်မယ်လို့ ပြောတာပဲ။ ပြီးတော့ သူတို့က ရတနာသိုက် သွားရှာတယ်။ ဒါပေမဲ့ ရတနာသိုက် နေရာ အတိအကျတော့ ကျွန်မ မသိဘူး။ “
“မိုးကြိုးမြွေကျွန်းစု ဟုတ်လား။ ချန်လွေ့ ခေါင်းညိတ် လိုက်သည်။ “ကျုပ် အခုပဲ မိုးကြိုးမြွေကျွန်းစုကို သွားတော့မယ်။ ကျုပ်ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ။ “
“ကိစ္စမရှိပါဘူး။ ဆာ...”
အယ်လီနာက ရုတ်တရက် တစ်ခုခု သတိရသွားဟန်တူသည်။
“ဒါနဲ့ ဆာက ချန်လွေ့ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို သိလား။ “
ချန်လွေ့က ထိတ်လန့်သွားခဲ့သည်။
“သူ့က ကျုပ်ရဲ့ မိတ်ဆွေလို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ။ “
“ဘာမှမဟုတ်ပါဘူး။ ဟယ်လင်က အဲဒီလူရဲ့ နာမည် အကြောင်းကို ပြန်ရောက်လာကတည်းက ခဏခဏ ပြောလို့ပါ။ အဲဒါက သူ သဘောကျတဲ့ သူလား မသိဘူး။ “
“ဟမ်...”
ချန်လွေ့ ပြောစရာမဲ့သွားခဲ့သည်။ အယ်လီနာ၏ စကားအ ရဆိုလျှင် ပါးစပ်ကြမ်းသော မာယာရှင် မင်းသမီးလေးက သူ၏ တကယ့် သရုပ်ကို မဖော်ပြခဲ့ဘဲ အယ်လီနာက အထင်လွဲသွားခဲ့လေသည်။ ထိုသို့ စကားများခြင်းက သူသည် ထိုသူ့ကို သဘောကျ၍ မဟုတ်ဘဲ အပြစ်တင် နေသည့် အလေ့အကျင့်မျိုး ဖြစ်၏။ သူက ‘လူဆိုး၊ အရှက်မဲ့၊’ ဟူသော စကားလုံးများကို ခန့်မှန်း၍ ရနေပြီ ဖြစ်သည်။
“ဒီအကြောင်းတော့ ကျုပ် မသိဘူး။ အခုတော့ သွားလိုက်ဦးမယ်။ “
“အဆင်ပြေချောမွေ့တဲ့ ခရီးလမ်း ဖြစ်ပါစေ၊ ဆာ...”