← Chapters

အတူလိုက်လာသော ဒြပ်စင်ဘုရင်

Vol. 66 Ch. 1065

အတူလိုက်လာသော ဒြပ်စင်ဘုရင်

Vol. 66 Ch. 1065

ချန်လွေ့က မာယာရှင် မျိုးနွယ်စုမှ ထွက်သွားခဲ့ပြီး မိုးကြိုးမြွေကျွန်းစုသို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ သူက အကြီးအကဲ မိုဒက်စတီနှင့် ဆက်ခံသူ စထရီနာ တို့ကို ဆုံခဲ့သည်။ သူက ပင်လယ် အောက်ခြေရှိ အမုန်းတရားနယ်မြေ၌ စထရီနာနှင့်အတူ တိုက်ခိုက်ခဲ့ပြီး အတော်လေး အားကောင်းသော ရင်းနှီးမှု တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ရဲဘော်ရဲဘက်များ ပြန်ဆုံခြင်းက ပျော်စရာကောင်းသည့်တိုင် စထရီနာ၏ တုံ့ပြန်မှုက အနည်းငယ် မသက်မသာ ဖြစ်နေခဲ့သည်။ သို့သော် ခဏအကြာတွင် သူက ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ စထရီနာ၏ သတင်းက သိပ်ပြီးမကောင်းလှပေ။ အကြောင်းမှာ လာလာရီယာနှင့် အခြားသူများက မိုးကြိုးမြွေကျွန်းစု၌ အကြာကြီးမနေသွား၍ပင်။ သူတို့က ရတနာသိုက် ရှာဖွေရေးကိုသာ ဆက်လုပ် နေခဲ့သည်။ စထရီနာက ရတနာရှာဖွေခြင်း အကြောင်းကို အနည်းငယ်မျှသာ သိသည်။ သို့သော် သူက မရင်းနှီးသော အခေါ်အဝေါ် တစ်ခုကို ကြားခဲ့သည်။ ထိုအရာက ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်ပင်။

ပင်လယ်ပြင်က ကျယ်လှသည်။ နာဂါမျိုးနွယ်စု၏ အကြီးအကဲ မိုဒက်စတီပင် ကြက်သွေးရောင် သွားနှစ်ခွပင်လယ်ပြင်က မည်သည့် နေရာ၌ ရှိမှန်း မသိပေ။ ထိုနေရာက အတော်လေး ဝေးရပေမည်။

ဗက်ဇယ်နာ၏ ကွင်းဆက် ပြတ်သွားသည့်အပြင် ကွင်းဆက် ချိတ်ဆက်ထားသော အိုလီးဖီးရက်စ်ကလည်း ထိုနေရာ၌ ရှိနေသည့်အတွက် အခြားသူများ မည်သည် ဖြစ်နေကြောင်း ချန်လွေ့ မသိပေ။ ထိုအရာက အိုလီဖီးရက်စ် အသက်အန္တရာယ် ရှိနေခြင်းကိုသာ ဆိုလိုသည်။ သူက သေခြင်းတရား အန္တရာယ်ကို ရင်ဆိုင်နေရနိုင်သည်။ ထို့ကြောင့် ချန်လွေ့ အချိန်မရှိပေ။

ပထမဆုံးသော သော့ချက်မှာ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်၏ တည်နေရာကို ရှာဖွေရန် ဖြစ်သည်။ ချန်လွေ့က ခဏ စဉ်းစားပြီး အနီးအနားမှ အသိဟောင်း တစ်ယောက်ကို တွေးလိုက်မိသည်။ ထိုသူက ရေဒြပ်စင်ဘုရင် လန်ဘို့စ်ပင်။

ရေဒြပ်စင်ဘုရင်၏ ဗဟုသုတနှင့် ပင်လယ်ပြင်နှင့် ရင်းနှီးမှုတို့ကြောင့် ထိုအပိုင်းတွင် သဲလွန်စများ ရှိနေလောက်ပေသည်။

ညီမ ဖြစ်သူ အန္တရာယ်ရှိနေပြီ ဖြစ်ကြောင်းကြားရာ စထရီနာက အတူတူ လိုက်သွားရန် ပြောခဲ့သည်။ စထရီနာ၏ ပါရမီက နာဂါများ အတွင်း၌ အကောင်းဆုံး ဖြစ်သည်။ ထိုနှစ်များအတွင်း သူ၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ သို့သော်လည်း ကံဆိုးစွာပင် သူက အထူးအဆင့်သို့ မရောက်နိုင်သေးပေ။ ထိုအချိန်အတောအတွင်း သူက လေ့ကျင့်ရန်အတွက် အပြင်သွားရန် စဉ်းစားနေခဲ့သည်။

ချန်လွေ့က မပြောနိုင်ခင်မှာပင် စထရီနာ၏ အမေ၊ နာဂါမျိုးနွယ်စု၏ အကြီးအကဲ မိုဒက်စတီက ပြောလိုက်သည်။ အတိုချုံး ပြောရလျှင် သူက စထရီနာ၏ စွမ်းအားက ဝန်ထုပ်ဝန်ပိုး ဖြစ်မည်ဟု လှောင်နေခြင်း ဖြစ်သည်။ ထို့နောက် သူက သမီးဖြစ်သူ၏ နားထဲ၌ စကားအချို့ကို တီးတိုးပြောလိုက်၏။

စထရီနာ၏ မျက်နှာ ရုတ်တရက် နီရဲသွားပြီး ဓားမောက်ရှည်များကို ရွှမ်းခနဲ ထုတ်လိုက်သည်။ ခဏကြာ အမေနှင့် သမီးတို့၏ အပြင်းထန် တိုက်ပွဲတစ်ခု စတင်တော့သည်။

ယဉ်ကျေးသော အနေဖြင့် မိုဒက်စတီက ခုန တီးတိုးပြောနေစဉ် ချန်လွေ့က ခိုးနားမထောင်နေခဲ့ပေ။ နှစ်ဖက်လုံး၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာပြီး အသက်လုကာ တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ချန်လွေ့ ကြည့်မနေ နိုင်တော့ပေ။ သူ လက်ချောင်းများကို အသာလေး လှုပ်ရှားလိုက်ရာ တိုက်ခိုက်နေသော ပုံရိပ်နှစ်ခုက ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

“တောင်းပန်ပါတယ်။ ကျုပ် ဒီမှာ အကြာကြီးနေလို့မရဘူး။ ဒါကြောင့် ကျုပ် သွားလိုက်ပါဦးမယ်။”

စထရီနာနှင့် မိုဒက်စတီတို့က ခုခံ၍ မရသော ချုပ်နှောင်အား တစ်ခုက တစ်ချိန်တည်း ပျောက်သွားကြောင်း ခံစားလိုက်ရသည်။

ချန်လွေ့က လက်ချောင်းများကို အသာ မြှောက်လိုက်ရာ သူတို့၏ ခန္ဓာကိုယ်က လွတ်လပ်မှု ပြန်ရရှိ သွားခဲ့သည်။ ထိုအားက မည်သည့် အရာကို ကိုယ်စားပြုကြောင်း သူတို့ နှစ်ယောက် ကောင်းကောင်းသိသည်။ စထရီနာက ချက်ချင်း တိတ်ဆိတ် သွားခဲ့ပြီး နောက်လိုက်သွားရန် မတောင်းဆိုတော့ပေ။

“အကြီးအကဲ မိုဒက်စတီ။ အယ်ဒီလိုင်းပြောတာ ကြားဖူးတယ်။ နာဂါမျိုးနွယ်စုက အထူး အဆင့် ရောက်ဖို့အတွက် ခက်ခဲတယ်လို့ ကြားတယ်။ ပုံမှန်ဆိုရင် အားကောင်း ပြီးတော့ ထူးခြားတဲ့ စိတ်ဝိညာဉ် လှုပ်ရှားမှုတွေကို ရယူဖို့လိုအပ်တယ်။ ဒါပေမယ့် အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ် တစ်ယောက် အနေနဲ့ ကန့်သတ်မှုကို ဖောက်ထွက်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်လို့ ကျုပ် ပြောချင်တယ်။ လှုပ်ရှားမှု စတင်ဖို့ အတွက် အသက်ကို စတေးဖို့က မလိုဘူး။”

ချန်လွေ့၏ စကားလုံးများက မိုဒက်စတီကို ကြက်သေသေစေပြီး သူက စထရီနာကို ကြည့်လိုက်သည်။

“စထရီနာ။ မင်းက အယ်ဒီလိုင်း ပေးတဲ့ စွမ်းအားကို လက်ခံခဲ့ပေမယ့် မင်းရဲ့အခြေခံ မတည်ငြိမ်သေးဘူး။ မင်း ငါ့ကို ယုံကြည်မယ်ဆိုရင်…”

“ကျွန်မ ယုံကြည်တယ်။”

စထရီနာ၏ တင်းမာသော အကြည့်က ချန်လွေ့ကို သက်ပြင်းချ စေခဲ့သည်။ သူက စထရီနာနှင့်အတူ ညီတူမျှတူ စာချုပ်တစ်ခု ချုပ်လိုက်ပြီး ကြယ်တစ်ပွင့် တိုးမြှင့်မှု စွမ်းအားကို ပေးခဲ့သည်။ ထို့နောက် သူက သိထားရမည့် ကိစ္စများကို ရှင်းပြခဲ့ပြီး ကြယ်မြို့ထဲသို့ ဝင်ခဲ့သည်။

ခဏအကြာ ဧရာမ နေရာလွတ် ရဲတိုက်က နာဂါများ၏ အမြင်အာရုံ ထဲမှ ပျောက်ကွယ်သွားခဲ့သည်။

“မင်းရဲ့ အင်အားတွေက မင်းရဲ့ အမြင်နှင့် ကိုက်ညီပါစေလို့ မျှော်လင့် ပါတယ်။”

မိုဒက်စတီက ဆက်လက်၍ မစိန်ခေါ်သလို တိုက်ခိုက်ခြင်းလည်း မပြုတော့ပေ။ သူက နောက်ဆုံး စကားကိုပြောပြီးနောက် လက်ထဲမှ ဓားမောက်ရှည်ကို ပစ်ချလိုက်သည်။ ထို့နောက် သူက သမီးဖြစ်သူကို ကျောခိုင်းပြီးနောက် ဖြည်းဖြည်းချင်း ထွက်သွားခဲ့သည်။

ချန်လွေ့က ရေဒြပ်စင်ကောင်များ၏ တည်နေရာကို တစ်ခါမက ရောက်ခဲ့ဖူးသည်။ ခဏအကြာတွင် ကြယ်သင်္ဘောအဖြစ် အမည်ပြောင်းထားသော အဂ္ဂိရတ်မြို့ပြက နကပြာကျွန်းဆီသို့ ရောက်ရှိလာခဲ့သည်။ သူက ရေဒြပ်စင်ဘုရင် လန်ဘို့စ်နှင့် တွေ့ဆုံခဲ့သည်။

လန်ဘို့စ်က ချန်လွေ့၏ စွမ်းအားတိုးတက်မှုနှင့် ပတ်သက်၍ မအံ့ဩခဲ့ပေ။ အမှန်တကယ်၌ အမှောင်ထု ဘုရင်သုံးယောက်နှင့် တွေ့ဆုံပြီး စကြဝဠာပျက်သုဉ်း စွမ်းအားအတွက် ထောက်ပံ့ပေးစဉ်က ဓူဝံကြယ်ခရမ်းဧကရာဇ် ဖြစ်နေသော ချန်လွေ့ကို သူ မြင်ခဲ့ရသည်။

တစ်ချိန်တည်းမှာပင် သူက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသော ဇိုလာ အကြောင်းကို သိရှိခဲ့ရသည်။ နက်ပြာ နန်းတော်သို့ ချန်လွေ့ ပထမဆုံး ရောက်လာခဲ့စဉ်က ရေဒြပ်စင်ဘုရင် မိုးရီသည် ချန်လွေ့က နတ်ဘုရား-ယောင်တစ်ပါး၏ ဆက်ခံသူ ဖြစ်ကြောင်း ပြောခဲ့သည်။ အခုတွင် ချန်လွေ့၏ စွမ်းအားက နတ်ဘုရား တစ်ပိုင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လန်ဘို့စ်က ထိုအရာမှာ စွမ်းအား တဖြည်းဖြည်း ပြန်ရလာခြင်း ဟူ၍သာ ထင်မှတ်ခဲ့သည်။

“ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်လား။”

ထိုနာမည်ကြောင့် လန်ဘို့စ်က တစ်ခုခုကို သတိရသွား သကဲ့သို့ပင် မျက်မှောင် ကြုတ်လိုက်သည်။ ခဏ ကြာပြီးနောက် သူ ခေါင်းခါလိုက်၏။

“အရှင်မင်းကြီးလန်ဘို့စ်။”

ချန်လွေ့မေးလိုက်သည်။

“ပင်လယ်ပြင်က ကျယ်ပြန့်ပြီး ကြီးမားတယ်။ မင်းသိတဲ့ ပင်လယ်ပြင်က အဲဒါရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ။”

လန်ဘို့စ်က အမေးကို မဖြေခဲ့သော်လည်း ချန်လွေ့၏ မျက်လုံးများက အရောင်တောက် သွားခဲ့သည်။ သူက စကားကို ဖြတ်မပြောဘဲ ဆက်ပြောမည်များကို တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

လန်ဘို့စ်က ထိုကဲ့သို့စကားဝိုင်းကို စသည့်အတွက် ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်အကြောင်း တစ်ခုခု သိရပေမည်။

“ပင်လယ်ပြင်က ကုန်းမြေထက် ဘာမှမသာဘူး။ မသိနိုင်တဲ့နေရာတွေ အများကြီးရှိသလို ပုန်းကွယ်နေတဲ့ အင်အားစုတွေလည်းရှိတယ်။ နတ်ဘုရားတစ်ပိုင်းတွေက တချို့အန္တရာယ်များတဲ့နေရာတွေကိုဝင်သွားမိရင် အချိန်မရွေး အန္တရာယ် ကျရောက်နိုင်တယ်။”

လန်ဘို့စ်က စဉ်းစားနေသော အမူအရာတစ်ခု ပြသလိုက်သည်။

“ဟိုးတုန်းက၊ အဲဒီတုန်းကပေါ့၊ ငါက လိုင်းသရဖူကို ရှာနေတဲ့အချိန် ပင်လယ်ပြင်တစ်ခုထဲ ရောက်သွားတဲ့ အချိန် ရေဒြပ်စင်အပေါ်မှာ ငါ့ရဲ့ ထိန်းချုပ်မှုက အားနည်းသွားခဲ့တယ်။

ရေဒြပ်စင်ဘုရင်တစ်ပါးအတွက် ဒါက မယုံနိုင်စရာ အဖြစ်အပျက် တစ်ခုပဲ။ ပြီးတော့ ဒါက သေစေနိုင်တဲ့အရာ တစ်ခုပဲ။ ပင်လယ်နယ်မြေရဲ့ ကောင်းကင်က ကြက်သွေးရောင် ဖြစ်နေတယ်။ မနီးအနားမှာ ရှိတဲ့ ရေဒြပ်စင်ကောင်တွေရဲ့ မတည်ငြိမ်မှုကို ကြည့်ရမယ်ဆိုရင် အဲဒီပင်လယ်ပြင်မှာ အတော်လေး ကြီးမားတဲ့ ကျွန်းနှစ်ခုရှိတဲ့ပုံပဲ။ ငါက ပင်လယ်နယ်မြေကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရေဇစ်မြစ် အပိုင်းအစရဲ့ စွမ်းအားကို အာရုံ မခံမိခဲ့ဘူး။ ငါ တွေ့ခဲ့ရတာက ကြောက်စရာကောင်းတဲ့ အန္တရာယ် တစ်ခုပဲ။ အဲဒါကြောင့် ငါက ပင်လယ်ပြင်ထဲကို အလောတကြီး မဝင်ခဲ့ဘဲနဲ့ ထွက်သွားဖို့ ရွေးခဲ့တယ်။ မင်းပြောတဲ့ ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်နဲ့ စာချုပ် ချုပ်ထားတဲ့ နတ်ဘုရားတစ်ပိုင်း အဆင့် ကျဆုံးသွားတဲ့ နေရာက အဲဒီ ကြောက်မက်ဖွယ်ရာ ပင်လယ်ပြင် ဖြစ်နိုင်လောက်တယ်။”

“တကယ်ကြီး အဲဒီလို ပင်လယ်ပြင် တစ်ခုရှိနေတာပဲ။”

ချန်လွေ့က ထိတ်လန့်သွားခဲ့သည်။

အဲဒီပင်လယ်ပြင်မှာရှိတဲ့ စွမ်းအား အဆင့်ကို မပြောနဲ့။ ရေဒြပ်စင် ကောင်တွေကို အကြွင်းမဲ့ ထိန်းချုပ်နိုင်တဲ့ ရေဒြပ်စင်ဘုရင်၊ ကြက်သွေးရောင်သွားနှစ်ခွ ပင်လယ်ပြင်ရဲ့ရေဒြပ်စင်တွေက သူရဲ့ ထိန်းချုပ်မှုကနေ လွတ်သွားတာက အတော်လေးကို ထူးဆန်းတယ်။

လာလာရီယာနဲ့ တခြားသူတွေရဲ့ ရတနာရှာဖွေရေးက ဒီကြောက်စရာ အင်အားစုထဲမှာဖြစ်လောက်တယ်။

“မင်းရဲ့ စွမ်းရည်ကို ငါ အထင်သေးတာတော့ မဟုတ်ဘူး။ အဲဒီမှာရှိတဲ့ အန္တရာယ်ကို နတ်ဘုရား-ယောင် အဆင့်တောင် လစ်လျူရှုလို့ မရဘူး။ မင်း သေသေချာချာကို စဉ်းစားရမယ်။”

“ဒါဆိုရင် အရှင်မင်းကြီး ကျုပ်ကို အဲဒီပင်လယ်ပြင်ရဲ့ ခန့်မှန်းနေရာ ပြောပြပေးလို့ရမလား။”

“မင်းက စိတ်ပိုင်းဖြတ်ထားတဲ့ပုံပဲ။”

လန်ဘို့စ်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ။”

“အရှင်က ကျုပ်ကို အန္တရာယ် အကြောင်း သတိပေးချင်တာကို သိပါတယ်။ ပြီးတော့ ကျုပ်က အရှင့်ရဲ့ စေတနာ အတွက် ကျေးဇူးတင်ပါတယ်။”

ချန်လွေ့က ပုခုံးတွန့်လိုက်သည်။

“ကျုပ် ရတနာတွေ တပ်မက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် မိတ်ဆွေတွေ အဲဒီမှာ လမ်းပျောက် နေတာ ဖြစ်ဖို့များတယ်။ ပြီးတော့ သူတို့တွေ အသက်အန္တရာယ် ကျရောက်နိုင်တယ်။ အဲဒါကြောင့် ကျုပ် သွားရမယ်။”

“မိတ်ဆွေတွေ အတွက်လား။ ဒါကြောင့် မင်းကို မိုးရီက ယုံကြည်တာကိုး။”

လန်ဘို့စ်က လေးစားဟန် ပြသလိုက်သည်။

“ကျုပ်က ရေဒြပ်စင်ကောင်တွေရဲ့ မိတ်ဆွေလို့ အရှင်မင်းကြီးပြောခဲ့တာ မှတ်မိပါတယ်။”

“အဲဒါက ဆာ-အက်ဂ်လက်စ် ရှိလို့ ယဉ်ယဉ်ကျေးကျေး ပြောတာပါ။ အကျိုးအမြတ် အတွက်ပေါ့။”

လန်ဘို့စ် အသာလေး ပြုံးလိုက်၏။

“ငါတို့အားလုံး သိတဲ့အတိုင်းပဲ ရေဒြပ်စင်ကောင်တွေက အမြဲတမ်း လိမ်မာ ပါးနပ်ကြတယ်။ ဒါပေမဲ့…”

“ဘာဖြစ်လဲ။”

“အနာဂါတ်မှာ ထိတ်လန့်ဖွယ်ရာ စစ်ပွဲတစ်ခု ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ အဲဒီ မုန်တိုင်းမလာခင် ပြင်းစရာကောင်းတဲ့ တိတ်ဆိတ်မှု တစ်ခု ရှိနေမှာပဲ။ အဓိက ကုန်းမြေပေါ်မှာ ငါတို့ရဲ့ စွမ်းအားက အကန့်အသတ် ရှိပြီးနေတော့ တစ်လက်မတောင် မလှုပ်ရှားနိုင်ဘူး။ လိုင်းသရဖူရပြီးတော့ ငါလုပ်နိုင်တာ စောင့်တာပဲ။ အခုငါက အချိန်ကို ဘယ်လိုဖြုန်းရမလဲ ဆိုတာကိုပဲ စဉ်းစားနေတာ။ ဒီတော့ အတူတူ သွားကြတာပေါ့။”

ချန်လွေ့က အံ့အားသင့်သော အမူအရာ ပြသလိုက်သည်။

“အရှင်မင်းကြီးပြောတာက...”

“အဲဒီနယ်မြေက အတော်လေး ထူးဆန်းတယ်။ အဲဒီတုန်းက ဒြပ်စင်ဘုရင်ရဲ့ အသိစိတ်နဲ့ ငါ ဝင်သွားခဲ့တယ်။ မင်းကို သာမန်မြေပုံ တစ်ခုပေးလိုက်မယ်ဆိုရင် အဲဒီနေရာ အတိအကျ ရှာဖို့ သုံးလေးလ အချိန် ကြာသွားလိမ့်မယ်။ ဒါက အရေးပါတဲ့ အချိန်တွေ အလကား ဖြစ်သွားမှာ စိုးရတယ်။”

လန်ဘို့စ်က ရယ်လိုက်သည်။ “ပြီးတော့လည်း မင်းပြောတာကို နားထောင်ပြီးတော့ အဲဒီနေရာမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ငါ အဖြေရှာချင်တယ်။ ဒါပေမဲ့ ငါ့ရဲ့ လက်ရှိ စွမ်းအားက သိပ်ပြီးတော့ အကူအညီ မပေးနိုင်ဘူး။”

“ဒီလို ဆိုမှတော့ သွားကြတာပေါ့။”

ချန်လွေ့က ရေဒြပ်စင်ဘုရင်၏ အခန်း ကဏ္ဍကို အပေါ်ယံဖြင့် တိုင်းတာ၍ မရနိုင်ကြောင်းကို သေချာသိသည်။ အထူးသဖြင့် ထိုသို့ အဆုံးမဲ့ပင်လယ်ပြင် ဖြစ်သည်။ သူ၏ အကူအညီနှင့် ဆိုလျှင် သူတို့က ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်သို့ အမြန်ဆုံး ရောက်ရှိနိုင်လောက်မည်မှာ သေချာပေသည်။

“ကူညီပေးတဲ့ အတွက် ကျေးဇူး အများကြီး တင်ပါတယ်။ အရှင်။”

ချန်လွေ့က လန်ဘို့စ်နှင့် အတူ ကြယ်သင်္ဘောထဲ ဝင်သွားခဲ့သည်။

“ဒါက ရှေးဟောင်း အမွေအနှစ် ကနေ မင်း ရထားတဲ့ဟာလား။”

မရေမတွက်နိုင်သော မှတ်ဉာဏ် များနှင့် အသိပညာများရှိသော်လည်း လန်ဘို့စ်က ကြယ်သင်္ဘောထဲသို့ ဝင်ရောက်ပြီးနောက် အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။

“အတိအကျပြောရမယ်ဆိုရင် ဒါက ရှေးအဂ္ဂိရတ် အဖွဲ့အစည်းပဲ။ အဓိက ကုန်းမြေ အပြင်က အဖွဲ့အစည်း တစ်ခုပေါ့။”

ချန်လွေ့ မဖုံးကွယ်ထားခဲ့ပေ။

သို့သော်လည်း သူက စူပါစနစ်၏ လျှို့ဝှက်ချက်များကို ထုတ်ပြောမည် မဟုတ်ပေ။ ထိုအရာက သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။

သို့သော် သူက ၎င်းကို မည်သူကိုမှ မပြောပြခဲ့ပေ။ ထို့ပြင် မဟာ့မဟာ ဆရာသခင်၏ အမွေအနှစ်ကလည်း ထိုရှေးအဖွဲ့အစည်းနှင့် ပြီးပြည့်စုံစွာ ထပ်တူကျပြီး ဖြစ်ကာ အကောင်းဆုံး ဆင်ခြေတစ်ခု ဖြစ်လာခဲ့သည်။

ယခုတွင် သူက ဗဟိုထိန်းချုပ် အခန်းထဲ၌ ရှိနေပြီး ယာယီ အမိန့်ပေး၍ ရနိုင်သည်။ ထိုအရာက အဆောက်အအုံများကို ဗဟိုမှ ထိန်းချုပ်နေနိုင်ခြင်းနှင့် ညီမျှနေပြီး သလင်းကျောက်ဇာမဏီ၏ မူလခန္ဓာ ပျက်စီးခံရပြီးနောက်တွင် ထိခိုက်မှု ဖြစ်နိုင်မည် မဟုတ်ချေ။

သလင်းကျောက် ဇာမဏီက အဂ္ဂိရတ်မြို့ထဲမှ မည်သည့် အဆောက်အအုံကိုမဆို ယာယီ ထိန်းချုပ်ခန်းထဲသို့ ပုံရိပ်များ ပို့ပေးနိုင်သည်။ ထိုအရာက အဆင့်(၅) မြို့ပြ အဖွဲ့အစည်း၏ အံ့ဩဖွယ်ရာ အသုံးပြုမှု တစ်ခု ဖြစ်နေလေသည်။

“တော်လေးကိုထူးခြားတဲ့ အဖွဲ့အစည်းပဲ။”

ဗဟုသုတကြွယ်ဝသော လန်ဘို့စ်က နည်းပညာဆိုင်ရာ အဖွဲ့အစည်းနှင့် သာမန်မှော်ဆိုင်ရာ အဖွဲ့အစည်းတို့ကြား ခြားနားချက်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့သည်။

သူက တစ်ခါမှ မမြင်ဖူးသော ထိုအဂ္ဂိရတ် သက်ရှိများကို မြင်ရာ ပို၍ပင် မယုံကြည်နိုင် ဖြစ်ခဲ့သည်။

“ဒီတည်ရှိမှုက ဘယ်လောက်ပဲ ထူးဆန်းပါစေ၊ နောက်ဆုံးတော့ ပျက်စီးရတဲ့ တစ်နေ့ ရှိလာတာပဲ။”

“ငါနားလည်တာက ဒီအဖွဲ့အစည်းက မပျက်သုဉ်းခင် အဓိကကုန်းမြေဆီကို လွတ်မြောက်ခဲ့တာပဲ။ ဒါက အစိတ်အပိုင်း တစ်ခုပဲ ရှိသေးတယ်။ အဂ္ဂိရတ် အဖွဲ့အစည်းရဲ့ တကယ့် ကုန်းမြေကို ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုက ဖျက်ဆီးသွားခဲ့တာ ကြာပြီ။”

ချန်လွေ့က ထိုသို့ ပြောလိုက်စဉ် ဂရမ်လင် အစေခံများကို လက်ရှိ မြေပုံတစ်ခု တည်ဆောက်ရန်အတွက် အမိန့်ပေးလိုက်သည်။ လန်ဘို့စ်က အဂ္ဂိရတ် အဖွဲ့အစည်း အကြောင်း သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ သူက မြေပုံကို တစ်ချက်ကြည့်ပြီး လက်ထဲ အပြာရောင် အလင်းတစ်ခု ပေါ်လာခဲ့သည်။

“ဒါက ငါသိတဲ့ ပင်လယ်ပြင်ပဲ။ ဒါက မင်းရဲ့ ခရီးအတွက် အကူအညီ ဖြစ်လောက်တယ်။”

ချန်လွေ့က ချက်ချင်းပင် သလင်းကျောက် ဇာမဏီ၏ စိတ်ပုံရိပ်အား ထိုပင်လယ်မြေပုံကို ကူးယူရန်အတွက် အမိန့်ပေးခဲ့သည်။ ထို့နောက် ၎င်းကို ကြယ်သင်္ဘောမှ မြေပုံနှင့် ပေါင်းစပ် ခိုင်းလိုက်သည်။ ရလဒ်က အံ့အားသင့် စရာပင်။ လန်ဘို့စ် ပေးသော ပင်လယ်မြေပုံက အလွန် ကြီးမားလှပြီး သူသိထားသော ပင်လယ်ပြင်က ရေပုံးမှ ရေတစ်စက် မျှသာ ဖြစ်နေခဲ့သည်။

“မင်း ပြောတဲ့ စစ်သင်္ဘောရဲ့ အမြန်နှုန်းနဲ့ဆိုရင် ငါတို့တွေ မီရို ပင်လယ်ပြင်ကို သုံးရက်အတွင်း ရောက်နိုင်လောက်တယ်။ အဲဒါပြီးရင် ငါတို့ ဒီကနေ ထွက်သွားပြီးတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပင်လယ်ပြင်ကို အာရုံခံနိုင်ဖို့အတွက် လမ်းလျှောက်သွားရမယ်။”

All Chapters