ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်
Vol. 66 Ch. 1066
ပင်လယ်ပြင်ရှိ များပြားလှသော အင်အားကြီးအင်အားစုများ၏ တည်ရှိမှုကြောင့်ချန်လွေ့က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို မဖြစ်စေရန် အချိန်တိုတောင်းရန် နေရာလွတ်ကူးပြောင်းခြင်းကို အသက်မသွင်းခဲ့ပေ။ ထိုအစား သူက လန်ဘို့စ်၏ အကြံဉာဏ် အတိုင်း ပျံသန်းခြင်း ပုံစံဖြင့်သာ သွားခဲ့သည်။
ထိုဧရာမမြေပုံနှင့်အတူ ကြယ်သင်္ဘောက မီရိုပင်လယ်ပြင်ဟု လန်ဘို့စ် ခေါ်သော နေရာသို့ အတားအဆီး အနည်းငယ်ကို ကျော်ဖြတ်ပြီး ပျံသန်းသွားခဲ့သည်။
ထိုနေရာမှ ပင်လယ်ပြင်က အတော်လေး လှိုင်းကြီးလှသည်။ ကြယ်သင်္ဘောက ကျွန်းငယ်လေး တစ်ခုဘေးနား ဆင်းသက်ခဲ့သည်။ မီရိုပင်လယ်ပြင်သို့ ဝင်ပြီးနောက် ချန်လွေ့နှင့် လန်ဘို့စ် တို့က ကြယ်သင်္ဘောမှ ထွက်ခွာခဲ့သည်။ အကြောင်းမှာ ရေဒြပ်စင်များကို အာရုံခံရန် အတွက်ပင်။
“တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ ကိုယ်ယောင်ဖျောက် ပညာရပ်ပဲ... ဒါက အသွင်အပြင် ပြောင်းလဲသွားတဲ့ အပြင်ကို ကျွန်းနဲ့လည်း ပေါင်းစပ်သွားသလိုပဲ။
လေထဲမှာ ရေဒြပ်စင် အတက်အကျ တွေကို အာရုံခံ နေရတာတောင် ထူးဆန်းတာ သိပ်ပြီး မခံစားရဘူး။” လန်ဘို့စ်က ကျွန်းနှင့် ပေါင်းစပ် နေသော ကြယ်သင်္ဘောကို မြင်ရာ ချီးကျူးလိုက်သည်။
“ငါ့ရဲ့ မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ခဲ့ရင် ယုံကြည်မှာ မဟုတ်ဘူး။ မြေဒြပ်စင်တွေနဲ့ အမြင့်ဆုံး အာရုံခံရှိတဲ့ မိုးရီကပဲ ဒီရဲတိုက် တည်ရှိမှုကို ရှာတွေ့လောက်တယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ကြယ်သင်္ဘော၏ ကိုယ်ယောင်ဖျောက်ခြင်းက အမှန်တကယ်ပင် ထူးခြားလှသည်။ သူ၏ စိတ်ဝိညာဉ် အာရုံခံကြောင့်သာ မဟုတ်လျှင် ၎င်းကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ ချန်လွေ့က မိစ္ဆာထောင်ချောက် သင်္ဘောကို ထုတ်တော့မည့် အချိန်၌ လန်ဘို့စ်က ခေါင်းပေါ်မှာ လှိုင်းသရဖူကို ချွတ်လိုက်သည်ကို မြင်လိုက်ရပြီး ၎င်းက ထူးဆန်းသော သင်္ဘောငယ် တစ်စင်းအဖြစ် သူ၏ အရှေ့တွင် ပေါ်လာခဲ့သည်။ သင်္ဘောတစ်စင်းလုံး သလင်းကျောက်ကဲ့သို့ ဖောက်ထွင်း မြင်နေရပြီး လှပသော အပြာရောင် အလင်းများ ထုတ်လွှတ်နေခဲ့သည်။
“ဒါက... ရေသင်္ဘောပဲ”
ချန်လွေ့က အမုန်းတရား နယ်မြေထဲသို့ ဒြပ်စင်ဘုရင်နှစ်ပါးနှင့် နဂါးဧကရာဇ် ယောက္ခထီးတို့နှင့်အတူ သွားခဲ့သောအချိန်ကို သတိရသွား၏။ ထိုစဉ်က သူတို့သည် ရေဇစ်မြစ် အပိုင်းအစဖြင့် ဖန်တီးထားသော ထိုသင်္ဘောကို စီးကာ ပင်လယ် အောက်ခြေရှိ သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို ရင်ဆိုင်ခဲ့ကြသည်။
ထိုသင်္ဘောက မိစ္ဆာထောင်ချောက် သင်္ဘောထက် များစွာ အစွမ်းထက် လှပေသည်။ ၎င်းက ရေဒြပ်စင် ဘုရင်၏ အစွမ်းကို အမြင့်ဆုံး တိုးပေးနိုင်ပြီး “ရေငုတ်သင်္ဘော” အဖြစ်လည်း အသွင်ပြောင်းနိုင်သည်။
ချန်လွေ့က ရေသင်္ဘောထဲသို့ ဝင်လိုက်သည်။ လန်ဘို့စ်၏ မျက်လုံးများ လက်ကနဲ ဖြစ်သွားကာ ပတ်ဝန်းကျင်ရှိ ရေများက သင်္ဘောကို တဖြည်းဖြည်း သယ်ဆောင်သွား၏။ သင်္ဘောက မြန်နှုန်းမြှင့် ဒုံးစက်တစ်ခု တပ်လိုက် သလိုမျိုးပင် အရှေ့သို့ အမြန် ပြေးသွားခဲ့သည်။ ၎င်းက ချောမွေ့ပြီး မြန်ဆန်ကာ အနီးနားမှ လေများ၊ လှိုင်းများကြောင့် လုံးဝ သက်ရောက်ခံရခြင်း မရှိပေ။ မိစ္ဆာ ထောင်ချောက်သင်္ဘောက အရှိန်ကုန် သွားလျှင်ပင် ၎င်းထက် နည်းပါးမည် ဖြစ်သည်။ သူက အမှန်တကယ်ပင် ရေဒြပ်စင်ဘုရင် အမည်နှင့် ထိုက်တန် လှပေသည်။ ထိုသင်္ဘောက ပင်လယ်ပြင်ပေါ်တွင် မြေပြန့်ပေါ် လမ်းလျှောက်နေသလို ဖြစ်နေ၏။
ရေသင်္ဘော၏ အမြန်နှုန်းက အတော်လေး မြန်ဆန်လှသော်လည်း နှစ်နာရီကြာပြီးနောက် မျက်စိ တစ်မှိတ် အတွင်း ရှေ့တည့်တည့် အမြန်နှုန်းဖြင့် ပျံသန်းနေသော သင်္ဘောက မည်သည့် အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ချန်လွေ့၏ စိတ်ထဲ၌ ရင်းနှီးသော ခံစားချက် တစ်ခု ရရှိလာခဲ့သည်။ ကြယ်မြို့ ပေါင်းစည်း သွားသော ကျွန်း အသေးလေး တစ်ခုက သူ၏အရှေ့၌ ပြန်လည် ပေါ်လာပြန်သည်။
သူတို့ အသေအချာပင် တည့်တည့် ရွက်လွှင့်နေကြသော်လည်း တစ်နေရာတည်းကို မမျှော်လင့်ဘဲနှင့် ပြန်လည်ရောက်ရှိလာခဲ့သည်။
ထိုအချိန် အတွင်း ချန်လွေ့က မူမမှန်မှု တစ်ခုကို ခံစားလိုက်ရသည်။ အချို့သော ပင်လယ်ပြင်များ၌ ထူးဆန်းသော စွမ်းအားများကြောင့် သက်ဆိုင်ရာတုံ့ပြန်မှုများ ရှိသည်မှာ မထူးဆန်းလှပေ။ နောက်ဆုံး၌ လန်ဘို့စ်က သူ့ကို မည်သည့် အတွက်ကြောင့် ပင်လယ်ပြင်မြေပုံ ပေးခဲ့ကြောင်း သဘောပေါက် သွားခဲ့သည်။ သို့မဟုတ်လျှင် သူက ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်သို့ ဝင်ရောက်နိုင်ဦးမည် မဟုတ်ချေ။
လန်ဘို့စ်က ခဏစဉ်းစားပြီးနောက် ရေသင်္ဘောက ငါးကြီးတစ်ကောင် အဖြစ် အသွင်ပြောင်း သွားခဲ့ပြီး သူတို့ နှစ်ယောက်ကို ရစ်ပတ်ကာ ရေထဲသို့ ခုန်ဆင်း သွားခဲ့သည်။ အာရုံခံမှုကို အသက်သွင်းလိုက်သော ချန်လွေ့က ထူးဆန်းသော အခြေအနေသို့ ရောက်ရှိ သွားကြောင်း အာရုံခံ လိုက်ရပြီး သူက ပတ်ဝန်းကျင်ရှိ ပင်လယ်ရေနှင့် တစ်သားတည်း ဖြစ်သွားသလို ဖြစ်သွားခဲ့သည်။ ထို့ပြင် ပင်လယ်ရေကလည်း သူ၏ ခန္ဓာကိုယ်ထဲ၌ စီးဆင်းနေသော သွေးများကဲ့သို့ ဖြစ်နေခဲ့သည်။
ပင်လယ်ရေအောက်၌ သူ၏ အမြင်က ပုံမှန် ဖိနှိပ်ခြင်းမခံရဘဲ အဆများစွာ ကျယ်ပြန့်သွားခဲ့သည်။
ထိုအရာက ရေဇစ်မြစ် အပိုင်းအစ အစွမ်းကြောင့် ဖြစ်မည်။ ကံဆိုးစွာပင် ချန်လွေ့က ရေဒြပ်စင်မှော်ပညာကို လေ့ကျင့်သူတစ်ယောက် မဟုတ်ပေ။ သို့မဟုတ်ပါက ထိုအမြင်တစ်ခုတည်း ကပင် သူ၏ ရေဒြပ်စင်ထိန်းချုပ်မှုကို ပိုမြင့်သော အဆင့်သို့ ရောက်ရှိ စေနိုင်မည် ဖြစ်သည်။
လန်ဘို့စ်က ငါးကြီးတစ်ကောင် အဖြစ် အသွင်ပြောင်း သွားသော ရေသင်္ဘောကို ထိန်းချုပ်ကာ ပင်လယ် ကြမ်းပြင်သို့ ထိုးဆင်း သွားခဲ့သည်။ ချန်လွေ့က ပင်လယ် ရေနက်လေ့ကျင့်ရေးကို လေ့ကျင့်ရေး ကွင်းပြင်၌ ကြုံတွေ့ခဲ့ပြီး ထိုအနက်၌ ဖိအားက အတော်လေး ကြီးမား၏။ မာကျောလှသော သတ္တုများသည်ပင် ပုံပျက် သွားနိုင်၏။ သို့ရာတွင် ရေသင်္ဘောက အနည်းငယ်မျှ မပြောင်းလဲသွားခဲ့ပေ။ ချန်လွေ့ သိသော သိပ္ပံနိယာမများအရဆိုလျှင် အတွင်းနှင့်အပြင် ဖိအားများက အဆက်မပြတ် ချိန်ညှိရန် လိုအပ် သော်လည်း ထိုလောက၌ အထူး သဖြင့် ရေဒြပ်စင်များ ထိန်းချုပ်သော ဒြပ်စင်ဘုရင်အတွက် အရာရာတိုင်း ဖြစ်နိုင်ပေသည်။
တဖြည်းဖြည်းနှင့် ချန်လွေ့က တစ်သားတည်း ဖြစ်သွားသော ခံစားချက် ရပ်တန့်ပြီး အားနည်း သွားသလို ခံစားလိုက်ရသည်။ ပေါင်းစည်းမှုက ငြင်းပယ်ခြင်း အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ သူက မျက်စိမမြင်လုနီးပါး ဖြစ်သွားခဲ့ပြီး အဝေးမှ အရာများကိုပင် မမြင်နိုင် တော့ပေ။
ရေဒြပ်စင်ဘုရင်၏ အစွမ်းက နတ်ဆိုးအရှင်သခင်အဆင့် အထွတ်အထိပ်သာ ဖြစ်သော်လည်း ရေဒြပ်စင်များ အပေါ် သူ၏အာရုံခံနှင့် ထိန်းချုပ်မှုတို့က ချန်လွေ့ထက် ပိုမို၍ အားကောင်းပေသည်။ ပင်လယ် ရေနက်ထဲ၌ ငါးကြီးက လှုပ်ရှား နေခဲ့ပြီး လမ်းတလျှောက်ရှိ အန္တရာယ် အမျိုးမျိုးကို ရှောင်တိမ်းနေခဲ့သည်။
သုံးလေးနာရီ ကြာပြီးနောက် ပင်လယ် ရေနက်ထဲ၌ ခရီးသွား နေသော ရေနက်သင်္ဘောက အလျင် အမြန်ပင် ရေပြင်ပေါ် ပြန်တက် လာခဲ့သည်။
ထိုနေရာက အသစ်စက်စက် ပင်လယ်ပြင်တစ်ခု ဖြစ်နေခဲ့သည်။
ချန်လွေ့၏ ပထမဆုံး ခံစားချက်က သုန်မှုန်နေခြင်းပင်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ရာ ထူထဲသော တိမ်တိုက်နက်များဖြင့် ဖုံးလွှမ်းနေကြောင်း မြင်လိုက်ရသည်။
အနက်ရောင်တိမ်တိုက်များက အလွန် ကြီးမားသော အဖုံးကြီး တစ်ခုနှင့်တူပြီး ပင်လယ်ပြင်ကို အုပ်မိုး ထားခဲ့သည်။ နောက်လှည့် ကြည့်လိုက်ရာ ကောင်းကင်တွင် တိမ်တိုက်များ ရှိမနေဘဲ ရှေ့တွင်သာ အနက်ရောင်များ ဖုံးလွှမ်းနေခဲ့သည်။
ထိုအနက်ရောင် တိမ်တိုက်များက တစ်နှစ်ပတ်လုံး တည်ရှိနေပုံရသည်။ ရုတ်တရက် သူက စိတ်ထဲ၌ ပြင်းထန်သော စိတ်ဓာတ်ကျမှုတစ်ခု ခံစားလိုက်ရသည်။ ထိုအရာက ပတ်ဝန်းကျင်ကြောင့် သာမက အမည်မသိ စွမ်းအား တစ်ခု ကြောင့်လည်း ဖြစ်သည်။
“ဒီမှာရှိတဲ့ ရေဒြပ်စင် စွမ်းအားက ရန်လိုမှုနဲ့ ပြင်းထန်မှုတွေ ပြည့်နှက် နေတယ်။ လုံးဝ ထိန်းချုပ်လို့ မရလုနီးပါးပဲ...”
လန်ဘို့စ်က မျက်မှောင်ကြုတ် လိုက်သည်။
“ငါ့ရဲ့ မှတ်ဉာဏ် အတိုင်းဆိုရင် အဲဒီတုန်းက အငွေ့အသက်က ဒီထက် အများကြီး နိမ့်ကျတယ်။ အခုတော့ အနည်းဆုံး အဆ၁၀၀ ပိုပြီးတော့ ပြင်းလာတယ်။”
“ဒီနေရာက ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်လား...”
ချန်လွေ့က ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အသေအချာပင် အန္တရာယ် ခံစားချက်တစ်ခု ရှိနေ၏။
“ အတိအကျ ပြောရရင်တော့ ဒါက ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင် အစွန်နားပဲ။ ရေဇစ်မြစ် အပိုင်းအစရဲ့ စွမ်းအားနဲ့ ပင်လယ်ပြင် အတွင်းထဲကို လွယ်လွယ်နဲ့ ဝင်နိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ငါတို့ ဒီမှာပဲ ရပ်ရတော့မယ် ထင်တယ်။”
“ဒါက အစွန်ပဲ ရှိသေးတာလား၊”
ချန်လွေ့က မယုံကြည်နိုင်စွာဖြင့် အရှေ့မှ အနက်ရောင် တိမ်တိုက် များထဲ၌ အမည်မသိ အန္တရာယ်များ လွှမ်းခြုံနေသော ပင်လယ်နယ်မြေကို ကြည့်လိုက်ပြီး စိတ်ထဲ၌ သတိထား နေလိုက်သည်။
“ငါ စဉ်းစားနေတာ..... ဒီမှာရှိတဲ့ ရေဒြပ်စင် ရန်လိုမှုက အဆ၁၀၀ ပိုပြီးတော့ အားကောင်းလာတယ် ဆိုတော့ အဲဒီတိုက်ခိုက်မှုက...”
ထိုသို့ပြောပြီးနောက်တွင် သင်္ဘောငယ်က အလျင်အမြန်ပင် ငါးကြီးတစ်ကောင်ပုံစံ ပြောင်းသွား ခဲ့လေသည်။
“အဲဒီတိုက်ခိုက်မှုမျိုး ဟုတ်လား..”
ချန်လွေ့ ထိုသို့ပြောလိုက်သည်နှင့် အန္တရာယ် အချက်ပေး တစ်ခုက ရုတ်တရက် လှိမ့်တက်လာခဲ့သည်။ သူတို့က ရေသင်္ဘောထဲ ရှိနေသည့် အတွက် ရေဒြပ်စင် ဘုရင်က အလျင်အမြန် တုံ့ပြန်လိုက်သည်။ ငါးကြီးက ပုံမှန် ငါးတစ်ကောင် ကဲ့သို့ပင် ခုန်လိုက်ပြီး ချက်ချင်းပင် မီတာ ဒါဇင်ခန့်သို့ ရောက်ရှိ သွားခဲ့သည်။ မရေမတွက်နိုင်သော ထက်မြက်လှသည့် အစွယ်များက ခုနက ရေသင်္ဘော ရှိနေသောနေရာမှ ထွက်လာခဲ့သည်။ ထိုအစွယ်များက အလျား မီတာ၁၀၀ခန့် ရှိပြီး နတ်ဆိုး သားရဲ တစ်မျိုးမျိုး၏ အစွယ်ကဲ့သို့ တူနေခဲ့သည်။
ထို့နောက် ချက်ချင်းပင် အစွယ်များ အတူတကွ ပေါက်ကွဲ သွားခဲ့သည်။ ထိုပေါက်ကွဲမှုအားက အတော်လေး အားကောင်းလှသည်။ လေထဲ၌ ရှိနေဆဲ ဖြစ်သော ရေသင်္ဘောက ချက်ချင်းပင် ပေါက်ကွဲ ထွက်သွား ခဲ့သည်။ ပေါက်ကွဲမှုက ရေသင်္ဘောကို ထိခိုက်မှု မဖြစ်စေခဲ့ပေ။ ၎င်းက မျှခြေ ဆုံးရှုံးသွား သော်လည်း လေထဲ၌ သုံးလေးခေါက် လည်ပတ်ပြီးနောက် ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ရေထဲသို့ ချောချောမွေ့မွေ့ ပြန်လည် ဆင်းသက် လာခဲ့သည်။ ထို့နောက် ရေသင်္ဘောက တဖန် ထွက်သွား ပြန်ပြီး ဘေးဘက်သို့ အမြန်ရောက်ရှိ သွားပြန်၏။ ရေထဲမှ ထွက်လာသော အလွန်ကြီးမားသည့်လက်တံတစ်ခု၏ဖမ်းဆီးမှုကို ရှောင်တိမ်း လိုက်ခြင်း ဖြစ်သည်။ လေကို ထိသွားသော လက်တံက ပင်လယ်ရေကို ရိုက်မိ သွားခဲ့ပြီး လက်သီးချက်ပေါင်း ရာနှင့်ချီ အဖြစ် ပြောင်းသွားသော အလွန်ကြီးမားသည့် လှိုင်းလုံးများကို ဖြစ်စေကာ ရေသင်္ဘောထံသို့ အမြန် ရောက်ရှိသွားသည်။
ရေသင်္ဘောက လက်သီးချက်များကို ရှောင်တိမ်းလိုက်သည်။
ချန်လွေ့မျက်မှောင်ကြုတ်လိုက်၏။
“ဒါတွေက ရုပ်ဖြစ်တည်မှုတွေနဲ့ မတူသလိုပဲ။”
“ဒါတွေက ထူးဆန်းတဲ့ စွမ်းအားနဲ့ ပေါင်းစည်းထားတဲ့ ဒြပ်စင်စွမ်းအားပဲ။ ဖြတ်သန်းလာတဲ့ အပြင်လူတွေ အားလုံးကို တိုက်ခိုက်နေတာ။”
ရေသင်္ဘောကို ထိန်းချုပ်ကာ ရှောင်တိမ်း နေသော လန်ဘို့စ်က ပြန်ဖြေလိုက်သည်။
“ထင်တဲ့အတိုင်းပဲ တိုက်ခိုက်မှု ပြင်းအားက အရင်တစ်ခေါက်ထက် ပိုပြီးတော့ အားကောင်းလာတယ်။”
“သင်္ဘောအနေနဲ့ ပြန်ပြောင်း လိုက်တာ ပိုကောင်းမယ်။ ဒီတိုက်ခိုက်မှုတွေကို ကျုပ် ကိုင်တွယ် လိုက်မယ်။”
“မင်းရဲ့ စွမ်းအားနဲ့ ဆိုရင် ဒီတိုက်ခိုက်မှုတွေကို အနိုင်ယူဖို့က မခက်ဘူး။ ဒါပေမယ့် ငါတို့က ဒီအပြင်ဘက် ပင်လယ်ပြင်ကနေ ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ဒါက ဧရာမ ဝင်္ကပါကြီး တစ်ခု ဖြစ်နေလို့ပဲ။ ဒါက အဆက်မပြတ် လည်ပတ်မှုတွေနဲ့ ပြည့်နေတဲ့ အလွှာအလွှာတွေ ထပ်နေတာ။ ပြီးတော့လည်း ခုနက မီရိုပင်လယ်ပြင်ထက်ကို ပိုပြီးတော့ အင်အားကြီးတယ်။ တိုက်ခိုက်မှုကို ခံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ရေဒြပ်စင်တွေကို သက်ရောက်နေတဲ့ ထူးဆန်းတဲ့ စွမ်းအားအရင်းအမြစ်ကို အာရုံခံဖို့ပဲ။ ဒီအတိုင်းဆိုရင် ငါတို့က တကယ့် ကြက်သွေးရောင် သွားနှစ်ခွ ပင်လယ်ပြင်ထဲကို ရောက်နိုင်မယ်။”
ထိုကဲ့သို့ ပင်လယ်နယ်မြေက အလွန်အမင်း ကျယ်ပြောလှကြောင်း ချန်လွေ့သိသည်။ သူက စွမ်းအား ကိုသာ မှီခိုနေမည် ဆိုလျှင် နှစ်ဆ အားထုတ်ရပြီး ရလာဒ် တဝက်သာ ရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူက ရွေးစရာ မရှိတော့ဘဲ ခေါင်းညိတ် လိုက်ပြီး ရေဒြပ်စင် ဘုရင်ကိုသာ ကိုင်တွယ်စေသည်။
ပင်လယ်ပြင်ထဲမှ တိုက်ခိုက်မှုများ ပို၍ ပြင်းထန်လာခဲ့သည်။ ၎င်းတို့က တစ်ခါတစ်ရံ ပုံစံအမျိုးမျိုး ပြောင်းလဲ သွားခဲ့သည်။ ထို့အပြင် ၎င်းတို့က မကုန်ခမ်းနိုင်အောင်ပင် ဖြစ်သည်။ ရေဒြပ်စင်ဘုရင်က စွမ်းအားများကို အဆုံးစွန်အထိ အသုံးပြုနေရသည်။
ရေသင်္ဘောက အခက်အခဲ အမျိုးမျိုးကို ရှောင်တိမ်းနိုင်ရန် အတွက် အမျိုးမျိုးလှုပ်ရှားနေရသော ရေကူးနေသည့် ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းက သစ်ရွက် တစ်ခုလို ဖြစ်နေခဲ့ပြီး ပင်လယ်ရေက မည်မျှပင် လှိုင်းထန် နေစေကာမူ ထိုအားနှင့်အလိုက် ယိမ်းနေခဲ့သည်။
ထိုအခြေအနေမျိုးက စိတ်အေး သက်သာလှသော်လည်း အမှန်၌ လန်ဘို့စ်၏ စွမ်းအားအများအပြားကို ကုန်ဆုံးစေသည်။ ချန်လွေ့က ၎င်းကို သတိထားမိသော်လည်း မကူညီနိုင်ခဲ့ပေ။
ထိုအချိန်၌ ရေဒြပ်စင်ဘုရင်၏ မျက်လုံးများ အရောင်တောက် သွားခဲ့သည်။
“တွေ့ပြီ။ မင်း အနားမှာပဲ...”
“ဟုတ်ပြီ...”
ချန်လွေ့က အချိန် အကြာကြီး စိတ်ကို ထိန်းထားနေခဲ့သည်။ သူက ကြယ်စွမ်းအားကို အလျင်အမြန်ပင် စတင် စုစည်းလိုက်သည်။ လေထဲသို့ ရေသင်္ဘောက မြောက်တက်သွားပြီး အလျင်အမြန်ပင် ရေကူးနေသော ငါးပုံစံမှ တောင်ပံ ခတ်နေသော ဝန်လက်ငှက် တစ်ကောင် အဖြစ် အလျင်အမြန် ပြောင်းသွားခဲ့သည်။
ရေပြင်ပေါ် စုစည်းနေသော ရေဒြပ်စင်များက ထိုအရာကြောင့် တိုက်ခိုက်မှု မရပ်တန့် သွားခဲ့ပေ။ ကြီးမားသော ရေလှိုင်းလုံးများက ကောင်းကင်ထဲသို့ တက်လာပြီး လက်ဝါး အဖြစ် ပြောင်းလဲသွားကာ ဝန်လက်ငှက်ကို ဆွဲယူလိုက်သည်။ အောက်ဘက်၌ နွယ်ကဲ့သို့ လက်တံများလည်း ရှိနေခဲ့သည်။
ရုတ်တရက် အပူချိန် လျော့ကျ သွားကြောင်း လန်ဘို့စ် ခံစားမိ လိုက်ရပြီး သူ၏ နှလုံးသားက အနည်းငယ် အေးခဲသွားခဲ့သည်။ ရေဒြပ်စင်ဘုရင်ဖြစ်သည့် အလျောက် သူက ရေဒြပ်စင် မှော်ပညာတိုင်းကို တတ်ပြီး အေးခဲမှုကို မကြောက်ပေ။ သို့သော်လည်း ထိုသို့ နိမ့်ကျသော အပူချိန်က အမှန်တကယ်ပင် သူ၏ ရေဒြပ်စင် နှလုံးသားကို ထိခိုက်စေ နိုင်သည်။ ဒါက ပုံမှန် အေးခဲခြင်း မဟုတ်ဘူး။
ထိုအချိန် တိုက်ခိုက်မှုအားလုံးက ရပ်တန့် သွားကြပြီး ချက်ချင်းပင် ရေခဲ ဖြစ်သွားကြသည်။ ထိုအေးခဲမှုက အလျင်အမြန် ပျံ့နှံ့သွားပြီး အနီးနားရှိ ပင်လယ်ပြင်လည်း ရေခဲ ဖြစ်သွား ခဲ့သည်။ ထိုကဲ့သို့ ထူးဆန်းသော စွမ်းအားများက အလျင်အမြန်ပင် ဖိနှိပ်ခံလိုက်ရသည်။
လန်ဘို့စ်က ထိုအေးခဲစွမ်းအား၏ စစ်မှန်သော ဂုဏ်သတ္တိကို အာရုံ ခံမိပြီး အနည်းငယ် အံ့အားသင့် မိသွားသည်။
“အတော်လေးကို စွမ်းအားကြီးတဲ့ ပျက်စီးခြင်း ဥပဒေသပဲ။ မင်းရဲ့ စွမ်းအားက သာမန် နတ်ဘုရား တစ်ပိုင်းအဆင့် အထွတ်အထိပ် ထက်တောင် ကျော်နေနိုင်တယ်...”
နတ်ဘုရားတစ်ပိုင်းအဆင့် အထွတ်အထိပ်လား။
ချန်လွေ့က ပြုံးလိုက်ပြီး ဘာကိုမှ မရှင်းပြခဲ့ပေ။ ၎င်းက [ဆောင်းပိုင်နက်] စွမ်းအား ဖြစ်သည်။ ဓူဝံကြယ်ခရမ်းဧကရာဇ်သို့ အဆင့် တက်ပြီးနောက် ဥပဒေသ အပေါ် အသုံးပြုမှုက ပြီးပြည့်စုံလုနီးပါး ဖြစ်လာခဲ့သည်။ ၎င်းက အဆင့်တူ အချင်းချင်းတွင် ဖိနှိပ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ ရေဒြပ်စင် ဘုရင်၏ ချီးကျူးမှုများက သူ့ကို လျှော့တွက်နေဆဲဖြစ်သည်။
ဝန်လက်ငှက်အဖြစ် ပြောင်းလဲ သွားသော ရေသင်္ဘောက တောင်ပံ ဖြန့်ကာ ပျံသန်းသွားခဲ့သည်။ ပျံသန်သွားသောနေရာတိုင်း နောက်မှ ပင်လယ်က ရေခဲသွား၏။ ချန်လွေ့ အကူအညီဖြင့် လန်ဘို့စ်က လိုင်းသရဖူ စွမ်းအားကို အနှောင့်အယှက် မရှိဘဲ အသုံးပြု နိုင်ခဲ့သည်။ သူက လက်များကို ထူးဆန်းသော လှိုင်းတွန့်များဖြင့် ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ကြက်ခြေခတ် ရေအမှတ်အသားများ ပေါ်လာပြီး အရှေ့ ပင်လယ်တွင် ထူးဆန်းသော ဝဲကတော့ တစ်ခု ပေါ်လာခဲ့သည်။
သို့သော်လည်း ခဏအကြာတွင် ဝဲကတော့က ကျုံ့လာခဲ့သည်။ ဝန်လက်ငှက်က အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲ သွားခဲ့ပြီး ထိုဝဲကတော့ထဲ အမြန်ပျံသွားသည်။ ချန်လွေ့လည်း [ဆောင်းပိုင်နက်]ကို ဖယ်ရှားလိုက်ပြီး လက်သီးဖြင့် အလျင်အမြန် တိုက်ခိုက်လိုက်သည်။ လမ်းတလျှောက် ပင်လယ်ရေကြောင့် ဖြစ်လာသော အမျိုးမျိုးသော တိုက်ခိုက်မှုများ အမှုန့် ဖြစ်သွား၏။
ဝဲကတော့ဆီသို့ ချဉ်းကပ်သော အခိုက်အတန့်၌ ရေသင်္ဘောက ဝန်လက်ငှက်မှ ငါးကြီးအဖြစ်သို့ ပြောင်းသွားပြီး ဝဲကတော့ထဲသို့ ခုန်ဝင်သွားလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ကျုံ့လာနေသော ဝဲကတော့က ပျောက်ကွယ်သွားခဲ့ပြီး တိုက်ခိုက်မှု ပုံစံ အမျိုးမျိုးကလည်း ရပ်တန့် သွားကာ မူလအတိုင်း ပြန်လည် ငြိမ်သက်သွားတော့သည်။
အနည်းငယ် မူးဝေသွားပြီးနောက် ချန်လွေ့နှင့် လန်ဘို့စ်တို့က တခြား ပင်လယ်ပြင်တစ်ခုထဲသို့ ရောက်ရှိ သွားတော့သည်။