← Chapters

ချိန်ဆခြင်း

Vol. 66 Ch. 1070

ချိန်ဆခြင်း

Vol. 66 Ch. 1070

အရိုးကျွန်း နှစ်ကျွန်းကို တစ်ခါတည်း ဖျက်ဆီး။ ပြီးရင် ဒီလော့စ်ရိုရဲ့ စိတ်ပုံရိပ်ကို ရှင်းပစ်။

ခုနက ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲရဲ့ အခြေအနေကို ပြန်ကြည့်ရင် ဒါက ခက်ခဲလွန်းတယ်။

မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်၏ မသေနိုင်သော ပုံရိပ်ပင် ပြိုင်ဘက်ကင်း ဖြစ်နေပြီး မူရင်းပုံစံနှင့် ပို၍နီးစပ်သည့် စိတ်ပုံရိပ် ကို ဖျက်ဆီးရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ရေဒြပ်စင်ဘုရင်၏ အဆိုအရ ဒီလော့စ်ရိုကို အနိုင်ယူရန် အတွက် အရိုးကျွန်းနှစ်ခုလုံးကို တစ်ခါတည်း ဖျက်ဆီးပစ်ရမည်။ သို့မဟုတ်ပါက ဒီလော့စ်ရို၏ စွမ်းအားက အဆုံးမဲ့ ဖြစ်နေလိမ့်မည်။ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိနိုင်ချေ။

အရိုးကျွန်းများ ဖျက်ဆီးခံရပြီး နောက်တွင် ဒီလော့စ်ရို၏ စဉ်ဆက်မပြတ် စွမ်းအင်စီးဆင်းမှုကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ထိုအခါမှသာ သူ့ကို အနိုင်ယူရန် ဖြစ်နိုင်ခြေ ရှိလာပေမည်။ အရိုးကျွန်းများ၏ ခိုင်ခံ့မှုကို မပြောနှင့်ဦး၊ ၎င်းတို့တွင် ဖြည့်စွက်သည့် ထူးခြားချက်လည်း ရှိနေသေးသည်။ ထိုအရာများကို အင်မတန် အစွမ်းထက်လှသော လူနှစ်ယောက် တစ်ချိန်တည်း တိုက်ခိုက်မှသာ ဖျက်ဆီးနိုင်လိမ့်မည်။ သို့မဟုတ်ပါက ၎င်းတို့သည် မသေနိုင်သလောက်ပင်။

ထိုပထမအဆင့်ကို ပြီးမြောက် နိုင်ရန်အတွက် အနည်းဆုံး ချန်လွေ့က အစွမ်းထက်သော အကူအညီပေးမည့်သူကို ရှာဖွေရပေမည်။

အိုလစ်ဖီးရက်စ်နှင့် လာလာရီယာတို့သည် နဂါးဧကရာဇ် အက်ဂ်လက်စ်၏ သမီးနှစ်ယောက် ဖြစ်သည်။ သူ့သမီးများ အန္တရာယ် ကြုံနေသည်ကို သိပါက နဂါးဧကရာဇ် စိတ်နေ စိတ်ထားအရ ချက်ချင်းပင် ရောက်လာလိမ့်မည်။ သို့သော် ပြဿနာမှာ အက်ဂ်လက်စ်သည် အလွန်ဆုံး နတ်ဘုရား-ယောင် ကနဦးပိုင်းသာ ဖြစ်သည်။ ၎င်းသည် ချန်လွေ့ထက် အများကြီး နိမ့်ကျ၏။ နဂါးများ၏ သဘာဝအားသာချက်များ ရှိသည့်တိုင် မလုံလောက်သေးပေ။ သူ အကောင်းဆုံး ကြိုးစားလျှင်ပင် အောင်မြင်မည်မဟုတ်ချေ။ အက်ဂ်လက်စ်ကို ထိုနေရာသို့ လာခိုင်းခြင်းက သူ့ကိုသတ်ခြင်းနှင့် အတူတူပင်။

ချန်လွေ့တွင် ယခု သိဒ္ဓိအရိပ်စက်လုံး ရှိနေသည်။ သူက ကိုယ်ပွားကို အသုံးပြုပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်ရန် စဉ်းစားနိုင်သည်။ သို့သော် သိဒ္ဓိအရိပ်စက်လုံးက မူရင်းခန္ဓာကိုယ်၏ တိုက်ခိုက်မှုစွမ်းအား တစ်ဝက်သာ ထုတ်လွှတ်နိုင်သည်။ ထို့အပြင် ၎င်း၏ စွမ်းအားမှာ အကန့်အသတ် ရှိပြီး အသုံးပြုမှုအပေါ် မူတည်ကာ လျော့ကျသွားမည့် စွမ်းအင်သိုလှောင်သည့် ဘက်ထရီနှင့် တူသည်။ အထူးသဖြင့် [ဓူဝံကြယ် အသွင်ပြောင်းခြင်း] အခြေအနေက စွမ်းအင်များစွာ သုံးစွဲပြီး အကြာကြီး မခံပေ။ ရန်သူကို ရင်ဆိုင်ရသည့်အခါ ကိုယ်ခန္ဓာ အစစ်ပင် ဒီလော့စ်ရို၏ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိနိုင် သေးရာ၊ သူ၏ ပုံရိပ်ယောင်က ပိုဆိုးပေလိမ့်မည်။

ချန်လွေ့က ထိုအချက်များကို စဉ်းစားပြီးနောက် စူပါစနစ်ထဲသို့ ဝင်ရောက်ကာ ဖိုက်သွန်ကို ရှာပြီး အခြေအနေကို ရှင်းပြခဲ့သည်။

“အသူရာချောက်နက်...” ဖိုက်သွန်က တစ်ခုခုက အမှတ်ရ သွားခဲ့သည်။ “အဲဒါက ပိတ်ပင် တားမြစ်တဲ့ ကျိန်စာ တစ်ခုပဲ…”

“ကျိန်စာ ဟုတ်လား။”

“မင်းရဲ့တိုင်းပြည်က အတော်လေး နက်ရှိုင်းတယ်။” ဖိုက်သွန်က စကား လမ်းကြောင်း ပြောင်းလိုက်၏။ “ဒီစကြဝဠာရဲ့ အမှန်တရားကို ငါ ကောင်းကောင်း မပြောနိုင်ဘူး။ နတ်ဘုရား-ယောင် တိုင်းပြည်တောင် ဒီစွမ်းအားရဲ့ အရှေ့မှာ ရေပုံးထဲက ရေတစ်စက်လို့ပဲ သတ်မှတ်နိုင်မယ်။”

“ခင်ဗျား ခံစားနေရတာက ဒီစကြဝဠာရဲ့ တံဆိပ်တစ်ပိုင်းပဲ။” ချန်လွေ့ဟာ စဉ်းစားပြီးနောက် မေးလိုက်သည်။ “ခင်ဗျား နတ်ဘုရား ဖြစ်ချင်လား။”

“ဖြစ်ချင်တာပေါ့။” ဖိုက်သွန်၏ မျက်လုံးက ချန်လွေ့ကို စိုက်ကြည့် နေပြီး သူက အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းက ငါ့ကို နတ်ဘုရားဖြစ်အောင် လုပ်ပေးနိုင်လား။”

“စွမ်းအားရဲ့ ထိပ်ဆုံးအဆင့်က အကြွင်းမဲ့လို့ ခင်ဗျား ပြောခဲ့ပေမဲ့ အဲဒီအဆင့်ကို ရောက်ဖို့နည်းလမ်းက တစ်ခုမက ရှိတယ်။ ဒီစကြဝဠာရဲ့ ယုံကြည်မှုနဲ့ နတ်ဘုရားရာထူးကို ခင်ဗျား ရရှိစေနိုင်တယ်။ ဒါက ပုံရိပ်ယောင်မဟုတ်ဘဲ တကယ့် နတ်ဘုရားပဲ။ ဒါဟာ ခင်ဗျားအတွက် နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းပေါ်ကို စတင်ဖို့ အတွက် အကောင်းဆုံး ဖြတ်လမ်းပဲ။”

“မင်းရဲ့ ရည်ရွယ်ချက်ကို ငါ သိတယ်။” ဖိုက်သွန်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။ “ငါ မလုပ်ချင်ရင် ဘယ်လိုလုပ်မလဲ။”

ချန်လွေ့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “အသူရာချောက်နက် ရောက်လာရင် ဘယ်လိုအကျိုးဆက် ဖြစ်မလဲဆိုတာ ခင်ဗျား သိပြီးသား ဖြစ်မှာပါ။ အဲဒီ အချိန်မှာ ခင်ဗျား လွတ်လပ်မှုကို ရခဲ့ရင်တောင် ရင်ဆိုင်ရမယ့်အရာက ပျက်စီးခြင်းပဲ။”

ဖိုက်သွန်၏ အေးစက်နေသော အပြုံးကို မြင်သော် ချန်လွေ့၏စိတ် လေးလံသွားပြီး သူက မကျေမနပ်နှင့် မေးလုက်သည်။ “ခင်ဗျားက ဘဝကိုတောင် စွန့်လွှတ်ရဲတာလား။ အရာအားလုံးကို ဖျက်ဆီးဖို့ပဲ ရွေးချယ်ချင်တာလား။ ဘာလို့လဲ။”

ဖိုက်သွန်က အနည်းငယ် တုန်ခါသွားပြီး မျက်လုံးများတွင် နားမလည်နိုင်သည့် အဓိပ္ပာယ်များ ပါလာခဲ့သည်။ “ငါက အဲဒီလိုပဲ လုပ်ချင်ခဲ့တာ။”

ချန်လွေ့က ခေါင်းခါလိုက်သည်။ ဒီမိန်းမရဲ့စိတ်က သာမန် မဟုတ်ဘူး။ သူ ပြောခဲ့သလိုပဲ သူ့ကို ‘အရူး’ လို့ပဲ ပြောလို့ရမယ်။

“မင်းရဲ့ မျက်လုံးထဲမှာ ငါ မပျက်စီး သေးတဲ့ အကြောင်းရင်းက တန်ဖိုးပဲ။ မင်းက စေတန် ၊ ဆာရီရယ် နဲ့ မိုက်ကယ်လိုမျိုး ရန်သူတွေနဲ့ တိုက်ခိုက်ပြီးတော့ လူတစ်ချို့ကို ကာကွယ်ချင်တယ်။ ဒါကြောင့် မင်းက ငါ့ရဲ့ အစွမ်းအစကို လိုအပ်တယ်။” ဖိုက်သွန်က ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ “ငါ့ရဲ့ တည်ရှိမှု တန်ဖိုးက အဲဒီ အခြေအနေ နှစ်ခုပဲ။ မင်းက အဲဒီထဲက တစ်ခုတောင် မဖြည့်ဆည်း နိုင်သေးဘူး။ ဒါကြောင့် အဲဒါ မတိုင်ခင်အထိ ဘယ်အကူအညီမှ မပေးနိုင်ဘူး။ ငါ့ရဲ့ဝိညာဉ် ပျက်စီး သွားခဲ့ရင်၊ လောက တစ်ခုလုံး ပျောက်ကွယ်သွားခဲ့ရင်တောင်မှပဲ..”

ထိုနောက် ဖိုက်သွန် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

ထို‘အရူးမ’တွင် သူ၏ ကိုယ်ပိုင် ထူးခြားသော ဇာတ်လမ်း တစ်ခုခု ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့က ချန်လွေ့ စဉ်းစားစရာ မဟုတ်ပေ။ အခု သူ စိတ်ပူနေသည်က အဓိက ယဇ်ပလ္လင် ဖြစ်သည်။ ဖိုက်သွန်က လှုပ်ရှားလိမ့်မည် မဟုတ်သည်မှာ ရှင်းနေသည်။ ထို့ကြောင့် သူက တခြားနည်းလမ်းကို ရှာရပေမည်။

ချန်လွေ့၏ သတိက စူပါစနစ်မှ ထွက်ခွာလာပြီးနောက် သူ၏စိတ်ကို ထိန်းလိုက်၏။ “လန်ဘို့စ်။ ခင်ဗျားမှာ နတ်ဘုရား-ယောင်အဆင့် မိတ်ဆွေ တစ်ချို့ ရှိလား။”

“ဒြပ်စင်ဘုရင်ရဲ့ မိတ်ဆွေတွေက တအားနည်းတယ်။” လန်ဘို့စ်က ခေါင်းခါလိုက်သည်။ “ဒါမှမဟုတ် မိတ်ဆွေဆိုတာ ဒြပ်စင်ဘုရင်အတွက် အပို အသုံးအနှုန်းလို့ မင်း ပြောလို့ ရတယ်။”

“ခြွင်းချက်ကတော့ အမြဲ ရှိတာပဲ မဟုတ်လား။” ချန်လွေ့က ပခုံးကို တွန့်လိုက်ပြီး သူ့ရှေ့မှာ တစ်ယောက် ရှိနေကြောင်း ရည်ညွှန်းလိုက်သည်။

“ဖြစ်နိုင်ပါတယ်။ တကယ်တော့ ငါက အသစ်အဆန်း တစ်ခုခုကိုပဲ စမ်းချင်ခဲ့တာ။ ငါ့ရည်ရွယ်ချက်က ရှင်းတယ်။ မင်းနဲ့ မိုးရီက တကယ့် မိတ်ဆွေတွေပါ။”

“တကယ့်ကို သံသယ ဖြစ်တတ် တာပဲ… အင်း။ ပြီးတော့ ပါးနပ်တဲ့ ရေဒြပ်စင်ကောင်‌ပေါ့။ အားလုံးမှာ အစဆိုတာ ရှိပါတယ်။”

“အရေးကြီးတဲ့ ကိစ္စအကြောင်း ပြောကြတာပေါ့။ အဓိကကုန်းမြေမှာ ဒြပ်စင်ဘုရင်ရဲ့ နတ်ဘုရား-ယောင် မိတ်ဆွေ ဘယ်သူမှ မရှိဘူး။ ရန်သူတွေတော့… အထူးသဖြင့် အတိတ်က ရန်သူတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီလူတွေ အများစုရဲ့ ဘဝတွေက သမိုင်းရဲ့ ရှည်လျားတဲ့ မြစ်ထဲမှာ နစ်မြုပ်နေခဲ့ပြီ။” လန်ဘို့စ် ခဏကြာအောင် တွေဝေနေခဲ့သည်။ အပြာရောင် အလင်းလေး တစ်ခုက သူ့လက်ထဲ ပေါ်လာပြီး ချန်လွေ့ဆီ ပျံသွားခဲ့သည်။ “ဒါ မင်းအတွက်။”

အပြာရောင်အလင်းက အပြာရောင်ပုတီးဆွဲကြိုးပါသည့် လည်ဆွဲတစ်ခု ဖြစ်သည်။ ၎င်းမှ ထွက်ပေါ်လာသည့် အငွေ့အသက်က ဖုံးထားသလိုဖြစ်နေပြီး ရိုးစင်းနေ၏။

“ဒါက ဘာလဲ။”

“ရေရိပ်ပုလဲ။ အဲဒါမှာ ဒီလော့စ်ရိုရဲ့ တိုင်းပြည်ကို ထူးခြားတဲ့ ချုပ်တည်းမှု တစ်ခုရှိတယ်။ ဒါပေမဲ့ အာနိသင်က အကန့်အသတ် ရှိတယ်။ လုံးလုံးကြီး မှီခိုလို့ မရဘူး။”

“ကျေးဇူးပါ။ ဒါက ကျုပ်ကို ပိုပြီး ယုံကြည်မှု ရှိစေတယ်။”

“မင်းက အကောင်းမြင်လွန်းတယ်။ ခုနက အဓိက ယဇ်ပလ္လင်ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ဒီလော့စ်ရိုရဲ့ တကယ့် စိတ်ပုံရိပ်က နတ်ဘုရား-ယောင်ရဲ့ထိပ်ဆုံးအဆင့် ရောက်နေနိုင်တယ်။ ကံဆိုးချင်တော့ ဒီလောကမှာ ငါ့ရဲ့စွမ်းအားက အရမ်း အားနည်းလွန်းတယ်။ အဲဒါကြောင့် ဒီအကူအညီပဲ မင်းကို ပေးနိုင်တယ်။ အရင်ဆုံး မင်းက အရိုးမျှော်စင် နှစ်ခုကို ဖျက်ဆီးရမယ် ဆိုတာကို မမေ့နဲ့။”

“စိတ်ပုံရိပ်က နတ်ဘုရား-ယောင် ထိပ်ဆုံးအဆင့်ကို ရောက်နေပြီလား။” ချန်လွေ့က အံ့အားသင့်သွားခဲ့သည်။

“ဒီလော့စ်ရိုက အုပ်စိုးသူ သုံးပါးထဲ အားအနည်းဆုံးပဲ။” လန်ဘို့စ်၏ စကားက ချန်လွေ့ကို နောက်ထပ် တုန်လှုပ်စေခဲ့သည်။

“ဒါဆို အသူရာချောက်နက် အုပ်စိုးသူ သုံးပါးက နတ်ဘုရားအဆင့် မဟုတ်ဘူးလား။”

“သူတို့က နတ်ဘုရားတွေ မဟုတ်သေးဘူး။” လန်ဘို့စ်က ကောင်းကင်အမြင့်ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ သူက ဘာမှ ထပ်မပြောတော့ပေ။

ချန်လွေ့သည် တုန်လှုပ်နေရာမှ ပြန်လည် သတိဝင်လာပြီးနောက်တွင် ရေရိပ်ပုလဲကို အဝတ်အစားထဲသို့ ထည့်လိုက်ပြီး စဉ်းစားနေခဲ့သည်။

အုပ်စိုးသူ သုံးပါးရဲ့ တကယ့် စွမ်းအားကို ဖယ်ထားမယ်ဆိုရင် ဒီအချိန်မှာ အရေးအကြီးဆုံးအရာက မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်ရဲ့ စိတ်ပုံရိပ်ပဲ။ စိတ်ပုံရိပ် စွမ်းအားက နတ်ဘုရား-ယောင်ထိပ်ဆုံးအဆင့်ကို ရောက်နေပြီးတော့ မိုက်ကယ်နဲ့ ရာဖယ်ရယ်တို့ကို ယှဉ်နိုင်နေပြီ။ အဲဒါကြောင့် ငါ သူ့ကို သေချာပေါက် မယှဉ်နိုင်ဘူး။ စေတန်နဲ့ အချိန် ၃လ ကလည်း တစ်လပဲ ကျန်တော့တယ်။ ဒါက နှစ်ဖက်စလုံးက ရန်သူတွေကို ရင်ဆိုင်နေရသလိုပဲ။

“ဖန်တီးခြင်း ကိုယ်ထည် စွမ်းအားက ငါ့ရဲ့ ဒဏ်ရာအများစုကို သက်သာအောင် လုပ်ခဲ့ပြီးပြီ။ အခု ငါ့ရဲ့ ဒဏ်ရာတွေကို ကုသဖို့အတွက် ရေဒြပ်စင် စွမ်းအားကို အသုံးပြုဖို့ ပင်လယ်ထဲကို သွားတော့မယ်။ ၁ရက် အတွင်းမှာ သက်သာသွားမယ်။” လန်ဘို့စ်က ရေစီးကြောင်း အဖြစ် ပြောင်းလဲပြီး ပျံသန်းထွက်ခွာ မသွားခင် ရှင်းပြခဲ့သည်။ သူက ပင်လယ်ထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး စဉ်းစား ချင့်ချိန်နေဆဲ ဖြစ်သော ချန်လွေ့သာ ကျန်ရစ်ခဲ့သည်။

ချန်လွေ့၏ စိတ်က ဖြစ်နိုင်ခြေ ရှိသည့် ပုံများကို အလျင်အမြန် ရှာဖွေနေသလိုပင်။ ရုတ်တရက် အလင်းရောင် လက်ခနဲ ဖြစ်သွားပြီး ပုံတစ်ခုပေါ်တွင် ရပ်သွားခဲ့သည်။

“အကူအညီ ပေးနိုင်မယ့်သူ တစ်ယောက်ကို တွေ့ပြီ ထင်တယ်။ လန်ဘို့စ်။” ချန်လွေ့က သတိ ပြန်ဝင်လာရာ ရေဒြပ်စင်ဘုရင် ပျောက်ကွယ် သွားကြောင်းကို သူ တွေ့လိုက်ရသည်။ လန်ဘို့စ်က ပင်လယ်ထဲ ကုသနေကြောင်း ပြောခဲ့သည်ကို သတိရလိုက်ပြီး သူက ခေါင်းကို ပုတ်လိုက်သည်။

သူက ထိုအရာကို စဉ်းစားပြီး အလျင်စလို မလုပ်ဆောင်ခဲ့ပေ။ သူက တပလ္လင်ခွေထိုင်ပြီး ပြန်လည် ကောင်းမွန်ရန် အတွက် စိတ်ထဲမှ ကြယ်စွမ်းအားကို လှုပ်ရှားလိုက်၏။

အချိန် ကုန်ဆုံးသွားသည်နှင့် အမျှ ချန်လွေ့ မျက်လုံး ဖွင့်လိုက်ရာတွင် နောက်နေ့ မနက် ရောက်နေခဲ့လေပြီ။

ထိုအချိန်တွင် သူ၏ လက်ထဲ၌ တစ်ခုခု ရှိနေသည်။

သလင်းကျောက် အလင်းရောင်နှင့် တောက်ပနေသည့် စက်လုံးတစ်လုံး။

ချန်လွေ့က ပင့်သက်ရှိုက်လိုက်ပြီး ၎င်းကို အားကုန် ညှစ်လိုက်ရာတွင် စက်လုံးက ကွဲသွား၏။ ကွဲသွားသည့် အစိတ်အပိုင်းများက သူ့အလိုလို ပျံတက်သွားပြီး လေထဲတွင် မှုန်ဝါးဝါး လူပုံစံအဖြစ် စုစည်းသွားခဲ့သည်။

လူပုံက ချက်ချင်း ဆိုသလို ထင်ရှားသွားပြီး သူ၏မျက်လုံးများက ချန်လွေ့ အပေါ်တွင် အေးစက်သော အလင်းရောင် ထုတ်လွှတ်နေသည်။ “မင်း ဒီစက်လုံးကို တကယ် သုံးမယ်လို့ မမျှော်လင့် ထားခဲ့ဘူး။ ဒါပေမဲ့ ဒါက နားလည်နိုင်ပါတယ်။ အနည်းဆုံးတော့ မင်းက မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့တယ်။ မင်း အမှောင်နတ်ဘုရားကျောင်းကို ပူးပေါင်းဖို့ အတွက် ကြိုဆိုတဲ့ မိန့်ခွန်းကို ပြောရမှာလား။” ထိုပုံရိပ်က အမှန်တကယ် စေတန်ပင် ဖြစ်သည်။

ချန်လွေ့ ဖိခြေလိုက်သည်မှာ စေတန် ပေးခဲ့သည့် ဆက်သွယ်ရေး သလင်းကျောက်စက်လုံးပင်။

စေတန်က ရန်သူ ဖြစ်ပြီး ဒီလော့စ်ရိုလည်း ရန်သူတစ်ယောက် ဖြစ်သည်။ နှစ်ဖက်စလုံးမှ တိုက်ခိုက် ခံရခြင်းက မိုက်မဲမှုသာ ဖြစ်သည်။ အချင်းချင်း ပူးပေါင်းပြီး ဘုံရန်သူကို မောင်းထုတ်ခြင်းက အကောင်းဆုံး နည်းဗျူဟာ ဖြစ်ပေသည်။

ကြယ်ကြွေတမန်အင်ပါယာတွင် စေတန်က သူ့ကို ရွေးချယ်စရာသုံးခု ပေးခဲ့သည်။ ပထမ၊ ၃လ ပြီးနောက် ဆက်ခ်ရက်တောင်ကို သွားရောက် လည်ပတ်ရန် ဖြစ်သည်။ ဒုတိယ၊ သလင်းကျောက်စက်လုံးကို ဖိခြေပြီး အမှောင်နတ်ဘုရားကျောင်းနှင့် ပူးပေါင်းခြင်းပင်။ တတိယ၊ ၃လ ကြာပြီးနောက် စေတန်က ကြယ်ကြွေ တမန်မြို့တော်ကို လာရောက်ပြီး အရာအားလုံးကို ဖျက်ဆီးလိမ့်မည်။

အခု ချန်လွေ့က သလင်းကျောက် စက်လုံးကို ဖိခြေလိုက်ခြင်းကြောင့် စေတန်၏ ပထမဆုံး တုံ့ပြန်မှုက တစ်ဖက်လူ လက်လျှော့ပြီး သူ့ကို ပူးပေါင်းရန် ဆန္ဒရှိနေကြောင်း ယူဆလိုက်ခြင်းမှာ သဘာဝပင်။

“ဆာ-စေတန်။ ကျုပ်ကို အထင် မလွဲပါနဲ့။ ကျုပ်က ခင်ဗျားရဲ့ အမှောင်နတ်ဘုရားကျောင်းကို ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိပါဘူး။”

ထိုစကားက စေတန်၏ မျက်နှာ အမူအရာကို အနည်းငယ် ပြောင်းလဲ စေခဲ့သည်။ “ဒီလိုမျိုး ရိုင်းစိုင်းတဲ့ လှည့်ကွက်က ဉာဏ်ပညာ ရှိတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ ဒီ သလင်းကျောက် စက်လုံးက တကယ်တော့ နေရာကို ဖော်ထုတ်တဲ့ လျှို့ဝှက်ရတနာ တစ်ခုပဲ။ ငါက ဘယ်အချိန်မဆို ရောက်နိုင်တယ်။ မင်းက တကယ်ကို ကြိုတင်ပြီးတော့ သေချင်တယ် ဆိုရင်တော့ ငါ အခု မင်းကို အဆုံးသတ်ပေးလိုက်မယ်။”

“နေရာလွတ်ဖော်ထုတ်ခြင်း။ သိပ်ကောင်းတယ်။” ချန်လွေ့က စိတ်ရှုပ်ထွေးခြင်း မရှိခဲ့ပေ။ “ဆာ-စေတန်၊ ဆာ မဆုံးဖြတ်ခင် ကျုပ်ကို ရှင်းပြခွင့်ပြုပါ။ ကျုပ် ဆာ့ကို အာခံဖို့အတွက် ဆင့်ခေါ်လိုက်တာ မဟုတ်ပါဘူး။ ကျုပ်မှာ အတော်လေး အရေးကြီးတဲ့ ကိစ္စ ရှိတယ်။ ဒီကိစ္စရဲ့ သဘာဝက ကျုပ်တို့ အချင်းချင်းကြား အငြင်းပွားမှုထက် အများကြီး ကျော်လွန်နေတယ်။”

“ဟမ့်။ မင်းရဲ့ နောက်ဆုံး စကား အနေနဲ့ လှည့်ကွက်တွေ ကစားဖို့ အခွင့်အရေးပေးလိုက်မယ်။”

ချန်လွေ့က ပုံမှန်ပင် ပြုံးလိုက်ပြီး မလှုပ်ရှားခဲ့ပေ။ “ဆက်ခရက်တောင် သွားတဲ့ ခရီးစဉ် အကြောင်း ကျုပ် မသေချာဘူး။ ဒါပေမဲ့ ကျုပ်မှာ ယုံကြည်ချက် မဆုံးရှုံးသေးဘူး။ ဒါက ကျုပ်တို့ကြား တိုက်ပွဲပဲ၊ ဒါမှမဟုတ် လောကကို ထိန်းချုပ်မယ့်သူတွေ ကြားထဲက တိုက်ပွဲပဲ။ အဲဒီလူက ခင်ဗျားဖြစ်ဖြစ်၊ ကျုပ်ဖြစ်ဖြစ်၊ အဲဒါက တစ်ယောက်ယောက်ပဲ။ ဖျက်ဆီး ရရင်တောင် ကျုပ်တို့ပဲ။ တခြား သတ္တဝါတွေ မဟုတ်ဘူး…”

“အဲဒါက ငါပဲ။ ငါတို့မဟုတ်ဘူး။” စေတန်၏ စိတ်က အလွန်မြန်သည်။ သူသည် ချန်လွေ့၏ စကားများကို ဖြတ်ပြီး မထီမဲ့မြင် ပြောလိုက်သည်။ “ကောင်းပြီ။ အခု မင်းရဲ့ အလိမ် အညာတွေကို ပြောလို့ရပြီ။ မင်းက ငါ့ကို ဘယ်သူနဲ့ တိုက်ခိုက်ဖို့ အသုံးချချင်တာလဲ။”

“ဒီလော့စ်ရို...”

ချန်လွေ့က နာမည် တစ်ခုကို ပြောလိုက်သည်။

စေတန်၏ အကြည့်က ရုတ်တရက် တည်ကြည်လာပြီး သူ့၏အကြည့်က ချန်လွေ့၏ မျက်နှာကို စိုက်ကြည့် နေခဲ့သည်။ “မင်းက အဲဒီနာမည်ကို ဘာအတွက် အသုံးပြုချင်တာလဲ။”

“သိပ်ပြီးတော့ မောက်မာ မနေနဲ့! ပြိုင်ဘက်ကို အထင်သေးတာက ကိုယ့်ကိုယ်ကိုယ် အထင်သေးတာပဲ။” ချန်လွေ့က လေးလေးနက်နက် ပြောလိုက်သည်။ “ကျုပ် ခုနကမှ ဒီလော့စ်ရိုရဲ့ အဓိက ယဇ်ပလ္လင်ကို တွေ့ရှိခဲ့တာ။ အဓိက ယဇ်ပလ္လင်က အပြီးသတ်ပုံစံ ပြီးတော့မယ်။”

“အပြီးသတ်ပုံစံ ဟုတ်လား။” စေတန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းသွားခဲ့သည်။

“ဆာ-စေတန်ရဲ့ အသိပညာနဲ့ဆို ကျုပ် ဘာမှ ထပ်ပြီး ရှင်းပြစရာ မလိုဘူး ထင်ပါတယ်။ ကျုပ်ရဲ့ လက်ရှိ တည်နေရာက ပင်လယ်သေမှာပဲ။ ကျုပ် မနေ့က အဲဒီ နေရာကနေ ထွက်ပြေးခဲ့တာ။ အဓိကယဇ်ပလ္လင်မှာ အရိုးကျွန်း နှစ်ကျွန်း ရှိတယ်။ အဓိကယဇ်ပလ္လင် တစ်ခုလုံးနဲ့ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင်ရဲ့ စိတ်ပုံရိပ်ကို အနိုင်ယူဖို့ အတွက် အဲဒီနှစ်ခုကို တစ်ခါတည်း ဖျက်ဆီးရမယ်။ တစ်ယောက်တည်း အရိုးကျွန်း နှစ်ကျွန်းကို ကျုပ်က တစ်ခါတည်း မဖျက်ဆီးနိုင်ဘူး။ ဒါကြောင့် ကျုပ်တို့ရဲ့ တိုက်ပွဲနယ်မြေ အပြင်ဘက်မှာရှိတဲ့ သူတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဆာ-စေတန်ကို ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်။”

“ဘာလို့ မင်းရဲ့ စကားတွေကို ငါ ယုံရမှာလဲ။” စေတန် လှောင်ပြောင် လိုက်သည်။ “ဒါက အလိမ်အပညာ မဟုတ်ရင်တောင် ထောင်ချောက် တစ်ခုခု ဖြစ်နိုင်တယ်။ မင်းရဲ့ စုတ်ပြတ်နေတဲ့ လှည့်ကွက်ကို ငါ မကြောက်ဘူး။ ဒါပေမဲ့ ငါ့ရဲ့ ဉာဏ်ပညာကို စော်ကားမခံဘူး။”

“တကယ်လို့ ငါက ရေဒြပ်စင် သံတမန်ဆီကနေ အာမခံချက်ကို ပေးလိုက်ရင်ရော။” လန်ဘို့စ်၏ အသံ ထွက်ပေါ်လာခဲ့သည်။ ချန်လွေ့သည် လန်ဘို့စ်က ‘ရေဒြပ်စင်ဘုရင်’အစား ‘ရေဒြပ်စင်သံတမန်’ဟု သူ့ကိုယ်သူ အမည်ခံထားကြောင်း သတိထားမိ ခဲ့သည်။

“ရေဒြပ်စင်သံတမန်…” လန်ဘို့စ် ပေါ်လာခြင်းက စေတန်ကို နောက်ဆုံးတွင် လှုပ်ရှားစေခဲ့သည်။

“ငါ အဲဒီတုန်းက ဒီပင်လယ် နယ်မြေမှာ ပုံမှန် မဟုတ်တာကို တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ ဒီလော့စ်ရိုရဲ့ အဓိကယဇ်ပလ္လင် ဖြစ်မယ်လို့တော့ မထင်ထားခဲ့ဘူး။ လက်ရှိ အဓိက ယဇ်ပလ္လင်က သူ့ရဲ့ အပြီးသတ်ပုံစံကို ရောက်တော့မယ်။ အုပ်စိုးသူရဲ့ ခန္ဓာ အစစ်အမှန် ရောက်တာနဲ့ ချိပ်ပိတ် စွမ်းအား လုံးဝ ပျက်စီးသွားမှာ။ မင်းတို့အားလုံး ဘာကိုပဲ လိုချင်နေ ကြပါစေ၊ အဲဒီ အချိန် မင်းတို့ရနိုင်တဲ့ တစ်ခုတည်းသော အရာကတော့ အရာအားလုံး ဆုံးရှုံးရတာပဲ...”

“ရေဒြပ်စင်သံတမန်၊ ဒါမှမဟုတ် စိတ်ပုံရိပ်လို့ ခေါ်ရမလား။ မင်းနဲ့ ဒီကောင်ကြားမှာ ဘယ်လို ရင်နှီးတဲ့ ဆက်ဆံရေး ရှိလဲဆိုတာ ငါ မသိဘူး။ ငါ သူ့ကို မယုံဘူး။ မင်းကိုလည်း မယုံဘူး။” စေတန်က ခဏကြာ စဉ်းစားပြီး ပထမဆုံးအကြိမ်အဖြစ် လေးနက်သော အမူအရာကို ပြသခဲ့သည်။ “ဒါပေမဲ့ ‘သူတို့’ အကြောင်း ရေဒြပ်စင် သံတမန်ရဲ့ ပါးစပ်က ထွက်လာတဲ့ အရာတွေကို ငါ မယုံကြည်ဘဲ မနေနိုင်ဘူး။”

All Chapters