← Chapters

ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၄

Vol. 21 Ch. 281

ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၄

Vol. 21 Ch. 281

နန်ရေကန်တိုက်ပွဲပြီးနောက် ချန်ကျဲ့၏ဂုဏ်သတင်းသည် လျင်မြန်စွာ ကျော်ဇောလာခဲ့ပြီး ၎င်းဂုဏ်သတင်းကျော်ဇောမှုကို စစ်မှန်သော အင်အားအဖြစ် ပြောင်းလဲရန် လိုအပ်ပေသည်။ ဤရွှေအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရပါက နောက်ပိုင်းတွင် အင်အားအာဏာရရှိရန်မှ ပို၍ခက်ခဲလာပေလိမ့်မည်။

ချန်ကျဲ့ သူနောက်ထပ် ဆက်လက်လုပ်ဆောင်ရမည့်အရာများကို ဆန်းစစ်နေခဲ့သည်။

ထို့နောက် အသီးအရွက်ဈေးလမ်းမကြီးရှိ သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။

တစ်နေ့တာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်ရာ ကောင်းကင်သည် မှောင်ရီပျိုးနေပြီဖြစ်၏။

ချန်ကျဲ့အိမ်သို့ပြန်ရောက်သောအခါ ညစာပြင်ဆင်၍ စောင့်နေသည့် စူးယွင်ကျင်းကို မြင်လိုက်ရသည်။

ချန်ကျဲ့ ပြန်ရောက်လာသည်ကို မြင်သောအခါ စူးယွင်ကျင်းသည် ချန်ကျဲ့ကို ချက်ချင်း အပြင်ထွက်ကြိုဆိုသည်။ ထို့နောက် စကားမဆိုဘဲ ချန်ကျဲ့ကို အိပ်ခန်းထဲသို့ ခေါ်ဆောင်သွား၏။

ချန်ကျဲ့မှ ပြောသည်။

“အပြင်မှာ လင်းနေပါသေးတယ်၊ မိန်းမ ဒါက ဘာလုပ်ဖို့လဲ”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ရှင်ဘာလို့ အရမ်းကြာနေတာလဲ။ ရှင်ဒဏ်ရာရထားတယ်လေ”

ထိုအခါမှသာ ချန်ကျဲ့မှာ မိမိကိုယ်ပေါ်ရှိ ဒဏ်ရာကို သတိရတော့သည်။ သူ့တွင် တစ်နေ့လုံး အရေးကိစ္စများစွာနှင့် ရှုပ်ယှက်ခတ်နေခဲ့သည် မဟုတ်ပါလော။

အိပ်ခန်းထဲ ရောက်သည်နှင့် ချန်ကျဲ့မေးလိုက်သည်။

“ရွေ့ရွေ့ရော?”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အစ်မဟွားနဲ့ ကစားနေတယ်။ အစ်မဟွားက အခု ရွေ့ရွေ့ကို ဘယ်လိုအားပြု ဘယ်လိုရပ်တည်ရမလဲ သင်ပေးနေတာ”

“အွန်း”

ချန်ကျဲ့ သာမန်ကာလျှံကာမျှ တုံ့ပြန်လိုက်သည်။ ထို့နောက် စူးယွင်ကျင်းသည် ရေသန့်နှင့် ရွှေရောက်ဒဏ်ရာပျောက်ဆေးတို့ကို ယူလာသည်။

“ဒီဆေးကို အစ်မဟွား ပေးလိုက်တာ။ အာနိသင်အရမ်းကောင်းတယ်တဲ့”

ချန်ကျဲ့မှ ပြောသည်။

“အို ဒါဆို ကိုယ် အစ်မဟွားကို သေချာလေး ကျေးဇူးတင်ဦးမှပါပဲ”

“ယောက်ျား အဝတ်ချွတ်လိုက်။ ကျွန်မ ရှင့်ကို ဆေးလိမ်းပေးမယ်”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး အပြင်ဝတ်အင်္ကျီကို အလွယ်တကူပင် ချွတ်လိုက်သည်။ သို့သော် အတွင်းဝတ်ကို ချွတ်သည့်အခါတွင်မူ အဝတ်စသည် ဒဏ်ရာနှင့် ကပ်နေခဲ့၏။

အဝတ်မချွတ်ခင်က ဒဏ်ရာသည် သူ့ကို မည်သို့အနှောင့်အယှက်မျှ မဖြစ်စေခဲ့သည့်တိုင် ယခုတွင်တော့ အရိုးခိုက်လောက်အောင်သော နာကျင်မှုကို ခံစားလာရသည်။

ထိုအခါ စူးယွင်ကျင်းသည် ပူပင်သောက‌ဖြစ်လျက် ပြောသည်။

“ယောက်ျား မလှုပ်နဲ့”

စူးယွင်ကျင်းမှ အဝတ်ကို ဒဏ်ရာမှ ခွာပေးရန် ကြိုးစားသော်ငြား ၎င်းမှာ အသားစနှင့် ကပ်နေခဲ့လေပြီ။ စူးယွင်ကျင်းမှ ထပ်ပြောသည်။

“ယောက်ျား ခဏစောင့်နော်”

စူးယွင်ကျင်းသည် ကတ်ကြေးတစ်လက်ကို အမြန်ရှာယူ၍ အဝတ်ဘေးစများကို ညှပ်ပစ်လိုက်ပြီး ပခုံးအနီးတစ်ဝိုက်ရှိ အဝတ်စတချို့ကိုသာ ချန်ရစ်ခဲ့သည်။

ထိုအခါမှ စူးယွင်ကျင်းသည် ချန်ကျဲ့၏ဒဏ်ရာကို သေချာမြင်တွေ့ခဲ့ရသည်။ ညာဘက်နံရိုးမှ ပခုံးအထိ ရှည်လျားနက်ရှိုင်းသည့် ဓားဒဏ်ရာသည် အသားစများလည်း လန်နေပေသည်။

စူးယွင်ကျင်းမှာ ထိုမြင်ကွင်းကြောင့် ငိုချမိလုနီးပါးပင်။ သို့သော် နှုတ်ခမ်းကို ဖိကိုက်၍ မျက်ရည်မကျစေရန် ထိန်းထားလိုက်၏။

ထို့နောက် ရေဇလုံကိုယူ၍ ဒဏ်ရာကို ရေဖြင့် ဆေးကြောပေးရင် ကပ်နေသည့် အဝတ်များကို ဖြည်းဖြည်းချင်း ခွာသည်။

ချန်ကျဲ့မှ ပြောသည်။

“ရေနဲ့ မလုပ်နဲ့။ သေရည်တစ်မျိုးမျိုး သွားရှာ… ထားပါတော့လေ၊ ရေနဲ့ပဲ လုပ်ပါတော့”

ကနဦး၌ ချန်ကျဲ့သည် ဒဏ်ရာကို ပိုးသတ်ရန်အတွက် စူးယွင်ကျင်းကို သေရည်တစ်မျိုး သွားယူစေလိုခြင်း ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင် အရက်ပါဝင်မှု နည်းပါးပြီး အချိုပါဝင်မှု များသည့် ဆန်အရက်‌သာရှိကြောင်း သတိရသွားခဲ့သည်။ ၎င်းကို သုံးလိုက်ပါက ပိုးသတ်မည့်အစား ပိုးမွေးမြူသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် ချန်ကျဲ့သည် ဒဏ်ရာတွင်ကပ်နေသည့် အဝတ်စများကို ဖယ်ရှားရန်အတွက် ရေနွေးကို အသုံးပြုရန် စူးယွင်ကျင်းအား ညွှန်ကြားလိုက်သည်။ ထို့ပြင် ပိုးသတ်ဆေးအဖြစ် အသုံးပြုရန်အတွက် အားသည့်အချိန်တွင် အရက်ပါဝင်မှုများသည့် သေရည်တချို့ ချက်လုပ်ထားရန်လည်း ပြောခဲ့သည်။

ခြုံငုံကြည့်လိုက်မယ်ဆို သိုင်းလောကမှာ ဒဏ်ရာမရတဲ့သူ ဘယ်သူရှိပါ့မလဲ။ ခန္ဓာကိုယ်ကြံ့ခိုင်ပြီး အတွင်းအားနဲ့ ကာကွယ်နိုင်စွမ်းရှိတဲ့ ဆရာကြီးတွေကတော့ နှိုင်းယှဉ်ကြည့်လိုက်ရင် သာမန်သိုင်းသမားတွေထက် ပိုလုံခြုံလိမ့်မယ်။

ဒါပေမဲ့ အဆင့်နိမ့်သိုင်းသမားတွေ ဂိုဏ်းအဖွဲ့သားတွေကျတော့ ဒဏ်ရာလေးတစ်ချက်ကတောင် မေးခိုင်ပိုးဝင်နိုင်တယ်။ ဒဏ်ရာကို အချိန်မီ ပိုးသတ်နိုင်ရင် လူ့အသက်အများကြီးကို ကယ်တင်နိုင်လိမ့်မယ်။

ထို့ပြင် သူသည် အရင်ဘဝက အရက်ပြင်းပြင်းများကို သောက်သုံးရခြင်းအား ကျင့်သားရပြီး‌ဖြစ်သောကြောင့် ချန်ကျဲ့၌ အရသာနှင့်ပတ်သက်၍ အကြိုက်တစ်မျိုး တည်ရှိပေသည်။

သေရည်ပြင်းချက်လုပ်ခြင်းသည် ဆေးဝါးအဖြစ်ရော ပြန်လည်ဖန်တီးခြင်းအတွက်ပါ ဖြစ်၏။

ငါက ကမ္ဘာနှစ်ခုမှာ နေထိုင်ဖူးတာကို ဘာလို့များ ကမ္ဘာနှစ်ခုစလုံးရဲ့ အကောင်းဆုံးစည်းစိမ်တွေကို မခံစားဘဲနေရမလဲ။

သို့သော်ငြား ထိုအရာအားလုံးသည် အနာဂတ်အတွက် ပူပန်ခြင်းသာ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ရွှေဓားဖုန်းစန်းသည် သူ၏ဓားကို သေချာထိန်းသိမ်း၍ သံချေးမတက်အောင် ထိန်းသိမ်းထားသောကြောင့် ယခုဒဏ်ရာအ‌တွက်တော့ ပိုးသတ်ဖို့ရာ အရက်ပြင်း မလိုအပ်သေးပေ။

ထို့ပြင် ချန်ကျဲ့၏ခန္ဓာကိုယ်သည်လည်း သံမဏိအရိုးအဆင့်ကျင့်ကြံသူ၏ အင်အားကို ပိုင်ဆိုင်ထားသောကြောင့် ဒဏ်ရာကျက်မြန်စေသည့် စွမ်းအင်တစ်မျိုး တည်ရှိနေကာ ပိုးမဝင်စေသည့် အကျိုးသက်ရောက်မှုလည်း ရှိပုံရပေသည်။

သိုင်းလောကတွင် မေးခိုင်ပိုးဝင်၍ သေသည့် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ရှိကြောင်း သူတစ်ခါမျှ မကြားဖူးသေးပေ။ သို့ဖြစ်ရာ အတွင်းအားသည် ပိုးမဝင်စေသည့် ဂုဏ်သတ္တိတစ်မျိုး ရှိနေ‌နိုင်သည်ဟု ဖော်ပြနေပေသည်။

စူးယွင်ကျင်းသည် ချန်ကျဲ့၏ဒဏ်ရာပေါ်သို့ ရေနွေးပုဝါဖြင့် ဖိကပ်လိုက်ရာ ချန်ကျဲ့မှာ မျက်နှာရှုံ့လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိရသည်။

ကျစ်~

ချန်ကျဲ့ နာနေကြောင်း မြင်ရသည်တွင် စူးယွင်ကျင်းမှ မေးသည်။

“ယောက်ျား ကျွန်မ ရှင့်ကို နာအောင် လုပ်မိသွားပြီလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာမှမဖြစ်ပါဘူး”

စူးယွင်ကျင်းမှ ပြောသည်။

“ကျွန်မ ပိုဂရုစိုက်ပါ့မယ်”

ချန်ကျဲ့မှ ခိုင်မာစွာပြောသည်။

“အဆင်ပြေပါတယ်၊ ရဲရဲဝံ့ဝံ့ လုပ်ပါ”

“အင်း”

ချန်ကျဲ့၏အားပေးမှုဖြင့် စူးယွင်ကျင်းသည် ရေနွေးပုဝါဖြင့် ချန်ကျဲ့၏ဒဏ်ရာမှ သွေးခဲများကို သုတ်၍ ကပ်နေသည့် အဝတ်များကိုလည်း နည်းနည်းချင်းစီ ဖယ်ပစ်ခဲ့သည်။ သို့တိုင် အချို့နေရာများသည် ကပ်နေဆဲဖြစ်ပြီး ‌ဒဏ်ရာမှာ ပုံစံမ‌ပေါ်သေးပေ။ ဒဏ်ရာမှ သွေးများလည်း စီးကျလာခဲ့ရာ စူးယွင်ကျင်းလည်း ထိတ်ပျာသွားရသည်။

ချန်ကျဲ့ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး၊ သွေးနည်းနည်းထွက်ရုံပါပဲ”

စူးယွင်ကျင်းသည် ပုဝါကို ရေဇလုံထဲ နှစ်လိုက်ရာ ရေဇလုံမှာ သွေးရောင်ပြောင်းသွားခဲ့သည်။

စူးယွင်ကျင်းသည် ကြောက်နေသော်ငြား တင်းခံနေ၏။ ချန်ကျဲ့သည် စူးယွင်ကျင်းမှာ ကြောက်ရွံ့မှုကြောင့် နဖူးနှင့် နှာခေါင်းထိပ်များတွင် ချွေးစို့နေသည်ကို မြင်တွေ့နေရာလေရာ မထိန်းချုပ်နိုင်စွာ ရယ်မောမိတော့သည်။

ဒီမိန်းမငယ်လေးက တကယ့်ကို အံ့ဩစရာပါပဲလား။

ချန်ကျဲ့ လက်ဆန့်ထုတ်၍ သူမ၏နဖူးမှ ချွေးစများကို သုတ်ပေးလိုက်သည်။ စူးယွင်ကျင်းသည်တော့ ဒဏ်ရာတွင် ကပ်နေသည့် အဝတ်စများကို ရေနွေးပုဝါဖြင့် ဆက်လက်ဖယ်ရှားပေးနေသည်။

သွေးများသည် ချန်ကျဲ့၏ ဝမ်းဗိုက်အထိ စီးကျလာခဲ့ရာ စူးယွင်ကျင်းသည် လက်များ တုန်ယင်နေခဲ့သည်။ သို့သော် ချန်ကျဲ့သည် သူမကို မပြတ် အားပေးနေခဲ့သည်။

ဒဏ်ရာတွင်ကပ်‌ေနသည့် နောက်ဆုံးသော အဝတ်စကို ဖယ်ပြီးမှသာ စူးယွင်ကျင်းမှာ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ရွှေရောင်ဒဏ်ရာပျောက်ဆေးကို ဂရုတစိုက် လိမ်းပေးသည်။

ဤဆေးသည် အမှန်တကယ် ကောင်းမွန်လှ၏။ ဒဏ်ရာကို အမှန်တကယ် နာကျင်မှုသက်သာစေပေသည်။

ဆေးလိမ်းပြီးနောက် စူးယွင်ကျင်းသည် ပတ်တီးစတချို့ယူ၍ ဒဏ်ရာကို တစ်ထပ်ပြီးတစ်ထပ် စည်းပေးသည်။

ခဏအကြာတွင် ဒဏ်ရာစည်းခြင်း ပြီးမြောက်သွားခဲ့သည်။

စူးယွင်ကျင်း သူမ၏နဖူးမှ ချွေးများကို သုတ်လိုက်သည်။ အပြင်ဘက်ရှိ နေဝင်ချိန်အလင်းရောင်၏ တောက်ပမှုအောက်၌ သူမသည် တစ်မူထူးခြားစွာ လှပ၍ ဆွဲဆောင်မှုရှိနေပေသည်။

ဇနီးဖြစ်သူ၏ ဤသို့ပုံစံလေးကို မြင်တွေ့ရသည်တွင် ချန်ကျဲ့သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ စူးယွင်ကျင်း၏ ခါးလေးကို ပွေ့ဖက်လိုက်သည်။

စူးယွင်ကျင်းသည် လန့်သွားသဖြင့် နောက်လှည့်ကြည့်လာပြီး ပြောသည်။

“ယောက်ျား ကျွန်မ အခုမှ ဒဏ်ရာစည်းပေးထားတာလေ။ ဒီလိုလုပ်လို့ မဖြစ်ဘူး”

All Chapters