← Chapters

ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၅

Vol. 21 Ch. 282

ချန်ကျဲ့ : နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်သိုင်းကျမ်းကို ဘယ်သူမှ မရှာနိုင်ကြဘူးလား? ကျွန်တော်တော့ မယုံဘူး!_၅

Vol. 21 Ch. 282

ချန်ကျဲ့မှ ပြောသည်။

“ဘာလို့ မဖြစ်ရမှာလဲ။ မင်းရဲ့ယောက်ျားက ဘယ်လိုလုပ်ပြီး ကျရှုံးပါ့မလဲ”

ထိုသို့ပြောလျက် ချန်ကျဲ့သည် စူးယွင်ကျင်းကို သူ၏လက်မောင်းများထဲ ပွေ့ဖက်လိုက်သည်။ စူးယွင်ကျင်းမှ အော်ပြော၏။

“ယောက်ျား ရှင့်ဒဏ်ရာကို သတိထားဦး!”

ချန်ကျဲ့မှ ပြောသည်။

“ဘာမှမဖြစ်ပါဘူး”

“ယောက်ျား နေ့အလင်းရောင်ရှိနေသေးတယ်!”

“‌‌ရှင်းရှင်းလင်းလင်းမြင်ရတော့ ပိုကောင်းတာပေါ့”

“ယောက်ျား တံခါး.. တံခါး မင်းတုံးမချရသေးဘူး!”

ချန်ကျဲ့မှ ပြောသည်။

“ချထားပါတယ်…”

“အာ…”

နေဝင်ချိန်၏ နေရောင်ခြည်သည် ပြတင်းပေါက်မှတစ်ဆင့် အိပ်ခန်းထဲသို့ ဖြာကျနေသည်။ အပြင်ဘက်တွင် ငှက်လေးများသည် ကျည်ကျည်ကျာကျ မြည်လျက် အလုပ်များနေကြ၏။

အရာအားလုံးသည် အလွန်တရာ သာယာနာပျော်ဖွယ်ဖြစ်နေခဲ့သည်။ မျက်နှာကြက်လှုပ်ယိမ်း၍ သစ်သားကုတင်မှ တကျွီကျွီမြည်နေသောကြောင့် မဟုတ်ခဲ့လျှင် ပို၍သာယာနာပျော်ဖွယ် ဖြစ်နေခဲ့လောက်ပေမည်။

အမှန်ပင်။

အစိမ်းရောင်မက်မန်နှင့်‌ ကြွေပန်းတို့ ပွင့်လွှာကြွေကျကာ လေနှင့်အတူ ယိမ်းနွဲ့နေသည်။

လေပြည်တိုက်ခတ်သော်ငြား တိမ်လွှာများသည် လေအလျင်ကြောင့် ပျံ့လွင့်မသွားဘဲ ဝူရှန်းတောင်မှ ဇာမဏီငှက်၏ခေါ်သံဆီသို့ ပြင်းပြစွာ ခရီးနှင်ကြကုန်သည်။

…

“ညီမလေး…”

ညနေခင်းတွင် တတိယသခင်မလေးဟွားသည် ချန်ကျဲ့တို့နေအိမ်သို့ ရောက်လာခဲ့ရာ ခြံဝင်းထဲတွင် မည်သူမျှရှိမနေကြောင်း မြင်တွေ့လိုက်ရသည်။

တတိယသခင်မလေးဟွားသည် မျက်မှောင်ကြုတ်သွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ ခြံဝင်းထဲတွင် မူမမှန်သည့်အရာ မရှိပေ။ တိုက်ခိုက်ခံထားရသည့် အရိပ်အယောင်လည်း မရှိပေ။

အဲဒါဆို အဲဒီနှစ်ယောက် ဘယ်ရောက်သွားကြတာတုန်း?

“ရွေ့ရွေ့ပြန်လာပြီ!”

မောပန်းနေသည့် ဇနီးသည် အော်ခေါ်သံကြောင့် ရုတ်ချည်း နိုးကြားသွား၏။

ချန်ကျဲ့သည် စူးယွင်ကျင်းကို ပွေ့ဖက်လျက် ပြောသည်။

“ဘာမှမဖြစ်ပါဘူး။ သူ့ကို အစ်မဟွား ကြည့်ပေးနေတယ်လေ”

စူးယွင်ကျင်းမှ စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။

“ဒါပေမဲ့ ဒီလိုက…”

“မမ မမ…”

ရွေ့ရွေ့သည် ခြံဝင်းထဲ မည်သူမျှရှိမနေသောကြောင့် စိုးရိမ်လာခဲ့၍ ခြံဝင်းအနှံ့လျှောက်ပတ်၍ အော်ခေါ်တော့သည်။

ရွေ့ရွေ့အိပ်ခန်းတံခါးရှေ့သို့ ရောက်လာ၏။ ထို့နောက် အထဲသို့ ချောင်းကြည့်၍ ခေါ်လိုက်သည်။

“မမ အစ်ကိုကြီး အထဲမှာရှိလား”

စူးယွင်ကျင်း၏မျက်နှာသည် ပန်းသီးတစ်လုံးအလား နီမြန်းလာတော့သည်။ ညီမဖြစ်သူနှင့် ဤသို့အခြေအနေမျိုးတွင် ပက်ပင်းကြုံရခြင်း… ဒါက…

သို့သော် ချန်ကျဲ့သည်တော့ ပုံမှန်အတိုင်းပင် ပြန်ပြောသည်။

“အို ရွေ့ရွေ့ပြန်လာပြီလား။ အပြင်မှာ စောင့်နေနော်။ မင်းရဲ့မမက အစ်ကိုကြီးကို ဒဏ်ရာစည်းပေးနေလို့”

“အစ်မဟွား ကျေးဇူးပြုပြီး ရွေ့ရွေ့ကို ‌ကြည့်ထားပေးပါဦး”

ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။

“ဒဏ်ရာဆေးထည့်တာကို ဘာကိစ္စ တံခါးကို မင်းတုံးချထားရတာလဲ”

ချန်ကျဲ့မှ ပြောသည်။

“ကျွန်တော် အဝတ်ချွတ်ထားရတော့ အမြင်မသင့်တော်လို့ပါ”

“ဟုတ်လား”

တတိယသခင်မလေးဟွားသည် မယုံသင်္ကာဖြင့် အခန်းကို အကဲခတ်ကြည့်လိုက်သည်။

“ယွင်ကျင်း မင်းအဆင်ပြေရဲ့လား”

“အာ ဘာမှမဖြစ်ပါဘူး အစ်မဟွား။ ကျွန်မ မကြာခင် ထွက်လာခဲ့မယ်”

ထိုသို့ပြောလျက် စူးယွင်ကျင်းသည် ထထိုင်လိုက်သည်။ ချန်ကျဲ့သည် အဝတ်ကို တစ်ထည်ချင်း ပြန်ဝတ်နေ၏။ သို့သော် ချန်ကျဲ့မှ လှုပ်ရှားလာသည်ကို စူးယွင်ကျင်း ခံစားမိလိုက်သည်။

“ရှင်သေချင်နေတာလား”

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ဒေါသဖြင့် စိုက်ကြည့်လိုက်သည်။

ချန်ကျဲ့မှ မကျေမနပ် ပြောသည်။

“ကိုယ် ဘာမှမလုပ်ပါဘူး”

“ရှင်… ရှင်က ပြဿနာရှာချင်နေတာပဲ!”

စူးယွင်ကျင်းမှ အဝတ်များကို အလျင်စလို ဝတ်ရင်း ပြောသည်။ ထိုစဉ် ချန်ကျဲ့လည်း ဘောင်းဘီကို ‌အသာအယာ ဆွဲတင်လိုက်သည်။ ချန်ကျဲ့သည် ခန္ဓာကိုယ်တွင် ဒဏ်ရာအသေးစားရ‌ထားသောကြောင့် အပေါ်ဝတ်တစ်ထည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားလိုက်သည်။

အခန်းတံခါးပွင့်လာပြီး စူးယွင်ကျင်းသည် သွေးရောင်လွှမ်းနေသည့် ရေဇလုံကိုသယ်၍ ထွက်လာသည်။

ရွေ့ရွေ့သည် သွေးရောင်ရေဇလုံကို မြင်သောအခါ ချန်ကျဲ့ကို စိုးရိမ်တကြီး ကြည့်လာ၏။

“အစ်ကိုကြီး သွေးတွေ အများကြီးထွက်ထားတာပဲ။ နာနေလား”

ချန်ကျဲ့မှ ပြောသည်။

“မနာပါဘူး”

ရွေ့ရွေ့မှ ပြော၏။

“ဒါပေမဲ့ ဒီနေ့ အစ်ကိုကြီး အရမ်းတော်တာပဲ။ လှံတစ်ချက်တည်းနဲ့ အဲဒီလူဆိုးကောင်ကို သတ်ပစ်လိုက်တာ”

ချန်ကျဲ့မှ ပြောသည်။

“သူက လူ‌ဆိုးမှန်း ဘယ်လိုသိလဲ”

“အစ်ကိုကြီးကို ဆန့်ကျင်တဲ့သူဆို လူဆိုးပဲ!”

ရွေ့ရွေ့၏ထိုစကားတွင် ချန်ကျဲ့ ထိတ်လန့်သွားခဲ့သည်။ ထို့နောက် ကလေးမလေး၏ ခေါင်းကို ဖွဖွပုတ်၍ ပြောသည်။

“ရွေ့ရွေ့က အရမ်းဉာဏ်ကောင်းတာပဲ”

ထိုအချိန်၌ စူးယွင်ကျင်းသည် သွေး‌ရောင်လွှမ်းနေသည့်ရေများကို သွန်ပစ်လိုက်သည်။ တတိယသခင်မလေးဟွားမှ စူးယွင်ကျင်းကို ပြော၏။

“မင်းတို့နှစ်ယောက် နည်းနည်းလောက် ဒီထက်ပိုအာရုံစိုက်ကြပါဦးလား”

“အမ်?”

“မင်းတို့ရဲ့ကျန်းမာရေးအတွက် မင်းသိပါတယ် ဒဏ်ရာရထားတာ ပြီးတော့ အခုထိ…”

စူးယွင်ကျင်း၏မျက်နှာ ရုတ်ချည်း နီမြန်းသွား၏။ သို့သော် အမြန်ပြောလိုက်သည်။

“အစ်မဟွား ကျွန်မ တကယ် အထဲမှာ ဒဏ်ရာဆေးထည့်နေတာပါ”

“အဟား မင်းရဲ့ဒဏ်ရာကိုလား သူ့ရဲ့ဒဏ်ရာကိုလား”

“ကျွန်မ…”

စူးယွင်ကျင်းမှာ စကားလုံးရှာမရ‌ပေ။ သူမ၏မျက်နှာသည် ရှုက်ရွံ့မှုကြောင့် နီရဲနေလျက် တွင်းပေါက်တစ်ပေါက်ထဲ တိုးဝင်ပြေးပုန်းလိုက်ချင်သည်ဟု တွေးနေမိပေသည်။

ထိုသို့စူးယွင်ကျင်းကို မြင်သောအခါ တတိယသခင်မလေးဟွားမှ ထပ်ပြောသည်။

“မင်းစိတ်ကျေနပ်သလို လုပ်ပါ။ ဘာလို့ အရမ်းရှက်နေရတာလဲ။ အပြင်ဘက်က မြေခွေးမတွေဆီ ပါမသွားဖို့ပဲ ဂရုစိုက်လေ”

“မမ တကယ်တော့ မြေခွေးမတွေက အများကြီးမရှိပါဘူး”

တတိယသခင်မလေးဟွားမှ ပြောသည်။

“ကောင်းပြီ ငါသွား‌ပြီ”

တတိယသခင်မလေးဟွားမှ ထွက်သွားရန်ပြင်နေစဉ် စူးယွင်ကျင်းမှ ပြောသည်။

“အစ်မဟွား ညစာစားသွားပါဦးလား”

ထိုအခါ ရွေ့ရွေ့လည်း ပြေးလာပြီး ပြောသည်။

“အစ်မဟွား ညစာ အတူစားသွားပါ”

ချန်ကျဲ့မှလည်း ပြောသည်။

“အစ်မဟွား ယွင်ကျင်းရဲ့လက်ရာကို မြည်းစမ်းကြည့်သွားပါဦး”

ထိုအခါ တတိယသခင်မလေးဟွားမှ ပြောသည်။

“ကောင်းပြီ‌ေလ၊ ငါ့အိမ်မှာ ဂဏန်းတစ်ခြင်းရှိတယ်။ ငါသွားယူလာခဲ့မယ်”

“ဝိုး ဂဏန်းတွေ ရေး~”

ဂဏန်းဟု ကြားလိုက်သည်နှင့် ကလေးမလေးသည် ပျော်ရွှင်စွာဖြင့် ခြံဝင်းတစ်ပတ် ပတ်ပြေးတော့သည်။

ချန်ကျဲ့လည်း သူ၏မိသားစုလေးကို ကြည့်နေရင်း ပျော်ရွှင်စွာ ပြုံးနေခဲ့သည်။

ငါလုပ်သမျှ အားစိုက်ထုတ်မှုအားလုံးက ငါ့ရဲ့မိသားစု အေးအေးချမ်းချမ်း နေထိုင်ရဖို့အတွက်ပဲ။ ဒီလိုက အတော်လေး ကောင်းမွန်နေပါပြီ။

သို့ဖြင့် မိသားစုညစာစားပြီးနောက် ချန်ကျဲ့လည်း လုံးဝ ပင်ပန်းနေခဲ့လေပြီ။

ချန်ကျဲ့၏ဒဏ်ရာကြောင့် ထိုနေ့ညတွင် စူးယွင်ကျင်းနှင့် ရွေ့ရွေ့တို့ အတူအိပ်ကြသည်။

နေ့ဘက်တွင် လောကီရေးရာ သာယာကြည်နူးမှုကို ကြုံတွေ့ခဲ့ပြီးသည် ချန်ကျဲ့မှာ အင်တင်တင်ဖြင့် သဘောတူလိုက်ရလေသည်။

သို့ဖြင့် ချန်ကျဲ့သည် သန်းခေါင်အချိန်မတိုင်ခင်အထိ အိပ်ခဲ့သည်။ သန်းခေါင်အချိန်တွင်မူ စနစ်၏အချက်ပေးသံကြောင့် နိုးလာခဲ့သည်။

[ဒီနေ့အတွင် သတင်းအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့်၂)]

[၁၊ သင်ဒီနေ့ နန်ရေကန်တိုက်ပွဲမှာ ပါဝင်ခဲ့ခြင်းမှ ရရတဲ့အချက်အလက်ဖြစ်ပါတယ်။ သင့်ရဲ့လုပ်ဆောင်မှုက မျန့်ရွှေစီရင်စုသိုင်းလောကရဲ့ အာရုံစိုက်မှုကို ရယူဖမ်းစားခဲ့ပါတယ်။ အခု သင်က ကျားဖြူခန်းမရဲ့ အနာဂတ်ဆက်ခံသူလို့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်။ ပြီးတော့ သင့်ရဲ့ ကြောက်ခမန်းလိလိသော လှံသိုင်းကျင့်စဉ်ဖြစ်တဲ့ လေလွင့်ဝိဉာဉ်က အသိအမှတ်ပြုမှုတွေ များစွာရရှိနေပါတယ်]

[၂၊ ဖုန်းရွှမ်က ကျားဖြူခန်းမ ဆက်ခံသူကိစ္စနှင့် ပတ်သက်ပြီး သင့်ရဲ့အဆင့်အတန်းတိုးတက်မှုအပေါ် မကျေမချမ်း ဖြစ်နေပါတယ်]

[၃၊ သင်ဒီနေ့ တန်းကွမ်းမင်ရဲ့သေဆုံးမှုအကြောင်း ပြောဆိုရာမှ ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ တန်းကွမ်းမင်ရဲ့ သေဆုံးမှုက သံသယဖြစ်စရာတွေ အပြည့်ပါပဲ။ ဒါပေမဲ့ သူ မသေဆုံးခင်မှာ တန်းကွမ်းမင်က စာရင်းစစ်နေခဲ့ပါတယ်]

[၄၊ သင်ဒီနေ့ ချီမုကောနဲ့ တွေ့ဆုံခဲ့ပြီး ရရှိခဲ့တဲ့အချက်အလက် ဖြစ်ပါတယ်။ ချီမုကောက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ လူယုံဖြစ်ပြီး လျင်မြန်တဲ့တစ်ဖက်သွားဓားသိုင်းနဲ့ အမည်ကျော်ကြားပါတယ်။ သူ့ရဲ့အင်အားက နန်ပါးထျန်းထက် မနိမ့်ပါးပါဘူး]

All Chapters