← Chapters

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?

Vol. 21 Ch. 284

ဝူကျုံး : ဘာ? မင်းပြောတဲ့ သူရဲကောင်းရဲ့နာမည်က ချန်ကျိုစစ်တဲ့လား?

Vol. 21 Ch. 284

ကျားဖြူခန်းမ!

ဒီနေ့ ကျားဖြူခန်းမသည် ပုံမှန်အချိန်များနှင့် ကွာခြားနေသည်။ ထူးထူးခြားခြား တည်ကြည်လေးနက်သည့် အငွေ့အသက်များ ပြည့်နှက်နေကာ အတွင်းရောအပြင်ပါ လူပြည့်နေခဲ့သည်။

ကျားဖြူခန်းမ မြေကွပ်လပ်တွင် လူ‌လေးရာနီးပါး ရပ်နေကြသည်။ ဆိုလိုသည်မှာ လမ်းမများ၊ ရွာများ၊ မြို့များရှိ နေအိမ်များကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့သူများမှအပ ခေါင်းဆောင်အားလုံးနီးပါး ရောက်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

ယနေ့ ဤနေရာတွင် ချန်ကျဲ့၏ မွေးရပ်မြေ ရှန်းထောင်မြို့၏ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး ဝူကျုံးပင်လျှင် ရောက်ရှိနေပေသည်။

ဝူကျုံးသည်လည်း မနေ့ နေ့လယ်ခင်းတွင်မှ သတင်းရရှိ၍ ဖြစ်ပျက်ခဲ့သည်များကို အတိအကျ မသိသည့်တိုင် ဒီနေ့မနက် မြို့တံခါးဖွင့်သည်နှင့်တစ်ပြိုင်နက် ကျားဖြူခန်းမသို့ ချက်ချင်း ‌ခရီးနှင်လာခဲ့ခြင်းဖြစ်သည်။

ဝူကျုံးကဲ့သို့ပင် အခြားရွာများ၊ မြို့များရှိ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူးများသည်လည်း ဖြစ်ပျက်ခဲ့သည်များကို အတိအကျမသိရသဖြင့် အလားတူ စိတ်ရှုပ်ထွေးနေကြသည်။ ဦးစီးမှူးသုံးဦးသည် အတူစုစည်းလျက် စကားတီးတိုးပြောဆိုကြ၏။

“လောင်ဝူ!”

ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူးတစ်ဦးမှ ဝူကျုံးကို မြင်သောအခါ အားရပါးရ ရယ်မောလျက် နှုတ်ဆက်သည်။

ဝူကျုံးလည်း အသံလာရာသို့ ကြည့်လိုက်ပြီး ရယ်မော၏။

“ဟားဟား… လောင်လျို့ မင်းလည်း ရောက်နေတာပဲ။ ငါတို့ နောက်ဆုံးတွေ့ခဲ့တာ နှစ်ဝက်လောက် ကြာသွားပြီမလား”

“တကယ့်ကို နှစ်ဝက်ကြာသွားခဲ့ပါပြီ။ ဟေး ဟေး မင်း ခုတလော ဘယ်လိုအခြေအနေရှိလဲကွ”

“ပုံမှန်အတိုင်းပဲပေါ့ကွာ၊ ဘာဖြစ်ရဦးမလဲ”

“မင်းကတော့ အမြဲ အရည်အချင်းတွေကို ကွယ်ဝှက်ထားနေတော့တာပဲ”

“မဟုတ်တာကွာ။ ငါ ဝူကျုံးက အမြဲ ပြောချင်တာကို တိတိကျကျပြောတယ်။ ‌ဘယ်တော့မှ အဓိပ္ပာယ်မရှိတဲ့စကားကို မပြောဘူး”

သူတို့နှစ်ဦးစကားပြောနေစဉ် အခြားဦးစီးမှူးတစ်ဦးရောက်လာပြီး ပြော၏။

“ဟားဟား လောင်လျို့၊ လောင်ဝူတစ်ယောက် ထပ်ပြီး ကူကယ်ရာမဲ့သလို ဟန်ဆောင်နေပြန်ပြီလား။ အဲဒါက တကယ် သူ့ရဲ့ပြဿနာပဲ”

“ဟုတ်တယ်ဟုတ်? ငါတို့လိုညီနောင်တွေရဲ့ ရှေ့မှာတောင်မှ သူက အမှန်မပြောဘူး။ ဟားဟား…”

လောင်လျို့မှ မကျေမနပ်ပြော၏။

ထိုအခါ ဝူကျုံးမှ ပြန်ပြောသည်။

“ဟေးဟေး မင်းတို့တွေ ငါ့နောက်ကွယ်မှာ ထပ်ပြီး ငါ့ကိုဇာတ်လမ်းဆင်မယ် မကြံနဲ့နော်။ မင်းတို့…”

“ကောင်း‌ပြီ ကောင်းပြီ ငါတို့ မင်းကို မနောက်တော့ပါဘူး လောင်ဝူရ။ ဒါနဲ့ မင်းတို့ ဒီနေ့ ငါတို့ကို ဆင့်ခေါ်လိုက်ရတဲ့အကြောင်းရင်းကို သိကြလား။ ခန်းမအရှင်သခင်က ငါတို့ကို အရေးတကြီးနဲ့ အလျင်စလို ဆင့်ခေါ်ခဲ့တာ။ ကြည့်လေ၊ ကျားဖြူခန်းမရဲ့ ခေါင်းဆောင်အားလုံးနီးပါး ဒီနေရာမှာ‌ ရောက်နေကြတယ်။ ဒါက တကယ်ပဲ ဘာအတွက်လဲ”

“ဘာအတွက်လဲဆိုတာ ဘယ်သူသိမှာလဲ။ ဒါနဲ့ မင်းတို့ကြားပြီးကြပြီလား။ မနေ့က ငါတို့ကျားဖြူခန်းမနဲ့ သူဖုန်းစားဂိုဏ်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်တဲ့။ ပြိုင်ပွဲက အရမ်းနီးကပ်လိုက်တာမှ ငါတို့ ရှုံးလုနီးပါးပဲတဲ့လေ”

“တကယ်ကြီးလား။ ဘာတွေဖြစ်ခဲ့တာလဲ”

ဝူကျုံးမှ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ အခြေအနေသည် အရေးပေါ်ဖြစ်နေခဲ့သောကြောင့် ရှန်းထောင်မြို့ကို မည်သူမျှ သတင်းမပို့ခဲ့ကြပေ။ ထို့ပြင် ကျေးလက်အဖွဲ့အစည်းများသည် အခွန်ငွေပုံမှန်ဆက်သခြင်းမှအပ အရေးပေါ်အခြေအနေများတွင် များများစားစား အကူအညီမဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့ကို မည်သူမျှ အထူးတလည် အကြောင်းမကြားခဲ့ကြချေ။

များသောအားဖြင့် မြက်ပင်အမြစ်များသည် အထက်ပိုင်းစီမံခန့်ခွဲမှုများ ပြောင်းလဲပြီးနောက်မှသာ ဖြစ်ပျက်ခဲ့သည့် အရေးကြီးအဖြစ်အပျက်များကို သိရှိကြရလေသည်။

“အင်း၊ ငါ မနေ့ညက ညတွင်းချင်း ခရီးနှင်လာခဲ့တာလေ။ အဲဒီမှာ မျန့်ရွှေတစ်ခွင်လုံးနီးပါးက အဲဒီအဖြစ်အပျက်အကြောင်းကို ပြောနေကြတာကွ။ ငါတို့ကသာ ရွာဘက်မှာမို့လို့ မသိလိုက်ကြတာ။ မနေ့က ပြိုင်ပွဲက ငါတို့ကျားဖြူခန်းမရဲ့ သေရေးရှင်ရေးကိုပါ ပူပန်ရတဲ့ပြိုင်ပွဲဖြစ်ခဲ့တာတဲ့”

ယန့်လင်မြို့ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး လောင်လီမှ စိတ်လှုပ်ရှားစွာဖြင့် ပြော၏။ သူသည် မနေ့ညက ညတွင်းချင်း ခရီးနှင်လာခဲ့သောကြောင့် ကျားဖြူခန်းမ၏ သတင်းကြီးများကို တစ်ညလုံး ကြားသိနိုင်ခဲ့ပေသည်။

သူ၏ဘေးရှိ ရှသုန်းမြို့ ငါးဖမ်းကုန်သည်အဖွဲ့ဦးစီးမှူး လောင်လျို့မှာမူ ဝူကျုံးကဲ့သို့ပင် ယနေ့မနက်မှ မြို့ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သောကြောင့် ဤပျံ့နှံ့နေသည့် အဖြစ်အပျက်အကြောင်းကို မကြားသိရသေးပေ။

လောင်လျို့မှ ပြောသည်။

“ဘာတွေဖြစ်ခဲ့တာလဲ၊ လောင်လီ ငါတို့ကို သေချာလေးပြောပြဦး”

ထိုအခါ လောင်လီမှ ပြန်ပြောသည်။

“မသိကြဘူးလား ဟမ်? ငါပြောမယ်၊ မနေ့က အရမ်းကိုမှ ပြင်းထန်တဲ့ ‌ကပ်ဘေးကြီးဖြစ်ခဲ့တာ။ ငါတို့ကျားဖြူခန်းမက ယုံချန်လမ်းမ၊ ငြိမ်းချမ်းခြင်းလမ်းမ၊ အသီးအရွက်ဈေးလမ်းမကြီး… လမ်းမကြီးသုံးခုကို လောင်းကြေးထပ်ပြီး သူဖုန်းစားဂိုဏ်းနဲ့ ယှဉ်ပြိုင်ခဲ့တယ်။ သူဖုန်းစားဂိုဏ်းကတော့ နန်ရေကန်ကို လောင်းကြေးထပ်ခဲ့တယ်။ ပွဲစဉ်သုံးခုမှာ အနိုင်များတဲ့ဘက်က အနိုင်တဲ့”

“ဒါပေမဲ့ အဲဒီမတိုင်ခင်က သူဖုန်းစားဂိုဏ်းက ကျားဖြူခန်းမကို အလစ်တိုက်ခိုက်ခဲ့သေးတယ်။ ခန်းမအရှင်သခင်ဖန်းလည်း အပြင်းအထန်ဒဏ်ရာရခဲ့ပြီး မွေးစားသားလေးယောက်မှာ သုံးယောက်ဒဏ်ရာရပြီး တစ်ယောက် သေသွားတယ်တဲ့။ ငါတို့ကျားဖြူခန်းမက အရမ်းကြီးမားတဲ့ ဘေးအန္တရာယ်ကြီးထဲ ကျရောက်ခဲ့တာတဲ့”

“ဒါပေါ့၊ ကပ်ဘေးသင့်ကာလက သူရဲကောင်းတွေ မွေးထုတ်ပေးတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကသောင်းကနင်းဖြစ်ရပ်ကြားမှာ အရည်အချင်းရှိသူတွေ ပေါ်ထွက်လာခဲ့တယ်။ အဲဒီလိုသေရေးရှင်ရေးအခြေအနေမှာ ငါတို့ရဲ့ သခင်၅က ရှေ့‌ထွက်ရပ်တည်ခဲ့တယ်။ ပြိုင်ပွဲအတွင်းမှာ ဉာဏ်ရည်ထက်မြက်စွာနဲ့ ဗျူဟာခင်းခဲ့ပြီး သံမဏိသူဖုန်းစားကျိုးဖန်းကို အနိုင်ယူခဲ့တယ်၊ တောင်တက်နွယ်လျိုဖုန်းကို တစ်ပတ်ရိုက်တယ်။ ရွှေဓားဖုန်းစန်းကို အနိုင်တိုက်ပြီး သူ့ကိုယ်သူ နာမည်ရလာစေခဲ့တယ်။ ငါတို့ကျားဖြူခန်းမရဲ့ နှစ်ရာချီတိုင်တဲ့ အခြေခံအုတ်မြစ်ကိုလည်း သေချာခိုင်မာစေခဲ့တယ်လေ”

သိုင်းလောကအမည် : “လေလွင့်ဝိဉာဉ်လှံ”

လောင်လီသည် စကားပြောကျွမ်းကျင်သူဖြစ်ရာ ပုံပြင်ဇာတ်လမ်းပြောသည့်အလား အသံနေအသံထားဖြင့် ပြောပြခဲ့သည်။

ထိုအခါ လောင်လျို့နှင့် ဝူကျုံးတို့ နှစ်ဦးစလုံး ကြောင်အမင်သက်ကုန်ကြလေသည်။

သို့သော် ဝူကျုံးသည် ရုတ်ချည်း အသိပြန်ဝင်လာပြီး အံ့ဩနေဆဲ မျက်နှာအမူအရာဖြင့် ပုံပြောသူလောင်လီကို မေးသည်။

“ဟေး လောင်လီ၊ သခင်၅ရဲ့နာမည်က ဘာတဲ့လဲ”

“သခင်၅လား”

ဝူကျုံးသည် စိတ်ဝင်စားစွာဖြင့် မေးသည်။

ဝူကျုံးသည် အကြောင်းအရာမှားယွင်းနေမည်ကို စိုးရွံ့မိသည်။ ဝူကျုံးသည် သံမဏိအရိုးအဆင့်သိုင်းပညာရှင်ဖြစ်သော ရွှေဓားဖုန်းစန်း၏ ဂုဏ်သတင်းကို ကြားဖူး၏။ ထို့ပြင် သူမေးလိုက်သည့် ထိုသခင်၅သည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သာဖြစ်ကြောင်း သူမှတ်မိနေသည်။

တစ်လပဲရှိသေးတာကို သူက သံမဏိအရိုးအဆင့်အထိ တက်လှမ်းသွားပြီလား။

ဝူကျုံး သင်္ကာမကင်းဖြစ်နေခဲ့သည်။

ထိုအခါ လောင်လီမှ ပြန်ပြော၏။

“မင်း မသိဘူးလား။ သူ့ရဲ့မျိုးရိုးနာမည်က ချန်လေ”

“မျိုးရိုးနာမည်ချန်လား။ သူ့ရဲ့နာမည်အပြည့်အစုံက ဘာတဲ့လဲ”

ဝူကျုံးမှ ဆက်မေးသည်။ လောင်လီမှ ပြောပြသည်။

“သူ့နာမည်က ချန်ကျိုစစ်တဲ့။ ဟေး အဲဒီသခင်၅က မင်းတို့ရှန်းထောင်မြို့က ဖြစ်ပုံရတယ်ကွ”

ချန်ကျိုစစ်!

ဝူကျုံး ချက်ချင်း မျက်လုံးပြူးသွား၏။

တကယ်ကြီး အဲဒီကလေးကျိုစစ်ပဲ။

ဝူကျုံးမှာ ယုံကြည်ရန်ခက်ခဲနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ လောင်လီပြောပြသည့် ချန်ကျိုစစ်သည် သူသိထားသည့် ချန်ကျိုစစ်နှင့် မတူညီသည့် လူနှစ်ယောက်ကဲ့သို့ ကွဲပြားနေသည် မဟုတ်ပါလော။

တစ်ဦးသည် အနည်းငယ် စိတ်ဓာတ်ခိုင်မာပြတ်သားပြီး ကျေးလက်ဒေသမှ အနည်းငယ် ထက်မြက်သည့် လူငယ်လေးဖြစ်သည်။

အခြားတစ်ယောက်မှာ အဆောက်အဦကြီးတစ်ခု ပြိုကျလျှင်သော်မှ ကယ်ဆယ်ပေးနိုင်ပြီး ပြိုကျလုဆဲဆဲ တောင်တစ်လုံးကို ထောက်ကန်ထားပေးနိုင်လောက်မည့် သူရဲကောင်းပုံရိပ်ဖြစ်သည်။ သို့ဖြစ်ရာ ဝူကျုံးသည် အချိန်တစ်ခုအထိ ထိုပုံရိပ်နှစ်မျိုးကို လူတစ်ယောက်တည်းဟု လက်မခံနိုင်ဘဲ ဖြစ်နေခဲ့သည်။

သူ အိပ်မက်,မက်နေသကဲ့သို့ ခံစားနေရ၏။

ဒီချန်ကျိုစစ်က တကယ်ပဲ ငါသိတဲ့ချန်ကျိုစစ်လား။

ဝူကျုံးသည် မိမိကိုယ်ကိုယ် စိတ်တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီးနောက် လောင်လီကို ကြည့်လိုက်ပြီး ပြောသည်။

“လောင်လီ မင်း မှားမပြောတာ သေချာပါတယ်နော်။ တကယ်ပဲ ချန်ကျိုစစ်လား”

လောင်လီမှ ပြန်ပြော၏။

“ငါက ဘယ်လိုလုပ် မှားပြောမှာလဲ။ အို ဟုတ်သား၊ လောင်ဝူ မင်း သူ့ကိုသိလား”

“အင်း သိတယ်ပဲပြောပါတော့”

ဝူကျုံး ရယ်မောလိုက်သည်။ သူ၏နှလုံးအိမ်မှာ စိတ်လှုပ်ရှားမှုဖြင့် ခုန်လှုပ်နေ၏။ ထို့နောက် လောင်လီမှ ပြောသည်။

“မင်း သူ့ကိုသိတယ်မလား။ မင်းနဲ့သူနဲ့က ဘယ်လိုဆက်ဆံရေးလဲ။ သူနဲ့ စကားပြောလို့ရလား။ သူ့ရဲ့အဆင့်အတန်းအရဆို သူက တစ်နေ့နေ့မှာ ဒီကျားဖြူခန်းမကို ဆက်ခံရနိုင်ခြေရှိတယ်။ မင်း သူ့ကို စကားပြောနိုင်တယ်ဆိုရင်‌ မင်းတော့ ဒီမိတ်ဆွေကြီးကို ကူညီပေးသင့်တယ်နော်”

ဝူကျုံးမှ ပြန်ပြောလိုက်သည်။

“အင်း ဒီတိုင်း သိရုံ မြင်‌ဖူးရုံ သိကျွမ်းတာမျိုးပါပဲ။ သူနဲ့တော့ စကားမပြောနိုင်ဘူး”

All Chapters