ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား
Vol. 21 Ch. 290
သံသတ္တုတွင်း!
ဤသည်မှာ မန့်ေရွှစီရင်စု၏ နည်းဗျူဟာကျ အရင်းအမြစ်များတစ်ခုဖြစ်ပြီး သူတို့၏ ချမ်းသာကြွယ်ဝမှု၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။
တရားမဝင် ဆားကုန်ကူးခြင်းကို ခွင့်လွှတ်ပေးနိုင်သော်ငြား တရားမဝင် သံသတ္တုတူးဖော်ခြင်းသည်တော့ သေဒဏ်ကျခံရမည့် အမှန်စင်စစ်သော ပြစ်မှုကြီးဖြစ်သညိ။
သို့သော် တော််ဝင်တရားရုံးတော်မှ အသိအမှတ်ပြုထားသည့် ကုန်သည်အဖွဲ့များကဲ့သို့ ချွင်းချက်များလည်း တည်ရှိသည်။ ၎င်းတို့မှာ သံသတ္တုတူးဖော်ရန် အရည်အချင်းပြည့်မီသည်။
ဥပမာ မျန့်ရွေစီရင်စု၏ ဩဇာလွှမ်းမိုးသော အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့ ဖြစ်သည်။
သူတို့ကို တော်ဝင်တရားရုံးတော်မှ သံတ္တုတူးဖော်ခွင့်ပေးထားသည်။ ၎င်းတိူ့၏ သာမန်ထက်ထူးကဲသည့် အဆင့်အတန်းကို ထင်ဟပ်စေခြင်းလည်း ဖြစ်၏။ သေချာပေါက်ပင် သူတို့သည် သံသတ္တုရိုင်းတူးဖော်ခွင့်ရှိကြသည့်တိုင် ထိန်းချုပ်မှုအချို့ကို လက်ခံထားရမြဲပင်။
တော်ဝင်တရားရုံးတော်သို့ သတ်မှတ်ထားသည့် ပမာဏကို လစဉ်လတိုင်း ပေးပို့ရသည်။ ကုန်သည်အဖွဲ့ကြီးများသည် စိုက်ပျိုးမွေးမြူရေးသုံး ပစ္စည်းကိရိယာများကို ထွင်းထုသည့် ပန်းပဲလုပ်ငန်းများကိုသာ ရောင်းချနိုင်ကြသည်။ အချို့ကို ကုန်သည်အဖွဲ့အတွင်း အသုံးပြုနိုင်သည့်တိုင် အားလုံးကို ထိန်းချုပ်ထားခြင်းဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့၏ အဓိကခန်းမကြီးတစ်ခုအနေဖြင့် ကျားဖြူခန်းမသည် သံသတ္တုရိုင်းတောင်၌ ကိုယ်ပိုင်သတ္တုတူးဖော်ရေးနယ်မြေတစ်ခု ပိုင်ဆိုင်သည်။ ၎င်း၏စာရင်းသည် ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်၏ စီမံခန့်ခွဲမှုကို ဖြတ်သန်းရန် မလိုအပ်ဘဲ သက်သက်ခွဲထားခြင်း ဖြစ်၏။
ဤသည်မှာ အရင်က ဖန်းရှစ်ကျုံးနှင့် နန်ပါးထျန်းတို့ကြား သဘောတူညီမှုရယူခဲ့သည့် အချက်တစ်ချက်လည်း ဖြစ်သည်။
ချန်ကျဲ့မှ သံသတ္တုရိုင်းလုပ်ငန်းကို စုံစမ်းစစ်ဆေးရန် ပြောလာသည်တွင် ဖန်းရှစ်ကျုံး မျက်မှောင်ကြုတ်သွား၏။
“သံသတ္တုရိုင်းတူးဖော်ရေးလုပ်ငန်းမှာ တစ်ခုခုမူမမှန်ဘူးလို့ ထင်နေလို့လား”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အကြောင်းအရင်းကေတာ့ ကျွန်တော် လူအများကြီးကို မေးခဲ့ပြီး အဆုံးမှာတော့ အစ်ကို၄သေဆုံးတဲ့နေ့က သံသတ္တုရိုင်းလုပ်ငန်းရဲ့ စာရင်းတွေကို စစ်ဆေးနေခဲ့တာလို့ သိခဲ့ရပါတယ်။ အစ်ကို၄က စာရင်းစာအုပ်တွေထဲမှာ မူမမှန်တစ်ခုခုကို သတိထားမိခဲ့တာကြောင့် အသတ်ခံခဲ့ရတာလို့ ကျွန်တော် သံသယဝင်မိပါတယ်”
“ဟမ်? မင်းက လူသတ်သမားက ငါတို့လူတွေထဲကတစ်ယောက် ဖြစ်နိုင်တယ်လို့ ဆိုလိုချင်တာလား”
ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော် မသေချာပါဘူး။ ဒါပေမဲ့ ကျွန်တော် ဖြစ်နိုင်ခြေရှိတဲ့အရာာ ဘယ်တစ်ခုကိုမှ ဖယ်ထုတ်မထားနိုင်ပါဘူး။ ပြီးတော့ မွေးစားအဖေ၊ မွေးစားအဖေသာဆိုရင် သံသတ္တုရိုင်းလုပ်ငန်းမှာ ဘယ်အရာကို လက်ဆော့လိမ့်မလဲ”
ဖန်းရှစ်ကျုံးမှ ပြောသည်။
“သံသတ္တုက နိုင်ငံအတွက် လက်နက်တစ်ပါးပဲ။ အဲဒါေကြာင့် လက်ဆော့နိုင်ခြေရှိတဲ့အရာတွေ များပြားလွန်းတယ်။ သက်သေမရှိဘဲ စုံစမ်းစစ်ဆေးဖို့ မလွယ်ကူဘူး”
ထိုသို့ပြောပြီးနောက် ဖန်းရှစ်ကျုံးမှ ထပ်ပြောသည်။
“ဒါပေမဲ့ ကျိုစစ်၊ မင်းက စုံစမ်းစစ်ဆေးချင်နေမှတော့ စစ်ဆေးလိုက်ပါ။ ဒီကိစ္စက မင်းအပေါ်ပဲ မူတည်တယ်။ မင်းရဲ့စုံစမ်းစစ်ဆေးရေးအတွက် လင်းယုန်အစောင့်အရှောက်၁၂ဦးက ကူညီပေးလိမ့်မယ်”
ချန်ကျဲ့မှ ပြောသည်။
“နားလည်ပါပြီ”
“အင်း မင်း သွားလို့ရပြီ”
ဖန်းရှစ်ကျုံးမှ လက်ဝှေ့ယမ်းလိုက်ရာ ချန်ကျဲ့လည်း ထွက်ခွာလာခဲ့သည်။ လင်းယုန်အစောင့်အရှောက်၁၂ဦးလည်း လိုက်ပါလာသည်။ လင်းယုန်အစောင့်အရှောက်၁၂ဦးသည် နွဲ့ပျောင်းအရွတ်အဆင့်ရှိ အင်အားကြီးမားသည့် သိုင်းပညာရှင်များဖြစ်ကြရာ သူတို့၏အကူအညီသည် ချန်ကျဲ့ကို အများကြီး အထောက်အကူပြုနိုင်သည်။
ဖန်းရှစ်ကျုံး၏ အခန်းထဲမှ ထွက်လာသည့် ချန်ကျဲ့ကို တံခါးတွင်စောင့်နေသည့် ကျိုးချူမှ မေးသည်။
“ဘယ်လိုလဲ ကျိုစစ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မွေးစားအဖေက သံသတ္တုရိုင်းလုပ်ငန်းကို စုံစမ်းစစ်ဆေးဖို့ သဘောတူလိုက်ပြီ။ လင်းယုန်အစောင့်အရှောက်၁၂ဦးကိုလည်း ငါတို့ကိုကူညီဖို့ ပေးလိုက်တယ်”
ထိုအခါ ကျိုးချူသည် ချန်ကျဲ့နောက်ရှိ လင်းယုန်အစောင့်အရှောက်၁၂ဦးကို အရိုအသေပြုနှုတ်ဆက်လိုက်သည်။ ထို့နောက် ချန်ကျဲ့ကို ပြန်ကြည့်၍ ပြောသည်။
“အဲဒီတော့ ကျိုစစ် ငါတို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ”
“စာရင်းတွေကို စစ်ဆေးမယ်”
ချန်ကျဲ့သည် ထိုစကားကို ပြောလိုက်ပြီးသည်နှင့် ကျားဖြူခန်းမ၏ စာရင်းမှတ်တမ်းအခန်းသို့ ဦးတည်ထွက်ခွာသည်။
စာရင်းမှတ်တမ်းခန်းသို့ရောက်သောအခါ စာရင်းစာအုပ်များဖြင့် အလုပ်ရှုပ်နေသည့် စာရင်းကိုင်များစွာကို မြင်တွေ့လိုက်ရသည်။ ချန်ကျဲ့ကို သတိထားမိသောအခါ တာဝန်ကျစာရင်းကိုင်တစ်ဦးမှ မတ်တပ်ထရပ်ပြီး ပြောသည်။
“သခင်၅ ဘာကိစ္စရှိလို့ ရောက်လာတာပါလဲ”
ချန်ကျဲ့မှ ပြောသည်။
“ဘာရယ်မဟုတ်ပါဘူး။ စာရင်းစာအုပ်တွေကြည့်ဖို့ လာခဲ့တာ။ ကျွန်တော့်ကို သံသတ္တုရိုင်းလုပ်ငန်းရဲ့ စာရင်းစာအုပ်ေတွ ယူလာပေးပါ”
ထိုအခါ တာဝန်ကျစာရင်းကိုင်မှ ပြန်ပြောသည်။။
“ဟုတ်ကဲ့ ခဏစောင့်ပေးပါ”
မကြာမီ၌ စာရင်းစာအုပ်တစ်အုပ်ကို ယူလာပေးရာ ချန်ကျဲ့လည်း စတင်၍ ဖတ်ကြည့်သည်။
ထို့နောက် ချန်ကျဲ့ စာမျက်နှာတစ်ရွက်ကို ညွှန်ပြ၍ ပြောသည်။
“ဒါက ဘာအကြောင်းလဲ။ သံရည်ကြိုတာက ဘယ်လိုလုပ်ပြီး ဆုံးရှုံးမှုဖြစ်သွားရတာလဲ”
ထိုအခါ တာဝန်ကျစာရင်းကိုင်မှ ရှင်းပြသည်။
“အို အဲဒါတွေက ချို့ယွင်းနေတဲ့သံသတ္တုတွေပါ”
“ချို့ယွင်းနေတဲ့သံသတ္တု?”
ချန်ကျဲ့ စိတ်ရှုပ်ထွေးသွား၏။ စာရင်းကိုင်မှ ချက်ချင်း ရှင်းပြလာသည်။
“ဒီလိုပါ။ မြောက်ပိုင်းတောင်ရဲ့ တချို့တူးဖော်ရေးနေရာတွေမှာ ထွက်ရှိလာတဲ့ သံသတ္တုရိုင်းတွေက အကြောင်းအရင်းမသိရဘဲ အရည်ကျိုလိုက်တာနဲ့ အရမ်းကိုမှ ထိခိုက်ပျက်စီးလွယ်သွားပါတယ်။ ကြည့်လိုက်ရင်တော့ ဘာပြဿနာမှ မရှိသလိုနဲ့ အသုံးပြုလိုက်တာနဲ့ အထူးသဖြင့် သက်ရောက်မှုပြင်းထန်တဲ့အရာအပေါ် အသုံးပြုတဲ့အခါမျိုးမှာ သက်ရောက်မှုကြောင့် ကျိုးကြေပျက်စီးသွားပါတယ်”
“အဲဒါေတွက လုံးဝ အသုံးပြုလို့မရတာကြောင့် ချို့ယွင်းနေတဲ့သံသတ္တုလို့ သတ်မှတ်လိုက်တာပါ”
“အာ အဲဒီချို့ယွင်းနေတဲ့သံသတ္တုတွေက သံရည်ကျိုလိုက်တာနဲ့ ဆုံးရှုံးမှုဖြစ်သွားတာပါ”
“အဲဒါကြောင့် စာရင်းတွေထဲမှာ ဆုံးရှုံးမှုစာရင်းတွေ ရှိနေတာပါ”
စာရင်းကိုင်မှ ရှင်းပြသည်။
ထိုရှင်းပြချက်တွင် ချန်ကျဲ့ မျက်လုံးအိမ်တို့မှေးကျဉ်းလိုက်၏။ ၎င်းချို့ယွင်းနေသည့်သံသတ္တုရိုင်းများမှာ မူမမှန်ဟု အလိုအလျောက် ခံစားမိနေခဲ့သည်။
ချန်ကျဲ့ နောက်ထပ်စာမျက်နှာများသို့ လှန်ကြည့်လိုက်ရာ ချို့ယွင်းသံသတ္တုရိုင်းပမာဏမှာ တဖြည်းဖြည်း တိုးလာနေကြောင်း သတိထားမိလိုက်သည်။ စာရင်းစာအုပ် တစ်အုပ်လုံးကို ဖတ်ကြည့်ပြီးနောက် ချန်ကျဲ့ ပြောလိုက်သည်။
“မနှစ်ကနဲ့ တနှစ်က စာရင်းစာအုပ်တွေ ရှိသေးလား။ ကျွန်တော့်ကို အကုန်ယူလာခဲ့ပေးပါ”
ထိုအခါ စာရင်းကိုင်မှ ပြောသည်။
“ဟုတ်ကဲ့”
“ဒါပေမဲ့ သခင်၅၊ အဲဒီစာရင်းဟောင်းတွေက မော်ကွန်းတိုက်ထဲ ထည့်သိမ်းပြီးနေပါပြီ။ ပြန်ရှာဖို့ အချိန်နည်းနည်းကြာနိုင်တာမို့လို့ ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ”
ချန်ကျဲ့မှ ပြောသည်။
“ရပါတယ်။ သွားရှာလိုက်ပါ”
ချန်ကျဲ့ လက်ဖက်ရည်တစ်ငုံသောက်လိုက်သည်။ ကျိုးချူမှ ချန်ကျဲ့ကို ပြော၏။
“စာရင်းစာအုပ်တွေမှာ ပြဿနာရှိနေလို့လား”
ချန်ကျဲ့မှ ပြန်ပြောသည်။
“စာရင်းစာအုပ်တွေက ပြဿနာမရှိဘူး၊ စာရင်းကိုက်ညီတယ်။ ဒါပေမဲ့ စာရင်းကိုက်တယ်ဆိုတာနဲ့ပဲ ပြဿနာမရှိဘူးလို့ မဆိုလိုဘူးလေ”
ချန်ကျဲ့တို့ စဉ်းစားနေစဉ် စာရင်းကိုင်သည် စာရင်းစာအုပ်ဆယ်အုပ်ခန့်ပါဝင်သည့် သေတ္တာတစ်လုံးကို သယ်ဆောင်လာခဲ့သည်။
“သခင်၅ ဒါတွေက လွန်ခဲ့တဲ့၁၀နှစ်စာအတွက် စာရင်းစာအုပ်တွေပါ။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ”
ချန်ကျဲ့ယူလိုက်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုသည်။
ကျစ်ကျန်း ပထမနှစ် : ချို့ယွင်းသံသတ္တုရိုင်း ၂၀၀၀ ကျင်း။
ကျစ်ကျန်း ဒုတိယနှစ် : ချို့ယွင်းသံသတ္တုရိုင်း ၂၅၀၀ ကျင်း။
ကျစ်ကျန်း တတိယနှစ် : ချို့ယွင်းသံသတ္တုရိုင်း ၂၃၀၀ ကျင်း။
ကျစ်ကျန်း စတုတ္ထနှစ် : ချို့ယွင်းသံသတ္တုရိုင်း ၁၈၀၀ကျင်း။
…
ကျစ်ကျန်း ၇နှစ်မြောက် : ချို့ယွင်းသံသတ္တုရိုင်း ၁၀၀၀၀ ကျင်း။
ကျစ်ကျန်း ၈နှစ်မြောက် : ချို့ယွင်းသံသတ္တုရိုင်း ၃၀၀၀၀ ကျင်း။
ကျစ်ကျန်း ၉နှစ်မြောက်တွင်မူ နှစ်ဝက်ကျော်ခန့်မျှသော အချိန်အတွင်း၌ ချို့ယွင်းသံသတ္တုရိုင်း ၂၀၀၀၀ ကျင်း ထွက်လာခဲ့ပြီဖြစ်သည်။
စာရင်းစာအုပ်များကို ဖတ်ကြည့်ပြီးနောက် ချို့ယွင်းသံသတ္တုရိုင်း ထွက်ရှိမှုသည် ကျစ်ကျန်း၇နှစ်မြောက်၊ လွန်ခဲ့သည့်၂နှစ်မှ စတင်၍ အလွန်အမင်း တိုးပွားလာခဲ့ကြောင်း ချန်ကျဲ့ ရှာတွေ့ခဲ့သည်။
ချန်ကျဲ့သည် ကျစ်ကျန်း၇နှစ်မြောက်၏ ချို့ယွင်းသံသတ္တုရိုင်းထွက်နှုန်းကို အသေးစိတ် စစ်ဆေးကြည့်ပြီးနောက် ထွက်နှုန်းမှာ လွန်ခဲ့သည့်သုံးလတွင်မှ အရှိန်ပြင်းစွာ တိုးပွားလာခြင်းဖြစ်ကြောင်း သတိထားမိခဲ့သည်။
ချန်ကျဲ့သည် လွန်ခဲ့သည့်သုံးလအတွင်း ပုံမှန်သံသတ္တုထုတ်လုပ်မှုကိုလည်း စစ်ဆေးကြည့်ခဲ့ရာ သိသိသာသာ ထွက်နှုန်းလျော့နည်းလာကြောင်း ရှာတွေ့ခဲ့သည်။
ချန်ကျဲ့သည် လက်ဖက်ရည်ထဲကို လက်ချောင်းနှစ်၍ စားပွဲပေါ်တွင် ဂဏန်းအချို့ ရေးချလိုက်သည်။
ချို့ယွင်းသံသတ္တုရိုင်းပမာဏကို ပုံမှန်သံသတ္တုပမာဏနှင့် ပေါင်းလိုက်ပါက ခန့်မှန်းခြေအားဖြင့် ကျင်းရှစ်သောင်းခန့်သော ပမာဏကို သွေဖည်မှုပမဏ ကျင်းသုံးထောင်ထက် မကျော်လွန်စေဘဲ ကိန်းသေအဖြစ်ထားရှိကြောင်း သိရှိလိုက်ရပေသည်။