← Chapters

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၅

Vol. 21 Ch. 294

ကျန်းချွမ် : သူက ဒါကိုတောင် ရှာနိုင်တယ်လား_၅

Vol. 21 Ch. 294

“တကယ် တကယ်လား”

“တကယ်ပါ”

ချန်ကျဲ့မှ အပြတ်အသား ပြောသည်။

ထိုအခါ ချန်ရွှင်းသည် စိတ်ဆုံးဖြတ်ချက်ချလိုက်ဟန်ရကာ ပြောထွက်လာသည်။

“အဲဒါက…”

ဝှစ်!

လေထဲမှ ဒူးလေးမြားတစ်စင်း ပျံဝဲလာသည်။ ချန်ကျဲ့လည်း ထိတ်လန့်သွား၍ ခုခံကာကွယ်သည့် ကိုယ်နေဟန်ထားသို့ ပြောင်းလဲလိုက်သည်။ သို့သော် ၎င်းမြားသည် ချန်ရွှင်း၏လည်မျိုတည့်တည့်သို့ ထိုးစိုက်သွားခဲ့သည်။

အား!

လည်မျိုတွင် မြားစိုက်သွားရသည့် ချန်ရွှင်းသည် မျက်လုံးအိမ်များ ပြူးကျယ်လျက် လည်ပင်းကို တင်းတင်းဆုပ်ကိုင်ထားကာ မယုံကြည်နိုင်သည့် မျက်နှာအမူအရာမှာ အတိုင်းသား ထင်ဟပ်နေပေသည်။

“‌ဘယ်သူလဲ!”

ချန်ကျဲ့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ထိုအချိန်တွင် အနီးဝန်းကျင်ရှိ တူးဖော်ရေးလုပ်သားများထဲမှ ဒူးလေးကိုင်လျက် နေရာမှ ထွက်ခွာနေသည့် ပိန်ပါးပါးပုံရိပ်တစ်ခုကို ချန်ကျဲ့ သတိထားမိလိုက်သည်။ ထိုလူသည် ဝါးခြင်းတောင်းကိုလည်း ကျောပိုးထားကာ နေရာမှ လှည့်‌ထွက်ပြေးနေသည်။

ထိုအခါ ချန်ကျဲ့ အော်ပြောလိုက်သည်။

“မပြေးနဲ့”

အတူလိုက်ပါလာသည့် လင်းယုန်အစောင့်အရှောက်များဖြင့် ချန်ကျဲ့ နောက်မှလိုက်သည်။ သို့သော် ၎င်းပိန်ပါးပါးလူသည် ဤ‌နယ်မြေနှင့် အလွန်ရင်းနှီးကျွမ်းဝင်သဖြင့် အနည်းငယ်မျှ အကွေ့အကောက်များကို ကျော်ဖြတ်ပြီးနောက်တွင် ခြေရာလက်ရာမကျန်ရစ်ဘဲ ပျောက်ကွယ်သွားတော့သည်။

…

ကျားဖြူခန်းမ!

ဖန်းရှစ်ကျုံးသည် ခန်းမထိပ်တွင် မျက်နှာတင်းမာခက်ထန်စွာဖြင့် ထိုင်နေသည်။ အောက်ဘက်တွင် သူ၏မွေးစားသားသုံးဦးဖြစ်သော ဖုန်းရွှမ်၊ ကျန်းချွမ်နှင့် လုရုံတို့ ‌ထိုင်နေကြသည်။

ဖန့်ဖူသည် ခန်းမပတ်ဝန်းကျင်ကို စောင့်ကြပ်ရန် တာဝန်ယူထားသည်။

ခန်းမအနီး ခြေလှမ်းတစ်ရာအကွာအဝေးအတွင်းသို့ မည်သူမျှ ချဉ်းကပ်လာခွင့် မရှိပေ။

ဖန်းရှစ်ကျုံး၏ တည်ကြည်လေးနက်နေမှုကို မြင်ရသည်တွင် ဖုန်းရွှမ်တို့သုံးဦးသည်လည်း မည်သည့်ကိစ္စရပ်သည် သူတို့၏မွေးစားအဖေအား ထိုမျှအထိ တင်းမာခက်ထန်စေသနည်းဟု မသိနိုင်ဘဲ ဇဝေဇဝါဖြင့် စိတ်ရှုပ်ထွေးနေရသည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အင်း အားလုံးရောက်နေပြီပဲ”

“မင်းတို့မြင်ကြတဲ့အတိုင်း ခန်းမအနီး ခြေလှမ်းတစ်ရာအကွာအဝေးအတွင်းကို ဘယ်သူမှ ချဉ်းကပ်ခွင့်မရှိဘူး။ အဲဒီတော့ ငါတို့ စိတ်ရင်းအမှန်နဲ့ စကားပြောကြရအောင်”

“မင်းတို့သုံးယောက်ထဲက သားငယ်၄ကို သတ်လိုက်တာ ဘယ်သူလဲ!”

ဘုန်း!

ထိုစကားတွင် သုံးယောက်စလုံး အံ့ဩမင်သက်သွားကြသည်။

ထို့နောက် ဖန်းရှစ်ကျုံးကို တစ်ပြိုင်နက်တည်း ကြည့်လာ၍ ပြော၏။

“မွေးစားအဖေက ညီငယ်၄ကို ကျွန်တော်တို့ သတ်လိုက်တာလို့ ဆိုလိုချင်တာပါလား”

ဖန်းရှစ်ကျုံးသည် မျက်နှာအမူအရာကင်းမဲ့နေသည်။

“ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ငါတို့ကို ဆင့်ခေါ်ခဲ့တယ်။ တစ်ယောက်ယောက်က သံထည်တွေကို သူပုန်ဂိုဏ်းမိန်ဂိုဏ်းကို လျှို့ဝှက်ရောင်းချနေပြီး ကိုယ်ပိုင်အကျိုးအမြတ်ရှာဖွေနေတယ်တဲ့။ ပြီးတော့ အဲဒီလုပ်ရပ်က လျှို့‌ဝှက်ပူးပေါင်းကြံစည်မှုနဲ့ ထပ်တူညီတယ်”

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ငါတို့ကုန်သည်အဖွဲ့နှစ်ဖွဲ့ကို ကိုယ်တိုင်စုံစမ်းစစ်ဆေးစေချင်တယ်။ ချောင်ကုန်သည်အဖွဲ့ရော၊ နန်ပါးထျန်းရောက သူတို့ရဲ့သံသတ္တုတွင်းမှာ ဘာပြဿနာမှာ မရှိဘူးလို့ ပြောခဲ့တယ်”

“သူတို့လိမ်နေတာပဲဖြစ်မယ်!”

ထိုအခါ လုရုံမှ ကြားဖြတ်ပြောသည်။

ဖန်းရှစ်ကျုံးမှ လုရုံကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

“သားငယ်၃ မင်း ဘာကိုဆိုလိုတာလဲ”

“နန်ပါးထျန်းနဲ့ လျိုလောင်ကွေ့က ကျွန်တော်တို့ကျားဖြူခန်းမကို ဝါးမြိုဖို့ကလွဲရင် တခြားအတွေးရှိတာ မဟုတ်ဘူး။ သူတို့ရဲ့ နှုတ်ထွက်တဲ့စကားက ဘယ်လိုလုပ်ပြီး အမှန်ဖြစ်နိုင်မှာလဲ။ ကျွန်တော်တော့ သူတို့လိမ်ပြောတာလို့ပဲ ‌ထင်တယ်”

“မင်းမှာ သက်သေရှိသလား”

“မရှိပါဘူး!”

“ပြန်ထိုင်နေစမ်း!”

ဖန်းရှစ်ကျုံးမှ ဒေါသတကြီး ကြိမ်းမောင်းလိုက်ရာ လုရုံလည်း ပြန်ထိုင်လိုက်ရသည်။

ထို့နောက် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“ငတုံးကောင် ငါပြောတာကို ‌နားထောင်စမ်း! သူတို့လိမ်ပြောနေလားဆိုတာကို ငါမသိပေမဲ့ ငါတို့ခန်းမမှာ ပြဿနာရှိနေတာကိုတော့ ငါခံစားမိတယ်”

“သားငယ်၄ကို ဘယ်သူသတ်ခဲ့တာလဲ။ ငါအရင်က သူဖုန်းစားဂိုဏ်းရဲ့ လက်ချက်လို့ ထင်ခဲ့တာ ဒါပေမဲ့ မဟုတ်ခဲ့ဘူး။ သားငယ်၅ စုံစမ်းစစ်ဆေးမှုလုပ်ပြီးတော့ သားငယ်၄ မသေခင်က သံသတ္တုတွင်းလုပ်ငန်းရဲ့ စာရင်းတွေကို စစ်ဆေးနေတဲ့အကြောင်း ရှာတွေ့ခဲ့တယ်”

“တစ်ယောက်ယောက်က မိန်ဂိုဏ်းကို သံထည်တွေ လျှို့ဝှက်ရောင်းချနေတယ်။ သားငယ်၄က သံသတ္တုတွင်းလုပ်ငန်းရဲ့ စာရင်းတွေကို စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရတယ်။ လောကကြီးမှာ ဒီလောက်တိုက်ဆိုင်မှုမျိုး ရှိပါ့မလား”

“သားကြီး မင်းမှာ ဘာပြောစရာရှိလဲ”

ဖန်းရှစ်ကျုံး ဖုန်းရွှမ်ကို ကြည့်လိုက်သည်။

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“မွေးစားအဖေ ပြောတာက ယုတ္တိရှိပါတယ်။ အဲဒီလိုတိုက်ဆိုင်မှုမျိုးက ရိုးရိုးရှင်းရှင်း မဖြစ်နိုင်ပါဘူး၊ သေချာပေါက် ပြဿနာတစ်ခုခုရှိပါလိမ့်မယ်။ ဒါပေမဲ့ မွေးစားအဖေ၊ သံသတ္တုတွင်းကို အမြဲ မွေးစားအဖေကိုယ်တိုင် တာဝန်ယူတာလေ။ စာရင်းတွေကလည်း ရှေ့နောက်မကိုက်ညီတာမျိုး မရှိဘူး။ အဲဒီလူက သံထည်တွေကို ဘယ်ကနေ ရမှာတဲ့လဲ”

…

“ကျိုစစ် အဲဒီတော့ မင်းထင်နေတာက အဲဒီသစ္စာဖောက်က သံအကောင်းတွေကို ချို့ယွင်းသံသတ္တုနဲ့ ရောပြီး ချို့ယွင်းသံသတ္တုအဖြစ်‌ ရောင်းချတာပေါ့လေ?”

ကျိုးချူသည် ချန်ရွှင်း၏အလောင်းကို စစ်ဆေးနေသည့် ချန်ကျဲ့ကို ကြည့်နေ၏။ ချန်ကျဲ့မှ အတည်ပြုခေါင်းညိတ်သည်။

…

ကျားဖြူခန်းမ၌ ဖုန်းရွှမ်မှ ဆက်ပြော၏။

“နှစ်အချက်က သူတို့မှာ သံထည်ရဖို့ နည်းလမ်းရှိခဲ့ရင်တောင်မှ ဘယ်လိုနည်းနဲ့ သယ်ယူပို့ဆောင်ကြမလဲ။ သံသတ္တုတွင်းမှာက မွေးစားအဖေ ကိုယ်တိုင်ခန့်အပ်ထားတဲ့ အစောင့်တွေက စောင့်ကြပ်နေတာလေ”

…

“အဲဒီတော့ ကျိုစစ်၊ တစ်ယောက်ယောက်က ချန်ရွှင်းကို ငွေနဲ့ လာဘ်ထိုးပြီး ချန်ရွှင်းက အစောင့်တွေကို မသိချင်ယောင်ဆောင်ပေးဖို့အတွက် ထပ်ပြီး လာဘ်ထိုးတယ်လို့ ဆိုလိုချင်တာလား”

ထိုစဉ် ချန်ကျဲ့သည် ချန်ကျဲ့၏ရင်ဘတ်ထဲမှ ငွေလက်မှတ်တစ်ရွက်ကို ဆွဲထုတ်လိုက်သည်။ ၎င်းငွေလက်မှတ်တွင် ငွေတုံးတစ်သောင်းဟု ရေးထွင်းထား၏။

“ပိုက်ဆံက အံ့ဩဖွယ်ဖြစ်စဉ်တွေကို ဖန်တီးစေနိုင်တယ်”

…

ဖုန်းရွှမ်မှ ဆက်ပြောသည်။

“သုံးအချက်က အဲဒီသစ္စာဖောက်က မိန်ဂိုဏ်းနဲ့ အချိန်အတော်ကြာ အရောင်းအဝယ်လုပ်နေခဲ့တယ်ဆိုရင် ဘာလို့ ဒီနေ့ဒီအချိန်မှ ဖော်ထုတ်ခံရတာလဲ”

…

“အဲဒီတော့ မင်းခုနက ပြောတဲ့ ‘အနုစိတ်ဝန်ဆောင်မှု'ကို သုံးဖို့လိုအပ်တယ်ပေါ့?”

“အမှန်ပဲ။ ဘယ်တော့မှ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဖြေရှင်းနိုင်မယ့် ကြားလူတစ်ယောက်ကို ရှာဖွေထားမယ်ဆိုရင် အလိုအလျောက် လူမိဖို့ ခက်ခဲသွားလိမ့်မယ်”

ချန်ကျဲ့မှ ကျိုးချူကို ရှင်းပြသည်။ ထို့နောက် ချန်ရွှင်း၏အိတ်ကပ်ထဲမှ မှတ်စုတစ်ရွက်ကို ရှာတွေ့လိုက်သည်: ၎င်းတွင် သံသတ္တုကျင်းနှစ်သောင်းဟု ရေးထား၏။

“လုပ်ငန်းစဉ်တစ်ခုလုံးမှာ စာတစ်ရွက် ပို့ဆောင်ဖို့ပဲ လိုအပ်တယ်”

ချန်ကျဲ့သည် စာရွက်ကို ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလာပြန်သည်။

“အာ ဒီမှာ တံဆိပ်တုံးတစ်ခုပါတာပဲ။ ထုန်ယွမ်တဲ့”

“လောင်ကျိုး ဒီထုန်ယွမ်ဆိုတာကို စစ်ဆေးကြည့်လိုက်ပါ!”

“အင်း ချက်ချင်းလုပ်လိုက်မယ်!”

ကျိုးချူသည် ထုန်ယွမ်လုပ်ငန်းကို စစ်ဆေးရန်အတွက် ချက်ချင်း ထရပ်သည်။

ပုံစံကတော့ စီးပွားရေးလုပ်ငန်းတစ်ခုခုရဲ့ နာမည်လိုပဲ။

…

ထိုစဉ် ကျားဖြူခန်းမအတွင်း၌

“အဲဒါကြောင့် မွေးစားအဖေ၊ အဲဒီလိုလုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နိုင်ဖို့ဆိုတာ အရမ်းခက်ခဲလိမ့်မှာပါ။ ကျွန်တော်တော့ သေချာပေါက်ကြီး ကျွန်တော်တို့ညီအစ်ကိုတွေထဲက ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး”

“ပြီးတော့လည်း မွေးစားအဖေက အမြဲ ကျွန်တော်တို့ကို ညီအစ်ကိုတွေ အချင်းချင်း သဟဇာတဖြစ်အောင် နေထိုင်ဖို့ သင်ကြားပေးခဲ့တာလေ။ မိန်ဂိုဏ်းကို သံထည် လျှို့‌ဝှက်ရောင်းချတဲ့ လုပ်ရပ်မျိုးကို လုပ်တယ်ပဲ ထားပါဦး၊ ဒါပေမဲ့ ညီငယ်၄ကို သတ်တာကတော့ ကျွန်တော်တို့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်တော်တို့က သားရဲတိရစ္ဆာန်တွေနဲ့ ဘာများကွာခြားဦးမှာလဲ၊ ဟုတ်တယ်မလား ညီငယ်၂?”

ကျန်းချွမ်မှ ဖြေသည်။

“အစ်ကိုကြီးပြောတာ မှန်ပါတယ် မွေးစားအဖေ။ ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ကျိန်ဆိုပါတယ်။ ဒီကိစ္စက ကျွန်တော်တို့ညီအစ်ကိုတွေနဲ့ ဘာမှမပတ်သက်ပါဘူး။ အစ်ကိုကြီးပြောသလိုပါပဲ၊ သံထည်ကို လျှို့ဝှက်ရောင်းချတာမျိုးက ဖြစ်နိုင်ရင်တောင် ညီငယ်၄ကို သတ်တာကတော့ ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ မဟုတ်ရင် ကျွန်တော်တို့က သားရဲတိရစ္ဆာန်တွေထက် ဘယ်နားက ပိုသာပါတော့မလဲ”

“ညီငယ်၃ မင်းရော ဘယ်လိုထင်လဲ”

ကျန်းချွမ် လုရုံကို ကြည့်လိုက်သည်။ လုရုံမှ ပြော၏။

“ဟုတ်ပါတယ် မွေးစားအဖေ၊ ကျွန်တော်တို့ညီအစ်ကိုလေးယောက်က ဘယ်တော့မှ အချင်းချင်း ထိခိုက်အောင်လုပ်မှာ မဟုတ်ပါဘူး!”

ဖန်းရှစ်ကျုံးသည် ကြားဝင်နှောင့်ယှက်ခြင်းမပြုဘဲ နားထောင်နေရင်း သူတို့ကိုသာ ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှ ပြောသည်။

“အင်း မင်းတို့ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ငါမင်းတို့ကို ပြောချင်တာက အခု ဒီကိစ္စကို စုံစမ်းစစ်ဆေးချင်တာက ငါတစ်ယောက်တည်းမဟုတ်ဘဲ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်လည်း ပါဝင်နေတယ်။ ငါတို့က တရားခံကို သုံးရက်အတွင်း ဖမ်းဆီးအပ်နှံပေးရမှာ”

“မင်းတို့ထဲက တစ်ယောက်ယောက်က အကြင်နာကင်းမဲ့ပြီး လိမ်ညာပြောနေလားဆိုတာ ငါမသိဘူး။ ဒါပေမဲ့ သားတစ်ယောက်ကို အန္တရာယ်ကျရောက်ခွင့်ပြုတာက ဖခင်တစ်ယောက်အနေနဲ့ တာဝန်မကျေပွန်တာပဲ ဆိုတာ‌ကိုတော့ ငါသိတယ်။ မင်းတို့ အခုနေ ဝန်ခံမယ်ဆိုရင် မင်းတို့အသက်ကိုချမ်းသာပေးဖို့ ငါ့အသက်ကိုရင်းပေးမယ်။ မင်းတို့အတွက် စီရင်စုအုပ်ချုပ်ရေးမှူးကို ငါတောင်းပန်တိုးလျှိုးပေးမယ်။ ကုန်သည်အဖွဲ့အနေနဲ့လည်း မင်းတို့အသက်ကို ငါချမ်းသာပေးနိုင်တယ်!”

စာစဉ်ပြီး၏

All Chapters