← Chapters

အခန်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အခန်း ၃၀၁-၃၀၃

Vol. 21 Ch. 301-303

အခန်း (၃၀၁)

ယမ်းလက်နက်ခေတ် ရောက်ရှိခြင်း (၂)

“ခွင့်ပြုပါ မင်းသား။”

ဝမ်ယုံ ထိုသို့ပြောပြီးနောက် အဆောင်မှ ထွက်ခွာသွားသည်။

ထိုအတောအတွင်း လုရှုယွမ်သည် တိမ်ဖောက်လေး၏ အစွမ်းသတ္တိကို ဆက်လက်စမ်းသပ်နေဆဲဖြစ်သည်။

ဝမ်ယုံ၏စာသည် တစ်လအတွင်း တုန်းဖန်မိသားစုထံ ရောက်ရှိလာပြီး တုန်းဖန်ယီသည် စာကိုဖတ်ပြီးနောက် တုန်းဖန်လုံယွဲ့၏ အဆောင်သို့ တန်းသွားရခဲ့သည်။

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့သည် လက်ထဲတွင် ပုလင်းကလေးတစ်လုံးကို ကိုင်ထားပြီး နှာခေါင်းဖြင့် ရှူရှိုက်နေသည်။

တုန်းဖန်ယီ အဆောင်အတွင်းသို့ ဝင်ရောက်လာသည်ကိုမြင်သောအခါ တုန်းဖန်လုံယွဲ့က ပုလင်းကိုချထားကာ

“ဖခင်။ အကြောင်းတစ်ခုခု ရှိလို့လား”

ဟု မေးမြန်းလိုက်သည်။

တုန်းဖန်ယီက စာကိုလှမ်းပေးလိုက်ပြီး

“ဝမ်ယုံဆီက စာရေးလာတယ်။ အိမ်ရှေ့မင်းသားက မင်းနဲ့လက်ထပ်ဖို့ အရင်ကတိကဝတ်ထားမယ်။ လက်ထပ်ပွဲကိုတော့ အလျင်စလို မလုပ်ဘူးလို့ ဆိုတယ်။ အိမ်ရှေ့မိဖုရားနဲ့ အရင်လက်ထပ်ပြီးမှ မင်းကိုယူမယ်လို့ ပြောထားတယ်။”

“ဆွမ်ဧကရာဇ်ရဲ့ စရိုက်အရ အိမ်ရှေ့မင်းသားကို လောလောဆယ် ကာလအတွင်း လက်ထပ်ခွင့်ပြုဦးမှာ မဟုတ်ဘူး။”

တုန်းဖန်လုံယွဲ့သည် တုန်းဖန်ယီ၏လက်ထဲမှ စာကိုယူပြီး ဖတ်ကြည့်ကာ အနည်းငယ်ပြုံးပြလိုက်သည်။

“ဖခင်။ ကျွန်မ မြောက်ပိုင်းပြည်နယ်ကို သွားဖို့ စီစဉ်ထားပါတယ်။”

ဟု ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသည်နှင့် တုန်းဖန်ယီ အံ့အားသင့်သွားပြီးမေးလိုက်သည်။

“မြောက်ပိုင်းပြည်နယ်မှာ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ”

ထို့နောက် တုန်းဖန်ယီက ဆက်ပြောလိုက်သည်။

“အိမ်ရှေ့မင်းသားနဲ့ မြောက်ပိုင်းနယ်စားမင်းသားတို့ အဆင်မပြေဘူးဆိုတာ သိတယ် မဟုတ်လား။ မင်းမြောက်ပိုင်းပြည်နယ်ကို ပြေးသွားတာသိရင် အိမ်ရှေ့မင်းသား အရမ်းဒေါသထွက်မှာ။”

တုန်းဖန်လုံယွဲ့က အေးဆေးစွာဖြင့် ပြန်ရှင်းပြလိုက်သည်။

“ ဟုတ်ပါတယ် အဲ့ဒီ အချက်ကြောင့်ပါ။ ကျွန်မ ဖခင်နဲ့ အပြတ်အသတ် ရန်ဖြစ်သွားပြီလို့ အိမ်ရှေ့မင်းသားကို သိစေချင်တာပါ။ အဲ့ဒီလိုဆိုရင် ဒါအားလုံးက ကျွန်မရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်လို့ အိမ်ရှေ့မင်းသားကို ပြောလို့ရပါတယ်”

“မြောက်ပိုင်းပြည်နယ်ကိုသွားရတဲ့ အဓိကအကြောင်းရင်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ကုန်ပစ္စည်းတွေအတွက်ပါ”

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အရက်ဖြူအကြောင်း ဖခင်ကြားဖူးတယ်မလား”

ထိုစကားကိုကြားလိုက်ရသည်နှင့် တုန်းဖန်ယီ ခဏခန့် ရပ်တန့်သွားပြီး

“ကြားဖူးတာပေါ။ အခုဆိုရင် ဆူဖုန်းမြို့မှာ ပိုက်ဆံပေးတိုင်းတောင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အရက်ဖြူကို ဝယ်လို့မရတော့ဘူး” ဟု ပြန်ဖြေလိုက်သည်။

တုန်းဖန်လုံယွဲ့က

“ကျွန်မ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ စီးပွားရေးလုပ်ဖို့ စီစဉ်ထားပါတယ်။ သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဆူဖုန်းမြို့မှာ ရောင်းဖို့ပါ။ အထူးသဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အရက်ဖြူကိုပါ။”

“တုန်းဖန်မိသားစုက စီးပွားရေးလုပ်ငန်းရှင်မိသားစု ဖြစ်နေပြီ။ အကယ်၍ အိမ်ရှေ့မင်းသားက ဒါနဲ့ပတ်သက်ပြီး ဒေါသထွက်မယ်ဆိုရင် တုန်းဖန်မိသားစုနဲ့ အဆင်မပြေဖြစ်သွားရုံပဲရှိမယ်။ ဒါကြောင့် သူမကျေနပ်ရင်‌တောင် ‌‌အိမ်ရှေ့မင်းသားက ဘာမှပြောမှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်။”

တွေးကြည့်လိုက်ပြီးနောက် တုန်းဖန်ယီက “ဟုတ်ပါတယ်”

ဟု သဘောတူလိုက်သည်။

“ဒါပေမဲ့ မင်းမြောက်ပိုင်းပြည်နယ်ရောက်ရင် အထူးသတိထားပါ။ တို့က တောင်ပိုင်းအာဏာ ရှိမိသားစုဝင်တွေ ဖြစ်တဲ့အတွက် မြောက်ပိုင်းနယ်စားမင်းသားရဲ့ မျက်လုံးထဲမှာတော့ အိမ်ရှေ့မင်းသားရဲ့လူတွေပဲ။ သူက တောင်ပိုင်းအာဏာရှိမိသားစုဝင်တွေကို မြောက်ပိုင်းပြည်နယ်ထဲ ဝင်ခွင့်မပြုချင်တာလည်း ဖြစ်နိုင်တယ်။”

တုန်းဖန်လုံယွဲ့က ပြန်ဖြေလိုက်သည်။

“စိတ်မပူပါနဲ့ ဖခင်။ ကျွန်မ အကန့်အသတ်တွေကို သိပါတယ်”

ထိုအချိန်တွင် တုန်းဖန်လုံယွဲ့ တစ်ခုခုကို သတိရသလိုဖြစ်သွားကာ

“ဖခင်။ အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းအသစ်တစ်ခုခု ရှိလား”

ဟု ထပ်မေးလိုက်သည်။

တုန်းဖန်ယီက သက်ပြင်းချလိုက်ပြီး ခေါင်းခါကာ

“မရှိဘူး။ ငါမင်းရဲ့ အဖိုးကို မေးကြည့်ခဲ့ပြီးပြီ။ သူလည်း ဘာသတင်းမှ မရသေးဘူးလို့ ပြောတယ်”

ဟု ပြောလိုက်သည်။

“ငါတို့မျိုးဆက်က ဒါကို စောင့်နိုင်မလားဆိုတာ ပြောရခက်တယ်။”

“ကောင်းပြီ။ ဒီအကြောင်း မပြောတော့ဘူး။ မင်းမြောက်ပိုင်းပြည်နယ်ကို သွားတော့မယ်ဆိုတော့ ပြင်ဆင်ထားပါ။ ထိပ်သီးပညာရှင်တစ်ယောက်ကို စောင့်ရှောက်ဖို့ ငါစီစဉ်ပေးမယ်။”

မျက်စိတစ်မှိတ်အတွင်း အချိန်တစ်လကြာသွား၏။

ပြီးခဲ့သည့် တစ်လအတွင်း နိုင်ငံကြီးအချို့တွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း ရှနိုင်ငံတော်မှာမူ ရုတ်တရက် အလွန်အေးချမ်းသွားသကဲ့သို့ ဖြစ်နေသည်။ အတွင်းရေး ပဋိပက္ခအားလုံး ပျောက်ကွယ်သွားသည်ဟု ထင်ရပြီး ဆွမ်ဧကရာဇ်၏ စရိုက်လည်း အတော်ပျော့ပျောင်းသွားသကဲ့သို့ ရှိသည်။ အာဏာရှိမိသားစုများကို နှိပ်ကွပ်ရန် အကြံအစည်ကို ဆွမ်ဧကရာဇ် အပြီးအပိုင် လက်လျှော့လိုက်ပြီဟု ထင်ရသည်။ ရှနန်းတွင်းမှ လက်ရှိအဓိကပဋိပက္ခမှာ မင်းသားများနှင့် အိမ်ရှေ့စံတို့ကြား ဖြစ်ပွားနေသည်။ ဆွမ်ဧကရာဇ်ကတော့ သူနှင့်မဆိုင်သကဲ့သို့ ဘေးက ကြည့်နေသည်။

လုချန်းသည် သူ၏စာကြည့်ခန်းတွင် လတ်တလော ထောက်လှမ်းရေးသတင်းများကို ကြည့်ရှုနေသည်။ အထူးကိုယ်ရံတော်များမှ ပေးပို့သော အစီရင်ခံစာများကို ပြန်လည်သုံးသပ်ရင်း လုချန်း အနည်းငယ် ဇဝေဇဝါဖြစ်နေမိသည်။

သူ၏ဖခင် ဧကရာဇ် ဘာလုပ်နေတာလဲ။ လုရှုယွမ်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ရုံသာမက အစိုးရက အုပ်ချုပ်နေကျ ဆားလုပ်ငန်းကိုပါ လွှတ်ပေးလိုက်သည်။ အခု‌နောက်ပိုင်းတွင် နန်းတွင်းအရေးကိစ္စများမှ လုံးဝဖယ်ခွာနေပြီး အရာအားလုံးကို လက်လျှော့လိုက်သကဲ့သို့ ဖြစ်နေသည်။

လုချန်းသိထားသည်။ ဤသည်မှာ မုန်တိုင်းမကျမီ ငြိမ်သက်မှုသာ ဖြစ်သည်။ သို့သော် ဆွမ်ဧကရာဇ်၏ အစီအစဉ်ကို သူ နားမလည်နိုင်ပေ။

ယခုအခါ နိုင်ငံကြီးတိုင်းတွင် ကိုယ်ပိုင်ပြဿနာများ ရှိနေပြီး အာဏာရှိမိသားစုများကို ကိုင်တွယ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ဤကဲ့သို့အချိန်တွင် ဆွမ်ဧကရာဇ်တွင် အာဏာရှိမိသားစုများနှင့် ပတ်သက်၍ ရည်ရွယ်ချက်မရှိဟု လုချန်းမယုံကြည်နိုင်ပေ။

ဆွမ်ဧကရာဇ်၏ လက်လျှော့နေသောအမူအရာမှာ သရုပ်‌ဆောင်မှု တစ်ခုသာ ဖြစ်သည်။ အရေးကြီးသည့် အရေးကိစ္စများကို လျစ်လျူရှုဟန်ဆောင်နေစဉ် တကယ်တမ်း သူဘာလုပ်နေခဲ့တာလဲ။ အထူးကိုယ်ရံတော်များမှ စုဆောင်းထားသော ထောက်လှမ်းရေးသတင်းအရ ဆွမ်ဧကရာဇ်သည် အရေးကြီးသော အလုပ်များကို မလုပ်ပဲ အချိန်ဆွဲနေသည်ဟု ထင်ရသည်။

မင်းသားအုပ်စုများနှင့် အိမ်ရှေ့စံ အုပ်စုတို့ အချင်းချင်း တိုက်ခိုက်ကြမည်ကို စောင့်မျှော်နေခြင်းသာ ဖြစ်သည်။ သူတို့အချင်းချင်းတိုက်ခိုက်ရင်း အကြီးအကျယ် ထိခိုက်ပြီးမှ ဆွမ်ဧကရာဇ်က အနိုင်ယူမည်ဟု လုချန်းသံသယရှိမိသည်။

လုချန်း အစီရင်ခံစာများကို ကြည့်နေစဉ် အစေခံမိန်းမ၏ အသံက ဝင်ရောက်လာသည်။

“မင်းသား။ ချင်လူကြီးမင်းက တွေ့ခွင့်တောင်းပါတယ်။”

လုချန်းက အေးဆေးစွာဖြင့်

“ဝင်လာခဲ့ပါ”

ဟု ပြန်ဖြေလိုက်သည်။

နောက်ခဏတွင် ချင်ယူရှန်သည် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာပြီး

“မင်းသားကို ဂါရဝ ပါတယ်။ မင်းသားအသက်ရှည်ပါစေ။”

လုချန်းက စားပွဲပေါ်ရှိ ထောက်လှမ်းရေးသတင်းများကို ကြည့်နေရင်း ခေါင်းအနည်းငယ်ညိတ်လိုက်ကာ

“ဘာကိစ္စနဲ့လာတာလဲ တပ်မှူးချင်”

ဟု မေးလိုက်သည်။

ချင်ယူရှန်က

“မင်းသားအား အစီရင်ခံပါတယ်။ ကျွန် တော်တို့ အမြောက်ဆံတွေ လုပ်ပြီးသွားပါပြီ။ နောက်ပြီး လက်မှုပညာရှင်တွေက မီးလွယ်လွယ်ကူကူ စွဲစေနိုင်တဲ့ ပစ္စည်းတစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ နောင်ကျရင် မိုးကြိုးဗုံးတွေကို လက်နှင့် မီးညှိစရာမလိုတော့ပဲ လုံခြုံရေးအစို့ရှင်ကို ဆွဲထုတ်ပြီး အောက်ခြေကို ရိုက်လိုက်ရုံနဲ့ အထဲမှာ မီးလောင်နိုင်ပါတယ်။ “

ထိုစကားကို ကြားလိုက်ရတော့ လုချန်း အံ့အားသင့်သွားခဲ့သည်။

ယူမြိူတော်က လက်မှုပညာရှင်တွေက ဒီလောက် ကျွမ်းကျင်ကြသလား။

လက်နှင့် မီးညှိစရာမလိုတဲ့ ဗုံးကို ဒီလောက်မြန်မြန် ဖန်တီးနိုင်ပြီလား။

ဤသို့ဆိုလျှင် မြောက်ပိုင်းပြည်နယ်က ယမ်းလက်နက်ခေတ်ထဲကို ဝင်ရောက်လာပြီလား။

ထို့နောက် လုချန်းက

“အမြောက်ဆံတွေနဲ့ မိုးကြိုးဗုံးတွေကို အဆင်သင့်ပြင်ထားပါ။ ကျွန်တော် ကိုယ်တိုင် စမ်းသပ်ကြည့်ချင်တယ်” ဟု ပြောလိုက်သည်။

လုချန်း၏ အလျင်စလို အမူအရာကို မြင်ရသောအခါ ချင်ယူရှန်က သူ၏လက်မောင်းမှ ထောက်လှမ်းရေးသတင်းပါသည့် စာတစ်စောင်ကို ထုတ်ယူကာ

“မင်းသား။ နောက်ထပ် ထောက်လှမ်းရေးသတင်းအချို့ ရှိပါသေးတယ်။ မင်းသား အရင်ကြည့်ချင်ပါလား” ဟု မေးလိုက်သည်။

လုချန်းက ချင်ယူရှန်၏လက်မှ ထောက်လှမ်းရေးသတင်းကို ဖွင့်ကြည့်လိုက်ပြီးနောက် ပြုံးလိုက်ကာ

“တိမ်ဖောက်လေး... တိမ်ဖောက်မြား..”

“နာမည်တွေက နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်”

ဟု ပြောလိုက်သည်။

ထို့နောက် သူ့လက်ထဲရှိ ထောက်လှမ်းရေးသတင်းကို ခေါက်ပြီး စားပွဲပေါ်တွင် ထားလိုက်ကာ

“ယမ်းလက်နက်တွေရှိနေပြီဆိုရင် ဒီလိုလက်နက်တွေက မြောက်ပိုင်းပြည်နယ်အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှု မဖြစ်စေနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော် ပိုစိတ်ဝင်စားတာက တိမ်ဖောက်လေးလုပ်ဖို့သုံးတဲ့ ပစ္စည်းတွေပဲ။ ဒီလေးနဲ့မြားတချို့ကို ရှာဖွေဖို့ ကြိုးစားကြည့်ပါ”

ဟု ဆိုလိုက်သည်။

ချင်ယူရှန်က

“ဒီလေးနဲ့မြားတွေကို အရမ်းတင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။ တပ်မှူးလျှံက အခု နည်းလမ်းရှာနေပါတယ်”

ဟု ဖြေလိုက်သည်။

ထို့နောက် သူက အကြောင်းအရာကို ပြောင်းလိုက်သည်။

“နောက်တစ်ခုရှိပါတယ် မင်းသား။ ကျွန်‌ တော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကိုလာတဲ့လမ်းမှာ အထူးကိုယ်ရံတော်တွေက တုန်းဖန်မိသားစုရဲ့ သမီး ရန်ခရိုင်ကိုရောက်နေပြီလို့ အစီရင်ခံပါတယ်။ တုန်းဖန်မိသားစုက မကြာသေးမီကပဲ မင်းသားလုရှုယွမ်နဲ့ လက်ထပ်ဖို့ သဘောတူညီမှု ယူခဲ့ပါတယ်။ လက်မထပ်ရသေးပေမဲ့ တုန်းဖန်လုံယွဲ့ကို မင်းသားလုရှုယွမ်ရဲ့ ဇနီးလောင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။”

ချင်ယူရှန်၏စကားကို ကြားလိုက်ရသော လုချန်းက ချင်ယူရှန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ပြီး

“တပ်မှူးချုင် ဒီကိစ္စ ကျွန်တော့်ကိုပြောပြတာ နောက်ထပ်ရည်ရွယ်ချက်တစ်ခုခု ရှိနေသလိုပဲ။”

ဟု မေးလိုက်သည်။

ချင်ယူရှန်က အလျင်အမြန်ပင်

“မင်းသား နားလည်မှု လွဲနေပါတယ်။

ကျွန်‌တော်က မင်းသားအနေနဲ့ တုန်းဖန်လုံယွဲ့ကို အထူးသတိထားပြီး မြောက်ပိုင်းပြည်နယ်ကို ထိခိုက်စေနိုင်တဲ့အရာတွေ သူမလုပ်နိုင်အောင် တားဆီးဖို့ လိုမလို မေးချင်လို့ပါ” ဟု ဖြေလိုက်သည်။

ခဏတွေးပြီးနောက် လုချန်းက

“ဟုတ်ပါတယ်။ သူနဲ့ပတ်သက်တဲ့သတင်းတစ်စုံတစ်ရာရှိရင် ကျွန်တော့်ကိုပြောပြပါ” ဟု ဆိုလိုက်သည်။

“ဒီကိစ္စကို အခုခဏထားလိုက်ပါ။ မိုးညီနောင်တို့ တီထွင်ထားတဲ့ အမြောက်ကျည်တွေကိုကျွန်‌တော်စမ်းသပ်ချင်တယ်။”

ချင်ယူရှန်က

“ဟုတ်ကဲ့ မင်းသား”

ဟု ချက်ချင်းဖြေလိုက်သည်။

ချက်ချင်းပင် လုချန်းသည် ချင်ယူရှန်ဦးဆောင်သည့်အတိုင်း ရန်ခရိုင်၏အရှေ့ဘက်ရှိ အထူးစစ်ဒေသသို့ ထွက်ခွာသွားလိုက်သည်။

အရှေ့ဘက် စစ်ဒေသကို နှစ်ထပ်ကာကွယ်ထားသည်။ အပြင်ဘက်ကို အနက်ရောင်မြင်းတပ်က ကာကွယ်ထားပြီး အတွင်းဘက်ကို အထူးကိုယ်ရံတော်များက စောင့်ရှောက်ထားသည်။ မြောက်ပိုင်းပြည်နယ်၏ သာမန်တပ်များပင် ဤစစ်ဒေသသို့ ဝင်ခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် လက်နက်များ သိုလှောင်ရာ နေရာ ဖြစ်ပြီး လက်ရှိအချိန်တွင် မြောက်ပိုင်းပြည်နယ်၏ အရေးအကြီးဆုံး စစ်ရေးလျှို့ဝှက်ချက်ဖြစ်သည်။

လုချန်း လက်နက်တိုက်အတွင်းသို့ ဝင်ရောက်လာသောအခါ မိုးရှင်းက သူ၏အလုပ်ကို ချထားပြီး ကြိုဆိုရန် လာခဲ့သည်။

“မင်းသားကို ဂါရဝ ပြုပါတယ်”

လုချန်းက

“ကျေးဇူးပြုပြီး သက်သာသလို နေပါ မိုးရှင်း။ အမြောက်ဆံတွေ လုပ်ပြီးသွားပြီလို့ကြားတယ်” ဟု ပြောလိုက်သည်။

မိုးရှင်းက

“လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ပြုလုပ်ပြီးစီးပါပြီ။ မင်းသား စမ်းသပ်မှု ပြုလုပ်စဉ် အတွင်း အခက်အခဲမရှိအောင် အမြောက်ဆံ တွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်ထားပါတယ်။ မင်းသားရဲ့ ဗုံးပစ်လက်နက်တွေကို ကိုးကားပြီး ပြုလုပ်ထားတာပါ။ နောက်ဆုံးကျွန်တော်တို့ အမြောက်သုံးမျိုးကို ပြုလုပ်နိုင်ခဲ့ပါတယ်”

ဟု ဖြေကြားလိုက်သည်။

မိုးရှင်း၏ အဖြေကို ကြားလိုက်ရသော လုချန်းလည်း စိတ်မရှည်နိုင်တော့ပဲ ချက်ချင်းပင်

“ဒီအမြောက်ဆံတွေကို ထုတ်ပြီး ကျွန်တော်စမ်းသပ်ကြည့်မယ်”

ဟု ပြောလိုက်သည်။

“မင်းသား ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”

ထို့နောက် မိုးရှင်းသည် အမြောက်စမ်းသပ်ရန် သီးသန့်ပြုလုပ်ထားသော နေရာသို့ လုချန်းကို ခေါ်ဆောင်သွားသည်။

တောအုပ်အလယ်တွင် မည်သည့်အပင်မှ မရှိသော ကျင်းများဖြင့် ပြည့်နှက်နေသည့် ကွင်းပြင်တစ်ခု ရှိသည်။ ဤနေရာတွင် နေ့စဉ် ဗုံးများကို စမ်းသပ်လေ့ရှိသဖြင့် အပင်များ မပေါက်နိုင်ခြင်း ဖြစ်သည်။

မကြာမီ အထူးကိုယ်ရံတော်များသည် မြင်းများဆွဲသော သစ်သားလှည်းများဖြင့် လုချန်းရှေ့သို့ အမြောက်ဆံများကို သယ်ဆောင်လာကြသည်။ သေတ္တာများကို ဖွင့်လိုက်သောအခါ မိုးရှင်းနှင့် သူ၏ အဖွဲ့မှ ပြုလုပ်ထားသော အမြောက်ဆံများ လုချန်းရှေ့တွင် ပေါ်လာသည်။

........

အခန်း (၃၀၂)

လုချန်း၏ မျှော်လင့်ချက်ထက် ကျော်လွန်သော ယမ်းလက်နက်များ (၁)

မိုးရှင်းနှင့် သူ၏အဖွဲ့သည် အမြောက်သုံးမျိုးကို ထုတ်လုပ်ခဲ့သည်။ ဘီးတပ်ယမ်းအမြောက်၊ မော်တာအမြောက်နှင့် နောက်ဆုံးတစ်မျိုးမှာ အမြောက်အမျိုးအစား မဟုတ်တော့ပဲ သေနတ်အရွယ်အစားသာရှိပြီး သေနတ်နှင့်ပိုတူသည်။

ယမ်းအမြောက်သည် လုချန်း၏ ၁၂၂မီလီမီတာ ဟောင်ဝစ်ဇာအမြောက်နှင့် အလွန်ဆင်တူသည်။ အရွယ်အစားနှင့် တည်ဆောက်ပုံအားဖြင့် ဟောင်ဝစ်ဇာလောက် ကြီးမားရှုပ်‌ထွေးခြင်း မရှိသော်လည်း အမြောက်ကျည်ဆန်ပုံသဏ္ဍာန်အရ ယမ်းအမြောက်သည် သူ၏ နဂိုပေးထားသော ဒီဇိုင်းပုံစံနှင့် ကွဲပြားသည်ကို သိသာထင်ရှားစေသည်။

လုချန်းက အမြောက်ပြောင်းဝကို လက်ဖြင့်ပွတ်သပ်ရင်း ဂရုတစိုက် ကြည့်ရှုလိုက်သည်။ ဤအမြောက်သည် သုံးမီတာခန့်ရှည်ပြီး ၇၅မီလီမီတာအချင်းရှိကာ ကျည်ဆန်များကို ပစ်လွှတ်နိုင်သည်ဟု ခန့်မှန်းရသည်။

အမြောက်ဘီးကို အနည်းငယ်လှိမ့်ကြည့်ရာ လက်တစ်ဖက်တည်းဖြင့် အလွယ်တကူ လှိမ့်နိုင်ပြီး အလေးချိန်မှာ သုံးရာမှ လေးရာကီလိုဂရမ်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။

ထိုအမြောက်သည် ကြီးမားပြီး အမြောက်ပြောင်းကို ထူထဲစွာပြုလုပ်ထားသည်။ ကုန်ကြမ်းပစ္စည်းများ၏ ကြံ့ခိုင်မှု မလုံလောက်မှုကြောင့် ထူထဲစွာပြုလုပ်ရခြင်းဖြစ်သည်။

စက်မှုလုပ်ငန်းအခြေခံ လုံးဝမရှိသော မြောက်ပိုင်းပြည်နယ်တွင် ဤကဲ့သို့သောအမြောက်ကို ထုတ်လုပ်နိုင်ခြင်းမှာ အတော်လေး ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး အမြောက်၏ ပုံသဏ္ဍန် မလှပခြင်းကို လုချန်း လုံးဝစိတ်မပူပန်မိပေ။

ထို့နောက် လုချန်း ဒူးထောက်လိုက်ပြီး ကျည်ထည့်သည့်နေရာကို ကြည့်လိုက်သည်။ ဤအမြောက်၏ပစ်ခတ်ပုံသည် သူ၏ ၁၂၂မီလီမီတာ ဟောင်ဝင်ဇာအမြောက်နှင့် အတော်လေးဆင်တူသည်ကို တွေ့ရှိရသည်။ နှစ်မျိုးလုံးတွင် အမြောက်ကျည်ဆန်၏အောက်ခြေရှိ စနက်တံကို အသုံးပြု၍ အတွင်းရှိလောင်စာကို ဖောက်ခွဲကာ ပစ်လွှတ်ခြင်းဖြစ်သည်။

ဒါက...

အတော်လေး အဆင့်မြင့်နေသည်မဟုတ်ပါလား။

သူလိုချင်သည်မှာ အခုလို ယမ်းအမြောက်များဖြစ်သည်။

ပုံမှန် အမြောက်များသည် မီးညှိပြီး ကျည်ဆန်ကိုပစ်လွှတ်ရသည့် စနစ်ကိုသုံးသည်။

မိုရှင်းနှင့်သူ၏အဖွဲ့မှ ပြုလုပ်ထားသော အမြောက်များကို ဟောင်ဝစ်ဇာအမြောက်၏ အသေးစားပုံစံဟု ဆိုနိုင်သည်။

ဤလက်မှုပညာရှင်များသည် ဟောင်ဝစ်ဇာအမြောက်၏ အလုပ်လုပ်ပုံကို လုံးဝနီးပါးနားလည်ထားကြောင်း ထင်ရှားသည်။

ရှေးလူများကို တုံးသည်ဟု မည်သူပြောသနည်းဟု လုချန်းသည် စိတ်ထဲတွင် တွေးမိသည်။ ဟောက်ဝိတ်ဇာအမြောက်တစ်လက်ပေးလိုက်ရုံဖြင့် သူတို့သည် အသေးစား ပုံစံတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ ခေတ်သစ်လူအချို့ထက်ပင် ပိုတော်နိုင်သည်။

သူကိုယ်တိုင်ပင် ဤကဲ့သို့သော အမြောက်မျိုးကို ဖန်တီးနိုင်မည်မဟုတ်ပေ။

သို့သော် ပုံစံဆင်တူခြင်းနှင့် အမှန်တကယ်ပစ်ခတ်နိုင်ခြင်းက ကွဲပြားသည့်ကိစ္စဖြစ်သည်။

ထို့နောက် လုချန်းသည် ဘေးမှ ကျည်ဆန်တစ်ခုကို ကောက်ယူကြည့်လိုက်သည်။ ၁၂၂မီလီမီတာ ဟောင်ဝစ်ဇာအမြောက်၏ ကျည်ဆန်အသေးစားနှင့် ဆင်တူကြောင်း တွေ့ရှိရသည်။

လုချန်းသည် ကျည်ဆန်ကို အမြောက်အတွင်းသို့ ထည့်သွင်းပြီး အနီးရှိ ပစ်မှတ်ဆီသို့ ကိုယ်တိုင်ပစ်ခတ်ကြည့်သည်။

“ဗုံး” ဟူသော အသံကြီးနှင့်အတူ ကျည်ဆန်ထွက်သွားပြီး အနီးအနားတွင် နောက်ထပ် “ဗုံး” ဟူသော အသံတစ်ချက်ထွက်ပေါ်လာကာ ပေါက်ကွဲသွားသည်။

ပေါက်ကွဲမှုအားသည် ၁၂၂မီလီမီတာ ဟောက်ဝိတ်ဇာအမြောက်လောက် မပြင်းထန်သော်လည်း ဤအမြောက်သည် သိုင်းလောကအတွက် လုံလောက်သည်။

တစ်ဖက်ရန်သူတွင် အဆင့်လွန် ပညာရှင်များ မပါဝင်ပါက ဤအမြောက်များကို ပိုင်ဆိုင်ထားသော မြောက်ပိုင်းပြည်နယ်၏ စစ်တပ်သည် မည်သည့်နိုင်ငံ၏ စစ်တပ်ကိုမဆို အနိုင်ယူနိုင်၏။ ထိပ်သီးပညာရှင်များပင် အသုံးမဝင်နိုင်တော့ပေ။

ပထမအမျိုးအစား ယမ်းအမြောက်ကြီးကို စမ်းသပ်ပြီးနောက် လုချန်းသည် ဒုတိယအမျိုးအစား မော်တာအမြောက်ကို စစ်ဆေးကြည့်သည်။

မော်တာအမြောက်၏ အခြေခံအလုပ်လုပ်ပုံသည် ယမ်းအမြောက်နှင့် အတူတူပင်ဖြစ်ပြီး မြေဆွဲအားကိုအသုံးပြု၍ ကျည်ဆန်ကျသည့်နေရာတွင် အမြောက်ဆံ အတွင်းရှိ စနက်တံမှတဆင့် ပေါက်ကွဲစေ ခြင်းဖြစ်သည်။

ထိုအချိန်တွင် လုချန်း အလွန်စိတ်လှုပ်ရှားနေသည်။ မိုးရှင်းနှင့်သူ၏အဖွဲ့အား ဟောင်ဝစ်ဇာအမြောက်တစ်လက်ကို ဖြုတ်စစ်ခိုင်းခဲ့ရာမှ ယမ်းအမြောက်ကိုသာမက လွယ်ကူစွာသယ်ဆောင်နိုင်သည့် မော်တာအမြောက်ကိုပါ တီထွင်နိုင်ခဲ့မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

လုချန်းသည် မော်တာအမြောက်ကို စမ်းသပ်ခြင်းမပြုပဲ မော်တာအမြောက်၏ ကျည်ဆန်များကိုသာ ကြည့်ရှုပြီး မိုရှင်းနှင့်သူ၏အဖွဲ့ ပြုလုပ်ထားသည်ဟုဆိုသော “အမြောက်ငယ်” ဆီသို့ သူ၏အာရုံကိုပြောင်းလိုက်သည်။

သူတို့ခေါ်ဆိုသည့် အမြောက်ငယ်ကို လုချန်းက သေနတ်တစ်လက်အဖြစ် မြင်သည်။ သံလုံးများကိုထည့်၍ ပစ်ခတ်နိုင်ပြီး စနက်တံက သီးခြားဖြစ်ကာ တစ်တောင့်ထိုး သေနတ်မျိုးဖြစ်သည်။

သို့သော် ဤသည်မှာ လက်နက်၏ ပထမဆုံးပုံစံသာဖြစ်သဖြင့် ထိရောက်မှုမရှိခြင်းမှာ ပုံမှန်ဖြစ်သည်။ ထို့အပြင် လက်ရှိကမ္ဘာတွင် ပြည့်စုံသော စက်မှုအခြေခံလည်း မရှိသေးသဖြင့် ဤကဲ့သို့သော ရိုးရှင်းသည့်သေနတ်မျိုးကို ဖန်တီးနိုင်ခြင်းမှာ အတော်လေး အံ့သြဖွယ်ကောင်းလှသည်။

မိုရှင်းနှင့်သူ၏အဖွဲ့မှ ပြုလုပ်ထားသော ဤသေနတ်သည် လက်ရှိအချိန်တွင် အလွန်အသုံးဝင်သည်ဟု မဆိုနိုင်သော်လည်း လက်ဖြင့်ယမ်းမှုန့်ထည့်ရသည့် သေနတ်များနှင့်နှိုင်းယှဉ်ပါက အသုံးပြုရပိုမိုလွယ်ကူသည်။ ယမ်းမှုန့်ကို သီးခြားထည့်သွင်းထားနိုင်သည့် ကိရိယာတစ်ခုပြုလုပ်ထားသဖြင့် လက်ဖြင့်ထပ်မံထည့်စရာမလိုတော့ပေ။ သယ်ဆောင်ရလည်း လွယ်ကူစေ၏။ အရေးကြီးသည်မှာ ယမ်းမှုန့်များ စိုထိုင်းမှုမှ ပိုမိုကာကွယ်နိုင်ခြင်းဖြစ်သည်။

လုချန်းသည် “အမြောက်ငယ်” ကိုကောက်ယူကာ ကျည်ဆန်နှင့် ယမ်းမှုန့်များထည့်သွင်းပြီး ကိုယ်တိုင်ပစ်ခတ်ကြည့်သည်။

ဖောက်။

သေနတ်သံနှင့်အတူ ယမ်းမှုန့်ပေါက်ကွဲသွားသောအခါ သံလုံး လွှင့်ထွက်သွားပြီး မီတာရာနှင့်ချီဝေးသော သစ်ပင်တစ်ပင်ထဲသို့ တိုက်ရိုက်ဝင်သွားသည်။

အတော်လေး အားပြင်းသည်ဟု ဆိုရမည်။

အကယ်၍ သံလုံးများကို ချွန်ထက်သောကျည်ဆန်များအဖြစ် ပြောင်းလဲနိုင်ပါက အားပြင်းမှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်သည်။

သေနတ်ကိုစမ်းသပ်ပြီးနောက် လုချန်းက ယမ်းအမြောက်နှင့် မော်တာအမြောက်ကိုညွှန်ပြလျက် မိုးရှင်းအား

“နောက်တစ်ဆင့်အနေနဲ့ ဒီအမြောက်နှစ်မျိုးကို အခု ၃၀၀ စီ ထုတ်ပါ”

ဟုပြောလိုက်သည်။

မိုးရှင်းက

“ အမြောက်ငယ်တွေကို‌ရော ထုတ်လုပ်ရမှာလား မင်းသား” ဟုမေးသည်။

မိုရှင်းပြောသော “အမြောက်ငယ်” ဆိုသည်မှာ သူကိုယ်တိုင် အမြောက်၏ အလုပ်လုပ်ပုံစည်းမျဉ်းကို လေ့လာပြီး တီထွင်ထားသော မီးသေနတ်ဖြစ်သည်။ အမြောက်ကျည်ဆန်များသည် အလွန်လေးလံပြီး အမြောက်ငယ်များလောက် သယ်ဆောင်ရလွယ်ကူမည်မဟုတ်ဟု သူယူဆသည်။ ထို့ပြင် အမြောက်ငယ်များကို စစ်မြေပြင်တွင် အသုံးပြုပါက သူတို့၏စစ်သည်များ မြားအများကြီး သယ်ဆောင်ရန် မလိုတော့ပေ။

လုချန်းက မိုးရှင်း၏မေးခွန်းကိုကြားပြီး အနည်းငယ်စဉ်းစားလိုက်သည်။ ဤမီးသေနတ်သည် ပထမဆုံး ပုံစံသာဖြစ်ပြီး အသုံးမပြုရသေးသော်လည်း နောင်တွင် ပိုမိုကောင်းမွန်သော မီးသေနတ်များ ထွက်ပေါ်လာမည်ဖြစ်သဖြင့် စစ်သည်များ အသုံးပြုတတ်ရန် လိုအပ်သည်။

ထိုအတွေးဖြင့် လုချန်းက

“အမြောက်ငယ်‌တွေကိုတော့ အရင်ဆုံး အလက်တစ်ထောင်ထုတ်ကြည့်ရအောင်။ နောက်ပိုင်းမှာ အမြောက်ငယ်ကို နာမည်ပြောင်းမယ်။ အမြောက်ငယ်လို့ မခေါ်တော့ပဲ မီးသေနတ်လို့ ခေါ်မယ်။”

လုချန်းက အမြောက်ငယ်များထုတ်လုပ်ရန် ဆုံးဖြတ်ပြီး အမည်ပြောင်းပေးသည်ကို ကြားရသည်နှင့် မိုးရှင်း အလွန်ဝမ်းမြောက်သွားကာ

“ဟုတ်ကဲ့ မင်းသား”

ဟု ချက်ချင်းတုံ့ပြန်လိုက်သည်။

ထိုအချိန်တွင် လုချန်းက မီးသေနတ်ကိုကြည့်ကာ

“ဒီမီးသေနတ်ကို ဘယ်သူဒီဇိုင်းဆွဲခဲ့တာလဲ” ဟုမေးလိုက်သည်။

မိုရှင်းက

“ကျွန်‌တော်ဒီဇိုင်းဆွဲခဲ့တာပါ မင်းသား”

ဟုဖြေလိုက်သည်။

လုချန်း အနည်းငယ်အံ့အားသင့်သွားပြီး ပြုံးလိုက်ကာ

“ကောင်းပြီ။ နောက်ပိုင်း ဒီမီးသေနတ်ကို ခင်ဗျားရဲ့ နာမည်နဲ့ ပေးမယ်။ မိုးရှင်း မီးသေနတ်လို့ အမည်ပေးမယ်”

ဟုဆိုသည်။

မိုးရှင်းလည်း စိတ်လှုပ်ရှားသွားပြီး

“ကျေးဇူးတင်ပါတယ် မင်းသား”

ဟုပြောလိုက်သည်။

လက်နက်တစ်မျိုးကို သူ၏နာမည်ဖြင့် အမည်ပေးခံရခြင်းက လုချန်းက သူ့အားအလွန်တန်ဖိုးထားသည်ဟု မိုးရှင်းအား ခံစားရစေသည်။ ကံကြမ္မာ၏သားတော်က တန်ဖိုးထားခြင်းကို ခံရခြင်းသည် အလွန်ဂုဏ်ယူစရာကောင်းသော အရာဖြစ်သည်။

လုချန်းက ဆက်ပြောလိုက်သည်။

“မိုးရှင်း ဒီမီးသေနတ်က ပထမဆုံးပုံစံဆိုတော့ အသုံးပြုနိုင်ပေမဲ့ အဆင်မပြေလှသေးဘူး။ ပိုကောင်းတဲ့ မိုးရှင်း မီးသေနတ်တစ်လက် ထုတ်လုပ်နိုင်ဖို့ ဆက်ကြိုးစားရမယ်။”

မိုးရှင်းက စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ကဲ့ မင်းသား။ ကျွန်တော် မင်းသားကို စိတ်မပျက်စေရပါဘူး”

ဟု ဖြေကြားလိုက်သည်။

လုချန်းက ယမ်းအမြောက်နှင့် မော်တာကို ထပ်မံကြည့်ရှုပြီး

“ယခုကစပြီး ဒီအမြောက်ကို မီးနတ်မင်း အမြောက်လို့ နာမည်ပေးမယ်။ ဒုတိယ အမျိုးအစားကို လေမိုးကြိုး အမြောက်လို့ခေါ်မယ်။”

ထို့နောက် လုချန်းက တစ်ဖက်လှည့်လိုက်ပြီး “ယနေ့စမ်းသပ်မှုကို ‌ဒီ‌လောက်နဲ့ ရပ်နားကြပါစို့။ ထုတ်လုပ်မှုကို အရှိန်မြှင့်ပါ။ တစ်နှစ်အတွင်း ဒီလက်နက်‌တွေနဲ့ စစ်တပ်ကို အဆင့်မြှင့်ချင်တယ်”

ဟု ဆိုလိုက်သည်။

“တပ်မှူးချင်။ ကျွန်တော့်ကို အမြောက်ဆံ သွန်းလုပ်တဲ့ နေရာခေါ်သွားပါ”

“ဟုတ်ကဲ့ မင်းသား။ ကျေးဇူးပြုပြီး ကျွန်‌တော့်နောက်ကိုလိုက်ခဲ့ပါ”

ထို့နောက် ချင်ယူရှန်၏ လမ်းညွှန်မှုဖြင့်လက်နက်တိုက်တစ်ခုလုံးကို လုချန်းစစ်ဆေးကြည့်ရှုခဲ့သည်။

လက်နက်တိုက်ကို စစ်ဆေးပြီး မင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ ညမိုးချုပ် နေပြီဖြစ်သည်။

ယနေ့ လုချန်း အလွန်ပျော်ရွှင်နေသည်။ ယမ်းလက်နက်များသည် အခြေအနေကောင်းများ သို့ ရောက်ရှိနေပြီဖြစ်ကာ ယခု ထိုလက်နက်များ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်ဖို့ စောင့်ဆိုင်းရုံသာ ကျန်တော့သည်။

ထိုလက်နက်များ တပ်ဆင်ပြီးနောက် တပ်တွင်းပြုပြင်ပြောင်းလဲမှုများနှင့် ပေါင်းစပ်လိုက်ပါက မြောက်ပိုင်းပြည်နယ်၏ စစ်သည်များသည် စစ်ပွဲတွင် အလွန်တရာ စွမ်းအားကြီးမားလာမည်မှာ မလွဲဧကန်ဖြစ်သည်။ ထိုအချိန်တွင် ဤကမ္ဘာပေါ်၌ မြောက်ပိုင်းပြည်နယ်ကို အနိုင်ယူနိုင်မည့် နိုင်ငံဟူ၍ ရှိ‌ တော့မည် မဟုတ်တော့ပေ။

ထိုအတွေးဖြင့် လုချန်း စိတ်အားထက်သန်လာပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

နောက်လများတွင် မြို့သစ်တည်ဆောက်မှု စတင်သည်နှင့်အမျှ လုချန်း နေ့တိုင်းအလွန်အလုပ်များနေသည်။ သူသည် စာကြည့်ခန်းတွင် အလုပ်များ မလုပ်နေပါက မြို့သစ်တည်ဆောက်မှုကို ကြီးကြပ်နေတတ်သည်။ တစ်ခါတစ်ရံတွင် လက်နက်တိုက်သို့သွားပြီး မီးသေနတ်များ ထုတ်လုပ်မှုအခြေအနေကို စစ်ဆေးလေ့ရှိသည်။

လုချန်း၏ မယားသုံးဦးသည်လည်း တစ်နေ့တခြား ကိုယ်ဝန်ရင့်မာလာပြီး မျက်စိတစ်မှိတ်အတွင်း မုကျိရွှမ်း မီးဖွားရန် အချိန်ရောက်ရှိလာသည်။

.......

အခန်း (၃၀၃)

စတုတ္ထမြောက်သား ဖွားမြင်ခြင်း (၁)

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ပင်မဆောင်၏ အပြင်ဘက်။

လုချန်း၏ ဇနီးများသည် တံခါးဝတွင် စိုးရိမ်ပူပန်စွာဖြင့် စောင့်မျှော်နေကြသည်။ ချူးယုချင်သည် ဗိုက်ပူနေသော ကျောင်းရှောင်ရှောင်နှင့် ကျောင်းယိုယိုတို့ကို ကြည့်လိုက်ကာ

“ရှောင်ရှောင် နှင့်ယိုယိုတို့က ကိုယ်ဝန်ကြီးနဲ့ဆို‌တော့ ဒီမှာရပ်ပြီး စောင့်နေစရာမလိုဘူး။ ပြန်အနားယူသင့်တယ်”

ဟု ပြောလိုက်သည်။

ကျောင်းရှောင်ရှောင်က

“ဒေါ်လေးချူး ကျွန်မတို့ အဆင်ပြေပါတယ်”

ဟု ဖြေလိုက်သည်။

ကျောင်းရှောင်ရှောင် စကားမဆုံးမီ အခန်းအတွင်းမှ အော်သံတစ်ချက် ကြားလိုက်ရသည်။

မုကျိရွှမ်း၏ အော်သံကို ကြားလိုက်ရသောအခါ ချူးယုချင်က ချက်ချင်းပင် အဆောင်တံခါးဝရှိ အမျိုးသမီးအစောင့်တစ်ဦးထံ လှည့်ကာ

“မင်းသား မပြန်လာသေးဘူးလား”

ဟု မေးလိုက်သည်။

မုကျိရွှမ်းသည် ဝမ်းဆွဲသည်၏ အကူအညီဖြင့် ကလေးမွေးနိုင်သော်လည်း ကလေးမွေးခြင်းသည် အလွန်နာကျင်စေသော ဖြစ်စဉ်ဖြစ်သည်။ ချူးယုချင်သည် လုချန်းထံ လူစေလွှတ်ကာ အမြန်ပြန်လာစေပြီး ထာဝရတန်ခိုးရှင်နည်းလမ်းဖြင့် မုကျိရွှမ်း၏ နာကျင်မှုကို သက်သာစေရန် ရည်ရွယ်ထား

သည်။

တံခါးဝရှိ အမျိုးသမီးအစောင့်က

“ဒေါ်လေးချူး။ မင်းသားက အသစ်တည်ဆောက်နေတဲ့မြို့ကို သွားနေပါတယ်။ အထူးကိုယ်ရံတော်တစ်ဦးကို အသိပေးဖို့ စေလွှတ်ထားပြီးပါပြီ။ မကြာမီ ပြန်ရောက်လာပါလိမ့်မယ်”

ဟု ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်ရသော ချူးယုချင်သက်ပြင်းချလိုက်သည်။ လုချန်းမရှိပါက မုကျိရွှမ်းသည် နာကျင်မှုကို သည်းခံရမည်သာ ဖြစ်သည်။

ထာဝရတန်ခိုးရှင်နည်းလမ်းကို မသိသောသူတို့အတွက် အပြင်ဘက်တွင် စိတ်မသက်မသာဖြင့် စောင့်နေရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။

ထိုအချိန်တွင် မုကျိရွှမ်း၏ နာကျင်စွာ အော်ဟစ်သံများ ကလေးမွေးခန်းအတွင်းမှ ထပ်မံကြားလိုက်ရသည်။

သို့သော် ထိုအချိန်တွင်ပင် ရုတ်တရက် အဆောင်တံခါးဝတွင် ခန့်ညားသော ပုဂ္ဂိုလ်တစ်ဦး ပေါ်လာသည်။

လုချန်း ပြန်ရောက်လာသည်ကို မြင်ရသောအခါ ကလေးမွေးခန်းအပြင်ဘက်ရှိ လူများလည်း ချက်ချင်း လမ်းဖွင့်ပေးလိုက်ကြသည်။

ချူးယုချင်က

“ချန်းလေး။ အမြန်ဝင်ပြီး ကျိရွှမ်းကို ကြည့်ပေးပါ။ သူက ကလေးမွေးနေတာ”

ဟု စိုးရိမ်စွာ ပြောလိုက်သည်။

လုချန်းသည် ပြုံးရယ်လျက်

“အင်း။ ကောင်းပါပြီ”

ဟု ဖြေလိုက်သည်။

လုချန်း၏ မျက်နှာတွင် စိုးရိမ်သော အရိပ်အယောင် မရှိပေ။ သူပြန်ရောက်လာပြီဖြစ်သဖြင့် မုကျိရွှမ်းသည် အခြေခံအားဖြင့် ဘေးကင်းလောက်ပြီ ဖြစ်သည်။

ရှေးခေတ်ကာလများတွင် ကလေးမွေးဖွားခြင်းသည် အမျိုးသမီးများအတွက် အန္တရာယ်များစွာရှိပြီး မိခင်နှင့်ကလေး နှစ်ဦးလုံး သေဆုံးသည်အထိ ဖြစ်တတ်သည်။ သို့သော် မင်းသားစံအိမ်တွင် လုချန်းရှိနေသဖြင့် သူ၏ ဇနီးမယားများသည် ထိုသို့သော အန္တရာယ်များမှ ကင်းဝေးသည်။

ထို့နောက် လုချန်းလည်း ကလေးမွေးခန်းအတွင်းသို့ လှမ်းဝင်သွားလိုက်သည်။ အိပ်ရာပေါ်တွင် မုကျိရွှမ်းသည် ချွေးများဖြင့် ရွှဲနေပြီး မျက်နှာဖြူဖတ်ဖြူ‌လျော် ဖြစ်နေကာ နဖူးပေါ်တွင်လည်း ချွေးများဖြင့် စိုစွတ်နေကာ ဆံပင်များဖြင့် ကပ်နေသည်။

လုချန်းဝင်လာသည်ကို မြင်ရသောအခါ မုကျိရွှမ်း၏ ဖြူဖပ်ဖြူလျော်ဖြစ်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဤလူရှိနေပါက မည်သည့်ပြဿနာမှ မရှိတော့ပေ။

လုချန်းက အိပ်ရာဘေးသို့ ချဉ်းကပ်လာကာ မုကျိရွှမ်း၏လက်ကို ကိုင်လိုက်ပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုကာ သူမ၏နာကျင်မှုများကို ဖယ်ရှားပေးလိုက်သည်။

မုကျိရွှမ်း စကားပြောလိုသော်လည်း ကလေးမမွေးရသေးသဖြင့် အားစိုက်ထုတ်ရန် လိုအပ်နေသည်။ သူမသည် နှုတ်မှ မထွက်မီ စကားလုံးများကို မျိုချလိုက်သည်။

ထို့နောက် လုချန်းက မုကျိရွှမ်းထံသို့ အတွင်းအားများ ထည့်သွင်းပေးလိုက်ပြီး ထိုအားအင်များသည် သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး ကလေးငယ်ကို ခန္ဓာကိုယ်မှ ခွဲထုတ်လိုက်သည်။ ကလေးငယ်အား စွမ်းအင်ဖြင့်ဖုံးလွှမ်းလိုက်ကာ ချောမွေ့လာကာ လွယ်ကူစွာ ထွက်ကျလာစေသည်။

နောက်တဒင်္ဂတွင် ကလေးငယ်၏ငိုသံသည် မွေးခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဝမ်းဆွဲသည်များလည်း ချက်ချင်းပင် မွေးကင်းစကလေးငယ်ကို စောင့်ရှောက်ရန် စတင်လုပ်ဆောင်ကြသည်။

လုချန်း၏ စိတ်ထဲတွင် ပြုံးမိသည်။ နောက်ဆုံးတွင် စနစ်က သူ့အား ပြန်လည်သန်စွမ်းစေသောစွမ်းအားကို ချီးမြှင့်ရခြင်း၏ အကြောင်းရင်းကို နားလည်သွားသည်။ ထိုစွမ်းအား၏အကြီးမားဆုံးသော အသုံးဝင်မှုမှာ အမျိုးသမီးများအား ကလေးမွေးရာတွင် ကူညီပေးရန်ဖြစ်သည်။

ကလေးမွေးပြီးနောက် မုကျိရွှမ်း အားအင်ပြန်လည်ပြည့်ဝလာပြီး မျက်နှာတွင် သွေးရောင်လွှမ်းလာသည်အထိ ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုကာ ကုသပေးခဲ့သည်။

ထို့နောက် မုကျိရွှမ်းက လုချန်း၏ မျက်လုံးများကို ကြည့်ရှုကာ

“ကျေးဇူးတင်ပါတယ်မင်းသား “ ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက အနည်းငယ်ပြုံးလိုက်ကာ လက်ဖြင့် သူမ၏နဖူးကို ပွတ်သပ်ပေးလိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို ဘေးသို့ ဖယ်ရှားပေးလိုက်သည်။

“ကိုယ်တို့က လင်မယား တွေပါ။ ဒီလောက်ကျေးဇူးတင်စရာ စရာမလိုပါဘူး။”

“ ကျေးဇူးတင်နေမယ့်အစား ကလေးကို ကြည့်ကြရအောင်။”

ထိုအချိန်တွင် နို့ထိန်းမိခင်များသည် ကလေးကို သန့်စင်ပြီးသွားပြီဖြစ်သည်။ လုချန်း၏စကားကို ကြားလိုက်ရသော နို့ထိန်းမိခင်တစ်ဦးက ချက်ချင်းပင် ကလေးကို ယူဆောင်လာခဲ့သည်။

လုချန်းသည် အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး ကလေးငယ်ကို အိပ်ရာပေါ်တွင် တင်ထားကာ ဂရုတစိုက်ကြည့်ရှုလိုက်သည်။

ထိုကလေးမှာ ယောက်ျားလေးတစ်ဦးဖြစ်သည်။

ထို့အပြင် အလွန်ကြီးမားသော ကလေးဖြစ်ပြီး အလေးချိန်မှာ အနည်းဆုံး ဆယ်ပေါင်ရှိမည်ဖြစ်သည်။ မုကျိရွှမ်းလည်း ဖြည်းဖြည်းချင်း ထိုင်လာကာ အိပ်ရာပေါ်ရှိ သားယောက်ျားလေးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမက

“မင်းသား။ ကလေးကို နာမည်မပေးရသေးပါဘူး။ အမည်တစ်ခုပေးပါ။”

လုချန်းသည် စကားစပြောမည့်အချိန်တွင် ရုတ်တရက် စနစ်၏အသံက သူ၏စိတ်ထဲတွင် မြည်လာသည်။

[သခင်အား အမွေဆက်ခံသူရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။ ထိပ်သီးစာပေပညာရှင်တစ်ဦးနှင့် အုပ်ချုပ်ရေးဝန်ထမ်းငါးထောင်ကို ဆုချီးမြှင့်ပါသည်။]

လုချန်း ခဏတန့်သွားသည်။

သူ၏မှန်းဆချက်မှာ မှန်ကန်ခဲ့သည်။

လွန်ခဲ့သော လများက သူတွေးခဲ့သည်မှာ မိခင်ဝမ်းအတွင်းမှ ကလေးများနှင့်အတူ

သူလိုချင်သော ပညာတတ်များလည်း ပါဝင်နိုင်သလားဆိုသည်ကို ဖြစ်သည်။ စနစ်က သူ့အား အုပ်ချုပ်ရေးဝန်ထမ်းများကို ဆုအဖြစ်ချီးမြှင့်သည်မှာ အမှန်ပင်ဖြစ်သည်။

မြောက်ပိုင်းပြည်နယ်၏ အုပ်ချုပ်ရေးသည် ပညာတ်များ အလွန်အမင်း လိုအပ်နေသည်။

မကြာသေးမီ ကာလများအတွင်း လုချန်း အလွန်အမင်း အလုပ်များနေပြီး အရာအားလုံးကို ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနေရသဖြင့် စိတ်ရှုပ်စရာဖြစ်နေခဲ့သည်။

ပျော်ပျော် နေတတ်သော သဘာဝရှိသူဖြစ်သော လုချန်းသည် ရုတ်တရက် တာဝန်များစွာဖြင့် နစ်မြုပ်သွားခဲ့ပြီး သူ၏တစ်ခုတည်းသော အပန်းဖြေမှုမှာ အတွင်းဆောင်ရှိ သူ၏မိန်းမများနှင့် ဆက်ဆံရေးကို လေ့ကျင့်ခြင်းသာ ဖြစ်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုအရာပင် ပျင်းရိငြီးငွေ့စရာ ဖြစ်လာခဲ့သည်။

ယခုအခါတွင် အုပ်ချုပ်ရေးပညာရှင် ငါးထောင်တို့ ထပ်မံရရှိလာခြင်းဖြင့် နိုင်ငံတော်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းမည့်သူများ ရှိလာပြီဖြစ်ကာ အရာအားလုံးကို သူကိုယ်တိုင်ကိုင်တွယ်ရန် မလိုတော့ပေ။

ထို့အပြင် စနစ်မှဆုချီးမြှင့်သော ပညာရှင်များသည် ၁၀၀ ရာခိုင်နှုန်း သစ္စာရှိသူများဖြစ်သဖြင့် နောက်ကျောမှ ဓားနှင့်ထိုးခြင်း သို့မဟုတ် လျို့ဝှက် ကြံစည်မှုများအတွက် စိုးရိမ်စရာမလိုတော့ပေ။ အုပ်ချုပ်ရေးဝန်ထမ်းများ အချင်းချင်း ပြိုင်ဆိုင်မှုရှိနိုင်သည်ဆိုသော အချက်နှင့်ပတ်သက်၍မူ သူအလွန်အမင်း စိတ်ပူစရာမလိုပေ။

လုချန်း၏ ရင်ထဲတွင် တစ်နှစ်နီးပါး လေးလံနေခဲ့သော ကျောက်တုံးသည် နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့သည်။

ထို့နောက် သူလက်တွေ့ဘဝသို့ ပြန် ရောက်လာပြီး အိပ်ရာပေါ်ရှိ ကလေးငယ်ကို ကြည့်ရင်း ပြုံးလျက်

“လုကျိမင် လို့ခေါ်ရင် ဘယ်လိုလဲ”

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် ချူးယုချင်နှင့် အခြားမိန်းမများလည်း ကလေးမွေးခန်းအတွင်းသို့ ဝင်ရောက်လာကြသည်။ လုချန်း၏ကုသမှုကြောင့် မုကျိရွှမ်းသည် လုံးဝနီးပါး ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် အခြားမိန်းမများကဲ့သို့ ကလေးမွေးပြီး အနားယူရန် မလိုအပ်တော့ပေ။

......

All Chapters