အခန်း ၃၀၇-၃၀၉
Vol. 21 Ch. 307-309
အခန်း (၃၀၇)
ဝမ်ချင်းစီ ......မင်းသား ပြောင်းလဲသွားပြီ (၃)
“စည်းရုံးဖို့လား” ဟုပြောရင်း လုချန်းက ပြုံးရယ်လိုက်သည်။
“မင်း စဉ်းစားတာ များသွားပြီ။ ကိုယ့်မှာ သူတို့ကို စည်းရုံးဖို့ ရည်ရွယ်ချက်မရှိဘူး။”
ဒါက...
လုချန်း သူတို့ကို မစည်းရုံးဘူးဆိုပါက မြောက်ပိုင်းပြည်နယ်ကို သူတို့ ဘယ်လိုရောက်လာနိုင်မှာလဲ။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီကို လုချန်း အထူးစိတ်ဝင်စားမှုမရှိသေးသည်မှာ ထင်ရှားနေသည်။
သူထိုသို့ ယူဆသည်မှာ မှန်ပါသည်။ လုချန်းသည် မြောက်ပိုင်းပြည်နယ်၏ အမြင့်ဆုံးအုပ်ချုပ်သူဖြစ်သည်။ သူက သူတို့ကို ခါးခါးသီးသီး မကန့်ကွက်သော်လည်း သူ၏ စိတ်ထဲတွင် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ပညာတတ်များကို စိတ်ဝင်စားမှုမရှိဟု ယုံကြည်ရသည်။
ဝမ်ချင်းစီ ထိုသို့တွေးနေစဉ်တွင် လုချန်းက ရုတ်တရက်ပြောလိုက်သည်။
“ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ကိုယ်ပိုင်ပြီးသား ဖြစ်နေပြီ။ သူတို့ကို စည်းရုံးဖို့ မလိုတော့ဘူး။”
ဘာကို...
လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီမှာ အံ့အားသင့်သွားခဲ့သည်။ သူမ၏ အကြားအာရုံ ပြဿနာတစ်စုံတစ်ရာရှိနေပြီး ထင်ယောင်ထင်မှား ဖြစ်နေတာလားဟုပင် ထင်လိုက်မိသည်။
သတိပြန်ဝင်လာသောအခါ ဝမ်ချင်းစီက ချက်ချင်းမေးလိုက်သည်။
“မင်းသားက။ ကျွန်မကို နောက်ပြောင်တာလား။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက တကယ်ပဲ မင်းသားပိုင်တာလား။”
လုချန်းက ပြုံးပြီး
“ဘာလဲ။ မင်းက အံ့အားသင့်သွားတာလား။”
“ကျွန်မ...”
ဝမ်ချင်းစီ စကားများများ မပြောရဲပဲ နှုတ်ဆိတ်နေခဲ့သည်။ ဒါက အံ့အားသင့်ရမည် ဆိုတာထက် ပိုနေသည်။
ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီသည် ချွမ်နိုင်ငံတော်အတွင်း၌ တည်ရှိ၏။ လုချန်းက ဘယ်လိုပိုင်သွားတာလဲ။
သူမသိသလောက် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ သမိုင်းမှာ လုချန်း၏အသက်ထက် အတော်လေးရှည်သည်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီသည် ဆယ်စုနှစ်များစွာ ကတည်းက တည်ရှိခဲ့ပြီး ကျူးကဲ့ကျုံကောင်း ငယ်ရွယ်စဉ်က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အခု လုချန်းက ဘယ်လိုပိုင်သွားတာလဲ။
အံ့အားသင့်မိသော ဝမ်ချင်းစီက
“မင်းသား။ ကျူးကဲ့ကျုံကောင်းကလည်း မင်းသားရဲ့ လူတွေထဲက တစ်ဦးလား”
ဟု မေးမြန်းလိုက်သည်။
လုချန်းက
“အဲ့ဒီသဘောပေါ့”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
“သူ့ရဲ့ ကျူးနိုင်ငံတော်သွားတဲ့ခရီးစဉ်က ယွဲ့ဧကရာဇ်ကို သစ္စာခံဖို့ မဟုတ်ဘူး။ မြောက်ပိုင်းပြည်နယ်ကို လာရောက်ဖို့ဖြစ်တယ်။”
“ရက်အနည်းငယ်အတွင်း ကျူးကဲ့ကျုံကောင်း ရန်ခရိုင်ကို ရောက်လာလိမ့်မယ်။”
ဒါက...
မယုံနိုင်စရာ ဖြစ်ပုံရသော်လည်း ထိုအံ့အားသင့်ဖွယ် သတင်းကို ဝမ်ချင်းစီ မြန်မြန်ဆန်ဆန် လက်ခံလိုက်သည်။ လုချန်းသည် အသက် ၁၇ နှစ်အရွယ်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သော အံ့ဖွယ်လူသားတစ်ဦးဖြစ်သည်။ သူနှင့်ပတ်သက်လျှင် ဘာမဆိုဖြစ်နိုင်သည်။
ခဏစဉ်းစားပြီးနောက် ဝမ်ချင်းစီက
“ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက မင်းသားရဲ့ လက်အောက်မှာ ရှိတယ်ဆိုရင်တော့ ကျွန်မလည်း သူတို့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆက်မစောင့်ကြည့်တော့ပါဘူး။”
“မဟုတ်ဘူး။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီရဲ့ အခြေအနေကို ဂရုတစိုက် စောင့်ကြည့်သင့်တယ်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ချွမ်နိုင်ငံတော်နယ်နိမိတ်အတွင်းမှာ ရှိနေဆဲပဲ။ မြောက်ပိုင်းပြည်နယ်ကို မပြောင်းရွှေ့ရသေးဘူး။ ဒါမှ အကယ်၍ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှာ အရေးပေါ်အခြေအနေ တစ်ခုခု ဖြစ်ခဲ့ရင် မိုးစက်ရဲတိုက်က သင့်တော်သလို လျှို့ဝှက်ကူညီပေးရမယ်။”
ဝမ်ချင်းစီက
“ကျွန်မ နားလည်ပါပြီ။ အခြားအရေးကြီးသည့်ကိစ္စမရှိရင် အခုပဲ သွားခွင့်ပြုပါ။”
“ကောင်းပြီ ။ မင်းမှာ လုပ်စရာတာဝန်တွေ ရှိနေမှာပါ။”
လုချန်းက ထိုသို့ပြောပြီး ခေါင်းငုံ့ကာ ချင်ယူရှန်ယူဆောင်လာခဲ့သော ထောက်လှမ်းရေးအစီရင်ခံစာကို ကောက်ယူ၍ အာရုံစိုက်ဖတ်ရှုလိုက်သည်။
ထိုအခြေအနေကိုမြင်တွေ့ရသည်နှင့် ဝမ်ချင်းစီ သူမ၏နှုတ်ခမ်းများကို ဖိလိုက်သည်။ မကြာသေးခင်ကစပြီး လုချန်းပြောင်းလဲလာတာ အမှန်ပင် သိသာထင်ရှားလှသည်။ ယခင်ကဆိုလျှင် ဒီလိုအနေအထားမျိုး၌ စာကြည့်ခန်းထဲတွင် သူမကို ဆုံးမမှာ သေချာသည်။ သို့သော် အခုတော့ လုချန်းက သူမကို စာကြည့်ခန်းထဲ၌ မဆုံးမ တော့သဖြင့် သူမအား အတော်လေး မသက်မသာဖြစ်စေသည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး မင်းသားငယ်လေး အလွန်လေးနက်လာပြီဟု ဝမ်ချင်းစီ ခံစားမိသည်။ ဒါက ကောင်းသောအရာတစ်ခုတော့ မဟုတ်ပေ။
ဝမ်ချင်းစီ အတွေးများနေစဉ် စာကြည့်ခန်းမှ မထွက်ခွာသေးသော ဝမ်ချင်းစီကို လုချန်းသတိပြုမိလိုက်သည်။
သူက သူမဘက်သို့ မျက်နှာမူကာ
“ဘာတွေဖြစ်နေတာလဲ။ နောက်ထပ်စဉ်းစားမိတာ တစ်ခုခု ရှိသေးလား”
ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဝမ်ချင်းစီက ချက်ချင်းပင်
“မဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး။ ကျွန်မ အခုထွက်သွားပါမယ်”
ဟု တုံ့ပြန်လိုက်သည်။
ထိုစကားနှင့်အတူ သူမ စာကြည့်ခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
ဝမ်ချင်းစီ တွေးမိသည်။ လုချန်း ယခင်က ပြုလုပ်ခဲ့သော မဖွယ်မရာလုပ်ရပ်များမှာ အသက် ၁၆ ၊၁၇ နှစ်သာ ရှိသေးသော သူ၏ငယ်ရွယ်မှုကြောင့်သာ ဖြစ်သည်။
လုချန်း အသက်ကြီးလာသည်နှင့်အမျှ သူ၏စိတ်သဘောထားမှာလည်း ပိုမိုရင့်ကျက်လာမည်။ ရင့်ကျက်ပြီးသော လုချန်းသည် ထိုကဲ့သို့သော မဖွယ်မရာလုပ်ရပ်များကို ပြုလုပ်တော့မည် မဟုတ်ပေ။
အကြောင်းတစ်စုံတရာကြောင့် သူမ လုချန်း အား ကြီးပြင်းလာစေလိုခြင်း မရှိပေ။ ယခင်က သူမသည် သူ့ရှေ့တွင် အစ်မတစ်ယောက်ကဲ့သို့ ပြုမူနိုင်ခဲ့ပြီး သူ့ကိုစိတ်ဆိုးစေကာ သူမအား ကောင်းစွာအပြစ်ပေးစေရန် လှုံ့ဆော်နိုင်ခဲ့သည်။
သို့သော် နောင်တွင် ထိုသို့ဖြစ်လာတော့မည် မဟုတ်ပေ။ လူတစ်ဦး ရင့်ကျက်လာသည်နှင့်အမျှ သူ၏အတွေးအခေါ်များလည်း ပြောင်းလဲသွားမည်ဖြစ်သည်။ သူမ ယခင်ကဲ့သို့ လုချန်းကို ဆက်လက်ဆွဲဆောင်နေမည်ဆိုပါက သူ့ကို စိတ်လှုပ်ရှားစေမည့်အစား စိတ်ပျက်စေနိုင်သည်။
ထိုအတွေးများက ဝမ်ချင်းစီအား အလွန်အမင်း စိတ်ဓာတ်ကျစေသည်။
ထိုနေ့ရက် ရောက်ရှိလာမည်ကို သူမသိခဲ့သော်လည်း ဤမျှမြန်ဆန်စွာ ရောက်ရှိလာမည်ကိုတော့ မမျှော်လင့်ခဲ့ပေ။ တစ်နှစ်အတွင်းမှာပင် လုချန်းတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး ဤမျှရင့်ကျက်လာခဲ့သည်။ ဤမျှယောက်ျားပီသလာခဲ့သည်။
သူမကတော့ သူမ၏ ခန္ဓာကိုယ်ကို မဆင်မခြင် ထိကိုင်ချင်သော သူမကို ကြမ်းတမ်းစွာ ဆက်ဆံဖို့ အမြဲတွေးနေတတ်သော မင်းသားငယ်လေးကိုသာ ပိုနှစ်သက်နေဆဲဖြစ်သည်။
ဝမ်ချင်းစီ ပိုတွေးလေလေ ပို၍အသက်ရှူကျပ်လာလေဖြစ်သည်။
လုချန်းသည်လည်း ဝမ်ချင်းစီတွင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားမိသည်။
ဝမ်ချင်းစီ၌ တစ်ခုခုစဉ်းစားနေသည်ဟု သူအမြဲခံစားရသည်။
ထို့နောက် လုချန်းလည်း ဝမ်ချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
[အမည် - ဝမ်ချင်းစီ]
[အချက်အလက် - မြောက်ပိုင်းမင်းသား၏ အနှစ်သက်ဆုံး အစေခံမ။ မြောက်ပိုင်းနယ်စားမင်းသား၏ မောင်းမ၊ မိုးစက်ရဲတိုက်၏ အကြီးအကဲ၊ အဆင့်မြင့်သိုင်းပညာရှင် (ထိပ်သီးတစ်ဝက်အဆင့်)၊ မင်းသား၏ မကြာသေးမီက အပြောင်းအလဲများကို သတိထားမိပြီး ပိုမိုလေးနက်လာကာ ယခင်ကကဲ့သို့ သူမကို မဆက်ဆံတော့သည်ကို သတိပြုမိသည်။ မင်းသား သူမ အပေါ် ငြီးငွေ့လာပြီး မည်သည့်အချိန်တွင်မဆို စွန့်ပစ်နိုင်သည်ဟု ခံစားနေရသည်။]
[အဆင့်သတ်မှတ်ချက် - ၉၅]
[သဘောကျမှုအဆင့် - ၁၀၀]
ဒါက...
ဝမ်ချင်းစီ၏ နောက်ဆုံးရ အချက်အလက်များကို မြင်လိုက်ရတော့ လုချန်း အတော်လေး အံ့အားသင့်သွားခဲ့သည်။
အမှန်လည်း အခုတလော သူ ဝမ်ချင်းစီကို ယခင်ကကဲ့သို့ မဆက်ဆံခဲ့ပါ။ အကြောင်းရင်းတစ်ခုမှာ သူသည် နိုင်ငံတော်ဆိုင်ရာ အဆုံးမရှိသော ကိစ္စရပ်များဖြင့် အလွန်အမင်းအလုပ်များနေပြီး စာကြည့်ခန်းတွင်း၌ ရှိနေစဉ် အမျိုးသမီးများအကြောင်း စဉ်းစားဖို့အချိန်ပင် မရှိခဲ့ပေ။ ထို့ကြောင့် ဝမ်ချင်းစီ စာကြည့်ခန်းသို့ လာသည့်အခါတိုင်း သူသည် အလုပ်ကိစ္စများကိုသာ ဆွေးနွေးခဲ့သည်။
စာကြည့်ခန်းတွင်း၌ ဝမ်ချင်းစီနှင့် ထိုကဲ့သို့သော အပြုအမူများ မပြုလုပ်တော့သော်လည်း ညအချိန်များတွင် သူမ၏အခန်းသို့ မကြာခဏသွားပြီး ဇာတ်ကောင်စရိုက်များ ဝင်စားကာ ကစားလေ့ရှိသည်။
ဒါတောင် ဝမ်ချင်းစီက သူ့ကို ပြောင်းလဲသွားပြီလို့ ထင်နေတာလား။ စိတ်ဓာတ်ကျနေတာလား။
ဝမ်ချင်းစီ၏ စိတ်ထဲတွင် သူ၏ယခင်က ဆက်ဆံမှုပုံစံက သူမအား ဂရုစိုက်မှုကို ဖော်ပြပြီး ယခုလို လေးနက်လာခြင်းက သူမကို မနှစ်သက်တော့ဟု ထင်နေတာလား။
အခန်း (၃၀၈)
မင်းသားရဲ့ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပါမယ် (၁)
ဝမ်ချင်းစီ စာကြည့်ခန်းတံခါးဝကို ဖြတ်ကျော်တော့မည့်အချိန်တွင် လုချန်းကရုတ်တရက် ပြောလိုက်သည်။
“ဟုတ်ပြီ။ ကိုယ့်စိတ်ထဲ အခုမှ တစ်ခု ရုတ်တရက်ပေါ်လာတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီ ရပ်တန့်သွားပြီး လှည့်ကြည့်ကာ
“မင်းသားမှာ အခြားကိစ္စရှိလို့လား”
ဟု မေးလိုက်သည်။
လုချန်းက ချက်ချင်းမဖြေပဲ အတွင်းအားလှိုင်းဖြင့် စာကြည့်ခန်းတံခါးကို အဝေးမှပိတ်လိုက်သည်။
ဝမ်ချင်းစီမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
သူမ၏အမြင်တွင် လုချန်းသည် ပိုမိုရင့်ကျက်လာပြီဖြစ်ကာ စာကြည့်ခန်းအတွင်း၌ ယခင်ကကဲ့သို့ အပြုအမူမျိုးများ ထပ်မံမပြုလုပ်တော့မည် မဟုတ်ဟု ယုံကြည်နေသည်။ လုချန်း ရုတ်တရက်တံခါးပိတ်လိုက်ခြင်းက သူမကို စိတ်ရှုပ်စေပြီး လုချန်း၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။
ထိုအချိန်တွင် လုချန်းက
“ဝမ်မိန်းကလေး။ အခုနောက်ပိုင်း ခင်ဗျားက ကျွန်တော်အပါ် အမြင်ပြောင်းနေတယ်လို့ သတိထားမိတယ်” ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ဝမ်ချင်းစီ ထပ်မံအံ့သြသွားခဲ့သည်။
အမြင်ပြောင်းတာ..
သူမမှာ ဘာအမြင်ပြောင်းတာတွေ ရှိနေတာလဲ။
သူမက အမြင်ပြောင်းရဲပါ့မလား။
အချိန်မဆိုင်းပဲ ဝမ်ချင်းစီက
“မင်းသားက ဘာကိုဆိုလိုတာလဲ။ ကျွန်မ မင်းသားအပေါ် ဘာများအမြင် ပြောင်းနေတာလဲ။”
ပြုံးရယ်လျက် လုချန်းက
“မသိဘူးလား။ အဲ့ဒါဆို ဘာလို့ ချွမ်ဟိုင် ကုန်သည်အုပ်စုက တစ်ယောက်နဲ့တိတ်တဆိတ် တွေ့ဆုံခဲ့ရတာလဲ”
ဟု ပြောလိုက်သည်။
ထိုအခါ ဝမ်ချင်းစီ ချက်ချင်း စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူမသည် ချွမ်ဟိုင်ကုန်သည်အုပ်စုမှ တစ်ဦးနှင့် အမှန်တကယ်ပင် တိတ်တဆိတ်တွေ့ဆုံခဲ့ဖူးသည်။ ထိုသူက သူမကို စည်းရုံးရန် ကြိုးစားခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။ သူမ၏အမြင်တွင် ထိုကိစ္စမှာ အရေးမကြီးသော ကိစ္စတစ်ခုသာဖြစ်သဖြင့် လုချန်းထံ ပြန်လည်သတင်းမပို့ခဲ့ခြင်းဖြစ်သည်။
မျှော်လင့်မထားပဲ လုချန်းက ထိုကိစ္စကို သိရှိနေပြီဖြစ်သည်။
အခုတော့ ဒုက္ခများပြီ။
အကယ်၍ သူမသည် ကြိုတင်၍ လုချန်းထံ အစီရင်ခံထားပါက ထိုကိစ္စကို လုချန်း အလေးထားမည်မဟုတ်သော်လည်း သူ့နည်းနှင့်သူ သူမ ချွမ်ဟိုင်ကုန်သည်အုပ်စုနှင့် ဆက်သွယ်မှုရှိကြောင်း သိရှိသွားပါက သူမအပေါ် နားလည်မှု လွဲသွားရန် ဖြစ်နိုင်ခြေမှာ အလွန်မြင့်မားသည်။
ချက်ချင်း ရှင်းပြရန် ရည်ရွယ်ပြီး ဝမ်ချင်းစီက
“မင်းသား။ ကျွန်မ ချွမ်ဟိုင်အုပ်စုရဲ့ ဥက္ကဋ္ဌနှင့် တိတ်တဆိတ်တွေ့ဆုံတာက စီးပွားရေးကိစ္စ ဆွေးနွေးဖို့ သက်သက်ပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် နှင့် မင်းသားကို သစ္စာဖောက်မယ့် အပြုအမူမျိုး ကျွန်မ လုံးဝမလုပ်ပါဘူး။”
ဝမ်ချင်းစီ၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်နေပြီး လုချန်း စွန့်ပစ်တာ ခံရမည်ကို အလွန်ကြောက်ရွံ့နေသည်။ အခု လုချန်းဒီကိစ္စကို ထုတ်ဖော်ပြောဆိုလာတာက သူမကို သူ့ရဲ့ အစေခံအဖြစ်ကနေ လုံးဝပယ်ဖျက်တော့မယ့် သဘောလား။
ဝမ်ချင်းစီ တွေးနေစဉ်တွင် လုချန်းက “စီးပွားရေးကိစ္စ ဆွေးနွေးဖို့ ဟုတ်လား။ ကျွန်တော်ကတော့ ယုံချင်စရာမရှိဘူးလို့ ထင်တယ်။ အထူးကိုယ်ရံတော်တွေရဲ့ အစီရင်ခံစာအရ ခင်ဗျားက မိုးစက်ရဲတိုက်ကနေ ညအချိန်မှာ တစ်ယောက်တည်း တိတ်တဆိတ်ထွက်ခွာသွားခဲ့ဘူးတယ်လို့ ဆိုတယ်။ စီးပွားရေးကိစ္စ ဆွေးနွေးဖို့အတွက် ဒီလောက်သတိထားရလား။”
“ ခင်ဗျားပြောတာက အမှန်မဟုတ်ဘူးထင်တယ် ဝမ်မိန်းကလေး။”
ဝမ်ချင်းစီ၏မျက်နှာ ဖြူဖတ်ဖြူလျော် ဖြစ်သွားပြီး
“မင်းသား။ ကျွန်မ ဒီလိုလုပ်ရတာက ချွမ်ဟိုင် အုပ်စုရဲ့ ဥက္ကဋ္ဌကို လှည့်စားဖို့ပါ။ ဥက္ကဋ္ဌက ကျွန်မကို စည်းရုံးသိမ်းသွင်းချင်ပါတယ်။ ကျွန်မကလည်း သူ့ဘက်ပါချင်ဟန်ဆောင်ပြီး အချက်အလက်အချို့ ရယူနိုင်ဖို့ ကြံစည်နေတာပါ။ မင်းသားကို ဖုံးကွယ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ တန်ဖိုးရှိတဲ့ အချက်အလက်တွေ မရသေးတဲ့အတွက် မပြောသေးတာပါ။”
“ နောက်ပြီး အဲ့ဒါက မနေ့ကမှဖြစ်ပျက်ခဲ့တာဆိုတော့ ကျွန်မ...”
ဝမ်ချင်းစီ ဆက်လက်ရှင်းပြရန် ကြိုးစားနေစဉ် လုချန်းက အေးစက်စွာဖြင့် စကားဖြတ်လိုက်သည်။
“လုံလောက်ပြီ။ ကျွန်တော် ဘယ်လိုရှင်းလင်းချက်ကိုမှ နားထောင်လိုစိတ်မရှိတော့ဘူး။ ဝမ်မိန်းကလေးက အတော်အတင့်ရဲတတ်လာပုံရတယ်။ ယောင်္ကျားလေးတစ်ယောက်နဲ့ ခိုးတွေ့တဲ့ ကိစ္စက အရမ်းဆိုးတယ်။ ဒါကျွန်တော့်ကို လုံးဝမထီမဲ့မြင်ပြုတာပဲ။”
“ပြင်းပြင်းထန်ထန် အပြစ်မပေးရင် မင်း သင်ခန်းစာရမှာမဟုတ်ဘူး။ ဒီကိုလာ။”
စကားပြောနေစဉ်တွင် လုချန်းသည် သူ၏လက်ဖဝါးကို မြှောက်လိုက်ပြီး နောက်တဒင်္ဂတွင် ဝမ်ချင်းစီကို သူ၏ရင်ခွင်ထဲသို့ ဆွဲငင်လိုက်သည်။
ထို့နောက် ဝမ်ချင်းစီ၏ ခါးကို ပွေ့ဖက်ပြီး စားပွဲပေါ်သို့ ဖိချလိုက်၏။ သူမက ခေါင်းလှည့်ပြီး ရှင်းပြရန် ကြိုးစားနေစဉ် အဝတ်စုတ်ပြဲသံကို ကြားလိုက်ရပြီး နောက်တွင် သူမ၏ အနီရောင်နှုတ်ခမ်းများ အသံမပြုနိုင်အောင် ပိတ်မိသွားသည်။
“အမ်... အမ်...”
ထိုအခိုက်အတန့်တွင် ဝမ်ချင်းစီ၏ စိတ်ထဲ၌ ကြောက်ရွံ့မှု၊ ရှက်ရွံ့မှု၊ အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုတို့... ရောထွေးနေသည်။
ထိုအခြေအနေတွင် ဝမ်ချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်ပူလောင်လာပြီး လုချန်းအား လုံးဝကွဲပြားသော ခံစားမှုမျိုးကို ပေးစွမ်းနေသည်။
လင်ဝမ်ရွန်သည် နံနက်စောစော ကင်းလှည့်ရင်း စာကြည့်ခန်းအနီးမှ ဖြတ်သွားစဉ် အတွင်းမှ အသံများကို ကြားလိုက်ရသည်။
“ပြောစမ်းပါ။ မင်းက ယောက်ျားတွေနဲ့ ခိုးတွေ့ပြီး ကိုယ့်ကိုသစ္စာဖောက်ချင်နေတာလား။”
“ကျွန်မ... နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး...”
“နောက်တစ်ခါ မလုပ်ရဲတော့ဘူး ဟုတ်လား။ ဒါဆို အစကတည်းက ဒီလိုအတွေးမျိုးရှိနေတာလား။ ..မင်းအတော် အတင့်ရဲနေတာပဲ ”
“မဟုတ်ပါဘူး... ကျွန်မ မကြံစည် ဝံ့ပါဘူး။ အသက်ရှင်တုန်း မင်းသားရဲ့လူ၊ သေရင်လည်း မင်းသားရဲ့ သရဲ...”
“မင်းစကား ကိုယ်မယုံဘူး။ ဒီနေ့ မင်းကို သေချာ အပြစ်မပေးရပဲနဲ့ လွှတ်ပေးမဟုတ်ဘူး”
“မင်းသား... အသက်ချမ်းသာပေးပါ... ကျွန်မ တကယ် နားလည်ပါပြီ...”
စာကြည့်ခန်းအတွင်းမှ ထွက်ပေါ်လာသော စကားပြောဆိုသံများကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်မှာ စိတ်ရှုပ်စွာဖြင့် ရပ်တန့်သွားခဲ့သည်။
လုချန်းက နံနက်စောစောကြီး စာကြည့်ခန်းထဲမှာ ဘာတွေလုပ်နေတာလဲ။
အသံကတော့ ဝမ်မိန်းကလေးနှင့် တူနေသည်။
ထိုဝမ်မိန်းကလေးအကြောင်း တွေးမိသည်နှင့် လင်ဝမ်ရွန်၏ နဖူးတွန့်သွားခဲ့သည်။
တစ်ချိန်က လုချန်းသည် ညအချိန်များတွင် ချန်ဝမ်ရွန်၏ အဆောင်သို့ သွား၍ သူမ၏စောင်းတီးသံကို နားထောင်လေ့ရှိသည်။ သို့သော် ရုတ်တရက် ဆက်မလာတော့ပဲ ပျောက်သွားခဲ့သည်။
လုချန်း ချန်ဝမ်ရွန်၏ အဆောင်သို့ သူမ၏ စောင်းတီးသံကို နားထောင်ရန် မလာတော့သည်မှာ နှစ်လနီးပါးရှိပြီဖြစ်သည်။
ချစ်ခြင်းပိုးကောင်ကို အဆင်သင့်ပြင်ထားသည့်အချိန်တွင် လုချန်း မလာတော့ခြင်းဖြစ်သည်။ ဤသို့ဖြင့် သူတို့၏ အခွင့်အရေးတစ်ခုကို ထပ်မံလက်လွတ်ဆုံးရှုံးခဲ့ရသည်။
အတွင်းဆောင်တွင် လုချန်းနှင့် အနီးကပ် ရှိနေသဖြင့် ပိုးကောင်ကို တိုက်ရိုက်ထည့်သွင်းရန်က ဖြစ်နိုင်သည်။ သို့သော် ချစ်ခြင်းပိုးကောင်က အနည်းငယ်ထူးခြားသည်။ လုချန်းတွင် ချန်ဝမ်ရွန်အပေါ် ချစ်ခြင်းမေတ္တာရှိမှသာ ထိုပိုးကောင်က အကျိုးသက်ရောက်မည်ဖြစ်သည်။
လုချန်းတွင် ချန်ဝမ်ရွန်အပေါ် ချစ်ခြင်းမေတ္တာမရှိပါက ချစ်ခြင်းပိုးကောင်မှာ အကျိုးသက်မှု မရှိနိုင်ပေ။
.......
အခန်း (၃၀၉)
မင်းသားရဲ့ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ပါမယ် (၂)
လုချန်းကို ချစ်ခြင်းပိုးကောင်သွင်းရန် လနှင့်ချီအောင် ကြံစည်ခဲ့ပြီးမှ ရပ်တန့်သွားရသည့် အကြောင်းရင်းမှာ လုချန်း စောင်းသံနားထောင်ရန် မလာတော့ပဲ ရုတ်တရက် ပျောက်သွားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ချန်ဝမ်ရွန်အနေဖြင့် လုချန်း သူမ၏အပေါ် စိတ်ဝင်စားမှု အမှန်တကယ်ရှိမရှိ မသေချာသဖြင့် အစီအစဉ်ကို ရပ်တန့်ခဲ့ရသည်။
အကယ်၍ လုချန်းသာ သူမကို စိတ်ဝင်စားခဲ့ပါက သူမ၏အဆောင်သို့ စောင်းသံနားထောင်ရန် မလာတော့ပဲ နှစ်လကျော်ကြာ ပျောက်ဆုံးသွားမည် မဟုတ်ပေ။
ဝမ်ချင်းစီ၏ အသံကို ကြားသည့်အခါ လင်ဝမ်ရွန် နဖူးတွန့်သွားရသည့် အဓိကအကြောင်းရင်းမှာ ထိုစဉ်က လုချန်း၏ အာရုံကို ဝမ်ချင်းစီက ယူသွားသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
အစက လုချန်း၏ အနားယူနည်းမှာ ချန်ဝမ်ရွန်၏ စောင်းတီးသံကို နားထောင်ခြင်းဖြစ်သော်လည်း ယခုအခါတွင် သူ၏အနားယူနည်းမှာ အိပ်ခန်းအတွင်း၌ အမျိုးသမီးတစ်ဦးနှင့် ထိုသို့သော အရာများ ပြုလုပ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ ဝမ်ချင်းစီ၏အခန်းမှ အသံများကို လင်ဝမ်ရွန် အကြိမ်ကြိမ် ကြားခဲ့ရသည်။
လုချန်းသည် သူအစေခံမိန်းမအဖြစ် ဆက်ဆံသည့် ဝမ်ချင်းစီကို ပုံစံတစ်မျိုးဖြင့် နှစ်သက်ကြောင်း လင်ဝမ်ရွန် သတိထားမိသည်။ သူတို့ နှစ်ဦးတွေ့သည့်အခါတိုင်း အချိန်အတော်ကြာ အတူနေတတ်ကြသည်။
ထိုသို့တွေးမိသည့်အခါ လင်ဝမ်ရွန်အနေဖြင့် ထိုအခြေအနေကို ဆက်လက်သည်းမခံနိုင်တော့ပေ။ ထိုဝမ်မိန်းကလေးသည် အလွန်စိတ်ရှုပ်စရာကောင်းပြီး လုချန်း၏အချိန်ကို အမြဲတမ်း လုယူနေသည်။ ယခု သူမက လုချန်းကို နန်းတော်သခင်ထံ စောင်းသံနားထောင်ဖို့ပင် သွားခွင့်မပေးတော့ပေ။ လုချန်း၏အာရုံကို နန်းတော်သခင်ဘက်သို့ ပြန်လည်ရောက်ရှိစေရန် အစီအစဉ်တစ်ခု လိုအပ်နေပြီဖြစ်သည်။
အချိန်အတန်ကြာပြီးနောက် စာကြည့်ခန်းအတွင်းမှ အသံများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။ လုချန်းက ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ဝမ်ချင်းစီက သူ၏ပေါင်ပေါ်တွင် ထိုင်ကာ လည်ပင်းကို ပွေ့ဖက်ထားသည်။
ထိုအချိန်တွင် လုချန်းက ပြုံးရယ်လျက်
“အခုတော့ သစ္စာဖောက်ခြင်းရဲ့ အကျိုးဆက်ကို နားလည်သွားပြီလား ဝမ်မိန်းကလေး” ဟု မေးလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ဝမ်ချင်းစီက ရယ်မောလိုက်ပြီးနောက် မြူစွယ်သောအသံဖြင့်
“မင်းသားက တကယ် ရက်စက်တာပဲ။ အမြဲတမ်း ကျွန်မကိုပဲ အနိုင်ကျင့်နေတယ်။ ကျွန်မက မင်းသား ကျွန်မကို ဒေါသထွက်နေတယ်လို့ တကယ်ထင်ခဲ့တာ”
ဟု ပြန်ပြောလိုက်သည်။
ဤအချိန်တွင် လုချန်းက သူမကို သံသယမရှိကြောင်း သစ္စာဖောက်သည်ဟုလည်း မယုံကြည်ကြောင်း ဝမ်ချင်းစီ အခြေခံအားဖြင့် နားလည်သွားပြီဖြစ်သည်။ လုချန်းက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေရန်နှင့် အကြောင်းပြချက်တစ်ခု အနေဖြင့်သာ ထို့သို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စာကြည့်ခန်းမှ ထွက်ခွာခါနီးအချိန်တွင် လုချန်း ပြောင်းလဲသွားပြီး ပိုမိုရင့်ကျက်လာပြီဟု သူမထင်ခဲ့သည်။
ယခုတော့ မင်းသားငယ်လေးက လုံးဝမပြောင်းလဲသေးကြောင်း နားလည်သွားပြီဖြစ်သည်။ ယခင်ကကဲ့သို့ သူမကို ကိုင်တွယ်ရန် အချိန်မရှိလို့ ဖြစ်ပုံရသည်။
ထိုသို့တွေးမိသည့်အခါ မည်သည့်အကြောင်းကြောင့်မှန်း မသိ ဝမ်ချင်းစီ၏ နှုတ်ခမ်းများ ကွေးသွားပြီးမထိန်းနိုင်ပဲ ပြုံးလိုက်မိသည်။
မပြောင်းလဲခြင်းက ကောင်းသည်။ ဤမင်းသားငယ်သည် အမြဲတမ်း ပျော်ရွှင်စရာကောင်းပြီး သူမကို အမြဲတမ်း ကိုင်တွယ်နေစေလိုသည်။
ဝမ်ချင်းစီက ဆက်လက်၍။
“မင်းသားက ကျွန်မ ချွမ်ဟိုင်ကုန်သည်အုပ်စု ဥက္ကဋ္ဌနှင့် သီးသန့် တွေ့ဆုံခဲ့တာကို ဘယ်လိုလုပ်သိရတာလဲ။ ကျွန်မကို မယုံကြည်လို့ အထူးကိုယ်ရံတော်တွေကို လိုက်ခိုင်းထားတာလား” ဟု မေးလိုက်သည်။
လုချန်းက
“အဲဒီလိုမဟုတ်ဘူး။ ဒါပေမဲ့ ချွမ်ဟိုင်အုပ်စုက ရန်ခရိုင်မှာ သိပ်ကိုတက်ကြွနေတယ်။ သူတို့က ရန်ခရိုင်ရဲ့ အကျိုးစီးပွားကို ထိခိုက်လိမ့်နိုင်တယ်လို့ စိုးရိမ်မိတယ်။ ဒါကြောင့် အထူးကိုယ်ရံတော်တွေကို သူတို့ကို ကြည့်ရှုခိုင်းထားတာ။ အထူးသဖြင့် သူတို့ဥက္ကဋ္ဌ ချွမ်တဟိုင်ကိုပေါ့။”
“မနေ့က ချွမ်တဟိုင်ကို စောင့်ကြည့်နေတဲ့ အထူးကိုယ်ရံတော်က မင်းနဲ့သူ နှစ်ယောက်တည်း တွေ့နေတာကို မြင်သွားတယ်။ ဒါကို ကိုယ်မျှော်လင့်မထားမိဘူး”
ဝမ်ချင်းစီက
“ ဪဒီလိုလား။ ကျွန်မကတော့ မင်းသားက ကျွန်မကို ယုံကြည်မှုမရှိတော့ဘူးလို့ ထင်မိတယ်။”
လုချန်းက ဝမ်ချင်းစီရဲ့ နားထင်ကို နှုတ်ခမ်းနဲ့ထိပြီး
“ မင်းရဲ့ခန္ဓာနဲ့ဝိညာဉ်မှာ ကိုယ်ရဲ့အမှတ်အသားတွေချည်းပဲ။ မင်းကို ကိုယ်က ဘာလို့ မယုံကြည် ရမှာလဲ” ဟုအသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။
ထိုအခါ ဝမ်ချင်းစီ၏ ခန္ဓာကိုယ်တစ်ခုလုံး မထိန်းနိုင်ပဲ တုန်ယင်သွားပြီး ကြက်သီးများထလာတယ်။ ထို့နောက် သူမက
“အခုတလော အဲ့ဒီ ချွမ်တဟိုင်က ကျွန်မကို လက်ဆောင်တွေ အများကြီးပို့လာတယ်။ သူက ကျွန်မကို ဖြားယောင်းဖို့ ကြိုးစားနေတာ။ သူက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အကြောင်းကို အရမ်းစိတ်ဝင်စားနေသလို ခံစားရတယ်။ အချက်အလက်တွေ စုနေသလိုပဲ”
“မနေ့က သူက ကျွန်မရှေ့မှာ မင်းသားကို ချီးမွမ်းစကားတွေပြောတယ်။ ကုန်သည်တွေနဲ့ ရင်းနှီးတဲ့ မင်းသားကောင်းလို့လည်း ဆိုတယ်။ သူက ချွမ်မိသားစု တစ်ခုလုံးကို မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ပြီး ဒီမှာပဲ အမြဲနေဖို့ စဉ်းစားနေတယ်လို့ ပြောတယ်”
“ဒီစကားတွေနဲ့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ ကျွန်မရဲ့ကြားက ဆက်ဆံရေးကို စမ်းသပ်နေတာလားဆိုတာတော့ ကျွန်မ မသေချာဘူး။ အသုံးဝင်တဲ့အချက်အလက်တွေ မရသေးတော့ အစီရင်ခံဖို့ မစဉ်းစားမိဘူး။ ဒါပေမဲ့ မင်းသားက ကျွန်မ သူနဲ့နှစ်ယောက်တည်း တွေ့တာကို သိပြီးသားဖြစ်နေတယ်။”
ထိုနေရာမှာ ဝမ်ချင်းစီရဲ့ အသံ၌ မကျေနပ်ချက်တစ်ခုက ရှင်းရှင်းလင်းလင်း ပေါ်လွင်နေသည်။
လုချန်းက ဝမ်ချင်းစီရဲ့ တင်ပါးကို ရိုက်လိုက်ပြီး
“ဝမ်မိန်းကလေးက ခုနက ပြစ်ဒဏ်ပေးတာနဲ့ မကျေနပ်သေးဘူးလား။ ဆက်ပြီး ပြစ်ဒဏ်ပေးစေချင်သေးလား။”
ထိုစကားကို ကြားလိုက်သောအခါ ဝမ်ချင်းစီက လုချန်းရဲ့ လည်ပင်းကို ပွေ့ဖက်လိုက်ပြီး ခါးကို သိမ်မွေ့စွာ လှုပ်ရှားရင်း
“မင်းသားကို ကျွန်မက ဘယ်လိုလုပ် မကျေနပ်ပဲ နေရဲမှာလဲ။ မိုးကြိုးပစ်တာ မိုးရွာတာ အားလုံးက မင်းသားရဲ့ ကျေးဇူးပါ။”
လုချန်းက ပြုံးလိုက်ပြီး
“ကောင်းပြီ။ မင်းနားလည်သွားပြီ။ နောက်တစ်ခါ တခြားယောက်ျားတစ်ယောက်နဲ့ နှစ်ယောက်တည်း တွေ့ပြီး ပြန်လာရင် မင်းကိုကိုယ် မသတ်ပဲ နေမှာလား စောင့်ကြည့်ပေါ့။”
ဝမ်ချင်းစီက နှုတ်ခမ်းလိုက်စူပြီး
“မင်းသားက အရမ်းလွှမ်းမိုးချုပ်ကိုင်ချင်တာပဲ။ ကျွန်မ နောက်ဆို ပိုသတိထားပါ့မယ်။”
လုချန်းက
“မင်းကို ဒီလိုမှမလုပ်ရင် မင်းကကိုယ့်ကို့ ဘယ်နှစ်ကြိမ် ဖောက်ပြန်နေမလဲမှ မသိတာ။ မင်း ဒီနေ့ကစပြီး ငါးရက်တစ်ကြိမ် မင်းသားစံအိမ်ကို ပြန်လာရမယ်။ မင်းရဲ့ခန္ဓာကိုယ်ကို ကိုယ်ကိုယ်တိုင် စစ်ဆေးမယ်။”
ဝမ်ချင်းစီက ရှက်ရွံ့စွာဖြင့်
“ကျွန်မ နားလည်ပါတယ်။ မင်းသားရဲ့ စစ်ဆေးမှုကို အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပါမယ်။”
သူမ၏အသံတွင် မလိုလားဟန်ရှိသော်လည်း အတွင်းစိတ်ထဲတွင် ဝမ်ချင်းစီ အလွန်ပျော်ရွှင်နေသည်။ မင်းသားငယ်လေးက အရင်အတိုင်းပင်ဖြစ်သည်။ သူမအပေါ် ပိုင်ဆိုင်လိုစိတ်ပြင်းပြနေဆဲဖြစ်သည်။ သူ လုံးဝမပြောင်းလဲသေးပေ။
လုချန်းက
“နောက်တစ်ခုက ချွမ်ဟိုင်အုပ်စုကို သတိထားစောင့်ကြည့်နေပါ။ သူတို့အခုလို ရုတ်တရက် တက်ကြွလာရတာ အကြောင်းရင်းရှိမယ်” ဟု ဆိုလိုက်သည်။
ဝူကျန်းဝမ်က ချွမ်သခင်မအဖြစ် မိုးစက်ရဲတိုက်နှင့် စီးပွားရေးသဘောတူညီချက်လက်မှတ်ရေးထိုးပြီးခါစက ချွမ်ဟိုင်အုပ်စုသည် ရန်ခရိုင်တွင် ငြိမ်သက်စွာ စီးပွားရေးလုပ်ကိုင်နေခဲ့ပြီး အခုတလော
ဖြစ်နေသလိုမျိုး တက်တက်ကြွကြွ မရှိခဲ့ပေ။ လွန်ခဲ့သောလအနည်းငယ်အတွင်း သူတို့သည် မြောက်ပိုင်းပြည်နယ်မှ အချက်အလက်များကို လုံးဝမစူးစမ်းခဲ့ကြပေ။
သို့သော် ပြီးခဲ့သော နှစ်လအတွင်း ချွမ်ဟိုင်အုပ်စုသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လှုပ်ရှားမှုများကို အထူးစိတ်ဝင်စားလာပြီး ဝမ်ချင်းစီကိုပင် စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေကြောင်း တွေ့ရသည်။ မြောက်ပိုင်းပြည်နယ်တွင် အရှုပ်တော်ပုံတစ်ခု ဖန်တီးရန် ချွမ်ဟိုင်အုပ်စုက ကြံစည်နေသည်ဟု လုချန်း သံသယဝင်မိသည်။
ချွမ်ဟိုင်အုပ်စုသည် မင်းသားစံအိမ်၏ ကုန်ပစ္စည်း ထုတ်လုပ်မှုလျှို့ဝှက်ချက်များကို စူးစမ်းရန် ကြိုးစားနေသည်ဟု လုချန်း သံသယရှိမိသည်။ ကျောက်မီးသွေးထုတ်လုပ်နည်း၊ ဝိုင်အဖြူချက်လုပ်နည်းစသည့် နည်းပညာများဖြစ်သည်။
သို့သော် ထိုယူဆချက်လည်း အတိအကျ မဖြစ်နိုင်ပါ။ အကယ်၍ ချွမ်ဟိုင်အုပ်စုသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လျှို့ဝှက်ချက်များကို စူးစမ်းလိုပါက မိုးစက်ရဲတိုက်ကို ဖြားယောင်းသိမ်းသွင်းရန် ကြိုးစားခြင်းက အဓိပ္ပာယ် မရှိပေ။ မိုးစက်ရဲတိုက်နှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကြားတွင် မည်သည့် တရားဝင် ဆက်နွယ်မှုမှ မရှိပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မိုးစက်ရဲတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်ကြောင်း ချွမ်ဟိုင်အုပ်စုက သိရှိပြီးသား ဖြစ်နိုင်သည်။
လုချန်း ချွမ်ဟိုင်ကုန်သည်အုပ်စု၏ ရည်ရွယ်ချက်ကို စဉ်းစားနေစဉ် အပြင်ဘက်မှ အစေခံမိန်းမလေး၏ ရှက်ရွံ့နေသော အသံကို ကြားလိုက်ရသည်။
“မင်းသား...မင်းသား။ ဗိုလ်ချုပ်မုနှင့် အခြားသူတွေ ရောက်ရှိလာပါပြီ။”
အစေခံမိန်းကလေး၏ အသံကို ကြားသောအခါ ယနေ့သည် စစ်တပ်ကို ယမ်းလက်နက်များ ပြသမည့်နေ့ဖြစ်ကြောင်း လုချန်း သတိရလိုက်သည်။
လုချန်းက
“သူတို့ကို နိုင်ငံရေးရာအဆောင်မှာ အရင်စောင့်ခိုင်းလိုက်ပါ။ ငါခဏနေရင် ရောက်လာမယ်”
ဟု ချက်ချင်း ပြန်ပြောလိုက်သည်။
တံခါးနားရှိ အစေခံမိန်းကလေးက
“ဟုတ်ကဲ့ မင်းသား” ဟု ပြန်ကြားလိုက်သည်။
ထိုနောက် လုချန်းက ဝမ်ချင်းစီ၏ တင်ပါးကို ပုတ်လိုက်ပြီး
“ကောင်းပြီ။ ထတော့။ မင်းကိုကောင်း အောင်လုပ်ပေးပြီးပြီ။ အခု ကိုယ်အရေးကြီးကိစ္စတွေ ဆောင်ရွက်ဖို့ အချိန်တန်ပြီ။”
ထိုစကားကို ကြားသောအခါ ဝမ်ချင်းစီလည်း ဖြည်းဖြည်းချင်း ထလိုက်ပြီး လုချန်းကို စိုက်ကြည့်လိုက်သည်။ သူက သူမကို အခွင့်အရေးယူခဲ့ပြီးမှ “ကောင်းအောင်လုပ်ပေးတယ်” ဟု ဆိုနေသည်က နားလည်ရန် ခက်ခဲနေသည်။
နှစ်ဦးကွဲခွာပြီးနောက် သူတို့သည် အဝတ်အစားများကို အလျင်အမြန် ဝတ်လိုက်ကြသည်။ ဝမ်ချင်းစီက သူမ၏ အဝတ်အစားများကို သေချာစွာ ပြင်ဆင်လိုက်ပြီးနောက်
“ကျွန်မကို ခွင့်ပြုပါ။” ဟုပြောလိုက်သည်။
လုချန်းကဟု အသိအမှတ်ပြုလိုက်ပြီး နောက်ခဏတွင် ဝမ်ချင်းစီ ထွက်ခွာဖို့ လှည့်လာသောအခါ လုချန်းက
“အခုကစပြီး အတွေးတွေ မလွန်ပါနဲ့။ မင်းက ကိုယ့်မိန်းမ၊ ကိုယ့်ရဲပစ္စည်း။ အခြားသူတွေမထိရင် ကိုယ်စိတ်ဆိုးတယ်။ မင်းကို စံအိမ်ထဲမှာ အကျဉ်းချထားရရင်တောင် စွန့်ပစ်မှာမဟုတ်ဘူး။ ကိုယ်က ဦးထုပ်စိမ်းဆောင်းခံမယ့်လူ မဟုတ်ဘူး။ ဖောက်ပြန်ခံရတာကိုတော့ မကြိုက်ဘူး။”
လုချန်း၏ ဤစကားများကို ကြားသောအခါ ဝမ်ချင်းစီ ခဏတာမျှ ငေးငိုင်သွားသည်။
“ဦးထုပ်စိမ်းဆောင်းခံရခြင်း” ဆိုသည်ကို သူမ နားမလည်သော်လည်း လုချန်း သူမ၏အတွေးများကို သိပြီးဖြစ်ကြောင်း နားလည်သွားသည်။ ထို့ကြောင့်ပင် သူက အခုလို ကြမ်းတမ်းစွာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်လည်တွေးကြည့်သောအခါ ဝမ်ချင်းစီ၏ မျက်နှာပူလာသည်။ သူမ၏ အတွေးများက လုချန်းအတွက် ဤမျှထိ မြင်သာနေမည်ကို သူမ မထင်မှတ်ခဲ့ပေ။
ထိုပုဂ္ဂိုလ်ငယ်လေးသည် အမှန်ပင် ကြောက်စရာကောင်းလှသည်။ သူနှင့်အတူ ဆိုပါက သူမ၏ သီးသန့်ကိုယ်ရေးကိုယ်တာများ လုံးဝမရှိနိုင်ပေ။
ထိုအချိန်တွင် ဝမ်ချင်းစီ၏ နှလုံးအလွန်အမင်း ခုန်နေသည်။ သူမထင်မှတ်ထားသည်ထက် ဤလူက သူမကို ပိုဂရုစိုက်ကြောင်း ရုတ်တရက် သိမြင်လိုက်ရသည်။ ခဏအတွင်း၌ပင် ဝမ်ချင်းစီ၏ လုချန်းအပေါ် ထားသော ချစ်ခြင်းမေတ္တာက ပို၍နက်ရှိုင်းလာသည်။
စနစ်၏ နှစ်သက်မှုအမှတ် အများဆုံးအဆင့်ကို ၁၀၀ အဖြစ် သတ်မှတ်မထားပါက လုချန်း၏ စနစ်စာမျက်နှာတွင် ဝမ်ချင်းစီအတွက် ပြသထားသော နှစ်သက်မှုအမှတ်များသည် မိုးထိအောင် မြင့်တက်နေမည်မှာ သေချာပေသည်။
ဤဘဝတွင် သူမ၌ မည်သည့်ရည်မှန်းချက်ကြီးကြီးမားမားမှ မရှိတော့ပေ။ ဤလူ၏ ဘေးနားတွင် နေပြီး သူ့အတွက် အလုပ်များလုပ်ကိုင်ရန် ဆန္ဒသာရှိသည်။
ဝမ်ချင်းစီက
“ကျွန်မ နားလည်ပါတယ်” ဟု ဆိုလိုက်သည်။
ထို့နောက် ဝမ်ချင်းစီ စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည်။
ဝမ်ချင်းစီ ထွက်ခွာသွားပြီးနောက် လုချန်းလည်း ရေမိုးချိုးပြီး အဝတ်အစားအသစ်များ လဲလှယ်ကာ နိုင်ငံရေးရာအဆောင်သို့ သွားရောက်ခဲ့သည်။
.......