← Chapters

အခန်း ၃၁၆-၃၁၈

Vol. 22 Ch. 316-318

အခန်း ၃၁၆-၃၁၈

Vol. 22 Ch. 316-318

အခန်း (၃၁၆)

လင်ဝမ်ရွန် အဆိပ်ခတ်ခြင်း (၁)

ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် လုချန်းက သူ့အား ပညာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ကာ မြောက်ပိုင်းပြည်နယ်၏ ပညာရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် အပ်နှင်းခဲ့သည်။ ထို့အပြင် မဟာပညာရှင် ဘွဲ့ကိုလည်း ချီးမြှင့်ခဲ့ပြီး နောင်တွင် မည်သည့် စစ်ရေး သို့မဟုတ် နိုင်ငံရေးကိစ္စများတွင်မဆို ပါဝင်ဆွေးနွေး ခွင့်ပြုခဲ့သည်။

ကျူးကဲ့ကျုံကောင်းသည် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသည်နှင့်တပြိုင်နက် ဤမျှမြင့်မားသော ရာထူးတစ်ခုကို ရရှိခဲ့သော်လည်း မြောက်ပိုင်းပြည်နယ်အတွင်း မည်သူတစ်ဦးတစ်ယောက်မှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။ ပြည်နယ်ကိစ္စများတွင် ဒုတိယဝန်ကြီးအဆင့် အာဏာများဖြင့် ဝန်ကြီးချုပ်တစ်ဦးအဖြစ် တာဝန်ယူထားသော လိယုရီ ပါမကျန် သဘောတူညီခဲ့သည်။

မဟာပညာရှင် ကျူးကဲ့ကျုံကောင်း၏ အာဏာသည် လိယုရီ၏ အာဏာထက် များစွာကျော်လွန်ပြီး သူ၏ အဆင့်အတန်းက လိယုရီထက် သာလွန်နေသော်လည်း လိယုရီဘက်မှ မည်သည့် မကျေနပ်မှုမှ မပြသခဲ့ပေ။

ကျူးကဲ့ကျုံကောင်းသည် စာပေပညာရှင် ဖြစ်ရုံသာမက အဆင့်လွန် သိုင်းပညာရှင် တစ်ဦးလည်းဖြစ်၏။ ထို့ပြင် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိရန် အလားအလာရှိသူလည်းဖြစ်သည်။ မည်သူက သူနှင့် အာဏာအတွက် ယှဉ်ပြိုင်ဝံ့မည်နည်း။

စာပေတွင် သူ့အား မမီနိုင်ပဲ သိုင်းပညာရပ်တွင်လည်း အဆင့်လွန်ပညာရှင်ဖြစ်နေသည့်အတွက် လိယုရီအနေဖြင့် သူ၏ အာဏာအများစုကို မလွှဲ မရှောင်သာ လက်လွှတ်ခဲ့ရသည်။

မြောက်ပိုင်းပြည်နယ်၏ သေးငယ်သော နန်းတွင်းတွင် အဆင့်လွန်ပညာရှင်တစ်ဦး ရှိနေခြင်းသည် အုပ်ချုပ်ရေးအဖွဲ့အတွင်း များစွာ ညီညွတ်သဟဇာတ ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသိရှိထားသည်မှာ မင်းသား၏အောက်တွင် ကျူးကဲ့ကျုံကောင်းသာ အကြီးမားဆုံးသော အာဏာကို ကိုင်စွဲထားသူဖြစ်ပြီး သူတို့ မည်မျှပင် ကြိုးစားအားထုတ်သည်ဖြစ်စေ အဆင့်လွန်ပညာရှင်၏ အဆင့်အတန်းကို မကျော်လွန်နိုင်သောကြောင့်ဖြစ်သည်။

ထို့အပြင် လုချန်းသည် ကျူးကဲ့ကျုံကောင်း တစ်ယောက်တည်းအား ရာထူး‌ပေးခြင်း မဟုတ်ပေ။ ကျူးကဲ့ကျုံကောင်းနှင့်အတူ မြောက်ပိုင်းပြည်နယ်သို့ လိုက်ပါလာသော စာပေပညာရှင်များအတွက်လည်း ရာထူးနေရာများ စီစဉ်ပေးခဲ့သည်။ သို့သော် သူတို့ထဲမှ အများစုမှာ အခြေခံအဆင့်မှ စတင်ခဲ့ရသည်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ကျောင်းသားများသည် သူ၏ကိုယ်ပိုင်လူများဖြစ်သည့်တိုင် လုချန်းက သူတို့အား အလွန်အရေးကြီးသော ရာထူးများကို ချက်ချင်းခန့်အပ်ခြင်း မပြုခဲ့ပေ။

လုချန်းအတွက် သစ္စာစောင့်သိမှုသည် အမှန်တကယ်အရေးကြီးသော်လည်း အရည်အချင်း သည်လည်း အလားတူ အရေးကြီးသည်။ အကယ်၍ သူသာ သစ္စာစောင့်သိမှုကိုသာ လိုလားပြီး အရည်အချင်းကို တန်ဖိုးမထားပါက မြောက်ပိုင်းပြည်နယ်သည် လက်ရှိအချိန်တွင် အရာရှိများ လိုအပ်နေမည် မဟုတ်ပေ။

လုချန်း၏ အယူအဆမှာ ရိုးရှင်းသည်။ သူသည် ပထမဦးစွာ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ပညာရှင်များကို အခြေခံအဆင့်သို့ စေလွှတ်ကာ လက်တွေ့လုပ်ငန်းခွင် အ‌တွေ့အကြုံများ ယူစေခြင်းဖြင့် သူတို့၏ အလုပ်ထက် အပြောကို အားသန်သော အကျင့်များကို ပြုပြင်ရန် ရည်ရွယ်သည်။ အတွေ့အကြုံတစ်ခုအထိ စုဆောင်းပြီးမှသာ ရာထူးတိုးမြှင့်ပေးမည် ဖြစ်သည်။

သစ္စာစောင့်သိမှု ရာနှုန်းပြည့်ရှိသော ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ကျောင်းသားများကို အခြေခံအဆင့်တွင် ထားရှိခြင်းဖြင့် အောက်ခြေအဆင့်မှ အခြေအနေများကို လုချန်း အလွယ်တကူ နားလည်နိုင်သည်။ ထို့ပြင် အထူးကိုယ်ရံတော်များ၏ စောင့်ကြပ်ကြည့်ရှုမှုဖြင့် သူ၏ အောက်ခြေအဆင့်ကို ထိန်းချုပ်မှုမှာ အခြားအုပ်ချုပ်သူများထက် သာလွန်နေသည်။

မြို့သစ် တည်ဆောက်ရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် ဆက်သွားနေပြီး အဓိကလမ်းများ၏ တည်ဆောက်မှုမှာ တစ်ဝက်နီးပါး ပြီးစီး‌နေပြီသည်။ ယခုအခါ မြောက်ပိုင်းပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးတို့သည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်‌လာသော အဆင့်သို့ ရောက်ရှိလာခဲ့သည်။

ယမ်းလက်နက်များ တပ်ဆင်ပြီးနောက် မြောက်ပိုင်းပြည်နယ်၏ တပ်များသည် နည်းဗျူဟာအသစ်များကို မရပ်မနား လေ့ကျင့်လျက် ရှိသည်။ သို့သော် မြောက်ပိုင်းပြည်နယ်တွင် စားနပ်ရိက္ခာ အလွန်အမင်း ချို့တဲ့နေဆဲဖြစ်သည်။ လုချန်းသည် ပြောင်းနှင့် ကန်စွန်းဥကဲ့သို့သော ထွက်နှုန်းမြင့် သီးနှံများကို ရရှိထားသော်လည်း အချိန်ကာလ နည်းသေးဖြင့် တစ်သီးသာ စိုက်ပျိုးနိုင်ရသေးကာ မြောက်ပိုင်းပြည်နယ်တစ်ခုလုံးသို့ မပျံ့နှံ့သေးပေ။

မြောက်ပိုင်းပြည်နယ်၏ စားနပ်ရိက္ခာ ပြဿနာကို ဖြေရှင်းရန်နှင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်မှ ကင်းဝေးစေရန် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။ ထိုအချိန်မတိုင်မီ မြောက်ပိုင်းပြည်နယ်သည် အခြားနိုင်ငံများမှ ကောက်ပဲသီးနှံများကို ဝယ်ယူရန် လိုအပ် နေမည်ဖြစ်သည်။

ကံကောင်းထောက်မစွာပင် မြောက်ပိုင်းပြည်နယ်၏ ကုန်သွယ်ရေးသည် အလွန်ဖွံ့ဖြိုးနေပြီးဖြစ်ကာ အခြားနိုင်ငံများမှ ကုန်သည်အသင်းများ အဆက်မပြတ် ရောက်ရှိလျက်ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ကုန်သည်အသင်းများသည် အခြားနိုင်ငံများသို့ အစားအစာဝယ်ယူရန် တက်တက်ကြွကြွ မသွားသည့်တိုင် ထိုကုန်သည်အသင်းများက အခြားနိုင်ငံများမှ ကောက်ပဲသီးနှံများကို မြောက်ပိုင်းပြည်နယ်တွင် ရောင်းချရန် ယူဆောင်လာကြသည်။ ဤသို့ဖြင့် အစားအစာချို့တဲ့မှုကို အတိုင်းအတာတစ်ခုအထိ သက်သာစေခဲ့သည်။

မြောက်ပိုင်းပြည်နယ်ရှိ အရာရာတိုင်းသည် ကောင်းမွန်သော လားရာဘက်သို့ ဦးတည်နေသည်ကို တွေ့မြင်ရသောအခါ လုချန်းအပေါ်ရှိ ဖိစီးမှုများ အတော်ပြေလျော့သွားခဲ့သည်။ သူသည် သူ၏တာဝန်များစွာကို ကျူးကဲ့ကျုံကောင်းထံ လွှဲအပ်ခဲ့သည်။

ကျူးကဲ့ကျုံကောင်းသည် ရှေးခေတ်လူသားတစ်ဦးဖြစ်သော်လည်း သူ၏ဉာဏ်ရည်ဉာဏ်သွေးမှာ ခေတ်သစ်လူသားများ‌ အောက် မနိမ့်ပေ။ လုချန်း အများကြီး ရှင်းပြရန် မလိုအပ်ပဲ ကျူးကဲ့ကျုံကောင်းသည် လုချန်း၏ မူဝါဒများကို တိကျစွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ဤအချက်က လုချန်းအတွက် များစွာ သက်သာရာရစေခဲ့သည်။

ကျူးကဲ့ကျုံကောင်းနှင့် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီမှ ပညာရှင်များ ရှိနေပါက လုချန်း ယခင်ကဲ့သို့ အလုပ်များနေစရာမလိုတော့ပေ။ သူ၏မျိုးဆက်ပြန့်ပွားရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်ရင်း အခွင့်အလမ်းများကို တိတ်တဆိတ် စောင့်မျှော်နေရန်သာ လိုအပ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်

ညနေခင်း။

စာကြည့်ခန်း။

စာကြည့်ခန်းတွင်း၏ မီးများ ထွန်းညှိထားသည်။ ယနေ့ည အချိန်နှောင်းသည်အထိ စာကြည့်ခန်းထဲတွင် လုချန်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် နေပြည်တော်မှ ထောက်လှမ်းရေးသတင်းများ ညနေပိုင်းတွင် ရောက်ရှိလာခဲ့သဖြင့် ထို သတင်းအချက်အလက်များကို သူစီစစ်နေခဲ့သည်။

သူ၏ဖခင် ဆွမ်ဧကရာဇ်နှင့် တောင်ပိုင်းရှိ အာဏာရှိမိသားစုများအကြား ပဋိပက္ခမှာ ပိုမိုထင်ရှားလာခဲ့သည်။ ဆွမ်ဧကရာဇ်သည် တပ်များကို တောင်ဘက်သို့ စေလွှတ်လိုသော်လည်း တောင်ပိုင်း အာဏာရှိမိသားစုများက ပြင်းထန်စွာ ကန့်ကွက်နေကြသည်။ ထို့‌ကြောင့် နှစ်ဖက်အဖွဲ့ကြား ကွဲပြဲမှုမှာ ပြောင်ပြောင်တင်းတင်း ဖြစ်လာခဲ့သည်။

အခု တောင်ပိုင်း အာဏာရှိမိသားစုများသည် ဆွမ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို သိရှိသွားပြီဖြစ်သဖြင့် မည်သည့်အရာကိုမျှ ထိန်းထိန်းသိမ်းသိမ်း မလုပ်တော့ပဲ တိုက်ရိုက်နည်းလမ်းများဖြင့် ဆွမ်ဧကရာဇ် စစ်တပ် မစေလွှတ်နိုင်အောင် တားဆီးနေကြသည်။ အမျက်ထွက်နေသော ဆွမ်ဧကရာဇ်ကလည်း အာဏာရှိမိသားစုများမှ အရာရှိများစွာကို ခေါင်းဖြတ်ပြီး အပြစ်ပေးခဲ့ပြီးဖြစ်သည်။

ယခင်က ဆွမ်ဧကရာဇ်သည် အာဏာရှိမိသားစုများကို ကြောက်ရွံ့ခဲ့သောကြောင့် သူတို့၏အရာရှိများကို မကြာခဏ အပြစ်ပေးလေ့မရှိပေ။ အကယ်၍ ထိုအရာရှိများ အမှားလုပ်ခဲ့သည်ဆိုလျှင်ပင် အများဆုံးမှာ ရာထူးမှ ဖယ်ရှားခြင်းသာဖြစ်သည်။ ယခု အာဏာရှိမိသားစုများမှ အရာရှိများကို ပြင်းထန်သော အပြစ်များ ပေးနေပြီဖြစ်သဖြင့် ဆွမ်ဧကရာဇ်၏ သည်းခံမှု အတိုင်းအတာက အဆုံးစွန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

နေပြည်တော်တွင်း အခြေအနေများ အလွန်တင်းမာနေပြီး မုန်တိုင်းမလာမီ ငြိမ်သက်နေသည့် သဘောရှိနေသည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ယနေ့ညနေက ရောက်ရှိလာသော ထောက်လှမ်းရေးသတင်းများကို လုချန်း အဆက်မပြတ် လှန်လှောကြည့်ရှုနေစဉ် ချင်ယူရှန်သည်လည်း လုချန်းရှေ့တွင် ရပ်နေဆဲဖြစ်ပြီး ချက်ချင်းမထွက်ခွာသေးပေ။

လုချန်းက စားပွဲပေါ်ရှိ ထောက်လှမ်းရေးသတင်းအချို့ကို ကြည့်ရှုပြီးနောက်

“ တပ်မှူးလျှံကို စုံစမ်းခိုင်းထားတဲ့ ကိစ္စက ဘယ်လိုလဲ”

ဟု မေးမြန်းလိုက်သည်။

ချင်ယူရှန်က

“ဧကရာဇ်က ဆားလုပ်ငန်းလုပ်ပိုင်ခွင့်တွေကို ဖွင့်လှစ်ပေးပြီးနောက်ပိုင်း တောင်ပိုင်းအာဏာရှိမိသားစုတွေထဲက ဆားထုတ်လုပ်မှုမှတဆင့် အများဆုံးအမြတ်အစွန်းရရှိခဲ့တာက တုန်းဖန်မိသားစုပါ။ နန်းတွင်းက ဆားလုပ်ငန်း လုပ်ပိုင်ခွင့်တွေကို မဖွင့်လှစ်ခင်ကတည်းက သူတို့ဟာ ကမ်းရိုးတန်းဒေသက မြေယာများစွာကို ဝယ်ယူထားပြီး ချွမ်နိုင်ငံတော်ကို ဆားတွေ တရားမဝင် သယ်ဆောင်နေခဲ့ကြပါတယ်”

ဟု ပြန်လည်ဖြေကြားခဲ့သည်။

“နန်းတွင်းက ဆားလုပ်ငန်းကို ဖွင့်လှစ်ပေးလိုက်တဲ့ အချိန်ကစပြီး တုန်းဖန်မိသားစုဂာ ယခင်က သူတို့ တရားမဝင် ရောင်းချနေခဲ့တဲ့ ဆားတွေကို တစ်နိုင်ငံလုံးကို တရားဝင်ရောင်းချလာပါတယ်။ တစ်နှစ်အတွင်း ငွေဒင်္ဂါးသန်းပေါင်းများစွာ အမြတ်အစွန်းရရှိခဲ့ပါတယ်။ ဒါတွေက ကျွန်တော်တို့ စုံစမ်းနိုင်သလောက် အချက်အလက်ပဲ ရှိပါသေးတယ်။”

........

အခန်း (၃၁၇)

လင်ဝမ်ရွန် အဆိပ်ခတ်ခြင်း (၂)

“တိတိကျကျ ထောက်လှမ်းလို့ မရသေးတဲ့ အချက်အလက်တွေကိုပါ ထည့်တွက်ရင် တုန်းဖန်မိသားစုဟာ ငွေဒင်္ဂါးဆယ်သန်းကျော် ရရှိပြီးဖြစ်မယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်”

ဟု ချင်ယူရှန်က ဆက်လက်ပြောလိုက်သည်။

ချင်ယူရှန်၏စကားကို ကြားလိုက်ရသည်နှင့် အစီရင်ခံစာများ ဖတ်ရှုနေသည့် လုချန်းလည်း ရပ်တန့်သွားကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားသွားခဲ့သည်။

တုန်းဖန်မိသားစုသည် အမြတ်အစွန်း အများဆုံး ရရှိသူ ဖြစ်နေပါကဆွမ်ဧကရာဇ်နှင့် တုန်းဖန်မိသားစုအကြား သဘောတူညီချက် တစ်စုံတစ်ရာ ရှိနေလို့လား။

လုချန်း တွေးနေသည်ကို မြင်တော့

ချင်ယူရှန် ဆက်မပြောတော့‌ပေ။ ခဏအကြာတွင် လုချန်းက

“တုန်းဖန်မိသားစုနဲ့ပတ်သက်ပြီး တပ်မှူးလျှံတို့က ဘာတွေထပ်သိထားသေးလဲ”

ဟု မေးမြန်းလိုက်သည်။

ချင်ယူရှန်က

“တုန်းဖန်မိသားစုဟာ အမြဲတမ်း နန်းတွင်းကို ဝင်ရောက်လိုခဲ့ပါတယ်။ ဒါပေမဲ့ အခြားအာဏာရှိမိသားစုတွေနဲ့မတူပဲ သူတို့ဟာ အခြားနိုင်ငံတစ်ခုကနေ ရှနိုင်ငံတော်ကို ရွှေ့ပြောင်းလာသူ တွေဖြစ်လို့ ဒီမှာ မြေယာအများကြီး မပိုင်ဆိုင်ကြပါဘူး။ မျိုးဆက်တစ်ခုလုံး ကုန်သည်တွေပဲ ဖြစ်နေတာကြောင့် အခြားမိသားစုတွေ အထင်အမြင်သေးတာကို အမြဲခံနေရပါတယ်။ နန်းတွင်းမှာ သြဇာအနည်းငယ်ရှိပေမဲ့ သူတို့မိသားစုဝင်တွေ နန်းတွင်းမှာ ရာထူးရဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။”

“ပြီးခဲ့တဲ့တစ်နှစ်အတွင်း တုန်းဖန်မိသားစုရဲ့ နေပြည်တော်နဲ့ ကုန်သွယ်မှုတွေဟာ အလွန်များလာခဲ့ပြီးပါတယ်။ သူတို့ရဲ့ ကုန်တင်သင်္ဘောတွေဟာ မရပ်မနား သွားလာနေခဲ့ကြပါတယ်။”

ချင်ယူရှန်၏ အစီရင်ခံစာကို ကြားလိုက်ရသည်နှင့် လုချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူ၏ဖခင် ဧကရာဇ်၏ တောင်ပိုင်းအာဏာရှိမိသားစုတွေကို ရင်ဆိုင်ဖို့ အသုံးပြုမည့် ဝှက်ဖဲက တုန်းဖန်မိသားစုများလား။

တုန်းဖန်မိသားစုသည် အာဏာရှိ မိသားစုတစ်ခုဖြစ်သော်လည်း သူတို့တွင် ငွေကြေးသာရှိပြီး ထိုက်တန်သည့် နိုင်ငံရေးအဆင့်အတန်း မရှိသဖြင့် တိတိကျကျ ပြောရလျှင် အခြားအဏာရှိ မိသားစုများနှင့် ခြားနားနေသည်။

တုန်းဖန်မိသားစု အနေနှင့် နိုင်ငံရေးအဆင့်အတန်းကို လိုလားပြီး နန်းတွင်းတွင် ရာထူးများရရှိလိုပါက ဆွမ်ဧကရာဇ်သည် ထိုအခွင့်အရေးကို အပြည့်အဝအသုံးချကာ သူတို့နှင့် လျှို့ဝှက်သဘောတူညီချက်တစ်ခု ပြုလုပ်နိုင်သည်။ အခြားမိသားစုတွေကို အရင်ဖယ်ရှားပြီးနောက် တုန်းဖန်မိသားစု၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည်။

သို့သော်...

ဆွမ်ဧကရာဇ်က သူ၏ကတိကို အမှန်တကယ် စောင့်ထိန်းမှာလား။

ဒါမှမဟုတ် ထိုဝှက်ဖဲကို အပြည့်အဝအသုံးပြုပြီး စွန့်ပစ်မှာလား။

ဆွမ်ဧကရာဇ်၏ အမြင်တွင် အာဏာရှိမိသားစုများသည် ရှနိုင်ငံတော်ရှိ ပဋိပက္ခများ၏ အရင်းခံဖြစ်ပြီး သူကိုယ်တိုင်လည်း သူတို့ကို အလွန်မုန်းတီးနေသည်။ ထို့ကြောင့် သူနဲ့ တုန်းဖန်မိသားစုကြား ထားရှိထားသော ကတိများကို မစောင့်ထိန်းမှာလည်း ဖြစ်နိုင်သည်။

လက်ရှိ အာဏာရှိ မိသားစုများကို အစုလိုက်အပြုံလိုက် ဖယ်ရှားပြီးနောက် အခြားမိသားစုများကို ပြန်လည်ထောက်ပံ့ပါက ရှနိုင်ငံတော်သည် ဒီအတိုင်း သံသရာလည်‌ နေမည်ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း လက်ရှိအခြေအနေသို့ ပြန်ရောက်သွားနိုင်သည်။

သူ၏ဖခင် ဧကရာဇ်၏ နောက်ဆုံးလုပ်ဆောင်ချက်များကို လုချန်း အလွန်စိတ်ဝင်စားနေသည်။

ထိုအတွေးများဖြင့် လုချန်းက

“တပ်မှူးလျှံကို တုန်းဖန်မိသားစုကို အနီးကပ် စောင့်ကြည့်ခိုင်းပါ။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ပြီး မြောက်ပိုင်းပြည်နယ်ကို ပေးခိုင်းပါ။”

ချင်ယူရှန်က

“ဟုတ်ကဲ့ မင်းသား။”

လုချန်းက

“ကောင်းပါပြီ။ အချိန်လည်း နှောင်းနေပြီ။ အခြားကိစ္စမရှိလျှင် ပြန်နိုင်ပါပြီ”

ဟု ဆက်ပြောလိုက်သည်။

“ဒါဆိုကျွန်တော့်ကို ခွင့်ပြုပါ”

ဟု ဆိုကာ ချင်ယူရှန် လုချန်း၏ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

ချင်ယူရှန် ထွက်ခွာသွားပြီးနောက် စားပွဲပေါ်ရှိ အစီရင်ခံစာများကို လုချန်း ဆက်လက်စိစစ်နေသည်။ နိုင်ငံကြီးများ၏ လက်ရှ်ိနိုင်ငံ‌ရေး အခြေအနေများကို သူအလွန်ကျေနပ်နေသည်။

နိုင်ငံကြီးအားလုံးတွင် ကိုယ်ပိုင်ပြဿနာများရှိပြီး ထိုပြဿနာများကို ဖြေရှင်းရန် အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်ခန့် အချိန်ယူရမည်ဖြစ်သည်။ ထို့နောက်မှသာ ပြန်လည်တည်ငြိမ်လာမည်ဖြစ်သည်။

ထိုနိုင်ငံများ သူတို့၏ အတွင်းရေးပြဿနာများ ဖြေရှင်းပြီးသည့်အခါတွင် မြောက်ပိုင်းပြည်နယ်က အင်အားတောင့်တင်းလာပြီးဖြစ်လိမ့်မည်။ မြောက်ပိုင်းပြည်နယ်၏ ကုန်သွယ်ရေးသည် တစ်နေ့တခြား တိုးတက်လာနေပြီး လာမည့်နှစ်အနည်းငယ်အတွင်း အရင်းအနှီးစုဆောင်းနိုင်ပါက စက်မှုတော်လှန်ရေးလမ်းကြောင်းပေါ်သို့ မကြာမီ ရောက်ရှိနိုင်မည်ဖြစ်သည်။

လုချန်း အနာဂတ်ကို စဉ်းစားနေစဉ် အစေခံမိန်းမ၏ အသံကို ကြားလိုက်ရသည်။

“မင်းသား။ တပ်မှူးလင် ရောက်နေပါတယ်။”

အစီရင်ခံစာများကို ကြည့်ရှုနေသော လုချန်းက

“ဝင်ခွင့်ပြုလိုက်ပါ။”

ခဏအကြာတွင် လင်ဝမ်ရွန်သည် အစားအစာများ အဆင့်ဆင့်ထည့်ထားသော ထမင်းဂျိုင့်တစ်လုံးကို ကိုင်ဆောင်လျက် တံခါးကိုတွန်းဖွင့်လိုက်သည်။

စာကြည့်ခန်းအတွင်းသို့ ဝင်ရောက်လာပြီးနောက် လင်ဝမ်ရွန်က

“ချန်းလေး။ ဒါတွေက ကျိရွှမ်း မင်းအတွက် အခုပဲချက်ထားတဲ့ ညစာ”

ဟု ပြောလိုက်သည်။

ထိုအခါ လုချန်းက လင်ဝမ်ရွန်ဘက်သို့ မျက်နှာမူကြည့်ပြီး ထမင်းဘူးကို လှမ်းကြည့်လိုက်ကာ

“ကျေးဇူးတင်ပါတယ်၊ ဒေါ်လေးလင်”

ဟု ပြောလိုက်သည်။

ပြုံးရွှင်စွာဖြင့် လင်ဝမ်ရွန်က

“မလိုပါဘူး။ ဒါက ဒေါ်လေးလုပ်ပေးရမယ့် အလုပ်ပါပဲ။ အရင်စားလိုက်ပါ”

ဟု ပြန်ပြောလိုက်သည်။

ထို့နောက် လင်ဝမ်ရွန်က ထမင်းဂျိုင့်ကို စားပွဲပေါ်တင်ကာ ဖွင့်လိုက်ပြီး ပြင်ဆင်ပေးလိုက်သည်။

လုချန်းက ထောက်လှမ်းရေးအစီရင်ခံစာများကို စားပွဲ၏တစ်ဖက်သို့ ရွှေ့ပြီးနောက် ညစာအား ကြည့်ရှုလိုက်သည်။ သူတွေ့ရှိရသည်မှာ ယခင်ကကဲ့သို့ပင် အာဟာရဖြည့်ပစ္စည်းမျိုးစုံဖြင့် ပြုတ်ထားသော ဟင်းချိုတစ်ခွက်ဖြစ်နေသည်။

တကယ်တော့ ဤအရာများသည် အဆင့်လွန် ပညာရှင်အဆင့်ရှိပြီးသား လုချန်းအတွက် အသုံးမဝင်ပေ။ သူ၏ကိုယ်ခန္ဓာတွင် အားအင်ပြည့်ဝနေပြီဖြစ်ရာ ဤအာဟာရဖြည့်စွက်စာများ မလိုအပ်ပေ။ မုကျိရွှမ်းက သူ့အတွက် ထိုကဲ့သို့ အားဖြည့်ဟင်းမျိုးကို ပြင်ဆင်ရန် လုံးဝမလိုအပ်ပေ။

သို့သော် ဒါက သူ၏မိဖုရား၏ စေတနာဖြစ်သည့်အတွက် လုချန်းက ဘာမှမပြောပဲ နေခဲ့သည်။ ထို့ပြင် အာဟာရဖြည့်စွက်စာ အနည်းငယ်စားသုံးခြင်းက ဘာမှဆိုးကျိုးမဖြစ်စေနိုင်ပေ။ သူ၏ကိုယ်ခန္ဓာအားအင်များမှာ လုံလောက်နေသော်လည်း သူ၏မိဖုရားနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဤကဲ့သို့သော အရာမျိုး လိုအပ်နေဆဲဖြစ်သည်။

ထိုအတွေးဖြင့် လုချန်းက ဇွန်းတစ်ချောင်းကို ကောက်ယူကာ ဟင်းချိုအနည်းငယ်မြည်းစမ်းရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်တွင် သူ၏စိတ်ထဲတွင် ရုတ်တရက် သံသယဝင်လာပြီး တစ်ခုခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

လင်ဝမ်ရွန်သည် ယခုအခါ မင်းသားစံအိမ်၏ လုံခြုံရေးမှူးဖြစ်နေသော်လည်း တစ်စိတ်တစ်ပိုင်းအားဖြင့် အပြင်သူတစ်ဦးဖြစ်နေဆဲဖြစ်သည်။ အပြင်သူများသည် ပုံမှန်အားဖြင့် လုချန်းထံ အစားအစာများယူဆောင်လာခွင့် မရှိပေ။ အစားအစာများကို မုကျိရွှမ်း၏ အနီးကပ်အစေခံများကသာ ယူဆောင်လာလေ့ရှိပြီး မုကျိရွှမ်းက စားစရာများကို လင်ဝမ်ရွန်အား ပို့စေမည် မဟုတ်ပေ။

မုကျိရွှမ်းသည် ဉာဏ်ရည်ထက်မြက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ လင်ဝမ်ရွန်တွင် လုချန်းနှင့်ပတ်သက်၍ အခြားရည်ရွယ်ချက်များ ရှိနေသည်ကို သူမ မသိပဲ နေမည်မဟုတ်ပေ။ ထို့ပြင် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ရခြင်းက အချို့သော ရည်ရွယ်ချက်များ ရှိနိုင်ကြောင်း လုချန်းအား မုကျိရွှမ်းက ပြောပြခဲ့ဖူးသည်။

လုချန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း ညစာတွင် တစ်ခုခု ပါဝင်နိုင်သည်ဟု သံသယဝင်လာခဲ့သည်။

ထိုအတွေးဖြင့် လုချန်း လင်ဝမ်ရွန်ကို လှမ်းကြည့်လိုက်သည်။

ယနေ့ လင်ဝမ်ရွန်သည် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွယ်လျလှပနေသည်။ သူမ၏ ပြည့်ဖြိုးသော ကိုယ်ခန္ဓာသည် ဝတ်စုံနှင့် လိုက်ဖက်နေပြီး ရင့်ကျက်၍ ဆွဲဆောင်မှုရှိနေသည်။

လုချန်းက စနစ်ကို အသုံးပြုကာ လင်ဝမ်ရွန်၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။

[အမည် - လင်ဝမ်ရွန်]

[အချက်အလက် - ရှနိုင်ငံတော် ဝန်ကြီးချုပ် လင်ကောင်းယွမ်၏ မွေးစားသမီး။ နောက်ပိုင်းတွင် လင်မိသားစုမှ ထွက်ခွာကာ လျှို့ဝှက်လဝန်းနန်းတော်သို့ ဝင်ရောက်ခဲ့သည်။ ထိပ်သီးပညာရှင် တဝက်အဆင့်၊ အသက် ၃၂ နှစ်။ သူမသည် လျှို့ဝှက်လဝန်းနန်းတော်သခင် ချန်ဝမ်ရွန်နှင့်အတူ မြောက်ပိုင်းမြို့တော်သို့ လိုက်ပါလာ၏။ ဆွမ်ဧကရာဇ်ကို လုပ်ကြံရန် လျှို့ဝှက်နဂါးမန္တာန်ပြုလုပ်ရာ၌ မြောက်ပိုင်းနယ်စားမင်းသား၏ သွေးကို အသုံးပြုရန် ရည်ရွယ်ထားသည်။ ရှနိုင်ငံတော်တွင် မကြာမီ ပဋိပက္ခဖြစ်ပွားတော့မည်ကို သတိပြုမိပြီး ကျူးကဲ့ကျုံကောင်း ရောက်ရှိလာမှုကြောင့် ဖိအားများ ခံစားရသော ချန်ဝမ်ရွန်သည် မြောက်ပိုင်းနယ်စားမင်းသား အပေါ် ချစ်ခြင်းပိုးကောင်အားအချိန်မစောင့်တော့ပဲ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ မန္တာန်ကျင့်စဉ် အောင်မြင်စေရန်အတွက် ချန်ဝမ်ရွန်က လင်ဝမ်ရွန်အား မြောက်ပိုင်းနယ်စားမင်းသား၏ အစားအစာထဲသို့ အတောင်တူအဖို လိပ်ပြာမှုန့်ကို ထည့်ခိုင်းခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် အတောင်တူအဖို လိပ်ပြာမှုန့်ကို စားသုံးမိပါက အတောင်တူ အမ လိပ်ပြာမှုန့်ကို စားသုံးထားသော ချန်ဝမ်ရွန်၏ လွှမ်းမိုးမှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကျင့်စဉ်အောင်မြင်နိုင်ခြေအား သိသိသာသာ တိုးမြင့်စေမည်ဟု သူတို့ယုံကြည်ထားသည်။]

[အဆင့်သတ်မှတ်ချက် - ၉၅]

[သဘောကျမှု - ၈၀]

လင်ဝမ်ရွန်၏ ကိုယ်ရေးကိုယ်တာ အချက်အလက် အသစ်များကို တွေ့ရှိရသောအခါ လုချန်း၏ မျက်နှာပေါ်တွင် အပြုံးရိပ်များ ပိုများလာသည်။ ယနေ့ လင်ဝမ်ရွန် အဘယ်ကြောင့် ညစာယူဆောင်လာခဲ့သည်ကို သူနားလည်သွားသည်။ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့က သူ့အားဆေးခတ်ရန် ကြံစည် နေကြခြင်းဖြစ်သည်။

သို့သော် ပြောရလျှင် အတောင်တူအဖိုအမ လိပ်ပြာမှုန့်၏ အကျိုးသက်ရောက်မှုမှာ နဂါးဖိီးနစ်ပင်နှင့် ဆင်ပုံရသည်။

ထိုအရာက သူ့အား သက်ရောက်မှုရှိမရှိ အတိအကျ မသိသောကြောင့် စိတ်ထဲတွင် “စနစ်။ အဆိပ်ခံနိုင်ရည်ရှိတဲ့ ကိုယ်ခန္ဓာက အတောင်တူအဖိုအမ လိပ်ပြာမှုန့်ကို ခံနိုင်ရည်ရှိလား”

ဟု မေးမြန်းလိုက်သည်။

[ရှိပါသည်။ အတောင်တူအဖိုအမ လိပ်ပြာမှုန့်သည် အဆိပ်‌ပျော့တစ်မျိုးဖြစ်သည်။]

စနစ်၏ အဖြေကို ကြားလိုက်ရသော လုချန်း စိတ်သက်သာရာရသွားသည်။ သူသည် အဆိပ်အတောက်များကို ခံနိုင်ရည်ရှိသောကြောင့် စိုးရိမ်စရာ မလိုတော့ပေ။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့က ဆက်စောင့်မန်ိုင်တော့သလို တိုက်ဆိုင်စွာပင် သူလည်း ဆက်စောင့် မနေလိုတော့ပေ။ သူ၏ဘဝတွင် အမျိုးသမီးနှစ်ဦး ထပ်မံထည့်သွင်းရန် အချိန်တန်ပြီဖြစ်သည်။ သူသည် သူ၏အရှေ့မှောက်ရှိ မိန်းမလှ၏ ကိုယ်ခန္ဓာကို အမြဲတမ်း တောင့်တနေခဲ့သည်။

လုချန်း၏ ဇွန်းကိုင်ထားသောလက်ရုတ်တရက် ရပ်လိုက်သည်ကို မြင်ရသော လင်ဝမ်ရွန်သည် စိတ်မသက်မသာဖြစ်လာကာ မကောင်းသော အခြေအနေတစ်ခုကို ကြိုတင်ခံစားမိလိုက်သည်။ ဟင်းချိုထဲတွင် အတောင်တူအဖိုအမ လိပ်ပြာမှုန့် ပါဝင်နေသည်ကို လုချန်း သတိပြုမိပြီလားဟု သူမစိုးရိမ်မိသည်။

လင်ဝမ်ရွန် ချက်ချင်းပင် သူမကိုယ်သူမ အားတင်းလိုက်သည်။ ယနေ့ သူမ အမှုန့် အနည်းငယ်ကိုသာ ထည့်ခဲ့သည်။ လုချန်း သတိပြုမိမည် မဟုတ်ပေ။ ထို့ပြင် အတောင်တူအဖိုအမ လိပ်ပြာမှုန့်သည် အဆိပ်မဟုတ်သလို အရသာလည်းမရှိပေ။

ထို့နောက် လင်ဝမ်ရွန်က စမ်းသပ်သည့် သဘောဖြင့် မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့လဲ ချန်းလေး”

လုချန်းက ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး သက်ပြင်းချလိုက်ကာ

“အင်း။ ကျိရွှမ်းက ဘာလို့ ကျွန်တော့်အတွက် ဒီလောက်များတဲ့ အာဟာရဖြည့်စွက်စာတွေ လုပ်ပေးထားတာလဲ။ ညဘက်မှာ ဒါတွေစားရင် ကျွန်တော် ဘယ်လိုအိပ်ရမှာလဲ”

ဟု ပြောလိုက်သည်။

လုချန်း၏စကားကို ကြားလိုက်ရသော လင်ဝမ်ရွန် စိတ်သက်သာရာရသွားပြီး ကျိတ်၍ သက်ပြင်းချလိုက်မိသည်။

............

အခန်း (၃၁၈)

ချန်မိန်းကလေးကို ကျွန်တော့်ရဲ့ အမျိုးသမီးအစေခံ မဖြစ်စေချင်ဘူး မဟုတ်လား (၁)

လုချန်း စကားပြောပြီးနောက် လင်ဝမ်ရွန်က “မင်းက မြောက်ပိုင်းပြည်နယ်ရဲ့ အရေးကိစ္စတွေနဲ့ စိတ်ဖိစီးနေရတဲ့အပြင် ညဘက်တွေမှာလည်း မင်းရဲ့ဇနီးတွေကို ဂရုစိုက်နေရတာ။ အာဟာရဖြည့်ဖို့လိုနေပြီ”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက အနည်းငယ်ပြုံးပြလိုက်ပြီး လက်ကိုချကာ ဟင်းချိုတစ်ဇွန်း ခပ်ယူလိုက်သည်။

“ဒေါ်လေးလင် မှန်ပါတယ်။ ကျွန်တော့်ဆီမှာ မိန်းမတွေအများကြီးရှိတော့ တကယ်ပဲ အားဖြည့်ဖို့လိုနေပြီ။”

ထိုအချိန်တွင် လုချန်းက လက်ကိုပြန်မြှောက်လိုက်ကာ ဇွန်းထဲကဟင်းချိုကို နှုတ်ခမ်းနား တေ့လိုက်သည်။ လင်ဝမ်ရွန်က လုချန်း၏ လှုပ်ရှားမှုကို အာရုံစိုက်ကြည့်နေပြီး သူဟင်းချိုသောက်သည်ကို မြင်ရန် စိတ်အားထက်သန်နေသည်။

နောက်ခဏတွင် လုချန်းက ဇွန်းထဲကဟင်းချိုကို မှုတ်ပြီး သောက်လိုက်သည်။

လုချန်း၏လည်ချောင်း လှုပ်ရှားသွားသည်ကို မြင်ပြီးနောက် လင်ဝမ်ရွန်၏ စိတ်နှလုံးသား နောက်တစ်ကြိမ် တင်းကျပ်သွားသည်။ လုချန်း အစက သတိမထားမိခဲ့တာက သူဟင်းချိုမမြည်းရသေးလို့ ဖြစ်နိုင်သည်။ အခု အတောင်မှုန့်တွေ သူ့ခန္ဓာကိုယ်ထဲရောက်သွားသဖြင့် သတိထားမိသွားနိုင်မလားဆိုတာတော့ သူမ မသေချာနိုင်ပေ ။

လင်ဝမ်ရွန်က စမ်းသပ်လိုစိတ်ဖြင့် မေးလိုက်သည်။

“ချန်းလေး။ ဟင်းချိုက ဘယ်လိုလဲ။”

လုချန်းက ပြုံး၍ဖြင့်

“မဆိုးပါဘူး။ ကျိရွှမ်းအရင်က ချက်တဲ့ဟင်းချိုနဲ့ ဘာမှမကွာဘူး။ ကျွန်တော်က အမြဲသောက်နေကျဆိုတော့ မထူးခြားတော့တာနေမယ်။”

ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် လုချန်းက ထမင်းဂျိုင့်ထဲမှ အသေးစားပန်းကန်လေးတစ်လုံးကိုထုတ်ကာ ဟင်းချိုထပ်ဖြည့်ပြီး ဆက်သောက်လိုက်သည်။

လုချန်း ဟင်းချိုအများကြီးသောက်လိုက်သည်ကို မြင်ရသော လင်ဝမ်ရွန်၏ စိတ်ထဲတွင် ကျိတ်ပြုံးလိုက်သည်။

လုချန်းကို ပထမဆုံးအကြိမ် ဆေးခတ်ခြင်းက အောင်မြင်ပြီဟု ထင်ရသည်။

နောက်ထပ်နှစ်ကြိမ်ခန့် ဆေးဆက်ခတ်ရန်အခွင့်အရေး ရှာရမည်ဖြစ်သည်။ ချန်ဝမ်ရွန်ကလည်း အတောင်တူအမ လိပ်ပြာမှုန့်ကို စားသုံးပြီးပါက လုချန်းအား ချစ်ခြင်းပိုး ကောင် ထည့်သွင်းရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

လင်ဝမ်ရွန် ထိုသို့တွေးနေစဉ် လုချန်းလည်း ညစာစားရန် စတင်လိုက်သည်။ သူက ဘာမှမသိသလို ပုံစံဖြင့် ဆက်လက်စားသုံးနေသည်။

ထိုအခြေအနေကို မြင်ရသောအခါ လင်ဝမ်ရွန်သည် လုံးဝစိတ်ချလိုက်သည်။

ခဏအကြာတွင် လုချန်းက ရုတ်တရက် တစ်ခုခုသတိရသလိုပုံစံဖြင့်

“ဒါနဲ ဒေါ်လေးလင်။ ချန်မိန်းကလေး အခုတလော ဘာတွေလုပ်နေလဲ”

ဟု မေးလိုက်သည်။

လင်ဝမ်ရွန်က

“သူက နေ့တိုင်း အ‌ဆောင်ထဲမှာပဲ ကျင့်စဉ်တွေ လေ့ကျင့်နေတယ်။ အရင်လိုပါပဲ”

ဟု ပြန်ဖြေလိုက်သည်။

“ချန်းလေးလည်း သူ့ရဲ့စောင်းတီးသံကို နားထောင်ဖို့ မလာတာ အချိန်အတော်ကြာပြီနော်။ ငြီးငွေ့သွားပြီလား။”

ထို့နောက် သူမက ဆက်လက်၍

“နန်းတော်သခင်က ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဒီကိစ္စကို ပြောသေးတယ်။ သူက မင်းလာမလည်တော့တာကို နည်းနည်းစိတ်မကောင်းဖြစ်နေသလိုပဲ။ သူ မင်းကို သဘောကျနေပြီထင်တယ်။”

စကားပြောနေစဉ် လင်ဝမ်ရွန်၏ လှပသောမျက်လုံးများသည် လုချန်း၏ချောမောလှပသောမျက်နှာကို စူးစိုက်ကြည့်နေပြီး သူ၏တုံ့ပြန်မှုကို တွေ့မြင်ရန် စိတ်အားထက်သန်နေသည်။

လင်ဝမ်ရွန်၏စကားကို ကြားလိုက်ရသောအခါ လုချန်းက

“အင်း။ ကျွန်တော်လည်း တကယ်ပဲ သူ့စောင်းတီးသံကို နားထောင်ချင်တယ်။ ဒါပေမဲ့ အခုတလော အလုပ်တွေအရမ်းများနေတယ်။ နေ့တိုင်း အချိန်ပို မရှိသလောက်ပဲ”

ဟုပြောကာ သက်ပြင်းချလိုက်သည်။

“ကံကောင်းတာက ကျူးကဲ့ကျုံကောင်းက ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီက သူ့တပည့်တွေကို မြောက်ပိုင်းပြည်နယ်ကို ခေါ်လာခဲ့တယ်။ နောက်ပိုင်း အစိုးရအရေးကိစ္စတချို့ကို ကျူးကဲ့ကျုံကောင်းဆီအပ်ပြီးရင် ချန် မိန်းကလေးရဲ့စောင်းသံကို နားထောင်ဖို့ အချိန်ရမယ်ထင်တယ်။”

လင်ဝမ်ရွန်က

“ဒါဆို မင်းအလုပ်များလွန်းလို့ပါ။ မင်းလာမလည်တာ လဂဏန်း ကြာပြီဆိုတော့ နန်းတော်သခင်ကကို သူ့ကို စိတ်ဝင်စားမှု မရှိ‌ တော့ဘူးလို့ ထင်နေတာ”

ဟု ပြောလိုက်သည်။

လုချန်းက ရယ်မောပြီး

“ကျွန်တော် စိတ်မဝင်စားပဲ ဘယ်နေနိုင်ပါ့မလဲ။ ချန်မိန်းကလေးက နတ်သမီးတစ်ပါးလို လှတဲ့သူပါ။ သူ့ကို စိတ်မဝင်စားရင် ကျွန်တော် ယောက်ျား မဟုတ်တော့ဘူး။”

ဟု ပြောလိုက်သည်။

စကားပြောပြီးနောက် လုချန်း ညစာဆက်စားနေတော့သည်။ လင်ဝမ်ရွန်လည်း နောက်ထပ်ဘာမှမပြောတော့ပဲ တိတ်ဆိတ်စွာဖြင့် ဘေးတွင် ရပ်နေလိုက်သည်။

ခဏအကြာတွင် မုကျိရွှမ်းပြင်ဆင်ထားသော ညစာကို လုချန်း စားပြီးသွားပြီး စားပွဲပေါ်မှ စက္ကူပျော့တစ်ရွက်ကို ကောက်ယူကာ နှုတ်ခမ်းကို သုတ်လိုက်သည်။

လင်ဝမ်ရွန်က

“ချန်းလေး။ ဒီပစ္စည်းတွေကို ဒေါ်လေးယူသွားမယ်” ဟု ပြောလိုက်သည်။

လုချန်းက

“အင်း။ ကောင်းပါပြီ”

ဟု အေးဆေးစွာဖြင့် ပြန်ဖြေလိုက်သည်။

ထို့နောက် လင်ဝမ်ရွန်သည် စားပွဲပေါ်ရှိ ထမင်းဂျိုင့်ကို သိမ်းဆည်းရန် ကိုင်းညွှတ်လိုက်သည်။

လင်ဝမ်ရွန် ကိုင်းညွှတ်သည့်အခါ သူမ၏ကိုယ်ခန္ဓာ၏ လှပသော ကောက်ကြောင်းများ ပို၍ထင်ရှားလာပြီး လုချန်း၏စိတ်ထဲတွင် မငြိမ်မသက်ဖြစ်လာစေသည်။

လုချန်းက

“အိုး။ ညနေပိုင်းမှာ ဒီလိုအာဟာရဖြည့်စွက်စာတွေ မစားသင့်ဘူး။ ဒီညလည်း အိပ်မပျော် ဖြစ်တော့မှာပဲ”

ဟု ရေရွတ်လိုက်သည်။

လင်ဝမ်ရွန်က လုချန်းဒီအတိုင်း ရေရွတ်နေသည်ဟုထင်ပြီး သူ၏စကားကို စိတ်ထဲမထားပဲ ထမင်းဂျိုင့်ကို သိမ်းဆည်းရင်း

“ကျိရွှမ်းက မင်းကျန်းမာရေးကို ဂရုစိုက်လို့ပါ”

ဟု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

စားပွဲပေါ်ရှိ ထမင်းဂျိုင့်ကို သိမ်းဆည်းပြီးနောက် လင်ဝမ်ရွန် စာကြည့်ခန်းမှ ထွက်ခွာတော့မည်ဆိုသည့်အချိန်တွင် လုချန်းက ရုတ်တရက်

“ဒေါ်လေးလင်ကို မေးစရာတစ်ခုရှိတယ်”

ဟု ပြောလိုက်သည်။

ထိုအချိန်အထိ လင်ဝမ်ရွန်သည် လုချန်း၏ နောက်ခြေလှမ်းကို မသိရှိသေးပဲ အရေးကြီးသော အလုပ်ကိစ္စ တစ်ခုခုကို မေးမြန်းမည်ဟု ထင်မိသည်။

လုချန်းသည် ထိုင်ခုံမှထလိုက်ကာ

“ဒေါ်လေးလင်။ ဗိုလ်ချုပ်လင် တစ်ခါက ကျွန်တော့်ဆီလာပြီး အကြောင်းအရာအချို့ကို ပြောပြဖူးတယ်။”

“ဗိုလ်ချုပ်လင် လား”

လင်ဝမ်ရွန် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

သူမက မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။

“မင်းပြောတာက ဒေါ်လေးရဲ့မောင် လင်ရှုမင်ကိုလား။”

လုချန်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ်။ သူပါ”

လင်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး ဒါက သတင်းကောင်းမဟုတ်ဟု ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် လင်ရှုမင်သည် ယခင်က လင်အိမ်တော်၏ ရည်ရွယ်ချက်များကို သူမနှင့် ဆွေးနွေးဖူးသည်။

လင်အိမ်တော်သည် မဟာမိတ်ဖွဲ့ရန်အတွက် သူမအား လုချန်းနှင့် လက်ထပ်ပေးရန် အစီအစဉ်ရှိသည်။

သို့သော် သူမ ကန့်ကွက်ခဲ့သည်။ သူမသည် အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး သူမနှင့်ရွယ်တူ အမျိုးသမီးများပင် လုချန်းအရွယ် သားသမီးများ ရှိနိုင်သည်။

သူတို့၏ အသက်ကွာခြားမှုမှာ မျိုးဆက်တစ်ဆက်နီးပါးဖြစ်နေသည်။ သူမက လုချန်းနှင့် ဘယ်လိုလက်ထပ်နိုင်မှာလဲ။

သိလိုစိတ်ဖြင့် လင်ဝမ်ရွန်က

“ရှုမင်က မင်းကို ဘာတွေပြောသွားတာလဲ” ဟု မေးလိုက်သည်။

ထိုအချိန်တွင် လုချန်းက ထိုင်ခုံမှထလိုက်ပြီး စာကြည့်ခန်း၏အလယ်သို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ တံခါးဝရှိ အစေခံအား

“ရှောင်ဟွမ်။ ခြံဝင်းအဝမှာ သွားစောင့်နေပါ။ အမိန့်မရပဲ စာကြည့်ခန်းနား မလာနဲ့” ဟု ပြောလိုက်သည်။

လုချန်း၏ အမိန့်သံဆုံးသည်နှင့် စာကြည့်ခန်းအပြင်ဘက်ရှိ ရှောင်ဟွမ်၏အသံကို ကြားလိုက်ရသည်။

...............

All Chapters