← Chapters

အခန်း ၃၂၅-၃၂၇

Vol. 22 Ch. 325-327

အခန်း ၃၂၅-၃၂၇

Vol. 22 Ch. 325-327

အခန်း (၃၂၅)

လုချန်း၏ အဆိုပြုချက် (၁)

[ဇနီးတစ်ဦးထပ်မံရရှိသည့်အတွက် ဂုဏ်ပြုပါတယ်။ ဆားထုတ်လုပ်သည့် နည်းပညာကို ဆုလာဘ်အဖြစ် ရရှိပါတယ်။]

[သခင်သည် မိန်းမတစ်ဦးနှင့် ဆက်ဆံရေး လေ့ကျင့်ပြီးနောက် အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၅၀၀ တိုးလာသည်။ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံတန်ဖိုး ၂၀၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၆၀၀ တိုးလာသည်။ စုပ်ယူသည့်ကျင့်စဉ် အတွေ့အကြုံတန်ဖိုး ၃၀၀ တိုးလာသည်။ သခင်သည် စိတ်ခံစားမှုဆိုင်ရာ မှတ်တိုင်တစ်ခုကို ရရှိပြီး ကျင့်စဉ်အားလုံး၏ အတွေ့အကြုံတန်ဖိုးကို သုံးဆတိုးစေသည်။]

[သခင်နှင့် ဇနီးသည် စိတ်ဝိညာဉ်အဆင့်တွင် ချိတ်ဆက်မှုရရှိပြီး အထူးဆုလာဘ်အဖြစ် အလင်းအရိပ်ကျင့်စဉ်ကို ရရှိပါသည်။]

ရှေ့တွင် ပေါ်လာသော စနစ်၏ သတိပေးချက်ကိုကြည့်ရင်း လုချန်းက အနည်းငယ်ပြုံးလိုက်ကာ အဝတ်အစားများကို ဝတ်ဆင်ရင်း နံဘေး၌ ရှိနေသော မိန်းမလှကို လှည့်ကြည့်လိုက်သည်။ လင်ဝမ်ရွန်သည် ဆံပင်ဖရိုဖရဲနှင့် ဆံထုံးလည်း ဖြေချထားပြီးဖြစ်ကာ အင်္ကျီကလည်း စုတ်ပြဲနေပြီဖြစ်သည်။ နှင်းကဲ့သို့ ဖြူဖွေးသော လည်ပင်းတွင် အနီရောင် အမှတ်ရာများ ကျန်ရစ်နေသည်။

ထိုအချိန်တွင် လင်ဝမ်ရွန်လည်း လုချန်း၏ ကြည့်ရှုနေမှုကို သတိပြုမိပြီး မကျေမနပ်ဖြစ်နေသော မျက်နှာအမူအရာဖြင့်

“တို့ကို အဆိပ်ဖြေဆေး ဘယ်တော့ပေးမလဲ” ဟု မေးလိုက်သည်။

လုချန်းက အေးစက်စွာဖြေလိုက်သည်။

“အလောမကြီးပါနဲ့။ အနည်းဆုံး ကျွန်တော့်ကလေးကို ကိုယ်ဝန်ဆောင်ပြီးတဲ့အထိ စောင့်ပြီးမှ ပေးနိုင်မယ်။”

လင်ဝမ်ရွန်၏ နှလုံး အလွန်အမင်း တုန်သွားသည်။

စာကြည့်ခန်းထဲတွင် တစ်ညလုံး နှောင့်ယှက်ခံခဲ့ရသော်လည်း သိုင်းပညာရှင် တစ်ယောက်အဆင့်မြင့်လာသည်နှင့်အမျှ ကလေးရရန် ခက်ခဲလာသည်ကို သူမကောင်းစွာသိသည်။ တစ်ညတာအချိန်ဖြင့် လုချန်း၏ကလေးကို ကိုယ်ဝန်ဆောင်ရန် အလှမ်းဝေးနေသေးသည်။

သူမက ထိပ်သီးအဆင့်တစ်ဝက်ရှိသူဖြစ်ပြီး လုချန်းကလည်း အဆင့်လွန်ပညာရှင်ဖြစ်နေသည့်အတွက် နှစ်ဦးလုံးအတွက် မျိုးဆက်ပွားရန် ပို၍ပင် ခက်ခဲလှသည်။ အကယ်၍ လုချန်း၏ကလေးကို ကိုယ်ဝန်ဆောင်ပြီးမှသာ အဆိပ်ဖြေဆေးရမည်ဆိုပါက ချန်ဝမ်ရွန်လည်း သူမလက်စားချေရနိုင်မည့်အကောင်းဆုံးအချိန်ကို လွတ်သွားနိုင်သည်။

သူမ၏လက်စားချေရန် အခွင့်အရေးသာမက နိုင်ငံပြန်လည်ထူ‌ထောင်ရန် အခွင့်အလမ်းကိုပါ ဆုံးရှုံးသွားနိုင်သည်။

ဤအတွေးဖြင့် လင်ဝမ်ရွန်၏ မျက်ခုံးများ တွန့်သွားလာကာ မင်းသားစံအိမ်မှ ထွက်ခွာနိုင်ဖို့ ကလေးရသည်အထိ မစောင့်နိုင်တော့ကြောင်း ဆုံးဖြတ်လိုက်သည်။ လုချန်းထံမှ အဆိပ်ဖြေဆေးရရန် အခြားနည်းလမ်းရှာရမည်ဖြစ်သည်။

ထို့နောက် လင်ဝမ်ရွန်က

“မင်း ကတိအတိုင်း လုပ်မယ်လို့ မျှော်လင့်တယ်။”

ထိုသို့ပြောပြီးနောက် လင်ဝမ်ရွန်သည် စာကြည့်ခန်းမှ ထွက်ခွာရန် ပြင်လိုက်သော်လည်း ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့ပြီး သူမ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး လဲမကျ‌‌အောင် ထိန်းထားလိုက်ရသည်။

သူမ မသက်မသာဖြစ်နေတာတော့ မဟုတ်ပါ။ မနေ့ညက ခံစားမှုများက အလွန်ပြင်းထန်လွန်းသဖြင့် ဦးနှောက်အာရုံမကြည်လင်သေးခြင်းသာ ဖြစ်သည်။

လင်ဝမ်ရွန်က အံကြိတ်လိုက်ကာ အမြန်ဆုံးအာရုံကြည်လင်စေရန် ကြိုးစားလိုက်သည်။

အာရုံအနည်းငယ် ကြည်လင်လာပြီးနောက် လင်ဝမ်ရွန်သည် နောက်တစ်ကြိမ် ရှေ့သို့လှမ်းကာ ထိုနေရာမှ ထွက်ခွာရန် အသင့်ပြင်လိုက်သည်။

သို့သော် နောက်တစ်လှမ်းလှမ်းလိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ် ရုတ်တရက် ဟန်ချက်ပျက်သွားပြီး လုချန်း၏ ဆွဲငင်အားကြောင့် သူ၏ ရင်ခွင်ထဲသို့ ပြန်လဲကျသွားသည်။

လုချန်း ထိုအရာကို သူမနှင့် ထပ်မံလုပ်ဆောင်တော့မည်ဟု ထင်မိသဖြင့် ချက်ချင်းပင် ရုန်းကန်လိုက်သည်။

“မင်း... မင်းဘာလုပ်ချင်တာလဲ။”

လင်ဝမ်ရွန်သည် အနည်းငယ် ကြောက်ရွံ့နေသည်။ အခုအချိန်သည် နေ့ခင်းဘက်ဖြစ်ပြီး လုချန်း၏ စာကြည့်ခန်းသို့ လူများ မကြာခဏ လာလေ့ရှိသည်။ သူတို့ စာကြည့်ခန်းထဲတွင် ထိုသို့သော ရှက်စရာကိစ္စမျိုးကို ထပ်မံလုပ်ဆောင်ပါက အခြားသူများ သိရှိသွားကြမှာ သေချာသည်။

ထိုကိစ္စ ချန်ဝမ်ရွန်၏ နားထဲသို့ ရောက်ရှိသွားပါက ချန်ဝမ်ရွန် သူမကို မည်သို့ ထင်မည်နည်း။ သူမ သစ္စာဖောက်သည်ဟု ထင်ကောင်းထင်သွားနိုင်သည်။

လုချန်းက လင်ဝမ်ရွန်၏ နူးညံ့သော ကိုယ်ခန္ဓာကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူမ၏ နားနားကပ်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“တကယ်တော့ ဒေါ်လေးလင်က ကျွန်တော့်ကို ထိခိုက်အောင် မလုပ်ဘူးဆိုတာ သိပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်သည် ခဏခန့် အံ့အားသင့်သွားခဲ့သည်။

အမှန်တကယ်လည်း သူမ လုချန်းကို ထိခိုက်မှု မဖြစ်စေလိုပါ။ အခုတလော ချူးယွဲ့ ၏ ယခင်က သူမအပေါ် ဂရုစိုက်မှုများကို လင်ဝမ်ရွန် အိပ်မက်မက်နေမိသည်။

သို့သော် သူမတွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ ချန်ဝမ်ရွန်သည် သူမ ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ပြီး သူမ၏ သမီးအရင်းနှင့် မခြားပေ။ လုချန်းကဲ့သို့ အခြားသူတစ်ဦး၏ သားနှင့် နှိုင်းယှဉ်လျှင် သူမ၏ “သမီး” ဘက်မှသာ ရပ်တည်မည်ဖြစ်သည်။

ထို့ပြင် ချန်ဝမ်ရွန်က လုချန်းကို သတ်ဖို့မဟုတ်ပဲ သူနှင့်အတူ ကလေးယူကာ နောင်တွင် ချန်နိုင်ငံတော်၏ ထီးနန်းကို ဆက်ခံစေရန် ရည်ရွယ်ထားကြောင်း ပြောခဲ့ဖူးသည်။

ချန်ဝမ်ရွန်၏ ထိုရည်ရွယ်ချက်ကြောင့်ပင် လင်ဝမ်ရွန်သည် အလွန်အမင်း စိတ်မထိခိုက်ခဲ့ရခြင်း ဖြစ်သည်။

လုချန်းအနေနှင့် အသက်အန္တရာယ်မရှိပဲ သွေးအနည်းငယ်သာ ဆုံးရှုံးရမည်ဆိုပါက သူမ ချူးယွဲ့အား အလွန်အကျွံ အပြစ်ပြုမိခြင်း မဟုတ်‌ချေ။ ထို့ပြင် ချူးယွဲ့၏ သေဆုံးမှုသည် ဆွမ်ဧကရာဇ်၏ လက်ချက်ဖြစ်နိုင်ခြေများသည်။ သူတို့ လုချန်းကို အသုံးပြု၍ လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ် ပြုလုပ်ခြင်းသည်လည်း တစ်နည်းအားဖြင့် ချူးယွဲ့အတွက် လက်စားချေခြင်းပင် ဖြစ်သည်။

ထိုအချိန်တွင် လင်ဝမ်ရွန်သည် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“မင်းကိုယ်မင်း မမြှောက်နဲ့။”

လင်ဝမ်ရွန်၏ မာကျောသော လေသံကို မြင်လိုက်ရသည်နှင့် လုချန်းက သူမ၏ နားထင်သို့ ညင်သာစွာ လေတစ်ချက် မှုတ်လိုက်ကာ ဆက်ပြောလိုက်သည်။

“မနေ့ညက ဒေါ်လေး ဒီလိုမပြောခဲ့ဘူး။”

ထိုစကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်၏ မျက်နှာ ချက်ချင်း ပူလောင်လာခဲ့သည်။ သူမ တစ်နေ့တွင် ဤမျှ အရှက်ကင်းမဲ့သော အမျိုးသမီးတစ်ဦး ဖြစ်လာမည်ဟု ဘယ်တော့မှ မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် သူမသည် အသက် ၃၀ ကျော်ပြီဖြစ်သည်။

ထိုအရာအားလုံးသည် ဤငယ်ရွယ်သော လူဆိုးကလေးကြောင့်ပင် ဖြစ်သည်။

လင်ဝမ်ရွန်က ချက်ချင်းပင် ခါးကို လှည့်ကာ လုချန်း၏ လက်မှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

သို့သော် လင်ဝမ်ရွန် မည်မျှပင် ရုန်းကန်နေစေကာမူ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။ သူမ၏ အတွင်းအား ပျောက်ဆုံးနေသဖြင့် သာမန်လူတစ်ဦးနှင့် အတူတူပင်ဖြစ်နေသည်။ သာမန်လူတစ်ဦးသည် အဆင့်လွန် ပညာရှင်၏ ထိန်းချုပ်မှုမှ မည်သို့လွတ်မြောက်နိုင်မည်နည်း။

ဤအချိန်တွင် လုချန်းက သူမ၏ နားထင်နားကပ်၍ အသံတိုးတိုးသံဖြင့် ဆက်ပြောလိုက်သည်။

“ဒေါ်လေးလင်။ ကျွန်‌တော်က ကာမဂုဏ်အာရုံ နှစ်သက်တယ် ဆိုပေမဲ့ ဒေါ်‌လေးနဲ့ ချန်မိန်းကလေးတို့ကို တကယ် သဘောကျတာပါ။ ဘာလို့ ဒီလောက်ရန်လိုနေရတာလဲ။”

“ချန်မိန်းကလေးကလည်း ကျွန်တော့်အပေါ် ခံစားချက်နည်းနည်း ရှိနေတာကို ကျွန်တော်သိတယ်။ နှစ်ဦးစလုံးမှာ ခံစားချက်တွေရှိနေရင် ဘာကြောင့် အတူနေဖို့ မဖြစ်နိုင်ရမှာလဲ။”

“နောက်ပြီး ကျွန်တော်နဲ့ ကျွန်တော့်အဖေ ဧကရာဇ်ရဲ့ ဆက်ဆံရေးကလည်း မကောင်းဘူး။ သူက ကျွန်တော့်အမေကို သေစေခဲ့တာပဲ။ ဒါကြောင့် ဒေါ်လေးတို့ သူ့ကို ဘာလုပ်လုပ် ကျွန်တော် ဂရုစိုက်စရာ မလိုဘူး။”

“ကျွန်တော်တို့ကြားမှာ တိုက်ရိုက်ပဋိပက္ခ မရှိဘူး။ ဒါ့ကြောင့် တစ်ဦးကိုတစ်ဦး ချစ်ခင်မှုလည်းရှိ တူညီတဲ့ ရန်သူလည်းရှိနေရင် ဒေါ်လေးတို့ ကျွန်တော့်ကို လက်ထပ်ပြီး ကျွန်တော့်ရဲ့ ကလေးတွေကို မွေးဖွားပေးလို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။”

.........

အခန်း (၃၂၆)

လုချန်း၏ အဆိုပြုချက် (၂)

ဒါက...

လင်ဝမ်ရွန် အံ့အားသင့်သွားခဲ့သည်။

လုချန်းပြောတာက အဓိပ္ပာယ်ရှိသလို ခံစားလိုက်ရသည်။

သူတို့က လုချန်းကို ချစ်ခြင်းပိုးကောင်ဖြင့် ထိန်းချုပ်ရန် ရည်ရွယ်ထားသော်လည်း သူ့ကိုသတ်ဖို့ မရည်ရွယ်ခဲ့ပေ။ ချန်ဝမ်ရွန်က သူနှင့်အတူ ကလေးယူရန်ပင် အစီအစဉ်ပင် ရှိခဲ့သည်။

လုချန်း သူတို့၏ အကြံအစည်ကို သိသွားမည်ကို သူတို့ အမြဲတမ်း ကြောက်ရွံ့နေရခြင်း၏ အဓိကအကြောင်းရင်းမှာ လုချန်းက သူတို့နှင့် ပူးပေါင်း၍ လျှို့ဝှက်နဂါးမန္တာန် ပြုလုပ်ရန် မလိုလားနိုင်ခြင်းနှင့် ဆွမ်ဧကရာဇ်ကို သတ်ဖို့ ခွင့်မပြုမည် မဟုတ်ဟု ယူဆသောကြောင့်ဖြစ်သည်။ တကယ်တော့ လုချန်းသည် ဆွမ်ဧကရာဇ်၏ သားတစ်ဦးဖြစ်သည်။

လင်ဝမ်ရွန် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက သူမ၏ နားနားကပ်၍ သံလိုက်ဓာတ်ပါ‌သော အသံဖြင့်ဆက်လက်ပြောဆိုလိုက်သည်။

“မနေ့ညက ဒေါ်လေးရဲ့ လုပ်ရပ်တွေကို ကြည့်ရင် ဒေါ်လေး ကျွန်တော့်ကိုယ်ခန္ဓာကို တောင့်တနေခဲ့တာ ကြာပြီဆိုတာ သိသာပါတယ်။ ထုတ်မပြတာပဲရှိတယ်။ အခုဆိုရင် ဒေါ်လေးက ကျွန်တော့်အမျိုးသမီးဖြစ်နေပြီဆိုတော့ တစ်ဦးနဲ့တစ်ဦး ဖုံးကွယ်ထားစရာ မလိုတော့ဘူး။”

“ဒေါ်လေးတို့ရဲ့ ရည်ရွယ်ချက်တွေသိသွားရင် ကျွန်တော်ငြင်းပယ်မှာစိုးလို့ မပြောရဲ ဖြစ်နေတာ။ အခု ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးပြီဆိုတော့ တရားဝင် ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ မထင်ဘူးလား။”

မျက်နှာနီရဲနေသော လင်ဝမ်ရွန်က

“မင်းက အရှက်မရှိတဲ့ လူဆိုးပဲ။ ဘယ်သူက မင်းကိုယ်ခန္ဓာကို လိုချင်နေတာလဲ”

ဟု ပြန်ပြောလိုက်သည်။

လုချန်းက သူမ၏ အတွေးများကို ဖော်ထုတ်လိုက်သည့်အတွက် လင်ဝမ်ရွန် အလွန်အမင်း ရှက်ရွံ့သွားခဲ့သည်။ သူမသည် တကယ်ပင် လုချန်း၏ ချောမောလှပသော မျက်နှာကို မကြာခဏ စဉ်းစားနေမိပြီး သူ့ကို မကြည့်ရဲ ဖြစ်နေကာ တစ်ခါတစ်ရံ စိတ်ထဲတွင် ထူးဆန်းသော ခံစားမှုများ ဖြစ်ပေါ်နေခဲ့သည်။

သူမ ထိုခံစားမှုများကို တမင်ငြင်းပယ်နေသော်လည်း သူမ၏ စိတ်ထဲတွင် လုချန်းအပေါ် ချစ်ခြင်းမေတ္တာရှိနေသည်ကို သူမ ကိုယ်တိုင်လည်း ကောင်းစွာ သိရှိထားသည်။

သို့သော် သူမက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။ သူမသည် ယခုနှစ်တွင် အသက် ၃၂ နှစ်ရှိပြီဖြစ်ကာ သူမထက် အသက်အလွန်ငယ်သော ယောက်ျားတစ်ဦးအပေါ် ခံစားချက် မရှိသင့်ပေ။

မနေ့ညက လုချန်းပြုလုပ်ခဲ့သည့်အရာက သူမ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားခဲ့သော အမှန်တရားကို လုံးဝဖော်ထုတ်ပစ်လိုက်သည်။

လင်ဝမ်ရွန်က ဆက်လက်ပြောလိုက်သည်။

“ဘာပူးပေါင်းဆောင်ရွက်မှုလဲ။ မင်းက ဒေါ်လေးနဲ့ ရွန်ရွန်ရဲ့ ကိုယ်ခန္ဓာတွေကိုပဲ လိုချင်နေတာ ရှင်းနေပြီ။ ဒေါ်လေး ဘယ်တော့မှ သဘောမတူနိုင်ဘူး။ ရွန်ရွန့်မှာ လည်း သူ့ရဲ့တာဝန်ရှိတယ်။ မင်းသားစံအိမ်မှာ နေပြီး မင်းကလေးမွေးပေးဖို့ မဖြစ်နိုင်ဘူး။ မင်း ဒီအတွေးကို စွန့်လွှတ်လိုက်ပါ။”

လုချန်းက လင်ဝမ်ရွန်၏ ခါးကို ပွေ့ဖက်ထားရင်း ပြောလိုက်သည်။

“ ဒေါ်လေးပြောတာ မှန်တယ်။ ကျွန်တော် ဒေါ်လေးတို့ရဲ့ ကိုယ်ခန္ဓာတွေကို လိုချင်တယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အလေးအနက်ထားတယ်။ ဒီနှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ မဟုတ်ဘူး။”

“ဒေါ်လေး အခု သဘောမတူဘူးဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော် ဒေါ်လေးကို စဉ်းစားဖို့ အချိန်ပေးမယ်။ ဆုံးဖြတ်ချက်ချပြီးပြီ ဆိုရင် ကျွန်တော့်ကို ပြောပါ။”

ထိုစကားများနှင့်အတူ လုချန်း လင်ဝမ်ရွန်ကို လွှတ်ပေးလိုက်သည်။

လင်ဝမ်ရွန်လည်း ချက်ချင်းပင် စာကြည့်ခန်းထွက်ပေါက်ဆီသို့ ဦးတည်လာခဲ့သည်။ တနည်းအားဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ လုချန်းက နောက်တစ်ကြိမ် စိတ်ပါသွားပြီး စားပွဲပေါ်တွင် ထပ်မံဖိချခံရမည်ကို လင်ဝမ်ရွန် ကြောက်ရွံ့နေခဲ့သည်။

လင်ဝမ်ရွန် ထွက်ခွာသွားပြီးနောက် သူအခုမှ ရရှိထားသော “အလင်းအရိပ်” ကျင့်စဉ်ကို လုချန်း လေ့လာကြည့်လိုက်သည်။

ထိုကျင့်စဉ်က သူ့အတွက် အလွန်အသုံးဝင်သည်။ တမဟုတ်ချင်း တစ်နေရာမှ ‌တစ်နေရာသို့ ရွေ့လျားနိုင်စေမည်။ ထိုကျင့်စဉ်ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးပါက အနာဂတ်တွင် အခြားသူများ၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ရှောင်ရှားနိုင်မည် ဖြစ်သည်။

ကျင့်စဉ်နည်းလမ်းကို စစ်ဆေးပြီးနောက် သူ၏စာကြည့်ခန်းကို တစ်ချက်ကြည့်ရှုလိုက်သည်။ ယခုအခါ စာကြည့်ခန်းအတွင်း အလွန်ရှုပ်ပွလျက်ရှိသည်။

မနေ့ညက အသုံးပြုခဲ့သော ခေါင်းအုံးသည် အလွန်ပျော့ပျောင်းလွန်းသဖြင့် သူ အနည်းငယ် မထိန်းချုပ်နိုင် ဖြစ်သွားပြီး လုပ်ရပ်များ အနည်းငယ်ကြမ်းတမ်းသွားခဲ့သဖြင့် စာကြည့်ခန်းထဲရှိ စားပွဲပင် ပျက်စီးသွားခဲ့သည်။

ထိုစားပွဲက သူမကြာသေးမီကမှ သီးသန့်ပြုလုပ်စေခဲ့သော စားပွဲဖြစ်သည်။ ဝမ်ချင်းစီက အခါအားလျော်စွာ စာကြည့်ခန်းသို့လာတတ်‌သောကြောင့် စားပွဲကို ခိုင်ခန့်အောင်ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော် မျှော်လင့်မထားသည်က မကြာခင်ပင် စားပွဲပျက်စီးသွားခြင်းဖြစ်သည်။

နောင်တွင် စာကြည့်ခန်းထဲ၌ ထိုကဲ့သို့သော အပြုအမူမျိုး မပြုလုပ်သင့်ဟု လုချန်းတွေးမိသည်။

ထိုအတွေးဖြင့် လုချန်းလည်း သူ၏အဝတ်အစားများကို ပြင်ဆင်ပြီးနောက် စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။

ထိုအတောအတွင်း...

ဝမ်ရွန်အဆောင်ဝင်း။

ချန်ဝမ်ရွန်သည် နံနက်စောစောထပြီး အဆောင်အတွင်း၌ အတွင်းအား လေ့ကျင့်နေခဲ့သည်။

ထိုစဉ် ရုတ်တရက် ဖရိုဖရဲဖြစ်နေသော ပုံရိပ်တစ်ခု အဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဆံပင်ဖရိုဖရဲဖြစ်နေပြီး ယိုင်နဲ့စွာဖြင့် လမ်းလျှောက်နေသော လင်ဝမ်ရွန်ကို မြင်လိုက်ရသည်နှင့် ချန်ဝမ်ရွန်က ချက်ချင်းထလိုက်ပြီး

“ဒေါ်လေးလင် ဘာဖြစ်သွားတာလဲ”

ဟု မေးလိုက်သည်။

ချန်ဝမ်ရွန်၏မျက်နှာတွင် မည့်သည့်အမူအရာမှ မပြသော်လည်း အသံက သိသိသာသာ တုန်ခါနေသည်။ သူမ လင်ဝမ်ရွန်အပေါ် အလွန်ဂရုစိုက်၏။

လွန်ခဲ့သောနှစ်များက လင်ဝမ်ရွန်သာ သူမကို လျှို့ဝှက်လဝန်းနန်းတော်သို့ ခေါ်ဆောင်သွားခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့ခြင်း မရှိပါက ယနေ့သူမ ရောက်ရှိနေသော အခြေအနေကို ရောက်ရှိနိုင်ပါ့မလားဆိုသည်က မေးခွန်းထုတ်စရာဖြစ်သည်။

သူမက လင်ဝမ်ရွန်အား “ဒေါ်လေး” ဟု အမြဲခေါ်ဝေါ်သော်လည်း သူမ၏နှလုံးသားထဲတွင် လင်ဝမ်ရွန်အား မိခင်တစ်ဦးအဖြစ် မှတ်ယူထားခဲ့သည်။

ချန်ဝမ်ရွန် သိသွားမည်ကို စိုးရိမ်သောကြောင့် လင်ဝမ်ရွန်က အလျင်အမြန်ပင်

“ဘာမှမဖြစ်ပါဘူး။ မနေ့ညက မင်းသားစံအိမ်ကို လူသတ်သမားတစ်ယောက် ဝင်လာခဲ့တယ်။ သူနဲ့ နည်းနည်း ရင်ဆိုင်ခဲ့ရတယ်။ အဝတ်အစား နည်းနည်းစုတ်ပြဲသွားတာပါ။ ဒဏ်ရာမရပါဘူး။ အခုရေသွားချိုးလိုက်ဦးမယ်”

ဟု ပြောလိုက်သည်။

ထို့နောက် လင်ဝမ်ရွန်လည်း သူမ၏အခန်းဆီသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လင်ဝမ်ရွန်၏ ပုံရိပ်ကို နောက်မှကြည့်ရင်း ချန်ဝမ်ရွန်၏စိတ်ထဲ သံသယ အနည်းငယ်မှ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ လင်ဝမ်ရွန်အပေါ် အပြည့်အဝယုံကြည်မှုရှိပြီး လင်ဝမ်ရွန်က သူမကို ဘယ်တော့မှ လိမ်မည်မဟုတ်ဟု ယုံကြည်ထားခဲ့ သောကြောင့်ဖြစ်သည်။

သို့သော်...

စူးရှသောအနံ့တစ်မျိုးကို ရှူမိသည်ဟု ချန်ဝမ်ရွန် ခံစားမိသည်။ ထိုကဲ့သို့သော အနံ့မျိုးကို သူမယခင်က တစ်ခါမျှ မကြုံတွေ့ဖူးပေ။

ထိုအနံ့ကို ရှူရှိုက်မိပြီးနောက် ထိုလူ၏ ပုံရိပ်က သူမ၏စိတ်ထဲတွင် မရည်ရွယ်ပဲ ပေါ်လာခဲ့သည်။

ချန်ဝမ်ရွန်က သူမ၏အတွင်းအားကို ထိန်းညှိပြီး သူမ၏စိတ်အတွင်းရှိ လှိုင်းထနေမှုကို ငြိမ်သက်စေကာ အတွေးများထဲ ဆက်လက်နစ်မြောမသွားစေရန် တားဆီးလိုက်သည်။

မကြာမီ...

လင်ဝမ်ရွန်သည် သူမ၏စုတ်ပြဲနေသော အဝတ်အစားများကို ချွတ်ပစ်ပြီး ရေချိုးကန်ထဲသို့ ဝင်ရောက်ကာ သူမ၏ကိုယ်ခန္ဓာကို အထပ်ထပ် ပွတ်တိုက်ဆေးကြောနေခဲ့သည်။

ထိုအချိန်တွင် လုချန်း၏စကားများကို သူမ၏နားထဲ၌ ပြန်လည်ကြားယောင်နေသကဲ့သို့ ခံစားရသည်။

လုချန်း၏စကားများက အမှန်တကယ်လားဆိုတာ သူမယုံကြည်ရန် မဝံ့မရဲဖြစ်နေသည်။

အကယ်၍ လုချန်းက မဟာမိတ်ဖွဲ့ရန် အမှန်တကယ်ရည်ရွယ်ထားပါက... သူတို့အနေနှင့် သဘောတူသင့်သည်။

သို့သော်... ချန်ဝမ်ရွန်ကို မည်သို့ ရင်ဆိုင်ရမည်နည်း။

သူမနှင့် ချန်ဝမ်ရွန်နှစ်ဦးလုံး လုချန်းနှင့် လက်ထပ်ရမှာလား။

ဒီလိုအဓိပ္ပါယ်မရှိတဲ့ အတွေးအခေါ်မျိုးက ထိုလူဆိုးလေးဆီမှာသာ ပေါ်ပေါက်နိုင်သည်။

လင်ဝမ်ရွန် သက်ပြင်းချလိုက်သည်။ အရေးအကြီးဆုံးမှာ အဆိပ်ဖြေဆေးကို အရင်ဆုံး ရှာဖွေရန်ဖြစ်ပြီး နောက်မှ အခြားကိစ္စများကို စဉ်းစားရန်ဖြစ်သည်။

ထိုအချိန်တွင် သူမ၏ အတွင်းအားကို စတင်လည်ပတ်စေပြီး ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ထုတ်ပစ်ရန် ပြင်ဆင်လိုက်သည်။

သို့သော် နောက်ခဏတွင် သူမ ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ဝမ်းဗိုက်နေရာကို ခံစားမိလိုက်ပြီး လုချန်း၏ ကလေး မရရှိနိုင်ပါက သူ့ထံမှ အဆိပ်ဖြေဆေး ရနိုင်မည် မဟုတ်ဟု တွေးမိလိုက်သည်။

ထိုအတွေးကြောင့် အညစ်အကြေးများ စွန့်ထုတ်ရန် အကြံအစည်ကို လင်ဝမ်ရွန် စွန့်လွှတ်လိုက်ရသည်။ ယွဲ့၏သားအတွက် ကလေးမွေးရမည်ဆိုသော အတွေးက သူမ၏စိတ်ထဲတွင် အလွန်အရှက်ရစေပြီး သေလိုက်တာတောင်မှ ပိုကောင်းသည်ဟု ခံစားလိုက်ရသည်။ သူမထက် အသက်အရွယ်အားဖြင့် ဆယ်စုနှစ်တစ်ခုကျော် ငယ်ရွယ်သော ယောက်ျားတစ်ဦးနှင့် ယခုကဲ့သို့ ဆက်ဆံမှုမျိုး ဘာလို့ဖြစ်လာရတာလဲ။

အရာရာတိုင်း၏ အကြောင်းရင်းမှာ ထိုလူဆိုးလေးပင် ဖြစ်သည်။

ထိုမိစ္ဆာကောင်လေး၏မျက်နှာကို တစ်ဖန်ပြန်မြင်မိသည်နှင့် လင်ဝမ်ရွန်၏စိတ်ထဲတွင် မနေ့ညက အဖြစ်အပျက်များ ပြန်လည်ဝင်ရောက်လာသည်။ သူမ၏ရှုပ်ထွေးနေသော အတွေးများကို ရပ်တန့်ရန် ရေထဲတွင် သူမ၏ဦးခေါင်းကို လုံးဝနှစ်မြုပ်လိုက်သည်။

.......

အခန်း (၃၂၇)

မြောက်ပိုင်းဒေသကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းဖို့ အချိန်တန်ပြီ (၁)

လင်ဝမ်ရွန်ကို ရရှိပြီးနောက် လုချန်း အလွန်လန်းဆန်းသွားသည်။ တစ်ညလုံး အိပ်မပျော်ခဲ့သော်လည်း အဆင့်လွန်ပညာရှင်၏ ခန္ဓာကိုယ်ရှိသည့်အတွက် ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိခဲ့ပေ။

လုချန်းသည် ပင်မခန်းမ၏ စားပွဲတွင် ထိုင်ကာ နံနက်စာစားရင်း သီချင်းညည်းဆိုနေသည်။

ထိုအချိန်တွင် ကလေးကို ပြုစုနေသော မူကျိရွှမ်းက လုချန်းမနက်စောစော ဤမျှပျော်ရွှင်နေသည်ကို မြင်ရသောအခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပျော်စရာ တစ်ခုခု ရှိနေတာလား မင်းသား”

လုချန်းက ပန်းကန်ကိုချပြီး မေးလိုက်သည်။

“ဘယ်လိုသိလိုက်တာလဲ”

မူကျိရွှမ်းက ပြုံးရင်းပြောလိုက်သည်၊ “မင်းသား ရောက်လာကတည်း သီချင်းညည်းနေတာ မပြတ်ဘူး။ စိတ်ခံစားချက်တွေက မျက်နှာပေါ်မှာ အကုန်ရေးထားတယ်။ ကျွန်မမြင်နိုင်တာပေါ့။”

လုချန်းက ပြုံးပြီးပြောလိုက်သည်။

“ဟုတ်လား။ ကိုယ်ဘာမှ ဖုံးကွယ်ထားလို့ မရဘူးနဲ့တူတယ်။”

ထိုအချိန်တွင် လုချန်းက ရုတ်တရက်တစ်ခုခုသတိရသွားပြီး ဆက်ပြောလိုက်သည်။

“ဟုတ်ပြီ။ ကိုယ်မကြာသေးခင်က ဆားထုတ်လုပ်တဲ့နည်းလမ်းတစ်ခု ရခဲ့တယ်။ မြောက်ပိုင်းပြည်နယ်က အရှေ့ဘက် ပင်လယ်နားမှာရှိတော့ နောက်ပိုင်းမှာ အလုပ်သမားတချို့ငှားပြီး ဆားထုတ်လုပ်လို့ရတယ်။”

ထိုစကားကိုကြားရသောအခါမူကျိရွှမ်းလည်း ခဏမျှ တုန်လှုပ်သွားပြီး မေးလိုက်သည်။

“မင်းသား။ မင်းသားစံအိမ်က ဆားပါထုတ်တော့မှာလား။ သိပ်မသင့်တော်ဘူးလို့ မထင်ဘူးလား။”

လုချန်းက နားမလည်သလိုမေးလိုက်သည်။

“နှမတော်လည်း ကြားပြီးသားဖြစ်မှာပဲ။ နန်းတွင်းက ဆားလုပ်ကိုင်ခွင့်ကို မချုပ်ကိုင်တော့ဘူး။ အခုဆိုရင် နယ်စားမင်းသားတွေက ကိုယ်တိုင်ဆားထုတ်လုပ်လို့ရပြီ။”

မူကျိရွှမ်းက ပြောလိုက်သည်။

“ကျွန်မက ဒါကိုဆိုလိုတာမဟုတ်ဘူး။ ဆားလုပ်ကိုင်ခွင့်ကိစ္စက အရေးပါလွန်းလို့ မြောက်ပိုင်းပြည်နယ်ရဲ့ နန်းတွင်းငယ်ကို လွှဲအပ်သင့်တယ်လို့ ဆိုလိုတာ။”

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် နန်းတွင်းငယ်တို့၏ တာဝန်ဝတ္တရားများကို မခွဲခြားထားပါ။ ဥပမာ စံအိမ်၏ အမြတ်ငွေများကို မြောက်ပိုင်းပြည်နယ်၏ ဘဏ္ဍာတိုက်သို့ ပုံမှန်ထည့်ဝင်နေဆဲဖြစ်သည်။ သို့သော် မြောက်ပိုင်းပြည်နယ်၏ နိုင်ငံရေးအာဏာ တဖြည်းဖြည်း တည်ငြိမ်လာသည်နှင့်အမျှ နန်းတွင်းငယ်နှင့် မင်းသားစံအိမ်ကြား ကွဲပြားမှုများ ရှိလာမည် ဖြစ်ကြောင်းအားလုံးနားလည်ထားကြသည်။ စံအိမ်မှ နိုင်ငံရေးကို မစွက်ဖက်ရန် ကန့်သတ်ချက်များလည်း မကြာမီ ပေါ်ပေါက်လာမည်ဖြစ်သည်။

ရှနိုင်ငံတော်၏ ဗဟိုအစိုးရက ဆားထုတ်လုပ်သည့် အခွင့်အရေးကို လွှတ်ပေးထားပြီးဖြစ်သော်လည်း မြောက်ပိုင်းဒေသကဲ့သို့သော ဝေးလံသည့်နေရာတွင် ဆားလုပ်ငန်းစတင်ပါက ဆားဈေးနှုန်းများ မည်သည့်နေ့တွင်မဆို မြင့်တက်သွားနိုင်သည်။ ပြည်သူများမှာ ဆင်းရဲနွမ်းပါးနေပြီး ဆားဈေးနှုန်း အလွန်အမင်းမြင့်တက်ပါက ဆားဝယ်နိုင်မည် မဟုတ်ပေ။

ဆားထုတ်လုပ်သည့် အခွင့်အရေးကို စနစ်တကျ စီမံခန့်ခွဲခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်သည်။ ဆားလုပ်ငန်း လုပ်ကိုင်ခွင့်သည် နိုင်ငံရေးကို ကိုယ်စားပြု၏။ သူမသည် လုချန်း၏ ဇနီးတစ်ဦးသာဖြစ်ပြီး စံအိမ်မှ လူတစ်ဦးအနေနှင့် နိုင်ငံရေး ကိစ္စများကို ဝင်မစွက်ဖက်သင့်ကြောင်း မုကျိရွှမ်း နက်နက်နဲနဲ နားလည်ထားသည်။

ဆားထုတ်လုပ်ခြင်းသည် စီးပွားရေးကိစ္စမဟုတ် နိုင်ငံရေးကိစ္စသာဖြစ်သည်။

လုချန်းက သူမအား ဆားထုတ်လုပ်မှုတွင် ပါဝင်စေလိုပါက ဆားလုပ်ကိုင်ခွင့်များကို လွှတ်ပေးရန် ရည်ရွယ်ထားသည်ဟု ဆိုလိုသည်။ အဆိုပါ အခွင့်အရေးများ လွှတ်ပေးပြီးပါက မြောက်ပိုင်းပြည်နယ်မှ မည်သူမဆို ဆားထုတ်ခွင့်ရှိလာမည်ဖြစ်ပြီး သူမအနေနှင့် ဆားထုတ်လုပ်သည့် လုပ်ငန်းလုပ်လျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။ သို့သော် ထိုလုပ်ပိုင်ခွင့်များကို လွှတ်ပေးလိုက်ပါက ဆားဈေးနှုန်းများ ကစဉ့်ကလျား ဖြစ်သွားနိုင်သည်။

မူကျိရွှမ်း၏ ရှင်းလင်းချက်ကို ကြားရသောအခါ လုချန်း ချက်ချင်းနားလည်သွားပြီး ဆက်ပြောလိုက်သည်။

“ဆားထုတ်လုပ်ခွင့်ကို အာဏာပိုင်တွေဆီ မပေးပဲ မင်းသားစံအိမ်က လူတွေနဲ့ပဲ လုပ်နိုင်ပါတယ်။ ပြီးတော့ ကိုယ်ရထားတဲ့ နည်းလမ်းက အတော်လေး အဆင့်မြင့်တယ်။ အရည်အသွေးကောင်းမွန်ပြီး ခါးသက်မှုမရှိသော ဆားကို ထုတ်နိုင်တယ်။ ပြီးတော့ အဲ့ဒီဆားလုပ်တဲ့ နည်းပညာကို အခုအချိန်မှာ မ‌ ပေါက်ကြား‌စေချင်သေးဘူး။”

“ဆားလုပ်ကိုင်ခွင့်နှင့် ပတ်သက်တဲ့ ပြဿနာကလည်း ဖြေရှင်းလို့ရပါတယ်။ စံအိမ်မှ ဆားလုပ်ငန်းရဲ့ အမြတ်အချို့ကို ဘဏ္ဍာတိုက်ထဲ လွှဲပြောင်းပေးမယ်။ နောက်ပြီး ကိုယ်ကလည်း ဆားလုပ်ကိုင်ခွင့် ဦးစီးဌာနတစ်ခု ထူထောင်မယ်။ အဲ့ဒီဌာနက ဆားရောင်းချမှုကိုပဲ တာဝန်ယူမယ်။ ထုတ်လုပ်မှုကို တာဝန်မယူဘူး။”

ဤခေတ်တွင် နယ်စားနယ်မြေများသည် မိသားစုပိုင်များကဲ့သို့ ဖြစ်နေပြီး မြောက်ပိုင်းနိုင်ငံတစ်ခုလုံးကို သူပိုင်ဆိုင်သည့် သ‌ဘောဖြစ်သည်။ စံအိမ်မှ ဆားထုတ်လုပ်ခွင့်ပေးခြင်းက အရေးမကြီးသော ကိစ္စတစ်ခုသာဖြစ်၏။ အထူးသဖြင့် သူကိုယ်တိုင် ထုတ်လုပ်သည့်နည်းပညာကို ရရှိထားပြီး ဆားရောင်းချမှုမှ အမြတ်ငွေအချို့ကို ဘဏ္ဍာတိုက်သို့ ပေးခြင်းမှာ အတော် ရက်ရော‌သော လုပ်ရပ်တစ်ခုပင်ဖြစ်သည်။

လောလောဆယ်တွင် သူသည် မြောက်ပိုင်းပြည်နယ်တွင် တစ်ဦးတည်းသော ဆုံးဖြတ်ခွင့် အာဏာရှိသူဖြစ်သည်။ နန်းတွင်းငယ်မှာလည်း သူ့လူများနှင့် ပြည့်နေပြီး မည်သူမှ ကန့်ကွက်မည် မဟုတ်ပေ။

မင်းသားစံအိမ်ပိုင် လုပ်ငန်းများ များပြားလှသည့်အတွက် မြောက်ပိုင်းပြည်နယ်မှ မည်သည့်အရာရှိကမှ ပြည်သူများနှင့် စီးပွားပြိုင်လုပ်သည်ဟု မင်းသားစံအိမ်ကို ဝေဖန်ရဲမည် မဟုတ်ပေ။

သို့သော် ဤသို့ပြုလုပ်နိုင်သူမှာ လုချန်းတစ်ဦးတည်းသာဖြစ်သည်။ အခြားမင်းသားတစ်ဦးက ဤသို့ကြိုးစားပါက အာဏာရှိမိသားစုများက ချက်ချင်းထွက်ပြီး ကန့်ကွက်ကြမည်မှာ သေချာပေသည်။

မူကျိရွှမ်းက

“ကျွန်မ နားလည်ပါပြီ။ မကြာခင် ပင်လယ်ကမ်းခြေကို လူလွတ်ပြီး ဆားထုတ်လုပ်ဖို့ စီစဉ်ပါမယ်”

ဟု ဖြေကြားလိုက်သည်။

ထို့နောက် လုချန်းလည်း အစာကို မြန်မြန်ဆန်ဆန် စားပြီး ဝမ်ချင်းစီ၏ အဆောင်သို့ ဦးတည်သွားခဲ့သည်။

သူစာကြည့်ခန်းမှ ထွက်စဉ်က အစေခံတစ်ဦးက ဝမ်ချင်းစီ မနေ့ညက သူ့ကိုလာရှာခဲ့ကြောင်း ပြောပြခဲ့သည်။ အကြောင်းတစ်စုံတစ်ရာရှိ၍ ဖြစ်နိုင်သည်။

သို့သော် လုချန်း ပင်မဆောင်မှ ထွက်သည်နှင့်တပြိုင်နက် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ဝမ်ချင်းစီ၏ ကွေးကောက်သောကိုယ်ခန္ဓာသည် အလွန်ဆွဲဆောင်မှုရှိ၏။

ဝမ်ချင်းစီ စကားမစမီ လုချန်းက ပြုံးရင်းမေးလိုက်သည်။

“ဝမ်မိန်းကလေးက ဘာကိစ္စနဲ့လာတာလဲ။”

ဝမ်ချင်းစီက ပြုံးပြီးဖြေလိုက်သည်။

“ကျွန်မလာရတာက အရေးကြီးတဲ့ ထောက်လှမ်းရေးသတင်းတွေ လာတင်ပြဖို့ပါ။”

“မင်းသားက အခုနောက်ပိုင်း အရမ်းအလုပ်များနေတယ်။ မင်းသားဆီ သတင်းတင်ဖို့အတွက်တောင် တစ်ညလုံး စောင့်ရတယ်”

ဟု သူမက ဆက်ပြောလိုက်သည်။

ထိုအချိန်တွင် လုချန်းက ဝမ်ချင်းစီထံ ချဉ်းကပ်သွားပြီး သူမ၏သွယ်လျသောခါးကို လက်ဖြင့်ထိလိုက်သည်။

“ဝမ်မိန်းကလေးရဲ့ အခန်းကိုသွားမလား။ ဒါမှမဟုတ် စာကြည့်ခန်းကိုသွားမလား”

ထိုမေးခွန်းကို ကြားရသော ဝမ်ချင်းစီက လုချန်းကို စောင်းကြည့်လိုက်သည်။ လုချန်းသည် မနေ့ညက တစ်ညလုံးအိပ်မပျော်ခဲ့ကြောင်း သူမသိထားသည့်အတွက် နောက်ပိုင်းတွင် သူ့အနေဖြင့် သူမတစ်ခုခု လုပ်မည်ကို စိုးရိမ်စရာမလိုပေ။ ထို့ကြောင့် သူမက

“ကျွန်မအခန်းကိုသွားကြရအောင်”

ဟု ဖြေလိုက်သည်။

မနေ့ညက စာကြည့်ခန်းထဲတွင် လင်ဝမ်ရွန်နှင့်အတူရှိနေခဲ့သည့်အတွက် ထိုနေရာတွင် အနံ့အသက်များ ပြင်းထန်နေမည်မှာ သေချာသည်။ သူမက လုချန်းထံ ထောက်လှမ်းရေးသတင်းတင်ရန် လာခြင်းသာဖြစ်၏။ မည်သည့်နေရာတွင်တင် အရေးမကြီးပေ။

........

All Chapters