အခန်း ၃၂၈-၃၃၀
Vol. 22 Ch. 328-330
အခန်း (၃၂၈)
မြောက်ပိုင်းဒေသကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းဖို့ အချိန်တန်ပြီ (၂)
လုချန်းက
“ကောင်းပါပြီ”
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းက ဝမ်ချင်းစီ၏ သွယ်လျသောခါးကို ပွေ့ဖက်ရင်း သူမ၏အိပ်ခန်းသို့ ခေါ်ဆောင်သွားသည်။ အခန်းထဲသို့ ဝင်ရောက်ပြီးသည်နှင့် တပြိုင်နက် သူမကို အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး လုချန်းက သူမ၏အပေါ်သို့ လှဲလိုက်သည်။
ဝမ်ချင်းစီသည် ခဏခန့် တုန်လှုပ်သွား၏။ လုချန်းက သူမကို အခွင့်အရေးယူတော့မည်ဟု တွေးလိုက်သော်လည်း မကြာမီ သူမ အတွေးလွန်နေမိသည်ကို သတိပြုမိလိုက်သည်။ လုချန်းက အိပ်ရာပေါ်တွင် လှဲပြီးနောက် ဝမ်ချင်းစီ၏ခါးကို ဖက်ကာ ဘေးတွင်လှဲအိပ်လိုက်သည်။ သူမသည် ခေါင်းအုံးတစ်လုံးသဖွယ် ဖြစ်နေသည်။
ထိုနောက် လုချန်းက သူမ၏ရင်ခွင်ထဲတွင် ခေါင်းနှစ်ပြီး သူမ၏အနံ့ကို ရှူရှိုက်ကာ
“ပြောပါ။ လက်တလော နိုင်ငံကြီးတွေမှာ ဖြစ်နေတဲ့ အခြေအနေတွေကို အတိုချုပ်ပြောပါ။ နောက်မှ အစီရင်ခံစာကို စာကြည့်ခန်းစားပွဲပေါ်မှာ ထားခဲ့လို့ရတယ်။ မနေ့ညက မအိပ်ရခဲ့ဘူး။ နည်းနည်းတော့ အိပ်ရမယ်။” ဟု ပြောလိုက်သည်။
သတိပြန်ဝင်လာပြီး ဝမ်ချင်းစီ စိတ်ထဲတွင် တွေးမိသည်။ လုချန်းက ဒီလိုအချိန်မှာတောင် နိုင်ငံရေး ကိစ္စများကို တွေးနေသေးသည်။ သူသည် မနေ့ညက စာကြည့်ခန်းထဲတွင် တစ်ညလုံး အလုပ်များနေခဲ့၏။ အဆင့်လွန်ပညာရှင်ဖြစ်သော်လည်း အနားယူရန် လိုအပ်နေသည်။
ထို့နောက် လုချန်းအား သူမ၏နူးညံ့သောကိုယ်ခန္ဓာကို ဖက်ထားခွင့်ပြုရင်း
“ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီက ကျောင်းသားတွေဟာ အစက ရှနိုင်ငံတော်ကိုဖြတ်ပြီး မြောက်ပိုင်းပြည်နယ်ကို လာဖို့ရည်ရွယ်ခဲ့ပေမဲ့ ရှနိုင်ငံရဲ့ တပ်တွေက သူတို့ကို ဝူနိုင်ငံတော်ထဲ မောင်းထုတ်တာ ခံခဲ့ရတယ်။ ရှတပ်တွေက ဒီကျောင်းသားတွေကတဆင့် ကပ်ရောဂါပြန့်ပွားမှာ စိုးရိမ်တယ်လို့ အကြောင်းပြခဲ့တယ်။ ဒါကြောင့် အဲ့ဒီကျောင်းသားတွေ မြောက်ပိုင်းပြည်နယ် ရောက်ရှိဖို့ အချိန်အနည်းနည်း ကြာဦးမယ်။”
ရှနိုင်ငံတော်ကို ဖြတ်၍ တိုက်ရိုက်လာပါက ကမ္ဘာလုံးဆိုင်ရာ အကယ်ဒမီကျောင်းသားများ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိရန် အများဆုံး သုံးလခန့်သာ ကြာမြင့်မည်ဖြစ်သော်လည်း ယခု ဝူနိုင်ငံတော်ကိုဖြတ်ကာ ကျူးနိုင်ငံတော်ကိုကူးပြီးမှ လာရမည်ဖြစ်သဖြင့် လေးမှငါးလခန့် ကြာမြင့်နိုင်သည်။
ညင်သာသောရနံ့များ ထွက်နေသော ဝမ်ချင်းစီ၏ နူးညံ့သောကိုယ်ခန္ဓာကို ပွေ့ဖက်ထားရင်း လုချန်းက
“ဟုတ်ပြီ။ အခြားသတင်းတွေရှိသေးလား” ဟု အေးဆေးစွာ မေးလိုက်သည်။
ဝမ်ချင်းစီက
“ဝူနိုင်ငံတော်ရဲ့ မင်းသမီး ဝူကျန်းဝမ်က အနောက်တောင်ဒေသကိုသွားပြီး သူပုန်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ပုန်ကန်သူတွေကို စည်းရုံးဖို့ ရည်ရွယ်ချက်နဲ့ပါ။”
“ဟမ်။”
ထိုစကားကို ကြားရသော လုချန်းက ချက်ချင်း သူမ၏ရင်ခွင်ထဲမှ ခေါင်းထောင်လိုက်ကာ ဝမ်ချင်းစီဘက်သို့ လှည့်ကြည့်လိုက်သည်။
“သူကိုယ်တိုင် ညှိနှိုင်းဆွေးနွေးမယ် ဟုတ်လား။ မင်းသမီး တစ်ပါးက သူပုန်ခေါင်းဆောင်တွေနှင့် ညှိနှိုင်းဆွေးနွေးဖို့ သွားမယ်တဲ့လား။”
ဝမ်ချင်းစီက ရှင်းပြလိုက်သည်။
“အစပိုင်းကတော့ သူကိုယ်တိုင် မသွားခဲ့ပါဘူး။ အစပိုင်းက ဝူဧကရာဇ်က စစ်တပ်အင်အားနဲ့ ပုန်ကန်မှုကို နှိမ်နင်းပြီး သူရဲ့သားနှစ်ယောက် စစ်မှုထမ်းဂုဏ်ဆောင်လို့ရအောင် ရည်ရွယ်ခဲ့တာ။ ဒါ့ကြောင့် ပုန်ကန်သူတွေကို နှိမ်နင်းဖို့ သူ့သားနှစ်ဦးကို ခေါင်း ဆောင်စေပြီး တပ်တွေစေလွှတ်ခဲ့တယ်။ ဒါ ပေမဲ့ သူ့သားနှစ်ဦးစလုံး ရှုံးနိမ့်ခဲ့ပြီး ဆုံးရှုံးမှုကြီးကြီးမားမားတွေ ဖြစ်ခဲ့တယ်။”
“ နောက်ပိုင်း ဝန်ကြီးချုပ် ချိုင်ကျိလျှံရဲ့ ဖျောင်းဖျမှုကြောင့် ဝူဧရာဇ်လည်း ညှိနှိုင်းမှုလုပ်ဖို့သဘောတူခဲ့တယ်။ မင်းသမီးကျန်းဝမ်က ပြည်သူလူထုကြားမှာ အမြဲတမ်း နာမည်ကောင်း ရှိခဲ့တော့ သူပုန်ခေါင်းဆောင် တွေနှင့် ညှိနှိုင်းဖို့ ရွေးချယ်ခံခဲ့ရတယ်”
ဝမ်ချင်းစီ ပြောပြသည်များကို ကြားရသောအခါ လုချန်းက ပြုံးလိုက်ပြီး
“ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ကြည့်ရတာ နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း နောက်ထပ် ဧကရာဇ်မတစ်ပါး ပေါ်ထွက်လာမယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သမိုင်းမှာ တစ်ဝက်တစ်ပျက် ပုန်ကန်မှုဆိုတာ မရှိဖူးဘူးလေ။ ဒီသူပုန်ခေါင်းဆောင်တွေက ဝူနိုင်ငံတော်နန်းတွင်းကို အညံ့ခံဖို့ သဘောတူမှာမဟုတ်ဘူးလို့ ထင်ရတယ်”
ဟု ပြန်ပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ရသော ဝမ်ချင်းစီက ပြုံးရွှင်စွာဖြင့်
“မင်းသား ဒီတစ်ခါတော့ မှားသွားပြီ။ ကျွန်မကြားတာက ဝူနိုင်ငံတော်ရဲ့ အနောက်တောင်ပိုင်းဒေသက သူပုန်ခေါင်းဆောင်အချို့က အညံ့ခံဖို့ အစီအစဉ်ရှိနေကြတယ်။ မင်းသမီးကျန်းဝမ်ဘက်က ရပ်တည်ဖို့ ရွေးချယ်နေကြပါတယ်”ဟု ပြောလိုက်သည်။
ဒါက...
လုချန်း နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။
ပုန်ကန်ပြီး နောက်ပိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာကို ဒီလူတွေ မကြောက်ဘူးလား။
လုချန်းက
“ဒီသတင်းက တကယ်ခိုင်လုံရဲ့လား” ဟု မေးလိုက်သည်။
ဝမ်ချင်းစီက
“ခိုင်လုံပါတယ်။ တချို့ပုန်ကန်သူတွေက တကယ်ပဲ ဝူနန်းတွင်းကို အညံ့ခံဖို့ အစီအစဉ်ရှိနေပါတယ်။ ဒါပေမဲ့ လက်မခံတဲ့သူတစ်စုလည်းရှိပါသေးတယ်။ အဓိကအားဖြင့် အနောက်တောင်ပိုင်းဒေသက အာဏာရှိမိသားစုတွေပါ”
ဟု ပြန်ဖြေလိုက်သည်။
လုချန်း ရယ်မောလိုက်သည်။ ထိုအာဏာရှိမိသားစုများအတွက် လွတ်လမ်းအမှန်တကယ် မရှိတော့ပါ။ ပုန်ကန်သူများမှာ သာမန်ပြည်သူများဖြစ်ပါက နောက်ဆုံးတွင် အရေအတွက် များလွန်းသောကြောင့် ခွင့်လွှတ်ခံရနိုင်သော်လည်း အာဏာရှိမိသားစုများမှာမူ ကွဲပြားသည်။ သူတို့၏ပုန်ကန်မှုမှာ ဝူနိုင်ငံတော် နန်းတွင်း၏ အုပ်ချုပ်မှုကို ဖယ်ရှားရန်ရည်ရွယ်ချက်ရှိသည်မှာ အထင်အရှားဖြစ်သည်။ အညံ့ခံသည့်တိုင် သူတို့အား အပြစ်ပေးမည်မှာ သေချာသဖြင့် ဝူနိုင်ငံတော်တွင်း စစ်ပွဲများ ဆက်လက်ဖြစ်ပွား နေ ဦးမည်ဖြစ်သည်။
ထိုအတွေးများဖြင့် လုချန်း အတန်ငယ် စိတ်သက်သာရာရသွားသည်။ ရှနိုင်ငံတော်၏ လက်ရှိအခြေအနေသည်လည်း အတော်ပင် ရှုပ်ထွေးနေဆဲဖြစ်ပြီး အကယ်၍ ဝူနိုင်ငံတော်ပြန်လည် အင်အားပြည့်လာပါက ဝူဧကရာဇ်၏ စရိုက်အရ ရှနိုင်ငံတော်ကို တိုက်ခိုက်ရန် တပ်များစေလွှတ်လာနိုင်သည်။
လုချန်းသည် ရှနိုင်ငံတော်၏ ဧကရာဇ်မဖြစ်သေးသော်လည်း သူ၏မျက်လုံးထဲတွင် ရှနိုင်ငံတော်တစ်ခုလုံးသည် အဆုံး၌ သူပိုင်ဆိုင်လာမည် ဖြစ်သဖြင့် ဝူနိုင်ငံတော်လက်အောက်သို့ ရှနိုင်ငံတော်ကျရောက်သွားသည်ကို သူမမြင်လိုပေ။
ထိုအချိန်တွင် ဝမ်ချင်းစီက ဆက်ပြောလိုက်သည်။
“နောက်ပြီး ကျူးနိုင်ငံတော်နှင့်ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းအချို့လည်းရှိပါသေးတယ်။”
စူးစမ်းသောမျက်လုံးများဖြင့် လုချန်းက မေးလိုက်သည်။
“ကျူးနိုင်ငံတော်ရဲ့သတင်းလား။ အဲဒီမှာလည်း တစ်ခုခုဖြစ်နေပြီလား။”
အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ကျူးနိုင်ငံတော်သည် အမြဲတမ်း အတန်ငယ်ငြိမ်သက်စွာရှိနေပြီး မြောက်ပိုင်းပြည်နယ်နှင့်နယ်စပ်တွင် စစ်သည်နှစ်သိန်းချထားရှိခြင်းမှလွဲ၍ အခြားလှုပ်ရှားမှုများ မရှိခဲ့ပေ။
ဝမ်ချင်းစီက ရှင်းပြလိုက်သည်။
“လွင်ပြင်ဒေသ မျိုးနွယ်စုတွေက တောင်ဘက်ကို စစ်ချီဖို့လုပ်နေပါပြီ။ ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်ရဲ့ နယ်စပ်မှာ ချထားတဲ့ စစ်သည်နှစ်သိန်းကို အနောက်မြောက်ဒေသဘက် တဖြည်းဖြည်းပြောင်းရွှေ့ပြီး လွင်ပြင်ဒေသ မျိုးနွယ်စုတွေကို ရင်ဆိုင်နေရပါတယ်။”
ထိုစကားကိုကြားရသောအခါ လုချန်း နက်ရှိုင်းစွာ တွေးတောသွားသည်။
မြောက်ပိုင်းဒေသတွင်ရှိသော လွင်ပြင်ဒေသ မှ အဓိကမျိုးနွယ်စုများ ပျက်စီးသွားပြီးဖြစ်သော်လည်း အမှန်တွင် မြောက်ဘက်၌ မြက်ခင်းလွင်ပြင်ဒေသများစွာရှိပြီး မတူညီသော မျိုးနွယ်စုကြီးများအဖြစ် တည်ရှိနေကာ မျိုးနွယ်စုတိုင်းတွင် ကိုယ်ပိုင်ဘုရင်များရှိသည်။
ထိုမျိုးနွယ်စုများသည် ယခင်က စည်းလုံးညီညွတ်စွာရှိခဲ့သော်လည်း သူတို့၏ ခေါင်း ဆောင်ကြီး သေဆုံးပြီးနောက် သီးခြားမျိုးနွယ်စုများအဖြစ် ကြေညာခဲ့ကြသည်။ ထိုအထဲမှ ကောင်းကင်ဝံပုလွေဘုရင်နှင့် မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုများသည် မြောက်ပိုင်းဒေသသို့ပြောင်းရွှေ့ခဲ့ကြပြီး အခြားသူများသည် အနောက်မြောက်ဒေသတွင်နေထိုင်ကြသည်။
ကျူးနိုင်ငံတော်သည်လည်း မြောက်ပိုင်းပြည်နယ်ကဲ့သို့ပင် နှစ်စဉ်လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ဝင်ရောက်တိုက်ခိုက်မှုကို ခံနေရပြီး အနောက်မြောက်ဒေသတွင်ရှိသော မျိုးနွယ်စုအရေအတွက်သည် မြောက်ပိုင်းဒေသထက် များစွာပိုမိုများပြားသဖြင့် အနောက်မြောက်ဒေသမှ လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ဘက်သို့ ချီတက်မှုသည် ကျူးနိုင်ငံတော်အပေါ် ကြီးမားသောဖိအားဖြစ်စေနိုင်သည်။
.........
အခန်း (၃၂၉)
မြောက်ပိုင်းဒေသကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းဖို့ အချိန်တန်ပြီ (၃)
လုချန်းစိတ်ထဲတွင် တွေးမိသည်။ ကျူးနိုင်ငံတော်သည် ယခုအခါ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ကျူးကျော်မှုကို ခုခံနေရပြီ ဆိုပါက အဓိကနိုင်ငံကြီးများတွင် သူ့ကို အာရုံစိုက်ရန် အချိန်မရှိတော့ပေ။
မြောက်ပိုင်းဒေသကို မြောက်ပိုင်းနိုင်ငံထဲသို့ သွတ်သွင်းရန် အချိန်တန်ပြီဖြစ်သည်။
မြောက်ပိုင်းဒေသကို သိမ်းပိုက်ပြီးနောက် မြောက်ပိုင်းပြည်နယ်၏ နယ်မြေသည် ကျူးနိုင်ငံတော်ထက် ကျော်လွန်သွားနိုင်သည်။ ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ် ဆက်လက်တိုးတက်လာပါက သူကိုယ်တိုင် ဧကရာဇ်အဖြစ် ကြေညာသောအခါ မည်သည့် ပြဿနာမှ ရှိမည်မဟုတ်ပေ။
ထိုအတွေးဖြင့် လုချန်း၏နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တက်သွားသည်။ ထို့နောက် ဝမ်ချင်းစီ၏ ရင်ခွင်ထဲသို့ ခေါင်းပြန်နှစ်လိုက်ပြီး မျက်လုံးများကိုပိတ်ကာအိပ်ပျော်သွားတော့သည်။
ထိုအချိန်တွင် ဝမ်ချင်းစီက
“ ထောက်လှမ်းရေးသတင်းတွေ အစီရင်ခံပြီးပါပြီ။ မင်းသားအနေနဲ့ အမိန့်တစ်စုံတစ်ရာ ရှိပါလား”
ဟု မေးလိုက်သည်။
လုချန်းက ဝမ်ချင်းစီ၏ရင်ခွင်ထဲမှ မေးလိုက်သည်။
“ချွမ်မိသားစု အခုတလော တစ်ခုခုလုပ်နေသလား။”
ဝမ်ချင်းစီက
“ချွမ်မိသားစုက အခုနောက်ပိုင်း အတော်လှုပ်ရှားနေသေးပေမဲ့ အရင်တုန်းကထက်တော့ နည်းနည်းပို ငြိမ်နေပါတယ်။”
လုချန်းက
“သူတို့ကို ဂရုတစိုက်စောင့်ကြည့်ထားပါ”
ဟု ပြောလိုက်သည်။
ဝမ်ချင်းစီက
“ဟုတ်ကဲ့ မင်းသား။”
လုချန်းက ဝမ်ချင်းစီ၏ရနံ့ကို ရှူရှိုက်လိုက်ပြီး
“ကောင်းပြီ။ အခြားအကြောင်းမရှိတော့ရင် နောက်ထပ်စကားမပြောတော့ဘူး။ မင်းရဲ့ရင်ခွင်ထဲမှာ အိပ်ခွင့်ပေးပါ”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားရသော ဝမ်ချင်းစီက အနည်းငယ်ပြုံးလိုက်ပြီး နောက်ထပ်စကားမပြောတော့ပဲ သူမ၏နုနယ်သောမေးစေ့ကို လုချန်း၏ခေါင်းနှင့် ထိထားကာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်မောင်းဖြင့် သူ့ကိုပွေ့ဖက်လိုက်သည်။
ဝမ်ချင်းစီ၏ နူးညံ့သောကိုယ်ခန္ဓာကို ပွေ့ဖက်ထားရင်း လုချန်း မကြာမီ အိပ်ပျော်သွားလေသည်။
အချိန်က လျင်မြန်စွာကုန်လွန်သွားပြီး မကြာမီ ကျောင်းယိုယို ကလေးမွေးဖွားရန် အချိန်ရောက်ရှိလာသည်။
လုချန်း အခုတလော မင်းသားစံအိမ် အပြင်မထွက်ခဲ့ပေ။ ထို့ကြောင့် ကျောင်းယိုယို ကလေးမွေးဖွားမည့်နေ့တွင် သူရှိနေပြီး မနက်စောစောကတည်းက သူမ၏ကလေးမွေးခန်းသို့ရောက်နေရှိကာ စောင့်ဆိုင်းနေခဲ့သည်။
လုချန်း သူမ၏အိပ်ရာဘေးတွင် ရပ်နေသည်ကို မြင်ရသော နောက်ပိုင်းတွင် ဖြစ်လာနိုင်သည့် အရာများနှင့်ပတ်သက်၍ ကျောင်းယိုယို အနည်းငယ်မျှ စိုးရိမ်မှုမရှိတော့ပေ။
ထိုအချိန်တွင် လင်ဝမ်ရွန်သည်လည်း ချူးယုချင်တို့နှင့်အတူ ကလေးမွေးခန်းအပြင်ဘက်တွင် ရပ်နေရင်း စိတ်ရှုပ်ထွေးနေသည်။ ယခုရက်များအတွင်း လုချန်းက သူမကို ကိုယ်ဝန်ရစေရန် အဆက်မပြတ်ကြိုးစားနေခဲ့သည်။
နောင်တွင် လုချန်း၏ကလေးများကို မွေးဖွား ပေးရမည်ကို တွေးမိသောအခါ လင်ဝမ်ရွန်၏ ပါးပြင်များ အနီရောင်သန်းလာပြီး မျက်နှာလည်း ပူလာသည်။
မဖြစ်နိုင်ပါ။ အဆိပ်ဖြေဆေးကို အမြန်ရှာဖွေပြီး ရွန်ရွန့်ကို ကယ်တင်ရမည်။ ထိုကောင် လေးအတွက် ကလေးမွေးဖွားရန် အာရုံမစိုက်နိုင်ပါ။ ဘယ်လောက်ကြာမှ ကိုယ်ဝန်ရလာမလဲဆိုတာကို မည်သူမျှမသိနိုင်ပါ။
ထိုအချိန်တွင် ဘေးနားတွင် ရပ်နေသော ချူးယုချင်က လင်ဝမ်ရွန်အား
“အစ်မလင်။ နင်ရဲ့မျက်နှာက ဘာလို့ဒီလောက်နီနေရတာလဲ”
ဟု မေးလိုက်သည်။
သတိပြန်ဝင်သော လင်ဝမ်ရွန်က လျင်မြန်စွာဖြင့်
“အိုး။ ဘာမှမဟုတ်ပါဘူး။ ဒီရက်ပိုင်းတွေမှာ သိုင်းပညာလေ့ကျင့်ရင်း နည်းနည်း အားစိုက်ထုတ်မိလို့ပါ”
ဟု ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားရသောအခါ ချူးယုချင်၏ မျက်လုံးများပြူးသွားပြီး စိတ်ရှုပ်ထွေးသွားသည်။
သိုင်းပညာလေ့ကျင့်ရင်း အားစိုက်ထုတ်မိတာလား။
ထို့နောက် ချူးယုချင်က လင်ဝမ်ရွန်၏လည်ပင်းတွင် ချူးချင်လီ၏ လည်ပင်းပေါ်ကအနီစင်းရာများနှင့် တူသော အနီစင်းရာ များစွာကို တွေ့မြင်ရပြီး
“အစ်မလင်။ နင်ဘာလို့ လေ့ကျင့်ရင်း အားစိုက်ထုတ်မိတာလဲ”
ဟု မေးလိုက်သည်။
အံ့အားသင့်သော လင်ဝမ်ရွန်က
“မင်းသားစံအိမ်မှာ အခြားသူတွေလည်း ဒီလိုဖြစ်ဖူးတာလား”
ဟု မေးလိုက်သည်။
ချူးယုချင်က
“ဟုတ်တယ်။ ချင်လီလည်း ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက လေ့ကျင့်ရင်း မကြာခဏ အားစိုက်ထုတ်မိတယ်။ သူရဲ့လည်ပင်းမှာလည်း အဲ့ဒီလို အနီစင်းတွေရှိတယ်။ လေ့ကျင့်ရင်း အားစိုက်ထုတ်မိတဲ့အမှတ်အသားတွေပေါ့”
ဟု ဖြေလိုက်သည်။
“ဒါအရမ်းထူးဆန်းတယ်။ အစ်မတို့နှစ်ယောက်လုံး အလွန်အကျွံ လေ့ကျင့်မိတဲ့အခါ ဘာလို့လည်ပင်းမှာ အနီစင်းတွေ အများကြီး ထင်ကျန်ရတာလဲ။”
ထိုစကားကို ကြားရသော လင်ဝမ်ရွန်နှင့် အနီးအနားရှိ ချူးချင်လီတို့ တုံ့ဆိုင်းသွားကြသည်။ သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရာ တစ်ဦး၏လည်ပင်းပေါ်ရှိ အမှတ်အသားများသည် အခြားတစ်ဦးနှင့် အတူတူပင်ဖြစ်နေသည်ကို တွေ့ရှိလိုက်ကြသည်။
ထိုအရာကို မြင်ရသောအခါ ချူးချင်လီ စိတ်ထဲတွင် မှတ်ချက်ချလိုက်သည်။ ထို ကာမဂုဏ်မက်မောသော လူငယ်က လင်ဝမ်ရွန်ကိုပင် အလွတ်မပေးခဲ့ပါ။
အတွင်းဆောင်ရှိ လှပသောမိန်းမများအားလုံးကို လုချန်းက စိတ်ဝင်စားနေပြီး မည်သူ့ကိုမှ အလွှတ်ပေးရန် ရည်ရွယ်ချက်မရှိဟု သူမသိလိုက်ရသည်။
သူမနှက့် လုချန်းကြားက အပေးအယူကိစ္စကို အရှိန်မြှင့်ပြီး သူမ၏အစ်မကို ကယ်တင်ရန် လိုအပ်သည်။
ယခုကာလ အတောအတွင်း သူမ၏ကြိုးပမ်းမှုများအရ လုချန်းနှင့် သဘောတူညီထားသည့် အကြိမ်ရေမှာ များစွာမကျန်တော့ပေ။ သူမ အရှိန်မြှင့်၍ လုပ်ဆောင်ရန် လိုအပ်သည်။
သူတို့၏ကိုယ်ခန္ဓာနှင့် နှလုံးသားများသည် လုချန်း၏လက်ချက်ဖြင့် ပုံသွင်းခံခဲ့ရသည်ကို အတွင်းစိတ်ထဲ၌ သိရှိနေသော်လည်း ချူးချင်လီနှင့် လင်ဝမ်ရွန်တို့သည် ထိုကိစ္စကို မစဉ်းစားတော့ပဲ ကလေးမွေးခန်းဘက်သို့ မျက်နှာပြန်လှည့်လိုက်ကြပြီး ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်ကြသည်။
........
အခန်း (၃၃၀)
ပဉ္စမမြောက် ကလေးဖွားမြင်ခြင်း (၁)
ကျောင်းယိုယို၏ မီးဖွားခန်းထဲ လုချန်းရောက်ရှိပြီး ခဏအကြာတွင် သူမ၏ ဝမ်းဗိုက် မရပ်မနား လှုပ်ရှားလာခဲ့သည်။
ထိုအချိန်တွင် ဝမ်းဆွဲသည်က
“မင်းသား။ သူမကြာခင် မီးဖွားပါတော့မယ်” ဟု သတိပေးလိုက်သည်။
လုချန်းက
“အင်း။ သိတယ်”
ဟု ပြန်ပြောလိုက်သည်။
ထို့နောက် လုချန်းက ကျောင်းယိုယို၏ လက်ကို ဆုပ်ကိုင်လိုက်ကာ ပြုံးရင်း
“ယိုယို။ ဘာမှမပူပါနဲ့။ မကြာတော့ဘူး”
ဟု ပြောလိုက်သည်။
ကျောင်းယိုယိုက အေးဆေးသော မျက်နှာဖြင့်
“မင်းသားရှိရင် ကျွန်မ မပူပါဘူး”
ဟု ပြောလိုက်သည်။
လုချန်း၏ မိန်းမအားလုံးသည် လုချန်း ထာဝရတန်ခိုးရှင် နည်းလမ်းကို အသုံးပြုနိုင်ကြောင်း သိရှိထားကြပြီး လုချန်း၏ အကူအညီကြောင့် မီးဖွားခြင်းက သူတို့အတွက် ခက်ခဲသည့် ကိစ္စမဟုတ်ကြောင်း မုကျိရွှမ်း၏ မီးဖွားမှုက သက်သေပြခဲ့သည်။
ကျောင်းယိုယို စကားပြောပြီးသည့်အချိန်တွင် သူမ၏ ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကျောင်းယိုယို၏ မျက်နှာအပြောင်းအလဲကို မြင်လိုက်ရသည်နှင့် လုချန်းလည်း အချိန်ကျပြီဟု သိလိုက်သည်။
လုချန်းက ချက်ချင်းပင် ပြန်လည်သန်စွမ်းစေသောစွမ်းအား ကို အသုံးပြုကာ အစိမ်းရောင် အားလှိုင်းတစ်ခုကို ကျောင်းယိုယို၏ ခန္ဓာကိုယ်ထဲသို့ ပို့လိုက်သည်။ ခဏအတွင်းမှာပင် သူမ ခံစားနေရသော နာကျင်မှုများ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် လုချန်းက သူမ၏ လက်ကို လွှတ်မပေးပဲ အတွင်းအားများကို ဆက်လက်ထည့်သွင်းပေးနေခဲ့သည်။ မကြာမီ အစိမ်းရောင် အားလှိုင်းများသည် သန္ဓေသားအနီးတွင် စုဝေးလာပြီး ဝန်းရံလိုက်သည်။
ကျောင်းယိုယို အားမစိုက်ရမီပင် ကလေးက သူမ၏ ခန္ဓာကိုယ်မှ ထွက်လာခဲ့ပြီး နောက်တခဏတွင် ကလေးငိုသံများ အခန်းတစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် ဝမ်းဆွဲသည်များက ကလေးကို ရေချိုးခြင်း၊ ချက်ကြိုးဖြတ်ခြင်း စသည့်ကိစ္စများကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။
အိပ်ရာထဲတွင် လဲလျောင်းနေသော ကျောင်းယိုယိုလည်း အံ့အားသင့်သွားခဲ့သည်။ နာကျင်မှုကို သူမ ခဏသာ ခံစားရပြီး ကလေးက ထွက်လာခဲ့သည်။
တကယ်ပဲ ဒီလောက် လွယ်ကူရလား။
လုချန်း ရှိနေလျှင် မီးဖွားရာ၌ နာကျင်မှုမရှိနိုင်ကြောင်း သူမသိသော်လည်း ယခုအကြိမ်က ယခင်ကထက် ပိုမိုလွယ်ကူသည်ဟု ထင်ရသည်။
ရိုးရိုးပြောရလျှင် ဝမ်းသွားရတာထက်တောင် ပိုလွယ်ခဲ့သည်။ ကလေးထွက်လာသည့်အခါ သူမ ဘာမှခံစားရခြင်းမရှိသလောက်ဖြစ်ခဲ့သည်။
ကျောင်းယိုယို၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ လုချန်းက
“ဘာဖြစ်သွားတာလဲ”
ဟု မေးလိုက်သည်။
ကျောင်းယိုယိုက
“မင်းသား... ကျွန်မ ကလေးမွေးပြီးသွားပြီလား”
ဟု အာရုံမကြည်လင်သေးသော အသံဖြင့် ပြန်ပြောလိုက်သည်။
လုချန်းသည် ပြုံးလိုက်ကာ
“ဘာလဲ။ ကိုယ်တို့ကလေးကို မင်းဗိုက်ထဲ ထပ်နေစေချင်တာလား။ ဆယ်လနီးပါးရှိပြီ။ ထွက်လာဖို့ အချိန်တန်ပြီ”
ဟု ပြောလိုက်သည်။
ထို့နောက် ကျောင်းယိုယိုက
“ကျေးဇူးတင်ပါတယ် မင်းသား”
ဟု အာရုံမကြည်လင်သေးသော အသံဖြင့် ဆက်ပြောလိုက်သည်။
လုချန်းက
“ဘာကျေးဇူးတင်စရာရှိလဲ။ မင်းက ကိုယ့်အမျိုးသမီး။ ဒါက ကိုယ်လုပ်သင့်တဲ့အရာပဲ” ဟု ပြောလိုက်သည်။
ထိုစကားကို ပြောနေစဉ် လုချန်းက သူ၏လက်ကို ကြည့်လိုက်ရင်း နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်လာ၏။ ပြန်လည်သန်စွမ်းစေသောစွမ်းအား နှင့်ပတ်သက်၍ သူ တစ်စစ ပိုမိုကျွမ်းကျင်လာပြီဟု မှတ်ချက်ချလိုက်သည်။
နှစ်မိနစ် မပြည့်သေးခင်မှာပင် ကျောင်းယိုယို၏ ကလေးထွက်လာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအားသည် သူ၏အမည်နှင့် ထိုက်တန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ နောင်တွင် ထိုစွမ်းအားကို သူတော်စင် သမားတော်ဟု အမည်ပေးသင့်သည်။
ထိုအချိန်တွင် စနစ်၏ အသံက လုချန်း၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
[ဂုဏ်ပြုပါတယ် သခင်။ ကလေးတစ်ဦး မွေးဖွားခြင်းအတွက် သစ္စာခံ အာဏာရှိ မိသားစုနှစ်စုကို ဆုအဖြစ်ချီးမြှင့်ပါသည်။ ယခုမှစ၍ ထိုမိသားစုနှစ်စုသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် အသက်ထက်ဆုံး အတူတကွ ရှိနေမည်ဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ဖွံ့ဖြိုးတိုးတက်ပါက သူတို့လည်း ဖွံ့ဖြိုးတိုးတက်မည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် ပျက်သုဉ်းပါက သူတို့လည်း ပျက်သုဥ်းမည်။ သူတို့သည် သခင့်အား မည်သည့်အခြေအနေတွင်မဆို နာခံမည်ဖြစ်သည်။]
[သခင့်တွင် ကလေးများလေလေ ဆုလာဘ်များလေလေ ဖြစ်သည်။ သခင် ကောင်းစွာလုပ်ဆောင်ပြီး မကြာမီ သခင့်၏ မျိုးဆက်များ ကမ္ဘာအနှံ့ရှိစေရန် ကြိုးစားပါ။]
စနစ်၏ အချက်ပြမှုကို ကြားလိုက်ရသည့်အခါ လုချန်း ခဏခန့် အံ့အားသင့်သွားခဲ့သည်။
ဒါဘာလဲ။
ဒီတစ်ခါ မိသားစုနှစ်ခုကို ဆုချခဲ့တာလား။
စစ်တပ်မဟုတ်ဘူးလား။ ပါရမီရှင်တွေလည်း မဟုတ်ဘူးလား။
အာဏာရှိ မိသားစုနှစ်ခုက သူ့အတွက် ဘာအသုံးဝင်မှာလဲ။ သူ အာဏာရှိ မိသားစုတွေကို ဘယ်လောက်မုန်းတီးတယ်ဆိုတာ သိနေတဲ့စနစ်က ဘာကြောင့် သူ့ကို မိသားစုတွေကို ဆုချမှာလဲ။
လုချန်း အတွေးထဲနစ်မြောနေစဉ် ဝမ်းဆွဲသည်က ကလေးကိုပိုက်ပြီး ရောက်လာခဲ့သည်။
“ဂုဏ်ယူပါတယ် မင်းသား။ မိန်းကလေးတစ်ဦး ဖွားမြင်ပါတယ်။”
လုချန်းသည် ယောက်ျားလေးများကိုသာ ပိုနှစ်သက်သည်မဟုတ်ဟု မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရှိ လူတိုင်းသိထားကြသည်။ အထူးသဖြင့် လုဟွမ်းဟွမ်းကို သူ၏နှစ်သက်မှုမှာ ထင်ရှားသည်။
ဝမ်းဆွဲသည်၏ စကားကို ကြားလိုက်ရတော့အခါ လုချန်း သတိပြန်ဝင်လာပြီး ကလေးကို ယူကာ သူမကို ပြုံးပြလိုက်သည်။ အသံကျယ်ကျယ်နှင့် ငိုနေသော မိန်းကလေးငယ်လည်း ရုတ်တရက် ငိုသံရပ်သွားခဲ့သည်။
ထို့နောက် လုချန်းက မိန်းကလေးငယ်ကို အိပ်ရာပေါ်တွင် ထားလိုက်သည်။ ထိုအချိန်တွင် ကျောင်းယိုယိုလည်း ဖြည်းဖြည်းချင်း ထိုင်လာကာ အိပ်ရာပေါ်ရှိ သူမ၏သမီးကို ကြည့်လိုက်သည်။
ကျောင်းယိုယိုက
“မင်းသား။ သူ့ကို နာမည်ပေးပေးပါဦး” ဟု ပြောလိုက်သည်။
လုချန်းက
“သူ့ကို လုလင်းရှိုး လို့နာမည်ပေးကြရအောင်”
ဟု ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျောင်းယိုယိုက
“လင်းရှိုး။လင်းရှိုး။ ကျက်သရေ မင်္ဂလာနှင့် မွေးဖွားလာသူ။ မင်းသားပေးတဲ့နာမည်က အရမ်းလှပါတယ်”
ဟု ပြောလိုက်သည်။
လုချန်းက ပြုံးပြလိုက်ပြီး သူ၏လက်ကို လုလင်းရှိုးအပေါ်တွင် ထားကာ ပြန်လည်သန်စွမ်းစေသောစွမ်းအား ကို အသုံးပြု၍ သူမတွင် ရောဂါများရှိမရှိ စစ်ဆေးကာ လိုအပ်ပါက ကုသပေးလိုက်သည်။
လုချန်းသည် ကျောင်းယိုယိုနှင့် အခန်းထဲတွင် နာရီဝက်ခန့် အတူနေပြီးနောက် စာကြည့်ခန်းသို့ ထွက်ခွာသွားခဲ့သည်။
စာကြည့်ခန်းထဲသို့ ဝင်ရောက်လိုက်သည်နှင့် သူရရှိခဲ့သော ဆုလာဘ်များကို စစ်ဆေးရန် စနစ်ကို ချက်ချင်းဖွင့်လိုက်သည်။
ထိုမိသားစုနှစ်စုကို စနစ်မှ သူ့အား ဆုအဖြစ်ပေးခဲ့ခြင်း ဖြစ်သောကြောင့် သူတို့၏ သစ္စာစောင့်သိမှုသည် ရာနှုန်းပြည့် ရှိမည်ဖြစ်သည်။ သူ၏ နယ်မြေတွင် အာဏာရှိ မိသားစုများ မရှိပဲနေရန် မဖြစ်နိုင်သလို မင်းဆက်တစ်ခုသည် မိသားစုကြီးများ ပေါ်ထွန်းလာမှုကို တားဆီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူ၏လူများကို ပိုမိုအားကောင်းစေရန် လုပ်ဆောင်ခြင်းက အကောင်းဆုံးဖြစ်သည်။
အနာဂတ်တွင် ထိုမိသားစုနှစ်စုကို အသုံးပြုနိုင်မည့် နည်းလမ်းများရှိနေသည်။ ထိုမိသားစုများကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အား ဆန့်ကျင်နေဟန်ဆောင်ခိုင်းပြီး အခြားပြဿနာဖန်တီးလိုသော အာဏာရှိ မိသားစုများကို ဆွဲဆောင်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။
ထိုအတွေးကြောင့် လုချန်း၏ စိတ်ထဲ အနည်းငယ် ပိုမိုသက်သောင့်သက်သာ ဖြစ်လာခဲ့သည်။ ထို့နောက် ထိုမိသားစုနှစ်စု၏ အချက်များကို စစ်ဆေးကြည့်လိုက်သည်။
[ချွမ်မိသားစု - ရှန်နိုင်ငံတော်၏ အကြွင်းအကျန်များ။ လူဦးရေ သုံးသောင်းရှိပြီး ဝူနိုင်ငံတော်၏ မြို့တော်တွင် အခြေစိုက်သည်။ လက်ရှိမိသားစုအကြီးအကဲဖြစ်သူမှာ ချွမ်တဟိုင် ဖြစ်သည်။ ဝူမင်းသမီးနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး အပြင်ပန်းတွင် ဝူမင်းသမီးကို ထောက်ခံထားသော်လည်း အမှန်တွင် ကံကြမ္မာ၏သားတော်(လုချန်း) အတွက်သာ အလုပ်လုပ်နေသည်။]
........