← Chapters

အခန်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အခန်း ၃၃၁-၃၃၃

Vol. 23 Ch. 331-333

အခန်း (၃၃၁)

ပဉ္စမမြောက် ကလေးမွေးဖွားခြင်း (၂)

[တုန်းဖန်မိသားစု - ရှန်းနိုင်ငံတော်၏ အာဏာရှိမိသာစုဖြစ်ပြီး လူဦးရေလေးသောင်းရှိသည်။ တုန်းဖန်မိသားစုသည် ရှနိုင်ငံ‌တော်ဆူဖုန်းမြို့တွင် အခြေစိုက်သည်။ လက်ရှိမိသားစုအကြီးအကဲမှာ တုန်းဖန်ယီ ဖြစ်သည်။ သူတို့သည် ဆွမ်ဧကရာဇ်နှင့် လျှို့ဝှက်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိထားပြီး တောင်ပိုင်းရှိ အာဏာရှိမိသားစုများကို ဖယ်ရှားပြီးနောက် ဆွမ်ဧကရာဇ်ထံ သစ္စာခံရန် အစီအစဉ်ရှိသည်။ သို့သော် အမှန်တွင် သူတို့သည် ကံကြမ္မာသားတော်အတွက်သာ အမှုထမ်းနေသည်။]

[အဓိကမိသားစုနှစ်စု၏ အကြီးအကဲများနှင့် မိသားစုဝင်များအားလုံးသည် သခင့်အား ကံကြမ္မာသားတော်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်သည်။ သူတို့ထံ တိုက်ရိုက်အမိန့်ပေးရန် အခွင့်အရေးတစ်ကြိမ် သခင့်တွင်ရှိသည်။ မည်သည့်အမိန့်ကို ပေးလိုပါသနည်း။]

မိမိရှေ့တွင် ပေါ်လာသော စနစ်အချက်ပြမှုကို မြင်လိုက်ရသည့်အခါ လုချန်းလည်း သူ၏ မျက်နှာပေါ်မှ အပြုံးကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ရသည်။ အကြောင်းမှာ တုန်းဖန်မိသားစုနှင့် ချွမ်မိသားစုတို့သည် သူ၏လူများဖြစ်နေသောကြောင့်ဖြစ်သည်။ ဝူကျန်းဝမ်နှင့် သူ၏ဖခင်တို့ပင် ဤအချက်ကို မျှော်လင့်မထားဟန် မတူပေ။

သူ့အတွက် အံ့သြစရာအကောင်းဆုံးမှာ တုန်းဖန်မိသားစုပင်ဖြစ်သည်။ တုန်းဖန်မိသားစုသည် အမှန်တကယ်ပင် ဆွမ်ဧကရာဇ်နှင့် သဘောတူညီမှု ရရှိထားသည်။ ကျူးကဲ့ကျုံကောင်း၏ သတိပေးချက်များအရ တောင်ပိုင်းအာဏာရှိမိသားစုများတွင် သစ္စာဖောက်များရှိမည်ဟု သူခန့်မှန်းထားပြီး တုန်းဖန်မျိုးနွယ်ဖြစ်နိုင်သည်ဟုလည်း သံသယရှိခဲ့သော်လည်း သေချာပေါက် မပြောနိုင်ခဲ့ပေ။

ယခု စနစ်အချက်ပြမှုပေါ်လာပြီးနောက် ထိုအချက်ကို ရာနှုန်းပြည့် ယုံကြည်နိုင်ပြီဖြစ်သည်။ သို့သော် ဆွမ်ဧကရာဇ်အတွက် ဝမ်းနည်းစရာမှာ သူတို့သည် လုချန်း၏ လူများဖြစ်နေခြင်းပင်ဖြစ်သည်။

တုန်းဖန်မိသားစု သူ့ဘက်တွင်ရှိနေသည်ကို သူ၏ဖခင်ဧကရာဇ်သိရှိပါက မည်သို့တုံ့ပြန်မည်နည်းဟု သူစဉ်းစားမိသည်။

ထိုသို့စဉ်းစားရင်း လုချန်းက စနစ်အား

“သူတို့ကို လက်ရှိအနေအထားအတိုင်း ဆက်လက်ရှိနေစေဖို့ အမိန့်ပေးပါ။ နောက်ပြီးမိသားစုနှစ်စုက လူတွေကို အမြန်ဆုံး ကျွန်တော်နှင့်ဆက်သွယ်ဖို့ ပြောပါ” ဟု ပြောလိုက်သည်။

လုချန်း၏စကားသံပြီးသည်နှင့် တစ်ပြိုင်နက် စနစ်၏အချက်ပြမှုသံ ထပ်မံကြားလိုက်ရသည်။

[တုန်းဖန်မိသားစုနှင့် ချွမ်မိသားစုတို့သည် သခင့်၏အမိန့်ကို လက်ခံရရှိပြီးဖြစ်သည်။]

ထိုအတောအတွင်း...

မိုးစက်ရဲတိုက်။

အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဝမ်ချင်းစီသည် အဝေးမှ ရှုခင်းကို ငေးကြည့်နေပြီး သူမ၏ရှေ့တွင် ဝဖိုင့်ဖိုင့် သက်လတ်ပိုင်း လူတစ်ဦး ထိုင်နေသည်။

ဝမ်ချင်းစီက

“ကျွန်မ အံ့သြမိတယ် ဥက္ကဋ္ဌချွမ်။ ရှင်က မင်းသားစံအိမ်ကို စိတ်ဝင်စားနေရင် သူတို့နှင့် ဘာလို့တိုက်ရိုက် မဆက်သွယ်ရတာလဲ။ ဘာကြောင့် မင်းသားစံအိမ်ရဲ့ အကြောင်းတွေကို ကျွန်မဆီ လာမေးနေရတာလဲ” ဟု ပြောလိုက်သည်။

ဝမ်ချင်းစီ၏စကားကို ကြားပြီးနောက် ချွမ်တဟိုင် အဖြေပေးရန် ပြင်ဆင်လိုက်စဉ် သူ၏ဦးနှောက်ထဲသို့ အချက်အလက်များ ရုတ်တရက်ဝင်ရောက်လာသည်။

ချွမ်တဟိုင် ခဏမျှ တုန်လှုပ်သွားပြီး သူ၏ မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။ မြောက်ပိုင်းနယ်စားမင်းသားဖြစ်နိုင်သည်ဟု အတော်ကြာကြာကတည်းက သူသံသယရှိခဲ့၏။ ထို့ကြောင့် သူ့အကြောင်းကို အပြင်းအထန်စုံစမ်းနေခဲ့သည်။ အခုတော့ သူ၏သခင်မှာ အမှန်ပင် မြောက်ပိုင်းမင်းသားပင်ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

ယခု သူ၏သခင်ကို သိရှိပြီးဖြစ်သဖြင့် မိုးစက်ရဲတိုက်နှင့် ဆက်လက်ဆွေးနွေးပြီး အချိန်ဖြုန်းစရာ မလိုတော့ပေ။ ချွမ်တဟိုင်က ထရပ်လိုက်ကာ

“ဝမ်မိန်းက‌လေး။ ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ရှိနေတာကို အခုမှ ရုတ်တရက် သတိရသွားတယ်။ ကျွန်တော်ကို ခွင့်ပြုပါဦး။ ကျွန်တော်ပြောခဲ့တာ‌တွေကို မကြားခဲ့သလို သဘောထားပေးပါ” ဟု ပြောလိုက်သည်။

ထိုစကားပြောပြီးနောက် ချွမ်တဟိုင်လည်း အဆောက်အဦးပေါ်မှ ဆင်းသွားတော့သည်။

ချွမ်တဟိုင် အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ချင်းစီ ဇဝေဇဝါ ဖြစ်သွားသည်။ ဘာကိစ္စများ ဖြစ်နေပါလိမ့်။

ချွမ်တဟိုင်ကို ထိခိုက်စေနိုင်သည့် စကားတစ်ခုမှ ပြောမိသည်ဟု သူမ မထင်ပါ။ သူ ဘာကြောင့် ရုတ်တရက် ထွက်သွားရတာလဲ။ အပြန်အလှန်အားဖြင့် သူမကလည်း ဝူနိုင်ငံတော်အကြောင်း ချွမ်တဟိုင်ထံမှ မေးမြန် ရည်ရွယ်ထားသည်။ သို့သော် စကားစပြောပြီး မကြာခင်ပင် သူက ပြန်ထွက်သွားပြီဖြစ်သည်။

ဝမ်ချင်းစီ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။ ချွမ်တဟိုင် မိုးစက်ရဲတိုက်မှ အလျင်အမြန် ထွက်ခွာရခြင်းမှာ အလွန်အရေးကြီးသော အကြောင်းတစ်ခုခုကြောင့် ဖြစ်နိုင်သည်။ ထိုသတင်းကို လုချန်းထံ အမြန်ဆုံး ပြန်လည်အကြောင်းကြားရန် လိုအပ်သည်။

ထိုအတွေးများ ဖြတ်သန်းသွားပြီးနောက် ဝမ်ချင်းစီလည်း ချက်ချင်းထပြီး မင်းသားစံအိမ်သို့ ပြန်ရန် အသင့်ပြင်လိုက်သည်။

ထိုအချိန်တွင်ပင်။

အဆောင်တစ်ဆောင်အတွင်း။

တုန်းဖန်လုံယွဲ့သည် အဆောင်ငယ်တစ်ခုထဲတွင် ပန်းချီဆွဲနေသည်။ ထိုစဉ် သူမ၏စိတ်များ ရုတ်တရက် ဗလာဖြစ်သွားပြီး လက်ကလည်း တုန်လှုပ်သွားကာ စုတ်ချက်တစ်ချက်မှားသွားပြီး ပန်းချီကားတစ်ခုလုံး ပျက်စီးသွားသည်။

အကယ်၍ ထိုနေရာတွင် တစ်စုံတစ်ဦးရှိပါက ပန်းချီကားထဲရှိလူသည် မြောက်ပိုင်းနယ်စားမင်းသားဖြစ်ကြောင်း သတိထားမိမည်မှာ သေချာသည်။

တုန်းဖန်လုံယွဲ့ အတန်ကြာအောင် ရပ်တန့်နေပြီး သတိပြန် မလည်သေးပေ။ အိမ်ရှေ့မင်းသားကို ရှောင်ရှားရန်နှင့် တုန်းဖန်မိသားစု၏ လုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် သူမ လုပ်ဆောင်ခဲ့သည်က ကံကြမ္မာ၏သားတော်နှင့် တွေ့ဆုံမိခြင်း ဖြစ်နေသည်။

ကံကြမ္မာ၏သားတော်က မြောက်ပိုင်းနယ်စားမင်းသား ဖြစ်နေပါလား။

ဒါက...

အလွန်အံ့သြစရာ မရှိလှပါ။

မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီးကတည်းက မြောက်ပိုင်းနယ်စားမင်းသားသည် မြောက်ပိုင်းဒေသရှိ လွင်ပြင်ဒေသ မျိုးနွယ်စုများကို အောင်နိုင်ခဲ့သည်သာမက မြောက်ပိုင်းပြည်နယ်သို့ ဆန်းပြားသည့်အရာများစွာကို ယူဆောင်လာခဲ့သည်။ အရေးအကြီးဆုံးမှာ မြောက်ပိုင်းပြည်နယ်ရှိ ပြုပြင်ပြောင်းလဲမှုများသည် ဤခောတ်ကမ္ဘာနှင့် လုံးဝမကိုက်ညီခြင်းပင် ဖြစ်သည်။

တုန်းဖန်လုံယွဲ့ သတိပြန်လည်လာသောအခါ သူမ၏ရှေ့တွင်ရှိသော ပုံတူကို ကြည့်လိုက်သည်။

သူမသည် ယနေ့ ပန်းချီဆွဲလိုစိတ်ဖြစ်ပေါ်လာသဖြင့် ရိုးရိုးလေးပင် စမ်းသပ်ရေးဆွဲကြည့်မိသည်။ သို့သော် သူမ၏ပန်းချီကားထဲတွင် မြောက်ပိုင်းနယ်စားမင်းသား၏ ပုံတူသာ ပေါ်လာခဲ့သည်။

မိုးကောင်းကင်သည် သူမ၏ဆန္ဒကို ညွှန်ပြနေသည်ဟု ထင်ရသည်။

တုန်းဖန်လုံယွဲ့က အစေခံမိန်းမကို လှမ်းပြောလိုက်သည်။

“အသင့်ပြင်ထားပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် သွားမယ်။”

“ဟုတ်ကဲ့ သခင်မ။”

လုချန်း စာကြည့်ခန်းအတွင်း ခဏနေပြီးနောက် အစေခံမိန်းမ၏ အသံကို စာကြည့်ခန်းတံခါးဝတွင် ကြားလိုက်ရသည်။

“မင်းသား။ ချွမ်ဟိုင် ကုန်သည်အုပ်စုရဲ့ ဥက္ကဋ္ဌ လာရောက်တွေ့ဆုံလိုပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက အေးဆေးစွာ ပြောလိုက်သည်။

“သူ့ကို စာကြည့်ခန်းထဲခေါ်လာခဲ့ပါ။”

မကြာမီ ချွမ်တဟိုင် လုချန်း၏ စာကြည့်ခန်းထဲ့သို့ ရောက်ရှိလာသည်။ လုချန်းကို မြင်လိုက်ရသောအခါ ချွမ်တဟိုင်က အလျင်အမြန် ဒူးထောက်လိုက်ကာ ဂါရဝပြုလိုက်သည်။

“အညတရ ကုန်သည်လူတန်းစား ချွမ်တဟိုင် မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ထောင်ချီ အသက်ရှည်ပါစေ။”

လုချန်းက ပြန်ပြောလိုက်သည်။

“ထပါ။”

ချွမ်တဟိုင်က ထလာပြီးနောက်

“မင်းသားကို ကျေးဇူးတင်ပါတယ်။”

လုချန်းက အချိန်ဖြုန်းရန် ရည်ရွယ်ချက်မရှိပဲ တိုက်ရိုက်ပြောလိုက်သည်။

“ဥက္ကဋ္ဌ ချွမ်။ ခင်ဗျားရဲ့ ကုန်သည်လုပ်ငန်းကျွမ်းကျင်မှုကို ကျွန်တော်ကြားပါတယ်။ ဒီမှာ အစိုးရရာထူးတစ်ခု ရှိတယ်။ ခင်ဗျား စိတ်ဝင်စားလား။”

ထိုစကားကို ကြားလိုက်ရသောအခါ ချွမ်တဟိုင်က ပြုံး၍ ပြောလိုက်သည်။

“မင်းသားဟာ ကျွန်တော်တို့ ချွမ်မိသားစုရဲ့ သခင်ဖြစ်ပါတယ်။ မင်းသား ဘာပဲခိုင်းခိုင်း လုပ်ပေးပါမယ်။”

လုချန်းက ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆို ကုန်သွယ်ရေးဝန်ကြီးရာထူး ခင်ဗျားကိုပေးမယ်။ ဒါပေမဲ့ ဝူနိုင်ငံတော်နဲ့ပတ်သက်တဲ့ အခြေအနေကို ဘယ်လိုဖြေရှင်းမလဲ။”

ချွမ်တဟိုင်က

“မင်းသား သိချင်မှသိလိမ့်မယ်။ ဝူမင်းသမီးက ချွမ်ဟိုင် ကုန်သည်အုပ်စုကို မြောက်ပိုင်းပြည်နယ်ထဲ ထိုးဖောက်ပြီး ထောက်လှမ်းရေးလုပ်ဖို့ အရမ်းစိတ်ဝင်စားနေတာ။”

“ကျွန်တော် ကုန်သွယ်ရေးဝန်ကြီး ဖြစ်ရင် မြောက်ပိုင်းပြည်နယ်ရဲ့ နန်းတွင်းအဖွဲ့ဝင်ဖြစ်မှာမိုလို့ ဝူမင်းသမီးက ပိုတောင် စိတ်လှုပ်ရှားနေမှာ။”

“ပြီးတော့ ချွမ်မိသားစုက ဝူနိုင်ငံတော်မှာ ရှိနေသေးတော့ သူက ကျွန်တော့်ကို သံသယမဖြစ်နိုင်ဘူး။”

ခဏစဉ်းစားပြီးနောက် လုချန်းက ဆက်ပြောလိုက်သည်။

“ဒါကတော့ မလုံခြုံသေးဘူး။ ချွမ်မိသားစုကို အရင်ဆုံး မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ဖို့ နည်းလမ်းရှာပါ။ အဲ့ဒီနောက်မှ ကုန်သွယ်ရေးဝန်ကြီးရာထူး ခင်ဗျားကိုလွှဲပေးမယ်။”

လုချန်းစိုးရိမ်နေသည်မှာ အချိန်ကြာလာသည်နှင့်အမျှ ဝူကျန်းဝမ် အရိပ်အမြွက်သိလာပြီး ချွမ်မိသားစုကို တိုက်ရိုက်အန္တရာယ်ပြုမည်ကိုဖြစ်သည်။

ထို့နောက် လုချန်းက မေးလိုက်သည်။

“ချွမ်မိသားစုအတွက် မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ဖို့ အခက်အခဲတစ်စုံတရာ ရှိနိုင်လား။”

ချွမ်တဟိုင်က ဆက်ပြောလိုက်သည်။

“မင်းသား။ ချွမ်မိသားစုအတွက် ဝူနိုင်ငံတော်မှ ထွက်ခွာဖို့ အခက်အခဲ နည်းနည်းမှ မရှိပါဘူး။ ချွမ်ဟိုင် ကုန်သည်အုပ်စုအပေါ် မြောက်ပိုင်းပြည်နယ်က ယုံကြည်မှုရစေဖို့ ဝူမင်းသမီးက ချွမ်မိသားစုကို မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့စေချင်နေတာ ကြာပါပြီ။”

လုချန်းက ပြုံး၍ ပြောလိုက်သည်။

“သူက ခင်ဗျားကို ဒီလောက်ယုံကြည်နေတာလား။ ခင်ဗျားက သူ့ကို သစ္စာဖောက်မှာကို မကြောက်ဘူးလား။”

ချွမ်တဟိုင်က ဖြေလိုက်သည်။

“သူက ချွမ်မိသားစု ပြောင်းရွှေ့တာကို သဘောတူနိုင်ပေမဲ့ ကျွန်တော့်သား နှစ်ယောက်ကိုတော့ ဝူနိုင်ငံတော်က ချွမ်ဟိုင် ကုန်သည်အုပ်စုမှာ ဓားစာခံအနေနဲ့ ထားခဲ့ရမှာပါ။ ပြီးတော့ ဝူမင်းသမီးမှာ အလွန်ကြီးမားတဲ့ လုပ်ကြံရေးအဖွဲ့တစ်ခု ရှိနေတော့ ကျွန်တော်တို့ သစ္စာဖောက်မှာကို သူလုံးဝမစိုးရိမ်ပါဘူး။”

ချွမ်ဟိုင် ကုန်သည်အုပ်စုသည် အပြင်ပန်းအားဖြင့် ချွမ်မိသားစုက ပိုင်ဆိုင်သော်လည်း အမှန်တကယ် ထိန်းချုပ်ထားသူမှာ ဝူကျန်းဝမ်ဖြစ်ပြီး ချွမ်ဟိုင် ကုန်သည်အုပ်စု၏ ဌာနချုပ်သည်လည်း ဝူနိုင်ငံတော်တွင်ရှိသည်။ အရေးအကြီးဆုံးမှာ ချွမ်ဟိုင် ကုန်သည်အုပ်စုက ချွမ်မိသားစု၏ ချမ်းသာကြွယ်ဝမှုများကို ထိန်းချုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ချွမ်မိသားစုတစ်ခုလုံး အခြားနိုင်ငံသို့ ပြောင်းရွှေ့သွားသည်တိုင်

ချွမ်မိသားစု သစ္စာဖောက်မည်ကို ဝူကျန်းဝမ် မကြောက်ပါ။

ချမ်းသာကြွယ်ဝမှုကို ချစ်မြတ်နိုးသည့် ချွမ်တဟိုင်သည် ချွမ်ဟိုင် ကုန်သည်အုပ်စုရှိ သူ၏ ပိုင်ဆိုင်မှုများအား စွန့်လွှတ်မည်မဟုတ်ဟု သူမယုံကြည်သည်။ ထို့ပြင် သူ၏သားနှစ်ဦးကို ဝူနိုင်ငံတော်ရှိ ချွမ်ဟိုင် ကုန်သည်အုပ်စုက ထိန်းသိမ်းထားမည်ဖြစ်ရာ ချွမ်တဟိုင်နှင့် ချွမ်မိသားစုအပေါ် သူမ အလွန်ယုံကြည်မှုရှိသည်။

လုချန်းက

“ဒါဆို ပြန်သွားပြီး ချွမ်မိသားစုကို အမြန်ဆုံး ဒီကိုပြောင်းရွှေ့ဖို့ စီစဉ်လိုက်ပါ။”

လုချန်း၏စကားသံ မပျောက်မီမှာပင် စာကြည့်ခန်းတံခါးဝမှ အစေခံ၏အသံကို ထပ်မံကြားလိုက်ရသည်။

“မင်းသား။ ဝမ်မိန်းကလေး ရှာနေပါတယ်။”

လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“အထဲကို ခေါ်လာခဲ့ပါ။”

နောက်ခဏအကြာတွင် ဝမ်ချင်းစီ အတွင်းသို့ဝင်လာသည်။ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် လုချန်းအား ချွမ်တဟိုင်နှင့်ပတ်သက်သော အကြောင်းကို အမြန်အကြောင်းကြားရန် ပြင်ဆင်လိုက်သည်။

“မင်းသား။ ချွမ်တဟိုင်က ခုနက...”

ဝမ်ချင်းစီ၏စကားမဆုံးနိုင်မီ ရုတ်တရက် ရပ်တန့်သွားလိုက်သည်။

အကြောင်းမှာ သူမရှေ့တွင် ချွမ်တဟိုင် ကိုယ်တိုင်ရှိနေသောကြောင့်ဖြစ်သည်။

ပြုံးရယ်ကာ ချွမ်တဟိုင်က ပြောလိုက်သည်။

“ဒါဆို ဝမ်မိန်းကလေးကလည်း မင်းသားရဲ့လူပါလား။ မိုးစက်ရဲတိုက် ဒီအချိန်လောက်အတွင်း အလျင်အမြန်တိုးတက်လာနိုင်တာ အံ့သြစရာ မရှိတော့ဘူး။”

ဝမ်ချင်းစီ အနည်းငယ် ရှုပ်ထွေးသွားသည်။

ချွမ်တဟိုင်၏ ညွှန်းဆိုချက်အရ သူသည်လည်း လုချန်း၏လူဖြစ်နေတာလား။

လပေါင်းများစွာ မိုးစက်ရဲတိုက်နှင့် ချွမ်ဟိုင် ကုန်သည်အုပ်စုတို့သည် တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဆိုင်နေခဲ့ကြပြီး နောက်ဆုံးတွင် အားလုံးက တစ်ဖွဲ့တည်းဖြစ်ကြောင်း သိရှိလိုက်ရသည်။

ဝမ်ချင်းစီက လုချန်းဘက်သို့လှည့်ကာ ပြောလိုက်သည်။

“မင်းသား။ ကျေးဇူးပြုပြီး ကျွန်မကို ဒီလိုလှည့်စားမှုမျိုးတွေ မလုပ်ပါနဲ့။”

........

အခန်း (၃၃၂)

ရှနိုင်ငံတော်ကို ဖြတ်သန်းသွားသော မုန်တိုင်း (၁)

ဝမ်ချင်းစီ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။ မိုးစက်ရဲတိုက်ကို ဦးဆောင်ကာ ချွမ်ဟိုင် ကုန်သည်အုပ်စုနှင့် အဆက်မပြတ် ယှဉ်ပြိုင်နေရသည်မှာ သူမအတွက် အင်မတန် ပင်ပန်းစရာကောင်းသည်။ ထိုကုန်သည်အုပ်စု၏ ထောက်လှမ်းရေး အချက်အလက်များကို ရယူရန် အစီအမံမျိုးစုံ ကြံစည်ပြီးအခါမှ ချွမ်တဟိုင်က လုချန်း၏ လူယုံတစ်ဦးဖြစ်နေသည်ကို သိလိုက်ရသည်။

လုချန်းက သူမကို အဘယ်ကြောင့် စောစောစီးစီး မပြောပြခဲ့တာလဲ။ လုချန်းက သူမကို မယုံကြည်သောကြောင့် ဤအချက်ကို မပြောပြဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူမကို စမ်းသပ်ရန် လုချန်းက ချွမ်တဟိုင်ကို စေလွှတ်ခဲ့ပုံလည်းရသည်။

ဝမ်ချင်းစီ မကျေမနပ်ဖြစ်နေသည်ကို မြင်သော လုချန်းက ပြုံးရင်း ပြောလိုက်သည်။ “ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့မှပဲ ချွမ်တဟိုင်က ကျွန်တော့်လူဖြစ်နေတယ်ဆိုတာ သိရတာပါ မိန်းကလေးဝမ်။”

ဒါက...

လုချန်း၏ စကားကို ကြားလိုက်ရသော ဝမ်ချင်းစီ ခဏခန့် တုန်လှုပ်သွားသည်။

ဒီနေ့မှပဲ သိရတာလား။

သူမကို အရူးတစ်ယောက်ထင်ပြီး လှည့်စားနေတာလား။ ချွမ်တဟိုင်က သူ့လူဖြစ်နေတယ်ဆိုတာကို သူက အခုမှသာ သိတာလား။

ထိုအချိန်တွင် ချွမ်တဟိုင်က ဝမ်ချင်းစီအား ပြောလိုက်သည်။

“မင်းသား ပြောတာမှန်ပါတယ် ဝမ်မိန်းကလေး။ ကျွန်တော်လည်း ဒီနေ့မှပဲ မင်းသားဟာ ကျွန်တော့်သခင်ဖြစ်နေတယ်ဆိုတာ သိရတာ။”

“အရင်က ကျွန်တော် ဝမ်မိန်းက‌လေးဆီက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အကြောင်းတွေ မေးမြန်းခဲ့တာက ကျွန်တော့်သံသယကို အတည်ပြုချင်တာ အဓိကပါ။”

ဝမ်ချင်းစီက လုချန်းကို သံသယဖြင့် ကြည့်လိုက်သည်။ ချွမ်တဟိုင်ကို သူ့လူဟု လုချန်းက ပြောနေ‌သော်လည်း ဒီနေ့မှသာ သိရသည်ဟု ဆိုသည်။ လုချန်းနှင့် ချွမ်ဟိုင် ကုန်သည်အုပ်စုတို့အကြား ယခင်က ဆက်သွယ်မှုမရှိဘူးလို့ ဆိုလိုချင်တာလား။ ဒါဆိုရင် ချွမ်တဟိုင်က လုချန်းရဲ့လူ ဘယ်လိုဖြစ်လာတာလဲ။

ဝမ်ချင်းစီ၏ အတွေးများ ဇဝေဇဝါဖြစ်သွားသည်။ သို့သော် နောက်ဆုံးတွင် လုချန်း၏စကားကိုသာ ယုံကြည်လိုက်သည်။ သူမအား စမ်းသပ်ရန် အကြောင်းမရှိဟု သူမခံစားမိသည်။ မိုးစက်ရဲတိုက်ကို အထူးကိုယ်ရံတော်များက အမြဲစောင့်ကြည့်နေသည်ကို သူမ သတိရလိုက်သည်။

ထိုအချိန်တွင် ချွမ်တဟိုင်က အလိုက်သိစွာ ပြောလိုက်သည်။

“မင်းသား။ အခြားကိစ္စမရှိလျှင် ကျွန်တော့်ကို ခွင့်ပြုပါ။”

လုချန်းက

“အင်း။ ကောင်းပါပြီ”

ဟု ပြန်ပြောလိုက်သည်။

ချွမ်တဟိုင် စာကြည့်ခန်းမှ ထွက်သွားပြီးနောက် လုချန်းက ပြုံးရွှင်သော မျက်နှာဖြင့် ဝမ်ချင်းစီကို ကြည့်ကာ ပြောလိုက်သည်။

“ချွမ်တဟိုင် ကိုယ့်လူဖြစ်နေတယ်ဆိုတာ ကြားတော့ ကိုယ်ကသူ့ကို မင်းကိုစမ်းသပ်ဖို့ လွှတ်လိုက်တယ်လို့ ထင်သွားတာလား။”

ဝမ်ချင်းစီက နှုတ်ခမ်းကို စူပြီး ဘာမှမပြောပဲ နေလိုက်သည်။ အစတုန်းက သူမ အဲဒီလို ထင်မိခဲ့သည်။ သို့သော် နောက်တော့ လုချန်း ဆီမှာ သူမကို စမ်းသပ်ဖို့ အကြောင်းမရှိဟု သဘောပေါက်လိုက်သည်။

သူမ၏ ခန္ဓာနှင့် စိတ်နှစ်ခုလုံးသည် လုချန်း၏ ပုံသွင်းခြင်းကို ခံထားရပြီးဖြစ်သည်။ စမ်းသပ်စရာ ဘာမှ မကျန်တော့ပေ။

ထိုအချိန်တွင် လုချန်းက ရှင်းပြလိုက်သည်။ “ချွမ်ဟိုင် ကုန်သည်အုပ်စုရဲ့ အခြေအနေက နည်းနည်း ထူးဆန်းတယ်။ ကိုယ်လည်း ဒီနေ့မှပဲ ချွမ်တဟိုင်က ကိုယ့်လူဖြစ်နေတယ်ဆိုတာ သိရတာ။ မင်းကိုစမ်းဖို့ လွှတ်လိုက်တာ မဟုတ်ဘူး။ မင်း စိတ်ချလို့ရတယ်။”

စိတ်ဝင်စားမှုများနှင့် ပြည့်နေသော ဝမ်ချင်းစီက

“မင်းသားက ချွမ်တဟိုင် မင်းသားရဲ့ လူဖြစ်နေတာကို ဒီနေ့မှ ဘာကြောင့်သိရတာလဲ”

ဟု မေးလိုက်သည်။

လုချန်းက ရယ်မောလိုက်ကာ

“မင်းသားစံအိမ်မှာ ဒီလောက်ကြာအောင် နေခဲ့တော့ မင်းလည်းကိုယ့်ရဲ့ ထာဝရတန်ခိုးရှင်ဆရာသခင်အကြောင်း သိပြီးသားဖြစ်မယ်ထင်တယ်။”

လုချန်းသည် ထာဝရတန်ခိုးရှင်၏ ကံကြမ္မာဖြင့် ကောင်းချီးပေးခြင်းခံရသူဖြစ်ကြောင်း သူနှင့် အတူအိပ်ရာဝင်ပြီး နတ်ဘုရားစွမ်းရည်များဖြင့် ကုသမှုခံယူဖူးသော မင်းသားစံအိမ်၏ အတွင်းဆောင်ရှိ အမျိုးသမီးအားလုံးနီးပါး ယုံကြည်ကြသည်။

အတွင်းဆောင်ရှိ အမျိုးသမီးများသာမက မြောက်ပိုင်းပြည်နယ်၏ စစ်သည်များပါ လုချန်းသည် ထာဝရတန်ခိုးရှင်၏ ကာကွယ်မှုခံယူထားသော ကံကြမ္မာသားတော်ဖြစ်ကြောင်း အခိုင်အမာယုံကြည်ကြသည်။

လုချန်း၏စကားကို ကြားလိုက်ရသော ဝမ်ချင်းစီ တဒင်္ဂမျှ တုန်လှုပ်သွားပြီး မြန်မြန်ဆန်ဆန် ကောက်ချက်ချလိုက်သည်။

“ဒါဆို ချွမ်တဟိုင်က မင်းသားအတွက် ထာဝရတန်ခိုးရှင်ဆရာသခင်က စီစဉ်ပေးထားတဲ့လူလား။”

ဝမ်ချင်းစီက တွေးလိုက်သည်။ လုချန်းက ချွမ်တဟိုင်ကို သူ၏လူအဖြစ် အခုမှသိရသည်မှာ အကြောင်းရှိသည်။ ချွမ်တဟိုင်သည် ယခင်က လုချန်းနှင့် ဆက်သွယ်မှုမရှိခဲ့ဟု ဆိုလိုသည်။ ထို့ကြောင့် နှစ်ဦးစလုံးက တစ်ဦးကိုတစ်ဦး မသိခဲ့ကြခြင်းဖြစ်သည်။ ချွမ်တဟိုင်သည် လုချန်း၏ ထာဝရတန်ခိုးရှင်ဆရာသခင်က စီစဉ်ပေးထားသူ ဆိုပါက အရာအားလုံး အကျိုးအကြောင်း ဆီလျော်သွားသည်။

ဝမ်ချင်းစီ၏စကားကို ကြားပြီးနောက် လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“မင်းမှန်တယ်။ ချွမ်တဟိုင်ဟာ ကိုယ့်ရဲ့ ဆရာသခင်က စီစဉ်ပေးထားတဲ့ လူတော်တစ်ဦးပါပဲ။ သူ့လိုပဲ အခြားသူတွေလည်း အများကြီးရှိသေးတယ်။”

ဝမ်ချင်းစီက

“ကျွန်မ အံ့ဩမိတာက ချွမ်တဟိုင် မကြာ သေးခင်က မင်းသားအကြောင်း မေးမြန်းနေတာကိုပါ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ အချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတယ်လို့ စိုးရိမ်မိခဲ့တယ်။ အခုမှ သူ့သခင်ဟာ တကယ်ပဲ မင်းသားဟုတ်မဟုတ် အတည်ပြုနေတာလို့ သိရတာ”

ဟု ပြောလိုက်သည်။

ထိုစကားနှင့်အတူ ဝမ်ချင်းစီ၏ စိတ်များလည်း အတော်လေး သက်သောင့်သက်သာဖြစ်သွားသည်။ လုချန်းက သူမအပေါ် သံသယမရှိဘူးဆိုလျှင် လုံလောက်သည်။ သူက သူမကို ယုံကြည်နေဆဲဖြစ်သည်။

ထို့နောက် ဝမ်ချင်းစီက

“ အခြားကိစ္စမရှိလျှင် ကျွန်မကို ခွင့်ပြုပါဦး” ဟု ပြောလိုက်သည်။

လုချန်းက အေးဆေးစွာဖြင့်

“အင်း။ သွားလို့ရပြီ”

ဟု ပြန်ပြောလိုက်သည်။

ယနေ့တွင် လုချန်း တည်ငြိမ်နေပြီး စာကြည့်ခန်းတွင် မသင့်တော်သော အပြုအမူများ ပြုလုပ်ရန် ရည်ရွယ်ချက်လည်း မရှိပေ။ တစ်‌ယောက်ယာက် သူ့ဆီ မကြာမီ လာရောက်ဖို့ရှိသည်ဟု မျှော်လင့်ထားသဖြင့် စာကြည့်ခန်းတွင် ထိုင်ပြီး စောင့်ဆိုင်းနေခဲ့သည်။

မကြာမီ စာကြည့်ခန်းတံခါးဝတွင် အစေခံမိန်းမ၏ အသံကို ထပ်မံကြားလိုက်ရသည်။

“တုန်းဖန်မိန်းကလေးက သီးသန့်တွေ့ဆုံလိုပါတယ် မင်းသား။”

လုချန်းက အေးဆေးစွာဖြင့်

“စာကြည့်ခန်းကို ခေါ်လာခဲ့”

ဟု ပြောလိုက်သည်။

မကြာမီ မင်းသားစံအိမ်မှ အစေခံမိန်းမတစ်ဦးက အဖြူရောင်ဝတ်စုံကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို စာကြည့်ခန်းသို့ ခေါ်ဆောင်လာခဲ့သည်။

ရှေ့မှောက်ရှိ အမျိုးသမီးကို မြင်လိုက်ရသော လုချန်း၏ မျက်လုံးပြာသွားသလို ခံစားလိုက်ရသည်။ ထိုအမျိုးသမီးမှာ အလွန်လှပပြီး အရောင်အဝါများ ထွက်ပေါ်နေသလို ခံစားရကာ တစ်ချက်ကြည့်ရုံဖြင့် လုချန်း၏ စိတ်ကို လှုပ်ခတ်သွားစေသည်။

တုန်းဖန်လုံယွဲ့က လုချန်းအား ဦးညွှတ်ကာ

“ ကျွန်မ တုန်းဖန်လုံယွဲ့ မင်းသားကို ဂါရဝ ပြုပါတယ်။ မင်းသား အသက်ထောင်ချီ ရှည်ပါစေ။”

တုန်းဖန်လုံယွဲ့၏ အသံ‌ကြောင့် သတိပြန်ဝင်လာသော လုချန်းက

“ထပါ”

ဟု ပြန်ပြောလိုက်သည်။

ထို့နောက် လုချန်းက စနစ်မှတစ်ဆင့် တုန်းဖန်လုံယွဲ့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စစ်ဆေးလိုက်သည်။

[အမည် - တုန်းဖန်လုံယွဲ့]

[အချက်အလက် - တုန်းဖန်မိသားစု အကြီးအကဲ တုန်းဖန်ယီ၏ သမီး၊ အသက် ၂၆ နှစ်၊ ထိပ်သီးပညာရှင်]

[အဆင့်သတ်မှတ်ချက် - ၉၈]

[သဘောကျမှု - ၅၀]

[သစ္စာရှိမှု - ၁၀၀]

တုန်းဖန်လုံယွဲ့၏ အချက်အလက်များကို မြင်လိုက်ရသော လုချန်း ထပ်မံ အံ့အားသင့်သွားသည်။ တုန်းဖန်လုံယွဲ့ကို ပြသထားသော အချက်အလက်များသည် ရွှမ်ယွမ်ယွမ်ချီ၏ အချက်အလက်များနှင့် ဆင်တူပြီး သဘောကျမှုနှင့် သစ္စာရှိမှုကို သီးခြားစီ ဖော်ပြထားမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

........

အခန်း (၃၃၃)

ရှနိုင်ငံတော်ကို ဖြတ်သန်းသွားသော မုန်တိုင်း (အပိုင်း ၂)

လုချန်း သတိပြန်ဝင်လာပြီး တုန်းဖန်လုံယွဲ့ကို ထပ်မံစိုက်ကြည့်လိုက်သည်။

တုန်းဖန်လုံယွဲ့၏ ခါးတွင် ဝတ်ဆင်ထားသော အဖြူရောင်ခါးပတ်သည် သူမ၏ ကွေ့ကောက်လှပသည့် ကိုယ်အနေအထားကို ပိုမိုပေါ်လွင်စေသည်။ သူမ၏ စရိုက်လက္ခဏာမှာ ချန်ဝမ်ရွန်နှင့် အလွန်ဆင်တူပြီး နတ်သမီးတစ်ပါး၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားသော အမျိုးသမီးများ၏ စံနမူနာပင်ဖြစ်သည်။

သို့သော် သူမသည် လုချန်းအား မတူညီသော ခံစားချက်ကို ဖြစ်စေသည်။ ချန်ဝမ်ရွန်နှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမရှိသေးသဖြင့် လုချန်းအနေနှင့် သူမအပေါ် မသင့်လျော်သော အတွေးများ ဝင်ရန် ခက်ခဲသည်။

သို့သော် တုန်းဖန်လုံယွဲ့ကို ပထမဆုံးမြင်သည့်အချိန်တွင် သူမနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံလိုသည့် ဆန္ဒများ၊ သူမနှင့်သားသမီးများ မွေးဖွားလိုသည့် ဆန္ဒများ ဖြစ်ပေါ်လာပြီး လုချန်း၏ စိတ်ထဲ၌ ပြင်းထန်သော စိတ်လှုပ်ရှားမှုများ ခံစားရသည်။

တုန်းဖန်လုံယွဲ့၏ အပြုံးက လုချန်း၏ အရင်ဘဝမှ စာတော်သော အိမ်နီးချင်း အစ်မကြီးကို သတိရစေသည်။

တကယ်တော့ တုန်းဖန်လုံယွဲ့သည် အရင်ဘဝက သူ၏အိမ်နီးချင်းအစ်မကြီး မဟုတ်သော်လည်း သူတို့နှစ်ဦးမှာ အလွန်ဆင်တူသည်။

လုချန်းမှတ်မိသည်။ အရင်ဘဝတုန်းက ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦးအပေါ် ဆန္ဒဖြစ်ပေါ်ခဲ့သည်မှာ အိမ်နီးချင်းအစ်မကြီးကြောင့်ဖြစ်ပြီး သူမနှင့် အချို့သော အရာများကို လုချန်း လုပ်ဆောင်လိုခဲ့သည်။ ဒါက ယောက်ျားတိုင်း ဖြတ်သန်းရသော အဆင့်တစ်ခုဖြစ်သည်။

လုချန်း တွေးမိသည်။ သားသမီးများစွာ၏ ဖခင်ဖြစ်နေပြီဖြစ်သော်လည်း သူ၏ စိတ်နှလုံးထဲတွင် ထိုသို့သော တုန်လှုပ်မှုကို ခံစားရဆဲဖြစ်သည်။

အရင်ကထက် ဖိစီးမှုများ ပိုမိုများလာပြီး ကောင်းကောင်း အနားယူချိန် မရှိခဲ့သောကြောင့် ဖြစ်နိုင်သည်။ အနားယူချိန်ရှိခဲ့ပါက ထိုသို့သော ဆန္ဒများ ဖြစ်ပေါ်လာမည် မဟုတ်ပေ။

စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လုချန်းက ချောင်းဟန့်ကာ ပြောလိုက်သည်။

“ တုန်းဖန်မိသားစုဟာ ကျွန်တော်ရဲ့ ဖခင် ဆွမ်ဧကရာဇ်နှင့် မကြာသေးခင်က ပူးပေါင်းဆောင်ရွက်မှုတစ်ချို့ ရှိတယ်ခဲ့တယ်လို့ ကျွန်တော် ကြားထားတယ်။ အဲ့ဒါက အမှန်ပဲလား”

တုန်းဖန်လုံယွဲ့က အေးဆေးစွာ ဖြေကြားလိုက်သည်။

“ကျွန်မဖခင်က တုန်းဖန်မိသားစုကို နန်းတွင်းထဲ ဝင်ရောက်နိုင်အောင် ရည်ရွယ်ထားပါတယ်။ ဒါ့ကြောင့် အခြားအာဏာရှိမိသားစု တွေကို ချေမှုန်းရာမှာ မင်းကြီးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ရယ်မောကာ ပြောလိုက်သည်။

“ ဆွမ်ဧကရာဇ်က သူ့ရည်မှန်းချက် အတိုင်းဖြစ်ပြီးသွားရင် သူ့ကိုပါ ဖယ်ရှားပစ်မှာကို ခင်ဗျားဖခင်က မကြောက်ဘူးလား။”

တုန်းဖန်လုံယွဲ့က ပြန်လည်ဖြေကြားလိုက်သည်။

“တုန်းဖန်မိသားစုမှာ အဆင့်လွန်ပညာရှင်ရှိပါတယ်။ ပြီးတော့ ကုန်သင်္ဘောများစွာလည်း ပိုင်ဆိုင်ထားပါတယ်။ နောက်ပြီး တုန်းဖန်မိသားစုဟာ ရှနိုင်ငံတော်မှာ မြေယာအများအပြား မပိုင်ဆိုင်တာကြောင့် ဘယ်အချိန်မဆို ရှနိုင်ငံတော်က ထွက်ခွာနိုင်ပါတယ်။ ကျွန်မဖခင်အမြင်အရ တုန်းဖန်မိသားစုအတွက် ရှနိုင်ငံတော်က ထွက်ခွာဖို့ မခက်ခဲပါဘူး။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်း ခဏတာခန့် အံ့အားသင့်သွားလိုက်သည်။

စနစ်က သူ့အား တုန်းဖန်မိသားစုတွင် အဆင့်လွန်ပညာရှင်ရှိကြောင်း မပြောပြခဲ့ပေ။ သူကိုယ်တိုင်ကိုပါ ထည့်သွင်းစဉ်းစားလျှင် မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန်ပညာရှင် သုံးဦးရှိနေပြီလား။ အချို့နိုင်ငံများတွင်ပင် အဆင့်လွန်ပညာရှင် သုံးဦးအထိ ပေါ်ပေါ်တင်တင် မရှိပါ။ သူ၏ပိုင်နက်ငယ်လေးတွင် ဒီလောက်မြန်မြန်ဆန်ဆန် အဆင့်လွန်ပညာရှင် သုံးဦး ရရှိသွားမည်ဟု လုချန်းမျှော်လင့်မထားမိပေ။

ထိုစဉ် တုန်းဖန်လုံယွဲ့က မေးလိုက်သည်။

“တုန်းဖန်မိသားစု မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့ဖို့ လိုပါလားမင်းသား”

ကံကြမ္မာ၏သားတော် ပေါ်ထွန်းပြီဖြစ်သောကြောင့် သူတို့မိသားစု၏ တာဝန်အတိုင်း ကံကြမ္မာ၏သားတော်အား ကူညီသင့်သည်။

လက်ရှိတွင် တုန်းဖန်မိသားစုသည် ဆူဖုန်းမြို့တွင် အခြေစိုက်နေထိုင်လျက်ရှိပြီး မြောက်ပိုင်းပြည်နယ်နှင့် အတော်အတန် ဝေးကွာ နေသည်။ လုချန်း အကူအညီလိုအပ်ပါက မိသားစု၏ အင်အားစုကို အချိန်မီ စုစည်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မိသားစုတစ်ခုလုံးကို မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့ခြင်းက ပိုမိုကောင်းမွန်မည်။

သို့သော် ထိုသို့ လုပ်ပါက အာဏာရှိမိသားစုများနှင့် ဆွမ်ဧကရာဇ်အပါအဝင် အခြားလူများစွာကို ဒေါသထွက်စေမည်မှာ သေချာသည်။

ခဏစဉ်းစားပြီးနောက် လုချန်းက ဆက်ပြောလိုက်သည်။

“လောလောဆယ်တော့ မလိုအပ်သေးပါဘူး။ ပြီးတော့ တုန်းဖန်မိသားစုဟာ ကျွန်တော့်ဖခင်နဲ့ ပူးပေါင်းနေတယ်ဆိုတော့ သူ ဘယ်အချိန်မှာ လှုပ်ရှားမယ်ဆိုတာ ခင်ဗျားတို့ အကြမ်းဖျင်းတော့ သိမယ်ထင်တယ်။”

တုန်းဖန်လုံယွဲ့က

“ဟုတ်ကဲ့။ လာမယ့်လ အစောပိုင်းမှာ စီစဉ်ထားပါတယ်။ မင်းကြီးက အိမ်ရှေ့မင်းသားနဲ့ သူ့လူတွေ ဆူဖုန်းမြို့ကို ဆုတ်ခွာပြီး ပုန်ကန်အောင် ဖိအားပေးဖို့ စီစဉ်ထားတယ်။ ပြီးရင် သူတို့ကို အရေးယူမယ်။”

“မင်းကြီးက တုန်းဖန်မိသားစုရဲ့ ကုန်သင်္ဘောတွေကို အသုံးပြုပြီး စစ်သည်အင်အား သောင်းချီကို အရှေ့တောင်ကမ်းရိုးတန်းဆီ ကြိုတင်ရွှေ့ပြောင်းထားပြီးပါပြီ။ တောင်ပိုင်းအာဏာရှိမိသားစုတွေနဲ့ အိမ်ရှေ့မင်းသား ပုန်ကန်တဲ့အခါ မင်းကြီးက ချက်ချင်းစစ်တပ် တွေစေလွှတ်မယ်။ ပြီးတော့ နှစ်ဖက်ညှပ်တိုက်မယ်ဆိုရင် အခြားနယ်စားတွေရဲ့ထောက်ခံမှု မပါပဲ တောင်ပိုင်းအာဏာရှိမိသားစုတွေ ခြောက်လတောင် မခံနိုင်ဘူးလို့ ယူဆပါတယ်။”

ဒီစကားကို ကြားလိုက်ရသောအခါ လုချန်း ရယ်မောလိုက်သည်။ သူ့ဖခင် ဆွမ်ဧကရာဇ် ဒီလောက်ထိ ပြင်ဆင်ထားမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သူ့ဖခင်၏ စွမ်းရည်ကို သူ လျှော့တွက်မိခဲ့ဟန် တူ၏။

လုချန်းက တုန်းဖန်လုံယွဲ့ရဲ့ အလှတရားကို တစ်ချက် ကြည့်လိုက်ပြီး ဆက်မေးလိုက်သည်။

“ဒီအာဏာရှိမိသားစုတွေမှာလည်း အဆင့်လွန်ပညာရှင်တွေ ရှိနိုင်တယ်လို့ ထင်လား။ အဆင့်လွန်ပညာရှင် ပေါ်လာရင် ကျွန်တော့်ဖခင် ဘာလုပ်ဖို့ စီစဉ်ထားလဲ။”

“ကျွန်မ သေချာမသိပါဘူး”

တုန်းဖန်လုံယွဲ့က ဖြေလိုက်သည်။

“ဒါပေမဲ့ တောင်ပိုင်းအာဏာရှိမိသားစုတွေကို အပြီးအပိုင် ချေမှုန်းဖို့အတွက် မင်းကြီးဟာ လေးမျက်နှာတောင်၊ လေငြိမ်တောင် နဲ့ မက်မွန်တောင်ကြား တို့ကို သံတမန်တွေစေလွှတ်ထားတယ်လို့ ကြားပါတယ်။”

တုန်းဖန်လုံယွဲ့ ထိုနေရာသုံးခုကို ပြောလိုက်သောအခါ သူ့ဖခင်၏ ရည်ရွယ်ချက်ကို လုချန်း အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

ထိုနေရာတစ်ခုစီ၌ အဆင့်လွန်ပညာရှင်တစ်ဦးစီရှိကြောင်း ကြားဖူးသည်။ သူ့ဖခင် ထိုနေရာတွေဆီ လူစေလွှတ်ခြင်းက ထိုအဆင့်လွန်ပညာရှင်တွေနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်ရှိမှန်း သိသာသည်။ အကယ်၍ ထိုအဆင့်လွန်ပညာရှင်တွေက သူ့ဖခင်ကို ထောက်ခံမည်ဆိုပါက တောင်ပိုင်းအာဏာရှိမိသားစုများကို ချေမှုန်းရန် ပို၍လွယ်ကူသွားမည် ဖြစ်သည်။

သို့သော် ထိုနေရာများမှ အဆင့်လွန်ပညာရှင်များက ကြားနေရေးကိုသာ ရွေးချယ်ပါကလည်း ဆွမ်ဧကရာဇ်အတွက် အကောင်းဆုံးရလဒ်တစ်ခု ဖြစ်နိုင်သေးသည်။

ထိုအချိန်တွင် လုချန်း အတွေးထဲ နစ်မြုပ်သွားခဲ့သည်။ တောင်ပိုင်းတွင် ပုန်ကန်မှုများ စတင်ပါက အခြားနယ်စားများသာ လက်ပိုက်ကြည့်နေမည်ဆိုလျှင် ဆွမ်ဧကရာဇ်အနေဖြင့် တောင်ပိုင်းအာဏာရှိမိသားစုများကို ချေမှုန်းရန် အခက်အခဲမရှိဟု ယူဆနိုင်သည်။

သို့သော် အဓိကပြဿနာမှာ အချို့နယ်စားများသည် အလွန်အမင်း ဖိနှိပ်ခံထားခဲ့ရသဖြင့် ပုန်ကန်ရန် စဉ်းစားနေကြတာ ကြာပြီဖြစ် ဖြစ်သည်။ တောင်ပိုင်းအာဏာရှိမိသားစုများနှင့် အိမ်ရှေ့မင်းသား ပုန်ကန်ပါက အခြားနယ်စားများလည်း လှုပ်ရှားလာနိုင်သည်။ ထိုအင်အားစုနှစ်ရပ် ပေါင်းစည်းမိပါက ဆွမ်ဧကရာဇ်၏ စနစ်တကျ ပြင်ဆင်ထားသော အစီအစဉ်များ ပျက်ပြားသွားနိုင်သည်။

လုချန်း စဉ်းစားနေစဉ် သူ၏မျက်လုံးများက တုန်းဖန်လုံယွဲ့ကို အကြိမ်ကြိမ် စိုက်ကြည့်နေမိသည်။

လုချန်း၏ ထိုကဲ့သို့ပြင်းထန်စွာ စိုက်ကြည့်ခြင်းကို ခံရသောအခါ တုန်းဖန်လုံယွဲ့၏ စိတ်ထဲတွင် ပုံမှန်မဟုတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

.........

All Chapters