ချိပ်ပိတ်နယ်မြေ၏ လျှို့ဝှက် (၂)
Vol. 113 Ch. 1571
“အဲဒါတွေက ဘယ်လောက် ကြာခဲ့ပြီလဲ...”
ဝူယုက ဆက်လက်၍ မေးလိုက်၏။ ဝေ့ဝူယင်က ကြယ်တစ်လုံး ကြယ်တာရာ ခေတ်မှာ အကြမ်းဖျဉ်းအားဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သန်းကျော်ခဲ့က စတင်ခဲ့ပြီး လက်ရှိခေတ်သို့ ရောက်ရှိလာခြင်းနှင့် အတူ အဆုံးသတ် သွားခဲ့သည်ဟု ဆိုခဲ့ဖူးသည်။ အာဏာရှင် အင်ပါယာ သုံးပါးသည် ထိုအကြောင်းအရာနှင့် ဆက်စပ်နေဖွယ် ရှိသည်။
“အာဏာရှင် အင်ပါယာ သုံးပါးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်း ရှစ်သောင်းလောက်မှာ အပြည့်အဝ အာဏာရလာခဲ့ပြီး ခေတ်သစ်တစ်ခုကို စတင်ခဲ့တယ်... အဇူရာမူလ ခေတ်ပေါ့... အာဏာရှင် အင်ပါယာ တွေဟာ ကျောင်းကို လေးစားမှုကြတယ်... သူတို့ရဲ့ အောင်မြင်မှုကို သူ့ရဲ့ တည်ရှိမှု ကြောင့်လို့ အသိအမှတ်ပြုခဲ့ကြတယ်... သူတို့ဟာ ကျောင်းရဲ့ နေကြယ်ကို မတူညီတဲ့ နယ်ပယ်တစ်ခုဆီ ပို့ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်... နောက်ပြီး အဲဒါကို ချိပ်ပိတ်ပစ်ခဲ့ကြတယ်... ဒီလိုနဲ့ ဂလက်ဆီနယ်မြေ တစ်ခုလုံးကို ထွန်းလင်းတောက်ပစေခဲ့တဲ့ အခမ်းနားဆုံး ကြယ်တစ်လုံးခေတ်ကို အဆုံးသတ်စေခဲ့တယ်...”
စကားအဆုံးသတ်၌ ထျန်းတိုက်ကျုံး၏ မျက်လုံးများက လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်သွားခဲ့သည်။
“သူတို့က ချိပ်ပိတ်ပစ်ခဲ့တာလား...”
ဝူယု အံ့အားသင့် သွားခဲ့၏။ ဝေ့ဝူယင်ပင်လျှင် ထိုအရာကို မသိချေ။ အလွှာကြားက လောကနှင့် သူ လေ့လာဖူးခဲ့သမျှ မှတ်ဉာဏ်များထဲတွင် ထိုအကြောင်း မှတ်တမ်းများ မရှိပါချေ။ ထိုအချက်အလက်များမှာ အလွန်ပင် တန်ဖိုးရှိကာ ကန့်သတ်ထားကြောင်း ရှင်းလင်းပေသည်။ သို့သော်လည်း... ထျန်းတိုက်ကျုံးမှာ ထိုအရာကို သိရှိထားလေရာ ဝေ့ဝူယင် မှန်ကန်ကြောင်း ပြသနေပေသည်ေ
“ဘာလို့လဲ”
ဝူယုက ထပ်မေးလိုက်၏။
“...”
ထျန်းတိုက်ကျုံး မဖြေခဲ့ပေ။
“...”
သို့သော်လည်း ဝူယုကတော့ အဖြေကို ခန့်မှန်းနေနိုင်ခဲ့ပြီ ဖြစ်သည်။ နှစ်ကာလများ ရွေ့လျားနေခြင်းနှင့် အတူ ကျင့်ကြံခြင်း လောကမှာ ဆက်လက် စည်ပင် ဖွံ့ဖြိုး တိုးတက်နေလေရာ အလားတူ အခြေအနေများမှ ထူးခြားသော ပါရမီရှင် တစ်ဦး ပေါ်ထွက်မလာဟု မပြောနိုင်ပါချေ။ အာဏာရှင် အင်ပါယာများမှာ ရှေးဟောင်းခေတ်၏ အမွေအနှစ်များ ဖြစ်လာလိမ့်မည် ဖြစ်ကာ အသက်နှင့် အချိန်တို့၏ ဝန်ပိမှုဒဏ်ကို ခံစားရလိမ့်မည် ဖြစ်သည်။
အကယ်၍ သူတို့သာ...
“...”
ထျန်းတိုက်ကျုံးမှာ ဝူယု၏ မျက်လုံးများထဲမှ အလင်းတန်းများကို ကြည့်ရင်း ချီးကျူးဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဆက်ပြောလိုက်သည်။
“အာဏာရှင် အင်ပါယာ တွေဟာ ခွန်အားရဲ့ အကြီးမားဆုံး ရင်းမြစ်ကို လက်ဝါးကြီးအုပ်ပြီး သူတို့ရဲ့ အဆင့်အတန်းကို ဆက်ထိန်းသိမ်းထားခဲ့တယ်... ဂလက်ဆီနယ်မြေရဲ့ တစ်ခုတည်းသော အကြွင်းမဲ့ အရွယ် နေကြယ်ကို သူတို့ရဲ့ ကိုယ်ပိုင်အသုံးပြုမှု အတွက် ချိပ်ပိတ် ပစ်ခဲ့တယ်... အဲဒါ ပျောက်ကွယ်သွားပြီးတဲ့ နောက်မှာ အဇူရာ မူလခေတ် စတင်ခဲ့တာပဲ”
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်း နှစ်သောင်းလောက်က အပြောင်းအလဲတစ်ခု ဖြစ်လာခဲ့တယ်... ကောင်းကင်ဘုံဟာ အာဏာရှင် အင်ပါယာ သုံးပါးရဲ့ အခြေခံ အုတ်မြစ်ကို တုန်လှုပ်စေမယ့် နတ်ဆိုး တစ်ကောင်ကို မွေးဖွားပေးခဲ့တယ်”
“နတ်ဆိုး တစ်ကောင် ဟုတ်လား...”
ဝူယုမှာ ကျောရိုးနှင့် ဦးနှောက်တစ်လျှောက် လျှပ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအသုံးအနှုန်းက ဖော်ပြ၍ မရနိုင်သည့် ထိတ်လန့်မှုနှင့် စူးစမ်းလိုစိတ်များကို သယ်ဆောင်လာခဲ့သည်။ အာဏာရှင် အင်ပါယာများ၏ အခြေခံအုတ်မြစ်များကို မည်သည့် နတ်ဆိုးက တုန်လှုပ်စေနိုင်ခဲ့သနည်း။
ပိုမိုသိရှိလိုသည့် ပြင်းပြသော ဆန္ဒက ဝူယုထံမှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင် လေကိုပင် ကြမ်းတမ်း ခက်ထန်စွာ တုန်လှုပ် သွားစေခဲ့သည်။ ၎င်းမှာ လျှို့ဝှက် မြေကြီး အဆင့် ပြန်လည် အားဖြည့်ရေး အဂ္ဂိရတ် ထုတ်ကုန်ကြောင့် ကုန်ခမ်းသွားသော အားအင်များ အချို့အဝက် ပြန်လည် ရရှိလာသည့် လက္ခဏာပင် ဖြစ်လေသည်။
ထျန်းတိုက်ကျုံးမှာ ဝူယုထံမှ ထိုတုန့်ပြန်မှုကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ထိုအကြောင်းအရာကို ပထမဆုံးအကြိမ် ကြားသိခဲ့ရစဉ်က သူသည်လည်း အလားတူပင် ခံစားခဲ့ရသည်။
သူက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း...
“ဟုတ်တယ်... နတ်ဆိုး... ဒါပေမဲ့ အဲဒီ နတ်ဆိုးရဲ့ မူလ အစက မရိုးရှင်ဘူး... သူက အမှန်တကယ် ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကောလဟလတွေ အများကြီး ရှိတယ်... အာဏာရှင် အင်ပါယာတွေပဲ အဲဒီ အကြောင်းကို အကုန် သိနိုင်လိမ့်မယ်... အဲဒီ နတ်ဆိုးဟာ ကျောင်းရဲ့ အကြေးခွံတွေကနေ မွေးဖွားလာခဲ့ပြီး နတ်ဘုရားလို စွမ်းအားတွေကို ပိုင်ထားတယ်လို့တော့ ငါ ကြားဖူးတယ်”
“အကြေးခွံတွေလား...”
ဝူယု မျက်မှောင်ကြုတ် လိုက်၏။ ကောင်းကင်မှာ နတ်ဆိုးများကို ဖန်တီးရာတွင် ပုံမှန်အားဖြင့် ကျောက်တုံး တစ်ခု၊ သစ်ပင်တစ်ပင် စသည်ဖြင့် တစ်ခုတည်းသော တည်ရှိမှုများဖြင့် ကန့်သတ်ထားသည်။ တောင်တစ်လုံးပင် ဖြစ်နိုင်ချေ ရှိသည်။ သို့သော်လည်း နတ်ဆိုးတစ်ကောင် မွေးဖွားခြင်းကို ဖော်ပြရန်အတွက် အများကိန်းသုံးနှုန်းမှုကို သူတစ်ခါမျှ မကြားဖူးခဲ့ပေ။
ထျန်းတိုက်ကျုံးမှာ ဝူယု၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်ရင်း ရှားရှားပါးပါး ချီးကျူးသည့် အလင်းရောင်များ ဖြတ်ပြေး သွားခဲ့၏။ ထိုအကြောင်းအရာကို ပထမဆုံး အကြိမ် အဖြစ် ကြားသိခဲ့ရတုန်းက သူ ကိုယ်တိုင်ပင်လျှင် သတိမမူခဲ့မိချေ။ သို့သော်လည်း.. ဝူယုမှာ စွန့်ပစ်ခံ နယ်မြေ တစ်ခုတွင် မွေးဖွား ကြီးပြင်းခဲ့သူ ဖြစ်သည့်တိုင် ထိုးထွင်း သိမြင်နိုင်စွမ်းနှင့် အတွေးအမြင်တို့က ချီးကျူးထိုက်ပေသည်။
“ဟုတ်တယ်... အကြေးခွံတွေ... ကောလာဟလတွေ အရဆိုရင် နတ်ဆိုးက ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ အတူ မွေးဖွားလာခဲ့ပြီး အဲဒါကပဲ အမျိုးမျိုးသော အပြောင်းအလဲတွေကို ဖြစ်ပေါ်စေခဲ့တယ်... ဥပမာ သူ့မှာ ထန်ဂူနဲ့ ကစ်ဆွန်း တို့လို ကြယ်တာရာ ဝါးမြိုသူတွေရဲ့ စွမ်းအား ရှိတယ်လို့ ဆိုကြတယ်... သူ့ရဲ့ စွမ်းအား အတိအကျနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ငါ သေချာမသိဘူး... ဒါပေမဲ့ နတ်ဆိုးဟာ စိတ်ကူး မယဉ်နိုင်လောက်အောင် ကြောက်စရာ ကောင်းလွန်းတဲ့ စွမ်းအားနဲ့ အဆုံးမဲ့ ဇီဝစွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ် ဆိုတာကတော့ အမှန်တရားပဲ... သူ့ကို ဘယ်လိုမှ သတ်လို့ မရဘူး”
ထျန်းတိုက်ကျုံးက နောက်ဆုံး ဝါကျကို အလေးနက်ဆုံး လေသံဖြင့် ပြောလိုက်၏။
“သတ်လို့ မရဘူး...”
ဝူယု မျက်မှောင်ကြုတ်ရင်း တွေးနေခဲ့မိ၏။ ထျန်းတိုက်ကျုံးက ထန်ဂူ နှင့် ကစ်ဆွန်း တို့မှာ ကြယ်တာရာ ဝါးမြိုသူများ ဖြစ်သည်ဟု ပြောသွားခဲ့ကြောင်း သူ သတိထားမိသည်။ ကြယ်တာရာ ဝါးမြိုသူချင်း တူသော်လည်း ၎င်းတို့ထံတွင် သိသာထင်ရှားသည့် ကွာခြားချက်များ ရှိနေသည်ဟု ဆိုလိုခြင်းလော။
ဝူယုည စဉ်းစားနေသည့် တစ်ချိန်တည်းတွင်ပင် ထျန်းတိုက်ကျုံး၏ မျက်နှာထက်၌ တွေဝေသည့် အမူအရာ တစ်ခု ပေါ်လာခဲ့၏။ ၎င်းက အလွန် လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားသော်လည်း ဝူယုကတော့ သတိထားမိခဲ့သည်။
“အနည်းဆုံးတော့ အစပိုင်းလောက်မှာပေါ့”
ထျန်းတိုက်ကျုံးက အသာအယာပင် ဆက်ပြောလိုက်သည်။ ဝေ့ဝူယင်၏ မျက်လုံးများက တောက်ပနေခဲ့၏။
“ငါကိုယ်တိုင်တောင် မသိတဲ့ အသေးစိတ်အချက်အလက်တွေ အများကြီး ရှိတယ်... ငါ သိတာက သေးသေးလေးပဲ... ပထမဦး အနေနဲ့ အာဏာရှင် အင်ပါယာ သုံးပါးဟာ ဂလက်ဆီနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်တဲ့ စစ်ပွဲတစ်ခု ဆင်နွှဲပြီး သူ့ကို တိုက်ခိုက်ခဲ့တယ်... ဖော်ပြမရနိုင်တဲ့ ရှုပ်ထွေးမှုနဲ့ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်... ဒါပေမဲ့ နတ်ဆိုးက ဆက်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တယ်”
“အကြောင်းပြချက်ကို ငါ မသိပေမဲ့ နတ်ဆိုးက တိုက်တန် အင်ပါယာရဲ့ နယ်မြေမှာ နေရာယူခဲ့တယ်... တိုက်တန် အင်ပါယာရဲ့ ပရိယာယ်နဲ့ လိမ္မာပါးနပ်မှုတွေကြောင့် သူဟာ လျှို့ဝှက် တောင်ကြီးတစ်ခုနဲ့ ဖိနှိပ်ခံခဲ့ရတယ်လို့ ပြောကြတယ်... ဒါပေမဲ့ သူက မုန်းတီးမှု နဲ့ ထွက်ပြေးခဲ့တယ်...”
“တိုက်တန် မျိုးနွယ်ဟာ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်... သူတို့ဟာ အဆင့်မြင့် မျိုးနွယ်တွေထဲကနေ ပြုတ်ကျလုနီးပါး အထိ ဖြစ်ခဲ့တယ်... တိုက်တန် အင်ပါယာသာ မရှိခဲ့ဘူး ဆိုရင် ဒီလောကမှာ အဆင့်မြင့် မျိုးနွယ် နှစ်ခုတည်းပဲ ကျန်ရှိခဲ့တော့မှာ”
ထျန်းတိုက်ကျုံးက ဆိုလိုက်၏။ အဆင့်နိမ့်နှင့် အဆင့်မြင့် မျိုးနွယ်များမှာ ကြီးမားသည့် ကွာခြားချက်များကို ဖော်ပြသည်။ အဆင့်မြင့် မျိုးနွယ်များမှာ လျှို့ဝှက် အာဏာရှင် အဆင့်များကို သဘာဝ အတိုင်း မွေးဖွား ပေးနိုင်စွမ်း ရှိကြကာ အယ်ဗန်မျိုးနွယ်၊ ရှို့ရန်တို့ ကဲ့သို့ အဆင့်နိမ့် မျိုးနွယ်များကတော့ မလုပ်ဆောင် နိုင်ကြပါချေ။ ‘သဘာဝအတိုင်း’ ဆိုသည့် စကားလုံးမှာ အဆိုပါ အဆင့်အတန်းကို ခွဲခြားရာတွင် အလွန်အရေးကြီးသည်။
“...”
ယခုတစ်ကြိမ်တွင်တော့ ဝူယု အံ့အားသင့်ခြင်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် ဝေ့ဝူယင်က ထိုကဲ့သို့ ခွဲခြားဆက်ဆံမှုအကြောင်းကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက ပြောပြခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဝူယုမှာ ထိုအရာကို ယခင်ကတည်းက မနှစ်မြို့သကဲ့သို့ ယခုလည်း မနှစ်မြို့ပေ။
“လွတ်မြောက်ပြီးနောက် နတ်ဆိုးဟာ နှစ်ပေါင်း လေးသောင်းလောက် ကြာအောင် အာဏာရှင် အင်ပါယာ တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်... သူတို့ရဲ့ အုပ်ချုပ်မှုကို ယှဉ်ပြိုင်ခဲ့တယ်... ဒါဟာ အာဏာရှင် အင်ပါယာတွေက ဖိနှိပ်ထားတဲ့ အင်အားစု အတော်များများကို မြင့်တက်လာစေဖို့ ဦးတည်ခဲ့တယ်... ဒီအခြေအနေတွေကြောင့်ပဲ အဇူရာ မူလ ကြယ်စင်စုရဲ့ ပြည်တွင်းရေးက ပိုပြီး ရှုပ်ထွေးလာခဲ့တယ်... အထူးသဖြင့် တတိယ ကွဲပြားမှု ဖြစ်တဲ့ သာလွန် မျိုးနွယ် မွေးဖွားလာခဲ့ပြီး နောက်မှာပေါ့”
“အဆင့်နိမ့် မျိုးနွယ်တွေဟာ လျှို့ဝှက် အာဏာရှင် အဆင့်တွေကို သဘာဝ အတိုင်း မွေးဖွားပေးနိုင်ခြင်း မရှိပေမဲ့ သာလွန် မျိုးနွယ်တွေကတော့ မွေးဖွားပေးနိုင်ကြတယ်... ဒါပေမဲ့ သူတို့က အာဏာရှင် အင်ပါယာ အဆင့် ကျင့်ကြံသူတွေကိုတော့ ပိုင်ဆိုင်မထားဘူး... ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက အဇူရာ မူလ ကြယ်စင်စုရဲ့ တည်မြဲမှုကို အပြီးအပိုင်း ပြောင်းလဲ ပစ်ခဲ့တယ်"
ဝူယု ခေါင်းညိတ်လိုက်၏။ ဘယ်လို နေရာမျိုးတွင် မဆို ထိပ်သီး ပညာရှင်များမှာ ပေါ်ထွက်လာစမြဲ ဖြစ်သည်။ ချိပ်ပိတ်နယ်မြေလို နေရာမျိုးတွင်ပင် ထျန်းတိုက်ကျုံးနှင့် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်တို့လို လူများ ပေါ်ထွက်လာခဲ့ဖူးသည်။ သူတို့ နှစ်ယောက်စလုံးမှာ မြေကြီး ရှ့န်ထို အဆင့်ထက် ကျော်လွန်နေသည့် ပုဂ္ဂိုလ်များ ဖြစ်ကြကာ အစစ်အမှန် ရှန့်ထိုများနှင့်ပင် ယှဉ်ပြိုင်ရန် နည်းလမ်းများ ရှိကြသည်။ သို့သော်လည်း ထိုကဲ့သို့ စွမ်းအားမျိုးက ယာယီသာ ဖြစ်ကာ အဖိုးအခ ကြီးမားစွာ ပေးရသည်။
သာလွန် အဆင့်မှ မွေးဖွားလာကြသည့် လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ပိုင်ဆိုင်ထားသည့် စွမ်းအင် အရာတွင် အာဏာရှင် အင်ပါယာများကို ယှဉ်ပြိုင်ချင်မှ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း သူတို့၏ အာဏာကို စိန်ခေါ်နိုင်မည့် နည်းလမ်းများကိုတော့ ပိုင်ဆိုင် ထားကြမှာ သေချာသည်။
သူတို့ ပေါ်ထွန်းလာခြင်းနှင့် အတူ အာဏာရှင် အင်ပါယာများမှာ ယခင်ကလို အကြွင်းမဲ့ အုပ်စိုးသူများ ဖြစ်တော့မည် မဟုတ်ပါချေ။
***