← Chapters

လောင်းကြေးစားကြေး

Vol. 113 Ch. 1577

လောင်းကြေးစားကြေး

Vol. 113 Ch. 1577

“ဂျူနီယာ မောင်လေးယွင်...”

မင်ယုလင်မှာ ယီယွင်ကို ချက်ချင်း သတိထားမိသွားခဲ့၏။ သူမ၏ နှလုံးသားက တဒိတ်ဒိတ် ခုန်လာကာ လူငယ်ထံ အပြေးအလွှားပင် ရောက်လာခဲ့သည်။ ကံဆိုးစွာပင် ယီယွင်မှာ ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု တစ်ခုကို ခံစားနေရသည့်ပုံ ပေါ်လေရာ တုန့်ပြန်ခြင်း မရှိပါချေ။

“ဂျူနီယာ မောင်လေးယွင်...”

မင်ယုလင်က ထပ်မံ၍ ခေါ်လိုက်၏။

"..."

ယီယွင်၏ မျက်လုံးများက မင်ယုလင်၏ စိုးရိမ်စိတ်များနှင့် ပြည့်နှက်နေသည့် လှပသော မျက်ဝန်းများထံသို့ ရွေ့လျား သွားခဲ့သည်။ မိန်းကလေး၏ အလှကို မြင်လိုက်ရသော အခိုက်၌ သူ၏ ပွက်ပွက်ဆူနေသည့် နှလုံးသားမှာ အေးချမ်းသွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း... ရုတ်ချည်းဆိုသလိုပင် မင်ယုလင်၏ နောက်ဖက် အတော်ဝေးဝေး၌ ခြေဗလာနှင့် ထိုင်နေသည့် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ယီယွင်၏ မျက်လုံးများက ကျူးဟိုင် အပေါ် စူးစိုက် ကျရောက် သွားခဲ့၏။

ကျူးဟိုင်မှာ ကျင့်ကြံနေရာမှ ရပ်တန့်သွားကာ ရွေးချယ်ခံပေါင်း များစွာထဲ၌ ရှိနေသည့် ယီယွင်ကို လှမ်းကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များကို သူ သတိထားလိုက်မိ၏။

သို့သော်လည်း... ယီယွင်ထံတွင် အာဏာရှင် အဖွဲ့၏ အမှတ်အသား ရှိနေသည်ကို သတိပြုလိုက်မိသည့် အခါ သူ ထိုခံစားချက်ကို ပယ်ဖျက်လိုက်ကာ စိတ်ထဲက ထုတ်ပစ်လိုက်သည်။ အကယ်၍ ယီယွင် နေရာတွင် အခြားလူ တစ်ယောက်သာ ဆိုပါက သူ့အား ထိုကဲ့သို့ ကြည့်ရုံဖြင့်ပင် ကျိန်းသေ အမဲလိုက်လိမ့်မည် ဖြစ်သည်။ ကျူးဟိုင် ကျင့်ကြံမှုကို ပြန်လည် အာရုံစိုက်လိုက်ရင်း အသစ် ရရှိထားသည့် စွမ်းအားများကိုသာ ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည်။

ကျူးဟိုင်၏ အကြည့်တစ်ချက်ဖြင့်ပင် ယီယွင်မှာ ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံး ချွေးစေးများနှင့် စိုရွှဲ သွားခဲ့၏။ သူ၏ မျက်နှာကလည်း သွေးမရှိ သကဲ့သို့ ဖြူရော် သွားခဲ့သည်။ ထိုရုတ်တရက် အပြောင်းအလဲက မင်ယုလင်ကိုပင် ထိတ်လန့် သွားစေခဲ့၏။

ကျူးဟိုင် အကြည့်လွှဲသွားသော အခါတွင်မှ ယီယွင်မှာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ထိုအခိုက် သူ့ ခံစားချက်က သေဒဏ်မှ လွတ်လာသည့် အပြစ်သား တစ်ယောက်လိုပင်။ ထိုခံစားချက်က မခံမရပ်နိုင်လောက်အောင်ပင် ပြင်းထန်လွန်းလှသည်။

“အမကျောင်း...”

ယီယွင်က ရဲစွမ်း သတ္တိတစ်ချို့ ပြန်လည် ရရှိဖို့ အတွက် သူမ၏ နာမည်ကို ညင်သာစွာ ရေရွတ်လိုက်သည်။ မင်ယုလင် တစ်ယောက် အနည်းငယ် ထိတ်လန့် သွားခဲ့၏။ အမကျောင်း ဘယ်ကို ရောက်နေသနည်း။ လင်းမင် ဆိုသည့် လူငယ်ကရော ဘယ်မှာနည်း။

“သူ ဘာဖြစ်လို့လဲ...”

ထိုအတွေးက မင်ယုလင်၏ မျက်နှာကို ဖြူရော် သွားစေခဲ့သည်။ သူတို့ သေသွားခဲ့သည်လား။ သူတို့ တကယ်ပဲ သေသွားခဲ့သည်လား။ အနက်ရောင် လမ်းသွယ်ထဲတွင် မည်သည့်အရာများ ဖြစ်ခဲ့သနည်း။

မင်ယုလင် အဖြေမရသေးခင်မှာပင် အခြား မိန်းကလေး နှစ်ယောက်မှာ မေးခွန်းထုတ်နေသည့် မျက်ဝန်းများနှင့် ယီယွင် အနားသို့ လျှောက်လာခဲ့ကြသည်။ သူတို့က ယဲ့ကျီးနှင့် တွမ့်ယုတို့ပင် ဖြစ်လေ၏။

လှပသည့် မိန်းကလေး သုံးယောက် ယီယွင်ထံမှ အဖြေကို ရှာဖွေကာ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပေးနေကြချိန်တွင် မေ့လျော့ခံ ချန်းယန်ကျိ တစ်ယောက်ကတော့ အနက်ရောင် ခါးသီးခြင်း လမ်းသွယ်ထဲမှ ကုန်းရုန်းကာ ထွက်လာခဲ့လေသည်။

ချန်းယန်ကျိမှာ တစ်ယောက်တည်း ထွက်လာခဲ့ခြင်း မဟုတ်ချေ။ ကျောထက်တွင် သတိလစ် မေ့မြောနေသည့် မိန်းကလေး တစ်ယောက်ကိုပါ သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူမကတော့ ဒြပ်စင် ကာကွယ်သူ၏ မြေးမလေး ပိုင်ယုရှီပင် ဖြစ်လေ၏။

ချန်းယန်ကျိ၏ မျက်နှာ အမူအရာက ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။ သို့သော်လည်း... အံ့ဩဖို့ကောင်းတာ တစ်ခုက လင်းမင်၏ စွမ်းအင်များ အောက်တွင် ဖိနှိပ်ခံရကာ မသန်မစွမ်း ဖြစ်နေခဲ့သည့် ချန်းယန်ကျိမှာ လုံးဝ ထူးဆန်းစွာ ပြန်လည် ကောင်းမွန်နေရုံမျှသာ မက ပိုင်ယုရှီကိုပါ ခါးသီးမှု နံရံများထဲမှ ခေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။

“ကောင်းကောင်း အနားယူပါ ညီမလေး...”

ချန်းယန်ကျိက ခပ်တိုးတိုးလေး ပြောလိုက်၏။ သူ၏ နူးညံ့သည့် စကားသံက ကျောထက်ရှိ မိန်းကလေး၏ ပုံရိပ်ကို အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။ ပိုင်ယုရှီ၏ မျက်တောင်များက မသိမသာ လှုပ်ခတ်သွားကာ ခပ်ဝါးဝါး ကျောပြင်၊ လည်ပင်းနှင့် ဆံပင်များကို တွေ့မြင်လိုက်ရသည်။ ရုတ်တရက် လွန်ခဲ့သည့် လွန်ပေါင်းများစွာတုန်းက ကမ္ဘာခြားက အပျက်အစီး နယ်မြေ တစ်ခုတွင် တွေ့ဆုံ ရင်းနှီးခဲ့ဖူးသည့် လူတစ်ယောက်၏ ကျောပြင်ကို သူမ ပြန်လည် မြင်ယောင်လိုက်မိသည်။

သို့သော်လည်း... သူမ သတိပြန်လည်လာသည်က ကြာကြာ မခံလိုက်ပါချေ။ ထိုကျယ်ပြန့်ခိုင်ခံ့သည့် ကျောပြင်ထက်တွင် လုံခြုံသည်ဟု ခံစားလိုက်ရလေရာ သူ ပြန်လည်၍ အိပ်မောကျသွားခဲ့လေသည်။

ချန်းယန်ကျိ တစ်ယောက် အနားယူဖို့ နေရာ ရှာဖွေနေချိန်တွင်ပင် ပတ်ဝန်းကျင်နှင့် ပေါင်းစည်း ပုန်းကွယ်နေသည့် လူတစ်ချို့မှာ သူ့ကို ချက်ချင်း သတိထားမိသွားကြသည်။ သူတို့မှာ ပင်မ အာဏာရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ယောင်ဟုန်ရီနှင့် ရွှေဖုန်းပေါင်တို့ပင်။

“သူ့မှာ ထူးဆန်းတဲ့အရာတစ်ခု ရှိနေတယ်...”

ရွှေဖုန်းပေါင်က တအံ့တဩ ရေရွတ်လိုက်၏။ သူ့ မျက်လုံးများ အတွင်းတွင် အရာ အားလုံးကို မြင်နိုင်စွမ်း ရှိပုံ ပေါ်သည့် မီးတောက်တစ်ချို့ တောက်လောင် နေခဲ့သည်။ ရွှေဖုန်းပေါင်မှာ ပွင့်ပွင့်လင်းလင်း သမား ဖြစ်လေရာ သူ့သံသယကို တိုက်ရိုက်ပင် ထုတ်ပြောလိုက်ခြင်း ဖြစ်ပေသည်။

“…”

ယောင်ဟုန်ရီက ခပ်ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ရင်း ရွှေဖုန်းပေါင်၏ စကားကို အတည်ပြု ပေးလိုက်သည်။

အစောပိုင်းက အနက်ရောင် ခါးသီးမှု နံရံအတွင်း ဖြစ်ပျက်သွားခဲ့သည့် အဖြစ်အပျက်များကို သူ ခံစားနိုင်ပေသည်။ ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်းလည်း သိသည်။ ချန်ယန်ကျိ၏ အော်ရာမှာ တုန်ရီလာ၍ လုံးဝ ပျောက်ကွယ်သွားခဲ့ကာ ယခုအခါတွင်တော့ စွမ်းအင် အနိမ့်အမြင့် လက္ခဏာ တစ်ခုပင် မရှိပဲ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ သူက သေလုနီးပါး လူတစ်ယောက် လုံးဝ မဖြစ်ပျက်ခဲ့သလိုပင်။ သူက အနက်ရောင် ခါးသီးခြင်း လမ်းကြောင်းကိုပင် အောင်မြင်ကာ ပြန်လည် ရောက်ရှိလာခဲ့သည်။

“ငါတို့ သူ့ကို ဖမ်းပြီး စစ်ရင် ကောင်းမလား...”

ရွှေဖုန်းပေါင်က မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်၏။ ချန်ယန်ကျိမှာ ထူးဆန်းသည့် လူတစ်ယောက် ဖြစ်ကြောင်း ထင်ရှား နေချေပြီ ဖြစ်သည်။

ယောင်ဟုန်ရီကတော့ ချန်ယန်ကျိကို စိုက်ကြည့်ရင်း စဉ်းစားနေခဲ့၏။ ထိုချန်းမျိုးနွယ်၏ ကျင့်ကြံခြင်း အခြေခံမှာ ရွေးချယ်ခံများကြားတွင် သာမန်သာ ဖြစ်သည်။ အဘယ်အရာက ထူးဆန်းနေသနည်း။ သို့သော်လည်း... နောက်ဆုံးတွင်တော့ သူ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းလိုက်သည်။

“ကောင်းပြီလေ...”

ရွှေဖုန်းပေါင်က စိတ်လျှော့လိုက်သည့် လေသံဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးများ အတွင်းရှိ မီးတောက်များမှာ အတွေးတစ်ခုနှင့် အတူ ငြိမ်းသွားခဲ့သည်။

ထို့နောက် သူတို့ နှစ်ယောက် အကြောင်းအရာများစွာကို ဆက်လက် ပြောဆို နေကြ၏။ ရွှေဖုန်းပေါင်က အဆုံးမရှိသည့် မေးခွန်းများကို မေးမြန်းနေခဲ့ကာ ယောင်ဟုန်ရီကတော့ ခေါင်းညိတ်ခြင်း သို့မဟုတ် ခေါင်းခါခြင်းဖြင့်သာ တုန့်ပြန်နေခဲ့သည်။

သူတို့နှစ်ယောက် စကားပြောနေကြချိန်တွင် ချန်ယန်ကျိ၏ မျက်လုံးများက မဆိုသလောက်ကလေး ပွင့်သွားခဲ့ကာ ခပ်ရေးရေး အရောင် တောက်ပမှု တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက မျက်လုံးများကို လျှို့ဝှက်စွာ ပြန်ပိတ်လိုက်လေ၏။

......

ထာဝရ လမ်းစဉ် ခရီးလမ်းမှာ ရွေးချယ်ခံများစွာ၏ ကိုယ့်ကိုယ်ကို စိန်ခေါ်မှုများနှင့် အတူ ဆက်လက်၍ ဖြစ်ပွားနေခဲ့သည်။ အချို့က အခြားလူများက ပြိုင်ဆိုင်လိုပြီး အချို့က ကိုယ့်နာမည်ကို တည်ဆောက်လိုကြသည်။ အချို့ကလည်း ဘိုးဘွား၊ မိဘ၊ ချစ်ရသူနှင့် ကိုယ်စားပြုရာ ဂိုဏ်း အဖွဲ့များ ဂုဏ်ယူရသည့် အဆင့်တစ်ခုသို့ ရောက်လိုကြသည်။ အချို့ကတော့ အတိတ်မှာတုန်းက တန်ခိုးရှင် သူရဲကောင်းများနှင့် တန်ခိုးရှင် နတ်မိမယ်များ ရောက်ရှိခဲ့သည့် အဆင့်ကို ချိုးဖျက်လိုကြသည်။ အချို့ကလည်း သွေးကြွေးများကို ပေးဆပ်ရန် ရည်ရွယ်ချက်ဖြင့် တိုက်ပွဲများ ဆင်နွှဲ နေကြသည်။

ထာဝရ လမ်းစဉ် ခရီးလမ်းမှာ အမြဲတမ်း ထိုကဲ့သို့ ပုံစံဖြင့် ဖြစ်ပျက် နေခဲ့ခြင်း ဖြစ်ပေသည်။ ခရီးလမ်း အဆုံးထိ ရောက်ဖို့ကိုတော့ စိတ်ကူးယဉ်သူ နည်းပါးလှသည်။ နောက်ဆုံးသော နံရံများမှာ လျှို့ဝှက် အာဏာရှင် အဆင့်များပင် လွယ်လွယ်နှင့် မချိုးဖျက်နိုင်သည့် အတားအဆီးများ ဖြစ်သည်။ သူတို့လို သေမျိုးများက မည်ကဲ့သို့ လုပ်နိုင်မည်နည်း။

...

တစ်ချိန်တည်း၌ အာဏာရှင် အဖွဲ့ဝင်များမှာ နားခိုရာ ဆိပ်ကမ်းများတွင် ထိုင်ရင်း သူတို့ ကုန်ဆုံးသွားခဲ့သည့် စွမ်းအားများကို ပြန်လည် ဖြည့်တင်း နေကြသည်။

သူတို့၏ လောင်ကြေး ပြိုင်ပွဲကတော့ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။ လောင်းကြေးကို သုံးပိုင်းခွဲထားသည်။ လောကသခင် အဆင့်၊ အချိန်သခင် အဆင့်နှင့် ကြယ်တာရာ သခင် အဆင့်တို့ ဟူ၍ ဖြစ်သည်။

အာဏာရှင်များမှာ ထိုအဆင့်အသီးသီးတွင် ရှိသည့် ရွေးချယ်ခံများထဲ၌ မည်သူက အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းကို အလျင် ကျော်ဖြတ်ပြီး အပြာရောင် ခါးသီးမှု လမ်းကြောင်းသို့ ရောက်ရှိမည်ကို လောင်းကြသည်။

ထိုလောင်းကြေး အတွက် သူတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ထင်သည့် ရွေးချယ်ခံ တစ်ယောက်ချင်းစီကို ရွေးချယ် မှတ်သားရသည်။ ထိုပုဂ္ဂိုလ်က အလျင်ဦးဆုံး ရောက်ရှိလျှင်၊ သတ်မှတ်ထားသည့် အဆင့် တစ်ခုကို ရောက်လျှင် သို့မဟုတ် နံရံတစ်ခုကို ပထမဆုံး စိန်ခေါ်လျှင် သူတို့ လောင်းကြေး နိုင်သည်။

ဝှစ်...

ရက်ပေါင်း အနည်းငယ် ကြာမြင့်ပြီးနောက် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုမှ ရွေးချယ်ခံ တစ်ယောက်မှာ အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းမှ ထွက်ခွာလာခဲ့သည်။ သူက ကြယ်တာရာ သခင် တစ်ယောက် ဖြစ်ပေသည်။

အာဏာရှင် အဖွဲ့ဝင်များမှာ သူတို့၏ လောင်းကြေးများကို နှစ်ခါပြန် စစ်ဆေးလိုက်ကြရင်း စိတ်အား ထက်သန် သွားကြသည်။ အချို့မှာလည်း သူတို့ ရွေးချယ်ထားသည့် အနိုင်ရရှိမည့်သူမှာ အစောပိုင်းကတည်းက နှုတ်ထွက် သွားခဲ့ရသည့် အတွက် သို့မဟုတ်လည်း သေဆုံးသွားသည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။

မည်သို့ပင် ဆိုစေ... သူတို့၏ ဤလောင်းကြေးမှာ အပျော်သာ ဖြစ်သည်။ ပထမ ကွန်မန်ဒါနှင့် စတုတ္ထ ကွန်မန်ဒါတို့မှာ သူတို့ အနားယူ အပန်းဖြေချိန်ရအောင် ၎င်းကို စီစဉ်ခဲ့ခြင်းသာ ဖြစ်သည်။

***

All Chapters