ပြန်လည် စတင်ခြင်း
Vol. 113 Ch. 1578
ယနေ့၌ အားလုံး၏ အာရုံ စူးစိုက်မှုများမှာ အပြာရောင် ခါးသီးခြင်း လမ်းကြောင်း၏ ဝင်ပေါက်နှင့် ထွက်ပေါက်တို့ အပေါ်တွင် လုံးဝ ရှိနေခဲ့သည်။ ၎င်းမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် အခက်အခဲများ ရှိနေသည့် ခရီးလမ်း တစ်ခု ဖြစ်ပြီး ဧကရီ ရှောင်ချွမ်းပင်လျှင် ၇၁ ခုမြောက် နံရံ အထိသာ ရောက်ရှိခဲ့သည်။ မည်သူက အစိမ်းရောင် လမ်းသွယ်ကို အောင်မြင်ပြီးနောက် အပြာရောင် လမ်းသွယ်ကို အရင်ဦးဆုံး စိန်ခေါ်မည်နည်း။
အစိမ်းရောင် ခါးသီးမှု လမ်းကြောင်းထဲမှ လူတစ်ယောက် ထွက်လာတိုင်း အချို့မှာ စိတ်အား တက်ကြွ လာခဲ့ကြကာ အချို့ကတော့ ကျိန်ဆဲ ခဲ့ကြသည်။ အထူးသဖြင့် မာ့လုလင်း အပြာရောင် ခါးသီးမှု လမ်းကြောင်းထဲ ဝင်ရောက်သွားသော အခါ၌ မနာလိုသည့် အကြည့်များက စတုတ္ထမြောက် ကွန်မန်ဒါ အပေါ်သို့ ကျရောက် သွားခဲ့ကြသည်။ သူမက အနိုင်ရရှိသူ ဖြစ်ပေသည်။
ပေ့ဝေဝေ၏ မျက်ဝန်းများက တောက်ပ နေခဲ့၏။ ပုံမှန် အေတိအေးစက် ဖြစ်နေတတ်သည့် သူမ၏ မျက်နှာ အမူအရာက စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး နောက်တွင်တော့ ပျောက်ကွယ်သွားခဲ့သည်။ သူမက ထိုအနိုင်ရရှိမှု အပေါ် ကျေနပ်နေကြောင်း ပြောစရာ မလိုပါချေ။
မာ့ကလန်၏ ထိုရွေးချယ်ခံမှာ လူကြိုက်များသည့် ရွေးချယ်စရာ တစ်ခု မဟုတ်ခဲ့ပါချေ။ အာဏာရှင် အများအပြားက တော်ဝင် ကလန်၏ ရွေးချယ်ခံများကို အနိုင်ရရှိမည့်သူ အဖြစ် သတ်မှတ်ခဲ့ကြကာ ထိုအထဲမှ အများစုက ထျန်းကျန်းဟန်ကို လောင်းခဲ့ကြသည်။ သို့သော်လည်း... ထျန်းကျန်းဟန်မှာ ထွက်ပေါ်မလာလေရာ သူတို့မှာ လောင်းကြေးများ ရှုံးနိမ့် သွားကြသည်။
ဟုန်ချွင်းဟွာကတော့ လောကသခင် အဆင့် လောင်းကြေးတွင် အနိုင် ရရှိခဲ့သည်။ သူမက မထင်မရှား အသက်လတ်ပိုင်း အရွယ် ရွေးချယ်ခံ တစ်ယောက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုမိန်းကလေးမှာ ရုပ်ရည်အားဖြင့် သာမန်သာ ဖြစ်ကာ ရင့်ကျက်သည့် ဆွဲဆောင်မှု အနည်းငယ်လေးကိုသာ ပိုင်ဆိုင်ထားသည်။ သူမက လူအုပ်ကြားထဲတွင် ဆိုလျှင် မည်သူမှ သတိထားမိမှာ မဟုတ်သည့် ရုပ်ရည် ပိုင်ရှင်မျိုး ဖြစ်သည်။ သို့သော်လည်း... သူမမှာ အစိမ်းရောင် လမ်းကြောင်းထဲမှ ပထမဆုံး ထွက်လာသူ ဖြစ်ခဲ့သည်။
အောင်မြင်မှုကို ရရှိပြီး နောက်တွင် အသက်လတ်ပိုင်း မိန်းကလေးမှာ ချက်ချင်းပင် လူအများအပြား၏ အာရုံ စူးစိုက်မှုကို ရလာခဲ့သည်။ မကြာခင်မှာပင် လူများမှာ သူမ၏ နောက်ခံကို ရှာဖွေ တွေ့ရှိသွားခဲ့ကာ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမ၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်ကြောင်း သိရှိလာကြသည်။ ထိုမိန်းကလေးမှာ မြေကြီး ရှန့်ထို တစ်ယောက်၏ မျိုးဆက် ဖြစ်လိမ့်မည်ဟု လူအများအပြားက ယူဆကြသည်။ သို့သော်လည်း... သူမမှာ ယီစွန်းလီ ပြန်လည် ရောက်ရှိလာပြီးနောက် ပထမဆုံး လက်ခံထားသည့် တပည့် ဖြစ်ကြောင်း သိရှိသူများမှာတော့ အလွန်ပင် နည်းပါးလှပေသည်။
ဟုန်ချွင်းဟွာမှာ ဝေ့ဝူယင် ပေးအပ်သည့် တာဝန် တစ်ခုကို ထမ်းဆောင်ရင်း ထိုအချက်ကို မရည်ရွယ်ပဲ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ယီစွန်းလီမှာ ဝေ့ဝူယင်၏ ချစ်သူ ဖြစ်ကြောင်း သူမ သေချာပေါက် သိရှိထားလေရာ ထိုအသိပညာကို အသုံးပြုပြီး သူမ ပြိုင်ပွဲကို အနိုင်ပိုင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ သူ့ လက်အောက်ငယ်သားနှင့် ချစ်သူများ အပေါ် အလွန် လက်ဖွာကြောင်း သူမ သိရှိထားပြီး ဖြစ်သည်။ အကယ်၍ ယွီစွန်းလီသာ သူမ၏ တပည့်ဖြစ်သူ အတွက် တောင်းဆိုပါက သူ ကျိန်းသေပင် ဖြည့်ဆည်းပေးပေလိမ့်မည်။
မရေမတွက်နိုင်သည့် ရွေးချယ်ခံများ၏ သေခြင်းရှင်ခြင်းများနှင့် ပြည့်နှက်နေသည့်၊ လူတိုင်း အလွန်အမင်း အလေးအနက် ထားရသော ပြိုင်ပွဲကြီးတွင် ပေါ့ပေါ့တန်တန် ပြုမူနေသည့် အာဏာရှင် အဖွဲ့ဝင်များကို ကြည့်ရင်း အချို့လူများမှာ မကျေမနပ် ကြည့်လိုက်မိကြသည်။ သို့သော်လည်း အာဏာရှင် အဖွဲ့ဝင်များ၏ အစွမ်းသတ္တိကို သူတို့ တစ်ကြိမ် မြင်ဖူးပြီး ဖြစ်လေရာ မည်သူမှ မကျေနပ်မှုကို မပြရဲကြချေ။ ထို့အပြင် သကောင့်သားများ၏ နောက်တွင် ရှိနေသူက အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။
သို့သော်လည်း... အာဏာရှင် အဖွဲ့ဝင်များ အတွက် ထာဝရ ခရီးလမ်းမှာ သူတို့၏ အစစ်အမှန် အဆင့် မဟုတ်ပါချေ။ သူတို့ အတွက် လေ့ကျင့်ရာ နေရာများသာ ဖြစ်သည်။ နောက်လာမည့် အဆင့်သည်သာလျှင် သူတို့ အတွက် အစစ်အမှန် တိုက်ပွဲများ စတင်မည့် နေရာ ဖြစ်သည်။
ရက်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင်မှ အချိန်သခင် တစ်ယောက်မှာ အစိမ်းရောင် လမ်းကြောင်းမှ ထွက်လာခဲ့သည်။ သူက အစိမ်းရောင် လမ်းကြောင်းကို ပထမဆုံး အောင်မြင်ခဲ့သည့် အချိန်သခင် ဖြစ်သည်။ သို့သော်လည်း... သူ ထွက်မလာခင် လောကသခင် အဆင့် တစ်ချို့ပင် အောင်မြင်ခဲ့ကြပီး ဖြစ်လေရာ အများအပြားမှာ အံ့အားသင့် သွားခဲ့ကြသည်။
ယနေ့ခေတ်၏ အချိန်သခင် အများစုမှာ ကြယ်တာရာ သခင် အဆင့်ကို မတက်ရောက်နိုင်သေးသည့် အသက်ကြီးပိုင် မျိုဆက် ကျင့်ကြံသူများ ဖြစ်ကြသည်။ လောကသခင်များကတော့ အာရုဏ်ဦး အဂ္ဂိရတ် ထုတ်ကုန်များ၏ အကျိုးကျေးဇူးများကို ခံစားခဲ့ရသည့် ထူးချွန်သော လူငယ်ကလေးများ ဖြစ်သည်။ ထိုကွာဟချက်က ခေတ်နှစ်ခေတ်ကြား မည်မျှ ကွာခြားသည်ကို ရှင်းလင်းစွာ ဖော်ပြနေခဲ့သည်။ ကွယ်လွန်သွားပြီ ဖြစ်သည့် ကျောင်းရှုလင်းမှာလည်း တစ်ချိန်တုန်းက ထိုကဲ့သို့ ကျင့်ကြံသူများထဲတွင် ပါဝင်ခဲ့ပေသည်။
အချိန်သခင် အဆင့်များထဲတွင် အနိုင်ရခဲ့သည့် ထိုပုဂ္ဂိုလ်ကြီးကိုတော့ မည်သူမှ ခန့်မှန်းလို့ မရခဲ့ချေ။ သူက အသက် ၅၀၀ နီးပါး ရှိနေပြီ ဖြစ်သည့် အလွန် အသက်ကြီးနေပြီ ဖြစ်သော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထိုအချက်က အာဏာရှင် အဖွဲ့ဝင် အချို့ကို နှစ်သိမ့်မှု ပေးခဲ့သလို မကျေနပ်မှုများလည်း ဖြစ်ပေါ်စေခဲ့သည်။ အနည်းဆုံးတော့ သူတို့ မရှုံးနိမ့်ခဲ့ကြပါချေ။ သို့သော် နိုင်လည်း မနိုင်ခဲ့ချေ။ ဟုန်ချွင်းဟွာနှင့် ပေ့ဝေဝေတို့သာလျှင် အနိုင် ရရှိခဲ့ကြကာ သူတို့က အကျိုးအမြတ် များစွာနှင့် လိမ္မာ ပါးနပ်စွာ ပြုံးနေခဲ့ကြသည်။
လောင်းကြေး ကိစ္စက အဆုံးသတ်သွားပြီ ဖြစ်သလို သူတို့ အားလုံးလည်း အားအင်များ ပြန်လည် ပြည့်ဝ လာခဲ့ကြပြီ ဖြစ်သည်။ နောက်ထပ် လမ်းကြောင်း တစ်ခုကို စိန်ခေါ်ဖို့ အတွက် သူတို့ အဆင်သင့် ဖြစ်နေကြလေပြီ ဖြစ်သည်။
“အားလုံးပဲ... သတိ...”
ကွန်မန်ဒါ အားလုံးက တစ်ပြိုင်နက်တည်းပင် အော်ဟစ်လိုက်ကြ၏။ နှစ်ပေါင်းများစွာ လေ့ကျင့်လာကြသူများ အနေဖြင့် ချက်ချင်းပင် အာဏာရှင် အဖွဲ့ဝင် အားလုံး၏ ကျောရိုးများက အလိုအလျောက် ဆန့်တန်းသွားသည်။ မျက်လုံးများမှာလည်း ပြင်းပြသည့် စိတ်ဆန္ဒများနှင့် ပြန်လည်၍ ပြည့်နှက် သွားခဲ့၏။
ရုတ်တရက် အပြာရောင် လမ်းကြောင်းထံ ပုံရိပ် အချို့ ပြေးလွှားသွားနေသည်ကို သူတို့ တွေ့လိုက်ရသည်။
“…”
အာဏာရှင် အဖွဲ့ဝင်များမှာ မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း ရုတ်တရက် သိသွားခဲ့ကြပြီ ဖြစ်သည်။ အပြာရောင် လမ်းကြောင်းထံ ပြေးလွှားသွားနေသူများမှာ အခြားလူများ မဟုတ်ပဲ သူတို့၏ ကွန်မန်ဒါများသာ ဖြစ်သည်။
ထိုပုဂ္ဂိုလ်များမှာ နှစ်ပေါင်းများစွာ လေ့ကျင့်မှုများကြောင့် အာဏာရှင်များ၏ ဝိညာဉ်များထဲတွင် စွဲထင်နေသည့် အလိုအလျောက် တုန့်ပြန်မှု မှတ်ဉာဏ်များကို အသုံးပြုကာ အခြားလူများကို နှောင့်နှေးစေ၍ လက်ဦးမှု ရယူခဲ့ကြခြင်း ဖြစ်ပေသည်။
ဘုန်း... ဘုန်း... ဘုန်း...
ချက်ချင်းပင် ပြင်းထန်သည့် လေပွေများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့ကာ များလှစွာသော အာဏာရှင်များမှာ အပြာရောင် လမ်းသွယ်ဆီ ပြေးလွှား လေတော့သည်။ ထိုမြင်ကွင်းက ဖော်ပြ၍ မရနိုင်အောင် ခမ်းနား လွန်းလှသည်။ သူတို့က ထိုလမ်းကြောင်းထဲကို ဝင်ရောက်နိုင်ဖို့ အကောင်းဆုံးသော အစွမ်းအစများကို ထုတ်ဖော် ခဲ့ကြသည်။
အပြာရောင် ခါးသီးမှု လမ်းကြောင်းကို ကျော်ဖြတ်နိုင်ရန် လျှို့ဝှက် ကြယ်တာရာ အဆင့် တစ်ယောက်၏ ခွန်အားကို လိုအပ်သည်ဟု ဆိုသည်။ သို့သော်လည်း... ထိုအရာက သူတို့၏ ပန်းတိုင် မဟုတ်ပါချေ။
အာဏာရှင်များ အတွက် အမှန်တကယ် ပန်းတိုင်က လမ်းကြောင်း တစ်ခုလုံး၏ အဆုံးသတ် ဖြစ်သည့် အဖြူရောင် ခါးသီးမှု လမ်းကြောင်းပင် ဖြစ်လေတော့သည်။
ထိုနေရာသို့ မည်သူက အရင်ဦးဆုံး ရောက်မည်နည်း။
....
“သူတို့တွေ သွားနေကြပြီ...”
များလှစွာသော ပြိုင်ပွဲဝင်များ အနက် အချို့သော ရွေးချယ်ခံများမှာ ခါးသီးမှု လမ်းကြောင်းထဲတွင် ရုန်းကန် တိုက်ခိုက်နေကြသလို၊ ဒဏ်ရာများအား ပြန်လည် ကုသရန်နှင့် အနားယူ အပန်းဖြေရန် နားခိုရာ ဆိပ်ကမ်းတွင် ထိုင်နေကြသော ရွေးချယ်ခံများလည်း ရှိပေသည်။ သူတို့က ချက်ချင်းပင် အာဏာရှင် အဖွဲ့ဝင်များ၏ လှုပ်ရှားမှုများကို သတိထားမိသွားကြကာ စိတ်ဝင်တစား စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
အာဏာရှင် အဖွဲ့ဝင်များမှာ ခါးသီးမှု လမ်းကြောင်းများ တစ်လျှောက်လုံးတွင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် အမြန်နှုန်းများကို ပြသခဲ့ကြသည်။ သူတို့ထဲမှ အနိမ့်ဆုံး လောကသခင် အဆင့် တစ်ယောက် ပင်လျှင် ကြယ်တာရာ သခင်များနှင့် ယှဉ်ပြိုင်နိုင်သည့် စွမ်းအားကို ပြသခဲ့သည်။ ထိုအချက်ကပင် ဝေ့ဝူယင်မှာ နောက်မျိုးဆက်၏ ဦးဆောင်သူ ဖြစ်ကြောင်း သူတို့ကို သတိပေးခဲ့ကာ အကြိမ်ကြိမ် ထိတ်လန့် စေခဲ့သည်။ များလှစွာသော ရွေးချယ်ခံများမှာ သူတို့၏ အကြီးအကဲများ ဝေ့ဝူယင်ထံတွင် စောစောစီးစီး အညံ့ မခံခဲ့သည့် အပေါ် စိတ်တို နေခဲ့မိကြသည်။
ယခုအခါတွင် ဝေ့ဝူယင်မှာ အသက်တစ်ရာပင် မပြည့်သေးသော်လည်း အဂ္ဂိရတ် တာအို၏ လောက ရှန့်ထို တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယခု အညံ့ခံဖို့ အချိန်မီသေးသည် ဆိုသော်လည်း ရရှိလာမည့် အလေးထား ဆက်ဆံမှုနှင့် အကျိုးအမြတ်များမှာ ယခင်လူများကို မှီဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
“သူတို့ ဘယ်လောက်အထိ ရောက်နိုင်မလဲ”
များလှစွာသော ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင်များမှာ အပြာရောင် ခါးသီးမှု လမ်းကြောင်းထဲ ဝင်ရောက် ပျောက်ကွယ်သွားသည့် အာဏာရှင် အဖွဲ့ဝင်များကို ကြည့်ရင်း မှန်းဆ ဆွေးနွေး နေခဲ့ကြသည်။
အပြာရောင် ခါးသီးမှု လမ်းကြောင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်တစ် ဖြစ်သည့် လျှို့ဝှက် ကြယ်တာရာ အဆင့်၏ ခွန်အားကို လိုအပ်သည်ဟု ဆိုသည်။ သူတို့ကို အတုအယောင် လျှို့ဝှက် အာဏာရှင် အဆင့်ဟု ရည်ညွှန်း ကြသည့်တိုင် ထိုဘွဲ့က သူတို့ ပိုင်ဆိုင်ထားသည့် အံ့မခန်းစွမ်းအားများကို လျော့ကျ မသွားစေခဲ့ပါချေ။
လူ့ အဖွဲ့အစည်း အတွင်းရှိ ကျင့်ကြံသူများ လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ... လျှို့ဝှက်ကြယ်တာရာ အဆင့် ကျင့်ကြံသူများမှာ လျှို့ဝှက် လမ်းစဉ်ကို ခြေချခဲ့ကြပြီး ဖြစ်သည်။ သူတို့က ကြယ်တာရာ အမြုတေ အဆင့်နှင့် လုံးဝကို ကွဲပြားခြားနားသည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေကြသည်။
ထာဝရ ဧကရာဇ်က အပြာရောင် ခါးသီးမှု လမ်းကြောင်းအတွက် ဤကဲ့သို့ လိုအပ်ချက်ကို သတ်မှတ်ထားခြင်းမှာ အလွန်ကို ရက်စက်လွန်းသည်ဟု သူတို့ တွေးမိကြသည်။ အထူးသဖြင့် အသက် နှစ်ငါးရာအောက် ဆိုသည့် လိုအပ်ချက်ကြောင့်ပင်။
***