ဖျက်ဆီးခြင်း
Vol. 113 Ch. 1579
နားခိုရာ ဆိပ်ကမ်း အတွင်းရှိ သီးခြား နေရာ တစ်ခု၌ မီးခိုးရောင် မျက်ဝန်း တစ်စုံမှာ ပွင့်ဟလာခဲ့ကာ အပြာရောင် ခါးသီးမှု လမ်းကြောင်း အတွင်း အပြေးအလွှား ဝင်ရောက်သွားသည့် အာဏာရှင်များကို လှမ်းကြည့်လိုက်သည်။ နာ့ရှင်းရီမှာ လင်းကျိရန်နှင့် အတူ နေထိုင်ရင်း ယင်ဆုံမှတ် ကိုးခု ခန္ဓာကိုယ်ကို အသုံးပြုကာ ဝိညာဉ် အမြုတေနှင့် ဆန်းကြယ် မူလတို့ကို သန့်စင် နေခဲ့ခြင်း ဖြစ်သည်။ ရလဒ်က အလွန်ပင် ကောင်းမွန်ပေသည်။ သူမ၏ ဝိညာဉ် အင်အားနှင့် ကြယ်တာရာ ဝိညာဉ်တို့၏ အခြေခံ အုတ်မြစ်များမှာ အံ့ဖွယ် အပြောင်းအလဲ တစ်ခုကို ဖော်ဆောင်နေကာ ဂုဏ်သတ္တိပိုင်းနှင့် အရည်အသွေးပိုင်းတို့အား သိသိသာသာ မြှင့်တင်ပေးနေသလို ခံစားရသည်။
ကံမကောင်းတာ တစ်ခုက... လုံးဝ အာရုံစိုက်၍ တံခါးပိတ် သန့်စင်လျှင်ပင် ဝိညာဉ် အမြုတေမှာ သုံးလခန့် ကြာမြင်နိုင်ခြင်းဖြစ်သည်။ ထာဝရ လမ်းစဉ် ခရီးလမ်း အတွက် ပေးထားသည့် အချိန်က ၈၁ ရက်သာ ရှိသည်။ သူမ အစွမ်းကုန် ကြိုးစားလျှင်ပင် ထိုသတ်မှတ်ချက်ကို ကျော်လွန်သွားနိုင်ဖွယ် ရှိသည်။ သို့သော်လည်း... နံရံများကို စိန်မခေါ်မှီ သူမ ရသလေက် သန့်စင်ဖို့တော့ စိတ်ကူးထားသည်။
ရုတ်တရက်... လင်းကျိယန် မျက်မှောင်ကြုတ် လိုက်၏။
“ညီမလေး ရှင်းရီ...”
သူမက ဝိညာဉ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။ သူမမှာ နာ့ရှင်းရီ ကျင့်ကြံနေတာကို အနှောက်အယှက် ဖြစ်မှာ စိုးသောကြောင့် တစ်ချိန်လုံး တိတ်ဆိတ် နေခဲ့သော်လည်း သူမ နိုးထလာသည်ကို မြင်လိုက်ရသော အခါတွင်တော့ မတွန့်ဆုတ်ပဲ ခေါ်လိုက်သည်။ နာ့ရှင်းရီက လင်းကျိယန်ကို ကြည့်လိုက်၏။
“တစ်ယောက်ယောက်က ငါ့ ကြည့်နေသလို ခံစားမိတယ်... ဒါပေမဲ့ ဘယ်နေရာကမှန်းတော့ မသိဘူး”
သူမ၏ စကားလုံးများက နာ့ရှင်းရီ၏ မျက်ခုံးများကို တွန့်ကွေးသွားစေခဲ့သည်။ လင်းကျိယန်မှာ လှပသောကြောင့် အမျိုးသား ပြိုင်ပွဲဝင်များထံမှ အကြည့်များမှာ သူမထံသို့ မရပ်မနား ရောက်လာနေတတ်သည်။ ဝူပိုင်ကျိုး ပင်လျှင် ပိုးပန်းခြင်းခံနေရသည်။ အချို့သော ယောက်ျားများသာ အချိန်အခါနှင့် သင့်တော်မှုတို့ကို လုံးဝကို ဂရုမစိုက်ကြပေ။
သို့သော်လည်း... လင်းကျိယန်၏ လက်ရှိလေသံမှာ အရေးကြီးသည့် ကိစ္စတစ်ခုကို ညွှန်ပြနေပုံ ပေါ်သည်။ သူမ မတုန့်မဆိုင်းပဲ လင်းကျိယန်၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်ကာ ဝိညာဉ်အာရုံ အပိုင်းအစလေးတစ်ခုကို အတွင်ပိုင်းသို့ ပို့လွှတ်လိုက်သည်။
လင်းကျိယန်က မည်ကဲ့သို့ ခုခံမှုကိုမှ မပြုချေ။ သူမ နာ့ရှင်းရီကို အပြည့်အဝ ယုံကြည်သည်။ သူတို့နှစ်ယောက်စလုံးမှာ တစ်ဦး ဒုက္ခရောက်နေသည့်အချိန်၊ တစ်ဦး မသန်မစွမ်းဖြစ်နေချိန်တွင် အတူတကွ ရှိနေခဲ့ကြသူများ ဖြစ်သည်။
ဝိညာဉ်အာရုံကို ထည့်သွင်းလိုက်သည့် ချက်ချင်းပင် နာ့ရှင်းရီမှာလည်း အလားတူခံစားမှုမျိုး ရရှိလိုက်သည်။ လင်းကျိယန်၏ ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည့် သွေးများမှာ အနည်းငယ် တုန်ခါနေကာ သူမ ခံစားနေရသည့် သက်တောင့်သက်သာ မရှိမှုကို လှုံ့ဆော်ပေးနေသည်။
မိန်းကလေး၏ မီးခိုးရောင်မျက်လုံးများမှာ အေးစက်လာကာ ပြင်းထန်သည့် ယင်အလင်း ခပ်မှိန်မှိန်ကို ထုတ်လွှတ်လိက်၏။ ထို့နောက် သူမက နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။
အပြာရောင် လမ်းကြောင်း၏ဝင်ပေါက်...
သူမ သေချာစွာ မမြင်နိုင်မီမှာပင် ဝါးတားတား ပုံရိပ်တစ်ခုမှာ အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့သည်။ မိန်းကလေး၏ မျက်လုံးများက ထိစပ်လုမတတ် ကျဉ်းမြောင်း သွားခဲ့၏။
“သူ စိမ်းပြာရောင်လမ်းထဲကို ဝင်သွားပြီ”
နာ့ရှင်းရီက လင်းကျိယန်ကို ပြောလိုက်သည်။ ထိုအချိန်ကိုက်မှုက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။
“ဘယ်သူလဲ”
စောင့်ကြည့်ခံနေရသည့် ခံစားချက် ပျောက်ကွယ်သွားပြီးနောက် လင်းကျိရန်က စိတ်သက်သာရာရသည့် အသက်ရှူသံတစ်ချက် ရှိုက်ထုတ်လိုက်ရင်း မေးလိုက်သည်။
“မသိဘူး... ခု သွား ရှာမယ်”
နာ့ရှင်းရီက ပြောလိုက်၏။ ထို့နောက် သူမက လက်ဟန်ချိပ်စည်းတစ်ခု ဖန်တီးလိုက်ကာ လင်းကျိရန်၏ ရင်ဘတ်ကို ထိရင်း အမှတ်အသား တစ်ခု လုပ်လိုက်သည်။ ထို့နောက် သူမ ကိုယ်တိုင်၏ ရင်ဘတ်ကို ထိကာ အလားတူ အမှတ်အသား လုပ်လိုက်၏။
“သွားကြရအောင်”
နာ့ရှင်းရီက လင်းကျိယန်ကို အပြာရောင် လမ်းကြောင်း၏ ဝင်ပေါက်ဆီသို့ ခေါ်ဆောင် သွားခဲ့သည်။ သူမက လင်းကျိယန်အား ယုတ်မာစွာ ချောင်းကြည့်နေကာ တွေ့ရှိသွားချိန်တွင် ပုန်းအောင်း သွားခဲ့သူကို ရအောင် ဖော်ထုတ်ရန် ရည်ရွယ်ထားသည်။
ဝေ့ဝူယင်က လင်းကျိရန်ကို မြေကြီး ရှန့်ထိုများပင်လျှင် ဘာမှ မလုပ်နိုင်အောင် အကာအကွယ်များ ပေးထားမည်မှာ မှန်သော်လည်း နာ့ရှင်းရီမှာ သူမ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ပတ်ဝန်းကျင်ရှိ လူများကို ကာကွယ်နိုင်ကြောင်း သက်သေပြချင် နေမိသည်။
ဝှစ်... ဝှစ်...
မိန်းကလေး နှစ်ယောက်စလုံး ဝင်ရောက်သွားခဲ့၏။ ထို့နောက်… သူတို့ နှစ်ယောက်မှာ နေရာ ခွဲခြား ချထားခြင်း မခံရပဲ အတူတကွပင် ခါးသီးမှု ပင်လယ် အတွင်း ရောက်ရှိသွားခဲ့ကြသည်။ မိန်းကလေး နှစ်ယောက်၏ ရင်ဘတ်ရှိ အမှတ်အသားများကတော့ တစ်သားတည်းလိုပင် တောက်ပနေခဲ့လေသည်။
“ဘုရားရေ...”
ထာဝရလမ်းစဉ် ခရီးလမ်း၏ (၆၁) ခုမြောက် နံရံကို မြင်လိုက်ရသည့်အခိုက်တွင်တော့ လင်းကျိရန် တစ်ယောက် နှုတ်မှ အာမေဋိတ်စကားပင် ထွက်လာခဲ့သည်။
အဘယ်ကြောင့်နည်း။ အဆုံးမဲ့ ရှည်လျားလှသည့် နံရံကြီး တစ်လျှောက် အပေါက်များစွာဖြင့် ပြည့်နှက် နေခဲ့သောကြောင့်ပင်။ ထို့အပြင်… အပေါက်များမှာ ပြန်လည် အလိုအလျောက် ပြန်လည် ပြုပြင်ရေး လုပ်ငန်းစဉ်ကိုပင် အနှောက်အယှက် ပေးနိုင်သည့် ထင်ရှားသော စွမ်းအင်လှိုင်းများကိုပင် ထုတ်လွှတ် နေခဲ့သည်။
“အာဏာရှင်တွေ…”
နာ့ရှင်းရီက မျက်မှောင်ကြုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူတို့ ဘာလုပ်နေကြသနည်း။ မိန်းကလေးက နာ့ရှင်းရီ၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း လူသုံးဦးစာ ဖြတ်ကျော် ဝင်ရောက် နိုင်သည့် အပေါက်ထဲမှ တစ်ဆင့် ထွက်လာခဲ့သည်။
သူတို့ နှစ်ယောက်သာလျှင် မက အခြားသော ရွေးချယ်ခံများမှာလည်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် အတွက် အပြေးအလွှားပင် အပေါက်များထဲ တိုးဝင် ပျံသန်း နေကြသည်။
နာ့ရှင်းရီမှာ ၆၁ ခုမြောက် နံရံကို ဖြတ်သန်းရင်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ စံနှုန်းများအရ အထွတ်အထိပ် အဆင့် ကြယ်တာရာ သခင် တစ်ယောက်ပင် ဖြတ်သန်းဖို့ မလွယ်ဟု မှတ်ချက်ချလိုက်မိသည်။
ဘုန်း… ဘုန်း… ဘုန်း…
၆၁ ခုမြောက် နံရံကို ကျော်ဖြတ်ပြီးနောက် သူတို့နှစ်ဦးမှာ ကောင်းကင်ကို ပျံတက်၍ ၆၂ ခုမြောက် နံရံကို ထိုးဖောက်နေကြသည့် အလင်းတန်း များစွာကို တွေ့မြင်လိုက်ရသည်။ နံရံမှာ အလိုအလျောက် ပြန်လည်၍ ပြုပြင် နေကြသည့်တိုင် အလွန် နှေးကွေးလှပေသည်။ သူတို့က ဘာလုပ်နေကြသနည်း။
“ဘာလို့ ပြုပြင်တာက ဒီလောက် နှေးနေရတာလဲ...”
လင်းကျိယန်မှာ ဝင်္ကပါ၏ လုပ်ဆောင်ချက်များက အဘယ်ကြောင့် ဤမျှ နှေးကွေး နေရသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ နာ့ရှင်းရီက မည်သို့မှ ပြန်မဖြေပဲ သူမကို ဆွဲကာ အသက်ရှူ မှားလောက်ဖွယ် အမြန်နှုန်းဖြင့် နံရံအနားသို့ ရွေ့လျား သွားခဲ့သည်။ နံရံကို ရှင်းလင်းစွာ မြင်လိုက်ရသော အခါတွင်တော့ လင်းကျိရန်၏ မျက်လုံးများမှာ ပြူးကျယ် သွားကာ အဖြေကို ရရှိသွားခဲ့တော့သည်။
၆၂ ခုမြောက် နံရံတစ်လျှောက်လုံးတွင် အလွန် ကြီးမားသည့် အပေါက်ပေါင်း သောင်းနှင့်ချီ ရှိနေခဲ့သည်။ ထို့အပြင်... အပေါက်တစ်ခုချင်းစီတိုင်း၏ အနားစွန်းများ၌ အမျိုးမျိုးသော စွမ်းအားများမှာ ကပ်ညိနေသည်ကို သတိထားလိုက်မိသည်။
“ရည်ရွယ်ချက်တွေ...”
နောက်ဆုံး၌ ဝင်္ကပါ၏ လုပ်ဆောင်ချက်များက အဘယ်ကြောင့် နှောင့်နှေး နေရသည်ကို လင်းကျိရန် သိရှိသွားခဲ့ပြီ ဖြစ်သည်။
နံရံများအား ဖောက်ခွင်းသွားသည့် ကြယ်တာရာ စွမ်းအင်တိုင်းတွင် ရည်ရွယ်ချက် တစ်ခုစီ ပါဝင်နေကာ၊ ၎င်းတို့ အားလုံးမှာ ဝင်္ကပါ၏ ပြန်လည် ပြင်ဆင်ရေး လုပ်ဆောင်ချက်များကို ကြီးမားစွာ အနှောက်အယှက် ပေးနေခဲ့ခြင်း ဖြစ်သည်။ ထိုအပေါက် အားလုံးကို တစ်ပြိုင်နက်တည်း ပြန်လည် ပြုပြင်ရသည့် အခါ တင်္ကပါ၏ စွမ်းအားက များစွာ လျော့ကျသွားခဲ့သည်။ အကျိုးဆက် အနေဖြင့် နံရံ၏ ပြန်လည် ပြုပြင်ရေး လုပ်ဆောင်ချက်က များစွာ နှေးကွေး သွားခဲ့ခြင်း ဖြစ်သည်။
မိန်းကလေး နှစ်ယောက်မှာ (၆၃) ခုမြောက် နံရံဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့ကြသည်။ ထိုနေရာတွင် ပျက်စီးမှုများက ပိုမို ၍ပင် ကြီးမားနေခဲ့သည်။ အာဏာရှင်များမှာ ၎င်းကို ဖျက်ဆီးရန် ပိုမို များပြားသည့် အင်အားများကို အသုံးပြု သွားကြသည့်ပုံ ပေါ်သည်။ မိန်းကလေး နှစ်ယောက်မှာ ပျက်စီးနေသည့် နံရံ အပေါက်များ အတိုင်း ရှေ့ဆက်တိုး လာခဲ့ကြ၏။
၆၄၊ ၆၅ နှင့် ၆၆ ခုမြောက် နံရံများအားလုံးမှာလည်း အလားတူပင် ဖြစ်သည်။ နာ့ရှင်းရီမှာ အမှတ်မထင်ပင် ထူးခြားစွာ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေသည့် ဓားအလင်း တစ်ခုကို သတိထားလိုက်မိသည်။ ၎င်းအား ပိုင်ဆိုင်ထားသူက ပထမ ကွန်မန်ဒါ ဟုန်ချွင်းဟွာ တစ်ယောက်တည်းသာ ရှိပေသည်။
ဓားအလင်း သက်ရောက်ထားသည့် ပျက်စီးမှုက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ၎င်းမှာ ၆၆ ခုမြောက် နံရံတစ်လျှောက်တွင် အလွန် ရှည်လျားသည့် ဓားဒဏ်ရာ ဟင်းလင်းပြင်အပေါက်ကြီးတစ်ခုကို ဖန်တီးထားခဲ့သည်။
“ဒီလို အပေါက်တွေကြောင့်ပဲ နောက်လမ်းကြောင်းကို သွားဖို့ လူတိုင်း အခမဲ့ လက်မှတ်တွေ ရနေကြပြီ...”
ဖြိုခွင်း ခံထားရသည့် နံရံ အပေါက်များ တစ်လျှောက် စိတ်လှုပ်ရှားစွာ အလုအယက် ပြေးလွှားနေသည့် လူအုပ်ကြီးကို ကြည့်ရင်း လင်းကျိရန် မှတ်ချက်ချလိုက်သည်။
“ဒါကို သူတို့ရဲ့ ကံကောင်းခြင်းလို့ပဲ သတ်မှတ်လိုက်ပါ”
နာ့ရှင်းရီက အေးဆေးစွာ ပြောလိုက်၏။ ယခုအခါ အပြာရောင် လမ်းကြောင်းကို စိန်ခေါ်ဝံ့သူများမှာ အခြားသူများ မရရှိနိုင်သည့် အကျိုးကျေးဇူးကို ရရှိနေကြပြီ ဖြစ်သည်။
အချိုအချောင်ပဲ ဆိုဆို၊ အခမဲ့ လက်မှတ်ပဲ ပြောပြော... ဤသည်မှာ သေမျိုး ကန့်သတ်ချက်များအား ကျော်လွန်နေသည့် အတားအဆီးတစ်ခုကို ရင်ဆိုင်ရဲသည့် သူတို့၏ ရဲစွမ်းသတ္တိနှင့် စိတ်ဆန္ဒတို့ကြောင့် ရရှိခဲ့သည့် ကံကောင်းခြင်းပင် ဖြစ်သည်။
***