သတင်းစကား
Vol. 113 Ch. 1580
မကြာမီပင် မိန်းကလေး နှစ်ယောက်မှာ (၇၁) ခုမြောက် နံရံအထိ ရောက်ရှိသွားခဲ့ကြသည်။ ဤနံရံမှာ တစ်ချိန်တစ်ခါက ဧကရီရှောင်ချွမ်းကို ရပ်တန့် စေခဲ့သည်။ သို့သော်လည်း ဤသည်ကပင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် နာမည် ကျော်ကြားမှုများကို ပေးစွမ်းခဲ့သည်။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီး နောက်တွင်တော့ ခိုင်မာ ပြင်းထန်လွန်းပါသည် ဆိုသည့် ထိုနံရံမှာ ပရမ်းပတာ အပေါက်များစွာဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။
ရုတ်တရက်... နာ့ရှင်းရီမှာ ရင်းနှီးနေပြီးသား အငွေ့အသက် တစ်ခုကို ခံစားလိုက်မိ၏။ သူမက ထိုနေရာဆီသို့ ရွေ့လျား သွားလိုက်ရာ ငါးမိုင်ခွဲခန့် ရှည်လျားသည့် အက်ကြောင်းကြီး တစ်ခုကို တွေ့လိုက်ရသည်။ လေထု အတွင်း၌ အင်ပါယာ ကောင်းကင် စွမ်းအင်များမှာ ပျံ့လွင့်နေဆဲ ဖြစ်၏။
“ဝူပိုင်ကျိုး...”
လင်းကျိရန် ချက်ချင်းပင် သိရှိလိုက်သည်။ ၇၁ ခုမြောက် နံရံလို အလွန် ခိုင်မာသည့် နေရာမျိုးတွင် ထိုမျှ ကြီးမားသည့် အက်ကြောင်းကြီးကို ဖန်တီးနိုင်ခြင်းက ဝူပိုင်ကျိုး၏ ခွန်အား အဆင့်မှာ ကြောက်မက်ဖွယ် အဆင့်အတန်း တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ကြောင်း သိသာစေသည်။
မိန်းကလေး နှစ်ယောက်မှာ ၇၂ ခုမြောက် နံရံထံ ဆက်လက်၍ ရွေ့လျား သွားခဲ့သည်။ ထိုနံရံကို ထိုးဖောက်ရန် အတွက် လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်ပင် ပြိုင်စံရှား အထွတ်အထိပ် အဆင့် ရောက်ရှိနေသူ တစ်ယောက်၏ စွမ်းအားကို လိုအပ်သည်။
ဟူး... ဟူး...
ရုတ်တရက် လေဟုန်တစ်ခုမှာ သူတို့ထံသို့ တိုးတင် ရိုက်ခတ်လာခဲ့၏။ ထိုမုန်တိုင်းထဲ၌ မှိန်ဖျော့သော်လည်း အရိုးများကို တုန်ရီစေနိုင်သည့် နဂါးဟိန်းသံ တစ်ခု ပါရှိနေခဲ့သည်။ နံရံကို ကြည့်လိုက်သော အခိုက်တွင်တော့ မိန်းကလေး နှစ်ယောက်၏ မျက်လုံးများမှာ အလွန်ပင် ပြူးကျယ်သွားခဲ့လေတော့၏။
၇၂ ခုမြောက် နံရံတစ်လျှောက်၌ နဂါးလက်သည်းရာကြီး တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ အလွန်တရာ ကြီးမားလှကာ သုံးမိုင်ခန့် အထိ ရှည်လျားပြီး အမြင်အာရုံကို လွှမ်းခြုံ ထားခဲ့သည်။
နာ့ရှင်းရီ ဖြူရော်စွာ ပြုံးလိုက်မိ၏။ ထိုမိန်းကလေးနှစ်ယောက်က ပြိုင်ဆိုင်နေကြသည်လား။ ဘယ်လောက် ကလေးဆန်လိုက်သနည်း။
ထိုကဲ့သို့ တွေးနေသော်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း သူမ တိုက်ခိုက်လိုစိတ်များ ထကြွလာခဲ့သည်။ သူတို့ထဲမှ မည်သူကမှ ရိုးရှင်းသည့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ချေ။ တစ်ယောက်ချင်းစီတိုင်းမှာ အံ့မခန်း ကျင့်ကြံခြင်း နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်ချည်း ဖြစ်သည်။
ရုတ်တရက်... နာ့ရှင်းရီ မျက်မှောင်ကြုတ် သွား၏။ လင်းကျိရန်အား ချောင်းကြည့်နေခဲ့သည့် ပုဂ္ဂိုလ်ကို သူမ ယခုမှ သတိရသွားသည်။ သူ့အား လုံးဝ မတွေ့ရသေးပါချေ။ ကြည့်ရသည်က ထိုတစ်ယောက်မှာ အာဏာရှင် အဖွဲ့သားများနှင့် ဝူပိုင်ကျိုးတို့ ဖန်တီးထားခဲ့သည့် လမ်းကြောင်း အတိုင်း ထွက်သွားခဲ့သည့်ပုံ ရသည်။
“သွားကြရအောင်”
နာ့ရှင်းရီ လင်းကျိရန်ကို ခေါ်ဆောင်ရင်း လာရာလမ်း အတိုင်း ပြန်လည် ထွက်ခွာကာ နားခိုရာ ဆိပ်ကမ်းထံသို့ ပြန်လာခဲ့သည်။
အပြင်သို့ အရောက်၌... အပြာရောင် ခါးသီးမှု လမ်းကြောင်း အတွင်း ဝင်ရောက်ခဲ့ကြသည့် လူများစွာမှာ လမ်းကြောင်း အတွင်းရှိ အဖြစ်အပျက်များ အကြောင်း စိတ်အား ထက်သန်စွာ ဆွေးနွေးနေသည်ကို မြင်လိုက်ရသည်။
ကံဆိုးသည်က ဝင်္ကပါ၏ ပြန်လည် ပြုပြင်ရေး လုပ်ဆောင်မှုများမှာ အလွန် နှေးကွေးနေသည် ဆိုသော်လည်း လုံးဝ ရပ်တန့်သွားခြင်း မဟုတ်ပါချေ။ သို့ဖြစ်လေရာ နောက်ထပ် ဝင်ရောက်မည့် လူများမှာ နံရံများကို အလွယ်တကူ ဖြတ်သန်းနိုင်တော့မည် မဟုတ်ချေ။
အာဏာရှင် အဖွဲ့သားများကတော့ နောက်ထပ် လမ်းကြောင်း တစ်ခုထဲကို ထွက်ခွာ သွားခဲ့ကြပြီ ဖြစ်သည်။ သူတို့က အပြာရောင် လမ်းကြောင်းအား နတ်ဘုရားများ ကဲ့သို့ မည်သို့မည်ပုံ အရှိန်အဟုန်ဖြင့် ဖြတ်ကျော်ခဲ့သည်ကို လူတိုင်း ပြောဆိုနေကြသည်။ ‘ခေတ်သစ်’ ဟူသည့် စကားလုံးမှာ မရပ်မနားပင် ပျံ့လွင့် နေခဲ့သည်။ ထို့အပြင် ဧကရီ ရှောင်ချွမ်း၏ စံချိန်သည်လည်း ကျိုးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း မည်သူမှ ထိုအရာကို ဂရုမစိုက်ကြပါချေ။ သူမမှာ ခေတ်ဟောင်း၏ ဒဏ္ဍာရီ အပိုင်းအစ တစ်ခုမျှသာ ဖြစ်ကာ လာမည့် ခေတ်သစ်တွင် အရေးပါမှု များစွာ လျော့ကျသွားလိမ့်မည် ဖြစ်သည်။
သို့သော် သူမသည် ၎င်းကို ဂရုမစိုက်ခဲ့ပေ။ ဧကရီ ရှောင်ချွမ်းသည် ရှေးဟောင်းအတိတ်၏ အပိုင်းအစတစ်ခုဖြစ်ပြီး သူမ၏ စံချိန်များမှာ လာမည့်ခေတ်သစ်အတွက် အရေးပါမှု အနည်းငယ်သာ ရှိသည်။
နာ့ရှင်းရီ မျက်မှောင်ကြုတ် လိုက်မိ၏။ လင်းကျိရန်အား ကြည့်နေခဲ့သည့် ပုဂ္ဂိုလ်မှာ ထိုနေရာတွင် မရှိတော့ချေ။ သူမက မဲနယ်ရောင် လမ်းကြောင်းထဲသို့ ရွေ့လျား သွားခဲ့ပြီ ဖြစ်သည်။ ထိုလမ်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများ အတွက် ရည်ရွယ်ပေသည်။
(၇၃) ခုမြောက် နံရံ...
နာ့ရှင်းရီနှင့် လင်းကျိယန်တို့ နှစ်ယောက် ဝင်ရောက်သွားသည့်အခါ လောကတစ်ခုလုံးအား တုန်လှုပ်သွားစေနိုင်သည့် မြင်ကွင်းတစ်ခုက ဆီးကြိုဆိုနေခဲ့သည်။
အဘယ်ကြောင့်နည်း။ ၇၃ ခုမြောက် နံရံ၏ အစိတ်အပိုင်း အများစုက လုံးဝ ပျောက်ကွယ် သွားခဲ့သောကြောင့်ပင်။ နံရံ၏ အောက်ပိုင်းတစ်ဝက်ခန့်မှာ ပျက်စီးနေလေရာ တစ်ပြိုင်နက်တည်းနီးပါး ချေမှုန်း ဖျက်ဆီးခံရကြောင်း ရှင်းရှင်းလင်းလင်းပင် ပြသနေခဲ့သည်။
“ဒါက နည်းနည်းတော့ လွန်လွန်းနေပြီ မဟုတ်ဘူးလား”
အာဏာရှင်များ၏ ဖျက်ဆီးမှုများကို ကြည့်ရင်း လင်းကျိရန် တစ်ယောက် မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်လေ၏။
ဘုန်း... ဘုန်း...
အရှေ့တွင်လည်း သောင်းပေါင်းများစွာသော ရောင်စုံအလင်းတန်းများမှာ အရှိန်အဟုန်ဖြင့် ဆက်လက် ဖျက်ဆီးနေသည်ကို သူတို့ မြင်ရပေသည်။ ပြိုကျနေသည့် နံရံအပေါက်ကြီးမှာ ၇၄ ခုမြောက် နံရံကို အပြည့်အဝပင် မြင်တွေ့ခွင့် ပေးထားသည်။
ရုတ်တရက်... မိုင်အနည်းငယ် ကွာဝေးသည့် နေရာတွင် စွမ်းအင် တစ်ခု ရိပ်ခနဲ လှုပ်ရှားသွားသည်ကို နာ့ရှင်းရီ ခံစားလိုက်မိ၏။ ၎င်းက အလွန်ပင် သိမ်မွေ့လွန်းလှကာ တော်ရုံတန်ရုံ ဆိုလျှင် သတိထားမိဖို့ပင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပါချေ။ နာ့ရှင်းရီ ထိုနေရာသို့ လှမ်းကြည့်လိုက်ရာ လူငယ် နှစ်ယောက်ကို တွေ့လိုက်ရ၏။ သူတို့က ရွှေဖုန်းဘောင်နှင့် ယောင်ဟုန်ရိတို့ပင် ဖြစ်သည်။
ယောင်ဟုန်ရိမှာ နာ့ရှင်းရီ၏ အကြည့်ကို သတိထားမိသွားကာ ချက်ချင်းပင် လှည့်ကြည့်လိုက်၏။ သူတို့ နှစ်ယောက်အား မိန်းကလေး ရှာတွေ့သွားသည့် အပေါ် အနည်းငယ် အံ့အားသင့်နေသည့်ပုံ ရသည်။ သို့သော်လည်း သူတို့က ထိုအရာကို အထူးတလှယ် ဂရုမစိုက်ပါချေ။ ဖျက်ဆီးခံထားရသည့် နံရံ အပေါက် အတွင်း တိုးဝင်ကာ ထွက်သွာသွားခဲ့၏။
နာ့ရှင်းရီ ခဏမျှ တွေဝေသွားကာ အနက်ရောင် ဆံပင်၊ စင်ကြယ်သည့် မျက်ဝန်းများနှင့် မိန်းကလေး တစ်ဦးကို ပြန်လည် မြင်ယောင်လာမိခဲ့သည်။ မူလ အာဏာရှင်များ အထူးသဖြင့်... သူမ မည်သည့် နေရာ၌ ရှိနေမည်ကို တွေးတော နေခဲ့မိသည်။
“သွားကြရအောင်...”
နာ့ရှင်းရီ လင်းကျိရန်၏ လက်ကို ဆွဲလိုက်ရင်း အပေါက်မှ တစ်ဆင့် ဆက်လက် ပျံသန်း သွားခဲ့သည်။ မကြာခင်မှာပင် သူတို့မှာ ၇၅ ခုမြောက် နံရံထဲသို့ ဝင်ရောက် သွားခဲ့ကြသည်။ ၎င်း၏ ခိုင်ခံ့မှုက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကိုပင် တားဆီးနိုင်ကြောင်း နာ့ရှင်းရီ တွေးလိုက်မိ၏။
“သူတို့က ဘာလို့ အဲဒီလို အရူးအမူး လုပ်နေကြတာလဲ”
နံရံများအား အရှိန်အဟုန်ဖြင့် ဖြတ်ကျော်ရန် ကြိုးပမ်း နေကြသည့် အာဏာရှင် အဖွဲ့သားများကို ကြည့်ရင်း လင်းကျိရန်က မေးလိုက်သည်။
“သတင်းစကား တစ်ခုပါးဖို့...”
နာ့ရှင်းရီက အေးဆေးပင်စွာ ပြန်ဖြေလိုက်၏။ ထို့နောက် လင်းကျိရန်၏ စိတ်ခံစားမှုနှင့် ချိတ်ဆက်ကာ ချောင်းကြည့်နေသည့်လူကို အာရုံခံလိုက်ပြန်သည်။ ထိုလူမှာ အနီးအနားတွင် မရှိကြောင်း သူမ မှတ်ချက် ချလိုက်မိ၏။ ပုဂ္ဂိုလ်မှာ အာဏာရှင် အဖွဲ့သားများ၏ နောက်မှ လိုက်နေခြင်း ဖြစ်ပေလိမ့်မည်။
“သတင်းစကား တစ်ခု ပါးဖို့ ဟုတ်လား”
လင်းကျိယန် စိတ်ရှုပ်ထွေးသွားခဲ့၏။ အာဏာရှင် အဖွဲ့သားများမှာ နံရံများကို ဖျက်ဆီးပစ်ခြင်းဖြင့် မည်ကဲ့သို့ သတင်းစကားများကို ပါးဖို့ ကြိုးစားနေသနည်း။
“ရွေးချယ်ခံ ဧကရာဇ် တစ်ယောက် အတွက် ထာဝရ ဧကရာဇ် သတ်မှတ်ထားတဲ့ စံနှုန်းတွေက မလုံလောက်တော့ဘူး ဆိုတာ သူတို့က ကမ္ဘာကြီးတစ်ခုလုံးကို သိစေချင်ကြတာ”
နာ့ရှင်းရီက လက်ညိုး ညွှန်ပြလိုက်၏။ ထိုအခါ သူတို့၏ နောက်ရှိ များစွာသော ရွေးချယ်များမှာ မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် နံရံများအား ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဒါက ခေတ်တစ်ခေတ်ရဲ့ နောက်ဆုံး ဇာတ်သိမ်းခန်းပဲ... အာဏာရှင် အဖွဲ့သားတွေဟာ အာရုဏ်ဦး ဆိုတဲ့ ခေတ်သစ် တစ်ခု တရားဝင် စတင်နေပြီ ဖြစ်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ကြေညာနေကြတာပဲ... နဂါး ခေါင်းဆောင်းဝတ် မြေကြီး ရှန့်ထိုနဲ့ မဟာ သူရဲကောင်းတွေဟာ လူကြီး မျိုးဆက်တွေကို ကျော်ဖြတ်ခဲ့ကြပြီး ဖြစ်သလို အာဏာရှင် အဖွဲ့သားတွေဟာလည်း လူငယ် မျိုးဆက်ကို လွှမ်းမိုးထားနိုင်ပြီ... ထာဝရ ဧကရာဇ်ရဲ့ ဒဏ္ဍာရီတွေက ဝေ့ဝူယင်ကို မယှဉ်နိုင်တော့ဘူး...”
နာ့ရှင်းရီက ခိုင်မာစွာ ဆိုလိုက်၏။
“အဲဒါဆို…”
လင်းကျိယန်မှာ ငတုံး တစ်ယောက် မဟုတ်လေရာ နာ့ရှင်းရီ၏ စကားများ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရိပ်မိနေခဲ့ပြီ ဖြစ်သည်။
“ဟုတ်တယ်... သူ ဒီမှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားတာ”
နာ့ရှင်းရီက ဖြူရော်စွာ ပြုံးရင်း ပြောလိုက်၏။ သို့သော်လည်း... သူမ၏ နှလုံးသား အတွင်းတွင်တော့ တိုက်ခိုက်လိုစိတ်များက ပြင်းပြစွာ တောက်လောင် နေခဲ့သည်။ အခြားလူများ၏ အောင်မြင်မှုများကို ဘေးမှ စောင့်ကြည့်ရုံ အဖြစ်မျိုးကို သူမ လက်မခံနိုင်ပါချေ။ နာ့ရှင်းရီမှာ ကိုယ့်လမ်းစဉ်ကို မှတ်တမ်းတင်ကာ လူအများ မမေ့နိုင်သည့် ဒဏ္ဍာရီ တစ်ခု ဖြစ်လိုခြင်း ဖြစ်သည်။
အခြားတစ်ဖက်၌ လင်ကျိရန်၏ ဝေ့ဝူယင် အပေါ် အထင်ကြီး လေးစားမှုများမှာ မြင့်တက်သထက် မြင့်တက် လာခဲ့လေ၏။ အစောကတည်းကပင် သူမ ဝေ့ဝူယင်ကို အထင်ကြီးခဲ့ပြီး ဖြစ်သော်လည်း ဤသည်က ပြီးမြောက်ရန် အလွန် ခက်ခဲသည့် ကိစ္စတစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ သူမ၏ လင်ယောက်ျား ဖြစ်ကြောင်း တွေးမိရုံဖြင့်ပင် မိန်းကလေး၏ စိတ်လှုပ်ရှားမှုများမှာ အထွတ်အထိပ်ထိ ရောက်အောင် မြင့်တက် လာခဲ့လေသည်။
ဘုန်း... ဘုန်း... ဘုန်း...
အရှေ့၌ ပေါက်ကွဲမှုများမှာ ပိုမို၍ ပြင်းထန် လာနေခဲ့၏။ ဝိညာဉ် တိုက်ခိုက်ရေး ကျင့်စဉ်များ၊ ရုပ်ခန္ဓာ အားပြု တိုက်ခိုက်ရေး ကျင့်စဉ်များမှ ထူးခြားသော စွမ်းအင်များနှင့် လျှို့ဝှက် အဆင့် လက်နက်များမှာ ဝေဟင်တွင် လွင့်ပျံ နေကြသည်။ လေထုက ရှုပ်ထွေးစွာ လည်ပတ်နေကာ မန်နာမှာလည်း ပြင်းထန်စွာ တုန်ခါ နေခဲ့လေ၏။
နာ့ရှင်းရီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရှုပ်အထွေးများကြောင့် လင်းကျိရန်အား ချောင်းကြည့်နေခဲ့သူကို သူမ အာရုံခံစား၍ပင် မရတော့ချေ။ မိန်းကလေးက လင်းကျိရန်ကို ဆွဲခေါ်ကာ နံရံများ တစ်လျှောက် အလွန် လျှင်မြန်စွာ ဖြတ်သန်း သွားခဲ့လေ၏။
***