← Chapters

ပြိုင်ဆိုင်မှုများ

Vol. 113 Ch. 1581

ပြိုင်ဆိုင်မှုများ

Vol. 113 Ch. 1581

အာဏာရှင် အဖွဲ့သား အများစုမှာ ၇၉ ခုမြောက် နံရံကို တိုက်ခိုက် နေခဲ့ကြသည်။ ၎င်းမှာ လုံးဝ ပြိုလဲကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အာဏာရှင် အဖွဲ့သားများထဲမှ အချို့မှာ လင်းကျိရန်နှင့် နာ့ရှင်းရီတို့ကို သတိထားမိကြ၏။ သို့သော်လည်း တစ်ချက်မျှသာ ကြည့်ကာ ကိုယ့်အလုပ်ကို ဆက်လုပ်ကြသည်။

“အနည်းဆုံးတော့ သူတို့က အခြားလူတွေရဲ့ လုပ်အားတွေကို မခိုးဘူး...”

နာ့ရှင်းရီ မှတ်ချက်ပေးလိုက်၏။ အာဏာရှင်များမှာ အခြားလူများ ဖျက်ဆီးထားသည့် နံရံ ဝင်ပေါက်များမှ ဖြတ်ကျော်ဖို့ မကြိုးစားကြချေ။ ထို့အစား ကိုယ်တိုင်သာ ဖျက်ဆီးရန် ကြိုးပမ်းကြသည်။ ထိုအချင်းအရာကပင် နံရံ၏ နေရာ အနှံ့အပြားမှာ အပေါက်များစွာဖြင့် ပြည့်နှက်နေရသည်ကို ရှင်းပြနေသည်။

အာဏာရှင် အဖွဲ့သားများ များစွာမှာ ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ ဖန်တီးထားခဲ့သည့် အက်ကြောင်းကြီးများ အနားတွင် ရှိနေသော်လည်း သူတို့က ထိုအထဲသို့ ဝင်ရောက်ဖို့ ငြင်းဆန်ကြသည်။ ထို့အစား... ကိုယ်ပိုင် စွမ်းအားကို အသုံးပြု၍သာ ထိုးဖောက်ကြကာ ၇၈ ခုမြောက် နံရံဆီ လျှင်မြန်စွာ ရွေ့လျား သွားခဲ့ကြသည်။

“လောကသခင်တွေက ၉၀ ခုမြောက် နံရံကို ရောက်ရမယ်... အချိန်သခင်တွေက ၉၅ ခုမြောက် နံရံကို ရောက်ရမယ်... ကြယ်တာရာ သခင်တွေက နောက်ဆုံးနံရံကို ရောက်ရမယ်လို့ ဝေ့ဝူယင်က အာဏာရှင် အဖွဲ့သားတွေကို ညွှန်ကြားထားတယ် ဆိုတာ ဟုတ်လား”

လင်းကျိယန်မှာ ထိုအချက်ကို ဝူပိုင်ကျိုးထံမှ ကြားခဲ့ရသည်။ အချို့မှာ ၇၉ ခုမြောက် နံရံတွင် အတော်လေး ရုန်းကန်နေရသည်ကို ကြည့်ရင်း ခက်ခဲသည့် အမိန့်တစ်ခုဟု သူမ မှတ်ချက် ချလိုက်မိသည်။

“ဟုတ်လောက်တယ်...”

နာ့ရှင်းရီက ပြန်ဖြေလိုက်သည်။ အနည်းငယ် နှေးကွေးနေသူများကို တွေ့ရသော်လည်း သူမ စိတ်မပူခဲ့ချေ။ သူတို့က ယခုထက်ထိ စွမ်းအား အပြည့်အဝကို မသုံးရသေးကြောင်း သူမ သိပေသည်။ ထိုလူများမှာ ပြိုင်ဆိုင်လိုစိတ် နည်းပါးသည့် လူနည်းစုများ ဖြစ်ပြီး ကိုယ့်ပန်းတိုင်ကိုသာ အာရုံစိုက်ကြသည်။ သူတို့ထဲ၌ ကြယ်တာရာ သခင် အချို့ ပါဝင်နေခြင်းကို ကြည့်ပါက ထိုအချက်မှာ ရှင်းလင်း သွားလိမ့်မည် ဖြစ်သည်။

အာဏာရှင် အဖွဲ့မှာ မတူ ကွဲပြားသည့် အတ္တများနှင့် စရိုက်လက္ခဏာများ စုဝေးရာ နေရာ ဖြစ်သည်။ ထိုလူနည်းစုမှာ နံရံများကို အလျင်စလို ဖြတ်သန်းရန် အာရုံမစိုက်ကြဘဲ အခွင့်အရေးကို အပြည့်အဝ အသုံးချကာ သူတို့၏ စွမ်းအား၊ ကျင့်စဉ်နှင့် လျှို့ဝှက် လက်နက်များကို စမ်းသပ်ခြင်း၊ နံရံများရှိ ခါးသီးမှု ပင်လယ်၏ ဖိအားကို အသုံးချကာ ကိုယ်ပိုင် စွမ်းအင်များ တိုးတက်အောင် လုပ်ဆောင်ခြင်းတို့ကိုသာ အာရုံစိုက်ကြသည်။

အခြား အာဏာရှင်များနှင့် နှိုင်ယှဉ်လျှင် သူတို့မှာ နှေးကွေးသည်ဟု ဆိုနိုင်သော်လည်း အမှန်တကယ်တွင်တော့ နံရံများကို စက္ကန့်ပိုင်း အတွင်း ဖြတ်ကျော် နေကြခြင်း ဖြစ်သည်။ ထိုအရှိန်ကပင် အလွန် မြန်ဆန်လွန်း နေခဲ့ပြီ ဖြစ်သည်။

“ဟိုကိုကြည့်...”

လင်းကျိရန်က လူတစ်အုပ်ဆီသို့ လက်ညိုး ထိုးပြလိုက်သည်။ ထိုနေရာ၌ ဒုတိယ ကွန်မန်ဒါ ရှိနေကာ သူက လက်အောက်ငယ်သား ဖြစ်ပုံ ပေါ်သည့် အာဏာရှင် အဖွဲ့ဝင်များကို လက်ဟန် အမူအရာ အမျိုးမျိုးနှင့် စွမ်းအင်လှိုင်းများ အကြောင်း ညွှန်ကြား သင်ပြနေသည်။ ထို့နောက် သူက လက်သီး တစ်ချက်ကို ပစ်လွှတ်လိုက်ရာ နံရံ၏ အစိတ်အပိုင်း တစ်ခုမှာ ပျက်စီး သွားခဲ့သည်။ အာဏာရှင် အဖွဲ့သားများ၏ မျက်လုံးများက လင်းလက် တောက်ပသွားခဲ့ကာ ချက်ချင်းပင် ထိုလက်သီးကို ပုံတူကူးဖို့ ကြိုးစား ခဲ့ကြတော့သည်။

ဘုန်း... ဘုန်း...

တစ်ခဏ အတွင်းမှာပင် အာဏာရှင် အဖွဲ့သားများမှာ ကွန်မန်ဒါ သင်ပြသည့် လက်သီးတိုက်ခိုက်မှုကို သုံးကာ နံရံ၏ အစိတ်အပိုင်းများကို ကိုယ်စီ ဖြိုဖျက် ပစ်လိုက်နိုင်ကြပြီ ဖြစ်သည်။ ထို့နောက် သူတို့မှာ ဂုဏ်ယူ ပျော်ရွှင်သည့် အပြုံးများနှင့် အတူ ရှေ့သို့ တိုးရင်း ဒုတိယ ကွန်မန်ဒါ နောက်သို့ လိုက်ပါသွားခဲ့ကြတော့သည်။ ထိုမြင်ကွင်းက ထူးဆန်းစွာပင် ရင်ထဲ၌ နွေးထွေးမှုကို ဖြစ်ပေါ်စေသည်။

“အဲဒါ စီနီယာ ပိုကေ မလား...”

လင်းကျိယန်မှာ ဒုတိယ ကွန်မန်ဒါကို ချက်ချင်းပင် မှတ်မိသွားခဲ့၏။ အနန္တ ဧကရာဇ်ဂိုဏ်းမှာတုန်းက ပိုကေမှာ ဥပဒေ ထိန်းသိမ်းရေး အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ သူက ဝေ့ဝူယင်နှင့် အလွန်ပင် ရင်းနှီးသည်။

“ဟုတ်တယ်...”

နာ့ရှင်းရီက ခေါင်းညိတ်လိုက်၏။ ဖွင့်ဟဝန်ခံလိမ့်မည် မဟုတ်သော်လည်း သူမမှာ ပိုကေ ဒုတိယ ကွန်မန်ဒါ ဖြစ်နေသည့် အကြောင်းကို ဟိုးယခင်ကတည်းက ဝေ့ဝူယင်ထံမှ သိရှိပြီး ဖြစ်သည်။

သူတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် အာဏာရှင်များမှာ မဲနယ်ရောင် လမ်းကြောင်း၏ နောက်ဆုံး နံရံ ဖြစ်သည့် ၈၄ ခုမြောက် နံရံသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ နာ့ရှင်းရီ ဆက်လက် တုန့်နှေးနေခြင်း မပြုတော့ပဲ လင်းကျိရန်နှင့် အတူ ရှေ့ဆက်လိုက်ကြ၏။ အာဏာရှင် အဖွဲ့သားများနှင့် ခြားနားစွာပင် နာ့ရှင်းရီမှာ အခြားလူများ ဖန်တီးထားသည့် အပေါက်များ အတိုင်း ရှေ့ဆက်ဖို့သာ ဆုံးဖြတ်ခဲ့သည်။ မဲနယ်ရောင် လမ်းကြောင်းကို ဖြတ်ကျော်နိုင်ကြောင်း သက်သေပြဖို့ ကိုယ်ပိုင် စွမ်းအားကို အသုံးပြုရန် မလိုအပ်ဟု သူမ ခံယူထားသည်။

ဘုန်း...

သူတို့ နှစ်ယောက်ကို ဆီးကြို နေခဲ့သည်ကတော့ ကြယ်တာရာ အလင်းတန်းများကို အသုံးပြု၍ နံရံ အတိုင်း ထိုးစိုက်လိုက်သည့် ဝူပိုင်ကျိုး၏ မြင်ကွင်းဖြစ်သည်။ နံရံက ဖန်သား ကဲ့သို့ စတင် ကွဲအက်လာ၏။ ၎င်းမှာ တည်ငြိမ်မှုနှင့် မူလ ပုံစံကို ဆက်လက် ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးပမ်း နေခဲ့သော်လည်း နောက်ဆုံးတွင်တော့ အလင်း အပိုင်းအစများ အဖြစ် ကြေမွ ပျက်စီး သွားခဲ့လေသည်။

အခြားတစ်ဖက်၌ နာ့ရှင်းရီကလည်း ယင်နှင့် ယန်စွမ်းအင်များ ပါဝင်နေသည့် စွမ်းအင်လှိုင်း တစ်ခုကို နံရံ အတွင်း စိမ့်ဝင်စေလိုက်သည်။ ထို့နောက် ပေါ့ပေါ့ပါးပါး အမူအရာဖြင့် လက်တစ်ဖက်ကို ခါယမ်းလိုက်၏။ ချက်ချင်းပင် နံရံမှာ နဂါးစွယ်များဖြင့် ဝါးမြိုခြင်း ခံလိုက်ရသလိုမျိုး အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

သူတို့ နှစ်ယောက်၏ တိုက်ခိုက်မှုများကို ကြည့်ရင်း အာဏာရှင် အဖွဲ့သားများ ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။

မိန်းကလေး နှစ်ယောက်မှာ တစ်ပြိုင်နက်တည်းလိုပင် ၈၄ ခုမြောက် နံရံကို ဖျက်ဆီးပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့မှာ မဲနယ်ရောင်လမ်းကြောင်းကို အောင်မြင်သွားကြပြီ ဖြစ်သည်။

တစ်ချိန်တည်း နီးပါးတွင်ပင် အဝေး တစ်နေရာ၌ ဓားအလင်း တစ်ခုမှာ ဆည်းဆာချိန်ခါ ကောင်းကင် အနားသတ် အလင်းတန်း တစ်ခုလို လှပစွာ ထွန်းလင်း သွားခဲ့သည်။

“ဟုန်ချွင်းဟွာ”

နာ့ရှင်းရီ ခပ်တိုးတိုး ရေရွတ်လိုက်၏။ အာဏာရှင် အဖွဲ့သားများထဲမှ အမျိုးသား ကျင့်ကြံသူများမှာ အထူးတလှယ် ကြိုးစားခြင်း မရှိကြပဲ လူငယ် ကျင့်ကြံသူများကို လေ့ကျင့်ပေး နေကြချိန်တွင် အမျိုးသမီး ကျင့်ကြံသူများက ရှေ့သို့ အတင်းအကြပ် တိုးဖို့ ကြိုးပမ်းနေသည်ကို မြင်ရခြင်းက အနည်းငယ် ရယ်စရာ ကောင်းနေခဲ့သည်။

“ဘာပဲ ဖြစ်ဖြစ် တောက်ပမှု အားလုံးကို သူတို့တွေချည်းပဲ ယူသွားတာမျိုးတော့ ခွင့်မပြုနိုင်ဘူး…”

နာ့ရှင်းရီ မှတ်ချက်ပြုလိုက်၏။ ဤအတိုင်းသာ ဆက်သွားပါက သူမ၏ နာမည် ဂုဏ်သတင်း ထိခိုက်တော့မည် ဖြစ်သည်။ သူမ အနေဖြင့် ထာဝရ ဧကရာဇ် သတ်မှတ်ထားခဲ့သည့် ခေတ်ဟောင်း စံနှုန်းများကို ပထမဆုံး ဖျက်ဆီးသူ ဖြစ်ဖို့ လိုအပ်သည်။ မိန်းကလေးက ခပ်မြန်မြန်ပင် မဲနယ်ရောင် လမ်းကြောင်းကို ပြီးဆုံးအောင် ရွေ့လျားလိုက်၏။

သို့သော်လည်း… နာ့ရှင်းရီ မသိလိုက်သည့် အရာကား ထိုစံနှုန်းများကို သတ်မှတ်ထားသူက ထာဝရ ဧကရာဇ် မဟုတ်ခြင်းပင် ဖြစ်လေသည်။ ၎င်းတို့ကို အဇူရာ ကြယ်စင်စု တစ်ဖြစ်လည်း ဂလက်စီ နယ်မြေက ပြဌာန်းထားခြင်း ဖြစ်သည်။ အနည်းဆုံးတော့ ၎င်းတို့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ထောင်ခန့်က သူတို့၏ စံနှုန်းများ ဖြစ်ကြပေသည်။

…

ထာဝရ ခရီးလမ်း…

ထာဝရ ခရီးလမ်းကို လမ်းကြောင်း ကိုးခု အဖြစ် ပိုင်းခြားထားကာ လမ်းကြောင်း တစ်ခုချင်းစီတိုင်း နံရံ ဆယ့်နှစ်ခု ပါဝင်သည်။ ၎င်းတို့ တစ်ခုချင်းစီကို ကျော်လွန်ရန် အတွက်လည်း အလွန် ပြင်းထန်သည့် ဖိအားများ ရှိသည့် ခါးသီးမှု ပင်လယ်ကို ဖြတ်သန်း သွားရသည်။ လမ်းကြောင်း ကိုးခုကို အနိမ့်ဆုံးမှ အမြင့်ဆုံး အထိ အရောင်များဖြင့် ခွဲခြား သတ်မှတ်ထားကာ ၎င်းတို့မှာ အနက်၊ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ် ခရမ်းနှင့် အဖြူရောင်တို့ ဖြစ်သည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို စတင် တည်ထောင်ခဲ့သည့် အချိန်ကတည်းက စလို့ ခါးသီးမှု လမ်းကြောင်းများမှာ ရွေးချယ်ခံများ အတွက် အကြီးမားဆုံးသော အတားအဆီးများ ဖြစ်ခဲ့သည်။ နံရံ ဘယ်နှစ်ခုကို ဖြတ်ကျော်နိုင်သည် ဆိုသည့် ဂုဏ်မှာ သူတို့၏ အရည်အချင်းများနှင့် ကြိုးပမ်း အားထုတ်မှုများကို ကိုယ်စားပြုနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ဘဝကို မည်ကဲ့သို့ ပြောင်းလဲစေနိုင်ကြောင် အထင်ရှားဆုံး ဥပမာမှာ ဧကရီ ရှောင်ချန်းပင် ဖြစ်သည်။ သူမမှာ ပုံမှန်ထက် များစွာသာလွန်သည့် အရည်အချင်းများကို ပြသနိုင်ခဲ့ရာ အင်ပါယာမျိုးနွယ်စု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ထို့နောက်တွင်တော့ နတ်ဘုရား အင်ပါယာ ကိုယ်တိုင်ပါ မျက်စိကျသွားခဲ့ကာ အကြီးမြတ်ဆုံးသော ဧကရီ တစ်ပါး ဖြစ်လာခဲ့သည်။

အဇူရာ ကြယ်စင်စု သတ်မှတ်ထားသည့် စံနှုန်းများကို အာဏာရှင် အဖွဲ့သားများ စိန်ခေါ် နေကြချိန်တွင် ဆံပင်ဖြူ မိန်းကလေး တစ်ဦးကတော့ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့လေသည်။ သူမမှာ အငွေ့အသက်ကို ပတ်ဝန်းကျင် ပေါင်းစည်းခြင်း နည်းလမ်း အပြင် အမျိုးမျိုးသော လျှို့ဝှက် ရတနာများနှင့် ဖုံးကွယ်ထားသည်။ သူမ၏ တည်ရှိမှုကို တော်ရုံတန်ရုံလူ တစ်ယောက် ဘယ်လိုနည်းနှင့်မှ သတိထားမိလိမ့်မည် မဟုတ်ပါချေ။

“ဘယ်လိုတွေတောင် ပရမ်းပတာ ဖြစ်နေတာလဲ…”

စန်းယွန်းလီ၏ အသိစိတ် ပင်လယ် အတွင်းရှိ ရှေးဟောင်း ဝိညာဉ်က အံ့အားသင့်စွာဖြင့် ညီးတွားလိုက်၏။

“ဘယ်လိုပဲ ဖြစ်ဖြစ်… ဒီလူငယ်လေးတွေက အထင်ကြီးစရာတော့ ကောင်းပါတယ်”

အတန်ကြာပြီးနောက် သူမက နောက်တစ်ကြိမ် ရိုးသားစွာဖြင့် ချီးကျူးပြောဆိုလိုက်ပြန်သည်။

“…”

စန်းယွန်းလီမှာ ကြားနေရသည့် အသံကြောင့် ကျင့်ကြံရာ၌ အနှောက်အယှက် ဖြစ်သွားလေရာ မျက်မှောင်ကြုတ် လိုက်မိသည်။

ဆန်ယုံလီ၏ ကြားနေရသည့် အမူအရာသည် ဝိညာဉ်ကြောင့် သူမ၏ ကျင့်ကြံမှုအားထုတ်မှု အနည်းငယ် အနှောင့်အယှက်ဖြစ်သွားခဲ့ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။ သူမမှာ ကြယ်တာရာ သစ်ပင်၏ အမြစ်ကို ရရှိခဲ့သည့်အချိန်ကတည်းက စလို့ ထူးခြားသည့် နည်းလမ်း တစ်ခုကို သုံးကာ သေးငယ်သည့် အစိတ်အပိုင်း တစ်ခုကို တဖြည်းဖြည်းချင်း သန့်စင် နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်တော့ သူမ၏ အာရုံက ပြောင်းလဲ သွားလေရာ အပြင်ဘက်၌ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို တစ်ခဏမျှ စူးစမ်းဖို့ ဆုံးဖြတ်လိုက်သည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ ဒုတိယမြောက် အဆင့်သို့ ရောက်ရှိပြီးနောက် စန်းယွန်းလီမှာ လက်ရှိ အချိန်အထိ မလှုပ်ရှားရသေးချေ။ ထို့အစား… ကျင့်ကြံရာတွင်သာ အာရုံစိုက် နေခဲ့သည်။ ထာဝရ လမ်းစဉ် ခရီးလမ်းနှင့် ပတ်သက်၍လည်း သူမ များစွာ စိုးရိမ် ပူပန်ခြင်း မရှိချေ။ အများဆုံး သုံးရက်မျှသာ လိုနိုင်လေရာ ၇၈ ရက်မြောက် နေ့သို့ ရောက်မှ စတင် လှုပ်ရှားလျှင်ပင် လုံလောက်သည့် အချိန် ဖြစ်သည်။

“ဒီလောက် ဆူညံနေတာ ဘာကိစ္စလဲ…”

မိန်းကလေးက စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် သိချင်စိတ်အနည်းငယ်တို့ကို ရောပြွမ်းလျက် မေးလိုက်သည်။ ဝေ့ဝူယင် ဤနေရာကို ရောက်ရှိလာ၍လော။

ထိုလူအကြောင်း တွေးမိသည်နှင့် စန်းယန်းလီ မျက်မှောင်ကြုတ် လိုက်မိသည်။ မိန်းကလေး အတွက်တော့ ဝေ့ဝူယင်မှာ သူမလိုပင် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်သည်။ သူက သူမ အတွက် ပြိုင်ဘက် ဖြစ်ကာ အခွင့်အရေးတိုင်းကို အမိအရ ဖမ်းဆုပ်ရန် လိုအပ်သည် ဆိုသည့် အကြောင်းပြချက်လည်း ဖြစ်လေသည်။

***

All Chapters