← Chapters

ပြန်လည် စတင်ကြခြင်း

Vol. 113 Ch. 1582

ပြန်လည် စတင်ကြခြင်း

Vol. 113 Ch. 1582

“နောက်ဆုံးတော့ နိုးလာပြီပေါ့ ဟုတ်လား...”

ရှေးဟောင်း ဝိညာဉ်က ခြောက်ကပ်ကပ် ပြောလိုက်၏။ အပြင်လောက၌ ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို သတိပေးရန် မကြာခဏ ဆိုသလို ကြိုးပမ်းခဲ့သော်လည်း ထိုမိန်းမငယ်လေးမှာ သူမ၏ စကားများကို အရေးမပါသကဲ့သို့ အကြိမ်ကြိမ်လျစ်လျူရှုခဲ့သည်။

စန်းယွန်းလီက ဝိညာဉ်၏ မကျေနပ်မှုကို လျစ်လျူရှုလိုက်၏။ အတူတကွ နေထိုင်လာခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်လေရာ ထိုရှေးဟောင်း ဝိညာဉ်၏ အကျင့်စရိုက်များ အကြောင်းကို သူမ နောကြေနေခဲ့ပြီ ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း မကြာခင်မှာပင် ရှေးဟောင်း ဝိညာဉ်မှာ သူမ သိရှိထားသည့် အရာများကို ထုတ်ဖော် ပြောဆို လာခဲ့တော့၏။

“ကောင်မလေး... နင် တော်တော်များများကို လွဲချော်သွားခဲ့တာ သိလား”

သူမက အစပျိုးလိုက်ရင်း ဖြစ်ပျက်ခဲ့သမျှကို ပုံပြင် တစ်ခုသဖွယ် စတင် ဖော်ကျူးလိုက်တော့သည်။ ထိုအထဲ၌ အာဏာရှင်များက နံရံများကို အပြိုင်အဆိုင် ဖြတ်ကျော်ခဲ့ကြပုံ၊ မဲနယ်ရောင် လမ်းကြောင်းကို ပြီးပြည့်စုံစွာ ဖြိုခွင်းခဲ့ပုံ၊ မကြာသေးခင်ကပင် ခရမ်းရောင် လမ်းကြောင်း အတွင်း ဝင်ရောက်သွားခဲ့ကြပုံတို့ ပါဝင်နေပေသည်။ ထိုအကြောင်းအရာများကို ပြောပြနေစဉ်၌ သူမ၏ အသံထဲတွင် ထူးခြားစွာပင် ချီးကျူးသည့် အငွေ့အသက်များ ယှက်သိုင်း နေခဲ့သည်။

စန်းယွန်းလီ၏ မျက်ခုံးများက စဉ်းစားဟန်ဖြင့် တွန့်ကွေး သွားခဲ့၏။ အာဏာရှင် အဖွဲ့သားများမှာ ဝေ့ဝူယင်၏ လက်အောက်ငယ်သားများ အဖြစ် နာမည်ကြီးသည်။ သူတို့မှာ ဝေ့ဝူယင်ထံမှ ပံ့ပိုးမှုများကို များစွာ ရရှိထားကြသည်။ ထို့ကြောင့်ပင် သူတို့၏ အောင်မြင်မှုများ အကြောင်း ကြားသိရသည့် အခါ စန်းယွန်းလီ များစွာ ထိတ်လန့် အံ့ဩမိခြင်း မရှိပါချေ။

“ဒါပေမဲ့... အရမ်း အဖိုးတန်တဲ့ ရင်းမြစ်တွေကို ဘာမဟုတ်တဲ့ဟာတွေ အတွက် ဖြုန်းတီးနေတာကတော့ နှမြောစရာပဲ...”

ရှေးဟောင်း ဝိညာဉ်က ခေါင်းကို ခါယမ်းရင်း ရေရွတ်လိုက်၏။

“ဟမ်...”

စန်းယွန်းလီ မျက်ခုံးကို ပင့်လိုက်မိသည်။

“အဲဒီ ကောင်လေးက အလားအလာ အကန့်အသတ် ရှိတဲ့ မျိုးနွယ်တွေကိုပါ ပျိုးထောင် နေတာလေ... ရှို့ရန်တွေ၊ အယ်ဗန်တွေ အပြင် အခြား အရည်အသွေးနိမ့်တဲ့ မျိုးစပ်တွေတောင် ပါသေးတယ်... သူတို့တွေကို ပျိုးထောင် ပေးတာက အရင်းအမြစ်တွေကို ဖြုန်းတီးပစ်နေတာနဲ့ အတူတူပဲ... ဘာလို့လဲ ဆိုတော့ သူတို့ထဲက ဘယ်သူကမှ လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်နိုင်မှာ မဟုတ်လို့ပဲ”

ရှေးဟောင်း ဝိညာဉ်က စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။

“…”

စန်းယွန်းလီမှာ တိတ်ဆိတ် နေခဲ့၏။ ပုဂ္ဂိုလ်ရေးအရ... “အဆင့်မြင့်” နှင့် “အဆင့်နိမ့်” မျိုးနွယ်များ ဆိုသည့် အယူအဆကို သူမလည်း မယုံကြည်ချေ။ သူမ၏ မွေးရပ်မြေတွင် ပေါ်ထွန်းခဲ့သည့် အထွတ်အမြတ် အယ်ဗန် ဧကရီမှာ အယ်ဗန်မျိုးနွယ်ဝင်များလည်း လျှို့ဝှက် အာဏာရှင် အဆင့်ကို ရောက်ရှိနိုင်ကြောင်း ပြသနေသည့် အထင်ရှားဆုံး ဥပမာ ဖြစ်သည်။ ထို့ကြောင့်ပင် ရှေးဟောင်း ဝိညာဉ်၏ သုံးသပ်မှုကို သူမ လက်မခံနိုင်ချေ။

“အာဏာရှင်တွေနဲ့ အလွှာအပြင်က လောကက ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုနေလဲ...”

စန်းယွန်းလီ အကြောင်းအရာ ခေါင်းစဉ်ကို ပြောင်းလိုက်၏။

“သူတို့က မဆိုသလောက်လေးတော့ နိမ့်သေးတယ်...”

တစ်ခဏမျှ စဉ်းစားပြီးနောက် ရှေးဟောင်း ဝိညာဉ်က ပြောလိုက်သည်။ အာဏာရှင် အဖွဲ့သားများ၏ ကျင့်ကြံခြင်း အခြေခံများမှာ အလွန်ပင် ခိုင်မာကြသော်လည်း ကျင့်စဉ်၊ နည်းစနစ်ပိုင်းများတွင်တော့ လိုအပ်ချက်များစွာ ရှိနေပေသေးသည်။ ထိုအရာက ချိပ်ပိတ်နယ်မြေ အတွင်း အမွေအနှစ် ရှားပါးနေခြင်း၏ အကျိုးဆက်လည်း ဖြစ်ပေသည်။

ယခုတစ်ကြိမ်တွင်တော့ စန်းယွန်းလီမှာ ရှေးဟောင်း ဝိညာဉ်၏ စကားက အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရသည်။ ကျင့်ကြံသူ တစ်ဦး၏ ခွန်အားကို အခြေခံ ခိုင်မာမှု တစ်ခုတည်းဖြင့် ဆုံးဖြတ်လို့ မရချေ။ သူတို့ ကျင့်ကြံထားသည့် ကျင့်စဉ်၊ နည်းလမ်း၊ လက်နက်၊ ကျွမ်းကျင်မှုနှင့် မျိုးရိုးတို့မှာလည်း အလွန် အရေးကြီးပေသည်။

“ဒါပေမဲ့ နှစ်ပေါင်း သောင်းချီ ကြာပြီ ဆိုတော့ ငါ အသေအချာတော့ မပြောနိုင်ဘူး...”

ရှေးဟောင်း ဝိညာဉ်က ထပ်မံ ဖြည့်စွက်၍ ပြောလိုက်၏။ သူမ ချိပ်ပိတ် နယ်မြေ အတွင်း ရောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်း သောင်းနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုနှစ်သောင်းချီ ကာလ အတွင်း အဇူရာ မူလ ကြယ်စင်စုမှာ များစွာ ပြောင်းလဲ သွားနိုင်သည်။

ဝှစ်... ဝှစ်...

ရှေးဟောင်း ဝိညာဉ်နှင့် စကားစမြည် ပြောနေချိန်တွင်ပင် ခရမ်းရောင် လမ်းကြောင်းမှ ပုံရိပ် အချို့ ထွက်ပေါ်လာသည်ကို စန်းယွန်းလီ တွေ့မြင်လိုက်ရ၏။ သူတို့က အံ့မခန်း လှပသည့် မိန်းကလေးများ ဖြစ်ကြကာ အချို့မှာ ရှေးယခင် တန်ခိုးရှင် နတ်မိမယ် သတ်မှတ်ချက် စာရင်းတွင် ပါဝင်ခဲ့ကြသူများ ဖြစ်သည်။

အစွန်းရောင်ယင် နတ်မိမယ်...

အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်...

နဂါး နတ်မိမယ်...

သူတို့ထဲ၌ ဟုန်ချွင်းဟွာလည်း ပါဝင်ပေသည်။ ပထမ ကွန်မန်ဒါမှာ သူမ၏ နာမည်ကို လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက စိုက်ထူခဲ့ပြီး ဖြစ်ကာ ရောင်စဉ်ပန်းပွင့် နတ်မိမယ်ဘွဲ့ကို ရရှိခဲ့သည်။

အချိန်များ ရွေ့လျား နေသည်နှင့် အမျှ အခြား ပုံရိပ် အချို့မှာလည်း ခရမ်းရောင် လမ်းကြောင်းထဲမှ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့ထဲ၌ မာ့လုလင်း၊ ယွီစွန်းလီ၏ တပည့်၊ ဒုတိယ ကွန်မန်ဒါ ပိုကေ၊ စတုတ္ထ ကွန်မန်ဒါ ပေ့ဝေဝေနှင့် အခြား အာဏာရှင် တစ်ချို့ ပါဝင်ပေသည်။

“ဒါပေမဲ့ ဒီလောကက မိန်းကလေးတွေက သိပ်တော့ မဆိုးဘူး...”

ရှေးဟောင်း ဝိညာဉ်က မှတ်ချက်ပြုလိုက်၏။ မူလယင်၏ အကျိုးသက်ရောက်မှုများကြောင့်ပင် အဆင့်နိမ့် လူ့အဖွဲ့အစည်းများ၌ ပါရမီ မြင့်မားသည့် မိန်းကလေးများမှာ ယောက်ျားသားများ၏ စွမ်းအားကို မြှင့်တင်ပေးရန် ယင်မီးဖို တစ်ခု အဖြစ် မကြာခဏ ဆိုသလို အသုံးချ ခံရလေ့ ရှိသည်။ သို့သော်လည်း... ချိပ်ပိတ် နယ်မြေ အတွင်းတွင်တော့ ကျား၊ မ ကွဲပြားမှုများက သာတူညီမျှ ရှိကြတာ များပေသည်။

အခြားတစ်ဖက်၌ စန်းယွန်းလီမှာ ထာဝရ လမ်းစဉ် ခရီးလမ်း တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေကြောင်း သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ လျှို့ဝှက် ဝိညာဉ် အဆင့်များသာလျှင် ကျော်ဖြတ်နိုင်လိမ့်မည် ဖြစ်သည့် ခရမ်းရောင် ခါးသီးမှု လမ်းကြောင်းမှ လောကသခင်များပင် ထွက်လာသည်ကို မြင်လိုက်ရသော အခိုက်၌ သူမ၏ နှလုံးသားက စတင်ကာ တဒိတ်ဒိတ် ခုန်လာခဲ့တော့သည်။

မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သူတို့အားလုံးမှာ သေမျိုး ကန့်သတ်ချက်များကိုပင် ကျော်လွန်နိုင်ကြသည်လော။

လက်အောက်ငယ်သားများ ပင်လျှင် ဤမျှ ကြောက်မက်ဖွယ် ကောင်းနေပါက ဝေ့ဝူယင်က မည်သည့် အဆင့်ကို ရောက်ရှိနေပြီနည်း။

နှလုံးသားနှင့် ဝိညာဉ်ပေါ်သို့ ဖိအား တစ်ခု ကျရောက်လာသလို စန်းယွန်းလီ ခံစားလိုက်ရ၏။ ကြယ်တာရာ အမြစ်ကို ခပ်မြန်မြန် ပြီးဆုံးအောင် သန့်စင်ဖို့ အတွက် စန်းယွန်းလီ ကျင့်ကြံခြင်း အခြေအနေ အတွင်း ပြန်လည် ဝင်ရောက်လိုက်သည်။

အမှန်တကယ်အားဖြင့် ရှေးဟောင်း ဝိညာဉ်မှာ နံရံတစ်ခုချင်းစီ၏ စံနှုန်းများကို မသိလေရာ ပြိုင်ပွဲဝင်များ၏ အပေါ်ယံ အော်ရာ အပေါ်တွင်သာ အခြေခံ၍ အကဲဖြတ်နေခြင်း ဖြစ်သည်။ လောကသခင် အဆင့်များပင်လျှင် ဖြတ်ကျော်နေနိုင်သည်ကို တွေ့ရသော အခါ ခရမ်းကြောင်း လမ်းကြောင်းမှာ သေမျိုး အကန့်အသတ် အတွင်းတွင်သာ ရှိလိမ့်မည်ဟု သူမ ယုံကြည်လိုက်သည်။ မည်သို့ပင် ဆိုစေ... သူမမှာ မကြာသေးခင်ကမှ ပြန်လည် နိုးထလာခဲ့သူ တစ်ယောက် မဟုတ်ပါလော။

တစ်ချိန်တည်း၌ ထျန်းရီဝူနှင့် ထျန်းကျန်းဟန်တို့သည်လည်း လျှို့ဝှက်နေရာများမှ နေ၍ စောင့်ကြည့်နေကြသည်။ ထျန်းရီဝူမှာ စန်းယွန်းလီ ပုန်းကွယ်နေသည့် နေရာကို မကြာခဏ ဆိုသလို လှမ်းကြည့် နေခဲ့သည်။ သူ့ မျက်လုံးများထဲ၌ နူးညံ့သည့် ခံစားချက်များ တစ်ချို့မှာ လျှို့ဝှက်စွာ ရစ်သိုင်း နေခဲ့၏။

“ဒီအာဏာရှင် အဖွဲ့သားတွေက တကယ့် ဘီလူးသရဲတွေပဲ...”

ထျန်းကျန်းဟန်က ဖြူရော်စွာ ပြုံးရင်း မှတ်ချက်ချလိုက်၏။ တစ်ချိန်တစ်ခါက ဒဏ္ဍာရီ သဖွယ် ဖြစ်ခဲ့သည့် ခါးသီးမှု လမ်းကြောင်းများကို သူတို့ ဖြိုခွင်းနေပုံက အသက်ရှူ မှားလောက်ဖွယ် ကောင်းလွန်းလှသည်။

“သိပ်ပြီးတော့ မထူးခြားပါဘူးလေ... သူတို့က လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ဆီကနေ ဆယ်စုနှစ်နဲ့ချီပြီး ရင်းမြစ်တွေ ရနေခဲ့တာ... ခေတ်မမှီတော့တဲ့ စံနှုန်းတွေကို ချိုးဖျက်နိုင်တာ ဖြစ်သင့်ပါတယ်”

ထျန်းရီဝူယုမှာ စန်းယွန်းလီကို လှမ်းကြည့်နေရင်းက တိတ်တဆိတ် ပြောလိုက်သည်။

“လောက အဂ္ဂိရတ် ရှန့်ထို... ဟွန့်...”

ထျန်းကျန်းဟန်မှာ မကျေမနပ် ပြောဖို့ ဟန်ပြင်လိုက်သော်လည်း မျက်လုံး ထောင့်နားတွင် နာ့ရှင်းရီကို လှမ်းမြင်လိုက်ရသော အခိုက်၌ မျက်နှာတစ်ခုလုံး ဖြူရော် သွားခဲ့သည်။ ကံကောင်း ထောက်မစွာပင် သူမမှာ သူ့ကို သတိထားမိဟန် မရပဲ ခါးသီးမှု လမ်းကြောင်း အတွင်းကို ဝင်ရောက် သွားခဲ့သည်။ ထိုအခါတွင်မှ ထျန်းကျန်းဟန်မှာ ဖိအားကြီး တစ်ခု ပြေလျော့ သွားသလို သက်ပြင်းချလိုက်မိ၏။

တစ်ခဏ ကြာပြီးနောက် သူက ထျန်းရီဝူယင်ဘက်ကို လှည့်ကာ စောစောက စကားကို ပြန်လည် အစကောက်လိုက်သည်။

“ခေတ်မမှီတော့တဲ့ စံနှုန်းတွေ ဟုတ်လား...”

ထျန်းရီဝူက ချက်ချင်း ပြန်မဖြေသေးပဲ အဖြူရောင် ခါးသီးမှု လမ်းကြောင်းကိုသာ လှမ်းကြည့်လိုက်သည်။ နာ့ရှင်းရီမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမမှာ အဖြူရောင် လမ်းကြောင်းကို ပထမဆုံး ဝင်ရောက်သူ အဖြစ် တောက်ပမှု အားလုံးကို သိမ်းယူ သွားခဲ့ကာ စောင့်ကြည့်နေကြသည့် ရွေးချယ်ခံများ ကြားတွင် အဓိက ဆွေးနွေးစရာ တစ်ခု ဖြစ်လာ နေခဲ့ပြီ ဖြစ်သည်။ အစွန်းရောက်ယင် နတ်မိမယ် ဆိုသည့် စကားလုံးကို သူ နေရာတိုင်းတွင် ကြားနေရသည်။

“ဟုတ်တယ်... ခေတ်မမှီတော့တဲ့ စံနှုန်းတွေ...”

ထျန်းရီဝူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။

“ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ကို ရောက်ရင် မင်း နားလည်သွားလိမ့်မယ်... အဲဒီ အဆင့်ကပဲ အစစ်အမှန် ရွေးချယ်ခံ ဧကရာဇ်ကို ဆုံးဖြတ်ပေးလိမ့်မယ်”

ထိုကဲ့သို့ ပြောပြီးနောက် သတ္တမ မင်းသား၏ မျက်လုံးများက ကျူးဟိုင်ထံသို့ ရောက်ရှိသွားခဲ့၏။ ထိုရှို့ရန် မျိုးနွယ်မှာ အနီရောင် ခါးသီးမှု လမ်းကြောင်းထံသို့ စတင်ကာ လျှောက်လှမ်းနေခဲ့ပြီ ဖြစ်သည်။

“ငါတို့လည်း အဖြူရာင် လမ်းကြောင်းကို ဖြတ်ကျော်ကြတာပေါ့...”

ထျန်းရီဝူက ထိုင်ရာမှ ထရပ်လိုက်ရင်း အနီရောင် လမ်းကြောင်းဆီ ဦးတည်လိုက်လေတော့၏။

...

ထာဝရတိုက်ပွဲ စင်မြင့်ထက်တွင်တော့ ဝေ့ဝူယင်မှာ မျက်မှောင်ကြုတ်ရင်း သူ့ အရှေ့တွင် အလင်းတန်းများ ဖြာထွက်လျှက် ပျံသန်း နေသည့် စက်ဝိုင်းသဏ္ဍာန် ပုံရိပ် ဒါဇင်ပေါင်းများစွာကို ကြည့်နေခဲ့သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အလွန်ပင် ထူထဲလှသည့် အဂ္ဂိရတ် အော်ရာများကို ထုတ်လွှတ် နေခဲ့၏။

“ဆို‌တော့ ဒါတွေပေါ့ ဟုတ်လား...”

ဝေ့ဝူယင် အလင်းလုံး တစ်လုံးကို ထိလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုအခိုက်တွင်ပင် တောက်ပသည့် ရောင်ခြည်များ ဖျန်းပက်ထွက်ပေါ်လာခဲ့တော့သည်။

***

All Chapters