← Chapters

အခန်း ၃၃၇-၃၃၉

Vol. 23 Ch. 337-339

အခန်း ၃၃၇-၃၃၉

Vol. 23 Ch. 337-339

အခန်း (၃၃၇)

အိမ်ရှေ့မင်းသား ပုန်ကန်ခြင်း (၂)

လင်ရှုမင်က

“လွန်ခဲ့တဲ့ လအနည်းငယ်က အရှေ့ဆောင်နန်းတော်က တိမ်ဖောက်လေးကို တီထွင်ခဲ့တယ်။ အိမ်ရှေ့မင်းသားက တောင်ပိုင်းတစ်ဝိုက်မှာ အဲ့ဒီ လက်နက်တွေကို တိတ်တဆိတ် အများအပြား ထုတ်လုပ်ပြီးတာ ဖြစ်နိုင်တယ်။ နန်းတွင်းတပ်တွေ ဒီသူပုန်တွေကို ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ရမယ်လို့ အာမခံလို့မရဘူး။”

လင်ရှုမင်သည် လင်ကောင်းယွမ်၏ သားဖြစ်သည့်အတွက် နိုင်ငံရေးကိစ္စများနှင့် ထိတွေ့မှုရှိပြီး လက်ရှိအခြေအနေနှင့် ပတ်သက်၍ အတော်အတန် နားလည်ထားသည်။

‘ဆိုးယုတ်‌သော ဝန်ကြီးများကို ဖယ်ရှားရန်’ ဆိုသည်မှာ ရိုးရိုးသားသား မဟုတ်ပဲ ပိုမိုနက်ရှိုင်းသော အဓိပ္ပါယ်များ ရှိတာကိုလည်း သူသိထားသည်။

သူစိုးရိမ်နေသည်က နန်းတွင်းတပ်များ ရှုံးနိမ့်ခဲ့လျှင် ဖြစ်လာနိုင်သည့် သူတို့ လင်မိသားစု၏ ကံကြမ္မာကို ဖြစ်သည်။

လင်ရှုမင်၏စကားကို ကြားလိုက်ရသော လင်ကောင်းယွမ်က

“မင်းက ချီလင်တပ်မတော်ရဲ့ ဗိုလ်ချုပ်တစ် ယောက်ဖြစ်နေပြီ။ နန်းတွင်းစစ်တပ်ကို ဒီလောက်တောင် မယုံကြည်နိုင်ဘူးလား။”

လင်ရှုမင်က

“ကျွန်တော် တိမ်ဖောက်လေးကို အသုံးပြုဖူးပါတယ်။ ဒါ့ကြောင့်သူ့ရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားကို သိပါတယ်။ တိမ်ဖောက်မြားဟာ သံချပ်ကာ မြင်းတပ်ရဲ့ သံချပ်ကာကို အလွယ်တကူ ဖောက်ထွင်းနိုင်ပါတယ်။ အဲ့ဒါဆိုရင် နန်းတွင်းရဲ့ သံချပ်ကာမြင်းတပ် နှစ်သောင်းဟာ အကျိုးသက်ရောက်မှု မရှိတော့နိုင်ဘူး”

ဟု ပြန်ပြောလိုက်သည်။

လင်ကောင်းယွမ်က အေးဆေးစွာဖြင့်

“စစ်ပွဲရဲ့ အကျိုးဆက်ကို လက်နက်စွမ်းအားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘူး။ အခြားအကြောင်းအရာတွေလည်း အများကြီး ပါဝင်နေတယ်။ တိမ်ဖောက်လေးရဲ့ စွမ်းအားကြီးမားပေမဲ့ စစ်သည်တိုင်းက အဲဒါကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ နောက်ပြီး မင်းကြီးက အစီအမံတွေ လုပ်ထားတာ ကြာပြီ။ တောင်ပိုင်း အာဏာရှိမိသားစုတွေထဲမှာ သူ့ရဲ့ လူတွေထည့်ထားမှာပဲ။ ဒီစစ်ပွဲရဲ့ အများဆုံး ဖြစ်နိုင်ခြေက မင်းကြီး အနိုင်ရမှာပဲ။ မင်း အလွန်အကျွံ စိုးရိမ်စရာ မလိုဘူး”

ဟု ပြောလိုက်သည်။

ထို့နောက် လင်ကောင်းယွမ်က သူ၏စုတ်တံကို ပြန်ကောက်ယူကာ စာဆက်ရေးရင်း ပြောလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက ငါ့ဆီစာရေးလာတယ်။ သူက မင်းရဲ့နှမကို လက်ထပ်ဖို့ အကြံရှိတယ်။ မင်းရဲ့နှမကလည်း သဘောတူပြီတဲ့။”

ထိုစကားများကို ကြားလိုက်ရသော လင်ရှုမင်၏ အံ့ဩသွားခဲ့သည်။

သူရဲ့ မွေးစားညီမက သဘောတူပြီလား။

တကယ်ပဲလား။

မြောက်ပိုင်းပြည်နယ်မှာ သူမကို ထိုကိစ္စကို ပြောတုန်းက သူမ ပြင်းပြင်းထန်ထန် ကန့်ကွက်နေခဲ့သည်ကို သူမှတ်မိသည်။ ဒါပေမဲ့ အခုဘာ့ကြောင့် ရုတ်တရက် သဘောတူသွားရတာလဲ။

လင်ရှုမင် အတွေးထဲနစ်မြောနေစဉ် လင်‌ ကောင်းယွမ်က ရုတ်တရက် နောက်ထပ်စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။

“တကယ်လို့ မင်းကြီး ရှုံးနိမ့်သွားခဲ့ရင် ငါတို့ မြောက်ပိုင်းပြည်နယ်ကို သွားမယ်။”

ဒါက...

လင်ရှုမင် အံ့အားသင့်သွားပြီး သူ၏ဖခင် အဘယ်ကြောင့် လုံးဝစိုးရိမ်မှုမရှိသည်ကို နားလည်သွားသည်။ လင်မိသားစုအတွက် လွတ်မြောက်ရာလမ်းကို သူစဉ်းစားထားပြီးဖြစ်ကြောင်း ထင်ရှားသည်။

သို့သော်…

တကယ်လို့ နန်းတွင်းတပ်တွေ အမှန်တကယ် ရှုံးနိမ့်ခဲ့ရင် သူတို့ လင်မိသားစု နေပြည်တော်မှ အလွယ်တကူ ထွက်ခွာပြီး မြောက်ပိုင်းပြည်နယ်ကို ရောက်ရှိနိုင်မှာလား။

ထိုအချက်ကို လင်ရှုမင် စိတ်မချနိုင် ဖြစ်နေဆဲဖြစ်သည်။

...

ထိုအတောအတွင်း။

မြောက်ပိုင်းပြည်နယ်။

နိုင်ငံရေးရာ ခန်းမ။

လိယုရီသည် မြောက်ပိုင်းပြည်နယ်ရှိ မြေယာ‌ ဖော်ထုတ်ပြုပြင်ရေးလုပ်ငန်း၏ လက်ရှိအခြေအနေကို နန်းတွင်းငယ်သို့ တင်ပြနေသည်။ မြောက်ပိုင်းပြည်နယ်တွင် မြေဧရိယာကျယ်ဝန်းသော်လည်း လူဦးရေနည်းပါးပြီး မြေယာအများအပြားမှာ လယ်ယာမလုပ်ရသေးပေ။

မြောက်ပိုင်းပြည်နယ်တွင် ပြုပြင်ပြောင်းလဲရေးများ စတင်ခဲ့သည့်နေ့မှစ၍ ပြည်သူများအား လယ်ယာ‌မြေများဖော်ထုတ်ရန် အဆက်မပြတ် အားပေးခဲ့သည်။ လုချန်းက မြောက်ပိုင်းပြည်နယ်ရှိ မြေယာအပိုင်ဆိုင်ခွင့်အားလုံးကို ပြန်လည်သိမ်းယူခဲ့သော်လည်း ဒေသခံများသည် လယ်မြေ ဖော်ဆောင် ရေးလုပ်ငန်းတွင် စိတ်အားထက်သန်ဆဲဖြစ်သည်။

လုချန်း၏ လယ်ယာအခွန်ဖျက်သိမ်းရေး မူဝါဒအတွက် သူတို့ ကျေးဇူးတင်ကြသည်။ ထိုကဲ့သို့သော မူဝါဒသည် ထိုခေတ်အတွက် အလွန် ခောတ်ရှေ့ပြေးသော မူဝါဒ ဖြစ်သည်။ ဒေသခံများသည် သူတို့စိုက်ပျိုးသမျှကို အပြည့်အဝ ရိတ်သိမ်းခွင့်ရသည့် အခြေအနေမျိုးကို ယခင်က မကြုံတွေ့ဖူးပေ။

မြေယာပိုင်ဆိုင်ခွင့် မရှိသော်လည်း လယ်ယာအခွန်မပေးရပဲ နှစ်ပေါင်းများစွာ လယ်ယာလုပ်ကိုင်နိုင်မည်ဆိုသည့် အချက်က သူတို့ကို များစွာလှုံ့ဆော်ပေးသည်။ လယ်မြေ ဖော် ဆောင်ပြီး နှစ်အနည်းငယ် အပိုသီးနှံများ စိုက်ပျိုးနိုင်ပါက လယ်မြေဖော်ဆောင်ရာ၌ ရင်းနှီးမြှုပ်နှံထားရသော လုပ်အားများသည် မပြောပလောက်‌ကြောင်း သူတို့နားလည်ကြသည်။

မြောက်ပိုင်းပြည်နယ်၏ မြေယာမူဝါဒအရ ပြည်သူများစွာသည် စေတနာ့ဝန်ထမ်းအဖြစ် လယ်မြေဖော်ထုတ်ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ကြ၏။ ရှနိုင်ငံတော်ထဲမှ လွှဲအပ်လိုက်သော ခရိုင်သုံးခုမှ ဒုက္ခသည်များစွာလည်း မြောက်ပိုင်းပြည်နယ်တွင် အခြေချနေထိုင် နေကြပြီဖြစ်သည်။ မြေယာမရှိသော ထိုဒုက္ခသည်များသည် တည်ငြိမ်သောဘဝကို လိုလားသဖြင့် လယ်မြေဖော်ဆောင်ရေး လုပ်ငန်းတွင် ပါဝင်လာကြသည်။

လိယုရီ၏ အစီရင်ခံစာကို ကြားပြီးနောက် လုချန်းက

“ပြည်သူတွေကို လယ်မြေဖော်ဆောင်နိုင်ဖို့ ဆက်လက်အားပေးပါ။ နောက်သုံးနှစ်အတွင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က အထွက်နှုန်းမြင့် မျိုးစေ့တွေ ပုံမှန်ဖြန့်ဝေပေးမယ့်အကြောင်းလည်း ပြောပြပါ။ လယ်မြေ‌ ဖော်ဆောင်ပြီး စိုက်ပျိုးဖို့ မျိုးစေ့မရှိမှာ ကို စိုးရိမ်စရာမလိုပါဘူး”

ဟု ပြောလိုက်သည်။

လိယုရီက

“ဟုတ်ကဲ့ပါ မင်းသား”

ဟု ပြန်လည်လျှောက်ထားလိုက်သည်။

ဤအချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။

“နောက်ပြီး ကျွန်တော်က မြောက်ပိုင်းလွင်ပြင်ကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းဖို့ စဉ်းစားထားတယ်။ ဒီနေ့ကစပြီး မြောက်ပိုင်းပြည်နယ်ရဲ့ မြေပုံကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တယ်။”

ထိုစကားများကို ကြားလိုက်ရသော ခန်းမတစ်ခုလုံးရှိ လူအားလုံး ခဏခန့် တုန်လှုပ်သွားကြသည်။

မြောက်ပိုင်းလွင်ပြင်ကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းမယ်တဲ့လား။

လုချန်း ယခင်က ထိုအကြံကို ပြောပြခဲ့ဖူးသော်လည်း ထိုအချိန်က အကြံသက်သက်သာ ဖော်ပြခဲ့ပြီး လက်တွေ့အကောင်အထည်ဖော်မှု မရှိသေးပေ။

မြောက်ပိုင်းလွင်ပြင်တွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုကဲ့သို့ မျိုးနွယ်စုကြီးများ မရှိတော့ပဲ လူမျိုးနွယ်စုငယ်များသာ ရှိတော့သဖြင့် စစ်အင်အားအနည်းငယ်ဖြင့်ပင် သူတို့အား မြောက်ပိုင်းပြည်နယ်မှ မောင်းထုတ်နိုင်သည်။

ဤအချိန်တွင် ရှောင်ပင်တိန်ထံက ထလိုက်ပြီး

“လွင်ပြင်ဒေသက မျိုးနွယ်စုတွေကို ဘယ်လို စီမံမှာပါလဲ မင်းသား။ “

ဟု မေးလိုက်သည်။

လုချန်းက အေးဆေးစွာဖြင့်

“ကျွန်တော့်နယ်မြေ‌ပေါ်မှာ သူတို့က ကျွန်တော့်ရဲ့ လက်အောက်ခံတွေပဲ။ မြောက်ပိုင်းလွင်ပြင်ဒေသကို မြောက်ပိုင်းပြည်နယ်ထဲ သွတ်သွင်းပြီးရင် လွင်ပြင်မျိုးနွယ်စုတွေအားလုံး မှတ်ပုံတင်ရမယ်။ မျိုးနွယ်စုဝင်တိုင်းမှာ မြောက်ပိုင်းပြည်နယ်ရဲ့ သက်သေခံကတ်ပြားရှိရမယ်။ သူတို့ အနေနဲ့ မြောက်ပိုင်းလွင်ပြင်က မြက်ခင်းပြင်တွေမှာ နေထိုင်ကျက်စားနေထိုင်နိုင်တယ်။ မဟုတ်ရင် တောင်ပိုင်းမှာလည်း အခြေချနေထိုင်နိုင်တယ်”

ဟု ပြောလိုက်သည်။

“တောင်ပိုင်းမှာ အခြေချနေထိုင်ချင်တဲ့ လွင်ပြင်ဒေသ မျိုးနွယ်စုတွေအတွက် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က မြေယာအချို့ချပေးပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်နည်းတွေ သင်ကြားပေးမယ်။”

လွင်ပြင်မျိုးနွယ်စုများကို စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ လုချန်းတွင် အတွေ့အကြုံရှိပြီးဖြစ်သည်။ ကောင်းကင်ဝံပုလွေဘုရင်နှင့် မြောက်ပိုင်းဖရီဘုရင်၏ မျိုးနွယ်စုများကို မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့စေပြီးနောက် လယ်ယာလုပ်ငန်း လုပ်ကိုင်နည်း သင်ကြားပေးရန် လူများစေလွှတ်ခဲ့ဖူးသည်။

ထို့ပြင် လုချန်းက ရှနိုင်ငံနှင့် လွင်ပြင်ဒေသဘာသာစကား နှစ်မျိုးစလုံးကို ပြောဆိုနိုင်သူများကို အထူးငှားရမ်းကာ လွင်ပြင်ဒေသသားများအား ရှနိုင်ငံတော်၏ ဘာသာစကားကို သင်ကြားပေးခဲ့သည်။

လွင်ပြင်ဒေသ အသိုင်းအဝိုင်းတွင် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုသည် အစကတည်းက ရှနိုင်ငံတော်နှင့် ကောင်းစွာ ပေါင်းစပ်နေထိုင်နိုင်ခဲ့သဖြင့် မြောက်ပိုင်းဖရီဘုရင် မျိုးနွယ်စုထက် ပိုမိုမြန်ဆန်စွာ ရှနိုင်ငံတော်နှင့် ရောနှောသွားခဲ့သည်။

ယခုအခါ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုဝင်များသည် လွင်ပြင်ဒေသသားများ မြောက်ပိုင်းပြည်နယ်နှင့် ပေါင်းစည်းရာတွင် ကြားခံ ဆက်သွယ်ရေးအဖြစ် ဆောင်ရွက်နေကြပြီဖြစ်သည်။ ယခင်က ဖမ်းဆီးခံခဲ့ရသော လွင်ပြင်ဒေသသား စစ်သည်များသည် ယခုအခါ လုချန်းအား အလွန်သစ္စာရှိကြပြီး သူတို့အား မည်သူမှ စောင့်မကြည့်ပဲ လွှတ်ပေးထားလျှင်ပင် သူတို့ဘာသာ ပြန်လာကြမည်ဖြစ်သည်။

ထို့ပြင် ရှနိုင်ငံတော်ရှိ လူအများအပြားသည် လွင်ပြင်ဒေသမှ မုဆိုးမများနှင့် လက်ထပ်ထိမ်းမြားခဲ့ကြပြီး ယခုအခါတွင် လွင်ပြင်ဒေသသားများနှင့် မြောက်ပိုင်းပြည်နယ်မှ သာမန်ပြည်သူများကြား ပေါင်းစပ်မှုက အတန်ငယ်ကောင်းမွန်လာခဲ့သည်။

လုချန်း၏စကားကို နားထောင်ပြီးနောက် ရှောင်ပင်တိန်က ချက်ချင်းပင် ဒူးတစ်ဖက်ထောက်ကာ

“မင်းသားရဲ့ ကရုဏာတော်အတွက် ကျေးဇူးတင်ပါတယ်။”

လုချန်းက ဆက်ပြောလိုက်သည်။

“လွင်ပြင်ဒေသမျိုးနွယ်စုတွေနှင့် သက်ဆိုင်တဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လွင်ပြင်ဒေသ စီမံခန့်ခွဲရေး ဌာနတစ်ခု ဖွင့်လှစ်မယ်။”

“ကောင်းပါပြီ။ ထပါ ဗိုလ်ချုပ်ရှောင်။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရအောင်။ နောက်တစ်ခုအနေနဲ့ မြောက်ပိုင်းလွင်ပြင်ကို မြောက်ပိုင်းပြည်နယ်နှင့် ပေါင်းစည်းပြီးနောက်ပိုင်း ခရိုင်ဘယ်နှစ်ခု ခွဲရမလဲဆိုတာကို ခင်ဗျားတို့အားလုံး စဉ်းစားကြည့်ပါ။”

ထိုအခါ ခန်းမတစ်ခုလုံး ဆူညံသွား‌ တော့သည်။

မြောက်ပိုင်းလွင်ပြင်သည် အမှန်တကယ်ပင် ကျယ်ပြန့်လှသည်။ သူတို့မသိသေးသော မြောက်ပိုင်းလွင်ပြင်၏ နယ်နိမိတ်ကို ချန်လှပ်ထားလျှင်ပင် လူသိများသော မြောက်ပိုင်းလွင်ပြင်၏ အရွယ်အစားသည်ပင် မြောက်ပိုင်းပြည်နယ်နှင့် ပေါင်းစည်းလိုက်ပါက ရှနိုင်ငံတော်ထက် ပိုမိုကြီးမားနိုင်သည်။

နယ်စားပြည်နယ်တစ်ခုသည် ယင်း၏ပင်မ နိုင်ငံတော်ထက် အရွယ်အစားပိုမိုကြီးမားပါက နန်းတွင်း၌ စိုးရိမ်မှုများ ဖြစ်စေနိုင်ပြီး မြောက်ပိုင်းနယ်စားမင်းသားအား ပုန်ကန်မှုဖြင့် စွပ်စွဲလာနိုင်သည်။

မြောက်ပိုင်းပြည်နယ်ကို ခရိုင်မည်မျှခွဲရမည်ဆိုသည်မှာ လွယ်ကူသောဆုံးဖြတ်ချက်မဟုတ်ပေ။ မြောက်ပိုင်းလွင်ပြင်၏ ဧရိယာ အများစုမှာ လူနည်းစုသာ နေထိုင်သော မြက်ခင်းပြင်များဖြစ်သည်။ ရှနိုင်ငံတော်၏ ခရိုင်ခွဲခြားမှု ပုံစံအတိုင်း ခွဲခြားပါက အချို့ခရိုင်များတွင် လူဦးရေလုံးဝမရှိပဲ ဖြစ်သွားနိုင်ပြီး တာဝန်ချခံရသော အရာရှိများအတွက် နေထိုင်စရာနေရာ ရှာရန်ပင် ခက်ခဲနိုင်သည်။

အရာရှိများ ခန်းမတွင်း အပြင်းအထန် ဆွေးနွေးငြင်းခုံနေစဉ် အထူးကိုယ်ရံတော်တစ်ဦး ခန်းမအတွင်းသို့ ဝင်ရောက်လာပြီး လုချန်းထံချဉ်းကပ်ကာ

“မင်းသား။ အိမ်ရှေ့မင်းသားလုရှုယွမ် ပုန်ကန်ပါပြီ”

ဟု တိုးတိုးကပ် ပြောလိုက်သည်။

ထိုသို့ ပြောပြီးနောက် အထူးကိုယ်ရံတော်တပ်မှူးက ထောက်လှမ်းရေးအစီရင်ခံစာကို လုချန်းထံ ကမ်းပေးလိုက်သည်။ ထို့နောရ် လုချန်းက ဖွင့်ကြည့်လိုက်ကာ သေချာစွာ ဖတ်ရှုလိုက်သည်။

ထို့နောက် ခန်းမအတွင်းရှိ ဆွေးနွေးငြင်းခုံမှုများ တဖြည်းဖြည်း ငြိမ်သက်သွားပြီး အရာရှိများ၏ အာရုံက လုချန်း၏ အမူအရာပြောင်းလဲနေသော မျက်နှာပေါ်သို့ စူးစိုက်သွားကြသည်။ ပုံမှန်အားဖြင့် အထူးကိုယ်ရံတော်များသည် အရေးကြီးသော ထောက်လှမ်းရေးသတင်းများရှိမှသာ နိုင်ငံရေးရာခန်းမသို့ ဝင်ရောက်လေ့ရှိပြီး အရေးမကြီးပါက အထူးကိုယ်ရံတော်များသည် သတင်းကို လုချန်း၏ စာကြည့်ခန်းသို့ ပို့ဆောင်လေ့ရှိသည်။

ထို့ကြောင့် အထူးကိုယ်ရံတော်တစ်ဦး နိုင်ငံရေးရာဆောင်သို့ ဝင်လာသည်ကို မြင်လိုက်သော အရာရှိများက ရှနိုင်ငံတော်တွင် အရေးကြီးသော အဖြစ်အပျက်တစ်ခု ဖြစ် နေပြီ‌ဖြစ်ကြောင်း သိလိုက်ကြသည်။

လုချန်းက လက်ထဲရှိ ထောက်လှမ်းရေး အစီရင်ခံစာကို ဖတ်ရှုပြီးနောက် ခန်းမအတွင်းရှိ အရာရှိများကို ပြောလိုက်သည်။

“ အိမ်ရှေ့မင်းသား လုရှုယွမ်ကကူးစက်ရောဂါ တိုက်ဖျက်ရေး အကြောင်းချက်နဲ့ တောပိုင်းကို ထွက်သွားပြီး တောင်ပိုင်းအာဏာရှိ မိသားစုတွေနှင့် ပေါင်းပြီး သူပုန်ထကြောင်း သတင်းရရှိပါတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဒီလိုနေ့မျိုး ရောက်လာမည်ကို အားလုံးက မှန်းဆထားကြပြီးဖြစ်သည်။ ဆွမ်ဧကရာဇ်က နန်းတွင်း စစ်တပ်ကို စေလွှတ်ကာ တောင်ပိုင်းကို ရှင်းလင်းရန် အကြံရှိကြောင်း သတင်းများတွင် မကြာခဏ ကြားနေရသည်။ ဒါက လုရှုယွမ်နှင့် တောင်ပိုင်း အာဏာရှိမိသားစုများကို သူပုန်ထစေရန် ဖိအားပေးနေခြင်းဖြစ်သည်။

ယခုတော့ လုရှုယွမ်နှင့် တောင်ပိုင်း အာဏာရှိမိသားစုများ သူပုန်ထပြီဖြစ်သည်။

သူတို့သူပုန်ထသောအခါ မြောက်ပိုင်းပြည်နယ်အတွက် အခွင့်အရေးရောက်လာသည်။

ယခု အချိန်တွင် မြောက်ပိုင်းပြည်နယ်က မြောက်ပိုင်းဒေသကို သိမ်းပိုက်လျှင်လည်း နန်းတွင်းအရာရှိများက ကန့်ကွက်နိုင်မည်မဟုတ်ပေ။ သူပုန်များကို နှိမ်နင်းရေးက အဓိကဖြစ်နေသောကြောင့် မြောက်ပိုင်းပြည်နယ်၏ ကိစ္စများကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ထိုအရေးအခင်းက မြောက်ပိုင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော အခွင့်အရေးတစ်ရပ် ဖြစ်လာခဲ့သည်။

.....

အခန်း (၃၃၈)

စိုးရိမ်နေသော လင်ဝမ်ရွန် (၁)

လုရှုယွမ် သူပုန်ထကြောင်း သတင်းကို ကြားလိုက်ရသော်လည်း အံ့အားသင့်ဟန် လုံးဝမပြသော အရာရှိများကို မြင်တွေ့ရ တော့ လုချန်းက

“ အိမ်ရှေ့မင်းသား လုရှုယွမ်က ‘ဆိုးယုတ်‌ သော ဝန်ကြီးများမှ ဧကရာဇ်ကို ကယ်တင်ရန်’ ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုနေတယ်။ သူက ဝန်ကြီးချုပ် လင်ကောင်းယွမ်ဟာ ဆွမ်ဧကရာဇ်ကို လှည့်ဖြားတဲ့ သစ္စာဖောက် ဝန်ကြီး ဖြစ်ပြီး ဝူနိုင်ငံတော်ကို စစ်ရှုံးမှု၊ နယ်မြေဆုံးရှုံးမှုနှင့် လူများဆင်းရဲမွဲတေမှုတို့ကို ဖြစ်စေတယ်လို့ စွပ်စွဲနေတယ်။”

လုချန်း၏ စကားကို ကြားလိုက်ရသော်လည်း မြောက်ပိုင်းပြည်နယ်မှ အရာရှိများက အေးဆေးတည်ငြိမ်စွာပင် ရှိနေကြပြီး အံ့အားသင့်ဟန်လည်း မပြကြပေ။

သမိုင်းတစ်လျှောက်တွင် သူပုန်ထမှုအများစုတွင် ‘ဧကရာဇ်အား ဆိုးယုတ်သော ဝန်ကြီးများမှ ကယ်တင်ရန်’ ဆိုသည့် ဆောင်ပုဒ်ကိုသာ အသုံးပြုလေ့ရှိသည်။ သို့သော် ‘နန်းတွင်းသန့်ရှင်းရေး’ ပြုလုပ်သည်ဟုဆိုသော်လည်း အဆုံးတွင် ‘ဧကရာဇ်’ ပါပါသွားတတ်သည်။

လုချန်းက ထပ်မေးလိုက်သည်။

“အကယ်၍ နန်းတွင်းက မင်းကြီးကို ထောက်ပံ့ဖို့အတွက် ကျွန်တော့်ကို နေပြည်တော်လာဖို့ ဖိတ်ခေါ်ခဲ့ သွားသင့်လား။”

ထိုစကားကို ကြားလိုက်ရသော အခါ ယနေ့ နန်းတွင်းငယ် အစည်းအဝေးတွင် တိတ်ဆိတ်စွာနေခဲ့သော ကျူးကဲ့ကျုံကောင်း ထလာခဲ့သည်။

ကျူးကဲ့ကျုံကောင်းကဲ့သို့သော အဆင့်လွန် ပညာရှင်တစ်ဦးအတွက် ရှနိုင်ငံတော်အပါဝင် အခြားမည်သည့်နိုင်ငံတွင်မှ နန်းတွင်းအစည်းအဝေးပွဲများသို့ တက်ရောက်ရန် မလိုအပ်ပေ။ သို့သော် ဒါက မြောက်ပိုင်းပြည်နယ်ဖြစ်သည်။ သူသည် အဆင့်လွန် ပညာရှင်ဖြစ်သော်လည်း ကံကြမ္မာသားတော် လုချန်းရှေ့တွင် သူ၏ အဆင့်က အလွန်အရေးမပါလှပေ။

သူသည် ယခုနှစ်တွင် အသက် ၁၅၀ ရှိပြီဖြစ်သော်လည်း နန်းတွင်းအစည်းအဝေးများကို လိုအပ်ပါက တက်ရောက်ရမည်ဖြစ်သည်။

သာမန်အားဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် သာမန်ကိစ္စရပ်များတွင် ပါဝင်ဆွေးနွေးလေ့မရှိပေ။ အရေးကြီးသော ကိစ္စရပ်များတွင်သာ စကားပြောလေ့ရှိသည်။

လုချန်း ယခုမေးလိုက်သော မေးခွန်းသည် အရေးကြီးသည့် ကိစ္စတစ်ရပ်ပင်ဖြစ်သည်။

ကျူးကဲ့ကျုံကောင်းက

“ဧကရာဇ်ဟာ နှစ်ပေါင်းများစွာကတည်းက အစီအမံတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား လုရှုယွမ် တောင်ပိုင်းကိုသွားပြီး တောင်ပိုင်း အာဏာရှိမိသားစုတွေနဲ့ သူပုန်ထရတာက ဧကရာဇ်ရဲ့ ဖိအားပေးမှုကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဧကရာဇ်ဆီမှာ လုံလောက်တဲ့ အစီအမံ‌တွေ ရှိနေပြီလို့ ယူဆရပါတယ်။ အခြားအင်အားစုတွေ ဝင်ရောက်စွက်ဖက်ခြင်းမရှိရင် နန်းတွင်းက ပြည်တွင်းစစ်ကို အနိုင်ရဖို့ အလားအလာရှိပါတယ်။ အခြားဒေသက နယ်စားတွေကို နေပြည်တော် လာခိုင်းပြီး ဧကရာဇ်ကို ထောက်ပံ့ခိုင်းဖို့ မလိုအပ်ပါဘူး။”

“တစ်နေ့မှာ နန်းတွင်းက မင်းသားကို နေပြည်တော်လာပြီး ဧကရာဇ်ကို ထောက်ပံ့ဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင် မင်းသား အနေနှင့် ပိုပြီးသတိထားသင့်ပါတယ်။”

ကျူးကဲ့ကျုံကောင်း၏ စကားကို ကြားလိုက်ရသော လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ဘာကြောင့်ပါလဲ။”

ကျူးကဲ့ကျုံကောင်းက ပြန်လည်ဖြေကြားလိုက်သည်၊

“ဧကရာဇ်ရဲ့ မဟာဗျူဟာအရ တောင်ပိုင်း သူပုန်အင်အားစုတွေကို ကိုင်တွယ်ဖို့က အဓိကပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာ ဧကရာဇ်က နယ်စားတွေကို နေပြည်တော်လာပြီး သူ့ကိုထောက်ပံ့ဖို့ ဖိတ်ခေါ်လာခဲ့မယ်ဆိုရင် ဧကရာဇ်ရဲ့ ပစ်မှတ်က တောင်ပိုင်း အာဏာရှိမိသားစုတွေ မဟုတ်ဘူးလို့ ဆိုလိုပါတယ်။”

ကျူးကဲ့ကျုံကောင်း၏ ရှင်းလင်းချက်ကို ကြားလိုက်ရသော လုချန်း သူ၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားသည်။ ကျူးကဲ့ကျုံကောင်း၏ အမြင်အရ ဆွမ်ဧကရာဇ်သည် လှည့်ကွက်များကို အဆင့်ဆင့် ပြင်ဆင်ထားနိုင်သည်ဟု ယူဆထားဟန်ရှိသည်။

အပြင်ပန်းတွင် သူသည် တောင်ပိုင်း အာဏာရှိမိသားစုများကို ပစ်မှတ်ထားနေသော်လည်း တကယ်တမ်းတွင် နယ်စားမင်းသားများကိုပါ ထွက်ပေါ်လာစေပြီး တစ်ပြိုင်နက်တည်း ဖြေရှင်းရန် အကြံရှိနေနိုင်သည်။

ဒါပေမဲ့ ....

ဒါက နည်းနည်း ရည်ရွယ်ချက်ကြီးလွန်း နေသည် မဟုတ်ပါလား။

လုချန်းက မေးလိုက်သည်။

“ဆွမ်ဧကရာဇ်က နယ်စားမင်းသားတွေကို နေပြည်တော်ခေါ်ပြီး သူ့ကိုထောက်ပံ့ဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင် နယ်စားတွေရဲ့အာဏာကို လျှော့ချဖို့ စဉ်းစားနေတာ ဖြစ်မယ်လို့ ပညာရှိကြီး ယူဆတာလား။ နန်းတွင်းရဲ့ လက်ရှိစစ်အင်အားအရ သူပုန်တွေကို နှိမ်နင်းရင်း နယ်စားမင်းသားတွေရဲ့အာဏာကိုပါ လျှော့ချဖို့က မဖြစ်နိုင်ဘူးဟု ထင်မိပါတယ်။”

ကျူးကဲ့ကျုံကောင်းက အေးဆေးစွာဖြင့် ပြောလိုက်သည်။

“ ဧကရာဇ်ဟာ လေငြိမ်တောင်၊ လေးမျက်နှာတောင်နှင့် မက်မွန်တောင်ကြားတို့ဆီ လူများ စေလွှတ်ခဲ့ကြောင်း ကြားသိရပါတယ်။”

“ကျွန်တော့် အမြင်အရ အကယ်၍ ဧကရာဇ်ဟာ တောင်ပိုင်း အာဏာရှိမိသားစုတွေကိုပဲ ရှင်းလင်းလိုတယ်ဆိုရင် အဲ့ဒီ နေရာသုံးခုကို လူစေလွှတ်ဖို့ မလိုအပ်ပါဘူး။ တောင်ပိုင်းမှာ ဝှက်ထားတဲ့ သူ့ရဲ့ အရာတွေရှိ အသုံးပြုပြီးအာဏာရှိမိသားစုတွေကို အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီး ရှနိုင်ငံတော် နန်းတွင်းမှာ အဆင့်လွန် ပညာရှင်က နိုင်ငံတော် ပညာရှိကြီး တစ်ယောက်ပဲ ရှိတာမဟုတ်ပါဘူး။ ဧကရာဇ်ဟာ တောင်ပိုင်း အာဏာရှိမိသားစုတွေကို အမြစ်ဖြုတ် ရှင်းလင်းဖို့ အချိန်အတော်ကြာအောင် အစီအမံတွေ ပြုလုပ်ထားခဲ့သူပါ။ အဆင့်လွန် ပညာရှင်‌ တွေကို ရင်ဆိုင်ဖို့လည်း ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးဖြစ်မှာပါ။ အာဏာရှိ မိသားစု‌တွေတွေကိစ္စ လှုပ်ရှားခါနီးမှ အဲ့ဒီနေရာသုံးခုကို လူလွှတ်မှာ မဟုတ်ပါဘူး။”

ကျူးကဲ့ကျုံကောင်း၏ သုံးသပ်ချက် ကို နားထောင်ပြီးနောက် သူဆိုလိုသည့် အဓိပ္ပါယ်ကို လုချန်း ချက်ချင်းနားလည်သွားကာ နဖူးတစ်ချက် တွန့်လိုက်သည်။

ဆွမ်ဧကရာဇ်က လေငြိမ်တောင်၊ လေးမျက်နှာတောင်နှင့် မက်မွန်တောင်ကြားတို့သို့ လူစေလွှတ်ခဲ့ကြောင်း မကြာသေးမီက တုန်းဖန်လုံယွဲ့ထံမှ သူကြားသိခဲ့ရသည်။ ထိုအချိန်တုန်းက သူ၏ဖခင်သည် အာဏာရှိမိသားစုများမှ အဆင့်လွန် ပညာရှင်များကို ဟန့်တားရန် ထိုနေရာများမှ အဆင့်လွန် ပညာရှင်များ၏ အကူအညီကို တောင်းခံနေသည်ဟု သူထင်မြင်ခဲ့သည်။

သို့သော် နက်နက်နဲနဲ စဉ်းစားကြည့်လျှင် ယခုအချိန်ကျမှ ထိုအဆင့်လွန် ပညာရှင်များကို အကူအညီတောင်းခံခြင်းက နောက်ကျနေပြီ မဟုတ်ပါလား။ သူတို့၏ အကူအညီကို လိုအပ်ပါက အစောကြီးကတည်းက ကြိုတင်တောင်းခံထားသင့်သည်။

ထို့ပြင် ကျူးကဲ့ကျုံကောင်း ပြောသည့်အတိုင်း နန်းတွင်းတွင် အဆင့်လွန် ပညာရှင်တစ်ဦးတည်းသာ ရှိမည်မဟုတ်ပါ။ စစ်တူစီ သည်သာ အများသိထားသော အဆင့်လွန် ထိပ်သီးပညာရှင်တစ်ဦး ဖြစ်သည်။

ကျူးကဲ့ကျုံကောင်း၏ သတိပေးမှုကြောင့် သူ၏ဖခင်သည် နယ်စားမင်းသားများ၏ ပြဿနာကိုပါ တစ်ခါတည်း ဖြေရှင်းရန် ရည်ရွယ်နေသဖြင့် ထိုဂိုဏ်းများမှ အဆင့်လွန် ပညာရှင်များကို စည်းရုံးခြင်း ဖြစ်နိုင်သည်ဟု လုချန်း ရုတ်တရက် ခံစားလိုက်ရသည်။

အဆင့်လွန် ပညာရှင်များ ရှိနိုင်သော ဂိုဏ်းများထံသို့ သွားရောက်ခြင်းသည် တောင်ပိုင်း အာဏာရှိမိသားစုများကို ဖြေရှင်းရန်အတွက် လိုအပ်သည်ထက် ပိုနေသည်ဟု ထင်ရသည်။

လုချန်း စဉ်းစားလေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရလေလေ ဖြစ်လာသည်။

နန်းတွင်းရှိ အဆင့်လွန် ပညာရှင်များသည် တောင်ပိုင်း အာဏာရှိမိသားစုများအတွင်းရှိ အဆင့်လွန် ပညာရှင်များကို ရင်ဆိုင်ရန် ဖြစ်ပါက ဆွမ်ဧကရာဇ် ထိုဂိုဏ်းများမှ ဖိတ်ခေါ်နေသော အဆင့်လွန် ပညာရှင်များက မည်သူ့ကို ရင်ဆိုင်ရန်ဖြစ်မည်နည်း။

အဆင့်လွန် ပညာရှင်များသည် သာမန်အားဖြင့် အလွယ်တကူ လှုပ်ရှားလေ့မရှိပေ။ အဆင့်လွန် ပညာရှင်တစ်ဦး လှုပ်ရှားသည့်အခါ သူသည် အခြားအဆင့်လွန် ပညာရှင်တစ်ဦးကို စိန်ခေါ်နေခြင်း ဖြစ်နိုင်သည်။

ယခုအခါတွင် နယ်စားမင်းသားများအနက် မြောက်ပိုင်းပြည်နယ်တစ်ခုတည်းသာ အဆင့်လွန် ပညာရှင်တစ်ဦး၏ ထောက်ခံမှုကို ရရှိထားသည်ဟု လူသိထား၏။ ထူးခြားသည်က ဆွမ်ဧကရာဇ်၏ သံတမန်များ ထိုဂိုဏ်းများသို့ စေလွှတ်သည့်အချိန်သည် ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာသည့်အချိန်နှင့် တိုက်ဆိုင်နေခြင်းဖြစ်သည်။

ဆိုလိုသည်မှာ ဆွမ်ဧကရာဇ် ထိုဂိုဏ်းများမှ ဖိတ်ခေါ်မည့် အဆင့်လွန် ပညာရှင်များသည် ကျူးကဲ့ကျုံကောင်းကို ရင်ဆိုင်ရန် ရည်ရွယ်နေခြင်းဖြစ်နိုင်သည်။

ကျူးကဲ့ကျုံကောင်းကိုယ်တိုင် အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်သည့်အတွက် အဆင့်လွန် ပညာရှင်များနှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် အထူးအာရုံစိုက်မည်ဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏ မျက်နှာအမူအရာက ပို၍ပင် မဲမှောင်လာသည်။

သူဖခင်က သူ့ကို တကယ်ပဲ ရန်ရှာဖို့ ရည်ရွယ်နေတာလား။

သူ စိုးရိမ်လွန်နေခြင်းသာ ဖြစ်မည်ဟု မျှော်လင့်မိသည်။

ဖြစ်နိုင်သည်မှာ သူ၏ဖခင်သည် ထိုဂိုဏ်းများမှ အဆင့်လွန် ပညာရှင်များကို ကြိုတင်ကာကွယ်မှု အနေဖြင့်သာ အကူအညီ တောင်းနေခြင်းဖြစ်မည်။

ထိုအတွေးဖြင့် လုချန်းက ခန်းမတွင်းရှိ အရာရှိများအား ပြောလိုက်သည်၊

“ခင်ဗျားတို့အားလုံး ပြန်သွားပြီး မြောက်ပိုင်းပြည်နယ်ရဲ့ ခရိုင်နှင့်မြို့‌တွေ ဘယ်လိုခွဲရမလဲ ဆိုတာကို စဉ်းစားကြပါ။ မနက်ဖြန် အစည်းအဝေးမှာ မြောက်ပိုင်းပြည်နယ်ရဲ့ နယ်မြေခွဲဝေမှုကို အပြီးသတ်ကြမယ်။”

.........

အခန်း (၃၃၉)

စိုးရိမ်နေသော လင်ဝမ်ရွန် (အပိုင်း ၂)

“ယနေ့ နန်းတွင်းအစည်းအဝေးကို ဒီလောက်နှင့် အဆုံးသတ်ပါမယ်။ အရေးတကြီး အစီရင်ခံစရာရှိရင် ကျွန်တော့် စာကြည့်ခန်းကို တိုက်ရိုက်လာပြီး အစီရင်ခံပါ။”

“ပြီးတော့ တပ်မှူးချင်က စာကြည့်ခန်းကို လာခဲ့ပါ။”

ထိုသို့ပြောပြီးနောက် လုချန်းလည်း နိုင်ငံရေးရာ ခန်းမဆောင်မှ ထွက်ခွာသွားကာ သူ၏စာကြည့်ခန်းဆီသို့ ဦးတည်သွားခဲ့သည်။

ကျူးကဲ့ကျုံကောင်း၏ သတိပေးချက်သည် လုချန်းအား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ ယခင်က သူဂရုမစိုက်ခဲ့သော အရေးမကြီးသည့် အစီရင်ခံစာများကို ပေါင်းစပ်စဉ်းစား ကြည့်လိုက်ပါက နောက်ကွယ်တွင် ကြီးမားသော လှည့်ကွက်တစ်ခု ရှိနေနိုင်သည်ဟု ယူဆ၍ရသည်။ သူ၏ဖခင် ဆွမ်ဧကရာဇ်သည် မြောက်ပိုင်းပြည်နယ်ကို ယခုလို အချိန်တွင် ပစ်မှတ်ထားမည်ဟု သူလုံးဝမမျှော်လင့်ထားခဲ့ပေ။

အာဏာရှိမိသားစုများ၏ ပြဿနာများက ဆွမ်ဧကရာဇ်အား ခေါင်းခြောက်နေစေပြီဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းပြည်နယ်သည် အဆင့်လွန်ပညာရှင်တစ်ဦးမှ ကာကွယ်ထားသော ပိုင်နက်ဖြစ်နေသည့်အတွက် သူဘယ်လိုများ လှုပ်ရှားလာနိုင်မှာလဲ။

အာဏာရှိမိသားစုများကို ဖယ်ရှားပြီးပြီးချင်းပင် နယ်စားများ၏အာဏာကို ထိန်းချုပ်ရန် အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏အာဏာကို ထိန်းချုပ်ရန် ကြိုးစားခြင်းသည် ရှနိုင်ငံတော်၏ နိုင်ငံ့အင်အားကို ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာစေနိုင်သည်။

သို့သော် ကျူးကဲ့ကျုံကောင်း၏ သတိပေးချက် မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရန် လုချန်း ဆုံးဖြတ်လိုက်သည်။ နေပြည်တော်ရှိ လက်ရှိအခြေအနေကို တိတိကျကျ စုံစမ်းစစ်ဆေးရန် သူဆုံးဖြတ်လိုက်သည်။ သူ၏ဖခင် ဘာတွေလုပ်နေလဲ ဆိုတာကို သူစူးစမ်းလိုသည်။

စာကြည့်ခန်းသို့ ရောက်ရှိပြီးနောက် လုချန်းသည် ချင်ယူရှန်အား ရှနိုင်ငံတော်တစ်ဝှမ်းရှိ အထူးကိုယ်ရံတော်များထံ အစီရင်ခံစာများ အမြန်ပို့ရန် အမိန့်ပေးလိုက်သည်။ နိုင်ငံတွင်းရှိ စစ်တပ်လှုပ်ရှားမှုများနှင့် ပတ်သက်သော ထောက်လှမ်းရေး အချက်အလက်များကို အမြန်စုဆောင်းရန် သူတို့အား တိုက်တွန်းလိုက်သည်။

...

ထိုအချိန်တွင်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ဝမ်ရွန်အဆောင်တွင်။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည်လည်း လုရှုယွမ် ပုန်ကန်ကြောင်း အစီရင်ခံစာကို ရရှိခဲ့ကြသည်။ အစီရင်ခံစာကို ဖတ်ရှုနေစဉ် သူမ၏နှလုံးသားတွင် တုန်လှုပ်မှု အနည်းငယ်ကို ချန်ဝမ်ရွန် ခံစားမိသည်။

ဤမျှကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် လက်စားချေရန်နှင့် နိုင်ငံပြန်လည်ထူထောင်နိုင်ရန် အခွင့်အလမ်းက နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

လက်ထဲရှိ ထောက်လှမ်းရေးအချက်အလက်များကို သုံးသပ်ပြီးနောက် ချန်ဝမ်ရွန်က အစီရင်ခံစာကို လင်ဝမ်ရွန်ထံ ပေးလိုက်ကာ မေးလိုက်သည်။

“သူ့အပေါ် အတောင်တူ အဖိုလိပ်ပြာ အမှုန့် ဘယ်လောက်သုံးပြီးပြီလဲ ဒေါ်လေးလင်။”

လင်ဝမ်ရွန်လည်း ချန်ဝမ်ရွန်ထံမှ အစီရင်ခံစာကို ဖတ်ရှုလိုက်ပြီး ခဏတာမျှ တုန်လှုပ်သွားခဲ့ပြီး မကြာသေးမီက လုချန်းနှင့်အတူ ပြုလုပ်ခဲ့သော မဖွယ်မရာကိစ္စများက သူမ၏ အတွေးထဲ ဖြတ်သန်းသွားခဲ့သည်။

စိတ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် လင်ဝမ်ရွန်က လိမ်လည်ပြောဆိုလိုက်သည်။

“တစ်ဝက်နီးပါးလောက် သုံးပြီးပြီ။”

ဤအရေးကိစ္စနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူမနှင့် လုချန်းကြား ဆက်ဆံရေးကို ချန်ဝမ်ရွန် မသိစေရန် ပို၍ပင် အရေးကြီးလာသည်ဟု လင်ဝမ်ရွန် ကောင်းစွာသိရှိထားသည်။

လုချန်းထံမှ အဆိပ်ဖြေဆေးကို အမြန်ဆုံး ရယူနိုင်ရန် လိုအပ်ကြောင်းကို သူမသိသည်။ သို့သော် မကြာသေးမီက ကြိုးစားမှုများစွာပြုလုပ်ပြီးသည့်တိုင် လုချန်းပြောခဲ့သော အဆိပ်အတွက် ဖြေဆေးကို မတွေ့ရှိသေးပေ။ လုချန်းက သူတို့ကို အဆိပ်မတိုက်ထားပဲ သူမကို လှည့်ဖြားနေသည်ဟုပင် သံသယဝင်လာခဲ့သည်။

သို့သော် လုချန်း သူမကို လှည့်ဖြားနေသည်ဆိုသော အတွေးကို သူမ အလျင်အမြန် ဖယ်ရှားလိုက်သည်။ လုချန်းနှင့် အချိန်ကြာမြင့်စွာ ခွဲနေရသည့်အခါတိုင်း သူမ

ဂနာမငြိမ်ဖြစ်လာတတ်သည်ကို သတိထားမိသည်။ ကျင့်စဉ်ကျင့်သည့်အခါတိုင်း လုချန်းအကြောင်း အတွေးများ ဝင်ရောက်လာတတ်ပြီး စွဲလမ်းမှုကြောင့် ရူးသွပ်သွားနိုင်မည့် အန္တရာယ်ပင် ရှိ‌နေနိုင်သည်။ ထိုအချက်က လုချန်း သူတို့ကို အမှန်တကယ် အဆိပ်တိုက်ထားကြောင်း ဖော်ပြနေသည်။

ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“ ဒီကြားထဲမှာ သူ့အစားအစာထဲကို အတောင်တူ လိပ်ပြာအဖိုအမှုန့် ထပ်ထည့်ဖို့ နည်းလမ်းရှာပါ။ ချစ်ခြင်းပိုးကောင်က ရင့်မှည့်နေပြီ။ နောက်ထပ်အချိန်ဆွဲလို့မရတော့ဘူး။ ဒီထက်ပိုကြာရင် ချစ်ခြင်းပိုးကောင်ကနေ လိပ်ပြာအဖြစ်ပြောင်းသွားလိမ့်မယ်။”

ချန်ဝမ်ရွန် ရွေးချယ်ထားသော ပိုးကောင်သည် လိပ်ပြာနှစ်ကောင်မှ မွေးမြူထားခြင်းဖြစ်သည်။ ပိုးကောင် ကြီးထွားလာပါက လိပ်ပြာအဖြစ်ပြောင်းသွားမည်ဖြစ်သဖြင့် ယခုအချိန်ထိ ထိုပိုးကောင်၏ကြီးထွားမှုကို ဟန့်တားထားရသည်။

အပြစ်ရှိသလို ခံစားရသော လင်ဝမ်ရွန်က တုံ့ပြန်လိုက်သည်။

“ ဒေါ်လေးနားလည်ပါတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ သူ့အစားအစာထဲကို အတောင်တူ အဖိုလိပ်ပြာအမှုန့် ထည့်ဖို့ နည်းလမ်းရှာပါမယ်။”

ထိုသို့ပြောရင်း လင်ဝမ်ရွန်၏ စိတ်ထဲတွင် တွေးမိသည်။ လာမည့်ရက်များတွင် ကိုယ်ဝန်ရရှိရန် လုချန်းကို အမြန်ကူညီခိုင်းကာ ဖြေဆေးရယူရမည် သို့မဟုတ် သူ့ထံမှ ဖြေဆေးကို ခိုးယူရန် နည်းလမ်းရှာရမည်။ အချိန်ကုန်နေပြီ ဖြစ်သည်။ သူမ အချိန်ဆွဲ၍မရတော့ပေ။

...

ညချမ်းအချိန်။

လုချန်း၏စာကြည့်ခန်းတွင် မီးအလင်းရောင်များ တောက်ပစွာ ထွန်းညှိထားပြီး သူသည် စားပွဲရှေ့တွင် ရပ်ကာ အထူးကိုယ်ရံတော်များမှ ရေးဆွဲထားသော မြောက်ပိုင်းဒေသ၏ မြေပုံများကို စစ်ဆေးနေသည်။ ယခုအချိန်တွင် မြောက်ပိုင်းဒေသ၏ မြေပုံများသည် အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သော်လည်း ထိုမြေပုံများမှာ အကြမ်းဖျင်း မျှသာဖြစ်သည်။ လုချန်း အဓိကစိတ်ဝင်စားသည်က ခရိုင်နှင့် မြို့နယ်များ သတ်မှတ်ရန် သင့်တော်သော နယ်နိမိတ်များကို ရှာဖွေရန်ဖြစ်သည်။

ထိုအချိန်တွင် တံခါးဝမှ လင်ဝမ်ရွန်၏ အသံကို ကြားလိုက်ရသည်။

“ချန်းလေး မင်းအထဲမှာ ရှိလား။”

လင်ဝမ်ရွန်၏ အသံကို ကြားလိုက်ရသောအခါ လုချန်းက

“ဝင်ခဲ့ပါ”

ဟု အေးဆေးစွာ ပြန်ဖြေလိုက်သည်။

ခဏအကြာတွင် လင်ဝမ်ရွန် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထိုစဉ် ကျက်သရေရှိ လှပသော လင်ဝမ်ရွန်ကို လုချန်း ခေါင်းမော့ကြည့်လိုက်သည်။

ညဘက်ကြီး စာကြည့်ခန်းကို လင်ဝမ်ရွန် လာရောက်သည်ကို မြင်သောအခါ သူမလုပ်ဆောင်လိုသည့်အရာကို လုချန်း မှန်းဆနိုင်ခဲ့သည်။ သူတို့သည် ယခင်ကလည်း စာကြည့်ခန်းထဲတွင် မကောင်းမှုများစွာ ပြုလုပ်ခဲ့ကြဖူးသည်။ သို့သော် ယခုတစ်ခါတွင် လုချန်းက

“ ဒေါ်လေးလင်။ ဒီည ကျွန်တော့်မှာအလုပ်တွေ ရှိနေသေးတယ်။ ဒီလို ကိစ္စမျိုးအတွက် အချိန်မရှိဘူး”

ဟု ရယ်မောကာ ပြောလိုက်သည်။

ထိုအခါ လင်ဝမ်ရွန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထို့နောက် သူမက

“မင်းအလုပ်ပြီးတဲ့အထိ စောင့်နိုင်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။

သူမအတွက် အချိန်သည် အရေးကြီးဆုံးဖြစ်နေပြီဖြစ်ရာ နောက်တစ်ရက် ထပ်မစောင့်လိုတော့ပေ။ လုချန်း ယနေ့ည အလုပ်များနေပါက နက်ဖြန်တွင်လည်း အလားတူပင်ဖြစ်မည်။ နောက်တစ်ရက်တွင်လည်း သူ၏ဇနီးများနှင့်သာ အချိန်ကုန်လိမ့်မည်။ ထိုသို့ဆိုလျှင် သူမက ဘယ်အချိန်မှာ သူ့ရဲ့ ကလေးကို မွေးဖွားနိုင်မှာလဲ။

သူရဲ့ ကလေးကို မမွေးဖွားနိုင်ပါက ချန်ဝမ်ရွန်အတွက် အဆိပ်ဖြေဆေးကို မည်သို့ရယူနိုင်မည်နည်း။

လင်ဝမ်ရွန်၏ အလျင်အမြန် လုပ်ဆောင်လိုစိတ်ကို မြင်သောအခါ အကြောင်းရင်းကို မှန်းဆမိပြီး လုချန်းက စနောက်သည့်သဘောဖြင့် မေးလိုက်သည်။

“ ဒေါ်လေးလင် ဘယ်တုန်းကတည်း ဒီလောက် အလျင်စလို ဖြစ်တတ်လာတာလဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် လှပသော မျက်နှာလည်း ပူလောင်လာပြီး နီရဲသွားကာ သူမ လည်ပင်းအထိ အနီ ရောင်များ ပျံ့နှံ့သွားခဲ့သည်။

အလွန်ရှက်ဖွယ်ကောင်းသည့် အပြုအမူဖြစ်နေသည်ကို သူမ သိသော်လည်း သူမမှာ အခြားရွေးချယ်စရာမရှိတော့ပေ။ အိမ်ရှေ့မင်းသား သူပုန်ထပြီး ရှနိုင်ငံတော် အေးချမ်းမှု ပျက်ပြားနေသည့်အချိန်ကို လက်လွတ်မခံနိုင်‌ပေ။

လုချန်းက ဆက်လက်လိုက်ပြောသည်။

“ ဒေါ်လေးလင်တို့လည်း ကျွန်တော့် အစ်ကိုတော် ရှုယွမ်ရဲ့ သူပုန်ထမှုအကြောင်း ကြားပြီးသွားပြီ မဟုတ်လား။ ဒါကြောင့် ဒေါ်လေးဒီလောက်တောင် အလျင်စလိုဖြစ်နေတာ။”

“ဒါပေမဲ့ စဉ်းစားကြည့်ပါ။ ဒေါ်လေး အလျင်စလိုလုပ်နေတာက ဘာအကျိုးရှိမှာလဲ။ ချန်မိန်းကလေးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်သွားရင်တောင် လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ် မရှိဘူးဆိုရင် ကျွန်တော့်အဖေကို သတ်ဖို့ မအောင်မြင်နိုင်ဘူး မဟုတ်လား။”

“ ဒေါ်လေးတို့ဟာ လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်အတွက်ပဲ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဒီလောက်ကြာအောင် ခိုအောင်းနေခဲ့တာ မဟုတ်လား။ ဒါက ဒေါ်လေးတို့အတွက် အရမ်းကိုအရေးကြီးတဲ့အရာပဲလေ။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန်၏ မျက်နှာ ပို၍နီရဲသွားပြီး

“ဒါက မင်းကိစ္စမဟုတ်ဘူး”

ဟု ပြောလိုက်သည်။

“မင်းလုပ်ရမှာက မင်းရဲကတိကို တည်ဖို့ပဲ”

လုချန်းက ရယ်မောပြီ စားပွဲပေါ်ရှိ မြေပုံများကိုစု၍ ဘေးသို့ပုံထားလိုက်ကာ လင်ဝမ်ရွန်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

လင်ဝမ်ရွန်ထံရောက်သောအခါ သူမကို အနောက်မှပွေ့ဖက်လိုက်ပြီး

“ ဒေါ်လေးက ကျွန်တော့်ကလေးကို ဒီလောက်တောင် လိုချင်နေတယ်ဆိုရင် ကျွန်တော်ကလည်း ဒေါ်လေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ဟု တိုးတိုးကပ်ပြောလိုက်သည်။

လင်ဝမ်ရွန်က လုချန်းကို လှည့်ကြည့်လိုက်ကာ တစ်ခုခုပြောတော့မည့် ဟန်ပြင်နေစဉ် လုချန်းက သူမ၏နှုတ်ခမ်းကို နမ်းလိုက်သည်။

“အမ်... အမ်...”

ထို့နောက် မြောက်ပိုင်းနယ်စားမင်းသား၏ အတွင်းဆောင်အစေခံများ အလွန်ရင်းနှီးပြီးသားဖြစ်သော အသံများ အခန်းတွင်းပြည့်သွားခဲ့သည်။

......

All Chapters