အခန်း ၃၄၀-၃၄၂
Vol. 23 Ch. 340-342
အခန်း (၃၄၀)
လူမိသွားခြင်း (အပိုင်း ၁)
အေးမြသော လရောင်အောက်တွင် ချန်ဝမ်ရွန်သည် ရှည်လျားသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ကာ အဆောင်ငယ် တစ်ခုထဲတွင် ထိုင်နေသည်။ ရိုးရှင်းသော အနက်ရောင် ဝတ်စုံဖြင့်ပင် သူမသည် နတ်သမီးတစ်ပါးကဲ့သို့ လှပနေသည်။
လရောင်သည် သူမ၏အေးစက်သော ပုံသဏ္ဍန်ကို ပိုမိုထင်ရှားစေပြီး သူမ၏ပတ်ဝန်းကျင်ရှိ လေထုအပူချိန်ပင် သိသိသာသာ ကျဆင်းသွားစေသကဲ့သို့ ရှိသည်။ အဆောင်ငယ်အတွင်းရှိ ခုံများနှင့် ကျောက်စားပွဲများပေါ်တွင် နှင်းများ ဖုံးလွှမ်းနေသည်ဟုပင် ထင်ရသည်။
ချန်ဝမ်ရွန်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်အတွင်း လျှို့ဝှက်စွာ သွားလာနိုင်ရန်အတွက် ထိုအနက်ရောင် ဝတ်စုံကိုအထူးရွေးချယ်ဝတ်ဆင်ထားခြင်းဖြစ်သည်။
သူမ၏အဖြူရောင် ဝတ်စုံများသည် အလွန်ထင်ရှားလွန်းသောကြောင့် ယခုအစီအစဉ်အတွက် အနက်ရောင်အဝတ်အစားတစ်စုံကို တမင်ချုပ်လုပ်ခဲ့ခြင်းဖြစ်သည်။
ချစ်ခြင်း ပိုးကောင်ကလည်း လိပ်ပြာဖြစ်လုနီးပြီဖြစ်သဖြင့် ပိုးကောင်ကို လုချန်းထဲ စော၍ထည့်သွင်းရန် ချန်ဝမ်ရွန် ဆုံးဖြတ်လိုက်သည်။ လုချန်းသည် အတောင်တူ အဖိုလိပ်ပြာမှုန့်ကို စားသုံးထားပြီ ဖြစ်သောကြောင့် သူမ၏အပေါ် သူ၏ချစ်ခြင်းမေတ္တာက ပိုမိုနက်ရှိုင်းလာသင့်သည်။
လုချန်းကို ချစ်ခြင်းပိုးကောင်ဖြင့် အခုကတည်းက ဖမ်းစားနိုင်ပါက ထို့ထက်ပိုကောင်းသော အရာမရှိတော့ပေ။ အကယ်၍ သူ၏ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းပိုး ကောင် သက်ရောက်မှုရှိရန် လုံလောက်သော အဆင့်သို့ မရောက်ရှိသေးပါကလည်း ပိုးကောင်အား လုချန်း၏အနံ့နှင့် အကျွမ်းတဝင် ဖြစ်စေရန်အတွက် ယခုအချိန်ကတည်းက ကြိုးစားထားရမည် ဖြစ်သည်။
ကောင်းကင်၏ အလယ်ဗဟိုသို့ လပြည့်ဝန်း ရောက်ရှိလာသောအခါ ချန်ဝမ်ရွန် ထလိုက်ပြီး လုချန်းရှိနိုင်သည့်နေရာသို့ ဦးတည်လျှောက်လာခဲ့သည်။
သူမသည် အစောပိုင်းကတည်းက လင်ဝမ်ရွန်အား အခြေအနေများကို စုံစမ်းစေခဲ့ပြီးဖြစ်သည်။ မကြာသေးမီက လုချန်းသည် ညတိုင်း စာကြည့်ခန်းတွင် အလုပ်လုပ်ပြီးမှသာ အိပ်ရာဝင်လေ့ရှိကြောင်း သိရှိထားသည်။ ထို့ကြောင့် ပထမဆုံး စာကြည့်ခန်းကို စစ်ဆေးရန် ချန်ဝမ်ရွန် ဆုံးဖြတ်လိုက်သည်။
ထိုအတောအတွင်း။
စာကြည့်ခန်းကို စောင့်ကြည့်နေသော အစေခံရှောင်ဟွမ်သည် လုချန်းကို မနှောင့်ယှက်လို သဖြင့် အဆောင်ဝင်း တံခါးဝသို့ လျှောက်လာနေသည်။
လုချန်းနှင့် လင်ဝမ်ရွန်ကြား ဆက်ဆံရေးသည် အတွင်းဆောင်ရှိ လူအများစုအတွက် လျှို့ဝှက်ချက်ဖြစ်၏။ သူတို့ အမြဲတမ်း စာကြည့်ခန်းတွင် လျှို့ဝှက်လှုပ်ရှားလေ့ရှိကြောင်း ရှောင်ဟွမ် သတိထားမိသည်။ ထို့ကြောင့် လုချန်းက ထိုကိစ္စကို လူမသိစေလိုကြောင်း သူမနားလည်သည်။
လုချန်း၏ အနီးကပ် အစေခံတစ်ဦးအနေနှင့် သူ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်နှင့် သူ့အတွက် စောင့်ကြည့်ရန် တာဝန်ရှိသည်။
သို့သော် ရှောင်ဟွမ် အဆောင်တံခါးဝသို့ ရောက်ရှိလာသည့်အချိန်တွင် ရုတ်တရက် အမြင်အာရုံများ ချို့ယွင်းသွားပြီး သတိလစ်သွားခဲ့သည်။
ရှောင်ဟွမ်ကို သတိလစ်စေပြီးနောက် ချန်ဝမ်ရွန်က သူမကို အဆောင်တွင်းရှိ နံရံတစ်ခုနှင့်မှီပေးထားလိုက်သည်။ ထို့နောက် သူမ၏ဆရာ သင်ကြားပေးခဲ့သော ကျင့်စဉ်နည်းလမ်းကို အသုံးပြုကာ ကိုယ်ရောင်ဖျောက်လိုက်သည်။ နောက်ခဏတွင် သူမသည် ပတ်ဝန်းကျင်နှင့် ရောယှက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ထို့နောက် ချန်ဝမ်ရွန် စာကြည့်ခန်း ပြတင်းပေါက်သို့ ရောက်ရှိလာပြီးနောက် အထဲမှ အမျိုးသမီးတစ်ဦး၏ အသံကို ကြားလိုက်ရသည်။ သူမ၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
စာကြည့်ခန်းတွင် အခြားသူတစ်ဦး ရှိနေပါက လုချန်းအပေါ် ချစ်ခြင်းပိုးကောင် အသုံးပြုရန် သိပ်မလွယ်ကူတော့ပေ။
သို့သော် ဒီညတွင် ချစ်ခြင်းပိုးကောင်ကို အသုံးပြုရန် အခွင့်အလမ်း နည်းနေသော်လည်း ပိုးကောင်အား လုချန်း၏ အနံ့နှင့် ရင်းနှီးစေရန် လုပ်ဆောင်နိုင်သည်။ နောက်ရက်အနည်းငယ်အတွင်း လုချန်းကို သူမ၏ အခန်းသို့ ဆွဲဆောင်ပြီးမှ ချစ်ခြင်းပိုးကောင်ကို အသုံးပြုရန် အစီအစဉ် ဆွဲနိုင်သည်။
ထိုအတွေးဖြင့် ချန်ဝမ်ရွန်သည် သူမ၏ နုနယ်သော လက်ကို မြှောက်ကာ စာကြည့်ခန်း ပြတင်းပေါက်ရှိ စက္ကူကို ဖြည်းညင်းစွာ ထိုးဖောက်လိုက်ပြီး အတွင်းသို့ ကြည့်လိုက်သည်။
သို့သော် စာကြည့်ခန်းအတွင်း မြင်ရသည့် မြင်ကွင်းက ပုံမှန်အားဖြင့် မပြောင်းလဲတတ်သော သူမမျက်နှာတွင် အံ့အားသင့်သော အမူအရာများ ပေါ်ထွက်လာစေသည်။
လင်ဝမ်ရွန် စာကြည့်ခန်းအတွင်း၌ ရှိနေမည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ထို့ပြင် သူမက လုချန်းနှင့် ထိုသို့သော ဆက်ဆံရေး ရှိနေပြီဖြစ်သည်။
ဒါက ဖြစ်နိုင်ပါ့မလား...
ချန်ဝမ်ရွန်၏ အေးစက်သော မျက်နှာက မဲမှောင်လာပြီး သူမ မြင်လိုက်ရသည်များကို လက်မခံနိုင် ဖြစ်နေသည်။
ထိုအချိန်တွင် စာကြည့်ခန်းအတွင်းမှ လူနှစ်ဦး၏ စကားပြောသံများ ကြားလိုက်ရသည်။
“ဝမ်ရွန် မင်း ဘယ်လိုဖြစ်ပြီး ဒီလောက် အရှက်တရား မဲ့သွားတာလဲ။”
“မင်း တကယ်ပဲ ကိုယ့်ကလေးကို မွေးချင်နေတာလား။”
“ချန်မိန်းကလေးက မင်းကို ဒီလိုပုံစံနဲ့ မြင်ရင် ဘယ်လိုထင်မလဲ။ ကိုယ်တို့ ဆက်ဆံရေး အကြောင်း သူ့ကို ပြောလိုက်ရင် ကောင်းမလား။”
လုချန်း၏ လှောင်ပြောင်သံကို ကြားလိုက်ရသော လင်ဝမ်ရွန်က ဝေဝါးသော အကြည့်များဖြင့်ကြည့်ရင်း ကန့်ကွက်လိုက်သည်။
“မပြောနဲ့။ ကျေးဇူးပြုပြီး မပြောပါနဲ့.။”
သူတို့နှစ်ဦး၏ စကားများကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန်၏ မျက်နှာ ပိုမိုမည်း မှောင်လာပြီး သူမ၏ ပတ်ဝန်းကျင်ရှိ လေထုအပူချိန်သည် ဆယ်ဒီဂရီခန့် ကျဆင်းသွားသကဲ့သို့ ခံစားရကာ ပြတင်းပေါက်ပေါ်တွင်ပင် ရေခဲမှုန်များ ပေါ်ပေါက်လာသည်။
သစ္စာဖောက်ခံရသည်ဟု ချန်ဝမ်ရွန် ခံစားလိုက်ရသည်။ အမြဲတမ်း ဂုဏ်ကျက်သရေရှိသော လင်ဝမ်ရွန်သည် ယခုမြင်ရသော ပုံစံ အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ လင်ဝမ်ရွန် ထိုကဲ့သို့ အပြုအမူမျိုး ပြုလုပ်သည်ကို သူမဘယ်တုန်းကမှ မမြင်ဖူးပေ။ အခန်းထဲရှိ အမျိုးသမီးက တကယ်ပဲ လင်ဝမ်ရွန်လား ဒါမှမဟုတ် တစ်စုံတစ်ယောက်က လှည့်စားထားခြင်းလားဟုပင် သံသယဝင်မိသည်။
လုချန်း အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးဖြစ်ကြောင်း ချန်ဝမ်ရွန် မသိပေ။ သူမ၏ဆရာသင်ပေးသော နည်းလမ်းဖြင့် ကိုယ်ရောင်ဖျောက်ထားသော်လည်း အဆင့်လွန်ပညာရှင်၏ အာရုံသည် သာမန်သိုင်းပညာရှင်ထက် အများကြီး ပိုမိုကျယ်ပြန့်သည်။
ချန်ဝမ်ရွန် စာကြည့်ခန်း အဆောင်ဝင်းသို့ ရောက်ရှိသည့် အချိန်မှစ၍ သူမရှိနေသည်ကို လုချန်း ခံစားမိပြီးဖြစ်သည်။ သို့သော် သူမ ရောက်ရှိနေမှုသည် သူ၏စိတ်ရိုင်းကို နှိုးဆွပေးသကဲ့သို့ ဖြစ်စေပြီး သူ့ကို ပိုမိုရက်စက်စေခဲ့သည်။
လုချန်းကဲ့သို့ မဟုတ်ပဲ လင်ဝမ်ရွန်ကတော့ ချန်ဝမ်ရွန် ရောက်လာကြောင်း လုံးဝ မသိခဲ့ပေ။ သူမ၏ စိတ်များ လွတ်ထွက်သွားပြီး သူမ၏ မိသားစုအမည်ကိုပင် မေ့သွားသလို ဖြစ်သွားခဲ့သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ နောက်ဆုံးတွင် ချန်ဝမ်ရွန် စာကြည့်ခန်း အဆောင်မှ ထွက်ခွာသွားခဲ့သည်။
သူမ၏ အခန်းသို့ ပြန်ရောက်သည်အထိ ချန်ဝမ်ရွန် စိတ်မငြိမ်သက်နိုင်ခဲ့ပေ။ စာကြည့်ခန်းအတွင်း မြင်ခဲ့ရသည်များက သူမ၏ စိတ်ထဲတွင် ထပ်ခါထပ်ခါ ပြန်ပေါ်လာနေသည်။ လင်ဝမ်ရွန် အဘယ်ကြောင့် သူမကို သစ္စာဖောက်ကာ လုချန်း၏ အမျိုးသမီးဖြစ်လာပြီး စာကြည့်ခန်းတွင် ထိုသို့သော မကောင်းသည့် အရာများ ပြုလုပ်နေရသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။
ချန်နိုင်ငံတော် ပျက်သုဉ်းသွားသောအခါ သူမ နေပြည်တော်မှ ထွက်ပြေးခဲ့ရသည်။ လင်ဝမ်ရွန်နှင့် မတွေ့ခဲ့ပါက သူမ သေဆုံးသွားနိုင်သည်။
လင်ဝမ်ရွန်ကပင် သူမကို လျှို့ဝှက်လဝန်းနန်းတော်သို့ ခေါ်ဆောင်သွားပြီး သမီးတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်။ ယနေ့ထိတိုင် သူမ၏ ကြီးပြင်းလာမှု၊လက်ရှိအဆင့်အတန်း စသည့်အရာအားလုံးသည် လင်ဝမ်ရွန်နှင့် မဆက်စပ်၍ မရနိုင်ပေ။
.......
အခန်း (၃၄၁)
လူမိသွားခြင်း (၂)
လင်ဝမ်ရွန် သူမကိုသစ္စာဖောက်မည်ဟု ချန်ဝမ်ရွန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
သို့သော်
ယခုတော့...
ချန်ဝမ်ရွန်၏ နှလုံးသားထဲ ရုတ်တရက် စူးခနဲခံစားရပြီး ယိမ်းယိုင်သွားကာ ကျောက်စားပွဲကို အလျင်အမြန် မှီလိုက်ရပြီး အတွင်းအားကို ညှိယူလိုက်ရသည်။
ခဏအကြာတွင် ချန်ဝမ်ရွန်၏ စိတ်အတွင်းလှုပ်ရှားမှုများ ငြိမ်သက်သွားပြီး သူမလည်း အေးချမ်းသွားခဲ့သည်။
သစ္စာဖောက်ခံရမှုကြောင့် ဒေါသထွက်ပြီး ခဏခန့် ဆင်ခြင်တုံတရား မဲ့သွားခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတော့ စိတ်တည်ငြိမ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ စိတ်ငြိမ်သက်သွားသောအခါမှ လင်ဝမ်ရွန် အဘယ်ကြောင့် လုချန်းနှင့် ဤမျှအဆင့်အတန်းနိမ့်ကျသည့် အပြုအမူမျိုးပြုလုပ်ရသည်ကို သူမ စတင်ဆန်းစစ်သုံးသပ်မိသည်။
လင်ဝမ်ရွန် သစ္စာဖောက်မည်ဟု ယခုထိ သူမ မယုံကြည်နိုင်သေးပေ။ သူတို့နှစ်ဦးသည် မိခင်နှင့်သမီးကဲ့သို့ ရင်းနှီးခဲ့ကြပြီး လင်ဝမ်ရွန်၏ သူမအပေါ်ထားရှိခဲ့သော ခံစားချက်အားလုံးသည် အတုယောင်ဟု သူမ မယုံကြည်နိုင်ပေ။
အကယ်၍ လင်ဝမ်ရွန်က သစ္စာဖောက်ခြင်း မဟုတ်ပဲ လုချန်းနှင့် ထိုသို့သော အပြုအမူမျိုး ပြုလုပ်ရန် ကို ရွေးချယ်ခဲ့သည် ဆိုပါက လုချန်းကို ဆေးခတ်ရန်အတွက်သာ လုပ်နိုင်ခြေများသည်။ သူမအနေဖြင့် လုချန်းကိုချဉ်းကပ်ရန် သူမကိုယ်သူမ စတေးခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတာလည်း ဖြစ်နိုင်သည်။
ထိုအတွေးနှင့်အတူ ချန်ဝမ်ရွန်၏ စိတ်တွင် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။
လင်ဝမ်ရွန်က သူမအတွက် ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး သူမကတော့ လင်ဝမ်ရွန်ကို သံသယဝင်မိခဲ့သည်ကို စဉ်းစားမိသောအခါ ချန်ဝမ်ရွန်၏ စိတ်နှလုံးထဲတွင် အပြစ်သလို ခံစားချက်များ ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့သည်။
သူမကို ပြုစု စောင့်ရှောက်ရန် လင်ဝမ်ရွန်သည် ယနေ့ထိတိုင် အိမ်ထောင်မပြုပဲ နေထိုင်ခဲ့၏။ သူမသည် အသက် ၃၀ ကျော်အရွယ်ရှိပြီဖြစ်ကာ အမျိုးသမီးတစ်ဦးအနေနှင့် လိုအပ်ချက်များ ရှိနေပြီဖြစ်သည်။
မင်းသားစံအိမ်၏ အတွင်းဆောင်မှ အမျိုးသမီးများသည် လုချန်းနှင့် အနည်းငယ်မျှသာ ထိတွေ့မိပါက အလွယ်တကူ လက်လျှော့သွားတတ်ကြောင်း ချန်ဝမ်ရွန် ရှင်းလင်းစွာသိထား၏။ ထို့ပြင် မင်းသားစံအိမ်ရှိ အစေခံများ၏ စကားများအရ လုချန်း၏ အံ့ဖွယ် အစွမ်းသတ္တိများအကြောင်းကို ကြားဖူးခဲ့သည်။
ဆယ်စုနှစ်များစွာ ချုပ်တည်းထားခဲ့ရသော လင်ဝမ်ရွန်အတွက် လုချန်းကဲ့သို့ ချောမောပြီး အမျိုးသမီးများကို ကောင်းစွာဆက်ဆံတတ်သော ယောက်ျားနှင့် ရုတ်တရက် ထိတွေ့မိပါက ထိုကဲ့သို့ အပြုအမူမျိုး ဖြစ်လာခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ပေ။
ချန်ဝမ်ရွန်သည် ယောက်ျားမိန်းမကိစ္စများကို မကြုံတွေ့ဖူးသော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် ဖြစ်သည့်အတွက် ထိုကိစ္စများနှင့်ပတ်သက်၍ အသိပညာရှိထားသည်။
လျှို့ဝှက်လဝန်းနန်းတော်သည် တပည့်များအား အိမ်ထောင်ပြုခြင်းကို တားမြစ်ထားခြင်းမရှိပဲ သားသမီး မွေးဖွားခြင်းကိုသာ တားမြစ်ထားပြီး တပည့်များ ကိုယ်ဝန်မရရှိစေရန် နန်းတော်စာကြည့်တိုက်တွင် ထိုကိစ္စများနှင့်ပတ်သက်သည့် စာအုပ်များ၊ အထူးသဖြင့် ကိုယ်ဝန်တားနည်းများကို အသိပညာ ပေးထားသော စာအုပ်များ ထားရှိပေးထား၏။ ချန်ဝမ်ရွန်လည်း ထိုအကြောင်းများကို လေ့လာထားခဲ့ဖူးသည်။
ထိုအချိန်တွင် အဆောင်အပြင်ဘက် တစ်ခုလုံး၏ လေထုအေးစက်လာခဲ့ပြီး ချန်ဝမ်ရွန်၏ မျက်နှာသည်လည်း ပို၍အေးစက်လာကာ သူမ၏ ကိုယ်ခန္ဓာမှ အေးစက်သောအငွေ့များ ပတ်ဝန်းကျင်သို့ လွှတ်ထုတ်နေသည်ဟု ထင်ရသည်။
သူမ၏ ဂုဏ်သိက္ခာရှိသော ဒေါ်လေးလင်သည် ယခုတော့ ထိုယောက်ျား၏ လက်တွင် တိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခံခဲ့ရသည်။ လင်ဝမ်ရွန် ပြုလုပ်သမျှသည် သူမ၏အတွက် ဖြစ်နိုင်သည်ကို နားလည်သော်လည်း သူမ၏ စိတ်ထဲတွင် လုချန်းကို ခွင့်မလွှတ်နိုင်သလို ဖြစ်နေသေးသည်။
စာကြည့်ခန်းတံခါးအပြင်တွင် ရှိနေစဉ်က သူတို့ချင်း ပြောဆိုနေမှုများကို ချန်ဝမ်ရွန် နားထောင်ခဲ့ရသည်။ သူတို့ပြောဆိုနေပုံစံအရ ဒါက ပထမဆုံး သို့မဟုတ် ဒုတိယအကြိမ်လည်း မဟုတ်ပဲ မကြာခဏဖြစ်ပွားနေသော အပြုအမူမျိုးဖြစ်သည်ဟု သူမသဘောပေါက်ခဲ့သည်။
ထို့ပြင် လုချန်း၏ ရည်ရွယ်ချက်မှာ စင်ကြယ်မှုမရှိပေ။ လုချန်းသည် လင်ဝမ်ရွန်၏ ကိုယ်ခန္ဓာကိုသာ ပိုင်ဆိုင်လိုခြင်းမဟုတ်ပေ။ သူ၏ တကယ့် ရည်မှန်းချက်မှာ သူမကို ကိုယ်ဝန်ရစေရန်ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်တွင် ကလေးမွေးဖွားခြင်းသည် တားမြစ်ထားသော အရာဖြစ်သည်။
ထို့ပြင် လင်ဝမ်ရွန်မှာ ယခုနှစ်တွင် အသက်သုံးဆယ်ကျော်ပြီဖြစ်သော်လည်း လုချန်းက သူမအား သူ၏ ကလေးကို မွေးဖွားစေလိုနေဆဲဖြစ်သည်။ ဒီလူရဲ့ စိတ်ထဲမှာ မျိုးပွားဖို့ပဲ တွေးနေတာလား။
ဒီလူဒီလောက် မျိုးပွားချင်နေရင် နောင်တစ်ချိန် သူမ နိုင်ငံ ပြန်လည်ထူထောင်ပြီးပါက သူ့အား နန်းတွင်းတွင် ပိတ်ထားပြီး မောင်းမ ရာချီကာ ရှာဖွေပေးကာ နေ့စဉ်မျိုးပွားစေမည်ဟု တွေးမိလိုက်သည်။
ဤအတွေးဖြင့် ချန်ဝမ်ရွန်သည် သူမ၏နုနယ်သောလက်သီးကို ဆုပ်ညှစ်လိုက်သည်။
သူမ၏စိတ်ထဲတွင် ပုံမှန်မဟုတ်သော ခံစားချက်တစ်ခု လှိုင်းထနေသည်။ ထိုခံစားချက်မျိုးကို သူမ ကိုယ်တိုင် မသိရှိနိုင်သော်လည်း စိတ်ကို မငြိမ်မသက်ဖြစ်စေသည်။ ခဏအကြာက စိတ်ငြိမ်သက်သွားပြီဟု ထင်ရသော်လည်း မကြာမီ ထိုမငြိမ်မသက်ဖြစ်မှုက သူမ၏ စိတ်နှလုံးကို ပြန်လည်ဖုံးလွှမ်းသွားသည်။
အတွင်းအားကို နောက်တစ်ကြိမ် ထိန်းညှိပြီး စိတ်ခံစားမှုများကို ထိန်းသိမ်းရန် ချန်ဝမ်ရွန် ကြိုးစားလိုက်သည်။
ထိုသို့ဖြင့် ချန်ဝမ်ရွန်သည် အဆောင်ထဲတွင် တစ်ညလုံးထိုင်နေပြီး လင်ဝမ်ရွန်ကတော့ လုချန်း၏စာကြည့်ခန်းထဲတွင် တစ်ညလုံး ဖိစီးခံနေရသည်။
မနက်နေရောင်ခြည်၏ ပထမဆုံးအလင်းတန်းများ မြေပြင်ပေါ်ရောက်ရှိလာသောအခါ ပင်ပန်းနွမ်းနယ်နေသော လင်ဝမ်ရွန်လည်း အဆောင်သို့ ပြန်ရောက်လာ၏။ သူမဝင်ရောက်လိုက်သည်နှင့် အဆောင်ထဲတွင် ထိုင်နေသော ချန်ဝမ်ရွန်ကို တွေ့မြင်လိုက်ရသည်။
ထိုကိစ္စကို ပြုလုပ်ပြီးစီးခါစ ဖြစ်သဖြင့် ချန်ဝမ်ရွန်ကို မြင်သောအခါ လင်ဝမ်ရွန် အပြစ်ရှိသလို ခံစားရလိုက်ရ၏။ ထို့နောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ကာ သူမ၏အခန်းဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။
သို့သော် ထိုအချိန်တွင် ချန်ဝမ်ရွန်က “ဒေါ်လေးလင် မနေ့ညက ဘယ်ရောက်နေတာလဲ”
ဟု မေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် ရပ်တန့်သွားပြီး သူမ၏စိတ်များ လုံးဝဗလာဖြစ်သွားသည်။
သတိပြန်ဝင်လာသည်နှင့် လင်ဝမ်ရွန်က ချက်ချင်းပင်
“မနေ့ညက ဒေါ်လေးကင်းလှည့်ဖို့ အလှည့်ကျတာလေ”
ဟု လိမ်လည်ပြောဆိုလိုက်သည်။
ချန်ဝမ်ရွန်က လင်ဝမ်ရွန်၏ ဖရိုဖရဲဖြစ်နေသော ဆံပင်နှင့် အနည်းငယ် စုတ်ပြဲနေသော အဝတ်အစားများကို ကြည့်ပြီးနောက် သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး ဘာမှဆက်မမေးတော့ပေ။
ကလေးဘဝမှ ယနေ့အထိ သူမအား လင်ဝမ်ရွန် မည်သည့်အခါကမှ မလိမ်ခဲ့ဖူးပေ။ သို့သော် ထိုယောက်ျားကြောင့် သူမအား လိမ်ညာနေသဖြင့် ချန်ဝမ်ရွန်၏ စိတ်ထဲ အနည်းငယ် ဝမ်းနည်းမိသည်။
ချန်ဝမ်ရွန်၏ အေးစက်နေသော မျက်နှာကို မြင်ရတော့ လင်ဝမ်ရွန် စိုးရိမ်သွားသည်။ ချန်ဝမ်ရွန် တစ်ခုခု သတိထားမိသွားပြီလား။
လင်ဝမ်ရွန် ထိုသို့တွေးနေစဉ် ချန်ဝမ်ရွန်က “ဒေါ်လေးလင် အနားယူသွားပါ”
ဟု အေးစက်စွာ ပြောလိုက်သည်။
ထို့နောက် ချန်ဝမ်ရွန်က မျက်လုံးများကို ပိတ်လိုက်ပြီး အတွင်းအား ဆက်ကျင့်နေလိုက်သည်။
ချန်ဝမ်ရွန် ဘာမှမထပ်မပြောသဖြင့် လင်ဝမ်ရွန် စိတ်သက်သာရာ ရသွားခဲ့သည်။ ချန်ဝမ်ရွန် တစ်ခုခု သတိထားမိသွားပြီဟု ထင်မိသဖြင့် အတော်ပင် ထိတ်လန့်ခဲ့ရသည်။
ထို့နောက် လင်ဝမ်ရွန်လည်း သူမ၏အခန်းသို့ ပြန်သွားပြီး အစေခံများကို ရေများယူလာစေကာ ရေချိုးပြီး တိုက်ရိုက်အိပ်ရာဝင်လိုက်သည်။
ထိုအတောအတွင်း...
လန်းဆန်းတက်ကြွနေသော လုချန်းသည် စာကြည့်ခန်းမှ ထွက်လာပြီးနောက် အစေခံမိန်းကလေး ရှောင်ဟွမ် နံရံကိုမှီကာ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
လင်ဝမ်ရွန်လည်း စာကြည့်ခန်းမှ ထွက်သွားတုန်းက ရှောင်ဟွမ်ကို မြင်ခဲ့သည်။ ရှောင်ဟွမ် နံရံကိုမှီ၍ အိပ်ပျော်နေသည်ဟုသာ သူမထင်ခဲ့သည်။ ဒါမျိုးက အစေခံများတွင် ဖြစ်လေ့ဖြစ်ထရှိသော အရာဖြစ်သည်။ လုချန်းနှင့် ထိုကဲ့သို့သော ဆက်ဆံရေးရှိသည်ကို လူမိမည် စိုးသဖြင့် အလျင်စလို ဖြစ်နေခြင်းကြောင့် ရှောင်ဟွမ်၏ အခြေအနေမှန်ကို သတိမထားမိခဲ့ပေ။
လုချန်းက ရှောင်ဟွမ်နားသို့ ချဉ်းကပ်သွားပြီး ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုကာ သူမကို နှိုးလိုက်သည်။
အိပ်ရာနိုးလာသောအခါ ရှောင်ဟွမ်က အိပ်ငိုက်နေသော မျက်လုံးများဖြင့် လုချန်းကို ကြည့်လိုက်ပြီး နောက်ခဏတွင် မျက်လုံးများကျယ်လာကာ ချက်ချင်းဒူးထောက်လိုက်သည်။
“မင်းသား...ကျွန်မ. ..ကျွန်မ”
ရှောင်ဟွမ် မည်သို့ရှင်းပြရမယ်မှန်း မသိဖြစ်နေသည်။ သူမ အိပ်ပျော်သွားသည်ဟု လုချန်းထင်မည်ကိုလည်း ကြောက်ရွံ့နေသည်။
“မင်းသား။ မနေ့ညက တစ်ယောက်ယောက်က ကျွန်မကို ရိုက်လိုက်လို့...”
ရှောင်ဟွမ်၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလုနီးပါး ဖြစ်နေသည်။ သူမကို ရိုက်နှက်ပြီး ထိုနေရာတွင် ချန်ထားခဲ့သူ ဘယ်သူလဲ ဆိုတာကို မသိသဖြင့် ရှင်းမပြတတ် ဖြစ်နေသည်။
လုချန်းသည် ပြုံးရယ်ကာ
“ငါသူ့ကိုသိတယ်။ မင်း အရမ်းကြီး ရှင်းပြဖို့ မလိုပါဘူး။ နောက်ပြီး ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့”
ဟု ပြောလိုက်သည်။
လုချန်းထံမှ ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်ဟွမ် တုန်လှုပ်သွားသည်။ လုချန်း သိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ သို့သော် လုချန်းက ထိုသို့ပြောလိုက်ပြီ ဖြစ်သည့်အတွက် သူမအား အပြစ်ဒဏ်ပေးမည် မဟုတ်ဟု ယူဆလိုက်သည်။ ထိုအတွေးဖြင့် ရှောင်ဟွမ်လည်း စိတ်သက်သာရာရသွားသည်။
ထို့နောက် လုချန်းလည်း ချက်ချင်းလှည့်ကာ ပင်မဆောင်သို့ ဦးတည်လျှောက်သွားပြီး ရေချိုးခြင်း မနက်စာစားခြင်းတို့ကို ပြုလုပ်၏။ ပြီးလျှင် နိုင်ငံရေးရာ ခန်းမဆောင်သို့ သွားရမည် ဖြစ်သည်။ ယနေ့အတွက် ကိုင်တွယ်ရမည့် အလုပ်ကိစ္စများစွာရှိသည်။ မြောက်ပိုင်းပြည်နယ်ရှိ ခရိုင်များ၏ နယ်နိမိတ်သတ်မှတ်ရေးကိစ္စလည်း အပါအဝင်ဖြစ်သည်။
ညက စာကြည့်ခန်းအပြင်ဘက်သို့ ချန်ဝမ်ရွန် လာရောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုချန်း စိုးရိမ်မှုမရှိချေ။ ချန်ဝမ်ရွန်၏ သူ့အပေါ် သဘောကျမှုသည် အစောကြီး က တည်းက အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ သူ လင်ဝမ်ရွန်နှင့် အတူရှိနေသည်ကို တွေ့မြင်ရသည့်တိုင် သူ့အပေါ် မမုန်းနိုင်ပါ။
ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့ကြားက ကိစ္စကို သူတို့ အမျိုးသမီးနှစ်ဦးကိုယ်တိုင် ဖြေရှင်းရန် ထားထားသည်။
လုချန်း နိုင်ငံရေးရာ ခန်းမဆောင်သို့ ရောက်ရှိချိန်တွင် မြောက်ပိုင်းပြည်နယ်၏ အရာရှိအများစုလည်း ရောက်ရှိနေပြီးဖြစ်သည်။
အချိန်မဖြုန်းပဲ လုချန်းက အထူးကိုယ်ရံတော်များက ရေးဆွဲထားသည့် မြေပုံကို ထုတ်ယူကာ ခန်းမဆောင်၏ တိုင်များပေါ်တွင် ချိတ်ဆွဲပြသလိုက်သည်။ ထို့နောက် အရာရှိများအား သူတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုခွင့်ပေးလိုက်သည်။ နယ်နိမိတ်သတ်မှတ်ရေးနှင့် ပတ်သက်၍ သူတို့၏ အကြံဉာဏ်များကို အရင်နားထောင်လိုသည်။ ထို့နောက်မှသာ သူကိုယ်တိုင် ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
မနက်ခင်းပိုင်း တစ်ခုလုံး ငြင်းခုံ ဆွေးနွေးမှုများ ပြုပြီးနောက် မြောက်ပိုင်းပြည်နယ်၏ မြေပုံအသစ်ကို နောက်ဆုံးတွင် သတ်မှတ်နိုင်လိုက်သည်။ အုပ်ချုပ်ရေးနယ်မြေ ခြောက်ခုနှင့် ခရိုင်ဆယ့်ရှစ်ခုအဖြစ် ခွဲခြားသတ်မှတ်လိုက်သည်။ ထျန်းကောင်းမြို့တော်မှ ယူမြို့တော်အထိ မြက်ခင်းလွင်ပြင်အားလုံးကို မြောက်ပိုင်းပြည်နယ်၏ နယ်နိမိတ်အတွင်း ထည့်သွင်းလိုက်သည်။
မြေပုံကို အတည်ပြုပြီးသည့်အခါ လုချန်းက ဧရိယာကို တွက်ချက်ကြည့်လိုက်သည်။ နဂိုမြောက်ပိုင်းပြည်နယ်၏ ဧရိယာကို ထည့်မတွက်လျှင်ပင် ထပ်တိုးထားသော မြောက်ပိုင်းပြည်နယ်၏ နယ်မြေသည်ပင် ရှနိုင်ငံတော်တစ်ခုလုံးထက် ပိုမိုကျယ်ပြန့်နေပြီဖြစ်သည်။
တရားဝင်အားဖြင့် မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သောကြောင့် ထိုနယ်မြေများကို ရှနိုင်ငံတော်၏ နယ်မြေချဲ့ထွင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ယခုအခါ မြောက်ပိုင်းပြည်နယ်၏ မြေပုံကို ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် လုချန်း အနေနှင့် ထိုကိစ္စကို လျှို့ဝှက်ထားရန် ရည်ရွယ်ချက်မရှိပါ။ မြောက်ပိုင်းလွင်ပြင်သည် မူလကတည်းက ပိုင်ရှင်မရှိသော နယ်မြေဖြစ်သည်။ အကယ်၍ သိမ်းယူမည်ဆိုပါက အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ကြေညာရုံ သာဖြစ်သည်။
နောက်ရက်များတွင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မြောက်ပိုင်းပြည်နယ်နေ ပြည်သူများအား မြောက်ပိုင်းလွင်ပြင်ဒေသ မြောက်ပိုင်းပြည်နယ်တွင် ပါဝင်လာကြောင်း အသိပေးလိုက်သည်။ ထို့ပြင် လုချန်းကိုယ်တိုင် ရှနိုင်ငံတော် နန်းတွင်းသို့ တင်ပြရန် အစီရင်ခံစာတစ်စောင် ရေးသားခဲ့သည်။
.......
အခန်း (၃၄၂)
တုန်းဖန်မိသားစု၏ ထွက်ပြေးရန် အကြံ (၁ )
ရှန်နိုင်ငံတော်။
နေပြည်တော်။
နန်းတော်အတွင်း။
ဧကရာဇ်၏ စာကြည့်ခန်း၌။
ဆွမ်ဧကရာဇ်သည် တင်သွင်းလာသော အစီရင်ခံစာများကို သေချာစွာဖတ်ရှုနေစဉ် လုချန်းဆီမှ တင်သွင်းလာသည့် အစီရင်ခံစာကို တွေ့လိုက်ရသည်။
ဆွမ်ဧကရာဇ် ရပ်တန့်သွားသည်။
လွင်ပြင်ဒေသ မျိုးနွယ်စုများ တောင်ပိုင်းသို့ ချီတက်လာစဉ်က လုချန်း အစီရင်ခံစာများ တင်သွင်းခဲ့သော်လည်း နန်းတွင်းသို့ အစီရင်ခံစာများ သူမကြာခဏ မပို့တတ်ချေ။
အထူးသဖြင့် ရှနန်းတွင်းက မြောက်ပိုင်းပြည်နယ်အား ထောက်ပံ့ခြင်းများ ရပ်စဲကြောင်း ကြေညာပြီးနောက်ပိုင်းတွင် လုချန်းထံမှ အစီရင်ခံစာ တစ်စောင်တစ်လေမှ မတင်သွင်းတော့ပေ။
အခု သူ အစီရင်ခံစာ တင်သွင်းလာတဲ့အကြောင်းအရာက ဘာလဲ။
သိလိုစိတ်ဖြင့် ဆွမ်ဧကရာဇ်က လုချန်း၏ စာကို ဖွင့်ကာ အသေအချာ ဖတ်ရှုလိုက်သည်။
စာထဲရှိ အကြောင်းအရာများကို မြင်လိုက်ရသည်နှင့် ဆွမ်ဧကရာဇ်၏ မျက်နှာထား ပြောင်းလဲသွားသည်။
သူက နှာခေါင်းရှုံ့လိုက်ကာ
“မြောက်ပိုင်းလွင်ပြင် တစ်ခုလုံးကို မျိုချဖို့ ကြံစည်နေတာလား။ ရည်မှန်းချက် ကြီးလှချေလား။ အသက်ရှုကျပ်မှာ မစိုးရိမ်ဘူးလား”
ဟု ရေရွတ်လိုက်သည်။
“ကျူးကဲ့ကျုံကောင်း မြောက်ပိုင်းပြည်နယ် ရောက်ပြီးနောက်ပိုင်း သူပိုပြီး စိတ်ကြီးဝင်လာတယ်ထင်တယ်။”
“တောင်ပိုင်း အာဏာရှိမိသားစုတွေကို ကိုင်တွယ်ပြီးရင် သူ့ အန္တရာယ်ကို ဖယ်ရှားဖို့ အချိန်တန်ပြီ။”
လုချန်း၏ နောက်ကွယ်တွင် အင်အားစုတစ်ခု ရှိနေလျှင်တောင် မြောက်ပိုင်းပြည်နယ်ကို လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့က မဖြစ်နိုင်ဟု ဆွမ်ဧကရာဇ် ယူဆခဲ့သည်။ သို့သော် မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြုပြင်ပြောင်းလဲမှုများက သူ့အား စိတ်မသက်မသာ ဖြစ်လာစေသည်။
မြောက်ပိုင်းပြည်နယ်သည် အလွန်လျင်မြန်စွာ ဖွံ့ဖြိုးလာနေသည်။ ဒုက္ခသည်များကို လက်ခံထားသော်လည်း ထိုသူများသည် မြောက်ပိုင်းပြည်နယ်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်သွားပဲ လုပ်အားအရင်းအမြစ်အဖြစ် အသုံးဝင်နေသည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက မြောက်ပိုင်းပြည်နယ်သို့ ဝင်ရောက်ရန် ရည်ရွယ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် ဆွမ်ဧကရာဇ်၏ စိတ်မသက်မသာဖြစ်မှုက ပိုမိုကြီးထွားလာသည်။ မြောက်ပိုင်းပြည်နယ်ကို ပံ့ပိုးနေသည့် လျှို့ဝှက်အဖွဲ့အစည်းက ထိုကမ္ဘာလုံးဆိုင်ရာအကယ်ဒမီပင်ဖြစ်မည်ဟု သူသံသယဝင်လာခဲ့သည်။
လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိစဉ်က သူသည် မည်သူတစ်ဦးတစ်ယောက်၏ ထောက်ခံမှုမှ မရှိသော အသုံးမကျသည့် မင်းသားတစ်ပါးသာဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီက ထိုအခွင့်အရေးကို အသုံးချကာ လုချန်းကို ထိန်းချုပ်ရန် ကြံစည်ခဲ့ခြင်းဖြစ်နိုင်သည်။
ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ အယူအဆများကို နိုင်ငံကြီးများ အထူးသဖြင့် တော်ဝင်မျိုးနွယ်များက မုန်းတီးကြသည်။ ကျူးကဲ့ကျုံကောင်းက ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ အယူအဆများကို ရှနိုင်ငံတော်သို့ ယူဆောင်လာရန် ရည်ရွယ်နေသည်ဟု ဆွမ်ဧကရာဇ် သံသယရှိသည်။ မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ထူးဆန်းသော ပြုပြင်ပြောင်းလဲမှုများမှာ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ၏ လက်ရာပင်ဖြစ်နိုင်သည်။
စစ်တူစီ မြောက်ပိုင်းပြည်နယ်မှ ပြန်လာပြီးနောက် အဆင့်လွန်ပညာရှင်၏ လှုပ်ရှားမှုများ အကြောင်းကို ဖော်ပြခဲ့သည်။ ထိုအဆင့်လွန်ပညာရှင်က ကျူးကဲ့ကျုံကောင်းပင်ဖြစ်နိုင်သည်ဟု ယခု သူယူဆလာခဲ့သည်။
ကျူးကဲ့ကျုံကောင်းအကြောင်း တွေးမိသည်နှင့် ဆွမ်ဧကရာဇ်၏ မျက်နှာထားက ပိုမိုဆိုးရွားလာကာ
“ဒီကမ္ဘာမှာ ကောင်းကင်လူသားအဆင့် တွေ မရှိသင့်ဘူး”
ဟု ရေရွတ်လိုက်သည်။
အဆင့်လွန်ပညာရှင်၏ အဆင့်ထက် မြင့်မားသော ကောင်းကင်လူသားအဆင့်ရှိ စွမ်းအားရှင်တစ်ဦးသည် အဆင့်လွန် ပညာရှင်များကို ယခုအချိန်ထိ အသက်ရှုကြပ်စေခဲ့သည်။ နိုင်ငံအသီးသီးမှ အဆင့်လွန်ပညာရှင်များသည် နှစ်ပေါင်းများစွာ တတ်နိုင်သမျှ လှုပ်ရှားမှုမပြုပဲ နေထိုင်ခဲ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သည့် နှစ်များက လျှို့ဝှက်လဝန်းနန်းတော်မှ ကောင်းကင်လူသားအဆင့် တစ်ဦးသည် နိုင်ငံအသီးသီးမှအဆင့်လွန်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့ သောကြောင့်ဖြစ်သည်။
ထို့နောက် ထိုပုဂ္ဂိုလ်သည် လျှို့ဝှက်လဝန်းနန်းတော်တွင် ပျောက်ကွယ်သွားပြီး ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပေ။ ဆယ်စုနှစ်များစွာ ကုန်လွန်သွားသော်လည်း ထို ကောင်းကင်လူသားအဆင့် ပုဂ္ဂိုလ်၏ လုပ်ရပ်များက အဆင့်လွန်ပညာရှင်များအား ကြောက်ရွံ့နေစေခဲ့သည်။
ထိုနှစ်များက ဖြစ်ရပ်များကြောင့် ရှနိုင်ငံတော်၏ တော်ဝင်မျိုးနွယ်မှ အဆင့်လွန်ပညာရှင်များလည်း ဆယ်စုနှစ်များစွာ ပုန်းအောင်းနေထိုင်ခဲ့ကြပြီး ယခုအချိန်တွင် လူအများစုက နိုင်ငံတော် ပညာရှိကြီး စစ်တူစီကိုသာ အဆင့်လွန်ပညာရှင် ဖြစ်နိုင်သည်ဟု သိထားကြပြီး တော်ဝင်မျိုးနွယ်တွင် အဆင့်လွန်ပညာရှင်များ ရှိသေးသည်ကို သိရှိသူ နည်းပါးကြသည်။
တစ်ဦးတည်းသော ကောင်းကင်လူသားအဆင့် စွမ်းအားရှင်သည် နိုင်ငံအားလုံးရှိ အဆင့်လွန်ပညာရှင်များကို ခေါင်းမထောင်နိုင်အောင် ထိန်းချုပ်ထားသည်။ အကယ်၍ အခြား ကောင်းကင်လူသားအဆင့်တစ်ဦး ပေါ်ထွန်းလာပါက အဆင့်လွန်ပညာရှင်များသည် နောက်ထပ်မည်သည့်အခါမျှ ခေါင်းထောင်ဝံ့ကြတော့မည် မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ကောင်းကင်လူသားအဆင့်သို့ ချဉ်းကပ်နေသော ထိုအဆင့်လွန်ပညာရှင် ရှနိုင်ငံတော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ထိုအချက်က ဆွမ်ဧကရာဇ်အား ပို၍ပင် စိုးရိမ်ပူပန်စေကာ ညဘက်အိပ်မပျော်ဖြစ်စေသည်။ လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်လူသားအဆင့် ပုဂ္ဂိုလ်က သူ၏ဆွေမျိုး အဆင့်လွန်ပညာရှင်များကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည့် အဖြစ်အပျက်များက သူ့ကို ခဏခဏ ပြန်လည်နှိပ်စက်နေသည်။
အာဏာရှိမိသားစုများကို ဖြေရှင်းပြီးနောက် သူ၏ဦးခေါင်းပေါ်တွင် အခြားဓားတစ်လက် အချိန်ခံထားရမည်ကို ဆွမ်ဧကရာဇ် မလိုလားပေ။ ရှနိုင်ငံတော် ပိုမိုအားကောင်းလာစေရန်အတွက် ရှနိုင်ငံတော်၏မြေပေါ်တွင် ရှတော်ဝင်မျိုးနွယ်များထက် ပိုမိုအားကောင်းသော အင်အားစုတစ်ခုမှ မရှိစေရပေ။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က ဘေးနားရှိ မိန်းမစိုးဘက်သို့လှည့်ကာ အစီရင်ခံစာကို လွှဲအပ်လိုက်ပြီး
“ဒီစာကို နိုင်ငံတော် ပညာရှိကြီးဆီ သုံးသပ်ဖို့ပို့လိုက်ပါ”
ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ မင်းကြီး။”
မိန်းမစိုး လုချန်း၏ အစီရင်ခံစာကို ယူဆောင်သွားပြီးနောက် ဆွမ်ဧကရာဇ်၏မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
အာဏာရှိမိသားစုများ၊ ဂိုဏ်းဂဏများ၊ ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီ စသည့်အင်အားစုအားလုံးကို ရှနိုင်ငံတော်၏ မြေပေါ်မှ သူအပြီးတိုင် ပျောက်ကွယ်စေမည်ဖြစ်သည်။
တုန်းဖန်မိသားစုကိုပင် ချန်ထားမည်မဟုတ် ပေ။ သူ၏အမြင်တွင် တုန်းဖန်မိသားစုသည် နယ်ရုပ်တစ်ရုပ် မျှသာဖြစ်ပြီး အသုံးဝင်မှုကုန်ဆုံးပါက စွန့်ပစ်ရမည့်အရာသာဖြစ်သည်။
တုန်းဖန်မိသားစုသည် ကုန်သည်မိသားစုဖြစ်သဖြင့် ပုံမှန်အာဏာရှိမိသားစုများနှင့် သိသိသာသာ ကွဲပြားနေသော်လည်း တုန်းဖန်မိသားစု နန်းတွင်းသို့ လက်ရောက်ရန် ကြိုးစားနေခြင်းက ဆွမ်ဧကရာဇ်၏ နယ်နိမိတ်ကို ကျော်လွန်နေပြီဖြစ်သည်။ အပြင်ပန်း၌ သဘောတူညီချက်ပေးထားသော်လည်း နန်းတွင်းတွင် ယခင်ကကဲ့သို့သော အဖြစ်အပျက်များ ထပ်မံဖြစ်ပွားခြင်းကို လုံးဝခွင့်မပြုနိုင်ပေ။
တုန်းဖန်မိသားစုက နန်းတွင်းသို့ ဝင်ရန်ကြိုးစားလေလေ သူတို့၏မျှော်လင့်ချက်များ အလွန်ကြီးမားနေပြီး အာဏာရှိ မိသားစုများနှင့် မထူးခြားကြောင်း ဆွမ်ဧကရာဇ်ပို၍သတိထားမိ လေလေဖြစ်နေသည်။
ရှနိုင်ငံတော်၏စီးပွားရေးအပေါ် ဤမျှနက်ရှိုင်းစွာ သက်ရောက်မှုရှိသော ရည်မှန်းချက်ကြီးမားသည့် မိသားစုတစ်ခုကို ဆွမ်ဧကရာဇ်က မည်သို့ ဆက်လက်ခွင့်ပြုနိုင်မည်နည်း။
သို့သော် လောလောဆယ်တွင် တောင်ပိုင်းအာဏာရှိမိသားစုများ မပျောက်ကွယ်သေးသလို အခြားအာဏာရှိ မိသားစုများလည်း နန်းတွင်းတွင် ရှိနေသေးသောကြောင့် ဆွမ်ဧကရာဇ် အနေနှင့် တုန်းဖန်မိသားစုကို ချက်ချင်းတိုက်ခိုက်မည် မဟုတ်သေးပေ။ နန်းတွင်းရှိ အာဏာရှိ မိသားစုများ အပြီးအပိုင်ပျောက်ကွယ်သည်အထိ တုန်းဖန်မိသားစုကို သူထိပါးမည် မဟုတ်ပေ။
…
ထိုအချိန် ။
ဆူဖုန်းမြို့။
ဝမ်မိသားစု။
ယနေ့တွင် တောင်ပိုင်းဒေသမှ အာဏာရှိမိသားစုများမှ အကြီးအကဲများအားလုံး ဝမ်မိသားစု အိမ်တော်သို့ ရောက်ရှိလာခဲ့ကြသည်။ လုရှုယွမ် တောင်ပိုင်းသို့ ရောက်ရှိလာသည့်နေ့မှစ၍ ဝမ်မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ အဓိက အာဏာရှိမိသားစုကြီးများ၏ အကြီးအကဲများ ဝမ်မိသားစုအိမ် တော်သို့ လာရောက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ လုရှုယွမ် ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။
........