အခန်း ၃၄၆-၃၄၈
Vol. 24 Ch. 346-348
အခန်း (၃၄၆)
ဆဋ္ဌမမြောက် ကလေးမွေးဖွားခြင်း (၂)
လွန်ခဲ့သော လဝက်ခန့်ကတည်းက ချွမ်မိသားစု မြောက်ပိုင်းပြည်နယ်သို့ ပြောင်းရွှေ့ခြင်း စတင်ခဲ့သည်။ ဝူနိုင်ငံတော်တွင် ကြီးမားသော ပိုင်ဆိုင်မှုများရှိသည့်အတွက် မြောက်ပိုင်းပြည်နယ်သို့ နေ့ချင်းညချင်း အပြောင်းရွှေ့နိုင်ရန် မဖြစ်နိုင်ပေ။ ချွမ်မိသားစု၏ ပြောင်းရွှေ့မှုသည် လပေါင်းများစွာ ကြာမြင့်မည်ဖြစ်သည်။
သို့သော် ချွမ်တဟိုင်သည် ပြောင်းရွှေ့မှုလုပ်ငန်းစဉ်များအပေါ် အာရုံစိုက်ခြင်းမရှိပဲ မိသားစုဝင်အချို့ကိုခေါ်ယူကာ မြင်းဖြင့်မြောက်ပိုင်းပြည်နယ်သို့ အမြန်ဆုံးထွက်ခွာခဲ့သည်။
ထိုအတောအတွင်း...
မြောက်ပိုင်းပြည်နယ်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
ယနေ့သည် ကျောင်းရှောင်ရှောင် မီးဖွားမည့်နေ့ဖြစ်သည်။ သူမသည် အိပ်ရာပေါ်တွင် အေးဆေးတည်ငြိမ်စွာ လဲလျောင်းနေပြီး လုချန်းက သူမ၏ နံဘေးတွင် ထိုင်နေသည်။ ကျောင်းရှောင်ရှောင်အတွက် စိတ်ပူစရာ အကြောင်း မရှိပေ။
သူမ၏အစ်မ မီးဖွားစဉ်က အတွေ့အကြုံများကို ကြားဖူးပြီးဖြစ်သည်။ မင်းသားရှိနေပါက မီးဖွားရာတွင် နာကျင်မှုမရှိပဲ ခဏအတွင်း ကလေးမွေးဖွားနိုင်သည်ဟု သိရှိထားသည်။ ထို့ကြောင့် သူမ အလွန်အေးဆေးတည်ငြိမ်လျက် ရှိသည်။
သို့သော် သူမ၏စိတ်တွင် စိုးရိမ်မှုတစ်ခုက ရှိနေဆဲဖြစ်သည်။ သူမ နောက်ထပ်သမီးတစ်ဦး မွေးဖွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ လုချန်း၏ သမီးဖြစ်သူအပေါ် ချစ်ခင်မှုကို လူသိများသော်လည်း သူမ၏စိတ်နှလုံးအတွင်း အတားအဆီးတစ်ခုကို မကျော်လွှားနိုင်သေးပေ။ သားယောက်ျားလေးများကို ဦးစားပေးရမည်ဟူသော ခောတ်၏ အယူအဆက သူမ၏စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်သည်။ ထိုအတွေးအခေါ်ကို ပြောင်းလဲရန် မလွယ်ကူပေ။
ထိုအချိန်တွင် လုချန်းက ကျောင်းရှောင်ရှောင်၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်ပြီး ပြုံးရယ်ကာ
“ စိတ်မလှုပ်ရှားပါနဲ့ ရှောင်ရှောင်။ မကြာတော့ဘူး”
ဟု ပြောလိုက်သည်။
ကျောင်းရှောင်ရှောင်က အနည်းငယ် ပြုံးပြလိုက်သည်။
“မင်းသားရှိနေတော့ ကျွန်မ စိတ်မလှုပ်ရှားပါဘူး။”
ကျောင်းရှောင်ရှောင် စကားမဆုံးမီပင် သူမ၏မျက်နှာတွင် နာကျင်သော အမူအရာပေါ်လာပြီး ဖြူလျော်သွားသည်။
ထိုအခြေအနေကို မြင်လိုက်သော လုချန်းက ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြု၍ ကျောင်းရှောင်ရှောင်အား ကုသပေးလိုက်သည်။
မကြာမီ လုချန်း၏ စွမ်အားသည် ကျောင်းရှောက်ရှောင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး သားအိမ်အတွင်းရှိ ကလေးငယ်ကို ဖုံးအုပ်လိုက်သည်။
မကြာမီ ကလေးငယ်လည်း ကျောင်းရှောင်ရှောင်၏ ခန္ဓာကိုယ်မှ လျှောထွက်လာသည်။ နောက်ခဏတွင် အခန်းတစ်ခုလုံး ကလေး၏ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြီး ဝမ်းဆွဲသည်များနှင့် အစေခံများလည်း ကလေးကို ရေချိုးပေးရန် ချက်ချင်းပြေးလာကြသည်။
အတော်ပေါ့ပါးသွားသည်ဟု ခံစားရလိုက်ရသဖြင့် ကျောင်းရှောင်ရှောင် အနည်းငယ် အံ့သြသွားသည်။ မင်းသားရှိပါက မီးဖွားရန် လွယ်ကူသည်ဟု သူမ၏အစ်မထံမှ ကြားဖူးသော်လည်း ဒါက သူမ၏ ပထမဆုံးအတွေ့အကြုံဖြစ်သည်။ ဤမျှလွယ်ကူစွာ မွေးဖွားနိုင်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
လုချန်းက ကျောင်းရှောင်ရှောင်အား ဆက်လက်ကုသပေးနေစဉ် ဝမ်းဆွဲသည်က ကလေးငယ်ကို ကိုင်ပြီး လုချန်းထံချဉ်းကပ်ကာ
“ ဂုဏ်ယူပါတယ် မင်းသား။ သားယောက်ျားလေးဖြစ်ပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ အိပ်ရာပေါ်တွင် လှဲနေသော ကျောင်းရှောင်ရှောင်လည်း သက်ပြင်းတစ်ချက် ချနိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် သားယောက်ျားလေးမွေးဖွားသဖြင့် သူမ ဝမ်းသာသွားသည်။
လုချန်းက ဝမ်းဆွဲသည်၏လက်မှ ကလေးငယ်ကို ယူပြီး ကျောင်းရှောင်ရှောင်၏ဘေးတွင် ထားလိုက်သည်။ ကျောင်းရှောင်ရှောင်က အမည်ပေးရန် မပြောမီပင် လုချန်းက
“ မင်းနာမည်က လုကျိအန်း”
ဟု ပြောလိုက်သည်။
အသံကျယ်လောင်စွာ ငိုယိုနေသော ကလေးငယ်လည်း လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် ရုတ်တရက် တိတ်ဆိတ်သွားပြီး ပြုံးရယ်လိုက်သည်။
ထိုအခြေအနေကို မြင်လိုက်ရသော ကျောင်းရှောင်ရှောင်က
“ အန်းလေးက မင်းသား ပေးတဲ့နာမည်ကို နှစ်သက်ပုံရတယ်။ ကြည့်ပါဦး။ နာမည်ကြားတာနဲ့ ငိုသံရပ်သွားတယ်”
ဟု ပြောလိုက်သည်။
လုချန်းက ပြုံးလိုက်သော်လည်း အကြောင်းရင်းအမှန်ကို ထုတ်မပြောခဲ့ပေ။ လုကျိအန်းက နာမည်ကြောင့် အငိုရပ်သွားခြင်းမဟုတ်ပဲ လုချန်းက ပြန်လည်သန်စွမ်းစေသောစွမ်းအားကို အသုံးပြုကာ သူ့ကိုငြိမ်သက်စေလိုက်ခြင်းကြောင့်ဖြစ်သည်။
ကလေးငယ်၏ အသားအရေသည် အလွန်နုနယ်နေဆဲဖြစ်သည်။ စွမ်းအားကို ခံစားမိသည်နှင့် လုကျိအန်း အလွန်သက်တောင့်သက်သာဖြစ်သွားပြီး ငိုသံရပ်ကာ ပြုံးရယ်လိုက်ခြင်းဖြစ်သည်။
ထိုအရာများသည် အသေးအဖွဲကိစ္စများသာဖြစ်သည်။ လုချန်းအနေဖြင့် ထိုအကြောင်းများကို ထုတ်ဖော်ပြောဆိုရန် မလိုအပ်ပေ။ ထိုအချိန်တွင် စနစ်မှ သူ့အား မည်သည့်ဆုလာဘ်ပေးမည်ကို လုချန်း ပိုမိုစိတ်ဝင်စားနေသည်။
ဒါက သူ၏ ဆဋ္ဌမမြောက် ရင်သွေးဖြစ်သည်။ ကလေးများများမွေးဖွားလေ ဆုလာဘ်ပိုမိုကြွယ်ဝလေလေဟု စနစ်က ဖော်ပြခဲ့ဖူးသည်။
ဒီတစ်ကြိမ်တွင် စနစ်က သူ့အား မည်သည့်ဆုလာဘ်ပေးမလဲ ဆိုတာကို သူစိတ်ဝင်စားနေသည်။
လုချန်း ထိုသို့တွေးနေစဉ် စနစ်၏အသံက သူ၏နားထဲတွင် မြည်လာသည်။
[သားတစ်ဦး ရရှိသည့်အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် ထိပ်သီးပညာရှင် စစ်ဗိုလ်ချုပ်နှစ်ဦး။ ရေကြောင်းစစ်ပွဲဆင်နွှဲရာတွင် ကျွမ်းကျင်သော စစ်သည်တစ်သိန်းနှင့် အပိုဆုအဖြစ် ပြည်သူဦးရေ ခြောက်သိန်းကို ရရှိပါသည်။]
ထိုဆုလာဘ်ကို ကြားလိုက်ရသောအခါ လုချန်းသည် ခဏခန့် ရပ်တန့်သွားသည်။ နောက်ထပ် ပြည်သူများ ရရှိမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
သို့သော် လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားလျှင် ရေကြောင်းကျွမ်းကျင်သော စစ်သည်တစ်သိန်းသည် လက်ငင်းအသုံးဝင်မှု မရှိသလောက် ဖြစ်နေသည်။ ယခုခောတ်မှာ ကုန်းတွင်းအာဏာခေတ်ဖြစ်ပြီး စစ်ပွဲအများစုမှာ ကုန်းမြေပေါ်တွင်သာ ဖြစ်ပွားလေ့ရှိသဖြင့် ရေတပ်ကို အသုံးပြုရဖို့ အခွင့်အလမ်းနည်းပါးသည်။
သို့သော်လည်း စနစ်မှ ဆုအဖြစ်ချီးမြှင့်ထားသည်ဖြစ်ရာ လက်ခံလိုက်သည်က အကောင်းဆုံးဖြစ်သည်။
ထို့နောက် လုချန်းလည်း ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး ကျောင်းရှောင်ရှောင် လုံးဝပြန်လည်နာလန်ထူလာသည်အထိ အချိန်အနည်းငယ်ကြာအောင် သူမ၏အခန်းတွင် နေလိုက်သည်။ ထို့နောက် သူမ၏အခန်းမှ ထွက်ခွာကာ သူ၏စာကြည့်ခန်းသို့ တစ်ကိုယ်တည်း သွားရောက်ခဲ့သည်။
စာကြည့်ခန်းသို့ ရောက်ရှိသောအခါချက်ချင်းပင် စနစ်ကိုဖွင့်ကာ ဆုလာဘ်များကို လေ့လာလိုက်သည်။
“စနစ်။ စစ်သည်တစ်သိန်းနှင့် ပြည်သူခြောက်သိန်းက လက်ရှိ ဘယ်မှာရှိနေတာလဲ။”
[ထိုလူ ခုနစ်သိန်းသည် ရှန်နိုင်ငံတော်၏ နောက်လိုက်များဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်းပြည်နယ်၏ အရှေ့ပိုင်းပင်လယ်ရှိ လေမုန်တိုင်းကျွန်းဟုခေါ်သော ကျွန်းတစ်ခုပေါ်တွင် တည်ရှိပါသည်။]
ပင်လယ်ထဲမှာလား...
စနစ်က ရေကြောင်းကျွမ်းကျင်မှုအကြောင်း ဖော်ပြခဲ့သည်မှာ အံ့သြစရာ မရှိတော့ပေ။
လုချန်းက ဆက်မေးလိုက်သည်။
“ဆုအဖြစ်ရရှိသော စစ်ဗိုလ်ချုပ်တွေလည်း လေမုန်တိုင်း ကျွန်းပေါ်မှာ ရှိနေပါသလား။”
[ဟုတ်ကဲ့။ ထိုထိပ်သီးပညာရှင်နှစ်ဦးက ထိုစစ်တပ်ကို ဦးဆောင်နေပါတယ်။]
[သခင့်တွင် တိုက်ရိုက်အမိန့်ပေးဖို့ အခွင့်အရေးတစ်ကြိမ်ရှိပါတယ်။ အမိန့်ထုတ်ပြန်လိုပါသလား။]
လုချန်းက မတွန့်မဆုတ်ပဲ အဖြေပေးလိုက်သည်။
“သူတို့ကို စစ်သည်အနည်းငယ်နှင့်အတူ မြောက်ပိုင်းပြည်နယ်သို့ အမြန်ဆုံးလာရောက်စေပါ။ လူအားလုံး လာဖို့မလိုပါဘူး။ ထောင်ဂဏန်းလောက်ပဲ လာဖို့ လိုတယ်။ကျန်လူများကို လေမုန်တိုင်းကျွန်းပေါ်မှာ ဆက်လက်နေထိုင်စေပါ။”
.........
အခန်း (၃၄၇)
ဆဋ္ဌမမြောက် ကလေး ဖွားမြင်ခြင်း (၃)
[သခင့် အမိန့်ကို ပေးပို့ပြီးဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ် ဝေုယွမ်ဟာ စစ်သားတစ်သောင်းကို ဦးဆောင်ပြီး စစ်သင်္ဘောများနှင့် မြောက်ပိုင်းပြည်နယ်ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။]
စနစ်မှ အသိပေးချက်ကို ကြားပြီးနောက် တံခါးအပြင်ရှိ အစေခံအား ချက်ချင်းပြောလိုက်သည်။
“ဝူယွမ်ကို သွားခေါ်ဖို့ တစ်ယောက်ယောက်ကို ပြောလိုက်ပါ။”
“ဟုတ်ကဲ့ မင်းသား။”
မကြာမီ လုချန်း၏ စာကြည့်ခန်းသို့ ဝူယွမ် ရောက်ရှိလာပြီး
“မင်းသားကို ဂါရဝ ပြုပါတယ်။ ဘာအမိန့်များရှိပါသလဲ မင်းသား။”
လုချန်းက
“ အထူးကိုယ်ရံတော်တစ်ချို့နဲ့ပင်လယ်ကမ်းခြေဆီသွားပြီး ကျွန်တော့်ဆီလာမယ့် စစ်တပ်ကို သွားကြိုပါ။”
“သူတို့ကို ဦးဆောင်သူ ဗိုလ်ချုပ်က ဝေရှီယွမ်လို့ ခေါ်တယ်။”
ဝူယွမ် အံ့သြခြင်းမရှိပါ။ ကံကြမ္မာသားတော်ထံ သစ္စာခံရန် လူများလာရောက်ခြင်းမှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာဖြစ်သည်။
“ဟုတ်ကဲ့ပါ မင်းသား။”
လုချန်းက
“ကောင်းပါပြီ။ ခင်ဗျား ထွက်သွားနိုင်ပါပြီ။”
“ကျေးဇူးပြုပြီး ခွင့်ပြုပါ။”
ဝူယွမ် ထွက်ခွာသွားပြီးနောက် လုချန်းလည်း စာကြည့်ခန်းမှ ထွက်ခွာရန် ပြင်နေစဉ် ဖျတ်လတ်သွက်လက်သော ပုံသဏ္ဍာန်တစ်ခုက စာကြည့်ခန်းတံခါးဝတွင် ပေါ်လာခဲ့သည်။
ဝမ်ချင်းစီက ဖြားယောင်းသော အမူအရာဖြင့်
“ နောက်ထပ်သားတော်တစ်ပါး ရရှိတဲ့ အတွက် ဂုဏ်ယူပါတယ် မင်းသား။”
ထိုစကားကို ကြားလိုက်ရသော လုချန်းက ရယ်မောကာ ပြောလိုက်သည်။
“ဘာလို့ မင်းလည်း တစ်နေ့မှာ ကိုယ့်အတွက် သားတစ်ယောက် မမွေးချင်ရတာလဲ။”
ဝမ်ချင်းစီက
“ကျွန်မက ထိပ်သီးပညာရှင်တစ်ဝက်ဖြစ်နေပါပြီ။ ကိုယ်ဝန်ရရှိဖို့ သိပ်မလွယ်ကူတော့ပါဘူး။”
ထို့နောက် ဝမ်ချင်းစီ စာကြည့်ခန်းထဲ့သို့ ဝင်ရောက်လာပြီး သူမ၏လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို စားပွဲပေါ်တွင် တင်လိုက်ကာ ဆက်ပြောလိုက်သည်။
“ဝူနိုင်ငံတော်ရဲ့ ဝူကျန်းဝမ်မင်းသမီးဟာ လက်နက်မချသေးတဲ့ အနောက်တောင်ပိုင်းက သူပုန်တွေကို နှိမ်နင်းဖို့ သူကိုယ်တိုင်စစ်တပ်ကိုဦးဆောင်ခဲ့တယ်။ သူ့ရဲ့ ဂုဏ်သတင်းက ဝူနိုင်ငံတော်စစ်တပ်ထဲမှာ အလွန်မြင့်မားနေပါတယ်။ နောင်ထပ် အမျိုးသမီးဧကရာဇ်တစ်ပါး ထပ်ပေါ်လာနိုင်ပါတယ်။”
ဝမ်ချင်းစီ၏စကားကို ကြားလိုက်ရပြီး သူမ စားပွဲပေါ်တွင် တင်လိုက်သော ထောက်လှမ်းရေးအစီရင်ခံစာကို ဖွင့်ကြည့်ကာ အလျင်အမြန် စစ်ဆေးလိုက်သည်။
ဝမ်ချင်းစီက ဆက်လက်ပြောလိုက်သည်။
“ကျူးနိုင်ငံတော်နှင့် လွင်ပြင်ဒေသမျိုးနွယ်စုတွေကြားက ပဋိပက္ခ ပြီးဆုံးသွားပါပြီ။ ယွဲ့ဧကရာဇ် ကိုယ်တိုင် စစ်တပ်ဦးဆောင်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ စစ်မြေပြင်ပေါ်မှာ ယွဲ့ဧကရာဇ်ရဲ့ မျက်နှာကို မြင်လိုက်ရတာနဲ့ လွင်ပြင်ဒေသစစ်တပ် တပ်ပျက်ပြီး ထွက်ပြေးသွားတယ်လို့လည်း ပြောနေကြပါတယ်။”
“မင်းသား အနေနှင့် အခုလက်ရှိ မြောက်ပိုင်းဒေသရဲ့ အခြေအနေကို အာရုံစိုက်သင့်ပါတယ်။”
ဝမ်ချင်းစီ၏စကားကို ကြားလိုက်ရတော့ လုချန်းလည်း နဖူးတွန့်သွားကာ
“လွင်ပြင်ဒေသမျိုးနွယ်စုတွေက စစ်သည်ငါးသိန်းနီးပါးနဲ့လာတာ မဟုတ်လား။ ဘာလို့ ဒီလောက်မြန်မြန် ပြိုလဲသွားရတာလဲ။”
ဝမ်ချင်းစီက
“စစ်မြေပြင်က အခြေအနေ အတိအကျကို ကျွန်မတို့ လူတွေ အပြည့်အဝ စုံစမ်းလို့မရသေးပါဘူး။ ဒါပေမဲ့ လွင်ပြင်ဒေသမျိုးနွယ်စုတွေ ရှုံးနိမ့်ခဲ့တာကတော့ အမှန်ပဲဆိုတာ အတည်ပြုနိုင်ပါတယ်။ ယွဲ့ဧကရာဇ်ဟာ အလွန်ထက်မြက်ပြီး သူရဲ့စွမ်းအားက ထိပ်သီးပညာရှင် အဆင့်ထက် သာလွန်နိုင်တယ်လို့ ကျွန်မ ယူဆပါတယ်။”
လုချန်း နက်နက်ရှိုင်းရှိုင်းစဉ်းစားသွားမိသည်။ ကျူးနိုင်ငံတော်ရဲ့ အမျိုးသမီး ဧကရာဇ်က ရိုးရိုးသာမန်ဇာတ်ကောင် မဟုတ်ကြောင်း သူ သဘောပေါက်လာခဲ့သည်။ သူမက ဤမျှတိုတောင်းသောကာလအတွင်း လွင်ပြင်ဒေသမျိုးနွယ်စု များစွာကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကျူးနိုင်ငံတော်တွင် မြောက်ပိုင်းပြည်နယ်ကဲ့သို့ ခေတ်မီလက်နက်များ မရှိပေ။
ရှေးခောတ် လက်နက်များဖြင့် လွင်ပြင်ဒေသစစ်တပ်ကို ဤမျှမြန်မြန် အနိုင်ယူနိုင်ခြင်းက ကျူးနိုင်ငံတော် မည်မျှ ကြောက်စရာ ကောင်းသည်ကို ပြသလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ကျူးနိုင်ငံတော်သည် မြောက်ပိုင်းပြည်နယ်၏ အနောက်တောင်ထောင့်တွင်ရှိပြီး မြောက်ပိုင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။
ကျူးနိုင်ငံတော် မြောက်ပိုင်းပြည်နယ်နယ်စပ်တွင် စစ်သည်နှစ်သိန်းကျော် တပ်စွဲထားစဉ်က ကျူးနိုင်ငံတော်စစ်တပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် လုချန်း မမြင်ခဲ့ပေ။ ကျူးနိုင်ငံတော်သည် အသစ်တည်ထောင်ထားသော နိုင်ငံဖြစ်ပြီး အမှန်တကယ်စွမ်းအား မရှိဟု ထင်မြင်ခဲ့သည်။ ယခုအခါတွင်မူ ကျူးနိုင်ငံတော်ကို လျှော့တွက်မိခဲ့ကြောင်း သူနားလည်လာသည်။
အနာဂတ်တွင် ကျူးနိုင်ငံတော်ကို သတိထားရမည်ဖြစ်သည်။
သို့သော် ယခုအချိန်က ကျူးနိုင်ငံတော်ကို အာရုံစိုက်ရန် အချိန်မဟုတ်သေးပေ။ လွင်ပြင်ဒေသမျိုးနွယ်စုများ ကျူးနိုင်ငံတော်လက်တွင် ရှုံးနိမ့်ပြီးနောက် သူတို့အနက်မှ အချို့က မြောက်ပိုင်းဒေသသို့ ရွှေ့ပြောင်းလာနိုင်သည်။ ထို့ပြင် အခြားဖြစ်နိုင်ခြေတစ်ခုမှာ ထိုလွင်ပြင်ဒေသမျိုးနွယ်စုများသည် အခြားအင်အားစု တစ်ခုခုကို ပစ်မှတ်ထားပြီး သူတို့၏ အင်အားကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနိုင်သည်။
အနောက်ဘက်ဒေသ၏ အခြေအနေကို လုချန်း နားမလည်သော်လည်း ကျူးနိုင်ငံတော်နှင့် မြောက်ပိုင်းပြည်နယ် နယ်စပ်သည် လွင်ပြင်ဒေသမျိုးနွယ်စုများ လှုပ်ရှားရာဒေသနှင့် နီးကပ်စွာတည်ရှိသည်။ အကယ်၍ ထိုလွင်ပြင်ဒေသမျိုးနွယ်စုများ အနောက်ဘက်သို့ မရွှေ့ပြောင်းပဲ အရှေ့ဘက်သို့ ရောက်လာပါက မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်နိုင်ခြေ အလွန်မြင့်မားသည်။
ဒါက ဖြစ်နိုင်ခြေရှိသော အခြေအနေတစ်ရပ်ဖြစ်သည်။ အနောက်မြောက်ဒေသမှ လွင်ပြင်ဒေသမျိုးနွယ်စုများသည် ယခင်က ရှနိုင်ငံတော်ကို တိုက်ခိုက်ဖူးသည်။
ကျူးနိုင်ငံတော်တွင် ရှုံးနိမ့်ပြီး မျက်နှာပျက်ခဲ့ရသော ထိုလွင်ပြင်ဒေသမျိုးနွယ်စုများ ဒီအတိုင်း ငြိမ်နေမည်ဟု လုချန်းမယုံကြည်ပေ။
လွင်ပြင်ဒေသမျိုးနွယ်စုများ အရှေ့ဘက်သို့ ချီတက်လာပါပြီး မြောက်ပိုင်းဒေသသို့ ရောက်ရှိလာပါက သို့မဟုတ် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ရန် ရည်ရွယ်လာပါက သူ၏ စစ်သည်များအား လေ့ကျင့်ရန် အကောင်းဆုံး အခွင့်အရေးဖြစ်လာမည်။
ထိုအတွေးနှင့်အတူ လုချန်းက တံခါးအပြင်ရှိ အစေခံအား ချက်ချင်းပြောလိုက်သည်။
“ရှောင်ဟွမ်။ ဗိုလ်ချုပ်တွေကို နံနက်စောစော နိုင်ငံရေးရာအဆောင်သို့ လာဖို့ အကြောင်းကြားပါ။”
“ဟုတ်ကဲ့ မင်းသား။”
ထိုအချိန်တွင် ဝမ်ချင်းစီက
“အခြားအရေးကိစ္စမရှိရင် ကျွန်မကို ခွင့်ပြုပါဦး မင်းသား။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက စနောက်လိုက်သည်။
“ဘာမှမလုပ်ပဲ ပြန်သွားချင်လို့လား။”
ဝမ်ချင်းစီက လုချန်းအား မကျေမနပ်သလို ကြည့်ကာ ပြောလိုက်သည်။
“ အခုနောက်ပိုင်း မင်းသား အလုပ်များနေတော့ ကျွန်မက အနှောင့်အယှက် မဖြစ်စေလိုပါဘူး။ မဟုတ်ရင် အချို့သူတွေ မကျေမနပ် ဖြစ်ပြီး ကျွန်မကို အပြစ်ပြောလိမ့်မယ်။”
လုချန်းက ရယ်မောကာ ပြောလိုက်သည်။ “ကောင်းပြီ။ ဒီတစ်ခါတော့ မင်းကို လွှတ် ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ခါလာရင်တော့ ဒီအတိုင်း မပြန်ခိုင်းဘူး။”
ဝမ်ချင်းစီက နှုတ်ခမ်းကို စူကာ ဘာမှထပ် မပြောတော့ပဲ စာကြည့်ခန်းမှ ထွက်ခွာသွားခဲ့သည်။
ဝမ်ချင်းစီ ထွက်ခွာသွားပြီးမကြာမီ ချင်ယူရှန် စာကြည့်ခန်းသို့ ရောက်လာခဲ့သည်။ ချင်ယူရှန်၏ လက်ထဲတွင် ထောက်လှမ်းရေးသတင်းပို့ရန် အသုံးပြုသော ဝါးပြွန်တစ်ခုကို ကိုင်ထားသည်ကို မြင်လိုက်ရသောအခါ လုချန်းက မေးလိုက်သည်။
“နေပြည်တော်က သတင်းလား။”
ချင်ယူရှန်က လက်ထဲမှ ဝါးပြွန်ကို စားပွဲပေါ်တင်လိုက်ပြီး
“ဟုတ်ပါတယ်။ နေပြည်တော်က အထူးကိုယ်ရံတော်တွေ ပြဿနာအချို့ ကြုံတွေ့နေရပါတယ်။ ကျွန်ုပ်တို့ရဲ့ လူတွေကို အရိပ်ကိုယ်ရံတော်တွေက သိနေပုံ ရပါတယ်။ အရိပ်ကိုယ်ရံတော်တွေက အထူးကိုယ်ရံတော်တွေကို ရှာဖွေထောက်လှမ်းနေကြပါတယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ လုချန်း ခဏခန့် တုန်လှုပ်သွားခဲ့သည်။
နောက်ဆုံးတွင် အထူးကိုယ်ရံတော်များအား သိရှိသွားမည်ကို လုချန်းမှန်းဆထားခဲ့ ပြီးဖြစ်သည်။ အထူးကိုယ်ရံတော်များ မလှုပ်ရှားစဉ်ကတော့ သူတို့၏ တည်ရှိမှုကို သိသူနည်းပါးခဲ့သည်။
သို့သော် အထူးကိုယ်ရံတော်များသည် သူတို့ စတင်လှုပ်ရှားသည့် အချိန်မှစ၍ အမျိုးမျိုးသော ထောက်လှမ်းရေးသတင်းများ စုဆောင်းခဲ့၏။ ထို့ပြင် ယခုကာလအတွင်း အထူးကိုယ်ရံတော်များ၏ အရေအတွက်လည်း သိသိသာသာ တိုးလာခဲ့သည်။
အရေအတွက် တိုးလာသည်နှင့်အမျှ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာနိုင်ပြီး နေပြည်တော်ရှိ အထူးကိုယ်ရံတော်များအား သူ့ဖခင်၏ အရိပ်ကိုယ်ရံတော်များမှ သိရှိလာခြင်းမှာ အံ့သြစရာတော့ မဟုတ်ပေ။
သတိပြန်ရဝင်လာပြီးနောက် လုချန်းလည်း နေပြည်တော်မှ ရောက်ရှိလာသော ထောက်လှမ်းရေးအစီရင်ခံစာကို ဖွင့်ကြည့်ကာ အာရုံစိုက်၍ ဖတ်ရှုလိုက်သည်။ ထိုစဉ် ချင်ယူရှန်က ဆက်ပြောလိုက်သည်။
“နန်းတွင်းစစ်တပ်ဟာ တောင်ပိုင်းကို ချီတက်နေပါပြီ။ တပ်မှူးလျှံရဲ့ ထောက်လှမ်းမှုအရ နန်းတွင်းဟာ ဒီတစ်ကြိမ်မှာ စစ်တူစီအပါအဝင် အဆင့်လွန်ပညာရှင် အနည်းဆုံးသုံးဦးကို တောင်ပိုင်း စေလွှတ်ထားပါတယ်။”
ချင်ယူရှန်၏ အစီရင်ခံမှုကို ကြားလိုက်ရသော်လည်း လုချန်း အံ့သြခြင်း မရှိပေ။ တောင်ပိုင်း အာဏာရှိမိသားစုများတွင်လည်း အဆင့်လွန်ပညာရှင်များ ရှိနေသည်။ သူ၏ဖခင် တောင်ပိုင်း အာဏာရှိမိသားစုများကို အမြစ်ဖြုတ်လိုပါက စစ်တပ်နှင့်အတူ အဆင့်လွန်ပညာရှင်များ စေလွှတ်ရန် လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။
လုချန်းက အစီရင်ခံစာကို ဖတ်ရှုနေရင်း ပြောလိုက်သည်။
“အခြား ထောက်လှမ်းရေးသတင်းတွေ ရှိသေးသလား။”
ချင်ယူရှန်က
“မကြာသေးခင်က ရှနိုင်ငံတော်အတွင်းက ချန်နိုင်ငံတော်ရဲ့ အကြွင်းအကျန်တွေ ပိုပြီးလှုပ်ရှားလာပါတယ်။ သူတို့ဟာ မြောက်ပိုင်းပြည်နယ်မှာ စုစည်းလာနေပုံ ရပါတယ်။”
........
အခန်း (၃၄၈)
တံခါးဖွင့်ထားတယ်။ ဝင်လာပါ (၁)
ချင်ယူရှန်က ချန်နိုင်ငံတော်၏ အကြွင်းအကျန်များအကြောင်း ပြောလိုက်သောအခါ လုချန်းက သူကိုင်ထားသော ထောက်လှမ်းရေးအစီရင်ခံစာကို ချက်ချင်းဘေးဖယ်လိုက်ပြီး ခေါင်းမော့လိုက်ကာ ချင်ယူရှန်ကို ကြည့်လိုက်သည်။ ထို့နောက် လုချန်းက
“မြောက်ပိုင်းပြည်နယ်မှာ စုရုံးနေကြတာလား။ သူတို့ရဲ့ အရေအတွက်က များသလား။”
ချင်ယူရှန်က
“များပါတယ်။ လျှို့ဝှက်လဝန်းနန်းတော်သခင်က လူသူလက်နက် စုစည်းဖို့ ဆော်ဩနေပါတယ်။ ရှနိုင်ငံတော်အတွင်းက ပဋိပက္ခတွေကို အခွင့်ကောင်းယူပြီး သူတို့နိုင်ငံကို ပြန်လည်ထူထောင်ဖို့ အစီအစဉ်ရှိနေပါတယ်”
ဟု ဖြေလိုက်သည်။
ထိုအချိန်တွင် ချင်ယူရှန်က လုချန်းကို ကြည့်လိုက်ပြီး
“ချန်နိုင်ငံတော်က လူတွေ မြောက်ပိုင်းပြည်နယ် မလာနိုင်အောင် တားဆီးဖို့ လိုလားမင်းသား”
ဟု မေးလိုက်သည်။
ချင်ယူရှန်သိသည်မှာ လျှို့ဝှက်လဝန်းနန်းတော်သခင်သည် မင်းသားစံအိမ်တွင် နေထိုင်နေပြီး လုချန်းကလည်း လျှို့ဝှက်လဝန်းနန်းတော်သခင်အပေါ် စိတ်ဝင်စားနေသည်။
လုချန်း ချန်ဝမ်ရွန်ကို အောင်မြင်ပြီးပြီလားဆိုတာ မသိရသေးသဖြင့် ချန်နိုင်ငံတော်နှင့်ပတ်သက်သော ကိစ္စများကို အထူးကိုယ်ရံတော်များ ကိုင်တွယ်ရန် အနည်းငယ်ခက်ခဲနေသည်။
လုချန်းက
“သူတို့လာချင်တယ်ဆိုရင် လာခွင့်ပြုလိုက်ပါ”
ဟု ပြုံးရယ်ကာ ပြောလိုက်သည်။
လင်ဝမ်ရွန်ကို သူ အပြည့်အဝ ချုပ်ကိုင်ထားပြီးဖြစ်သည်။ သူမ သူ့ထံမှ ထွက်ခွာသွားနိုင်စွမ်းမရှိတော့ပါ။ သူ၏သစ္စာခံ ဖြစ်နေပြီဖြစ်သည်။ ချန်ဝမ်ရွန်လည်း မကြာတော့ပါ။
မုကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့ ကိုယ်ဝန်နှစ်ကြိမ်ရပြီးပြီ ဖြစ်သောကြောင့် သူတို့ကို နောက်ထပ်ကလေးများ ထပ်မံမွေးဖွားစေရန် လုချန်း မရည်ရွယ်တော့ပေ။ သူတို့ကို နှစ်အနည်းငယ် အနားပေးပြီး နောက်ပိုင်းတွင် မင်းသားစံအိမ်ရှိ အတွင်းရှိ စွမ်းအားရှိသော အမျိုးသမီးများကို အာရုံစိုက်မည်ဖြစ်သည်။ ချန်ဝမ်ရွန်လည်း ထိုစာရင်းတွင် ပါဝင်သည်။
ချန်ဝမ်ရွန်သည် အလွန်သန့်ရှင်းစင်ကြယ်လွန်းသောကြောင့် သူမရှေ့တွင် ထိုကဲ့သို့အတွေးမျိုး မတွေးမိခဲ့ပေ။ “နတ်သမီး” ချန်ဝမ်ရွန်ရှေ့တွင် မကောင်းသောအတွေးများ တွေးနိုင်ရန် သူမနှင့် ရင်းနှီးကျွမ်းဝင်ရမည်ကို လုချန်း ကောင်းစွာသိသည်။ နောက်ပိုင်းတွင် ချန်ဝမ်ရွန်နှင့် နီးစပ်ရန် အခွင့်အလမ်းများ ရှာဖွေရမည်။
ချန်ဝမ်ရွန်နှင့် နီးစပ်ရန် အခွင့်အလမ်းရှာရန်က အလွန်လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် သူမကလည်း သူ့ကို ချစ်ခြင်းပိုးကောင် ထည့်သွင်းရန် အခွင့်အလမ်းများ ရှာဖွေနေသောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် တစ်ဦးကိုတစ်ဦး အလျင်အမြန် ချဉ်းကပ်နေကြသည်။
ထိုအချိန်တွင် လုချန်းက
“အခြားသတင်းတွေ ရှိသေးသလား”
ဟု မေးလိုက်သည်။
ချင်ယူရှန်က
“တုန်းဖန်မိသားစုက မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိနေပါတယ်။ တုန်းဖန်မိသားစု အကြီးအကဲရဲ့စာက မင်းသားက လက်ထဲ ရောက်ပြီးပြီလား မသိဘူး။”
အထူးကိုယ်ရံတော်များသည် စာပို့ခိုများကို အများဆုံး အသုံးပြုသောကြောင့် သူတို့၏သတင်းများသည် မြင်းစီး၍ ပို့ဆောင်သော သတင်းများထက် ပိုမိုမြန်ဆန်လေ့ရှိသည်။ တုန်းဖန်မိသားစု၏စာမှာ လမ်းခရီးတွင် ရှိနေဆဲဖြစ်သော်လည်း ချင်ယူရှန်က တုန်းဖန်မိသားစု၏ ပြောင်းရွှေ့ရေးအစီအစဉ်ကို ကြိုတင်သိရှိထားပြီးဖြစ်သည်။
ချင်ယူရှန်၏စကားကို ကြားလိုက်ရသည်နှင့် လုချန်းလည်း စိတ်ဝင်စားသွားပြီး
“ဒီလိုအချိန်မှာ မြောက်ပိုင်းပြည်နယ်ကို ပြောင်းရွှေ့မှာလား။ တောင်ပိုင်းမှာ စစ်ဖြစ်နေပြီဆိုတော့ သူတို့ ဘယ်လိုထွက်ပြေးမလဲ” ဟု မေးလိုက်သည်။
ချင်ယူရှန်က
“သူတို့ရဲ့ အစီအစဉ်က တုန်းဖန်မိသားစုရဲ့ ကြီးမားတဲ့ ကုန်သင်္ဘောတွေနဲ့ ပင်လယ်ကနေ တိုက်ရိုက်လာဖို့ပါ”
ဟု ဖြေလိုက်သည်။
ချင်ယူရှန်၏ရှင်းလင်းချက်ကို ကြားလိုက်ရ တော့မှ တုန်းဖန်မိသားစု၏ ကုန်သင်္ဘောများသည် ရှနိုင်ငံတော်၏ စစ်သင်္ဘောများထက်ပင် ကြီးမားပြီး ကုန်ပစ္စည်းများစွာ သယ်ဆောင်နိုင်ကြောင်း လုချန်း သတိရလိုက်သည်။
ဆွမ်ဧကရာဇ်သည် တောင်ပိုင်းရှိ အာဏာရှိမိသားစုများကို အငိုက်ဖမ်းနိုင်ရန် တုန်းဖန်မိသားစု၏ ကုန်သင်္ဘောများကို ငှားရမ်းကာ တပ်သားအချို့ကို တောင်ပိုင်းသို့ ပို့ဆောင်ခဲ့ဖူးသည်။
ပင်လယ်ကနေ လာမည်ဆိုပါက သူတို့ကိုသတိထားမိဖို့ အမှန်တကယ် ခက်ခဲမည်ဖြစ်သည်။
ဤအတွေးဖြင့် လုချန်းက
“တုန်းဖန်မိသားစုရဲ့စာက နောက်ရက်အနည်းငယ်ကြာမှ ရောက်မယ်ထင်တယ်။ သူတို့ ဒီကိုပြောင်းရွှေ့ချင်တယ်ဆိုရင် လာခွင့်ပြုလိုက်ပါ။ သူတို့ကို ဘယ်သူမှ သတိမထားမိရင် ပြီးတာပဲ။”
မူလက တုန်းဖန်မိသားစုကို သူ၏ဖခင် ဧကရာဇ်ဘက်တွင် မဟာမိတ်အဖြစ် နေထိုင်စေပြီး နောင်တစ်ချိန်တွင် လိုအပ်လာမှ သူ့ဘက်သို့ ပြောင်းရွှေ့စေရန် လုချန်း စဉ်းစားထားခဲ့သည်။
သို့သော် တုန်းဖန်မိသားစုက မြောက်ပိုင်းပြည်နယ် ထွက်ပြေးရန် ဤမျှစိတ်အားထက်သန်နေသဖြင့် သူတို့၏ အတွေးအခေါ်ကို လုချန်း အကြမ်းဖျင်း မှန်းဆလိုက်နိုင်သည်။
ဆွမ်ဧကရာဇ်က ဆန်ကြိတ်ပြီးနောက် မြည်းကိုသတ်မည်ကို သူတို့ စိုးရိမ်နေကြသဖြင့် ကြိုတင်ထွက်ပြေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပုံရသည်။ နန်းတွင်းစစ်တပ်နှင့် လုရှုယွမ်ဦးဆောင်သော တောင်ပိုင်း အာဏာရှိမိသားစုများကြား တိုက်ပွဲတွင် ဆက်မပါလိုတော့ခြင်းဖြစ်သည်။
ထိုစဉ် ချင်ယူရှန်က
“လောလောဆယ်အတွက်တော့ ဒီသတင်း တွေက အကုန်ပါပဲ။ မင်းသားမှာ အခြားကိစ္စ မရှိရင် ကျေးဇူးပြုပြီး ခွင့်ပြုပါ”
ဟု ပြောလိုက်သည်။
လုချန်းက
“ကောင်းပါပြီ။”
ထို့နောက် ချင်ယူရှန်လည်း စာကြည့်ခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
...
ရှနိုင်ငံတော်၏ နန်းတွင်းစစ်တပ် တောင်ပိုင်းသို့ ချီတက်ပြီးနောက် လုရှုယွမ်ဦးဆောင်သော သူပုန်တပ်များနှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တစ်လအတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သည်။
စစ်ပွဲသည် လူများမျှော်လင့်ထားသည်ထက် ပိုမိုကြမ်းတမ်းခဲ့ပြီး ကျေးလက်ဒေသခံများစွာလည်း စစ်ဘေးရှောင်ရန် မြောက်ဘက်သို့ ထွက်ပြေးခဲ့ကြသည်။
လုချန်းက အထူးကိုယ်ရံတော်များမှတဆင့် မြောက်ပိုင်းပြည်နယ်၏ မြေယာပြန်လည်ခွဲဝေမှုဆိုင်ရာ သတင်းများကို တောင်ပိုင်းသို့ ပျံ့နှံ့စေခဲ့သည်။ မြောက်ပိုင်းပြည်နယ်ရှိ မြေယာများကို သူတို့ပိုင်ဆိုင်မည် မဟုတ်ကြောင်း သိသော်လည်း သူတို့စိုက်ပျိုးသော သီးနှံများကိုမူ ပိုင်ဆိုင်မည်ဖြစ်ပြီး စိုက်ပျိုးရေး အခွန်များလည်းမရှိ ဟူသောအချက်တစ်ခုတည်းကြောင့်ပင် မြောက်ပိုင်းပြည်နယ်တွင် နေထိုင်ခြင်းက စစ်ဒဏ်ခံရပြီး သေဆုံးရခြင်းထက် ပိုမိုကောင်းမွန်သည်ဟု တောင်ပိုင်းကျေးလက်နေ ပြည်သူများ ယူဆကြသည်။
စစ်ဘေးရှောင်များ မြောက်ပိုင်းပြည်နယ်သို့ သွားရောက်ရန် ချီပြည်နယ်ကို ဖြတ်သန်းရမည်ဖြစ်သဖြင့် ချီမင်းသားအတွက် ခေါင်းကိုက်စရာ ဖြစ်လာပြန်သည်။ ရှနိုင်ငံတော်မှ ဝူနိုင်ငံတော်သို့ ခရိုင်သုံးခု လွှဲပြောင်းပေးအပ်ခဲ့စဉ်က စစ်ဘေးရှောင်များ အမြောက်အမြား ဝင်ရောက်လာခဲ့ပြီးဖြစ်သည်။ ယခုအခါ ရှနိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေသဖြင့် ပိုမိုများပြားသော စစ်ဘေးရှောင်များ ချီပြည်နယ်ထဲ ထွက်ပြေးလာကြသည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ချီမင်းသားလည်း မြောက်ပိုင်းပြည်နယ်သို့ သံတမန်များကို တစ်ဖန်ပြန်လည်စေလွှတ်ကာ ထိုစစ်ဘေးရှောင်အားလုံးကို မြောက်ပိုင်းပြည်နယ်သို့ လွှဲပြောင်းပေးခဲ့ရသည်။ ဤသို့ဖြင့် မြောက်ပိုင်းပြည်နယ်၏ လူဦးရေ ပိုမိုတိုးပွားလာခဲ့သည်။
လုချန်းက လူဦးရေစာရင်း အသစ်ပြုစုခိုင်းသောအခါ မြောက်ပိုင်းပြည်နယ်၏ လူဦးရေသည် ငါးသန်းကျော်သွားပြီဖြစ်သည်။ လုပ်သားအင်အား ရုတ်တရက်တိုးပွားလာခြင်းကြောင့် မြောက်ပိုင်းပြည်နယ်သည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာရှိသည်။
ထိုအတောအတွင်း...
ရှနိုင်ငံတော်။
နေပြည်တော်။
ဥယျာဉ်တော်အတွင်း။
ဆွမ်ဧကရာဇ်သည် နိုင်ငံတော် ပညာရှိ စစ်တူစီနှင့် စစ်တုရင်ကစားနေသည်။ ထိုစဉ် စစ်တူစီ၏ စစ်တုရင်အရုပ်ကို ကိုင်ထားသော လက်က ရပ်တန့်သွားပြီး ကစားပွဲ တစ်ခုလုံးကို ချုံကြည့်လိုက်ကာ
“ ဒီလောက် အရေးပါတဲ့ အရုပ်ကို စွန့်လွှတ်တော့မှာလား မင်းကြီး”
ဟု မေးလိုက်သည်။
ဆွမ်ဧကရာဇ်က
“ကျုပ်အတွက်တော့ နောက်ဆုံး အနိုင်ရဖို့ဆိုရင် ဘာမဆို အစားထိုးနိုင်တယ်”
ဟု အေးစက်စွာ ဖြေလိုက်သည်။
ဆွမ်ဧကရာဇ်၏ စကားမဆုံးမီ အရိပ်ကိုယ်ရံတော် ခေါင်းဆောင် အဆောင်အပြင်ဘက်တွင် ပေါ်လာကာ
“မင်းကြီး။ နေပြည်တော်က အထူးကိုယ်ရံတော်တွေဟာ ရုတ်ခြည်းပျောက်ကွယ်သွားပြီး ဖမ်းမိထားသူတွေလည်း အဆိပ်သောက်သေဆုံးသွားပါပြီ”
ဟု အစီရင်ခံလိုက်သည်။
........