အခန်း ၃၄၉-၃၅၁
Vol. 24 Ch. 349-351
အခန်း (၃၄၉)
တံခါးဖွင့်ထားတယ် ဝင်လာပါ (၂)
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်၏ အစီရင်ခံစာကို ကြားလိုက်ရပြီး ဆွမ်ဧကရာဇ်၏ မျက်နှာ ချက်ချင်း မည်းနက်သွားခဲ့သည်။
သူက
“အထူးကိုယ်ရံတော်တွေက အဆိပ်သောက်သေတဲ့အထိ ချန်းကိုသစ္စာရှိနေကြပါလား”
ဟု အေးစက်စွာ ပြောလိုက်သည်။
ဖမ်းမိပြီးနောက် ချက်ချင်းအဆိပ်သောက်သေသူများကို သစ္စာအလွန်ရှိသော အဖွဲ့ဝင်များဟု သတ်မှတ်နိုင်သည်။ ဆွမ်ဧကရာဇ် မျှော်လင့်မထားသည်မှာ ထိုသို့သေသည်အထိ သစ္စာရှိသော သူများကို လုချန်းက မွေးထုတ်နိုင်ခဲ့ခြင်းကိုဖြစ်သည်။
ဆွမ်ဧကရာဇ်သည် အထူးကိုယ်ရံတော်များအကြောင်း မကြာသေးမီကမှ သိရှိခဲ့သည်။ လုရှုယွမ်နှင့်သက်ဆိုင်သော အရေးကိစ္စများကို စုံစမ်းစဉ် အရိပ်ကိုယ်ရံတော်များက မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ နောက်ထပ်စုံစမ်းမှုများအရ အထူးကိုယ်ရံတော်များသည် အရိပ်ကိုယ်ရံတော်များနှင့်ဆင်တူသော ကြီးမားသည့် ထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီး သူတို့၏ အချက်အလက်စုဆောင်းနိုင်မှုစွမ်းရည်မှာ အရိပ်ကိုယ်ရံတော်များထက်ပင် သာလွန်နေသည်ကို တွေ့ရှိခဲ့သည်။
အရိပ်ကိုယ်ရံတော်များကလည်း ထိုကိစ္စကို ဆွမ်ဧကရာဇ်ထံ ချက်ချင်း အစီရင်ခံခဲ့သည်။ အထူးကိုယ်ရံတော်အဖွဲ့ တည်ရှိမှုကို သိရှိသောအခါ ဆွမ်ဧကရာဇ် အလွန်ဒေါသထွက်ခဲ့သည်။ သူသည် အရိပ်ကိုယ်ရံတော်များကို ရှနိုင်ငံတော်တစ်ဝှမ်း ထောက်လှမ်းရေး အချက်အလက်များစုဆောင်းရန်၊ အရာရှိများကို ကြပ်မတ်ရန်နှင့် အရေးကြီးဆုံးအနေဖြင့် သူ၏ကိုယ်စား မကောင်းသော အလုပ်များလုပ်ဆောင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
သူမျှော်လင့်မထားသည်က အခြားသူတစ်ဦးကလည်း အလားတူအဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်များအား အထူးကိုယ်ရံတော်များကို စုံစမ်းစစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုပြုလုပ်သောအခါ အထူးကိုယ်ရံတော်များသည် အမှန်စင်စစ် မြောက်ပိုင်းပြည်နယ်၏ ထောက်လှမ်းရေးအဖွဲ့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အများသိရှိပြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်နေသည်။
ထိုအချက်က ဆွမ်ဧကရာဇ်အား ပို၍ဒေါသထွက်စေခဲ့သည်။ သူမသေသေးမီတွင် လုချန်းက အရိပ်ကိုယ်ရံတော်များနှင့်တူသော အဖွဲ့အစည်းတစ်ခုကို ဖွဲ့ထားပြီး အာဏာသိမ်းရန် ကြံစည်နေခြင်းလား။
ဒေါသထွက်သွားသည့်အလျောက် ဆွမ်ဧကရာဇ်သည် နေပြည်တော်အတွင်းရှိ အထူးကိုယ်ရံတော်အားလုံးကို ဖယ်ရှားရန် အမိန့်ပေးခဲ့သည်။ သို့သော် ရလဒ်ကတော့ မထိရောက်ခဲ့ပေ။ သူတို့ကို သိသွားကြောင်း သိရှိသောအခါ အထူးကိုယ်ရံတော်များ ချက်ချင်း ပုန်းအောင်းသွားခဲ့သည်။
အထူးကိုယ်ရံတော်များ အချင်းချင်း ဆက်သွယ်မှုပုံစံမှာ တစ်ဦးနှင့်တစ်ဦး မသိရှိပဲလျှို့ဝှက်စွာ ဆက်သွယ်တတ်သဖြင့် ဖမ်းမိသူများမှ တစ်ဆင့် အားလုံးကို ဖမ်းဆီးရန် ခက်ခဲသည်။ အရေးအကြီးဆုံးအချက်မှာ အထူးကိုယ်ရံတော်များ၏ မြောက်ပိုင်းနယ်စားမင်းသားအပေါ် အပြည့်အဝသစ္စာရှိခြင်းဖြစ်သည်။ တစ်ယောက်ယောက်ကို ဖမ်းမိသည့်တိုင် ထိုသူထံမှ ဘာမှစစ်မေး၍ မရပေ။
အထူးကိုယ်ရံတော်များ၏ လုပ်ဆောင်မှုကြောင့် ဆွမ်ဧကရာဇ်သည် အရိပ်ကိုယ်ရံတော်အဖွဲ့၏ ဒုတိယခေါင်းဆောင် ပိုင်ချင်းချင်းကို စွန့်လွှတ်လိုက်ရသည်။ ဤသည်မှာ စစ်တူစီ ခုနက ရည်ညွှန်းခဲ့သော စွန့်လွှတ်လိုက်ရသည့် အရေးပါသော စစ်တုရင်အရုပ်ဖြစ်သည်။
ပိုင်ချင်းချင်းသည် မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်သော အချက်အလက်များကို နန်းတွင်းနှင့် ဆွမ်ဧကရာဇ်ထံသို့ ပေးပို့နေသော်လည်း မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်သည့် အရေးကြီးသောအချက်အလက်အချို့ကို လုံးဝဖော်ပြခြင်းမရှိကြောင်း သတိထားမိခဲ့သည်။
အရေးအကြီးဆုံးမှာ အထူးကိုယ်ရံတော်များသည် မြောက်ပိုင်းပြည်နယ်၏ အများသိရှိပြီးဖြစ်သော ထောက်လှမ်းရေးအဖွဲ့ဖြစ်သော်လည်း အရိပ်ကိုယ်ရံတော်အဖွဲ့ ဒုတိယခေါင်းဆောင် ပိုင်ချင်းချင်းက အထူးကိုယ်ရံတော်များနှင့်ပတ်သက်သည့် အချက်အလက်များကို တစ်ကြိမ်တစ်ခါမှ အစီရင်ခံခြင်း မရှိခဲ့ပေ။
ပိုင်ချင်းချင်းသည် လုချန်း၏ အိပ်ရာထဲသို့ ဝင်ရောက်ပြီး သူ၏လူယုံတစ်ဦးဖြစ်နေသော်လည်း လုချန်း၏ကိစ္စများနှင့်ပတ်သက်၍ အလွန်နည်းပါးစွာ သိရှိထားသည်။
ပိုင်ချင်းချင်း လုချန်းနှင့် ဤမျှကြာအောင် အတူနေထိုင်ပြီးနောက် ထိုအရေးကြီး အချက်အလက်များကို မစုံစမ်းနိုင်ဟု ဆွမ်ဧကရာဇ် မယုံကြည်နိုင်ချေ။ ပိုင်ချင်းချင်း သစ္စာဖောက်သွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ပိုင်ချင်းချင်း အဘယ်ကြောင့် နန်းတွင်းကို သစ္စာဖောက်ခဲ့သည်ကို သူ မသိသော်လည်း နောင်တွင် သူမဆီမှ ပို့လာသော ထောက်လှမ်းရေးအချက်အလက်များကို ယုံကြည်၍ မရနိုင်တော့ကြောင်း ဆွမ်ဧကရာဇ် သေချာစွာ သိထားသည်။
ခံစားချက်ကင်းမဲ့သော အရိပ်ကိုယ်ရံတော် ဒုတိယခေါင်းဆောင်ကို စည်းရုံးနိုင်ခဲ့သည်က လုချန်း သို့မဟုတ် သူ့နောက်ကွယ်ရှိ အင်အားစုအပေါ် ဆွမ်ဧကရာဇ်အား ပိုမိုသတိထားစေခဲ့သည်။
ထိုအချိန်တွင် ဆွမ်ဧကရာဇ်က အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား
“ပိုင်ချင်းချင်းကို ခင်ဗျားပဲ ရွေးချယ်လေ့ကျင့်ပေးခဲ့တာ။ သူ အရိပ်ကိုယ်ရံတော်အဖွဲ့ကို သစ္စာဖောက်ပြီဆိုရင် ခင်ဗျားကိုယ်တိုင် ဖြေရှင်းပါ။”
အရိပ်ကိုယ်ရံတော်ခေါင်းဆောင်က “အမိန့်တော်အတိုင်းပါ”
ဟု ချက်ချင်းဖြေကြားလိုက်သည်။
ဆွမ်ဧကရာဇ်က
“အခုပဲ သွားပါ။ မြောက်ပိုင်းပြည်နယ်မှာ ပုန်းအောင်းနေတဲ့ အရိပ်ကိုယ်ရံတော်တစ်ဦးတစ်ယောက်မှ မကျန်စေနဲ့။”
ဟုဆက်ပြောလိုက်သည်။
“အမိန့်အတိုင်းပါ။”
“ကျေးဇူးပြုပြီး ခွင့်ပြုပါ။”
ထို့နောက် အရိပ်ကိုယ်ရံတော်ခေါင်းဆောင် ဥယျာဉ်တော်မှ ထွက်ခွာသွားခဲ့သည်။
အရိပ်ကိုယ်ရံတော်ခေါင်းဆောင် ထွက်ခွာသွားပြီးနောက် ဆွမ်ဧကရာဇ်လည်း စစ်တုရင် ဆက်မကစားတော့ပေ။ သူက ထိုင်ခုံမှ ထလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရေကန်ထဲမှငါးများ လွတ်လပ်စွာ ကူးခတ်နေပုံကို ကြည့်ရှုနေသည်။
လုချန်းက ကျူးကဲ့ကျုံကောင်းနှင့် ချူးယွဲ့တို့ရဲ့ တိတ်တိတ်ပုန်းသားလားဟု သူစဉ်းစားမိသည်။ သို့သော် ကျူးကဲ့ကျုံကောင်းသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် အသက် တစ်ရာ ကျော်နေ ပြီဖြစ်ပြီး ချူးယွဲ့ကတော့လူငယ်ဖြစ်နေသည်။ အဖိုးအိုတစ်ဦးကို သူမ စိတ်ဝင်စားလိမ့်မည် မဟုတ်ပေ။
လုချန်းက ကျူးကဲ့ကျုံကောင်းနှင့် ချူးယွဲ့တို့ရဲ့ တိတ်တိတ်ပုန်း သားမဟုတ်ဘူးဆိုရင် ကျူးကဲ့ကျုံကောင်းက အဘယ်ကြောင့် လုချန်းဘက်မှာ ရပ်တည်ပြီး ကမ္ဘာလုံးဆိုင်ရာအကယ်ဒမီတစ်ခုလုံးကို မြောက်ပိုင်းပြည်နယ် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။
ဆွမ်ဧကရာဇ်၏အတွေးများ ရှုပ်ထွေးနေစဉ် အရိပ်ကိုယ်ရံတော်တစ်ဦး ဥယျာဉ်တော်အတွင်းသို့ ဝင်ရောက်လာကာ
“မင်းကြီး။ တုန်းဖန်မိသားစုရဲ့ ကုန်သင်္ဘော တွေဟာ မကြာသေးခင်က မြောက်ပိုင်းပြည်နယ်ကို ဆန်စပါးတွေ သယ်ယူနေပါတယ်။ ကျွန်တော်တို့ တားဆီးသင့်ပါလား” ဟု မေးမြန်းလာသည်။
ထိုစကားများကို ကြားလိုက်ရသည်နှင့် ဆွမ်ဧကရာဇ်၏ မျက်ခုံးများ ကျုံ့သွားပြီး မျက်နှာအမူအရာလည်း ပို၍ပင် ဆိုးရွားလာသည်။ ထိုစဉ် ရုတ်တရက် လေလှိုင်းများ ပေါ်ပေါက်သွားပြီး ရေကန်အတွင်းရှိ ငါးကြင်းများလည်း လန့်ဖျပ်ပြီး ရေနက်ပိုင်းသို့ ငုပ်လျှိုးသွားကြသည်။
တုန်းဖန်မိသားစုသည် သူနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီချက် ယူထားပြီးဖြစ်သည်။ သို့သော် ယခုအချိန်တွင် နန်းတွင်းစစ်တပ် ပုန်ကန်သူများကို နှိမ်နင်းခြင်းတွင် အာရုံစိုက်ရမည့်အစား သူတို့က စီးပွားရေးလုပ်နေကြခြင်းဖြစ်သည်။
တုန်းဖန်မိသားစု၏ ကုန်သင်္ဘောများ မြောက်ပိုင်းပြည်နယ်သို့ သွားခြင်းက အခြားရည်ရွယ်ချက်များ ရှိမည်ဟု ဆွမ်ဧကရာဇ် သံသယ မဖြစ်ပေ။ သူ၏မျက်လုံးထဲတွင် ကုန်သည်များသည် အမြတ်အစွန်းအတွက်သာ အလုပ်လုပ်ကြသူများ ဖြစ်သည်။ လက်ရှိ ရှနိုင်ငံတော်အတွင်း ပဋိပက္ခများကြောင့် ဆန်စပါးဈေးနှုန်းများ အဆပေါင်းများစွာ မြင့်တက်နေသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။
သို့သော် တုန်းဖန်မိသားစု၏ လုပ်ဆောင်ချက်များက သူ့အား အလွန်မနှစ်မမြို့ ဖြစ်စေသည်။
ခဏအကြာတွင် ဆွမ်ဧကရာဇ်က
“တုန်းဖန်မိသားစုရဲ့ ကုန်သင်္ဘောတွေ လိုအပ်တာတွေရှိရင် သူတို့လိုအပ်သမျှ ထောက်ပံ့ပေးလိုက်ပါ။ နောက်ပြီး တုန်းဖန်မိသားစုရဲ့ ကုန်သင်္ဘောတွေ မြောက်ပိုင်းပြည်နယ်သွားတဲ့လမ်းမှာ လိုက်လံစောင့်ကြပ်ပေးဖို့ တစ်ယောက်ယောက် ကို တာဝန်ပေးပါ”
ဟု နောက်ဆုံးတွင် ပြောလိုက်သည်။
တုန်းဖန်မိသားစု ပုန်ကန်သူများနှင့် ပူးပေါင်းပြီး မြောက်ပိုင်းသို့ ထွက်သွားခြင်းဟု ဆွမ်ဧကရာဇ် မထင်သော်လည်း သတိထားသည်က အကောင်းဆုံးဖြစ်သည်။
........
အခန်း (၃၅၀)
တံခါးဖွင့်ထားတယ် ဝင်လာပါ (၃ )
“ဟုတ်ကဲ့။ ကျွန်တော် နားလည်ပါပြီ။”
“ကျွန်တော့်ကို ခွင့်ပြုပါ။”
ထို့နောက် အရိပ်ကိုယ်ရံတော်လည်း ဥယျာဉ်မှ ထွက်ခွာသွားသည်။
အရိပ်ကိုယ်ရံတော် ထွက်ခွာသွားပြီးနောက် ဆွမ်ဧကရာဇ်၏ မျက်လုံးထဲတွင် ရေခဲတမျှ အေးစက်သော အလင်းတစ်ခု ဖျတ်ခနဲတောက်လာသည်။ တုန်းဖန်မိသားစုသည် ယခုလို အချိန်တွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရဲခြင်းမှာ သူတို့အနေနှင့် နန်းတွင်းနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ပြီး သူတို့မိသားစုကို နန်းတွင်းမှ ဘာမှမလုပ်ရဲဟု ထင်မှတ်နေသောကြောင့် ဤမျှရဲရင့်စွာ ပြုမူနေခြင်းဖြစ်သည်။
တုန်းဖန်မိသားစု၏ ယခုလို ပြုမူပုံသည် ဧကရာဇ်တစ်ပါးဖြစ်သော သူ့အား အလေးမထားကြောင်း ထင်ရှားစွာ ပြသလျက်ရှိသည်။
တုန်းဖန်မိသားစုသည် နန်းတွင်းသို့မဝင်ရသေးမီကပင် ထိုသို့ပြုမူနေပါက ဝင်ရောက်ပြီးနောက် မည်သို့ဖြစ်လာမည်ကို ဘယ်သူမှ မသိနိုင်ပေ။
သို့သော် ဆွမ်ဧကရာဇ်သည် တုန်းဖန်မိသားစုအား ထိုသေးငယ်သော လှုပ်ရှားမှုကြောင့် အရေးယူမည်မဟုတ်ပါ။ တုန်းဖန်မိသားစုသည် အခြားမိသားစုများနှင့် တစ်ဖွဲ့တည်း မဟုတ်သလို တည်ငြိမ်သော အာဏာအခြေစိုက်ရာ နေရာလည်း မရှိပါ။ တောင်ပိုင်းရှိ အခြားအာဏာရှိမိသားစုများကို သုတ်သင်ပြီးသည်နှင့် တုန်းဖန်မိသားစုသည်လည်း သူတို့၏ခြေကုပ် ဆုံးရှုံးသွားမည်ဖြစ်သည်။
အခြေစိုက်ရာ နေရာမရှိသော မိသားစုတစ်ခုကို ရှင်းလင်းရသည်က အလွယ်ကူဆုံးဖြစ်သည်။
ယခုအချိန်တွင် တုန်းဖန်မိသားစုအား ရက်အနည်းငယ်ခန့် စိတ်ကြိုက်လုပ်ခွင့်ပေးထားမည်ဖြစ်သည်။ ရှနိုင်ငံတော်ရှိ အာဏာရှိမိသားစုများ ကိုင်တွယ်ပြီးသည်နှင့် တုန်းဖန်မိသားစုကို ဖြေးဖြေးချင်း အရေးယူသွားမည်ဖြစ်သည်။
...
မြောက်ပိုင်းပြည်နယ်။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။
ဝမ်ရွန်ဆောင်။
နေဝင်ချိန်တွင် ဆည်းဆာ၏ လိမ္မော်ရောင် အလင်းများက မိုးကောင်းကင်တစ်ခွင်လုံးကို ဖုံးလွှမ်းထားသည်။
ထိုအချိန်တွင် အဆောင်ငယ်တစ်ခု အတွင်းရှိ ချန်ဝမ်ရွန်သည် သူမ၏လက်ထဲရှိ ထောက်လှမ်းရေးအစီရင်ခံစာကို ကြည့်ရှုနေ၏။ သို့သော် သူမ၏ မျက်နှာတွင် ဘာမှမပြောင်းလဲပဲ အေးစက်စွာ ရှိနေသည်။
ထိုအချိန်တွင် သူမ၏မျက်လုံးများက ထောက်လှမ်းရေးအစီအရင်ခံစာများကို ပြန်စီနေသော လင်ဝမ်ရွန်ကို တစ်ချက်ကြည့်လိုက်သည်။
မကြာသေးမီက ရက်များအတွင်း လင်ဝမ်ရွန်သည် ညတိုင်း အပြင်ထွက်သွားလေ့ရှိပြီး မနက်လင်းမှသာ ပြန်လာလေ့ရှိသည်။
သူမ အပြင်တွင် ဘာလုပ်နေသည်ကို ချန်ဝမ်ရွန်သည် အတိုင်းအတာတစ်ခုအထိ မှန်းဆပြီးဖြစ်သည်။ လင်ဝမ်ရွန်သည် လုချန်းနှင့် မဟုတ်တာ သွားလုပ်နေခြင်း ဖြစ်သည်။
နံနက်တိုင်း ပြန်ရောက်လာသည့်အခါတွင် လင်ဝမ်ရွန် အလွန်ပင်ပန်းနွမ်းနယ်နေတတ်ပြီး အဝတ်အစားများလည်း မကြာခဏ စုတ်ပြဲနေတတ်သည်။
အကြောင်းအရင်းကို မသိသော်လည်း
လင်ဝမ်ရွန်၏အပြုအမူ ပိုမိုရင့်ကျက်လာသည်ကို ချန်ဝမ်ရွန် သတိထားမိသည်။ သူမသည် ပိုမိုတည်ငြိမ်လာပြီး စည်းကမ်းလည်းပိုရှိလာကာ သူမ၏ အမူအရာများတွင်လည်း သိသိသာသာ ပြောင်းလဲမှုရှိလာသည်။ ယခု လင်ဝမ်ရွန်သည် အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး၏ ပုံစံနှင့် ပိုတူလာသည်။
လင်ဝမ်ရွန် ယခုလို ပြောင်းလဲလာတာ လုချန်းကြောင့်လားဟု ချန်ဝမ်ရွန် တွေးမိသည်။
ထိုအချိန်တွင် လင်ဝမ်ရွန်သည် ထောက်လှမ်းရေးအချက်အလက်များကို စီပြီးသွားပြီး ချန်ဝမ်ရွန်ကို ကြည့်ကာ
“နန်းတော်သခင်။ ရန်ခရိုင်ကို ဝေစုယွမ် ရက်အနည်းငယ်အတွင်း ရောက်လာပါလိမ့်မယ်။”
လင်ဝမ်ရွန်၏ စကားသံကိုကြားလိုက်ရမှ ချန်ဝမ်ရွန်လည်း သတိပြန်ဝင်ကာ
“အင်း”
ဟု စိတ်မပါသလို ပြန်ဖြေလိုက်သည်။
လင်ဝမ်ရွန်က
“အဲ့ဒီ ဝေစုယွမ်ဆိုတဲ့သူက ဘယ်သူလဲ နန်းသခင်။ နန်းသခင် အရင်က သူနှင့် စာချင်းအဆက်အသွယ်ရှိတာ မှတ်မိတယ်”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်သည် ချန်နိုင်ငံမှ မဟုတ်သောကြောင့် ချန်နိုင်ငံနှင့်ပတ်သက်သည့် အရာများကို နက်နက်ရှိုင်းရှိုင်း မသိသလို ချန်နိုင်ငံတော်တွင် ယခင်က အာဏာရှိခဲ့သူများကိုလည်း မသိပါ။
ဝေစုယွမ်ဆိုသူမှာ ချန်နိုင်ငံမှဖြစ်မည်ဟုသာ သူမ မှန်းဆမိသည်။ မဟုတ်ပါက ချန်ဝမ်ရွန် သူနှင့် မကြာခဏ စာချင်းဆက်သွယ်မှု ရှိမည်မဟုတ်ပါ။
ချန်ဝမ်ရွန်က
“သူက ချန်နိုင်ငံကို သစ္စာတဲ့ မိသားစုတစ်ခုကပါ။ ချန်နိုင်ငံပျက်သုဉ်းပြီးနောက်ပိုင်း ဝေမိသားစု လွတ်မြောက်သွားပြီး လေမုန်တိုင်းကျွန်းမှာ ခိုလှုံခဲ့ကြတယ်။ သူတို့က လေမုန်တိုင်းကျွန်းမှာ အင်အားစုစည်း တည်ဆောက်ထားပြီး ချန်နိုင်ငံတော်ပြန်လည်ထူထောင်နိုင်မယ့်နေ့ကို စောင့်မျှော်နေကြတယ်”
ဟု ဖြေလိုက်သည်။
လင်ဝမ်ရွန်က
“ဪ အဲ့ဒီလိုကိုး။”
ထိုအချိန်တွင် ချန်ဝမ်ရွန်က
“ ကျွန်မ ဒီနေ့ည အပြင်ရမယ် ဒေါ်လေးလင်။”
ထိုစကားကိုကြားလိုက်ရသောအခါ လင်ဝမ်ရွန် ခဏခန့် တုန်လှုပ်သွားပြီး
“ ဘယ်ကိုသွားမှာလဲ နန်းတော်သခင်”
ဟု မေးလိုက်သည်။
လုချန်းထံမှ အဆိပ်ဖြေဆေးကို မရရှိသေးသည်ကို လင်ဝမ်ရွန် တွေးမိသည်။ ချန်ဝမ်ရွန် အပြင်ထွက်နေစဉ် အဆိပ်ထလျှင် ဘယ်လိုလုပ်မလဲ။
ချန်ဝမ်ရွန်က
“အရပ်ရပ်က ချန်နိုင်ငံရဲ့ အရာရှိဟောင်းတစ်ချို့ ရန်ခရိုင်မှာ ရောက်နေကြတယ်။ ကျွန်မ ဒီနေ့ည သူတို့နဲ့ တွေ့ဖို့ သွားရမယ်”
ဟု ဖြေလိုက်သည်။
လင်ဝမ်ရွန်က
“အဲ့ဒါဆိုရင် ဒေါ်လေးလည်း လိုက်မယ်လေ” ဟု အကြံပြုလိုက်သည်။
ချန်ဝမ်ရွန်က
“မလိုပါဘူး။ဒေါ်လေးလင်လည်း အခုတလော ကျန်းမာရေးမကောင်း ဖြစ်နေသလိုပဲ။ ဒီနေ့ည ကောင်းကောင်း အနားယူလိုက်ပါ။”
လင်ဝမ်ရွန်၏ စိတ်ထဲ ခဏတာမျှ ဗလာဖြစ်သွားသည်။
အမှန်တွင် သူမ ကျန်းမာရေးမကောင်းခြင်းမဟုတ်ပါ။ နေ့စဉ် လုချန်းနှင့် ဆက်ဆံရခြင်းကြောင့် သူမ၏ဦးနှောက် အနည်းငယ်ဝေဝါးနေပြီး လမ်းလျှောက်ရာတွင် တစ်ခါတစ်ရံ လေထဲမျောပါနေသကဲ့သို့ ခံစားနေရခြင်းဖြစ်သည်။
လင်ဝမ်ရွန်က
“ကောင်းပါပြီ။”
အဆိပ်ဖြေဆေးမရှိပဲ ချန်ဝမ်ရွန် မင်းသားစံအိမ်အပြင်တွင် မည်မျှကြာအောင် နေနိုင်မည်ကို ညကျလျှင် လုချန်းအား မေးမြန်းရန် လင်ဝမ်ရွန် စဉ်းစားလိုက်သည်။
ထိုအတွေးဖြင့် လင်ဝမ်ရွန်က ဆက်မေးလိုက်သည်
“နန်းတော်သခင် ဒီနေ့ည သူတို့နဲ့ ဘယ်နေရာမှာ တွေ့မှာလဲ။”
လင်ဝမ်ရွန်တွေးမိသည်။ အကယ်၍ ချန်ဝမ်ရွန် တစ်ညလုံးအပြင်ထွက်နေရင်း အဆိပ်ထလာပါက သူမသွားမည့်နေရာကို သိထားလျှင် လိုအပ်ပါက ချက်ချင်းသွားရောက်ကူညီနိုင်မည်ဖြစ်သည်။
ချန်ဝမ်ရွန်က
“မြို့တောင်ပိုင်းက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ စားသောက်ဆိုင်မှာပါ”
ဟု အေးစက်စွာ ဖြေလိုက်သည်။
လင်ဝမ်ရွန်က
“နားလည်ပါပြီ နန်းသခင်။ တစ်ခုခုဖြစ်ရင် ကျွန်မကို ချက်ချင်းအကြောင်းကြားပါ”
ဟု ပြောလိုက်သည်။
ချန်ဝမ်ရွန်က
“အင်း”
ဟု ညင်သာစွာ အသံထွက်ပြီး နောက်ထပ်မပြောတော့ပေ။
ညအချိန်ရောက်သောအခါ ချန်ဝမ်ရွန်သည် လှည်းတစ်စီးဖြင့် မြို့တောင်ပိုင်းသို့ ထွက်ခွာသွားသည်။ လုချန်းလည်း ညစာစားပြီးနောက် စာကြည့်ခန်းသို့သွားကာ အလုပ်အချို့ ဆက်လုပ်ရန် တွေးလိုက်သည်။ ထိုအချိန်တွင် ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားသည်ကို တိုက်ဆိုင်စွာ မြင်လိုက်ရသည်။
ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်နှင့် လုချန်းလည်း သူ၏ ခရီးလမ်းကြောင်းကို ပြောင်းလဲကာ ဝမ်ရွန်အဆောင်ဘက်သို့ ဦးတည်လျှောက်လာသည်။
ထိုအချိန်တွင် လင်ဝမ်ရွန်၏ အခန်းထဲ၌ မီးလင်းနေဆဲဖြစ်သည်။ ထိုအရာကို မြင်လိုက်ရသည်နှင့် လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြှင့်တက်လာသည်။
ညဘက်အချိန်ပို အလုပ်လုပ်ခြင်းက အမြဲတမ်း မကောင်းပါ။ ထို့ကြောင့် ယနေ့ညတွင် စာကြည့်ခန်းသို့ အလုပ်လုပ်ရန် မသွားတော့ပဲ လင်ဝမ်ရွန်၏ အခန်းသို့ သွားရန် လုချန်း ဆုံးဖြတ်လိုက်သည်။
ထိုအတွေးဖြင့် လုချန်းလည်း လင်ဝမ်ရွန်၏ အခန်းဆီသို့ ဦးတည်လျှောက်လာခဲ့သည်။
ထိုအချိန်တွင် လင်ဝမ်ရွန် သူမ၏အခန်းထဲတွင် ထိုင်နေပြီး အဝတ်အစားများကို ချုပ်နေသည်။ ချုပ်လုပ်နေသော အဝတ်၏ အရွယ်အစားအရ ကလေးတစ်ဦးအတွက် ဖြစ်ကြောင်း ထင်ရှားသည်။
လင်ဝမ်ရွန်သည် လုချန်း၏ကလေးကို မရသေးသော်လည်း လုချန်း၏ကလေးကို မမွေးဖွားနိုင်ပါက သူမအား လွှတ်ပေးမည် မဟုတ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် သူမတွင် အချိန်ရသည့်အခါတွင် သူမ၏အနာဂတ်ကလေးအတွက် အဝတ်အစားအစုံအလင်ကို အဆင်သင့်ပြင်ဆင်ထားရန် အစီအစဉ်ရှိသည်။
လင်ဝမ်ရွန် အာရုံစိုက်၍ အဝတ်ချုပ်နေစဉ် ရုတ်တရက် တံခါးခေါက်သံကြားရသည်။
သူမက
“ဘယ်သူလဲ”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာသွားပြီဖြစ်သောကြောင့် ဤအချိန်တွင် သူမ၏အခန်းသို့ လာရောက်သူ မရှိသင့်ပါ။ ထိုအချိန်တွင် ရင်းနှီးပြီးသားလူငယ်တစ်ဦး၏ အသံကို ကြားလိုက်ရသည်။
“ဒေါ်လေးလင် ကျွန်တော်ပါ။”
လုချန်း၏အသံကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်၏ ခန္ဓာကိုယ် အလိုလိုတုန်လှုပ်သွားသည်။
မကြာမီ လင်ဝမ်ရွန်၏ စိတ်များငြိမ်သက်သွားပြီး သူမချုပ်နေသော အဝတ်အစားများကို လျင်မြန်စွာချလိုက်၏။ ထို့နောက် ဝါး ခြင်းတောင်းထဲသို့ ထည့်လိုက်ကာ ဗီရိုထဲတွင် ဝှက်ထားလိုက်သည်။
ထိုအရာအားလုံး ပြီးစီးသွားပြီးနောက် လင်ဝမ်ရွန်က
“တံခါးဖွင့်ထားတယ်။ ဝင်လာပါ။”
..........
အခန်း (၃၅၁)
တကယ် ဒုက္ခရောက်ခဲ့ရတယ် (၁ )
လင်ဝမ်ရွန်၏စကားကို ကြားလိုက်ရသည်နှင့် တံခါးကိုတွန်းဖွင့်ကာ လုချန်း အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲရောက်သွားပြီးနောက် တံခါးမင်းတုတ်ကို ချလိုက်သည်။
ထိုအရာအားလုံး ပြုလုပ်ပြီးနောက် လုချန်းက ခပ်လှမ်းလှမ်းမှ မိန်းမလှကို ကြည့်လိုက်သည်။ ထိုအချိန်တွင် လင်ဝမ်ရွန်၏ လှပသောမျက်နှာသည် အနည်းငယ်နီရဲနေပြီး တစ်ယောက်ယောက် သိသွားမှာကို ကြောက်နေသကဲ့သို့ တင်းမာနေသည်။
လုချန်းသည် ပြုံးရယ်လျက်
“ ဒေါ်လေးလင်။ ချန်မိန်းကလေး မင်းသားစံအိမ်ကနေ ထွက်သွားတာကို ကျွန်တော်မြင်လိုက်တယ်။ သူဒီည ဘယ်ကိုသွားမှာလဲ”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်သည် မျက်နှာနီရဲလျက်
“ရန်ခရိုင်မှာ အထူးကိုယ်ရံတော်တွေ နေရာ အနှံ့အပြားမှာ ရှိနေတယ်။ သူဘယ်ကိုသွားလဲ မင်းမသိတာ မဖြစ်နိုင်ဘူး”
ဟု ပြန်ဖြေလိုက်သည်။
လုချန်းက လင်ဝမ်ရွန်ထံသို့ ချဉ်းကပ်သွားပြီး သူ၏ကြီးမားသောလက်ဖြင့် သူမ၏ခါးကို ပွေ့ဖက်လိုက်သည်။
လုချန်း၏ထိတွေ့မှုကို ခံလိုက်ရသည်နှင့် လင်ဝမ်ရွန်၏ နူးညံ့သောကိုယ်ခန္ဓာလည်း တစ်ခေါက်ထပ်၍ တုန်လှုပ်သွားသည်။ သူမလုချန်းနှင့် ထိုကိစ္စကို မကြာခဏပြုလုပ်ဖူးသော်လည်း သူ၏အထိအတွေ့တိုင်းက သူမကို စိတ်လှုပ်ရှား စေသည်။
တစ်ဖက်တွင် သူမသည် အလွန်အမင်းရှက်ကြောက်နေပြီး အခြားတစ်ဖက်တွင် သူမ၏အပြုအမူများကို ချန်ဝမ်ရွန်က သိရှိသွားမည်ကို အလွန်ကြောက်ရွံ့နေကာ အပြစ်ရှိသလို ခံစားနေရသည်။
ထိုအချိန်တွင် လင်ဝမ်ရွန်က
“နန်းတော်သခင်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်က ဘယ်လောက်ကြာရင် ထလာနိုင်လဲ”
ဟု မေးလိုက်သည်။
လုချန်းက ပြုံးရယ်လျက်
“စိတ်မပူပါနဲ့။ အဲဒီလောက်မြန်မြန် မထပြန်ပါဘူး။ အဆိပ်ဖြေဆေးမသောက်ပဲနေရင်တောင် ဆယ်ရက်ကနေ နှစ်ပတ်အထိ ပြဿနာမရှိပါဘူး။”
ထိုစကားကိုကြားလိုက်ရသောအခါ လင်ဝမ်ရွန် အတန်ငယ် စိတ်သက်သာရာရသွားသည်။ ဆယ်ရက်မှ နှစ်ပတ်အတွင်း ပြဿနာမရှိပါက ချန်ဝမ်ရွန် တစ်ညလောက် အပြင်ထွက်ခြင်းက ဘာမှမဖြစ်လောက်ဟု ယူဆလိုက်သည်။
ထိုအချိန်တွင် လုချန်းက ပြုံးရယ်လျက်
“ ဒေါ်လေးလင် အခုတလော ဝလာတယ်ထင်တယ်။ ခန္ဓာကိုယ်မှာ အသားတွေလည်း ပိုများလာတယ်။”
စကားပြောရင်း လုချန်း၏လက်က လင်ဝမ်ရွန်၏ခါးကို ညင်သာစွာ ညစ်လိုက်သည်။
ထိုအခါ လင်ဝမ်ရွန်က ‘ဟင်း’ဟု တစ်ချက်အသံပြုကာ ဘာစကားမှ ဆက်မပြောတော့ပေ။
လုချန်း
“ ဒေါ်လေး ခုနက ဘာလုပ်နေတာလဲ။ ကျွန်တော်ဝင် လာတဲ့အချိန်မှာ ဒေါ်လေး အရမ်းတုန်လှုပ်နေတာကိုတွေ့တယ်”
ဟု မေးလိုက်သည်။
လင်ဝမ်ရွန်က
“ဘာမှမလုပ်ဘူး”
ဟု လျင်မြန်စွာဖြေလိုက်သည်။
ကလေးအတွက် အဝတ်အစားများ ပြင်ဆင်နေကြောင်း လုချန်းကို မသိစေလိုပါ။ ထိုလူဆိုးလေးသိသွားပါက သူမ သူ့ကို လုံးဝစွဲလန်းသွားပြီဟု ထင်ကာ ပို၍ ထိန်းမရသော အပြုအမူများ ပြုလာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
လင်ဝမ်ရွန်၏မျက်နှာတွင် တုန်လှုပ်မှုများထပ်ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် သူမ သူ့အားတစ်ခုခုကို ဖုံးကွယ်ထားကြောင်း လုချန်း သိလိုက်သည်။ ထို့နောက် သူက သူမကို ပွေ့ချီလိုက်ပြီး အိပ်ရာပေါ်သို့ သယ်ဆောင်သွားလိုက်သည်။
လင်ဝမ်ရွန် မခုခံပါ။ နောက်ဆက်ဖြစ်လာမည့်အရာကို သူမသိထားသည်။
လင်ဝမ်ရွန်ကို အိပ်ရာပေါ်တင်ပြီးနောက် လုချန်းက သူမ၏နီရဲနေသောပါးပြင်ကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။
“ကျွန်တော်အရင်က ဒေါ်လေးကိုပြောဖူးတာမှတ်မိလား။ ဒေါ်လေးနဲ့ ချန်မိန်းကလေးတို့ နှစ်ယောက်လုံး ကျွန်တော့်ကိုလက်ထပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော် ချန်မိန်းကလေးကို အန္တရာယ်မပြုတော့ဘူး”
လင်ဝမ်ရွန်က လုချန်း၏ မျက်လုံးများကို စိုက်ကြည့်နေပြီး သူမ၏နှလုံးလည်း ထိန်းမရအောင် တဒိန်းဒိန်း ခုန်နေသည်။ သူမ၏စိတ်ထဲတွင် သူတို့စိတ်အလိုလိုက် ပျော်ပါးနေသော ပုံရိပ်များကို မြင်ယောင်နေသော်လည်း ယခုအချိန်အထိ သူမ သတိရှိနေဆဲဖြစ်သည်။
လုချန်း၏ စကားကိုကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်က ချက်ချင်းပင်
“မဖြစ်နိုင်ဘူး။ ဒေါ်လေးဘယ်တော့မှ သဘောတူမှာမဟုတ်ဘူး”
ဟု ပြန်ဖြေလိုက်သည်။
“မင် ရွန်ရွန့်ရဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်ချင်တယ်ဆိုရင် ဒေါ်လေးသေမှ ရမယ်။”
လင်ဝမ်ရွန် လုချန်းကို လုံးဝမယုံကြည်ပါ။ သူမရှိပဲ သူမ မနေနိုင်ကြောင်း နားလည်ထားပြီး သူမ၏ဘဝတစ်ခုလုံးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကုန်ဆုံးရတော့မည်ဟု သိထားသော်လည်း ချန်ဝမ်ရွန်အား သူမကဲ့သို့ ဖြစ်စေရန် ခွင့်မပြုနိုင်ပါ။
ချန်ဝမ်ရွန်တွင် သူမ၏ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အနာဂတ်ရှိသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လုချန်း၏ ကလေးများ မွေးဖွားပြီး သူမ တစ်သက်လုံး မည်သို့နေနိုင်မည်နည်း။
လုချန်း တစ်နေ့တွင် ဧကရာဇ်ဖြစ်လာမည် ဆိုလျှင်တောင် မဖြစ်နိုင်ပေ။ ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး သူမ၏အာရုံစိုက်ရမည့်အရာမှာ ကျင့်စဉ်များသာဖြစ်သည်။ ဤလောကီကိစ္စရပ်များမှာ သူမဘဝအတွေ့အကြုံ၏ အစိတ်အပိုင်း တစ်ခုမျှသာဖြစ်သည်။
လုချန်းဆိုသော ဤလူငယ်လေးသည် အမျိုးသမီးများစွာ ရရှိပြီးသားဖြစ်သော်လည်း မကျေနပ်သေးပဲ ချန်ဝမ်ရွန်ကိုပါ သူ၏သားသမီးမွေးဖွားစေလိုနေသည်။
လင်ဝမ်ရွန်၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်လိုက်ရသော လုချန်းက ပြုံးရယ်ကာ
“ဒေါ်လေးကို သေစေဖို့က လွယ်ပါတယ်”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရတော့ လင်ဝမ်ရွန်၏ နှလုံးတုန် သွားသည်။
လုချန်း သူမကို ငြီးငွေ့သွားပြီဟု သူမထင်မိသည်။ ထို့ကြောင့် ချန်ဝမ်ရွန်နှင့် သူ့ကြား မနှောင့်ယှက်နိုင်စေရန် သူမကို အဆုံးသတ်ရန် ရည်ရွယ်နေခြင်းဖြစ်မည်။
အစကတည်းက သူတို့သည် ဆန့်ကျင်ဘက်အဖွဲ့များမှ လာခဲ့ကြသည်။ လုချန်း၏စကားများက ယုံကြည်စိတ်ချရခြင်း မရှိပေ။ ထို့ကြောင့် သူမကိုသတ်မည်ဆိုပါကလည်း မထူးဆန်းပါ။
ထိုအချိန်တွင် လင်ဝမ်ရွန် သူမ၏အတွင်းအားကို စမ်းသပ်ကြည့်လိုက်သည်။ ယခင်ကကဲ့သိုပင် အတွင်းအား ပျောက်ဆုံးနေသည်ကို တွေ့ရှိရသည်။ လုချန်းက သူမ၏ အတွင်းအားကို ပိတ်ဆို့ထားခြင်းဖြစ်သည်။
သူမသည် ထိပ်သီးပညာရှင်တစ်ဝက်အဆင့်သာ ဖြစ်သဖြင့် အဆင့်လွန်ပညာရှင်တစ်ဦးကို အနိုင်ယူနိုင်ရန် အခွင့်အလမ်းမရှိပေ။
ထိုအတွေးဖြင့် လင်ဝမ်ရွန်လည်း မျက်လုံးများကို ပိတ်လိုက်ပြီး
“အဲ့ဒါဆိုလည်း သတ်လိုက်ပါ။”
ထိုအခြေအနေကို မြင်လိုက်ရတော့ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာသည်။ လင်ဝမ်ရွန်ကို သူဘာလို့ သတ်ရမှာလဲ။ သူမ နားလည်မှု လွဲနေခြင်းဖြစ်သည်။
ထို့နောက် လုချန်းသည် သူမ၏နားနားကပ်၍ တွင်
“သေတဲ့နည်းတွေ အများကြီးရှိတယ်... ဥပမာ လှလှပပ သေဆုံးတာမျိုး...”
ဟု တိုးတိုးလေးပြောလိုက်သည်။
လုချန်း၏စကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန် အနည်းငယ် အံ့အားသင့်သွားသည်။ လှလှပပ သေဆုံးခြင်းလား။ ဘာကိုဆိုလိုတာလဲ။
လင်ဝမ်ရွန် လုချန်း၏စကားကို နားမလည်နိုင်မီ သူမ၏နှုတ်ခမ်းများပေါ်တွင် နွေးထွေးသောအရာတစ်ခု ဖုံးအုပ်လာသည်ကို ခံစားလိုက်ရသည်။
“အမ်... အမ်”
လုချန်းက လင်ဝမ်ရွန်ကို စနမ်းလိုက်သည်။ လင်ဝမ်ရွန်က သေဆုံးမှုအရသာကို ခံစားလိုပါက သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
...
ထိုအတောအတွင်း...
ရန်ခရိုင် တောင်ပိုင်းရှိ လျှို့ဝှက်လဝန်းနန်းတော်မှ ဖွင့်လှစ်ထားသော စားသောက်ဆိုင် တစ်ခုတွင်...
အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော ချန်ဝမ်ရွန်သည် ဒုတိယထပ်တွင် ရှိနေသည်။ အောက်ထပ်တွင် ချန်နိုင်ငံတော်မှ အမတ်ဟောင်းများ ရှိနေကြသည်။
........