← Chapters

အခန်း ၃၅၂-၃၅၄

Vol. 24 Ch. 352-354

အခန်း ၃၅၂-၃၅၄

Vol. 24 Ch. 352-354

အခန်း (၃၅၂)

တကယ် ဒုက္ခရောက်ခဲ့ရတယ် (၂)

သူတို့၏ မင်းသမီး အသက်ရှင်နေသေးသည်ကို ကြားသိရသည့် နေ့မှစ၍ ချန်နိုင်ငံ၏ အရာရှိဟောင်းများ အလွန်တက်ကြွလာကြပြီး အချို့မှာ ညတွင်းချင်း မြောက်ပိုင်းပြည်နယ်သို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်ာ

ထိုအချိန်တွင် ချန်နိုင်ငံတော်၏ အမတ်ဟောင်းတစ်ဦးက

“မင်းသမီး။ အခု မင်းသမီးဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ နန်းတော်သခင်အဖြစ် ကျောထောက်နောက်ခံ ရှိနေပါပြီ။ ကျွန်‌ တော်တို့ရဲ့ နိုင်ငံပြန်လည်ထူထောင်ရေး မျှော်လင့်ချက်က မဝေးတော့ပါဘူး။”

အခြားတစ်ဦးက ဆက်လက်၍

“ယခု ရှနိုင်ငံတော်မှာ အတွင်းရေး မငြိမ်သက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ရှနိုင်ငံတော်ရဲ့ နန်းတွင်းတပ်တွေ တောင်ပိုင်းသူပုန်တွေကို နှိမ်နင်းနိုင်ရင်တောင် သူတို့ရဲ့ အင်အား အလွန်နည်းသွားပါလိမ့်မယ်။ နောက်ပြီး ဝူနိုင်ငံတော်တာ်မှာလည်း ပုန်ကန်တွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ တပ်တွေဟာ ယခင်ချန်နိုင်ငံတော်ရဲ့ နယ်မြေတွေကနေ ရုပ်သိမ်းသွားပါပြီ။ အခုအချိန်မှာ မင်းသမီး ချန်နိုင်ငံတော်ရဲ့ နန်းမြို့တော်ကို ပြန်သွားပြီး မင်းသမီး အသက်ရှင်နေသေးတာကို ပြသဖို့ လိုပါတယ်။ အဲ့ဒီအခါကျရင် ချန်နိုင်ငံတော်ပြည်သူတွေက မင်းသမီးကို ထောက်ခံပြိီးနိုင်ငံကို ပြန်လည်ထူထောင်ဖို့ ပါဝင်လာကြပါလိမ့်မယ်။”

ရှနိုင်ငံတော်၏ ဆီဝူခရိုင်နှင့် ကပ်လျက် နယ်မြေနှစ်ခုမှာ ယခင်က ချန်နိုင်ငံတော်၏ နယ်မြေများဖြစ်ခဲ့သည်။ ရှနိုင်ငံတော်နှင့် ဝူနိုင်ငံတော်တို့ စစ်ဖြစ်ပြီးနောက် ထိုနယ်မြေနှစ်ခုကို ဝူနိုင်ငံတော်က သိမ်းပိုက်ထားပြီး တပ်များလည်း ချထားခဲ့သည်။

သို့သော် ဝူနိုင်ငံတော်အတွင်း ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် အနောက်တောင်ပိုင်းမှ သူပုန်များကို အလျင်အမြန်နှိမ်နင်းရန် ဝူဧကရာဇ်က ထိုနယ်မြေနှစ်ခုမှ လက်ရွေးစင် တပ်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သာမန်စစ်သည်များကိုသာ ချန်ထားခဲ့သည်။

လျှို့ဝှက်လဝန်းနန်းတော်အတွက် ထိုသာမန်စစ်သည်များကို ကိုင်တွယ်ရန်မှာ မခက်ခဲလှပေ။

ချန်နိုင်ငံတော်၏ အမတ်ဟောင်းများ အမြင်တွင် ထိုသာမန်စစ်သည်များကို ဖြေရှင်းပြီး ချန်ဝမ်ရွန်က သူမ၏ တည်ရှိမှုကို ထုတ်ဖော်ပြောဆိုလိုက်ပါက လူထု၏ ထောက်ခံမှုကို ရရှိနိုင်မည်ဖြစ်သည်။ ချန်နိုင်ငံတော်အတွက် တပ်ဖွဲ့များ အသစ်ဖွဲ့စည်းသည့် အချိန်တွင်တော့ ဝူနိုင်ငံတော်နှင့် ရှနိုင်ငံတော်တို့လည်း ချန်နိုင်ငံတော် ပြန်လည်ထူထောင်ကြောင်း သိရှိသွားကြမည်ဖြစ်သည်။

သို့သော် နိုင်ငံကြီးနှစ်နိုင်ငံသည် သူတို့၏ အတွင်းရေးပဋိပက္ခများကြောင့် အင်အားများ ယုတ်လျော့နေပြီဖြစ်သည်။ ချန်နိုင်ငံတော် ပြန်လည်ထူထောင်သည်ကို မြင်ရသည့်တိုင် ချန်နိုင်ငံတော်ကို တိုက်ခိုက်ရန် တပ်များစေလွှတ်မည် မဟုတ်ဟု ယူဆကြသည်။

ထိုအချိန်တွင် ချန်နိုင်ငံတော်၏ အမတ်ဟောင်းများ အားလုံးအလွန်တက်ကြွလာကြ၏။ ချန်ဝမ်ရွန် ယခင်နယ်မြေများသို့ ပြန်သွားရောက်ရှိပြီး နိုင်ငံပြန်လည်ထူထောင်မည့် အရေးအတွက် အလွန် စိတ်အားထက်သန်နေကြသည် ‌။ သို့သော် ထိုအချိန်တွင် ဆံပင်ဖြူ အသက်ကြီးပိုင်း တစ်ဦးက

“မင်းသမီး။ ကျွန်တော့်အမြင်အရတော့ ချမ်းနိုင်ငံတော်ဟာ အရင်က နယ်မြေတွေမှာပဲ နိုင်ငံပြန်လည်ထူထောင်ဖို့ မသင့်လျော်ပါဘူး။ ချန်နိုင်ငံတော်ရဲ့ အဓိကနယ်မြေတွေကို အခု ဝူနိုင်ငံတော်က သိမ်းပိုက်ထားပါတယ်။ ပြီးတော့ သူတို့ဟာ စစ်စွမ်းရည်ကို အလေးထားပါတယ်။ အထူးသဖြင့် ဝူဧကရာဇ်ဟာ ပြဿနာတွေကို အင်အားသုံး ဖြေရှင်းဖို့ နှစ်သက်တဲ့သူပါ။”

“အခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံပြန်လည်ထူထောင်ခဲ့ရင် ဝူနိုင်ငံတော်က သူတို့ရဲ့ အနောက်တောင်ပိုင်းသူပုန်တွေကို ဖြေရှင်းပြီးတာနဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ တပ်တွေစေလွှတ်နိုင်ခြေ အလွန်များပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ချန်နိုင်ငံတော်၏ အခြားအမတ်ဟောင်းတစ်ဦးက

“ ဒီအတွက် စိုးရိမ်စရာမလိုပါဘူး။ ဗိုလ်ချုပ်ဝေဟာ လေမုန်တိုင်းကျွန်းက ပြန်လာတော့မှာပါ။ ဝေမိသားစုဟာ ဒီနှစ်တွေအတွင်း လေမုန်တိုင်းကျွန်းမှာ တပ်တွေဖွဲ့စည်းထားပါပြီ။ စွမ်းရည်မြင့် စစ်သည်တစ်သိန်းကိုလည်း လေ့ကျင့်မွေးထုတ်ထားပါတယ်။သူတို့ရဲ့ စစ်သည်ရောက်လာရင် ဝူနိုင်ငံတော်ဟာ သူတို့အင်အားနည်းနေချိန်မှာ ကျွန်တော်တို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး။”

ဆံဖြူအဖိုးအိုက တစ်ခုခု ပြန်ပြောမည့်အချိန်တွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချန်ဝမ်ရွန်က

“နိုင်ငံပြန်လည်ထူထောင်ရေးကိစ္စက အလွန်အရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာ အဲ့ဒါနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ မလုပ်တော့ပါဘူး။ ဗိုလ်ချုပ်ဝေ မြောက်ပိုင်းပြည်နယ်ကို ရောက်လာပြီးမှပဲ နောက်ထပ်ဆွေးနွေးမှုတွေ ပြုလုပ်ပါမယ်။”

ချန်ဝမ်ရွန်က ထိုသို့ပြောလိုက်သောအခါ ချန်နိုင်ငံတော်၏ အမတ်ဟောင်းများလည်းနောက်ထပ် ဆက်မပြောကြတော့ပေ။ သူတို့သည် ချန်နိုင်ငံတော်၏ အမတ်ဟောင်းများဖြစ်ကြသော်လည်း သူတို့ထံ၌ အားကိုး‌ လောက်သော အင်အားများ မရှိကြပေ။ နိုင်ငံပြန်လည်ထူထောင်လိုသော်လည်း ပြောရုံသာပြောနိုင်ပြီး အမှန်တကယ် လက်တွေ့ ပါဝင်ဆောင်ရွက်နိုင်မည် မဟုတ်ပေ။

ဝေစုယွမ်ကဲ့သို့ စစ်တပ်ပိုင်ဆိုင်သူများသာ နိုင်ငံပြန်လည်ထူထောင်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်မည်ဖြစ်သည်။ စစ်တပ်မရှိပဲ နိုင်ငံပြန်လည်ထူထောင်ရေးအ‌ကြောင်း ကြွေးကြော်နေရုံမျှဖြင့် အကျိုးမရှိပေ။

နောက်ပိုင်းတွင် သူတို့သည် နိုင်ငံပြန်လည်ထူထောင်ရေးအကြောင်း ဆွေးနွေးမှုများကို ရပ်တန့်လိုက်ပြီး နောက်လုပ်ဆောင်ရမည့် ပြင်ဆင်မှူများ အကြောင်းကိုသာ ဆွေးနွေးကြသည်။

နောက်လေးနာရီခန့်အကြာတွင် ချန်ဝမ်ရွန်လည်း စားသောက်ဆိုင်မှ မင်းသားစံအိမ်သို့ ပြန်လာခဲ့သည်။ မူလက သူမ ယနေ့ည မပြန်ပဲ နေရန် စီစဉ်ထားသော်လည်း မင်းသားစံအိမ်မှ ထွက်လာပြီးနောက် တစ်စုံတစ်ခုကို စိတ်ထင့်နေမိသည်။

ချန်ဝမ်ရွန် ဝမ်ရွန်အဆောင်သို့ ရောက်ရှိသောအခါ သူမ၏အခန်းသို့သွားရန် ရည်ရွယ်ခဲ့သော်လည်း အဆောင်အတွင်းသို့ဝင်ရောက်သည်နှင့် ညည်းညူသံများကို ကြားလိုက်ရသည်။

ထိုအသံများကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားခဲ့သည်။

ထိုလူသည် ဤကဲ့သို့ အပြုအမူမျိုးလုပ်ရန် ဝမ်ရွန်အဆောင်သို့ အမှန်တကယ် ရောက်ရှိလာခဲ့သည်။

ချန်ဝမ်ရွန် သူမ၏စွမ်းရည်ကို အသုံးပြုကာ ကိုယ်ယောက်ဖျောက်လိုက်ပြီး လင်ဝမ်ရွန်၏ အခန်းတံခါးနားသို့ တိတ်တဆိတ်ချဉ်းကပ်သွားခဲ့သည်။ ထို့နောက် အခန်း၏ ပြတင်းပေါက်မှ စက္ကူတွင် သေးငယ်သောအပေါက်တစ်ခုဖောက်၍ အတွင်း၌ ဖြစ်ပျက်‌နေသည်များကို ကြည့်လိုက်သည်။

လူအချင်းချင်းထပ်နေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသောအခါ ချန်ဝမ်ရွန်၏မျက်နှာ အလွန်အေးစက်သွားခဲ့သည်။ သူမ တစ်ညသာ အပြင်ထွက်ခြင်းဖြစ်သည်။ သို့သော် သူတို့က ဤအဆောင်ထဲတွင် ဒီလိုကိစ္စ‌တွေ လာလုပ်နေကြသည်။

ချန်ဝမ်ရွန်၏ ရင်ထဲတွင် ဖိစီးမှုတစ်ခုကို ခံစားလိုက်ရပြီး ဆက်လက်ကြည့်ရှုရန် မတတ်နိုင်တော့ပေ။ ထိုရွံရှာဖွယ်မြင်ကွင်းကို ဆက်မကြည့်တော့ပဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် သူမ လှည့်ထွက်တော့မည့်အချိန်တွင် လင်ဝမ်ရွန်က တောင်းပန်သည့် အသံဖြင့် ပြောလိုက်သည်။

“ချန်းလေး... ဒေါ်လေး...တောင်းပန်ပါတယ်။ ရွန်ရွန့်အတွက် ဖြေဆေး ပေးပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။

ဖြေဆေး။ ဘာဖြေဆေးလဲ။

လုချန်းက ရယ်မောကာ ပြောလိုက်သည်။

“ဝမ်ရွန်။ ဒီလိုအချိန်မျိုးမှာ အခြားကိစ္စတွေ တွေးမနေနဲ့။”

လင်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“ရွန်ရွန့်မှာ သူရဲ့တာဝန်တွေရှိနေသေးတယ်။သိုင်းပညာရှင် တွေအတွက် ကိုယ်ဝန်ရဖို့ ခက်ခဲတယ်။ ရဲလိနန်ရန်လည်း မင်းသားစံအိမ်ကို ရောက်နေတာ ဒီလောက်ကြာပြီ။ အခုထိ ကိုယ်ဝန်မရသေးဘူး။”

“ကိုယ်ဝန်ရပြီး ကလေးကို မွေးပြီးမှ သူ့အတွက် ဖြေဆေး ပေးမယ်ဆိုရင် ရှနိုင်ငံတော်က ပြည်တွင်းစစ်လည်း ပြီးသွားပြီ။”

လင်ဝမ်ရွန် ပြောဆိုပြီး‌နောက် ညည်းညူသံများ ဆက်လက်ထွက်ပေါ်လာသည်။ အတန်ကြာပြီးမှ လုချန်းက

“သူ့အတွက် ဖြေဆေး ပေးဖို့က အဲ့ဒီလောက်မလွယ်ဘူး။”

လင်ဝမ်ရွန်က

“ဒေါ်လေး တောင်းပန်ပါတယ်။ ဖြေဆေး ပေးပြီး သူ့ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်ခွာခွင့်ပေးမယ်ဆိုရင် ဒေါ်လေး မြောက်ပိုင်းမင်းသားစံအိမ်မှာ တစ်သက်လုံးနေပါမယ်။ ဒေါ်လေးကို ခိုင်းချင်တာ ခိုင်းပါ။ မင်းရဲ့ ကလေးတွေ မွေးပေးစေချင်တာ ဆိုရင်လည်း သဘောတူပါတယ်။”

အခန်း (၃၅၃)

တကယ် ဒုက္ခရောက်ခဲ့ရတယ် (၃)

လင်ဝမ်ရွန်၏စကားများက ချန်ဝမ်ရွန်အား အတော်အတန် နားလည်သွားစေခဲ့သည်။

ထိုအခါ ချန်ဝမ်ရွန်၏မျက်နှာ ပို၍ပင် အေးစက်သွားခဲ့သည်။ လင်ဝမ်ရွန် လုချန်းနှင့် ဤသို့ဆက်ဆံရခြင်းမှာ ပထမတစ်ချက်အနေဖြင့် အတောင်တူအဖိုလိပ်ပြာအမှုန့်ကို လုချန်းအား ကျွေးရန်ဖြစ်ပြီး ဒုတိယအနေနှင့် သူမကိုယ်တိုင် လိုလားမှု ရှိသောကြောင့်ဟု ချန်ဝမ်ရွန် ထင်မြင်ခဲ့သည်။

သို့သော် ယခုအခါ သူတို့၏စကားများအရ ထင်ထားသည်နှင့် လုံးဝမတူညီကြောင်း သိလိုက်ရသည်။

သူတို့ ပြောနေပုံအရ လုချန်းက သူတို့နှစ်ဦးစလုံးကို အဆိပ်ခတ်ထား၏။ ထို့ကြောင့် လင်ဝမ်ရွန်က လုချန်းထံမှ ဖြေဆေးရရှိရန် သူ့ထံအညံ့ခံနေရခြင်းဖြစ်သည်။ သူမကို အဆိပ်ဖြေပေးပြီး မြောက်ပိုင်းမင်းသားစံအိမ်မှ ထွက်ခွာရန်နိုင်ရန် လင်ဝမ်ရွန် ကြိုးစားနေခြင်းဖြစ်သည်။

အဆိပ် အကြောင်းပါလာတော့ ချန်ဝမ်ရွန် အလွန်ရှုပ်ထွေးသွားသည်။ သူမ အဆိပ်မိနေသည်ဟု တစ်ခါမှ မခံစားရဖူးပေ။

သို့သော် အကယ်၍ သူမ အဆိပ်မမိခဲ့ပါက လင်ဝမ်ရွန် လုချန်း၏ခြိမ်းခြောက်မှုကို ခံနေရမည် မဟုတ်ပေ။ ထို့ပြင် သူတို့အကြား ထိုသို့ အပေးအယူလည်း ရှိမည်မဟုတ်ပေ။ အဲ့ဒါဆို ဘာတွေဖြစ်နေတာလဲ။

လုချန်းက ဒေါ်လေးလင်ကို လှည့်စားနေတာလား။

ဒါမှမဟုတ် အဆိပ်က အလွန်ထူးခြားလို့ သူမသတိမထားမိပဲ အဆိပ်မိနေတာလား။

လုချန်းက ရယ်မောကာ ပြောလိုက်သည်။

“ဒေါ်လေးရဲ့စကားကို ဘယ်လိုယုံကြည်ရမလဲ။ ကျွန်တော်က သူ့ကို ဖြေဆေး ပေးလိုက်ပြီး သူထွက်ပြေးသွားရင် ဒေါ်လေးလည်း သူနဲ့အတူ ပြေးသွားမှာ မဟုတ်လား။”

လင်ဝမ်ရွန်က

“သူ့အတွက်ပဲ ဖြေဆေးပေးပါ။ ဒေါ်လေးအတွက် မပေးပါနဲ့။”

လုချန်းက ဆက်ပြောလိုက်သည်။

“ဒေါ်လေးကသေဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား။သူက ဖြေဆေးသောက်ပြီး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်သွားတဲ့အခါ ဒေါ်လေး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမယ်ဆိုရင် ကျွန်တော် အရှုံးပေါ်သွားမှာ‌ ပေါ့။”

ထိုစကားများကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန်၏မျက်နှာ နီရဲလာပြီး ပြောလိုက်သည်။

“ ဒေါ်လေး ကိုယ့်ကိုယ်ကို အဆုံးမစီရင်ပါဘူး...”

“ဒေါ်လေး မင်းနဲ့ ခွဲလို့မရတော့ဘူး...”

ထိုစကားကို ပြောရင်း လင်ဝမ်ရွန် မျက်နှာလွှဲသွာကာ မြေကြီးထဲ တွင်းတူးပြီး ဝင်ပုန်းချင်လောက်အောင် ရှက်ရွံ့သွားခဲ့သည်။

လင်ဝမ်ရွန်၏စကားကို ကြားလိုက်ရသော လုချန်းက ရယ်မောကာ

“ ဒေါ်လေး ကျွန်တော့်ကို မခွဲနိုင်တော့တာ သိပါတယ်။ ဒါပေမဲ့ ဒါက ဒေါ်လေးသေဖို့မကြိုးစားဘူးလို့ မဆိုနိုင်သေးဘူး။”

လုချန်းက သူမကို ယုံကြည်မှုမရှိသေးကြောင်း မြင်သောအခါ လင်ဝမ်ရွန်က

“ ဒေါ်လေးရဲ့နှလုံးသားကို... မင်းဆီမှာ အပ်နှံပြီးသားပါ။ အကယ်၍ မင်း ဒေါ်လေးကို ဖိအားမပေးခဲ့ရင်တောင် ဒေါ်လေးမင်းရဲ့အမျိုးသမီးဖြစ်ဖို့ ဆန္ဒရှိပါတယ်။”

ထိုစကားကို ကြားလိုက်ရသော လုချန်းလည်း ခဏခန့် တုန်လှုပ်သွားခဲ့သည်။ အမြဲတမ်း စိတ်ဓာတ်ခိုင်မာခဲ့သော ထိုအမျိုးသမီးက ယနေ့ ထိုကဲ့သို့စကားမျိုး ပြောလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ သို့သော် သူမပြောနေသည်က အမှန်‌တွေဖြစ်ကြောင်း သူသိသည်။ သူမ၏သဘောကျမှုက တစ်ရာရာခိုင်နှုန်းရောက်နေတာ ကြာပြီဖြစ်သည်။ သို့သော် လင်ဝမ်ရွန် ထိုကဲ့သို့စကားမျိုး ပြောနိုင်ခြင်းမှာ ချန်ဝမ်ရွန်အတွက်လည်း ဖြစ်နိုင်သည်။

ချူးယုချင် ကဲ့သို့ပင် လင်ဝမ်ရွန်သည်လည်း ဓလေ့ထုံးစံများကို လေးစား၍ နူးညံ့သိမ်မွေ့သည့် စရိုက်ရှိသူဖြစ်၏။ ပုံမှန်အားဖြင့် ရှက်တတ်ကာ ချစ်ခြင်းမေတ္တာအကြောင်း ပြောဆိုရန် ခက်ခဲတတ်သူဖြစ်သည်။

လင်ဝမ်ရွန်၏စကားများကို ကြားလိုက်ရ သောအခါ ချန်ဝမ်ရွန်၏ နှလုံး အပ်ဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ နာကျင်ခံစားလိုက်ရသည်။

ဒါဆို... လင်ဝမ်ရွန် တကယ်ပဲ သူမကို သစ္စာဖောက်သွားပြီလား...

မဟုတ်ပါ... သစ္စာဖောက်သည်ဟု ခေါ်ဆိုရန် မသင့်ပါ။ အကယ်၍ သူမ လုချန်းကို တကယ်ပင် နှစ်သက်မြတ်နိုးပါက လင်ဝမ်ရွန်၏ မွေးစားသမီးတစ်ဦးအနေနှင့် သူမအတွက် ဝမ်းသာပေးသင့်သည်။ သစ္စာဖောက်သည်ဟု မမှတ်ယူသင့်ပါ။

သို့သော်... ချန်ဝမ်ရွန်၏စိတ်ထဲတွင် နားမလည်နိုင်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။ သူမ အနည်းငယ် ဂနာမငြိမ် ဖြစ်နေပြီး ဇဝေဇဝါ ဖြစ်နေသည်။ ဘယ်လိုခံစားချက်ဆိုတာကို ရှင်းလင်းစွာ မသိနိုင်ပေ။

မကြာမီ... အခန်းအတွင်းမှ လှုပ်ရှားသံများ ကြားလာရပြန်သည်။

အချိန်အတော်ကြာပြီးနောက် လုချန်းက

“ဝမ်ရွန်ဒီလိုစကားမျိုး ပြောလာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ဒါဆို မင်းတကယ်ပဲ ကိုယ့်ကလေးကို မွေးချင်နေပြီလား။”

လင်ဝမ်ရွန်၏ အရှက်ဆုံး အချိန်ကို ရောက်နေပြီဖြစ်သည်။ သူမ၏ကိုယ်ခန္ဓာတစ်ခုလုံး နီရဲနေပြီး သူမဖြူဖွေးသော လည်ပင်းသည်လည်း နီမြန်းနေသည်။

တစ်နေ့တွင် ဤမျှရှက်စရာကောင်းသော စကားမျိုးကို ပြောမိမည်ဟု သူမကိုယ်တိုင် မျှော်လင့်မထားခဲ့ပေ။

လင်ဝမ်ရွန် စဉ်းစားလိုက်ပြီး ဒါက ချန်ဝမ်ရွန်အတွက်ဖြစ်သည်ဟု မှတ်ယူလိုက်သည်။

အရှက်မရှိခြင်းဖြင့် လုချန်းထံမှ အဆိပ်ဖြေဆေးရရှိပြီး ချန်ဝမ်ရွန်အား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လွတ်မြောက်စေနိုင်ပါက သူမပြုလုပ်သမျှက တန်ဖိုးရှိမည်ဖြစ်သည်။

လင်ဝမ်ရွန် ထိုအတွေးမျိုး ရှိနေစဉ် လုချန်းက

“ဝမ်ရွန်... မင်းဒီလိုဖြစ်ရတာ ချန်ဝမ်ရွန်အတွက်ဆိုတာ သူသိရင် ဘယ်လိုခံစားရမယ်ထင်လဲ။ မင်းကိုသနားမှာလား... ဒါမှမဟုတ် ဒေါသထွက်ပြီး မင်းသူ့ကိုသစ္စာဖောက်တယ်လို့ ထင်မှာလား”

ဟု မေးလိုက်သည်။

အားနည်းနေသောအသံဖြင့် လင်ဝမ်ရွန်က

“ဘာ... ဘာကိုဆိုလိုတာလဲ”

လုချန်းသည် ပြုံးရယ်ကာ နောက်ထပ်မပြောတော့ပဲ သူ၏အလုပ်များကို ဆက်လက်လုပ်ဆောင်နေသည်။

ချန်ဝမ်ရွန်သည်လည်း သူတို့၏စကားများ ဆက်လက်နားထောင်ခြင်း မပြုတော့ပဲ စိတ်နှလုံး မသာယာစွာဖြင့် တံခါးနားမှ လှည့်ထွက်သွားခဲ့သည်။

...

မနက်စောစော။

လင်ဝမ်ရွန်သည် လုချန်းကို ဝမ်ရွန် အဆောင်မှ မောင်းထုတ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ ချန်ဝမ်ရွန်ပြန်လာပြီး သူတို့ကြားက ကိစ္စကို သိသွားမည်ကို ကြောက်ရွံ့နေသော်လည်း သူမမည်မျှပင် ကြိုးစားသော်လည်း လုချန်းကို မနှင်ထုတ်နိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာပင် ထိုနေ့သည် မြောက်ပိုင်းပြည်နယ်၏ နန်းတွင်းအစည်းအဝေးနေ့ဖြစ်ပြီး နာရီဝက်ခန့်ကြာအောင် ကြိုးစားအားထုတ်ပြီးနောက် လုချန်းလည်း သူမ၏အခန်းမှ လိုလိုလားလား ထွက်ခွာသွားခဲ့သည်။

လုချန်းထွက်ခွာသွားပြီးနောက် လင်ဝမ်ရွန်သည် အဝတ်အစားများကို မြန်မြန်ဆန်ဆန် ပြန်ဝတ်လိုက်ပြီး အပြင်သို့ထွက်လာခဲ့သည်။ ချန်ဝမ်ရွန်ကို အဆောင်တွင်းတွင် မမြင်ပါ။ အဆောင်တစ်ခုလုံး လူသူကင်းမဲ့နေသည်ကို တွေ့ရတော့မှ လင်ဝမ်ရွန်လည်း နောက်ဆုံးတွင် စိတ်သက်သာရာရလိုက်သည်။

လင်ဝမ်ရွန် မသိသေးသည်မှာ ချန်ဝမ်ရွန် မနေ့ညကတည်းက ပြန်ရောက်နှင့်နေပြီး ယခု သူမ၏အခန်းထဲ၌ ကျင့်စဉ်ကျင့်နေပြီ ဆိုတာကိုဖြစ်သည်။

လူသူကင်းမဲ့နေသော အဆောင်ကိုမြင်လိုက်ရ‌တော့ လင်ဝမ်ရွန် သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိထားမိသည်။

ဘယ်လို ကံကြမ္မာမျိုးလဲ။ သူမသည်

လုချန်းကို ထိန်းချုပ်ရန်ပြီး လျှို့ဝှက်နဂါးမန္တာန်ဖန်တီးရန် ချန်ဝမ်ရွန်နှင့် မြောက်ပိုင်းပြည်နယ်ကို လာခဲ့ခြင်းဖြစ်သည်။ သို့သော် အခုတော့ လုချန်း၏ အမျိုးသမီးဖြစ်သွားပြီး သူ့ကိုပင် ချစ်မိသွားခဲ့သည်။

လုချန်းဆိုသော လူဆိုးလေးက အမျိုးသမီးများ ကိုင်တွယ်ရာ၌ အလွန်ကျွမ်းကျင်ပုံရသည်။

လင်ဝမ်ရွန် သူမဘာသာ ရေရွတ်လိုက်မိသည်။

“ယွဲ့ရေ။ နင်ဘယ်လိုလုပ်ပြီး ဒီလိုဆိုးသွမ်းတဲ့ကလေးကို မွေးခဲ့တာလဲ။သူက ငါ့ကိုအရမ်းဒုက္ခရောက်စေခဲ့တယ်။”

...

အချိန်ကုန်လွန်လာသည်နှင့်အမျှ ရှနိုင်ငံတော်နန်းတွင်းနှင့် တောင်ပိုင်းသူပုန်များအကြား စစ်ပွဲက ပိုမိုပြင်းထန်လာခဲ့သည်။ နှစ်ဖက်စလုံးသည် တပ်ဖြည့်မှုများ ဆက်လက်ပြုလုပ်နေပြီး ပို၍ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ စစ်ပွဲက ထိုအဆင့်သို့ ရောက်ရှိပြီဖြစ်သော်လည်း နယ်စားများဘက်မှ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်‌သေးခြင်းဖြစ်သည်။

နောက်ပိုင်းဆွမ်ဧကရာဇ် ဆက်အဆက်က နယ်စားများ၏ အာဏာကို လျှော့ချနေခဲ့ကြ၏။ နယ်စားများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာ အများအပြားကျန်ရှိနေသေးသော်လည်း နယ်စားများ၏ အာဏာလျှော့ချခြင်းသည် ရှနန်းတွင်း၏ အုပ်ချုပ်ရေးဦးတည်ချက်တစ်ခုဖြစ်ကြောင်း မည်သူမဆို သိမြင်နိုင်သည်။

အာဏာရှိမိသားစုများနှင့် နယ်စားများသည် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းလုပ်ဆောင်ကြပြီး အကျိုးစီးပွား တူညီသော အုပ်စုတစ်စုအဖြစ်သတ်မှတ်နိုင်သည်။ မကြာခဏ ဆိုသလို အာဏာရှိမိသားစုများသည် နယ်စားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာများကို အသုံးချကာ နန်းတွင်း၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှ ရှောင်ထွက်ပြီး သူတို့အတွက် ပိုမိုများပြားသော အကျိုးအမြတ်များ ရယူနိုင်ခဲ့ကြသည်။

အာဏာရှိ မိသားစုများကို ရှင်းလင်းပြီးပါက နယ်စားများ၏အာဏာလျှော့ချခြင်းသည်

ဆွမ်ဧကရာဇ် ၏ နောက်ထပ် ရည်မှန်းချက်တစ်ခုဖြစ်လာနိုင်သည်။

နန်းတွင်းစစ်တပ်နှင့် တောင်ပိုင်းသူပုန်များ တိုက်ခိုက်နေစဉ် အခြားဒေသများမှ အာဏာရှိ မိသားစုများစွာကလည်း တောင်ပိုင်းသူပုန်များကို ကူညီပေးနေပြီဖြစ်သည်။ သူတို့သည် ‘ကံတူအကျိုးပေး’ ဆိုသည့် အခြေခံမူကို ကောင်းစွာနားလည်ထားကြသည်။

တောင်ပိုင်းအပြင်ဘက်ရှိ အာဏာရှိ မိသားစုများပင် တောင်ပိုင်းသူပုန်များကို ထောက်ခံနေသော်လည်း နယ်စားများဘက်မှ လှုပ်ရှားမှုများ မရှိသေးခြင်းက နယ်စားများသည် ငါးဖမ်းသမားများ ငါးဖမ်းသလို အချိန်ကောင်းကို စောင့်ဆိုင်းနေကြတာလားဟု သံသယဖြစ်စရာ ဖြစ်လာသည်။

လုချန်းသည် ရှနိုင်ငံ၏ ပြည်တွင်းစစ်ကို အမြဲ ဂရုတစိုက် စောင့်ကြည့်နေခဲ့သူဖြစ်သည်။ ထိုစစ်ပွဲကြောင့် မြောက်ပိုင်းပြည်နယ်တွင် လူဦးရေ တိုးပွားမှု အပါအဝင် အခြားသောအကျိုးကျေးဇူးများ ရရှိခဲ့သည်။

ရှနန်းတွင်းသည် မြောက်ပိုင်းပြည်နယ်ကို လုံးဝ အလေးမထားသောကြောင့် လုချန်းက သူ၏ ဟန်ဆောင်မှုများကို ရပ်တန့်ကာ တပ်များချဲ့ထွင်ရန် စတင်ခဲ့သည်။ လူဦးရေတိုးတက်လာမှုကြောင့် လုချန်း၏ တပ်အင်အားဖြည့်မှုတွင် စစ်သည် တစ်သိန်းထပ်မံတိုးလာခဲ့သည်။ ထိုစစ်သည်တစ်သိန်းသည် လေမုန်တိုင်းကျွန်းမှ စစ်သည်များကို ထည့်တွက်ထားခြင်း မဟုတ်ပဲ မြောက်ပိုင်းပြည်နယ်မှ အသစ်စုဆောင်းထားသော စစ်သည်များဖြစ်သည်။

လေမုန်တိုင်းကျွန်းမှ စစ်သည်များပါ ထည့်သွင်းရေတွက်ပါက မြောက်ပိုင်းပြည်နယ်တွင် စစ်သည် လေးသိန်းနီးပါးရှိနေပြီဖြစ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

လုချန်း၏စာကြည့်ခန်း။

လုချန်းသည် စားပွဲပေါ်ရှိ စစ်တပ်အင်အား ဖြည့်တင်းမှုဆိုင်ရာ အစီအစဉ်ကို ကြည့်ရှု‌နေပြီး ကျေနပ်သော အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။

ထိုအချိန်တွင် အစေခံမိန်းကလေး၏အသံကိုစာကြည့်ခန်းတံခါးဝမှ ကြားလာသည်။

“မင်းသား။ ဝူခေါင်းဆောင်က ဝေစုယွမ်ဆိုတဲ့သူကို မင်းသားစံအိမ် ခေါ်ဆောင်လာပါတယ်။”

ထိုစကားကိုကြားလိုက်ရတော့ လုချန်း၏ အပြုံးက ပို၍ပင် တောက်ပလာသည်။

“နောက်ဆုံးတော့ သူရောက်လာပြီ။”

ထို့နောက်သူက အစေခံမိန်းကလေးအား

“သူ့ကိုစာကြည့်ခန်းထဲ ခေါ်လာခိုင်းပါ။”

........

အခန်း (၃၅၄)

ရှင်ပြောတဲ့ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ လုချန်းလား (၁)

ဝူယွမ်သည် ဝေစုယွမ်နှင့်အတူ လုချန်း၏ စာကြည့်ခန်းသို့ ရောက်ရှိလာခဲ့သည်။ ဝေစုယွမ်က ‌ဝင်လိုက်သည်နှင့် ချက်ချင်း ဒူးတစ်ဖက်ထောက်၍ လုချန်းအား

“မင်းသားကို ဂါရဝပြုပါတယ်။ မင်းသား နှစ်ပေါင်းထောင်ချီ အသက်ရှည်ပါစေ။”

လုချန်းက ချက်ချင်း ထ၍ ဝေစုယွမ်၏ ပခုံးကို ကိုင်ပြီး

“ကျေးဇူးပြုပြီး အမြန်ထပါ ဗိုလ်ချုပ် ဝေ။ ကျွန်တော်လည်း ခင်ဗျားကို မျှော်နေတာ”

ဝေစုယွမ်က ထရပ်ပြီးနောက်

“မင်းသားကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် လုချန်းက

“လေမုန်တိုင်းကျွန်းပေါ်မှာ အခုစစ်သင်္ဘောအကြီးစား ဘယ်နှစ်စီးရှိလဲ ဗိုလ်ချုပ် ဝေ” ဟု မေးလိုက်သည်။

ထိုမေးခွန်းကို ကြားသောအခါ ဝေစုယွမ် ခဏတာမျှ အံ့ဩသွားပြီး

“မင်းသား။ လေမုန်တိုင်းကျွန်းပေါ်က သင်္ဘောတွေဟာ အလယ်အလတ်စားတွေပါ။ အကြီးစားသင်္ဘောတွေ မရှိသလောက်ပါပဲ။ စစ်သင်္ဘောလို့ ခေါ်ဖို့တောင် မလုံလောက်ပါဘူး”

ဟု ပြန်ဖြေလိုက်သည်။

မြောက်ပိုင်းပြည်နယ်သို့ ရောက်ပြီးနောက် တုန်းဖန်မိသားစု၏ ကုန်သွယ်ရေးသင်္ဘောအကြီးစားများကို ဝေစုယွမ် မြင်ဖူးခဲ့သည်။ တုန်းဖန်မိသားစုသည် ပင်လယ်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်သောကြောင့် သင်္ဘောအကြီးစားများကို အထူးတလည် တည်ဆောက်ထားခြင်းဖြစ်သည်။

တုန်းဖန်မိသားစု၏ သင်္ဘောကြီးများကို မမြင်ခင်က လေမုန်တိုင်းကျွန်းပေါ်က သင်္ဘောများကိုသာ အကြီးဆုံးဟု ဝေစုယွမ် ထင်မှတ်ခဲ့သည်။ သို့သော် မြောက်ပိုင်းပြည်နယ်သို့ ရောက်သောအခါ သူတို့၏ သင်္ဘောထက် အရွယ်အစား နှစ်ဆကြီးသော ကုန်သင်္ဘောများကို မြင်တွေ့လိုက်ရသည်။ ထိုအခါ လေမုန်တိုင်းကျွန်းပေါ်က သူတို့တည်ဆောက်ထားသော သင်္ဘောများသည် ငါးဖမ်းလှေလေးများနှင့် မခြားနားသလို ခံစားရသည်။

ယခုတော့ သူတို့ စစ်သင်္ဘောများ တည်ဆောက်ကြောင်း ပြောရန် ဝေစုယွမ်အနည်းငယ် ရှက်မိသည်။ ထိုကုန်သင်္ဘောများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ သင်္ဘောများက စစ်သင်္ဘောများဟု ခေါ်ရန် မသင့်တော်သော ငါးဖမ်းလှေလေးများသာ ဖြစ်နေသည်။

ယနေ့ခောတ်တွင် ကုန်သင်္ဘောများ စစ်သင်္ဘောထက် ကြီးနေတာ မဆန်းသော်လည်း ထိုခေတ်တွင် သင်္ဘော၏ အရွယ်အစားသည် တိုက်ခိုက်နိုင်စွမ်းနှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ယူဆကြသည်။ လုချန်းတို့နေထိုင်သောခေတ်တွင် သင်္ဘော၏ အရွယ်အစားသည် တိုက်ခိုက်နိုင်စွမ်း၏ အဓိကညွှန်းကိန်းတစ်ခုဖြစ်သည်။

ဝေစုယွမ်၏ စကားကို ကြားပြီးနောက် လုချန်း အတွေးထဲ နစ်မြောသွားသည်။ နောင်တွင် ရေတပ်တည်ဆောက်လိုပါက သင်္ဘောတည်ဆောက်ရေး နည်းပညာလိုအပ်မည်ဖြစ်သော်လည်း လက်ရှိတွင် သူတို့၌ အကြီးစားသင်္ဘောများ တည်ဆောက်နိုင်သည့် နည်းပညာမရှိသေးပေ။

နောက်မှ ထိုကိစ္စကို တုန်းဖန်မိသားစုထံ မေးမြန်းရမည်ဖြစ်သည်။ တုန်းဖန်မိသားစုက ဤမျှကြီးမားသော ကုန်သင်္ဘောများကို တည်ဆောက်နိုင်သည်ဆိုလျှင် သူတို့ထံ၌ ကျွမ်းကျင်သော လက်မှုပညာရှင်များနှင့် သင်္ဘောတည်ဆောက်ရေးနည်းပညာများ ရှိနေမည်မှာ သေချာသည်။

ထိုအချိန်တွင် ဝေစုယွမ်က

“မင်းသား။ ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို ရောက်တဲ့အခါ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဟာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေထိုင်တယ်ဆိုတာ ကြားလိုက်ရပါတယ်”

ဟု မေးလိုက်သည်။

ဝေစုယွမ်၏ မေးခွန်းက လုချန်းကို အံ့သြစေခဲ့သည်။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် နေထိုင်ခြင်းက ဝေစုယွမ်နှင့် ဘယ်လိုဆက်စပ်မှု ရှိလို့လဲ။ သူဘာကြောင့် ဒီလိုမေးရတာလဲ။

လုချန်းသည် စူးစမ်းလိုစိတ်ဖြင့်

“ဘာကြောင့် ဒီမေးခွန်းကို မေးတာလဲ”

ဟု ပြန်မေးလိုက်သည်။

ဝေစုယွမ်က တိုက်ရိုက်ပြန်‌ဖြေလိုက်သည်။ “လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဟာ တကယ်တော့ ချန်နိုင်ငံတော်ရဲ့ မင်းသမီးတစ်ပါးဖြစ်တယ်ဆိုတာမင်းသား သိပါလား။”

ဝေစုယွမ်က ချန်ဝမ်ရွန်၏ သရုပ်မှန်ကို ဖွင့်ဟလိုက်သည်။ ချန်ဝမ်ရွန်သည် ချန်နိုင်ငံတော်၏ မင်းသမီးတစ်ပါးဖြစ်ပြီး လုချန်းမှာမူ ရှနိုင်ငံတော်၏ နယ်စားမင်းသားတစ်ပါးဖြစ်သည်။ ချန်နိုင်ငံတော်၏ မင်းသမီးတစ်ပါး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် နေထိုင်နေပါက သူပုန်ထခြင်း သို့မဟုတ် အခြားအကြံအစည်တစ်ခုခုရှိနေသည်ဟု သံသယဖြစ်စရာဖြစ်‌ စေနိုင်သည်။

လုချန်း၏ လက်အောက်ခံတစ်ဦးအနေနှင့် ဝေစုယွမ်သည် ထိုအချက်ကို ဖွင့်ဟရန် လိုအပ်သည်သာမက လုချန်းကိုယ်တိုင်လည်း ထိုကိစ္စကို သိသလားဆိုတာကိုပါ သေချာစွာ စစ်ဆေးရန် လိုအပ်သည်။

ဝေစုယွမ်၏ စကားကို ကြားလိုက်ရသောအခါ လုချန်း နောက်တစ်ကြိမ် အံ့သြသွားသည်။

လေမုန်တိုင်းကျွန်းမှ လာသူတစ်ဦးဖြစ်သော ဝေစုယွမ်က ဘယ်လိုလုပ် ချန်ဝမ်ရွန်ရဲ့ သရုပ်မှန်ကို သိနေရတာလဲ။

ချန်ဝမ်ရွန်၏ မင်းသမီးဖြစ်ကြောင်း သိသူက မရှိသလောက်နည်းပါးသည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ် အတွင်းဆောင်ရှိ အမျိုးသမီးများအားလုံး လုချန်း၏ ဇနီးများပါမကျန် ထိုအချက်ကို မသိကြပေ။ အများစုက ချန်ဝမ်ရွန်အား လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်တစ်ဦးအဖြစ်သာ သိထားကြသည်။

သတိပြန်ဝင်လာသောအခါ လုချန်းက

“သူရဲ့ အကြောင်းကို ခင်ဗျား ဘယ်လိုသိတာလဲ”

ဝေစုယွမ်က

“မင်းသားကို မဖုံးကွယ်လိုပါဘူး။ ဝေမိသားစုဟာ ချန်နိုင်ငံတော် တော်ဝင်မိသားစုနဲ့ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့ပြီး သူတို့ရဲ့ ကျေးဇူးပြုခြင်းကို ခံခဲ့ရပါတယ်။ ချန်နိုင်ငံတော် ပြိုကွဲပြီးနောက်ပိုင်း ဝေမိသားစုဟာ လေမုန်တိုင်းကျွန်းသို့ ပြောင်းရွှေ့ခဲ့ပြီး မင်းသားရဲ့ အမိန့်ကို စောင့်မျှော်နေခဲ့ပါတယ်”

ဟု ဖြေလိုက်သည်။

“အစတုန်းက ဝေမိသားစုဟာ ချန်နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒိီနှစ်တွေအတွင်း ကျွန်တော်ဟာ ချန်နိုင်ငံတော်ရဲ့ မင်းသမီးနှင့် အဆက်အသွယ်မပြတ် ရှိခဲ့ပါတယ်။”

“ဒါပေမဲ့ အခုတော့ ကျွန်တော်တို့ဟာ မင်းသားရဲ့ အမိန့်ကို ရရှိသွားပြီဖြစ်လို့ မင်းသားရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ ကူညီမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ချန်နိုင်ငံတော်ကို ပြန်လည်ထူထောင်ရေးကိစ္စက ဝေမိသားစုနှင့် မသက်ဆိုင်တော့ပါဘူး”

လုချန်းသည် ပြုံးရယ်ကာ

“ဒါဆိုရင် ကိစ္စပြတ်သွားပြီပေါ့”

ဟု ပြောလိုက်သည်။

လုချန်းစိတ်ထဲတွင် တွေးမိသည်။ ချန်ဝမ်ရွန်၏ လူများက သူ၏လူများဖြစ်လာမည်ဆိုသည်မှာ မျှော်လင့်မထားသော အချက်ဖြစ်သည်။ သူမသိရှိသွားပါက မည်သို့တွေးမည်နည်း။

ထိုအချိန်တွင် ဝေစုယွမ်က ဆက်ပြောလိုက်သည်။

“မင်းသား။ ချန်နိုင်ငံတော်ရဲ့ မင်းသမီး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်ကို ရောက်လာတာက အကြံအစည်တစ်ခုခု ရှိနေလို့ပါ။ မင်းသား သတိထားသင့်ပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက အေးဆေးစွာဖြင့်

“အဲဒါကို စိတ်မပူပါနဲ့။ မကြာခင်မှာပဲ သူဟာ ကျွန်တော်ရဲ့ အမျိုးသမီး ဖြစ်လာမှာ ဖြစ်ပြီး ကျွန်တော်ရဲ့သားသမီးတွေကို မွေးဖွားပေးမှာပါ”

ဟု ပြန်ပြောလိုက်သည်။

“ခင်ဗျားအပါအဝင် ချန်နိုင်ငံတော်ရဲ့ ယခင်အမှုထမ်းဟောင်းတွေလည်း အလွန်အမင်း စိုးရိမ်စရာမလိုပါဘူး။”

ဤသည်မှာ...

ဝေစုယွမ် ခဏတာမျှ ငေးငိုင်သွားသည်။

ရိုးသားစွာပြောရလျှင် ချန်ဝမ်ရွန်နှင့် လုချန်းအကြား ပဋိပက္ခဖြစ်ခြင်းကို ဝေစုယွမ် မလိုလားပေ။ ဝေမိသားစုသည် ချန်နိုင်ငံတော် ၏ တော်ဝင်မိသားစုနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့၏။ သူတို့ ယခုအခြေအနေ ရောက်လာသည်မှာ ချန်နိုင်ငံတော်မှ တော်ဝင်မိသားစု၏ အထောက်အပံ့ကြောင့်သာ ဖြစ်သည်။ ချန်နိုင်ငံတော် တော်ဝင်မိသားစု၏ အကူအညီမရှိပါက ဝေမိသားစုသည် ကံကြမ္မာသားတော်၏ ပေါ်ထွန်းမှုကို စောင့်မျှော်နိုင်ခဲ့မည် မဟုတ်ပေ။

ချန်နိုင်ငံတော်၏ မင်းသမီးနှင့် ကံကြမ္မာသားတော် ပူးပေါင်းနိုင်ပါက အကောင်းဆုံးဖြစ်မည်။

ထို့နောက် ဝေစုယွမ်က

“ကျွန်တော် နားလည်ပါပြီာ”

လုချန်းက ဆက်ပြောလိုက်သည်။

“ နောက်ကျရင် ဝေမိသားစု ကျွန်တော့်ကို သစ္စာခံလိုက်ပြီဆိုတဲ့ အကြောင်း သူ့ကိုပြောပြလိုက်ပါ။ ကျွန်တော်အနေနဲ့လည်း သူနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဖို့ အချိန်ရောက်ပြီ”

ဝေစုယွမ်က

“ကျွန်တော် နားလည်ပါပြီ”

ဟု တုံ့ပြန်လိုက်သည်။

လုချန်းတွေးမိသည်။ အချိန်ကြာမြင့်စွာ ရွှေ့ဆိုင်းထားပြီးနောက် အခွင့်အရေး‌ကောင်း ပေါ်လာပြီ ဖြစ်သည်။ ဝေမိသားစုသည် ချန်ဝမ်ရွန်အတွက် အရေးပါသော အင်အားစုတစ်ခုဖြစ်ပြီး အခု ဝေမိသားစုက မြောက်ပိုင်းပြည်နယ်ကို သစ္စာခံလိုက်ပါက ချန်ဝမ်ရွန်အတွက် ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေမည် ဖြစ်သည်။ သူမ၏ နိုင်ငံပြန်လည်ထူထောင်ရေး မျှော်လင့်ချက်များလည်း ပျက်ပြားသွားမည်ဖြစ်သည်။

........

All Chapters