← Chapters

အခန်း ၃၅၅-၃၅၇

Vol. 24 Ch. 355-357

အခန်း ၃၅၅-၃၅၇

Vol. 24 Ch. 355-357

အခန်း (၃၅၅)

ရှင်ပြောတဲ့ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ လုချန်းလား (၂)

ထို့ပြင် ချန်ဝမ်ရွန်သည် လုချန်းနှင့် လင်ဝမ်ရွန်ကြားက ဆက်ဆံရေးကို သိပြီးဖြစ်သည်။ သူမသည် လုချန်းနှင့် လင်ဝမ်ရွန်၏ လျှို့ဝှက်တွေ့ဆုံမှုများကို တစ်ရက် နှစ်ရက်ပင် မဟုတ်ပဲ အကြိမ်ကြိမ် ချောင်းမြောင်းကြည့်ရှုဖူး၏။ ထို့ကြောင့် သူမ၏ လျှို့ဝှက်ချက်များကို လင်ဝမ်ရွန်ဆီမှ လုချန်းသိပြီးဖြစ်ကြောင်း ချန်ဝမ်ရွန် မှန်းဆမိပြီးဖြစ်နိုင်သည်။

ချန်နိုင်ငံတော်၏ အရာရှိဟောင်းများ လုချန်းထံ ခိုလှုံရန် လာရောက်သည်ကို ချန်ဝမ်ရွန်သိရှိပါက သူမ ဒေါသပေါက်ကွဲသွားမည်ဖြစ်ပြီး လုချန်းအား မဖြစ်မနေ လာရောက်ရှာဖွေမည်ဖြစ်သည်။ လုချန်းအနေဖြင့် စောင့်ဆိုင်းရုံသာ လိုအပ်သည်။

ဝေစုယွမ်က လေမုန်တိုင်းကျွန်းရှိ အခြေအနေများကို လုချန်းအား အစီရင်ခံခဲ့သည်။ အကြမ်းဖျင်း အစီရင်ခံပြီးနောက် ဝေစုယွမ်အား မင်းသားစံအိမ်၏ အစေခံများက ဝမ်ရွန်အဆောင်သို့ ပို့ဆောင်ပေးခဲ့သည်။

ထိုအချိန်တွင်ပင်။

လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့သည် ချန်နိုင်ငံတော်၏ အရာရှိဟောင်းများနှင့်ပတ်သက်သော ကိစ္စများကို အဆောင်ဝင်းထဲတွင် ဆွေးနွေးနေကြသည်။

ချန်ဝမ်ရွန်က

“ ဝေမိသားစု ရက်အနည်းငယ်အတွင်း ရန်ခရိုင်ကို ရောက်လာလိမ့်မယ်။”

လင်ဝမ်ရွန်က စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

“ အဲ့ဒီ ဝေမိသားစုကို ကျွန်မတို့ ယုံကြည်စိတ်ချလိုရနိုင်လား နန်းတော်သခင်။ ချန်နိုင်ငံတော် ပျက်သုဉ်းသွားတာ ကြာပြီဆိုတော့ လူတွေရဲ့စိတ်တွေလည်း အချိန်ကာလနဲ့အတူ ပြောင်းလဲနိုင်တယ်။ နောက်ပြီး အခု လေမုန်တိုင်းကျွန်းပေါ်မှာ သူတို့ရဲ့ စစ်သည်တစ်သိန်းအင်အားရှိတဲ့ စစ်တပ်ရှိနေပြီ။ သူတို့မှာ အခြား ရည်ရွယ်ချက်တွေ ရှိလာနိုင်ပါတယ်။”

သမိုင်းတစ်လျှောက်တွင် နန်းတွင်းအာဏာ ကျဆင်းလာသည့်အခါ စစ်တပ်ကို ထိန်းချုပ်ထားသော စစ်ဗိုလ်ချုပ်များသည် သူတို့ကိုယ်တိုင် ဧကရာဇ်ဖြစ်လိုသော အတွေးများ ဝင်လာတတ်သည်။ ချန်နိုင်ငံတော် ပျက်သုဉ်းခဲ့သည်မှာ ကြာပြီဖြစ်၏။ ချန်နိုင်ငံတော်၏ တော်ဝင်မျိုးနွယ်တွင် မင်းသမီးတစ်ပါးသာ ကျန်ရှိတော့ပြီး မင်းသားတစ်ပါးတစ်လေမှ မရှိတော့ပေ။ မင်းသားမရှိပါက သူတို့က နိုင်ငံတော်ပြန်လည်ထူထောင်ဖို့ အဘယ့်ကြောင့် ကူညီရမည်နည်း။ ကိုယ်တိုင် ဧကရာဇ်လုပ်ကာ မင်းသမီးကို အတင်းအဓမ္မ လက်ထပ်ယူနိုင်သည်။

ချန်ဝမ်ရွန်က

“ဝေမိသားစုဟာ အမြဲတမ်း ချန်နိုင်ငံတော် နန်းတွင်းကို သစ္စာရှိခဲ့တယ်။ ချန်နိုင်ငံတော်အတွက် ဝမ်မိသားစုဝင် အမြောက်အများလည်း စစ်မြေပြင်မှာ အသက်စွန့်ခဲ့ကြရတယ်။ ကျွန်မ ချန်နိုင်ငံတော်ရဲ့ နန်းမြို့တော်က ထွက်ပြေးနိုင်ခဲ့တာ ဝမ်မိသားစုကြောင့်ပါ။ အခု ကျွန်မက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ဖြစ်‌နေပြီဆိုတော့ ကျွန်မရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အင်အားကိုကြည့်ပြီး သူတို့လည်း စိတ်မပြောင်းလောက်ပါဘူး။”

လင်ဝမ်ရွန်၏ စိုးရိမ်မှုများကို ချန်ဝမ်ရွန် နားလည်သည်။ အကယ်၍ သူမသည် အာဏာမရှိသော မင်းသမီးတစ်ဦးသာဖြစ်ပါက ချန်နိုင်ငံတော်ကို ပြန်လည်ထူထောင်ပြီးနောက် ဝေမိသားစုက သူမအား အတင်းအဓမ္မ လက်ထပ်စေကာ ထီးနန်းကို သိမ်းပိုက်နိုင်သည်။

သို့သော် သူမသည် အာဏာမရှိသော မင်းသမီးတစ်ဦးမဟုတ်ပေ။ သူမ၏နောက်ကွယ်တွင် လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးရှိနေသည်။ ဝေမိသားစုသည် လျှို့ဝှက်လဝန်းနန်းတော်၏ တန်ခိုးအာဏာအကြောင်း ကောင်းစွာသိရှိပြီး ထိုကဲ့သို့သော အင်အားကြီးသည့် ဂိုဏ်းကြီးတစ်ခုက သူမ၏နောက်ကွယ်တွင် ရှိနေသဖြင့် ဝေမိသားစုတွင် ထီးနန်းကို သိမ်းပိုက်ရန် ရည်ရွယ်ချက်များ ရှိမည်မဟုတ်ဟု

ချန်ဝမ်ရွန် ယုံကြည်သည်။

ချန်ဝမ်ရွန် ပြောသည်ကို ကြားပြီးနောက် လင်ဝမ်ရွန် စဉ်းစားကြည့်လိုက်ပြီး အကျိုးအကြောင်း သင့်သည်ဟု ခံစားလိုက်ရသည်။ အဆုံး၌ ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး သူမကိုယ်တိုင်လည်း ထိပ်သီးပညာရှင်တစ်ဦးဖြစ်သည်။ ဝေမိသားစုသည် ချန်မိသားစုနှင့် ချန်ဝမ်ရွန်အား သစ္စာရှိမည်ဟု မျှော်လင့်ရသည်။

လင်ဝမ်ရွန် ထိုသို့တွေးနေစဉ် မင်းသားစံအိမ်မှ အစေခံမိန်းမတစ်ဦး ရုတ်တရက် ဝမ်ရွန် ပဆောင်တွင်းသို့ ဝင်ရောက်လာခဲ့သည်။ အစေခံမိန်းမ ဝင်လာသည်ကို မြင်ရသည်နှင့် လင်ဝမ်ရွန်နှင့် ချန်ဝမ်ရွန်တို့ နှစ်ဦးစလုံး အံ့သြသွားပြီး ချက်ချင်း သတိထားလိုက်ကြသည်။

ပုံမှန်အားဖြင့် မင်းသားစံအိမ်မှ အစေခံများသည် သူတို့၏ခွင့်ပြုချက်မရှိပဲ ဝမ်ရွန်အဆောင်တွင်းသို့ တိုက်ရိုက်ဝင်ရောက်လေ့ မရှိပေ။ သူတို့နှစ်ဦးသည် မင်းသားစံအိမ်တွင် အထူးဧည့်သည်များဖြစ်သောကြောင့် အစေခံများသည် ဝမ်ရွန်အဆောင် အပြင်ဘက်တွင်သာ ရပ်နေလေ့ရှိသည်။

ထိုအချိန်တွင် အစေခံမိန်းမက

“ချန်သခင်မကို ဝေမျိုးနွယ် အမျိုးသားတစ်ဦးက တွေ့ဆိုလိုပါတယ်”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ်ကျုံ့သွားသည်။

ဝေမျိုးနွယ် အမျိုးသား...

ထိုသူမှာ ဝေစုယွမ်သာဖြစ်နိုင်သည်။

ဝေစုယွမ်က ဘာ့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ် လာရောက်ပြီး သူမကို တွေ့ရတာလဲ။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ လင်ဝမ်ရွန်က

“နန်းတော်သခင်က ဝေစုယွမ်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို လာပြီးတွေ့ဖို့ ဖိတ်ခေါ်ခဲ့လို့လား”

ဟု မေးလိုက်သည်။

ချန်ဝမ်ရွန်က မတုံ့ပြန်ပဲ နေလိုက်သည်။ ဤနေရာက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဖြစ်သည်။ ချန်နိုင်ငံတော်၏ အရာရှိဟောင်းတစ်ဦးဖြစ်သည့် ဝေစုယွမ်ကို ဒီနေရာလာဖို့ သူမက ဘာလို့ဖိတ်ခေါ်ထားရမှာလဲ။ သူမက သူ့ကို ဒီနေရာ လာခိုင်းလျှင် လုချန်းသိသွားမည် မဟုတ်ပါလား။

လုချန်းက သူတို့၏ အကြံအစည်များကို သိနေပြီးဖြစ်သည်။ အကယ်၍ လေမုန်တိုင်းကျွန်းပေါ်မှာ ချန်နိုင်ငံတော်ရဲ့ စစ်သည်တစ်သိန်း ကျန်ရှိနေသေးတာကိုပါ လုချန်းသိသွားပါက သူဘာလုပ်မလဲဆိုတာ မည်သူမှ မသိနိုင်ပေ။

ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်လာပါက တစ်ခုခု မှားယွင်းနေသည်မှာ သေချာသည်။ အသက်လေးဆယ်ကျော်အရွယ်ရှိပြီဖြစ်သော ဝေစုယွမ် ဤမျှ အသိဉာဏ်ကင်းမဲ့နိုင်မည်ဟု ချန်ဝမ်ရွန် မယုံကြည်ပေ။ သူမြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ သူမကို လာရောက်ရှာဖွေခြင်းက ထူးခြား‌သော အကြောင်းရင်းတစ်ခုခု ရှိလိမ့်မည်ဟု သူမယုံကြည်သည်။

ထို့နောက် ချန်ဝမ်ရွန်က အစေခံမိန်းကလေးအား

“သူအခု ဘယ်မှာလဲ”

ဟု မေးမြန်းလိုက်သည်။

အစေခံမိန်းကလေးက

“မင်းသားစံအိမ်ထဲမှာပါ”

ဟု ဖြေကြားလိုက်သည်။

ချန်ဝမ်ရွန်က ချက်ချင်းပင်

“သူ့ကိုဒီကိုခေါ်လာခဲ့”

ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် အစေခံမိန်းကလေး ထွက်ခွာသွားခဲ့သည်။ မကြာမီအတွင်း သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦး ဝမ်ရွန်အဆောင်၏ တံခါးဝတွင် ပေါ်လာခဲ့သည်။

ဝေစုယွမ်၏ ပုံသဏ္ဍာန်ကို မြင်လိုက်ရသည်နှင့် ချန်ဝမ်ရွန် ထပ်မံအံ့အားသင့်သွားခဲ့သည်။ ဝေစုယွမ်အား နောက်ဆုံးမြင်ခဲ့သည်မှာ ဆယ်စုနှစ် တစ်ခုကျော် ကြာပြီဖြစ်သော်လည်း သူ့အား တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွယ်တကူ မှတ်မိနိုင်ဆဲဖြစ်သည်။ သူမရှေ့တွင် ရပ်နေသော သက်လတ်ပိုင်း ယောက်ျားသည် ချန်နိုင်ငံတော်၏ နန်းမြို့တော်မှ သူမအား လွတ်မြောက်စေရန် ကူညီခဲ့သူ ဝေစုယွမ်ပင်ဖြစ်သည်။

ဝေစုယွမ်၏အသွင်အပြင်သည် လွန်ခဲ့သော ဆယ့်ငါးနှစ်ကကဲ့သို့ပင် ရှိနေဆဲဖြစ်ပြီး မုတ်ဆိတ်မွှေးများ ပိုရှည်လာခြင်းနှင့် ပိုမိုရင့်ကျက်သော အသွင်ရှိလာခြင်းမှလွဲ၍ အခြားသိသာထင်ရှားသော ပြောင်းလဲမှုမရှိပေ။

အဆောင်တွင်းသို့ ဝင်ရောက်လာပြီးနောက် ဝေစုယွမ်လည်း ချန်ဝမ်ရွန်အား ချက်ချင်းမှတ်မိသွားခဲ့သည်။ မိန်းကလေးငယ်ဘဝမှ အရွယ်ရောက်ပြီးမိန်းမတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ချန်ဝမ်ရွန်သည် ချန်နိုင်ငံတော်၏ ယခင်မိဖုရားကြီးနှင့် အလွန်ဆင်တူနေသဖြင့် အလွယ်တကူ မှတ်မိနိုင်သည်။

ဝေစုယွမ်က ချက်ချင်းပင် အဆောင်အပြင်ဘက်သို့ သွားရောက်ကာ ဒူးတစ်ဖက်ထောက်လျက်

“မင်းသမီးကို ဂါရဝပြုပါတယ်။ မင်းသမီး နှစ်ပေါင်းထောင်ချီ အသက်ပါစေ။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့၏ နှလုံးသားများတွင် တုန်လှုပ်မှုတစ်ခု ဖြတ်သန်းသွားခဲ့သည်။

ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ဖြစ်သဖြင့် ဝေစုယွမ် ထိုကဲ့သို့သော အပြုအမူမျိုး မပြုလုပ်သင့်ပေ။ ‘နန်းတော်သခင်’ နှင့် ‘မင်းသမီး’ ဟူသော စကားလုံးများက အသံထွက်များ ဆင်တူသော်လည်း “နှစ်ပေါင်းထောင်ချီ အသက်ရှည်ပါစေ” ဟူသော စကားလုံးများ ထည့်သွင်းလိုက်သည်နှင့် အခြားသူများက သူမကို ‘မင်းသမီး’ အဖြစ် အလွယ်တကူ မှန်းဆနိုင်သည်။

ချန်ဝမ်ရွန် အလွန်အံ့အားသင့်သွားသည်။ ဝေစုယွမ် အဘယ်ကြောင့် ဤမျှသတိလက်လွတ်ဖြစ်ရသနည်း။

ချန်ဝမ်ရွန်က အေးစက်စွာဖြင့်

“ထပါ”

ဟု ပြောလိုက်သည်။

ဝေစုယွမ်လည်း ချက်ချင်း ထလာကာ

“အရှင်မင်းသမီးကို ကျေးဇူးတင်ပါတယ်”

ဟု ပြောလိုက်သည်။

.........

အခန်း (၃၅၆)

ရှင်ပြောတဲ့ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ လုချန်းလား(၃)

ချန်ဝမ်ရွန်၏ မျက်ခုံးများ ထပ်မံကွေးညွှတ်လာသည်။ မင်းသမီးဟု ခေါ်ဆိုရုံသာမက “အရှင်” ဟူသော စကားလုံးကိုပါ ထပ်ဆင့်ထည့်သွင်းလိုက်ခြင်းမှာ အခြားသူများ သူမမင်းသမီးဖြစ်ကြောင်း သိစေလိုသော ရည်ရွယ်ချက်ဖြင့်လား။

ထိုအချိန်တွင် ချန်ဝမ်ရွန်က ပြောလိုက်သည်။

“ဝေသခင်ကြီး နှင့် မတွေရတာ နှစ်ပေါင်းဆယ်နှစ်ကျော်ပြီ။ ဆရာကြီး အရမ်းပြောင်းလဲသွားတယ်။”

ဝေစုယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

“အရှင်မင်းသမီးနှင့်ယှဉ်လျှင် ကျွန်တော့်ရဲ့ ပြောင်းလဲမှုက မပြောပလောက်ပါဘူး။”

ဝေစုယွမ်၏ “အရှင်မင်းသမီး” ဟူသော အခေါ်အဝေါ်ကို ထပ်ကာထပ်ကာကြားရသော ချန်ဝမ်ရွန်လည်း သည်းမခံနိုင်တော့ပဲ တိုက်ရိုက်မေးလိုက်သည်။

“ဝေသခင်ကြီးက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ဘာ့ကြောင့်လာရတာပါလဲ။ ကိစ္စတစ်ခုခု ဖြစ်ခဲ့လို့လား”

ဝေစုယွမ်က ပြုံး၍ ပြန်လည်ဖြေကြားလိုက်သည်။

“အရှင်မင်းသမီးဆီ သက်သက်လာတာ မဟုတ်ပါဘူး။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အလုပ်ကိစ္စရှိလို့ ရောက်တုန်းရောက်ခိုက် မင်းသမီးကို ဂါရဝပြုဖို့ လာရောက်ရခြင်းဖြစ်ပါတယ်။”

ဒါက...

ဝေစုယွမ်၏ အဖြေကို ကြားလိုက်ရသော ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် ချက်ချင်းပင် မကောင်းသော ခံစားချက်များ ရသွားကြသည်။

ဝေစုယွမ်မှာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၌ အလုပ်ကိစ္စရှိတယ်တဲ့လား။ ချန်နိုင်ငံတော်၏ အရာရှိတစ်ဦးအနေနှင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဘယ်လိုအလုပ်ကိစ္စတွေ ရှိနေတာလဲ။

ချန်ဝမ်ရွန်သည် ဝေစုယွမ်၏ စကားမှ နက်နဲသည့် အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး အေးစက်စွာပြောလိုက်သည်။

“ရှင် ချန်နိုင်ငံတော်ကို သစ္စာဖောက်သွားပြီးလား”

သူမ စကားပြောနေစဉ် ချန်ဝမ်ရွန်၏ ကိုယ်ခန္ဓာမှ အေးစက်သော လေ‌ပွေများ တိုက်ခတ်လာပြီး တစ်ဆောင်လုံး အလွန်အေးစက်သွားကာ အဆောင် အတွင်းအပြင်၌ နှင်းများဖုံးလွှမ်းသွားသကဲ့သို့ ဖြစ်သွားသည်။

အပြုံးမပျက်ပဲ ဝေစုယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

“အရှင်မင်းသမီး ဘာလို့ဒီလိုပြောရတာပါလဲ။ ကျွန်တော် ချန်နိုင်ငံတော်ကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး။ အစကတည်းက ဝေမိသားစုဟာ မြောက်ပိုင်းနယ်စားမင်းသားရဲ့ လူတွေပါ။

ဝေစုယွမ်၏ စကားများကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့လည်း ငေးငိုင်သွားကြသည်။

အထူးသဖြင့် ချန်ဝမ်ရွန် ဖြစ်သည်။

ချန်ဝမ်ရွန်၏ စိတ်ထဲတွင် လုံးဝမျှော်လင့်မထားသော အံ့အားသင့်မှုကြီးတစ်ခု ဖြစ်ပေါ်နေသည်။

မြောက်ပိုင်းနယ်စားမင်းသားရဲ့ လူတွေ။

လုချန်းရဲ့ လူတွေ။

လုချန်းက အသက်ဘယ်လောက်ရှိပြီလဲ။

ဝေစုယွမ်က ဘယ်လိုလုပ် အစကတည်းက လုချန်းရဲ့ လူဖြစ်နေခဲ့တာလဲ။

တကယ်တော့ ဝေစုယွမ်လည်း ချန်ဝမ်ရွန် နားမလည်နိုင် ဖြစ်နေမည်ကို သိသည်။ လုချန်း၏ အသက်မှာ ယခုနှစ်တွင် ၁၈ နှစ်သာရှိသေးပြီး ဝေမိသားစုသည် ချန်နိုင်ငံတော် တည်ထောင်စကပင် ရှိခဲ့သော မိသားစုဖြစ်ကာ သမိုင်းကြောင်းအားဖြင့် နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်သည်။

ချန်ဝမ်ရွန် စိတ်ရှုပ်ထွေးနေသော်လည်း ဝေစုယွမ်အနေဖြင့် သူမအား ဖွင့်ဟပြောဆို၍မရသော လျှို့ဝှက်ချက်အချို့ရှိသည်။ သူ၏ အဓိကရည်ရွယ်ချက်မှာ ချန်ဝမ်ရွန်အား သူ၏သစ္စာခံမှု အခြေအနေကို ရှင်းလင်းစွာ ပြောကြားရန်သာဖြစ်သည်။ အခြားကိစ္စရပ်များကို သူမအား ပြောပြရန်က သူ၏တာဝန်မဟုတ်ပေ။

ဝေစုယွမ် စကားပြောပြီးသည့်အခါ ဝမ်ရွန်အဆောင် တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်သွားပြီး ရေကန်ထဲမှ ငါးများ ရေပြင်ပေါ်သို့ ခုန်တက်နေသံကိုပင် ကျယ်လောင်စွာ ကြား နေရသည်။

ဝေစုယွမ် လုချန်း၏လူဖြစ်နေမည်ဟု ချန်ဝမ်ရွန် ဘယ်သောအခါကမှ မျှော်လင့်ထားခဲ့ခြင်း မရှိပေ။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ချန်ဝမ်ရွန်က

“ရှင်ပြောတဲ့ မြောက်ပိုင်းနယ်စားမင်းသားဆိုတာ လုချန်းလား”

ဟု အတည်ပြုမေးမြန်းလိုက်သည်။

ဝေစုယွမ်ပြောသော မြောက်ပိုင်းနယ်စားမင်းသားသည် လုချန်းမဟုတ်ပဲ အခြားသူတစ်ဦးလည်း ဖြစ်နိုင်သည်ဟု ချန်ဝမ်ရွန် တွေးမိသည်။ မြောက်ပိုင်းနယ်စားမင်းသားဆိုသည်မှာ ဘွဲ့တစ်ခုသာဖြစ်ပြီး မည်သူမဆို ခံယူနိုင်သည်။ ရှနိုင်ငံတော်တွင် အခြား မြောက်ပိုင်းနယ်စားမင်းသား တစ်ဦးရှိခဲ့ဖူးနိုင်သည်။

သို့သော် ထိုအချိန်တွင် ဝေစုယွမ်က

“ဟုတ်ပါတယ်”

ဟု ဖြေလိုက်သည်။

ဝေရှီယွမ် အတည်ပြုသည်ကို မြင်သောအခါ ချန်ဝမ်ရွန်၏ မျက်နှာအမူအယာ ပို၍ပင် ဆိုးရွားလာသည်။ ချန်နိုင်ငံတော်၏ သစ္စာရှိ အရာရှိဟောင်းဟု သူမယုံကြည်ထားသူ၊ နိုင်ငံပြန်လည်ထူထောင်ရန် အားကိုးရမည့် အရေးပါသည့် အင်အားစုကို ထိန်းချုပ်ထားသူသည် ယခု လုချန်း၏လူဖြစ်နေပြီဟု ပြောလာသည်။

ဒါကဘယ်လိုဟာသမျိုးလဲ။

အချိန်အတိုင်းအတာတစ်ခု ကုန်လွန်ပြီးနောက် ချန်ဝမ်ရွန်က အေးစက်စွာဖြင့်

“ဝေမိသားစုဟာ ချန်နိုင်ငံတော်အတွက် မိသားစု ပျက်သုန်းလုနီးပါး အထိတောင် ဒုက္ခတွေ ခံခဲ့ရတယ်။ အခု ရှင်တို့က အစကတည်းက မြောက်ပိုင်းနယ်စားမင်းသားရဲ့ လူတွေလို့ ပြောနေကြပါလား။ အဲ့ဒီအချိန်က မြောက်ပိုင်းနယ်စားမင်းသား မွေးပြီလား။”

ဝေစုယွမ်သည် ချန်ဝမ်ရွန်၏ ဒေါသနှင့် အေးစက်လာသော လေသံကို သတိပြုမိသော်လည်း သူ၏မျက်နှာ အမူအယာက မပြောင်းလဲပဲ ရှိနေသည်။ သူက ပြုံး၍

“ဝေမိသားစုဟာ ချန်နိုင်ငံတော်အတွက် အမှန်တကယ် ပေးဆပ်ခဲ့ပါတယ် မင်းသမီး။ ဒါပေမဲ့ ဒါတွေက ချန်နိုင်ငံတော်ကို ကျေးဇူးဆပ်ဖို့သာ ဖြစ်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကိုတော့ ဖွင့်ပြောလို့ မရပါဘူး။ ဒါပေမဲ့ အချက်တစ်ခုကိုတော့ ပြောပြနိုင်ပါတယ်။ ဝေမိသားစုမှာ အစကတည်းက တစ်ဦးတည်းသော သခင်ရှိပါတယ်။ အဲ့ဒီသူက မြောက်ပိုင်းနယ်စားမင်းသားပဲ ဖြစ်ပါတယ်။”

ချန်ဝမ်ရွန်က

“ဒါဆိုရင် ကျွန်မ မြောက်ပိုင်းပြည်နယ်ကို ရောက်လာတဲ့အခါ ဝေမိသားစုက မြောက်ပိုင်းနယ်စားမင်းသားကို ကျွန်မအကြောင်း အကုန်လုံးပြောပြခဲ့တာလား”

ဟု မေးလိုက်သည်။

ဝေစုယွမ်က

“အဲဒီလိုမဟုတ်ပါဘူး။ ဒါဟာ ကျွန်တော် ပထမဆုံးအကြိမ် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ရောက်တာဖြစ်သလို မင်းသားနဲ့လည်း ဒီနေ့မှပဲ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် မင်းသားနဲ့ စကားပြောကြည့်တော့ သူက မင်းသမီးရဲ့ သရုပ်အမှန်ကို အရင်ကတည်းက သိထားပြီးသားဆိုတာ ထင်ရှားပါတယ်”

ဟု ဖြေကြားလိုက်သည်။

“မင်းသမီးနဲ့ အခုတွေ့ဆုံတာလည်း မင်းသားရဲ့ ဆန္ဒပါ။”

တိတ်ဆိတ်မှုက ဆက်လက်တည်ရှိ နေသည်။

ဝေစုယွမ်က ထူးဆန်းသော ဇာတ်လမ်းတစ်ပုဒ်နှင့် သူမကို အရူးလုပ်ရန် ကြိုးစား နေသည်ဟု ချန်ဝမ်ရွန် မယုံကြည်ပေ။ ဝေမိသားစု လုချန်း၏လူများဖြစ်လာချိန်တွင် လုချန်း မွေးဦးမည်ပင် မဟုတ်သေးပေ။ ထိုသို့သော ဇာတ်လမ်းမျိုးကို ဉာဏ်နည်းသူများသာ ယုံကြည်နိုင်ပေမည်။

သို့သော် လုချန်းနှင့်ပတ်သက်လျှင် သာမန်လူတို့၏ အတွေးအခေါ်ထက် ကျော်လွန်သော အရာများကို မကြာခဏ တွေ့ရတတ်သည်။

ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် မြောက်ပိုင်းပြည်နယ်တွင် ကြာမြင့်စွာနေထိုင်ခဲ့ပြီး လုချန်း၏ အံ့ဖွယ်လုပ်ဆောင်ချက်များစွာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ လုချန်းသည် ထာဝရတန်ခိုးရင်၏ တပည့်ဖြစ်သည်ဟူသော ပြောဆိုသံများလည်း ကြားဖူးခဲ့သည်။

ချန်ဝမ်ရွန်ကိုယ်တိုင်လည်း ထူးချွန်သော ဆရာတစ်ဦးထံမှ သင်ကြားခွင့်ရခဲ့ပြီး အံ့သြဖွယ်ရာများစွာကို မြင်ဖူးသူဖြစ်ရာ ဝေစုယွမ်၏ စကားကို လွယ်ကူစွာ လက်ခံနိုင်ခဲ့သည်။

ဝေစုယွမ်၏စကား အမှန်ဖြစ်ပါက လုချန်း မွေးဖွားမလာမီကတည်းက တစ်စုံတစ်ဦးက သူ့အတွက် လမ်းခင်းပေးထားခဲ့သည်ဟု ဆိုလိုသည်။

ထိုသို့တွေးကြည့်သောအခါ လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် မမြင်ရသော တစ်စုံတစ်ဦး၏ လက်ချက်ဖြစ်သည်ဟု ထင်ရသည်။ လုချန်းသည် သာမန်မင်းသားတစ်ပါးမဟုတ်ပဲ ထာဝရတန်ခိုးရှင်၏ တပည့်ဖြစ်သည်ဆိုသော ပြောဆိုသံများက သူ၏ ထူးခြားမှု ပိုမိုထင်ရှားစေသည်။

လုချန်းရဲ့ နောက်ကွယ်မှာ ဘယ်လိုအင်အားစုမျိုး ရှိနေတာလဲ။

ရုတ်တရက် မျှော်လင့်ချက်ကင်းမဲ့သွားသလို ချန်ဝမ်ရွန် ခံစားလိုက်ရ၏။ ထူထဲသော နံရံတစ်ခုနှင့် တိုက်မိသလို ခံစားရခြင်းဖြစ်သည်။

သူမနှင့် အရင်းနှီးဆုံးဖြစ်သူ လင်ဝမ်ရွန်လည်း လုချန်း၏ လက်အောက်ခံဖြစ်နေပြီး ယခု သူမစောင့်မျှော်နေခဲ့သော နိုင်ငံပြန်လည်ထူထောင်ရေး အင်အားစုကလည်း လုချန်း၏လူများဖြစ်ကြောင်း ပြောနေသည်။

မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးကတည်းက ဤလောကကြီးသည် လုချန်းဆိုသည့် လူတစ်ဦးကို ဗဟိုပြုနေသလို သူမခံစားနေရသည်။

ချန်ဝမ်ရွန် ကြာမြင့်စွာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဝေစုယွမ်က ဆက်ပြောလိုက်သည်။

“မင်းသမီး။ မင်းသမီးနဲ့ မြောက်ပိုင်းနယ်စားမင်းသားတို့ အချင်းချင်း ရန်သူဖြစ်ဖို့ မလိုပါဘူး။ သူဟာ ဆွမ်ဧကရာဇ်ရဲ့ သားတော်ဖြစ်ပေမဲ့ ဆွမ်ဧကရာဇ်ရဲ့ တစ်ဦးတည်းသောသားတော့ မဟုတ်ပါဘူး။ မင်းသမီးတို့မှာ အကျိုးစီးပွား အများအပြား တူညီနေပါတယ်။ ကျွန်တော်သိသလောက်ဆိုရင် သူ့ရဲ့မိခင်ဟာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သမီးဖြစ်ပြီး သူကိုယ်တိုင်လည်း လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သားပါပဲ။”

ထိုစကားများကို ကြားလိုက်ရသောအခါ ချန်ဝမ်ရွန်က အလွန်အေးစက်သောအသံဖြင့်

“သူ့အတွက် ရှင်ပြောပေးနေစရာ မလိုပါဘူး။ ရှင်ထွက်သွားပါ။”

......

အခန်း (၃၅၇)

ယောက်ျားအားလုံးအတူတူပဲ။ ရှင်လည်း ခြွင်းချက်မဟုတ်ပါဘူး(၁)

ချန်ဝမ်ရွန် ဒေါသထွက်လာသည်ကို မြင်သောအခါ ဝေစုယွမ်လည်း နောက်ထပ်စကားမပြောတော့ပဲ နှုတ်ဆိတ်နေလိုက်သည်။ ချန်ဝမ်ရွန် စိတ်ဆိုးရခြင်းက မထူးဆန်းပါ။ အကြောင်းမှာ ဝေမိသားစုသည် သူမ၏နိုင်ငံပြန်လည်ထူထောင်ရေးအတွက် အရေးပါဆုံးအင်အားဖြစ်ပြီး ယခုတော့ ဝေမိသားစုဟာ အရင်ကတည်းကကတည်းက အခြားသူ၏လက်အောက်ခံဖြစ်နေပြီဟု ပြောလိုက်သောကြောင့်ဖြစ်သည်။

ချန်ဝမ်ရွန်အား သူ့ဘက်က အမှန်တရားကို ပြောပြပြီးပြီဖြစ်သည်။ နောက်တစ်ဆင့်မှာ မြောက်ပိုင်းနယ်စားမင်းသား ပေါ်တွင်သာ မူတည်သည်။ မြောက်ပိုင်းနယ်စားမင်းသားသည် ချန်ဝမ်ရွန်၏ သရုပ်မှန်ကို ကြာမြင့်စွာကတည်းက သိရှိထားပြီး သူမအား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကြာရှည်စွာထားရှိခြင်းမှာ သူမအပေါ် အတိုင်းအတာတစ်ခုအထိ နှစ်သက်မှုရှိကြောင်း ဖော်ပြနေသည်။

မြောက်ပိုင်းနယ်စားမင်းသားက ချန်ဝမ်ရွန်အား အမြန်ဆုံးသိမ်းသွင်းပြီး သူမနှင့် သားသမီးများ ရရှိရန် ဝေစုယွမ် မျှော်လင့်သည်။ ထိုသို့ဖြစ်ပါက ဝေမိသားစုဝင်များအတွက်လည်း အကျိုးရှိမည်ဖြစ်သည်။

ထို့နောက် ဝေစုယွမ်က

“ကျွန်တော့်ကို ခွင့်ပြုပါ”

ဟု ပြောလိုက်သည်။

စကားပြောပြီးသည်နှင့် ဝေစုယွမ်လည်း ထွက်ခွာသွားခဲ့သည်။

ဝမ်ရွန်အဆောင်သည် တစ်ဖန်ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လေညင်းက သစ်ရွက်များကို တိုက်ခတ်သံသာ မြည် နေပြီး အဆောင်အတွင်းရှိ လူနှစ်ဦးကတော့ စကားမပြောပဲ တိတ်ဆိတ်စွာ ထိုင်နေကြသည်။

လင်ဝမ်ရွန်က ချန်ဝမ်ရွန်ကို တစ်ချက်ကြည့်လိုက်၏။ ယနေ့ ဖြစ်ပွားခဲ့‌သော ဖြစ်ရပ်က သူမ၏စိတ်ကို အကြီးအကျယ်ထိခိုက်စေမည်ကို လင်ဝမ်ရွန် နားလည်လိုက်သည်။

ချန်ဝမ်ရွန်သည် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်နေသော်လည်း အများစုက သူမ၏ထိန်းချုပ်မှုအောက်တွင် မရှိသလို အကြီးအကဲများကလည်း နန်းတော်သခင်ဖြစ်သော သူမအား အဆက်မပြတ်ဖိအားများပေးနေကြသည်။

ထို့ကြောင့် ချန်ဝမ်ရွန်၏ နိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဝေမိသားစု၏အင်အားသည် အထူးအရေးပါပြီး အထူးသဖြင့် လေမုန်တိုင်းကျွန်းမှ စစ်သည်တစ်သိန်းသည် အလွန်အရေးပါသည်။

ကံမကောင်းစွာပင် ယခုအခါ ထိုစစ်သည်တစ်သိန်းသည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ လူများဖြစ်သွားပြီဖြစ်သည်။

အကယ်၍ ချန်ဝမ်ရွန်သာ လုချန်းနှင့် သူမ၏ဆက်ဆံရေးကို သိရှိသွားပါက ပို၍ကြီးမားသော ထိခိုက်မှုများ ဖြစ်လာနိုင်သည်ဟု လင်ဝမ်ရွန် တွေးကြည့်မိသည်။ ထိုသို့တွေးမိတော့ လင်ဝမ်ရွန် အလွန်စိတ်ရှုပ်ထွေးသွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လင်ဝမ်ရွန်က နောက်ဆုံးတွင်

“နောက်တစ်ဆင့်ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ နန်းတော်သခင်”

ဟု မေးလိုက်သည်။

ချန်ဝမ်ရွန်ကတော့ လင်ဝမ်ရွန်၏မေးခွန်းကို ပြန်မဖြေပဲ တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။

ထိုအရာကိုမြင်လိုက်ရသောအခါ လင်ဝမ်ရွန်လည်း သက်ပြင်းချလိုက်ပြီး နောက်ထပ်စကားမပြောတော့ပေ။

လုချန်းက ဝေစုယွမ်အား ဝမ်ရွန်ဆောင်သို့ လွှတ်၍ ဝေမိသားစု၏ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ဆက်နွယ်မှုအကြောင်း ကိုယ်တိုင်ပြောပြစေခြင်းမှာ သူမနှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက်ရှိသည်ဟု ချန်ဝမ်ရွန် ယူဆရသည်။

အမှန်တော့လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဤမျှကြာမြင့်စွာနေထိုင်ပြီးနောက် လုချန်းနှင့် ရင်ဆိုင်ရမည့်အချိန်တန်ပြီဖြစ်သည်။

ထိုအတွေးဖြင့် ယနေ့ည လုချန်းနှင့် တွေ့ဆုံရန် ချန်ဝမ်ရွန် ကြံစည်လိုက်၏။ လင်ဝမ်ရွန်နှင့် လုချန်းတို့ ပြောဆိုနေကြသည့် အဆိပ်ဖြေဆေးအကြောင်းကိုလည်း မေးမြန်းရန် စီစဉ်ထားသည်။

လုချန်းနှင့် လင်ဝမ်ရွန်တို့ ပြောနေသည့် စကားများကို ခိုးနားထောင်မိပြီးကတည်းက သူမကိုယ်ကို စစ်ဆေးနေသော်လည်း မည်သို့စစ်ဆေးစစ်ဆေး အဆိပ်သင့်နေသည့် လက္ခဏာများကို မတွေ့ရှိခဲ့ပေ။

ကောင်းကင်လူသား စွမ်းအားရှင်၏ တပည့်ဖြစ်သည့် သူမပင် မိမိ၏အဆိပ်သင့်မှုကို မသိနိုင်ပါက လင်ဝမ်ရွန် လုချန်း၏လှည့်ဖြားမှုကို ခံရနိုင်သည်ဟု သံသယဝင်လာသည်။

တိတ်ဆိတ်‌သော ညအချိန်၌ လုချန်း၏စာကြည့်ခန်းတွင် မီးအလင်းရောင်များ တောက်ပစွာထွန်းညှိထား၏။ သူသည် မြောက်ပိုင်းပြည်နယ်၏ နောက်ဆုံးပေါ်မြေပုံကို ကြည့်ရှုကာ ဆိပ်ကမ်းမြို့တစ်ခု တည်ဆောက်ရန် နေရာရှာဖွေနေသည်။

တုန်းဖန်မိသားစု၏ ကြီးမားသော ကုန်သင်္ဘောများသည် မြောက်ပိုင်းပြည်နယ်သို့ ပင်လယ်မှ ရောက်ရှိလာနေသော်လည်း ဆိုက်ကပ်ရန် သင်္ဘောဆိပ်မရှိသေးပေ။ မကြာမီတွင် လေမုန်တိုင်းကျွန်းမှ စစ်သည်များလည်း ရောက်ရှိလာမည်ဖြစ်သဖြင့် ရေတပ်တည်ဆောက်ရန် စီစဉ်နေပြီး သင်္ဘောဆိပ်တည်ဆောက်ရေးက အရေးတကြီးလိုအပ်နေသည်။

မြေပုံကိုကြည့်ပြီးနောက် လုချန်းက တံငါကျေးရွာတစ်ခုပေါ်တွင် ဆိပ်ကမ်းမြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာသည် လက်ရှိတွင် တုန်းဖန်မိသားစု၏ ကုန်သင်္ဘောများ ယာယီဆိုက်ကပ်နေသည့်နေရာဖြစ်ပြီး ကျွန်းဆွယ်တစ်ခုဖြစ်သဖြင့် သဘာဝတရား၏ အကာအကွယ်ကို ရရှိထား၏။ ဆိပ်ကမ်းတစ်ခုအဖြစ် ထားရှိရန် အထူးသင့်လျော်သည့်နေရာဖြစ်သည်။

ဆိပ်ကမ်းမြို့၏ တည်နေရာကို အတည်ပြုပြီးနောက် လုချန်းလည်း ရဲလိနန်ရန်ဆီသို့ သွားရောက်ရန် စီစဉ်နေစဉ် ရုတ်တရက် အဆောင်ပြင်ပတွင် ရင်းနှီးသော လူတစ်ဦး၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။

ခဏအကြာတွင် မြားတစ်စင်းသည် တံခါးမှဖြတ်၍ စာအုပ်စင်ပေါ်သို့ စိုက်ဝင်လာခဲ့သည်။

မြားတွင် စာရွက်တစ်ရွက်ပါလာသည်ကို သတိထားမိပြီး လုချန်းလည်း မြားကိုနှုတ်ကာ စာကိုဖတ်ကြည့်လိုက်သည်။

စက္ကူပေါ်တွင် ဝါကျတစ်ကြောင်းတည်းသာ ရေးထားသည်။

“ညကျရင် မြို့‌တောင်ပိုင်းက လျှို့ဝှက်လဝန်း စားသောက်ဆိုင်မှာ လာတွေ့ပါ။”

ထိုစာကိုဖတ်ပြီး လုချန်း ပြုံးမိလိုက်သည်။ စာကို ဘယ်သူပို့တာလဲဆိုတာကို သူသိ၏။ ချန်ဝမ်ရွန်၏ အငွေ့အသက်ကို သူခံစားမိခဲ့‌ သောကြောင့်ဖြစ်သည်။

သူ အဆင့်လွန်ပညာရှင်မဟုတ်ပဲ ချန်ဝမ်ရွန်၏ အငွေ့အသက်ကို မခံစားမိနိုင်လျှင်တောင် ဘယ်သူက သူကိုတွေ့လိုသည်ကို မှန်းဆနိုင်သည်။

ချန်ဝမ်ရွန်သည် သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူတို့နှစ်ဦး မြောက်ပိုင်းနယ်စားမင်းသား၏ စံအိမ်တွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့ပြီး အခွင့်အရေး ရှာဖွေခဲ့သော်လည်း သူတို့၏ အစီအစဉ်များ မအောင်မြင်ရုံမျှမက လင်ဝမ်ရွန်ပါ ပါသွားခဲ့သည်။ ယခု သူမ၏ နိုင်ငံပြန်လည်ထူထောင်ရေး အင်အားစုက မြောက်ပိုင်းနယ်စားမင်းသားထံ သစ္စာခံလိုက်ပြီဖြစ်သဖြင့် သူမအနေဖြင့် သူနှင့် ရင်ဆိုင်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

အန္တရာယ်ရှိမရှိဆိုသည်နှင့်ပတ်သက်၍မူ လုချန်း စိုးရိမ်မှုမရှိပေ။ သူကိုယ်တိုင် အဆင့်လွန်ပညာရှင်ဖြစ်ပြီး မြို့တွင်းတွင် အခြားအဆင့်လွန်ပညာရှင်တစ်ဦးရှိသဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပါက ကျူးကဲ့ကျုံကောင်း ချက်ချင်းသတိပြုမိမည်ဖြစ်သည်။

ထို့ပြင် သူ့အပေါ် ရာနှုန်းပြည့် သဘောကျမှု ရှိ‌နေသော ချန်ဝမ်ရွန်က သူ့ကိုသတ်မည်ဟု လုချန်း မယုံကြည်ပေ။

ထို့နောက် လုချန်းလည်း ရေချိုးပြီး အဝတ်အစားအသစ်များ လဲကာ တောင်ပိုင်းရှိ လျှို့ဝှက်လဝန်းစား‌သောက်ဆိုင်သို့ တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

လုချန်း လျှို့ဝှက်လဝန်းစား‌သောက်ဆိုင်သို့ ရောက်ရှိချိန်တွင် လမ်းပေါ်တွင် လူများ မရှိသလောက်နည်းသွားပြီဖြစ်သည်။

လျှို့ဝှက်လဝန်းစား‌သောက် ဆိုင်၏ တံခါးဝတွင် မြင်းလှည်းရပ်လိုက်ပြီး လုချန်း ဆင်းလိုက်သောအခါ ချန်ဝမ်ရွန်၏ ရင်းနှီးသော အငွေ့အသက်ကို ခံစားမိလိုက်သည်။

ထိုအချိန်တွင် လျှို့ဝှက်လဝန်း စားသောက်ဆိုင်၏ တတိယထပ် လသဆောင်ပေါ်တွင် ကောင်းကင်ကို မော့ကြည့်ကာ ရပ်နေသော အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချန်ဝမ်ရွန်၏ ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

ထိုအချိန်တွင် လျှို့ဝှက်လဝန်းနန်းတော်မှ အမျိုးသမီးတပည့်တစ်ဦး လုချန်းထံချဉ်းကပ်လာကာ

“ကျွန်မနောက်ကို လိုက်ခဲ့ပါ မင်းသား။”

လုချန်း အနည်းငယ်ပြုံးလိုက်သည်။ သူ၏စွမ်းရည်ဖြင့် တတိယထပ်ရှိ လသာဆောင်ပေါ်သို့ တိုက်ရိုက်ခုန်တက်နိုင်၏။ လှေကားဖြင့်တက်ရန် မလိုအပ်ပေ။

သို့သော် ထိုသို့ပြုလုပ်ပါက မသင့်လျော်ပဲ အလျင်စလို ဖြစ်နေသလို ဖြစ်သွားမည်။ နတ်သမီးတစ်ပါးနှင့် တွေ့ဆုံရာ၌ အဘယ်ကြောင့် အလျင်စလိုဖြစ်ရမည်နည်း။ ချန်ဝမ်ရွန် သူ့ကိုအထင်သေးသွားနိုင်သည် မဟုတ်ပါလား။

.........

All Chapters