← Chapters

အခန်း ၃၅၈-၃၆၀

Vol. 24 Ch. 358-360

အခန်း ၃၅၈-၃၆၀

Vol. 24 Ch. 358-360

အခန်း (၃၅၈)

ယောက်ျားအားလုံးအတူတူပဲ။ ရှင်လည်း ခြွင်းချက်မဟုတ်ပါဘူး(၂)

လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်၏ အမျိုးသမီးတပည့်များနောက်ကို သတိဖြင့်လိုက်ပါသွားခဲ့ပြီး လျှို့ဝှက်လဝန်း စားသောက်ဆိုင်၏ တတိယထပ်သို့ ရောက်ရှိလာခဲ့သည်။

တတိယထပ်ရှိ သီးသန့်အခန်းသို့ ရောက်သောအခါ အမျိုးသမီးတပည့်က တံခါးဝမှ

“မင်းသားရောက်ရှိပါပြီ နန်းတော်သခင်”

ဟု အကြောင်းကြားလိုက်သည်။

ချန်ဝမ်ရွန်၏ အေးစက်သောအသံ ချက်ချင်းထွက်ပေါ်လာသည်။

“ဝင်လာပါ။”

နောက်ခဏတွင် တံခါးကိုဖွင့်ကာ လုချန်း အခန်းထဲသို့ဝင်လိုက်သည်။ အခန်းထဲသို့ဝင်လိုက်သည်နှင့် လုချန်းက မသိစိတ်ဖြင့် အလိုလို အခန်းတံခါးကို ပိတ်လိုက်သည်။

လုချန်း လှည့်ကြည့်လိုက်သည့်အခါ သူ့ရှေ့မှာမြင်ရသည့်မြင်ကွင်းက သူ့ကိုတုန်လှုပ်သွားစေခဲ့သည်။

အေးမြသော လပြည့်ဝန်း၏ အလင်းရောင်များသည် ချန်ဝမ်ရွန်ကို ဖုံးလွှမ်းထားပြီး သူမသည် ‌လရောင်အောက်တွင် တောက်ပနေသကဲ့သို့ ခံစားရသည်။ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လသာဆောင်ပေါ်တွင် ရပ်နေသည့် သူမသည် ကျောက်စိမ်း နတ်သမီးတစ်ပါးနှင့် တူနေသည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်သည် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ရုပ်တုတစ်ခုကဲ့သို့ အံ့သြဖွယ် လှပနေသည်။

သူမ၏ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေ၊ လှပသော ကိုယ်ခန္ဓာ၊ သွယ်လျသည့်ခါး၊ ရှည်လျားသော ခြေထောက်များက လုချန်းကို အလွန်တရာ မငြိမ်မသက်ဖြစ်စေခဲ့သည်။

သို့သော် နောက်ခဏတွင် လုချန်း ရုတ်တရက် သတိပြန်ဝင်လာသည်။

နေပါဦး...

ဒါက ဘာဖြစ်နေတာလဲ။

ချန်ဝမ်ရွန်သည် အမှန်တကယ် လှပသည်။ ပထမဆုံး မြင်စဉ်ကတည်းက လုချန်း သူမကို ပိုင်ဆိုင်လိုစိတ်ရှိခဲ့သော်လည်း ပုံမှန်အားဖြင့် သူမအပေါ် မကောင်းသောအတွေးများ မရှိခဲ့ပါ။

အဘယ်ကြောင့်ဆိုသော် ချန်ဝမ်ရွန်သည် အမြဲတမ်း နတ်သမီးတစ်ပါးကဲ့သို့ သန့်ရှင်းစင်ကြယ်သော အငွေ့အသက်ကို ပိုင်ဆိုင်ထားပြီး သူမအပါ် တက်မက်စိတ် ဖြစ်ပေါ်ရန် လုချန်းအတွက် ခက်ခဲစေသည်။

ဒါပေမဲ့ ခုနကဖြစ်သွားတာက ဘာလဲ။

သူ အခန်းထဲသို့ဝင်လာပြီး ချန်ဝမ်ရွန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပဲ ချက်ချင်း သူမကို ပွေ့ဖက်လိုစိတ်များ ဖြစ်ပေါ်သွားခဲ့သည်။

ဒါ ပုံမှန်မဟုတ်သော အနေအထား ဖြစ်သည်။

နားမလည်နိုင် ဖြစ်နေစဉ် ရုတ်တရက် သူ၏ပခုံးပေါ်တွင် ပိုးကောင်တစ်ကောင်ရှိနေသည်ကို သတိထားမိလိုက်သည်။

ထိုပိုး‌ကောင်ကို မြင်လိုက်ရသည်နှင့် ဖြစ်နေသည့်အရာကို လုချန်း နားလည်သွားခဲ့သည်။

လုချန်းအပေါ် လုံးဝသက်ရောက်မှုမရှိသည်ကို မြင်လိုက်ရတော့ ချန်ဝမ်ရွန်က အေးစက်စွာဖြင့်

“ချစ်ခြင်းပိုးကောင်ကလည်း ရှင့်အပေါ် အကျိုးသက်ရောက်မှု မရှိပါလား။ ဒေါ်လေးလင်က ရှင့်ကို အတောင်တူအဖို လိပ်ပြာမှုန့် မခတ်ခဲ့ဘူးထင်တယ်။”

ချန်ဝမ်ရွန်သည် လုချန်းနှင့် ရင်ဆိုင်ရန် အစီအစဉ်ရှိခဲ့သော်လည်း ထိုမတိုင်မီ သူမ၏ သံသယတစ်ခုကို စစ်ဆေးလို၏။ လင်ဝမ်ရွန် လုချန်းအား အတောင်တူ အဖို လိပ်ပြာမှုန့်များ အသုံးပြုခဲ့ခြင်း ရှိမရှိ ဆိုတာကိုဖြစ်သည်။

အကယ်၍ အသုံးပြုခဲ့ပါက လုချန်း၏ သူမ အပေါ်ရှိ တက်မက်မှု အထွတ်အထိပ်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ထိုအချိန်တွင် ချစ်ခြင်းပိုးကောင်ကို အသုံးပြုပါက အောင်မြင်မှုရနိုင်ခြေ အလွန်မြင့်မားသည်။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် ရှုံးနိမ့်ခဲ့သည်။ ချစ်ခြင်းပိုးကောင်သည် လုချန်း၏ ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်နိုင်ခဲ့သလို သူ့ကိုလည်း မထိန်းချုပ်နိုင်ခဲ့ပေ။ စက္ကန့်ပိုင်းမျှသာ လုချန်း တုန်လှုပ်သွားခဲ့သည်။

လုချန်းက သူ၏ပခုံးပေါ်ရှိ “ပိုးကောင်လေး” ကို ဖမ်းယူပြီး ပြုံးရယ်လျက်

“ဒါကချစ်ခြင်းပိုးကောင်လား။ တကယ်ပဲ သာမန် ပိုးကောင်လေးနဲ့ ဘာမှမကွာဘူးနဲ့တူတယ်။”

“ချန်မိန်းက‌လေး။ ဒေါ်လေးလင်ကို ခင်ဗျား အထင်မှားနေပြီ။ သူတကယ်ပဲ ကျွန်တော့်ကို အတောင်တူ အဖိုလိပ်ပြာမှုန့်သုံးခဲ့တာပါ။ ဒါပေမဲ့ အဲဒီအမှုန့်က ကျွန်တော့်အပေါ် အကျိုးမသက်ရောက်ဘူး”

ထိုစကားကိုကြားလိုက်ရတော့ ချန်ဝမ်ရွန် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

အကျိုးမသက်ရောက်ဘူးလား။

မဖြစ်နိုင်‌ပါ။

အတောင်တူ အဖိုအမလိပ်ပြာမှုန့်ကို အဆိပ်တစ်မျိုးအဖြစ် မသတ်မှတ်နိုင်ပါ။ ထိုအမှုန့်သည် လူတို့၏ ပင်ကိုယ်စိတ်ဆန္ဒများကို နှိုးဆွပေးရုံမျှသာဖြစ်သည်။ မည်သူ့အပေါ်မဆို အကျိုးသက်ရောက်နိုင်သည်။ အဆင့်လွန်ပညာရှင်များပင် အတောင်တူ အဖိုအမလိပ်ပြာမှုန့်ကို ခံနိုင်ရည်ရှိရန် ခက်ခဲသည်ဟု သူမ၏ဆရာက ပြောခဲ့ဖူးသည်။

လုချန်းက

“ချန်မိန်းကလေး ကျွန်တော့်ကို ညဘက် ဒီကိုခေါ်တာ ချစ်ခြင်းပိုးကောင်နဲ့ကျွန်တော့်ကို မြှူဆွယ်ဖို့ မဟုတ်လား။”

လုချန်း၏စကားကိုကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်လည်း သူမ၏စိတ်ကိုပြန်လည်စုစည်းလိုက်သည်။

သူမက အေးစက်စွာဖြင့်

“ဒေါ်လေးလင်နဲ့ ရှင့်ရဲ့ဆက်ဆံရေးကို ကျွန်မသိတယ်”

ဟုဆိုလိုက်သည်။

လုချန်းက ပြုံးလျက်

“ ဒေါ်လေးလင်နဲ့ကျွန်တော့်ဆက်ဆံရေးကို ချန်မိန်းကလေး သိထားတာကြာပြီ ဆိုတာကိုလည်း ကျွန်တော်သိတယ်။ ကျွန်တော်တို့ နီးနီးကပ်ကပ် ဆက်ဆံနေတာကို ချောင်းကြည့်နေခဲ့တာ တစ်ကြိမ် နှစ်ကြိမ်တောင် မကတော့ဘူး မဟုတ်လား။”

“တကယ်တော့ ချန်မိန်ကလေးမှာ ဒီလိုဝါသနာရှိမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး။”

ချန်ဝမ်ရွန်က လုချန်း၏စကားကို ဒေါသမထွက်ပဲ အေးစက်စွာဖြင့်

“ ကျွန်မကိုအဆိပ်ခတ် ခံထားရလို့ ဒေါ်လေးလင်က ရှင့်ကိုလိုက်လျောလိုက်ရတယ်လို့ ထင်တယ်။ ရှင် ကျွန်မကိုဘယ်လိုအဆိပ်မျိုးတိုက်ထားလဲဆိုတာ သိချင်တယ်”

ဟုမေးလိုက်သည်။

လုချန်းက အေးစက်စွာဖြင့်

“အချစ်အဆိပ်။”

ထိုစကားကိုကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်သည် ထပ်မံအံ့အားသင့်သွားရသည်။

သူမကို မည်သည့်အချိန်က အချစ်အဆိပ်သင့်နေခဲ့သည်ကို မသိသလို လက္ခဏာများလည်း မခံစားရပေ။

အတောင်တူ အဖိုအမလိပ်ပြာမှုန့်သုံးပြီးနောက် လူတစ်ဦးတွင် တပ်မက်မှုများ ဖြစ်ပေါ်လာတတ်သည်။ သူမအဆိပ်သင့်နေပါက ပုံမှန်လူတစ်ဦးကဲ့သို့ ပြုမူနေမည်မဟုတ်ပေ။

ချန်ဝမ်ရွန် မယုံနိုင်မည်ကို သိသောကြောင့် လုချန်းက ဆက်ရှင်းပြလ်ုက်သည်။

“အဲ့ဒီအဆိပ်က အရောင်အနံ့မရှိဘူး။ လူကိုလုံးဝမထိခိုက်စေပါဘူး။ ဒါပေမဲ့ ကျွန်တော့်နဲ့ ဝေးသွားရင် အဆိပ်ထလာမယ်။ နေ့ညမပြတ် ကျွန်တော့်အ‌ကြောင်းတွေးမယ်။ ကျွန်တော့်ကို လွမ်းမယ်။ ကျင့်စဉ်တွေတောင် မကျင့်နိုင်တော့တဲ့အထိ ဖြစ်လာမယ်။ နောက်ပိုင်း မထိန်းနိုင်တော့ပဲ ရူးသွပ်သွားနိုင်တယ်။”

ချန်ဝမ်ရွန်၏မျက်ခုံးများ အနည်းငယ်မြင့်တက်လာသည်။ လုချန်း ပြောနေသည့် ကိစ္စက အဆိပ်ထက် လျှို့ဝှက်လဝန်းနန်းတော်၏ အမျိုးသမီးတပည့်များ ယောက်ျားနှင့်ချစ်ကြိုက်ပြီး နန်းတော်သို့ပြန်ရသည့်အခါ ခံစားရသည့်ဝေဒနာနှင့် ပိုတူသည်။

တစ်နည်းဆိုရသော် ဒါက အဆိပ်မဟုတ်ပေ။ အချစ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသာဖြစ်သည်။

သူမ၏ဆရာက ယောက်ျားတစ်ဦးနှင့်ချစ်ကြိုက်ခြင်းသည် ပြန်လမ်းမရှိသော လမ်းဆုံးသို့ ရောက်စေနိုင်သည်ဟု အမြဲသတိပေးခဲ့သည်။

ချန်ဝမ်ရွန်က မျက်နှာအမူအယာ မပါပဲ

“ရှင်ပြောချင်တာက ကျွန်မက ရှင့်ကိုချစ်နေပြီလို့ ဆိုလိုတာလား”

ဟုမေးလိုက်သည်။

“ရှင့်ကိုယ်ရှင် နည်းနည်း အထင်ကြီးနေတယ်လို့ မထင်ဘူးလား မင်းသား။”

လုချန်းက ရယ်မောပြီး

“ချန်မိန်းကလေးက ကျွန်တော့်ကိုချစ်နေပြီလို့ ကျွန်တော်မပြောခဲ့ဘူး။ ခင်ဗျားအဆိပ်သင့်နေပြီး အဆိပ်ဖြေဆေးက ကျွန်တော့်ဆီမှာပဲ ရှိတယ်လို့ပြောတာ”

ဟုတုံ့ပြန်လိုက်သည်။

ချန်ဝမ်ရွန်က

“ ဒေါ်လေးလင်ကိုလှည့်ဖြားပြီး သူ့ကိုရယူဖို့ ဒီစကားကိုပြောခဲ့တာလား။”

လုချန်းက

“မဟုတ်ပါဘူး။ သူက သူ့ဆန္ဒအလျောက်ရွေးချယ်ခဲ့တာ။”

ထို့နောက် အခန်းတွင်း၌ တိတ်ဆိတ်သွားခဲ့သည်။ ချန်ဝမ်ရွန်က လုချန်း၏မျက်လုံးများကို စိုက်ကြည့်နေပြီး အခန်း၏ အပူချိန် အနည်းငယ်ကျဆင်းသွားသကဲ့သို့ ခံစားရသည်။

အချိန်အတန်ကြာပြီးနောက် ချန်ဝမ်ရွန်က

“ကျွန်မတို့ရဲ့အစီအစဉ်ကို ရှင်သိသွားပြီဆိုတော့ ကျွန်မတို့ကို ဘာလုပ်မှာလဲ”

ဟုမေးလိုက်သည်။

လုချန်းက “ဘာလုပ်မလဲဆိုတာ...”

........

အခန်း (၃၅၉)

ယောက်ျားအားလုံးအတူတူပဲ။ ရှင်လည်း ခြွင်းချက်မဟုတ်ပါဘူး(၃)

ထိုအခါ လုချန်းက ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်သည်။

“ခင်ဗျားက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းသခင်ပဲ။ ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ် ထိပါးရဲမှာလဲ။ လျှို့ဝှက်လဝန်းနန်းတော်မှာ ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တွေရှိတယ်ဆိုတာ ဒေါ်လေးလင်ဆီကနေ ကြားဖူးတယ်။ ကျွန်တော်က အဲဒီလို စွမ်းအားရှင်တွေကို မနှောင့်ယှက်ရဲပါဘူး။”

ချန်ဝမ်ရွန်က စိတ်ခံစားမှုမပါသော အသံဖြင့် “ရှင့်ရဲ့လုပ်ရပ်တွေကတော့ လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်နေတဲ့ ပုံစံမပေါ်ဘူး။”

လုချန်းသာ တကယ်တမ်း လျှို့ဝှက်လဝန်းနန်းတော်ကို ကြောက်ရွံ့ပါက လင်ဝမ်ရွန်ကို သိမ်းပိုက်ခဲ့မည် မဟုတ်သလို အချစ်အဆိပ်တိုက်ခဲ့သည်ဆိုသော စကားမျိုးလည်း ပြောခဲ့မည် မဟုတ်ပေ။

လုချန်း၏နောက်ကွယ်ရှိ အင်အားစုနှင့် သူ့အတွက် လမ်းခင်းပေးသူတို့သည် အင်အားကြီးမားသူများ ဖြစ်သဖြင့် လုချန်းက လျှို့ဝှက်လဝန်းနန်းတော်ကို မကြောက်ရွံ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“ရှင်က ကျွန်မဆရာကို မနှောင့်ယှက်ရဲဘူးဆို‌ တော့ ကျွန်မတို့ကို လွှတ်ပေးဖို့တောင်းဆိုရင် ရှင်ဘာလုပ်မလဲ။”

ယခုအခြေအနေတွင် အကြံအစည်အားလုံး ပေါ်သွားပြီဖြစ်သဖြင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ပေ။ အထူးသဖြင့် သူမ၏နိုင်ငံပြန်လည်ထူထောင်ရေးအင်အားစုများ လုချန်းထံသို့ ရောက်ရှိသွားပြီဖြစ်သဖြင့် မြောက်ပိုင်းပြည်နယ်တွင် ဆက်လက်နေထိုင်ခြင်းက လုံးဝ အဓိပ္ပါယ်မရှိတော့ပေ။

သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ တောင်ပိုင်းရှိ လုရှုယွမ်နှင့် ပူးပေါင်းကာ လျှို့ဝှက်နဂါးမန္တာန်ကျင့်စဉ်အတွက် သူ၏သွေးကိုရယူရန်သာ ဖြစ်သည်။ သို့သော် လုချန်းက သူတို့အား ထွက်ခွာခွင့်ပြုမည်လားဆိုသည်က မေးခွန်းတစ်ခု ဖြစ်နေဆဲဖြစ်သည်။

လုချန်း၏နောက်ကွယ်ရှိ အင်အားစုသည် ရှုပ်ထွေးပြီး လျှို့ဝှက်လဝန်းနန်းတော်ကိုတောင် မကြောက်ရွံ့သည့်အတွက် သူတို့အား အလွယ်တကူ လွှတ်ပေးမည်မဟုတ်ဟု ယူဆရသည်။

လုချန်းက အေးဆေးစွာ ပြောလိုက်သည်။

“ချန်မိန်းကလေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်သွားချင်ရင် ဘယ်အချိန်မဆို လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပါတယ်။”

ချန်ဝမ်ရွန်က ချက်ချင်းမေးလိုက်သည်။

“ ဒေါ်လေးလင်ကော”

လုချန်းပြုံးလျက်

“သူကတော့ မဖြစ်နိုင်ဘူး။ သူက ကျွန်တော့်ရဲ့သားသမီးတွေကို မွေးဖွားပေးရဦးမယ်။ အခုကစပြီး သူက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ကျွန်တော့်ကို အလုပ်အ ကျွေး ပြုရမယ်။”

လုချန်း၏စကားများ ပြီးဆုံးသွားသည်နှင့် အေးစက်သော လေများတိုက်ခတ်လာပြီး ချန်ဝမ်ရွန်နှင့် လုချန်းတို့လည်း တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားကြသည်။

အချိန်အတန်ကြာပြီးနောက် ချန်ဝမ်ရွန်က “ကျွန်မ ရှင်နဲ့ တစ်ညအတူနေမယ်။ ဒေါ်လေးလင်ကို ကျွန်မနဲ့ ထွက်သွားခွင့်ပြုပါ။”

ထိုစကားကိုကြားလိုက်ရသည်နှင့် လုချန်းသည် ရုတ်တရက် တူညီသော ခံစားမှုတစ်ကို ပြန်ခံစား လိုက်ရသည်။

ချူးချင်လီသည် ချူးယုချင်အတွက် သူ့ကိုယ်သူမ ပေးအပ်ခဲ့သည်။

လင်ဝမ်ရွန်သည် ချန်ဝမ်ရွန်အတွက် သူမ၏ကိုယ်ကို ပေးအပ်ခဲ့သည်။

ယခုတွင် ချန်ဝမ်ရွန်ကိုယ်တိုင် လင်ဝမ်ရွန်အတွက် သူမ၏ကိုယ်ကို ပေးအပ်လိုနေသည်။

လုချန်းသည် ရုတ်တရက် သူကိုယ်သူ လူယုတ်မာ တစ်ဦးအဖြစ် ခံစားမိသည်။

ထို့နောက် လုချန်းက ပြောလိုက်သည်။

“ ဒေါ်လေးလင်ကို ခင်ဗျားနဲ့ သွားခွင့်ပြုမယ်။ ဒါပေမဲ့ ချန်မိန်ကလေး။ ခင်ဗျားဒီကိစ္စကို သေချာစဉ်းစားသင့်တယ်။ ဒေါ်လေးလင်က ခင်ဗျားနဲ့ လိုက်ချင်မှ လိုက်ချင်မှာ။ ခင်ဗျားဒီလိုလုပ်ရင် ဒေါ်လေးလင်ကို ခေါ်မသွားနိုင်ပဲ ခင်ဗျားကိုယ်တိုင် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ နေရတဲ့အထိ ဖြစ်သွားနိုင်တယ်။”

ချူးချင်လီနှင့် လင်ဝမ်ရွန်တို့၏ လုပ်ရပ်များကို ကြည့်ခြင်းအားဖြင့် သူတို့သည် အခြားသူ တစ်ယောက်အတွက် လုပ်သည်ဟု ဆိုသော်လည်း သူတို့၏ အတွင်းစိတ်တွင် သူတို့သည် လုချန်းနှင့် ခွဲခွာ၍ မရနိုင်တော့ကြောင်း ရှင်းလင်းနေသည်။ သူတို့သည် မာန်မာနကြီးစွာဖြင့် ထိုအကြောင်းပြချက်များကို အသုံးပြုကာ လုချန်းနှင့် ထားရှိသော ဆက်ဆံရေးကို ရှင်းပြနေကြခြင်းသည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က

“ရှင်သဘောတူမှာလား။ မတူဘူးလားဆိုတာပဲ ပြောပါ”

ဟု အေးစက်စွာ ပြောလိုက်သည်။

လုချန်း၏ သူမ၏ခန္ဓာကိုယ်အပေါ် စွဲလန်းနေမှုကို ရိပ်စားမိပြီး ဒါက သူ့အတွက် ကြီးမားသော ဆွဲဆောင်မှုတစ်ခုဖြစ်လိမ့်မည်ဟု ချန်ဝမ်ရွန် ယုံကြည်သည်။

လုချန်းထံ သူမ၏အပျိုစင်ဘဝကို စွန့်လွှတ်ရမည့်ကိစ္စနှင့် ပတ်သက်၍ ချန်ဝမ်ရွန် အလွန်အမင်း စိတ်မပူပေ။ သူမသည် ယခင်ကတည်းက ချန်နိုင်ငံတော်၏ အနာဂတ်ဧကရာဇ်ဖြစ်လာမည့် ကလေးတစ်ဦးကို လုချန်းနှင့် မွေးဖွားရန် အစီအစဉ်ရှိပြီးဖြစ်သည်။

လုချန်း၏ အဆင့်မြင့်သိုင်းပညာစွမ်းရည်နှင့် သူ၏နောက်ကွယ်ရှိ အင်အားစုက သူ၏ထူးခြားမှုကို သက်သေပြနေသဖြင့် သူတို့၏အနာဂတ်ကလေးသည် ဧကန်မုချ ကြီးမားသောအာဏာရှိလာမည်ဖြစ်သည်။ ထို့ကြောင့် လုချန်းထံ သူမ၏အပျိုစင်ဘဝကို စွန့်လွှတ်ရခြင်းက ဆုံးရှုံးမှုတစ်ခုမဟုတ်ဟု သူမခံစားရသည်။

ချန်ဝမ်ရွန်၏ အေးစက်သောမျက်နှာကို မြင်ရသည်နှင့် လုချန်း၏ ရမ္မက်စိတ်များ ပြန်လည်နိုးကြားလာသည်။ ဤနတ်သမီးနှင့် တစ်ညအတူနေရမည့် ကိစ္စကို သူမည်သို့ မလိုလားပဲ နေနိုင်မည်နည်း။

ခဏအကြာတွင် လုချန်းက

“ချန်မိန်းကလေးက ဆုံးဖြတ်ပြီးပြီဆိုရင် ကျွန်တော်လည်း သဘောတူပါတယ်။”

လုချန်း၏ သဘောတူညီချက်ကို မြင်ရသည်နှင့် ချန်ဝမ်ရွန်လည်း လသဆောင်မှ အခန်းအတွင်းသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ အခန်းအတွင်းသို့ ရောက်ရှိပြီးနောက် သူမ၏ လက်ဝါးကို လှုပ်ရမ်းလိုက်ကာ လေလှိုင်းခတ်သံတစ်ခု ဖြစ်ပေါ်လာပြီး အခန်း၏သစ်သားတံခါးများနှင့် ဘေးဘက်ရှိ ပြတင်းပေါက်များကို ပိတ်သွားစေသည်။

ထိုမြင်ကွင်းကို မြင်တော့ လုချန်း အနည်းငယ်အံ့အားသင့်သွားသည်။

ချန်ဝမ်ရွန်သည် ထိပ်သီးအဆင့်ပညာရှင်တစ်ဦးဖြစ်‌သော်လည်း သူမ၏အတွင်းအားကို ဤမျှကျွမ်းကျင်စွာ ထိန်းချုပ်ပုံက အဆင့်လွန်ပညာရှင်တစ်ဦးနီးပါးဖြစ်နေသည်။

သူသည် စနစ်တစ်ခု၏ကျေးဇူးကြောင့် ဤမျှစွမ်းအားကောင်းနေခြင်းဖြစ်သော်လည်း ချန်ဝမ်ရွန်မှာမူ ဒီခောတ်မှ လူတစ်ဦးဖြစ်၏။ ဤခောတ်ကမ္ဘာမှ လူတစ်ဦး အနေဖြင့် ဤမျှထူးချွန်သော ပါရမီရှိခြင်းမှာ အလွန်ရှားပါးသည်။

ပိုမိုတိကျစွာပြောရလျှင် ဤခောတ်ကမ္ဘာ၌ သုမလို အသက်အရွယ်တွင် ဤမျှပါရမီရှိသူများ မရှိသလောက်နည်းပါးသည်။ ဝူကျန်းဝမ်သည် ထိပ်သီးပညာရှင်ဖြစ်သော်လည်း အသက် ၃၀ ရှိပြီဖြစ်ကာ ချန်ဝမ်ရွန်ထက် အနည်းငယ်ကြီးသည်။

တံခါးနှင့်ပြတင်းပေါက်များ ပိတ်သွားပြီးနောက် ချန်ဝမ်ရွန်က လုချန်းဆီသို့ ဆက်လက်ချဉ်းကပ်လာသည်။ သူမနီးကပ်လာသည်နှင့်အမျှ သူမ၏အဖြူရောင် ဝတ်စုံသည် ပခုံးများပေါ်မှ ချောမွေ့စွာ လျှောကျလာသည်။

ထိုနတ်သမီး နီးကပ်လာသည်ကို မြင်ရသည်နှင့် လုချန်း၏နှလုံးလည်း အရှိန်မြင့်စွာ ခုန်လှုပ်လာသည်။ သူမ၏ နူးညံ့သောလည်တိုင်၊ ဆီးနှင်းကဲ့သို့ဖြူဖွေးသောအသားအရေနှင့် အလွန်လှပသည့် အေးစက်သောမျက်နှာကို ကြည့်ရှုရင်း သူ၏မကောင်းသောအတွေးများ အပြည့်အဝနိုးကြားလာသည်။

သို့သော် လုချန်းက သူ့ကိုယ်သူဆက်ထိန်းထားပြီး ချက်ချင်းမတိုးဝင်သေးပေ။

ထိုအချိန်တွင် ချန်ဝမ်ရွန်က သူ့ဘေးမှ လျှောက်သွားပြီး သူ့နှာခေါင်းထဲသို့ နူးညံ့သောရနံ့တစ်ခု ဝင်ရောက်လာသည်။

ချန်ဝမ်ရွန်သည် အိပ်ရာဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားသည်။ သူမအိပ်ရာပေါ်လှဲမချခင် လုချန်းလည်း သူ့ကိုယ်သူထိန်းချုပ်မရတော့ပဲ သူမအား အိပ်ရာပေါ်တွင် ဖိချလိုက်သည်။

လုချန်းက သူ့အောက်တွင်ရှိသော မိန်းမလှကို ငေးကြည့်နေသည်။ သူမ၏ နှင်းကဲ့နူးညံ့ဖြူစင်သော လက်မောင်း၊ ရှည်လျားဖြူဖွေးသော ခြေထောက်များနှင့် လှပသည့်မျက်နှာ စသည့်တိုဖြင့် သူမ၏ခန္ဓာကိုယ်တွင် ဆွဲဆောင်မှု မရှိသော အစိတ်အပိုင်း မရှိပေ။

သို့သော် လုချန်း ထိန်းချုပ်မှု လွတ်တော့မည့်အချိန်တွင် သူ၏စိတ်ခံစားချက်များကို ငြိမ်သက်စေရန် ကြိုးစားနိုင်ခဲ့သည်။ ထို့နောက် အသက်ပြင်းပြင်း ရှူသွင်းပြီး သူ့ကိုယ်သူ အပြည့်အဝထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

အိပ်ရာပေါ်တွင် လှဲနေသော ချန်ဝမ်ရွန်၏ ဆံပင်များသည် ပြန့်ကျဲနေပြီး သူမ၏မျက်လုံးများက လုချန်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ ထို့နောက် သူမက

“ရှင်လုံးဝမယိမ်းမယိုင်ဘူးလို့ ထင်ခဲ့တာ။ ရှင်ရဲ့အေးဆေးတည်ငြိမ်တဲ့ ပုံစံတွေက ဟန်ဆောင်ထားတာတွေပဲ”

ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းသည် ပြုံးရယ်ကာ

“ဒီလောက်လှတဲ့ နတ်သမီးကို မြင်ရပြီး စိတ်မယိမ်းယိုင်ဘူးဆိုရင် ကိုယ်က ယောက်ျားဟုတ်ပါတော့မလား”

ဟု ပြန်ပြောလိုက်သည်။

ထိုအချိန်တွင် လုချန်း၏လက်က ချန်ဝမ်ရွန်၏ ခါးဆီသို့ ဖြည်းညင်းစွာရွေ့လျားသွားပြီး သူမ၏နောက်ဆုံးအဝတ်ကို ချွတ်ရန် ရည်ရွယ်လိုက်သည်။ လုချန်း၏ သိမ်မွေ့သောလှုပ်ရှားမှုကို သတိထားမိသည်နှင့် ချန်ဝမ်ရွန်က

“ဒေါ်လေးလင် ပြောတာမှန်တယ်။ ယောက်ျားတွေ ‌အားလုံးက အတူတူပဲ။ ရှင်လည်း ခြွင်းချက်မဟုတ်ဘူး”

ဟု ခံစားချက်မဲ့စွာ ပြောလိုက်သည်။

လုချန်းက

“မင်းပြောတာ အမြင်ကျဉ်းလွန်းတယ်။ ယောက်ျားတွေတင် မဟုတ်ပါဘူး မိန်းမတွေလည်း အတူတူပါပဲ”

ဟု ပြန်ပြောလိုက်သည်။

ချန်ဝမ်ရွန်သည် ခေါင်းလှည့်ကာ စကားမပြောတော့သော်လည်း သူမ၏မျက်နှာတွင် အနီရောင်များ ဝင်လာခဲ့သည်။

အေးစက်သော မိန်းမလှ၏ နီမြန်းနေသောမျက်နှာကို မြင်ရပြီး လုချန်း ပြုံးလိုက်သည်။ ဒီညတွင် သူ ဤမာန်မာနကြီးသော နတ်သမီးကို မြေပြင်ပေါ်သို့ ဆင်းသက်စေမည်မှာ သေချာသည်။

ထိုအတွေးဖြင့် လုချန်းက ကိုင်းညွှတ်လိုက်ပြီး ချန်ဝမ်ရွန်၏ နီရဲနေသော နှုတ်ခမ်းများကို နမ်းလိုက်သည်။

........

အခန်း (၃၆၀)

ချစ်ခြင်းပိုးကောင် လိပ်ပြာဖြစ်လာခြင်း (၁)

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်။

ထိုညသည် လင်ဝမ်ရွန် တာဝန်ကျသည့်ညဖြစ်သည်။ မင်းသားစံအိမ် အတွင်း‌ဆောင်ကို အကြိမ်ကြိမ် လှည့်လည်စစ်ဆေးပြီးနောက် သူမ ဝမ်ရွန်အဆောင်သို့ ပြန်လာခဲ့သည်။

သူမသည် လုချန်းကို ရှာဖွေပြီး သူဘာလုပ်ဖို့စီစဉ်ထားသည်ကို မေးမြန်းရန် ရည်ရွယ်ခဲ့သည်။

သို့သော် စာကြည့်ခန်းသို့ သွားစဉ်က ဖယောင်းတိုင်မီး မရှိသည်ကို တွေ့ရှိခဲ့ရသည်။ လုချန်းသည် သူ၏မယားများထဲမှ တစ်ဦးဦးထံ အိပ်ရန် သွားနေပြီဖြစ်မည်။

လုချန်းကို မတွေ့ရသောကြောင့် လင်ဝမ်ရွန်လည်း ဝမ်ရွန်အဆောင်သို့သာ ပြန်လာရ တော့သည်။ သူမသည် အဆောင်ပြင်တွင် ထိုင်ကာ ထိုည၏ လရောင်ကို ရှုစားနေရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

လုချန်းသည် ချူးယွဲ့၏သားဖြစ်သည်။ ချူးယွဲ့သည် သူမ၏ သွေးသောက်အစ်မ ဖြစ်ပြီး ချန်ဝမ်ရွန်မှာ သူမကောက်ယူ မွေးစားခဲ့သော သမီးတစ်ဦးဖြစ်သည်။ ယခု‌တော့ သူမလုချန်း၏ အမျိုးသမီးဖြစ်လာခဲ့ပြီဖြစ်သည်။ သူတို့အကြားဆက်ဆံရေးမှာ အလွန်ရှုပ်ထွေးလွန်းနေ၏။ သူမ အနေနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်မှုမရှိစေလိုပါ။

သို့သော် ချန်ဝမ်ရွန်၏ နှလုံးသားထဲတွင် ချန်နိုင်ငံတော်ကို ချေမှုန်းပြီး တော်ဝင်မျိုးနွယ်များကို သုတ်သင်ခဲ့သော ဆွမ်ဧကရာဇ်အပေါ် နက်ရှိုင်းစွာ မုန်းတီးနေမှုကို သူမကောင်းစွာသိရှိထားသည်။ ဤမျှနက်ရှိုင်းသော ရန်ငြိုးများ ထွေးပိုက်ထားရသည့် ချန်ဝမ်ရွန်အတွက် လက်လျှော့ရန်က မလွယ်ကူပါ။

ထိုအတွေးများဖြင့် လင်ဝမ်ရွန်၏ စိတ်ထဲတွင် နောက်ထပ်သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် ချန်ဝမ်ရွန်၏အခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ထူးဆန်းစွာပင် ယခုညတွင် ချန်ဝမ်ရွန်၏အခန်းတွင်လည်း ဖယောင်းတိုင်မီးမရှိချေ။ ဒါက ဘာအဓိပ္ပါယ်လဲ။

ပုံမှန်အားဖြင့် ချန်ဝမ်ရွန်၏အခန်းရှိ ဖယောင်းတိုင်မီးသည် ညမှ နံနက်အထိ လောင်ကျွမ်းနေတတ်သည်။ ချန်ဝမ်ရွန် အခန်းတွင်း မရှိသည့်အခါမှသာ အလင်းရောင်မရှိခြင်း ဖြစ်သည်။

လင်ဝမ်ရွန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။ ရွန်ရွန်အပြင်ထွက်သွားပြီလား။

ချက်ချင်းပင် လင်ဝမ်ရွန်လည်း ချန်ဝမ်ရွန်၏ အခန်းတံခါးနားသို့ ချဉ်းကပ်ကာ ခေါ်ကြည့်လိုက်သည်။

“နန်းတော်သခင်။ အခန်းထဲမှာလား။”

သို့သော် အခန်းတွင်းမှ ပြန်ထူးသံ မကြားရပေ။ လင်ဝမ်ရွန် နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သော်လည်း ဘာမှတုံ့ပြန်မှု မရပေ။ ချန်ဝမ်ရွန် အခန်းတွင်း၌ မရှိကြောင်း ရှင်းနေပြီ ဖြစ်သည်။

လင်ဝမ်ရွန်၏ စိတ်ထဲတွင် စိုးရိမ်မှုများ လှိုင်းထလာခဲ့သည်။ ဤမျှညဉ့်နက်ချိန်တွင် သူမ ဘယ်ကိုသွား‌နေတာလဲ။

...

ထိုအတောအတွင်း။

မြို့တောင်ဘက်ရှိ

လျှို့ဝှက်လဝန်းစား‌သောက်ဆိုင် ။

တတိယထပ်ရှိ အခန်းတစ်ခုတွင် လူနှစ်ဦး၏ အရိပ်များ ထပ်နေ၏။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ လုချန်း တဖြည်းဖြည်းချင်း ထလာကာ ချန်ဝမ်ရွန်၏ လက်ရှိအခြေအနေကို ကြည့်လိုက်သည်။

ချန်ဝမ်ရွန်၏ လှပသောမျက်လုံးများက စိုစွတ်လှပ‌နေပြီး စိတ်လှုပ်ရှားဖွယ်ရာဖြစ်နေ ‌သည်။ နုနယ်လှပသော သူမ၏ မျက်နှာသည် ပန်းရောင်နှုတ်ခမ်း၊ သေးသွယ်သောနှာခေါင်းနှင့် သွယ်လျသော မေးစေ့တို့နှင့် တွဲဖက်ထားပြီး အနည်းငယ် နီမြန်းနေကာ သူ၏ သိမ်းပိုက်လိုစိတ်ကို နှိုးဆွပေးနေသည်။

သို့သော် သူမနှင့် ယောက်ျားမိန်းမကိစ္စကို လုချန်း မပြုလုပ်ခဲ့ပေ။ သူမကို နမ်းရုံသာ နမ်းခဲ့သည်။

လုချန်း ထလိုက်သည်နှင့် ချန်ဝမ်ရွန်၏ စိတ်များ သိသိသာသာ ပိုမိုရှင်းလင်းလာခဲ့သည်။

ဤသည်မှာ သူမ၏ပထမဆုံးအကြိမ် ယောက်ျားတစ်ဦးနှင့် ဤမျှနီးကပ်စွာ ထိတွေ့ရခြင်းဖြစ်သည်။ စာကြည့်ခန်းထဲတွင် လင်ဝမ်ရွန်နှင့် ပြုခဲ့သကဲ့သို့ သူမနှင့်လည်း

လုချန်း ပြုလုပ်မည်ဟု ချန်ဝမ်ရွန် ထင်ခဲ့သည်။

သို့သော် လုချန်းက သူမ၏ခန္ဓာကိုယ်ကို တိုက်ရိုက်သိမ်းပိုက်ခြင်း မပြုပဲ သူ၏လက်များဖြင့် သူမ၏ကိုယ်ခန္ဓာပေါ်တွင် လှည့်ပတ်ကာ ပြင်းထန်စွာ နမ်းရှုံ့ခဲ့သည်။

လင်ဝမ်ရွန်နှင့်ကဲ့သို့ အပြုအမူကို မပြုလုပ်ခဲ့သော်လည်း သူမ၏ခန္ဓာကိုယ်သည် ပုံမှန်မဟုတ်သော ခံစားမှုများကို ကြုံတွေ့ခဲ့ရသည်။

လုချန်း၏ခန္ဓာကိုယ်နှင့် ထိတွေ့မိသည့်အခိုက်တွင် သူမ၏မျက်နှာ အလွန်ပူလာပြီး သွေးများဆူပွက်လာကာ နှလုံးကလည်း ပြင်းထန်စွာ ခုန်နေခဲ့သည်။ သူမ၏ခန္ဓာကိုယ်အတွင်း ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို သတိထားမိသောအခါ ချက်ချင်းပင် သူမ၏ အတွင်းအားကို အသုံးပြုကာ စိတ်ငြိမ်သက်အောင် ကြိုးစားခဲ့သော်လည်း သူမ၏ အတွင်းအားများ လုံးဝပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

အတွင်းအား မရှိပဲ ထိုထူးဆန်းသော ခံစားမှုများကို သူမလုံးဝ ခံနိုင်ရည် မရှိခဲ့ပေ။

ချန်ဝမ်ရွန်၏ ဖြားယောင်းသော မျက်လုံးများကို မြင်လိုက်ရသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်လာခဲ့သည်။

ချန်ဝမ်ရွန်သည် ပိုင်ချင်းချင်းနှင့် ကွဲပြားခြားနားသည်။ နှစ်ဦးစလုံးမှာ အေးစက်သော မိန်းမများဖြစ်သော်လည်း ပိုင်ချင်းချင်းမှာ ခံစားချက်များ ဆုံးရှုံးသွားပြီ ဖြစ်သဖြင့် အမြဲတမ်း မျက်နှာအပြောင်းအလဲမရှိပဲ ရှိနေတတ်သည်။

သို့သော် ချန်ဝမ်ရွန်ကတော့ ကွဲပြားသည်။ သူမသည် အမြဲတမ်း အေးစက်နေဟန်ရှိသော်လည်း ယင်းမှာ သူမ၏နှလုံးသားအတွင်းရှိ နက်ရှိုင်းသော ရန်ငြိုးများနှင့် လျှို့ဝှက်လဝန်းနန်းတော်ကဲ့သို့သော နေရာတွင် နေထိုင်ရခြင်းကြောင့် ခံစားချက်များ မပြသခြင်းဖြစ်ပြီး သူမထံ၌ ခံစားချက် လုံးဝမရှိဟု မဆိုလိုပေ။

အကယ်၍ ချန်ဝမ်ရွန်တွင် ခံစားချက် လုံးဝမရှိပါက သူမဆီ၌ အငြိုးအာဃာတလည်း မရှိနိုင်ပေ။ သူမတွင် ခံစားချက်များရှိနေပြီး လုချန်း၏ အမျိုးသမီးများကို ကိုင်တွယ်နည်းများနှင့် ပေါင်းစပ်သောအခါ ချန်ဝမ်ရွန်၏စိတ်များ လျင်မြန်စွာ ရှုပ်ထွေးသွားခဲ့သည်။

ယခု သူမ၏ခန္ဓာကိုယ်တွင် အလွန်အမင်း မသက်မသာဖြစ်နေသည်ကိုသာ ခံစားနေရသည်။

လုချန်းက သူ့မအားစူးစိုက်ကြည့်နေပြီး မျက်နှာပေါ်တွင် လှောင်ပြောင်လိုသည့် အပြုံးတစ်ခု ပေါ်လာသည်ကို မြင်သောအခါ လုချန်း အဘယ်ကြောင့် သူမနှင့် ထိုအပြုအမူကို တိုက်ရိုက်မပြုလုပ်ခဲ့တာလဲဆိုသည့် အကြောင်းရင်းကို ချန်ဝမ်ရွန် နားလည်သွားခဲ့သည်။ သူမက မျက်နှာနီမြန်းလျက် အေးစက်စွာပြောလိုက်သည်။

“ရှင်က ကျွန်မကို အရှက်ခွဲချင် နေတာပဲ။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“အရှက်ရခွဲတာ။ ဒါကို အရှက်ခွဲတာလို့ ဘယ်လိုခေါ်နိုင်မလဲ။ ကျွန်တော်က အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့တူတယ်ဆိုတာ သက်သေပြနေတာပါ။”

စကားပြောရင်း လုချန်းက ချန်ဝမ်ရွန်၏ သွယ်လျသော မေးစေ့ကို ပွတ်သပ်လိုက်သည်။

ချန်ဝမ်ရွန်က ချက်ချင်းပင် မျက်နှာလွှဲလိုက်ပြီး နောက်ထပ်စကား မပြောတော့ပေ။

ချန်ဝမ်ရွန် ဤမျှဆန့်ကျင်နေဆဲဖြစ်သည်ကို မြင်သောအခါ လုချန်းက ပြုံးရယ်ကာ သူမ၏ဦးခေါင်းကို ကိုင်လိုက်ပြီး နောက်တစ်ကြိမ် နမ်းရှုံ့လိုက်ပြန်သည်။

“အမ် အမ် ...”

ထိုအခိုက်အတန့်တွင် အခန်း၏ထောင့် တစ်နေရာမှ ပိုးကောင်တစ်ကောင်က စားပွဲပေါ်သို့ တရွေ့ရွေ့တက်လာကာ ပြတင်းပေါက်မှ ဝင်လာသော အေးမြသည့် လ‌ရောင်ကို ခံစားရန် ခေါင်းမော့လိုက်သည်။

ခဏအကြာတွင် ပိုးကောင်၏ လှုပ်ရှားမှုရပ်တန့်သွားပြီး ယင်း၏အရေပြားသည် မာကျောသော အခွံတစ်ခုဖြစ်လာ၏။ မကြာမီ အတောင်နှစ်ဖက်ပါသည့် လိပ်ပြာတစ်ကောင် ပေါက်ထွက်လာကာ လေထဲသို့ ပျံတက်သွားခဲ့သည်။

လိပ်ပြာသည် လေထဲတွင် ပျံသန်းရင်း ယင်း၏တောက်ပသောအတောင်များမှ ရွှေရောင်အမှုန်များကို ဖြန့်ကြဲလိုက်သည်။

နောက်ခဏတွင် အိပ်ရာပေါ်ရှိ ခေါင်းအုံးဘေးနားမှ ကြွေဗူးလေးတစ်ခု၏ အဖုံးပွင့်ထွက်သွားပြီး အခြားပိုးကောင်တစ်ကောင်လည်း ထွက်လာခဲ့သည်။

..........

All Chapters