← Chapters

အခန်း ၃၆၁-၃၆၃

Vol. 25 Ch. 361-363

အခန်း ၃၆၁-၃၆၃

Vol. 25 Ch. 361-363

အခန်း (၃၆၁)

ချစ်ခြင်းပိုးကောင် လိပ်ပြာဖြစ်လာခြင်း (၂ )

အခန်းထဲရှိ လိပ်ပြာသည် ထိုပိုး ကောင်ကလေးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် အိပ်ရာ၏ခေါင်းရင်းသို့ပျံသန်းသွားကာ ပိုး ကောင်လေးကို လ၏အလင်းတန်းအောက်သို့ ခေါ်ဆောင်သွားခဲ့သည်။

မကြာမီ ပိုးကောင်ကလေးလည်း လိပ်ပြာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှ ပို၍လှပသော အလင်းမှုန်များ ထွက်လာခဲ့သည်။

ထို့နောက် လိပ်ပြာနှစ်ကောင်သည် အခန်းအနှံ့ ပျံသန်းကာ သူတို့တို့၏အတောင်မှုန့်များဖြင့် အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားစေခဲ့သည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်၏ စိတ်ခံစားမှုများကို အပြင်းအထန် နှိုးဆွပေးနေသော လုချန်းလည်း အခန်းအတွင်းရှိ ထိုပြောင်းလဲမှုကို သတိထားမိလိုက်သည်။ သူရပ်တန့်လိုက်ပြီး ဘေးသို့လှည့်ကြည့်လိုက်သည်။

အခန်းတွင်း အရောင်စုံထွက်နေသော လိပ်ပြာနှစ်ကောင်ပျံသန်းနေသည်ကို မြင်လိုက်ရသည်နှင့် လုချန်း အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ ဒီလိပ်ပြာတွေကသည် အဆိပ်ရှိတဲ့ လိပ်ပြာတွေလား။

လုချန်း စိတ်ထဲတွင် မေးလိုက်သည်။

“စနစ် ဒီလိပ်ပြာတွေက ဘာတွေလဲ။”

[အတောင်တူ အဖိုအမလိပ်ပြာ ဖြစ်ပါသည်။ အတောင်တူ အဖိုအမလိပ်ပြာ၏ အတောင်မှုန့်များသည် ယောက်ျားမိန်းမတို့အား အချစ်နွံထဲ နစ်မွန်းစေနိုင်သည်။]

စနစ်၏ အကြောင်းကြားချက်ကို ကြားလိုက်ရသည်နှင့် လုချန်းသည် စိတ်ထဲတွင် တွေးမိသည်။ ဒါဆို ဒါတွေက အတောင်တူ အဖိုအမလိပ်ပြာများသာဖြစ်သည်။ ချန်ဝမ်ရွန်က အဆိပ်ရှိသော ပိုးကောင်တစ်မျိုးကို ထပ်မံထုတ်လွှတ်ပြီး သူ့အပေါ် အသုံးပြုရန်အစီအစဉ် မစွန့်လွှတ်သေးဟု လုချန်း ထင်မှတ်ခဲ့သည်။

သတိပြန်ဝင်လာသည်နှင့် လုချန်းက ချန်ဝမ်ရွန်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏နှင်းဖြူရောင် လည်ပင်းသည်လည်း နီရဲလာပြီး မျက်လုံးများက စိုစွတ်နေသည်။ သူမသည် သူမ၏ ဖြူဖွေးသောသွားဖြင့် အံကြိတ်နေပြီး နူးညံ့သော ခန္ဓာကို ယ်က မရပ်မနား လှုပ်ရှားနေသည်။ တစ်စုံတစ်ရာကို သည်းခံနေရသည်ဟု ထင်ရသည်။

လုချန်းလည်း ခဏခန့် ရပ်တန့်ကာ တွေးမိသည်။ အတောင်တူ အဖိုအမလိပ်ပြာ၏အတောင်မှုန့်များက သူမကို သက်ရောက်မှုရှိနေပြီလား။

အတောင်တူ အဖိုအမလိပ်ပြာ၏အတောင်မှုန့်သည် သူ့အပေါ် အကျိုးမသက်ရောက်သော်လည်း မည်သူမဆို အဖိုအမလိပ်ပြာ၏အတောင်မှုန့်နှင့် ထိတွေ့မိပါက ထိုအမှုန်နှင့် ထိတွေ့ထားသူ အခြားတစ်ယောက်အား စွဲလန်းစေသည်။ ယခု ထိုလိပ်ပြာနှစ်ကောင်သည် အခန်းတွင်းပျံသန်းနေပြီး သူတို့၏အတောင်မှုန့်များလည်း သူမ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီဖြစ်သဖြင့် ချန်ဝမ်ရွန်သည်လည်း ထိတွေ့မိသွားပြီဖြစ်သည်။

ထိုအချင်းအရာကို မြင်လိုက်ရသည်နှင့် လုချန်း ပြုံးလိုက်သည်။ သူက ကိုင်းလိုက်ပြီး သူမ၏ နားထဲသို့ တိုးတိုးကပ် ပြောလိုက်သည်

“ရွန်ရွန် မင်းဘာလုပ်ချင်တာလဲဆိုတာ ကိုယ့်ကိုပြောပါ၊။”

လုချန်း၏ စကားဆုံးသည်နှင့် ချန်ဝမ်ရွန်က ရုတ်တရက် သူမ၏ကျောက်စိမ်းကဲ့သို့ ချောမွေ့သော လက်မောင်းကို မြှောက်ကာ သူ၏လည်ပင်းကို ပွေ့ဖက်ပြီး သူ့ကိုနမ်းလိုက်သည်။ ချန်ဝမ်ရွန်၏ ထိုနမ်းရှုံ့မှုသည် လုချန်း၏ နောက်ဆုံးကျန်ရှိသော ဆင်ခြင်တုံတရားကို ဖယ်ရှားပစ်လိုက်သည်။

...

နံနက်အရုဏ်တက်ချိန်။

နေမင်းသည် အရှေ့ဘက်မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာခဲ့သည်။

ဝမ်ရွန်ဆောင်။

လင်ဝမ်ရွန်သည် အဆောင်အတွင်း၌ စိုးရိမ်ပူပန်သောမျက်နှာဖြင့် ထိုင်နေခဲ့သည်။ သူမ တစ်ညလုံး စောင့်ဆိုင်းနေခဲ့သော်လည်း ချန်ဝမ်ရွန် ပြန်မလာသေးပေ။

ချန်ဝမ်ရွန် ဘယ်ကိုသွားသည်ကိုလည်း သူမ မသိချေ။

ယခင်က ချန်ဝမ်ရွန် အပြင်ထွက်သည့်အခါတိုင်း သူမအား ဘယ်သွားမည်ကို အသိပေးလေ့ရှိသော်လည်း မနေ့ညက မပြောခဲ့သဖြင့် လင်ဝမ်ရွန် အလွန်စိတ်ပူနေခဲ့သည်။

ချန်ဝမ်ရွန် မနေ့ညက လုချန်းကို ရှာဖွေဖို့ သွားခဲ့တာလားဟု လင်ဝမ်ရွန် စဉ်းစားမိသည်။

လုချန်းသည် ဝမ်စုယွမ်အား ထိုအကြောင်းအရာများကို ချန်ဝမ်ရွန်ထံ အသိပေးစေခဲ့ပြီးဖြစ်ရာ သူ့ဘက်က ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုလိုသည်။ ချန်ဝမ်ရွန်လည်း လုချန်း၏ အတွေးအခေါ်ကို သိရှိပြီးဖြစ်မည်။

ထိုအချိန်တွင် အစေခံမိန်းမတစ်ဦး ဝမ်ရွန်အဆောင်အတွင်းသို့ ဝင်ရောက်လာသည်။

လင်ဝမ်ရွန် သတိပြန်ဝင်လာကာ

“ဘာကိစ္စလဲ”

ဟု မေးလိုက်သည်။

အစေခံမိန်းမက

“ လုံခြုံရေးမှူး မနေ့ညက မင်းသားကို တွေ့မိလား။ မိဖုရားက မင်းသားအတွက် ဆန်ပြုတ်ပြင်ဆင်ထားတယ်။ ဒါပေမဲ့ မင်းသားစံအိမ်တစ်ခုလုံးရှာတာတောင် မင်းသားကို မတွေ့ဘူး။ လုံခြုံရေးမှူး ချူးက ‌ဒီကိုလာမေးဖို့ ပြောလို့ပါ။”

အစေခံမိန်းမ ရည်ညွှန်းသည့်

“လုံခြုံရေးမှူချူး” ဆိုသည်မှာ ချူးချင်လီပင်ဖြစ်သည်။ လင်ဝမ်ရွန်နှင့် ချူးချင်လီနှစ်ဦးစလုံးသည် သူတို့ လုချန်း၏ အမျိုးသမီးများဖြစ်ကြောင်း အလွန်ရှင်းလင်းစွာသိကြသည်။ ထို့ကြောင့် ချူးချင်လီက လုချန်း သူ၏အခြားဇနီး မယားများ၏ အခန်းများတွင် မရှိပါက ဝမ်ရွန်ဆောင်တွင် ရှိနေနိုင်သည်ဟု ယူဆခဲ့သည်။

အစေခံမိန်းမ၏စကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်၏ နှလုံးသား တဒိန်းဒိန်းခုန်လာခဲ့သည်။

ပြီးသွားပြီ...

ချန်ဝမ်ရွန်လည်း မင်းသားစံအိမ်တွင် မရှိသလို လုချန်းလည်း မရှိပေ။

သူတို့ချင်း ညှိနှိုင်းရန် နေရာတစ်ခုကို သွားကြသည်မှာ သေချာသည်။

ထိုလူဆိုးလုချန်းက ချန်ဝမ်ရွန်ကဲ့သို့ မိန်းမလှတစ်ဦးကို မြင်ရပါက မည်သို့ခံနိုင်ရည်ရှိမည်နည်း။ ထို့ပြင် လုချန်းသည် အဆင့်လွန်ပညာရှင်ဖြစ်သည်။ အကယ်၍ လုချန်းက အတင်းအကျပ်လုပ်လျှင် သူမက ခုခံနိုင်မည်မဟုတ်ပေ။ လင်ဝမ်ရွန်ပို၍ပင် စိုးရိမ်လာခဲ့သည်။

သို့သော် စိုးရိမ်နေရုံမျှဖြင့် အကျိုးမရှိပေ။ မနေ့ညက သူတို့ညှိနှိုင်းရန် သွားခဲ့သည့်နေရာကိုသူမ မသိပေ။

ထို့နောက် လင်ဝမ်ရွန်က အစေခံမိန်းမအား “မင်းသား ဘယ်ရောက်နေမှန်း ဒေါ်လေးလည်း မသိဘူး။ သူ့မှာ အလုပ်တစ်ခုခုရှိလို့ ထွက်သွားတာပါ။”

အစေခံမိန်းမက

“နားလည်ပါပြီ။ အနှောင့်အယှက်ပေးမိပါတယ်။ ကျေးဇူးပြုပြီး ခွင့်ပြုပါ”

ဟု ပြောပြီး လှည့်ထွက်သွားခဲ့သည်။

ထို့နောက် အစေခံမိန်းမထွက်သွားသည်နှင့် လင်ဝမ်ရွန်၏ မျက်နှာတင်းသွားပြီး

“မင်း ရွန်ရွန်ကို ဒီလိုမျိုးလုပ်ရဲရင် မင်းကို ဘယ်တော့မှ အလွှတ်မပေးဘူး”

ဟု ကြုံးဝါးလိုက်သည်။

လင်ဝမ်ရွန် မသိသေးသည်မှာ ထိုအချိန်တွင် လုချန်း သူ၏စွမ်းအားကုန်သုံး၍ ကြိုးစားနေရခြင်းကို ဖြစ်သည်။ နတ်သမီး၏ ညည်းညူသံများသည် သူ၏အာရုံများကို အပြည့်အဝလွှမ်းမိုးသွားခဲ့သည်။

...

နေမင်းသည် တဖြည်းဖြည်း ကောင်းကင်ပြာကြီး၏ အလယ်ဗဟိုသို့ ရွေ့လျားလာပြီး နေ၏အလင်းတန်းများသည် ပြတင်းပေါက်များ၏ ကွဲဟနေသော နေရာများမှတစ်ဆင့် အခန်းအတွင်းသို့ စိမ့်ဝင်လာခဲ့သည်။

စိမ့်ဝင်လာသော နေ၏အလင်းတန်းတစ်ခုအောက်တွင် မနေ့ညက ပေါက်ဖွားလာသော အတောင်တူ လိပ်ပြာများ အမြီးချင်းဆက်ကာ တစ်ကောင်နှင့်တစ်ကောင် ထပ်နေသည်ကို မြင်တွေ့ရသည်။

ထိုအချိန်။

အိပ်ရာပေါ်တွင်။

လုချန်းအိပ်ရာမှ တဖြည်းဖြည်း ထလာကာ တစ်ညလုံး ခံစားချက်များကို အတူတကွ ဖလှယ်ခဲ့သော နတ်သမီးကို ကြည့်နေသည်။

ချန်ဝမ်ရွန်က မျက်နှာနီမြန်းလျက် အေးစက်သော မျက်နှာထားဖြင့် လုချန်းကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ရှင် မထသေးဘူးလား”

လုချန်းက အေးဆေးစွာ ပြန်ပြောသည်။

“ကိစ္စက မပြီးသေးတော့ မထနိုင်သေးဘူး။”

ချန်ဝမ်ရွန်က လုချန်း၏စကားကို ဂရုမစိုက်ပဲ အခြားမေးခွန်းတစ်ခုကို မေးလိုက်သည်။

“ဒေါ်လေးလင်ကို ဘယ်အချိန်မှာ လွှတ်ပေးမလဲ။”

လုချန်းက မျက်နှာပြောင်တိုက်၍ ပြန်ပြောလိုက်သည်။

“သူက ကိုယ့်အမျိုးသမီးဖြစ်နေပြီ။ သူ့ကို လွှတ်လို့မရဘူး။”

ထိုစကားကို ကြားလိုက်ရသော ချန်ဝမ်ရွန်၏ မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး

“ရှင် စကားမတည်တော့ဘူးလား”

လုချန်းက ပြောလိုက်သည်။

“ကိုယ်ကလူကောင်းတစ်ယောက်လို့ ဘယ်တော့ကမှ မပြောခဲ့ဖူးဘူး။ ကိုယ်စကား မတည်တာက ပုံမှန်ပဲ။ သူ့ကို လွှတ်မပေးတဲ့အပြင် ဒီနေ့ကစပြီး မင်းလည်း ထွက်သွားလို့ရတော့မှာ မဟုတ်ဘူး။”

..........

အခန်း (၃၆၂)

ချစ်ခြင်းပိုးကောင် လိပ်ပြာဖြစ်လာခြင်း (၃)

လုချန်း၏ ထိုနတ်သမီးအား ပိုင်ဆိုင်လိုစိတ် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မနေ့က သူမအား လွှတ်ပေးရန် စဉ်းစားနေသေးသော်လည်း ယခုမူ သူမနှင့် ထိတွေ့မိသွားပြီး‌နောက် ထိုအတွေးက လုံးဝပျောက်ကွယ်သွားခဲ့သည်။

လုချန်း ပြောလိုက်သောစကားက ချန်ဝမ်ရွန်အား အနည်းငယ် အံ့သြတုန်လှုပ်သွား စေသည်။ သူဤမျှ အရှက်မဲ့မည်ဟု သူမ လုံးဝမျှော်လင့် မထားခဲ့ပေ။

ချန်ဝမ်ရွန် စကားစပြုမည့်အချိန်တွင် လုချန်းက နောက်တစ်ကြိမ် သူမ၏ နှုတ်ခမ်းများကို ဖုံးအုပ်လိုက်ပြန်သည်။

“အမ်... အမ်...”

ချန်ဝမ်ရွန် ကန့်ကွက်သံများ ပြုလုပ်နေသော်လည်း မကြာမီ ခုခံမှုကို ရပ်တန့်လိုက်သည်။

နေ့လည်ခင်းအချိန်။

လုချန်းသည် ချန်ဝမ်ရွန်၏ သွယ်လျသောခါးကို ပွေ့ဖက်ထားရင်း ဘေးတစောင်း အိပ်လျက် သူမ၏ ထူထဲသော ဆံပင်များကြားတွင် မျက်နှာနှစ်ထားသည်။

ချန်ဝမ်ရွန် အကူအညီမဲ့သလို ခံစားနေရသည်။ ထိပ်သီးပညာရှင်တစ်ဦးအနေဖြင့် လုချန်း၏ ဖိအားကို ခံနိုင်မည် ထင်ခဲ့သော်လည်း သူမ၏ စွမ်းအားများ ပိတ်စို့ခံထားရသည်။

စွမ်းအားမရှိတော့သော အခါ သူမ၏ ခံစားချက်များကို ကာကွယ်နိုင်စွမ်း လုံးဝမရှိတော့ပေ။ သူမ၏ ကိုယ်ပိုင်ခံစားမှုများကို ထိန်းချုပ်ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် လင်ဝမ်ရွန်ကဲ့သို့ပင် ဖြစ်သွားရသည်။

“ရှင်... ဘာလိုချင်တာလဲ”

ဟု အားနည်းသော အသံဖြင့် ချန်ဝမ်ရွန်က မေးလိုက်သည်။

တစ်ညလုံး ကုန်လွန်ပြီးသည့်နောက် နေ့လည်ခင်း ရောက်နေတာတောင် လုချန်းက သူမအား လွှတ်ပေးရန် ငြင်းဆန်နေဆဲဖြစ်သည်။

လုချန်းက ချန်ဝမ်ရွန်၏ နူးညံ့သော ကိုယ်လုံးကိုသာ ဖွဖွလေး ပွေ့ဖက်ထားပြီး အခြားဘာမှ မလုပ်ပဲ နေနေသည်။

သူနူးညံ့မှုထဲတွင် လုံးဝမူးယစ်သွားသကဲ့သို့ ဖြစ်နေသည်။ ၉၈ မှတ်ရှိသော ချန်ဝမ်ရွန်မှာ တကယ့်နတ်သမီးပင် ဖြစ်သည်။ သူမကို တစ်ချက်ထိတွေ့မိသူတိုင်း သူမထံမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

အချိန်အတော်ကြာ ကုန်လွန်သွားပြီးနောက် လုချန်းက ချန်ဝမ်ရွန်၏ နားနားကပ်၍

“မင်းကို ကိုယ့်ဘေးမှာ ကိုယ့်ကလေးကို မွေးဖွားပြီးတဲ့အထိ နေစေချင်တယ်”

ဟု တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မ ဆရာမ သိသွားမှာ ရှင်မကြောက်ဘူးလား”

ဟု ချန်ဝမ်ရွန်က ပြန်မေးလိုက်သည်။

မနေ့က သူမ၏ဆရာကို ကြောက်ရွံ့ကြောင်း လုချန်း ပြောခဲ့၏။ ဒါပေမဲ့ ဒီနေ့တော့ အရှက်မဲ့သော လုပ်ရပ်များကို စတင်လုပ်ဆောင်လာပြီဖြစ်သည်။ လင်ဝမ်ရွန်ကို လွှတ်ပေးဖို့ ငြင်းဆန်ရုံမျှမက သူမကိုပင် အကျပ်ကိုင်ဖို့ ကြိုးစားလာပြီဖြစ်သည်။

လုချန်းက ချန်ဝမ်ရွန်၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ရင်း

“ပန်းပင် အောက်မှာသေပြီး အချစ်ဝိညာဉ်ဖြစ်ရမှာ ဝမ်းနည်းစရာ မရှိပါဘူး။ အခုချိန်ကစပြီး မင်းက ကိုယ့်ရဲ့ဇနီးပဲ။”

လုချန်း၏ ဤမျှ ဆုံးဖြတ်ချက် ခိုင်မာ‌ နေသည်ကို မြင်ရတော့ ချန်ဝမ်ရွန်မှာ လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားသည်။

“ဆွမ်ဧကရာဇ်နှင့် ကျွန်မကြားမှာ သွေး‌ကြွေးတွေ ရှိနေတယ်။ ကျွန်မကို မြောက်ပိုင်းနယ်စားမင်းသား စံအိမ်မှာ ထားတာ ရှင့်အတွက် မကောင်းဘူး။”

လုချန်းမှာ ပြုံးလျက်

“ဘာလို့ မကောင်းတာလဲ။ ကိုယ်အခုပဲ အကျိုးခံစားနေရပြီ မဟုတ်လား။”

ချန်ဝမ်ရွန် နောက်ထပ် စကားမပြောတော့ပေ။ လုချန်းက သူမအား လွှတ်ပေးတော့မည်မဟုတ်ဟု သူမ နားလည်သွားပြီဖြစ်သည်။

မနေ့ညက အဖြစ်အပျက်များနှင့်အတူ လုချန်းပြောသော အချစ်အဆိပ်ဆိုတာ တကယ်ရှိသည်ဟု သူမတဖြည်းဖြည်း ယုံကြည်လာသည်။ အကယ်၍ အချစ် အဆိပ် မရှိပါက လုချန်းကို ထိတွေ့မိသည့်အခါ သူမ အဘယ်ကြောင့် အားအင်ကုန်ခမ်းပြီး လင်ဝမ်ရွန်ကဲ့သို့ အရှက်မဲ့သွားရမှာလဲ။

သို့သော် သူမ ဘာဖြစ်သွားခဲ့လဲဆိုတာက အရေးမကြီးတော့ပေ။ သူမ၏ ကိုယ်ခန္ဓာကို ထိုအရှက်တရား ကင်းမဲ့သူက ပိုင်ဆိုင်သွားပြီဖြစ်ရာ အချစ်အဆိပ်က ဘာမှ အရေးမပါတော့ပေ။

ထိုအချိန်တွင် သူမ နောက်ထပ် ပြဿနာကြီးတစ်ခုကို သတိထားမိလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားသော အငြိုးအတေးများမှာ မီးခိုးငွေ့များလို ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေ၏။ ဆွမ်ဧကရာဇ်အား လက်စားချေလိုသော ဆန္ဒပင် သိသိသာသာ လျော့နည်းသွားသည်။ သူမ စိတ်နောက်သွားပြီလားဟု ချန်ဝမ်ရွန် သံသယဝင်လာသည်။ လုချန်းနှင့် တစ်ညအတူ နေလိုက်ရသည်နှင့် ရင်ထဲမှ ရန်ငြိုးများ အလွယ်တကူ ပျောက်ကွယ်သွားနိုင်သည်ကို သူမ မယုံကြည်နိုင်ပေ။

ထိုလူ၏ အမျိုးသမီးများကို ဆက်ဆံပုံမှာ အမှန်တကယ်ထိတ်လန့်ဖွယ်ကောင်းလှသည်။ လင်ဝမ်ရွန် မကြာခဏ ထွက်ထွက်သွားပြီး သူနှင့်အတူ ထိုမကောင်းသော အရာကို ပြုခဲ့သည်မှာ အံ့ဩစရာမရှိပေ။

သို့သော် အငြိုးအတေးများ မှေးမှိန်သွားသောအခါ လမ်းပျောက်သွားသကဲ့သို့ ချန်ဝမ်ရွန် ခံစားရသည်။ သူမသည် ထိုအငြိုးများနှင့်အတူ ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူမ နှစ်‌ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့မှုများက နိုင်ငံပြန်လည်ထူထောင်ရန်နှင့် လက်စားချေရန်အတွက် မဟုတ်ပါက ဘာ အဓိပ္ပါယ်ရှိမည်နည်း။

ချန်ဝမ်ရွန် စိတ်ရှုပ်ထွေးနေစဉ် လုချန်းက သူမ၏နားနားကပ်၍

“စားပွဲပေါ်က အတောင်တူ အဖိုအမ လိပ်ပြာလေးတွေကို ကြည့်လိုက်ပါ။ တို့နှစ်ယောက်လိုပဲ မဟုတ်လား”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသော ချန်ဝမ်ရွန်လည်း အခန်းထဲရှိ စားပွဲပေါ်သို့ ကြည့်လိုက်ပြီး အတောင်တူ အဖိုအမ လိပ်ပြာနှစ်ကောင်ကို မြင်လိုက်ရသည့်အခါ အံ့သြသွားခဲ့သည်။

ဒီအခန်းထဲမှာ အတောင်တူ အဖိုအမ လိပ်ပြာတွေ ဘာလို့ရှိနေရတာလဲ။

မနေ့ညက သူမ၏ အမည်ကို မေ့လုနီးပါးအထိ အရူးအမူးဖြစ်ခဲ့ရတာက မဆန်းပေ။ ဤအခန်းထဲတွင် အတောင်တူ အဖိုအမလိပ်ပြာ ပေါ်ထွက်လာခဲ့သည်မှန်း သူမ သတိမထားမိခဲ့ချေ။ သူမ၏စွမ်းအားများ ပိတ်သိမ်းခံထားရသည့်အတွက် လိပ်ပြာအတောင်မှ ထွက်လာသော အမှုန့်များ၏ သက်ရောက်မှုကို မခံနိုင်ခဲ့ခြင်းဖြစ်သည်။

ခဏခန့် ကြာပြီးနောက်...

ဒီအတောင်တူ အဖိုအမ လိပ်ပြာတွေ...

ထိုလိပ်ပြာနှစ်ကောင်၏ အငွေ့အသက်မှာ အနည်းငယ် ရင်းနှီးနေသည်ဟု ချန်ဝမ်ရွန် ရုတ်တရက် ခံစားမိလိုက်သည်။

ဒါတွေက သူမ မွေးမြူထားတဲ့ ချစ်ခြင်းပိုး ကောင်တွေများ ဖြစ်နေလား။

သူတို့ ဘယ်လိုလုပ် လိပ်ပြာဘဝ ရောက်သွားကြတာလဲ။

အကယ်၍ ချစ်ခြင်းပိုးကောင် လိပ်ပြာဖြစ်သွားပါက ထိုပိုးကောင်ကို အသုံးပြုသူထံသို့ ပြန်လည် သက်ရောက်ခံရနိုင်သည်ဟု သူမ၏ဆရာက ပြောခဲ့ဖူးသည်။

သူမ၏ဆရာက ချစ်ခြင်းပိုးကောင် မွေးမြူနည်းကို သင်ကြားပေးခဲ့သည်မှာ အနာဂတ်တွင် အချစ်ကြောင့် မည်သည့်အခါမှ မပိတ်မိနေစေရန် ဖြစ်သည်။ သူမ စိတ်ဝင်စားသော ယောက်ျားတစ်ဦးနှင့် ကြုံတွေ့ပါက ချစ်ခြင်းပိုးကောင်ကို အသုံးပြု၍ ထိုသူရယူနိုင်ရန်ဖြစ်သည်။

သူမ မျှော်လင့်မထားသည်က ပထမဆုံးအကြိမ် အသုံးပြုလိုက်‌သော ချစ်ခြင်းပိုးကောင်များ လိပ်ပြာဖြစ်သွားခြင်း ဖြစ်သည်။

သူမ၏နားနားကပ်၍ လုချန်းက

“မင်းရဲ့ ချစ်ခြင်းပိုးကောင်က မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင် ချစ်ခြင်းပိုးကောင် ဖြစ်သွားပြီး ကိုယ့်ကို မင်းဆီကနေ ခွဲခွာမရအောင် လုပ်လိုက်နိုင်တယ်။”

“မင်းက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်။ ကိုယ်က လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နတ်သား။ ဒါဆိုရင် အဆင့်အတန်းအရ ကိုယ်တို့နှစ်ယောက် အတူရှိနေတာမှာ ဘာမှမမှားပါဘူး”

ထိုအချိန်တွင် ချန်ဝမ်ရွန်က

“ကျွန်မ ဆရာပြောတာမှန်တယ်။ ယောက်ျားတွေဟာ စကားချိုချိုနဲ့ လှည့်ဖြားတတ်ကြတယ်။”

လုချန်းက

“ဒါက စကားချိုချို ပြောနေမဟုတ်ဘူး။”

ချန်ဝမ်ရွန်က မျက်နှာအမူအယာ အပြောင်းအလဲမရှိပဲ

“ချစ်ခြင်းပိုးကောင်ဟာ သူ့သခင်ကို တစ်သက်လုံး မစွန့်ခွာနိုင်ဘူး။ ရှင်က ကျွန်မကို ရှင့်ဘေးမှာ တစ်သက်လုံး ပိတ်မိနေစေချင်တာလား”

ဟု မေးလိုက်သည်။

လုချန်းက

“ ကိုယ့်မှာ အဲဒီလိုအတွေးမျိုး မရှိဘူး။ မင်း လက်စား‌ချေချင်တာပဲဖြစ်ဖြစ်။ နိုင်ငံပြန်ထူထောင်ချင်တာပဲဖြစ်ဖြစ် ကိုယ်ဂရုမစိုက်ဘူး။ မင်းလုပ်ချင်တာကို ဆက်လုပ်နိုင်တယ်။ ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ်။ မင်းကိုယ့်ကလေးကို မွေးပေးရမယ်။”

ချန်ဝမ်ရွန်က

“ဆွမ်ဧကရာဇ်က ရှင့်ရဲ့ဖခင်အရင်းပဲ”

ဟု သတိပေးလိုက်သည်။

လုချန်းက ပြုံးရယ်ကာ

“နန်းတွင်းမှာ သွေးသား ဆွေမျိုးဆိုတာ မရှိဘူး။ ကိုယ့် မိခင်သေဆုံးတာမှာလည်း သူ့လက်ချက်ပါတယ်။ အမှန်ပြောရရင် သူသေတာ ရှင်တာက ကိုယ့်အတွက် အရေးမကြီးဘူး”

ဟု ဖြေလိုက်သည်။

ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“ဒါဆို ရှင့်ရဲ့သွေးနဲ့ လျှို့ဝှက်နဂါးမန္တာန် လုပ်မယ့်ကိစ္စကို ရှင်သဘောတူမလား။”

လုချန်းက ပြန်မေးလိုက်သည်။

“အရင်ဆုံး လျှို့ဝှက်နဂါးမန္တာန် ဘာလဲဆိုတာ ရှင်းပြရမယ်။”

သူတို့နှစ်ဦး စကားပြန်ဖလှယ်နေရင်း သူတို့အနားမှ အတောင်တူ အဖိုအမ လိပ်ပြာများ လုပ်နေသည့်အတိုင်း သူတို့ကိုယ်တိုင်လည်း ဆက်လက်လုပ်ဆောင်နေမိသည်ကို ချန်ဝမ်ရွန် မေ့သွားခဲ့သည်။

.........

အခန်း (၃၆၃)

ဝမ်ရွန်ဆောင်မှ ခူးခဲ့သော ပန်းများ (၁)

လုချန်း ချန်ဝမ်ရွန်နှင့် ပထမဆုံးတွေ့ဆုံစဉ်က သူမ၏ အချက်အလက်မှတစ်ဆင့် လျှို့ဝှက်နဂါးမန္တာန် အကြောင်းကို သိရှိခဲ့သော်လည်း ထိုကျင့်စဉ်၏ အသေးစိတ်အချက်အလက်များကို နားမလည်ခဲ့ပေ။ ထိုကျင့်စဉ်က သူ၏ဖခင် ဧကရာဇ်ကို ရင်ဆိုင်ရန် အသုံးပြုမည်ဖြစ်ကြောင်းကိုသာ သိခဲ့သည်။

လျို့ဝှက်နဂါးမန္တာန်နှင့်ပတ်သက်၍ လုချန်း စုံစမ်းနေသည်ကို မြင်သောအခါ ချန်ဝမ်ရွန်က ပြန်မေးမြန်းလိုက်သည်။

“ရှင့်ရဲ့ဖခင် ဧကရာဇ်အကြောင်း ရှင်ဘယ်လောက်ထိသိထားလဲ။”

လုချန်းက ပြန်ဖြေလိုက်သည်။

“သူ့ကို နားလည်တယ်လို့ မဆိုနိုင်ဘူး။”

ဆွမ်ဧကရာဇ်သည် ရည်မှန်းချက်ကြီးမားသော ဧကရာဇ်တစ်ပါးဖြစ်ကြောင်းသာ လူချန်းသိထားပြီး ထို့ထက်ပို၍ သူ့အပေ့ါ် အခြားထင်မြင်ချက်များ မရှိပေ။ သူသည် ကလေးဘဝမှ အရွယ်ရောက်သည်အထိ ဧကရာဇ်ကို အနည်းငယ်သာ မြင်ဖူး၏။ ယခုဆိုလျှင် ဧကရာဇ်၏ မျက်နှာကိုပင် မေ့လုနီးပါးဖြစ်နေသည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က

“သူကအဆင့်လွန်ပညာရှင်တစ်ဦးပါ။”

ထိုစကားကို ကြားလိုက်ရသောအခါ လုချန်း၏ စိတ်များ ဗလာဖြစ်သွားခဲ့သည်။

အဆင့်လွန်ပညာရှင်....

ဆွမ်ဧကရာဇ်က အဆင့်လွန်ပညာရှင်လား။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဤကမ္ဘာတွင် အဆင့်လွန်ပညာရှင်များသည် အသက် ရှစ်ဆယ်၊ ကိုးဆယ် သို့မဟုတ် ရာကျော်အရွယ်များတွင်သာ ရှိတတ်သည်။ ဆွမ်ဧကရာဇ်က အသက်ဘယ်လောက်ရှိ‌သေးလို့ အဆင့်လွန်ပညာရှင်ဖြစ်နိုင်မှာလဲ။

ထိုအချက်ကို လုချန်း ယုံကြည်ရန် ခက်ခဲနေသည်။

လုချန်းကိုယ်တိုင် အဆင့်လွန်ပညာရှင်ဖြစ်သော်လည်း သူသည် စနစ်တစ်ခုရှိသော လူတစ်ဦးဖြစ်သည်။ ဆွမ်ဧကရာဇ်သည် ဤခောတ်ကမ္ဘာမှ လူဖြစ်ပြီး စနစ်မရှိပဲ အဆင့်လွန်ပညာရှင်အဆင့်သို့ ဤမျှငယ်ငယ်ရွယ်ရွယ်နှင့် မရောက်ရှိနိုင်ပေ။

ဧကရာဇ်အကြောင်းပြောရင်း လုချန်း အခြားပုဂ္ဂိုလ်တစ်ဦးကို သတိရလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော ကျူးနိုင်ငံတော်၏ အမျိုးသမီး ဧကရာဇ်ကိုဖြစ်သည်။ သူမလည်း အဆင့်လွန်ပညာရှင်ဖြစ်နိုင်သည်ဟု ဆိုကြသည်။ ထို အမျိုးသမီး ဧကရာဇ်က ပို၍ပင် ငယ်သေးသည်။ အကယ်၍ သူမအဆင့်လွန်ပညာရှင်ဖြစ်နိုင်ပါက ဆွမ်ဧကရာဇ် အဆင့်လွန် ပညာရှင် ဖြစ်‌နေသည်က အထူးအဆန်းတော့ မဟုတ်ပေ။

ထို့သို့‌တွေးပြီး ဖြစ်နိုင်ခြေကို လုချန်း လက်ခံလိုက်သော်လည်း အလွန်အံ့အားသင့်နေဆဲဖြစ်သည်။ သူသည် ဆွမ်ဧကရာဇ်အား အဆင့်မြင့် ပညာရှင်တစ်ဦးဟုသာ ယူဆခဲ့ပြီး အများဆုံးအားဖြင့် ထိပ်သီးပညာရှင်အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိမည်ဟု ယူဆခဲ့သည်။ သူတစ်ဦးတည်းသာမက ရှနိုင်ငံတော် နန်းတွင်းရှိ လူအများစုကလည်း ဧကရာဇ်အား အဆင့်မြင့် ထိပ်သီးပညာရှင်တစ်ဦးဟုသာ ယုံကြည်ထားကြသည်။

အခုတော့ ဆွမ်ဧကရာဇ်တွင် ဤမျှနက်ရှိုင်းသော လျှို့ဝှက်ချက်တစ်ခုကို ပိုင်ဆိုင်ထားမှန်း သူသိလိုက်ရသည်။

သတိပြန်ဝင်လာသည်နှင့် လုချန်းက စူးစမ်းသောမျက်လုံးများဖြင့် မေးလိုက်သည်။

“မင်းက ဒါကိုဘယ်လိုသိခဲ့တာလဲ။”

ရှနန်းတွင်းတွင် မည်သူမှ ဆွမ်ဧကရာဇ် အဆင့်လွန်ပညာရှင်ဖြစ်ကြောင်း မသိကြသော်လည်း လျှို့ဝှက်လဝန်းနန်းတော်ကမူ သိရှိထားသည်။ ထိုအချက်က

သူတို့၏ ထောက်လှမ်းရေး အချက်အလက်များ မည်သည့်နေရာမှ ရရှိသည်ကို လုချန်းအား အလွန်စိတ်ဝင်စားစေခဲ့သည်။

ချန်ဝမ်ရွန်က လုချန်း၏မေးခွန်းကို တိုက်ရိုက်မဖြေပဲ

“ဧကရာဇ်မှာ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အထွတ်အမြတ် ပစ္စည်းတစ်ခုရှိတယ်။ အဲ့ဒီပစ္စည်းကိုရတဲ့သူဟာ အတွင်းအားတွေအများကြီးတိုးတက်လာမယ်။ သူက ရှင့်အမေကိုသတ်ပြီး အဲ့ဒီပစ္စည်းကိုရယူဖို့ ကြံခဲ့တာ။”

ထိုစကားကိုကြားလိုက်ရပြီးနောက် လုချန်း၏ စိတ်ထဲတွင် တွေးမိသည်။ အထွတ်အမြတ် ပစ္စည်းလား။ လျှို့ဝှက်လဝန်းနန်းတော်မှာ ပစ္စည်းကောင်းတွေ ဘယ်လောက်များများ ရှိသေးလဲ။

သူ့အဖိုးထံမှ ကြားဖူးသည်မှာ သူ့မိခင်သည် ချူးမိသားစုထံသို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခုကို ယူဆောင်လာခဲ့သည်။ ထိုလက်နက်ကြောင့် ချူးမိသားစု သွေးကွဲခဲ့ရသည်။ ထိုစွမ်းအားကြီး လက်နက်အပြင် လျှို့ဝှက်လဝန်းနန်းတော်တွင် လူတစ်ဦး၏ အတွင်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်သည့် ပစ္စည်းလည်း ရှိနေသေးသည်။

လျှို့ဝှက်လဝန်းနန်းတော်၏ မူလအစမှာ ရိုးရိုးသာမန်မဟုတ်ဟု ယူဆရသည်။

ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။

“အဲ့ဒီပစ္စည်းဟာ အတွင်းအားကို တဖြည်းဖြည်း မြှင့်တင်ပေးနိုင်ရုံပဲ မဟုတ်ဘူး။ သိုင်းပညာရှင်တစ်ဦးရဲ့စွမ်းအားကို အချိန်တို အတွင်းမှာပဲ သိသိသာသာ တိုးမြှင့်ပေးနိုင်တယ်။ ဧကရာဇ်ဟာ အဆင့်လွန်ပညာရှင်အဆင့်ရှိပြီးသားဖြစ်တယ်။ အဲ့ဒီပစ္စည်းကိုသုံးမယ်ဆိုရင် သူ့စွမ်းအားဟာ အနည်းဆုံးယာယီအားဖြင့် ကောင်းကင်လူသားအဆင့်ထိ တက်သွားနိုင်တယ်။”

“လျို့ဝှက်နဂါး မန္တာန်ကတော့ သူ့ရဲ့အတွင်းအားကို ကန့်သတ်နိုင်တယ်။ အဲ့ဒီ မန္တာန်ကို သူ့အပေါ်မှာ အသုံးပြုလိုက်ရင် သူ့ရဲ့စွမ်းအားတွေ ပိတ်မိသွားမယ်။ အထွတ်အမြတ် ပစ္စည်းကိုသုံးရင်တောင် သူ့ရဲ စွမ်းအားကို ထုတ်နိုင်မှာမဟုတ်ဘူး။”

ချန်ဝမ်ရွန်ပြောသည်ကို ကြားလိုက်ရတော့မှ သူမအဘယ်ကြောင့် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ဤမျှကြာမြင့်စွာနေထိုင်ပြီး လျို့ဝှက်နဂါး မန္တာန်ကို သူ့သွေးဖြင့်ပြုလုပ်ရန် ကြိုးစားနေခဲ့သည်ကို လုချန်းနားလည်သွားခဲ့သည်။

သို့သော် ဒါ‌က သူ့အား အတန်ငယ် စိတ်ရှုပ်စေသည်။

ဘယ်လိုပဲဖြစ်ဖြစ် ဆွမ်ဧကရာဇ်သည် သူ၏ ဖခင်အရင်းဖြစ်သည်။ ထိုဖခင်သည် သူ၏ သေရေးရှင်ရေးကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သလို သူ့မိခင်ကိုလည်း သတ်ခဲ့သူ ဖြစ်သော်လည်း သွေးသားတော်စပ်မှုမှာ အမှန်တကယ်ရှိ နေဆဲဖြစ်သည်။

သူသည် ချန်ဝမ်ရွန်တို့အား လျို့ဝှက်နဂါး မန္တာန်လုပ်ရန် ကူညီမည်ဆိုပါက ကျေးဇူးကန်းရာ ကျလွန်းနေမည်။

သို့သော် ချန်ဝမ်ရွန်နှင့် လင်ဝမ်ရွန်တို့သည် နောင်တွင် သူ၏အမျိုးသမီးများဖြစ်လာပြီးသူ၏လူများဖြစ်လာမည်ဖြစ်သည်။ သွေးသားတော်စပ်မှု မရှိသော်လည်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ဝင်ရောက်ပါက တစ်သက်လုံး သူ၏ဘက်တော်သားများ ဖြစ်သွားမည်။

ချန်ဝမ်ရွန်၏ ခင်ပွန်းတစ်ဦးအနေနှင့် သူမ၏လက်စားချေရေးတွင် ကူညီသင့်သည်ဟု လုချန်းခံစားမိသည်။

အတွေးများစွာ ဖြတ်သန်းသွားပြီးနောက် လုချန်းက နောက်ဆုံးတွင်

“လျို့ဝှက်နဂါး မန္တာန်လုပ်မယ့်ကိစ္စမှာ ကိုယ်မင်းကို ကူညီမပေးနိုင်ဘူး။ ဒါပေမဲ့ မင်းတို့ ကိုယ့်ဖခင်ကို လက်စားချေမယ့် ကိစ္စကိုလည်း ဟန့်တားမှာ မဟုတ်ဘူး။”

ထိုစကားကိုကြားလိုက်ရပြီး ချန်ဝမ်ရွန် တိတ်ဆိတ်သွားသည်။ လုချန်း သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် လုံးဝမလိုလားကြောင်း သူမမှန်းဆထားပြီးဖြစ်သည်။

ဧကရာဇ်က မြောက်ပိုင်းနယ်စားမင်းသားကို မည်သို့ဆက်ဆံဆက်ဆံ သူသည် လုချန်း၏ ဖခင်အရင်းပင်ဖြစ်သည်။

ယခု လျို့ဝှက်နဂါး မန္တာန် လုပ်လိုပါက တောင်ပိုင်းသို့သွား၍လုရှုယွမ်ကိုရှာဖွေရန်သာ ရှိတော့သည်။

လုရှုယွမ်သည် ပုန်ကန်ပြီးဖြစ်ကာ ထီးနန်းကို ရယူရန်သာ ရည်မှန်းနေသည်။ လုရှုယွမ်အနေဖြင့် ထီးနန်းရရှိရန် နန်းတွင်းစစ်တပ်ကို အနိုင်ယူရုံဖြင့် မလုံလောက်သေးပေ။ နောက်ဆုံးတွင် ဧကရာဇ်နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

အကယ်၍ ဧကရာဇ်မသေပဲ အထွတ်အမြတ်ပစ္စည်း၏စွမ်းအားဖြင့် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိသွားပါက ပုန်ကန်မှုကို အလွယ်တကူဖြိုခွင်းနိုင်သည်။ ထိုအချိန်တွင် ပုန်ကန်သူများ နေပြည်တော်အတွင်းသို့ ဝင်ရောက်နိုင်လျှင်တောင် သူတို့၏ကြိုးပမ်းမှုများ အချည်းနှီးဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် ချန်ဝမ်ရွန်က

“ကျွန်မကို တောင်ပိုင်းသွားခွင့်ပေးမယ်ဆိုရင် ရှင့်ရဲ့ကလေးတွေကို ကျွန်မမွေးဖွားပေးနိုင်တယ်။”

ထိုစကားများကို ပြောရာတွင် သူမ၏ ပါးပြင်များ ပူပြင်းလာသည်ကို ချန်ဝမ်ရွန် ခံစားမိသည်။ ကလေးမွေးဖွားခြင်းကို အပေးအယူတစ်ခုအဖြစ် အသုံးပြုရမည်ဟု သူမဘယ်တော့ကမှ မမျှော်လင့်ခဲ့ပေ။

ချန်ဝမ်ရွန်၏စကားကို ကြားပြီး‌နောက် လုချန်းက ပြုံးလိုက်ပြီး သူမ၏နားနားကပ်၍ တိုးပြောလိုက်သည်။

“မင်းက လုရှုယွမ်နဲ့ ပူးပေါင်းဖို့ ကြံနေတာလား။”

ချန်ဝမ်ရွန်က ဖုံးကွယ်ခြင်း မပြုတော့ပဲ တိုက်ရိုက်ဖြေလိုက်သည်။

“ဟုတ်တယ်။”

လုချန်းသည် ချက်ချင်း ပြန်ပြောလိုက်သည်။

“ကိုယ်မင်းကို အခုလောလောဆယ်တော့ သွားခွင့်မပြုနိုင်သေးဘူး။ နောက်လခြောက်လတိတိ မင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာနေရမယ်။

..........

All Chapters