အခန်း ၃၆၄-၃၆၆
Vol. 25 Ch. 364-366
အခန်း (၃၆၄)
ဝမ်ရွန်ဆောင်မှ ခူးခဲ့သော ပန်းများ (၂)
ချန်ဝမ်ရွန်က
“ရှင် နည်းနည်းလွန်နေတယ်လို့ မထင်ဘူးလား”
ဟု ပြောလိုက်သည်။
လုချန်းက အေးဆေးစွာဖြင့် ပြန်ဖြေလိုက်သည်။
“လွန်တယ် ဟုတ်လား။ မင်းက အရင်တုန်းက ကိုယ့်ရဲရန်သူ။ အခု ကိုယ်ဖမ်းမိပြီဆိုတော့ အကျဉ်းချပြီး အပြစ်ပေးတာ သဘာဝကျတယ် မဟုတ်လား။”
ချန်ဝမ်ရွန် နောက်ထပ်စကားမပြောတော့ပေ။ သူမပြောမည့် စကားများ အကျိုးမရှိကြောင်း သူမသိသည်။ ထိုလူသည် အစကတည်းက သူမကိုလွှတ်ပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။
ယခုတော့ လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများ သူမအားကယ်တင်ရန် စောင့်မျှော်နေရုံသာရှိသည်။ ထိုအကြီးအကဲများနှင့် သူမသည် တစ်ဘက်တည်းမဟုတ်သော်လည်း သူမသည် နန်းသခင်ဖြစ်ပြီး ကောင်းကင်လူသားအဆင့် စွမ်းအားရှင်၏ တပည့်ဖြစ်သည့်အတွက် အတန်ကြာသည်အထိ နန်းတော်သို့ ပြန်မလာပါက သူမအားကူညီလာမည်ဖြစ်သည်။
ချန်ဝမ်ရွန် ထို့သို့တွေးနေစဉ် လုချန်းက
“တကယ်တော့ မင်း လျှို့ဝှက်နဂါးမန္တာန်လုပ် ဖို့မလိုဘူး။ မင်းရဲ့စွမ်းအားသာ လုံလောက်ရင် အဆင့်လွန်ပညာရှင်ဖြစ်ဖြစ် ကောင်းကင်လူသားအဆင့်ပဲဖြစ်ဖြစ် မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူး။”
ချန်ဝမ်ရွန် တိတ်ဆိတ်စွာ နေလိုက်သည်။ လုချန်းပြောနေသည်က အလွန်ရှင်းနေပြီဖြစ်သည်။ အကယ်၍ သူမတွင် တကယ်ပင် ထိုစွမ်းအားမျိုးရှိပါက လျှို့ဝှက်နဂါးမန္တာန်လုပ်ဖို့ လိုဦးမှာလား။ ရှနန်းတွင်းသို့ တိုက်ရိုက်ဝင်ရောက်ကာ ဆွမ်ဧကရာဇ်အား သတ်ပြီးဖြစ်မည်။
ဆွမ်ဧကရာဇ်၏ လက်ရှိစွမ်းအားထက် ကျော်လွန်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်၏။ ထို့ပြင် ဒီကြားထဲ ဆွမ်ဧကရာဇ်၏စွမ်းအား ထပ်မံတိုးတက်လာမည်လ ဆိုသည်ကိုလည်း မသိနိုင်ပေ။လက်စားချေရေးအတွက် ဆယ်စုနှစ်များစွာ စောင့်ဆိုင်းရမည်မှာ သူမအတွက် ညည်းပမ်းမှု တစ်ခုဖြစ်ပင်။
ယခုအချိန် အထိပင် သူမ ညတိုင်း ချန်နိုင်ငံတော်၏ မြို့တော်မှ လူသတ်ပွဲများကို အိပ်မက်ဆိုးအဖြစ် မက်နေဆဲဖြစ်သည်။ အကယ်၍ သူမ၏ လက်စားချေရေးကို စွန့်လွှတ်ပါက ကလေးဘဝက ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ဘယ်တော့မှ မေ့ပျောက်နိုင်မည် မဟုတ်ပေ။
လောကီ အစွဲအလန်းများကို မဖျောက်ဖျက်နိုင်သဖြင့် သူမ၏စိတ်ကို ငြိမ်သက်စွာထားကာ ကျင့်စဉ်ကျင့်ရန်လည်း မဖြစ်နိုင်ခဲ့ပေ။ သူမ၏ သိုင်းပညာ တိုးတက်မှုများ သိသိသာသာ ရပ်တန့်သွားသည်ကို ခံစားနေရသည်။
တကယ်တော့ သူမသည် လွန်ခဲ့သော နှစ်များကတည်းက အဆင့်မြင့် ပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ထိုအချိန်မှစ၍ သူမ၏အဆင့်သည် ရပ်တန့်နေပြီး သူမ၏ ကျင့်စဉ်များကို ထိုဖြစ်ရပ်များက အမြဲအနှောင့်အယှက်ပေးနေသည်။
သူမ၏ ရန်ငြိုးများကို မဖြေရှင်းပဲ သူမ မည်သို့ဆက်လက်တိုးတက်နိုင်မည်နည်း။
ချန်ဝမ်ရွန်တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသည်နှင့် လုချန်းက သူမ၏ခါးကို ပွေ့ဖက်ကာ နောက်တစ်ကြိမ် သူမကို ဖိချလိုက်သည်။
ချန်ဝမ်ရွန်သည် တုန်လှုပ်သွားခဲ့သည်။ လုချန်းက လူသားတစ်ဦးမှ ဟုတ်သေးရဲ့လား။ သူမသည် ယောက်ျားတစ်ဦးနှင့် ပထမဆုံးအကြိမ် ရင်းနှီးဖူးခြင်း ဖြစ်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်၏စာကြည့်တိုက်တွင် အမျိုးမျိုးသော အသိပညာများကို လေ့လာခဲ့ရသည်။
လုချန်းကဲ့သို့သော ယောက်ျားမျိုး ကို သူမနားမလည်နိုင်ပေ။
လုချန်း၏လုပ်ရပ်များကို မတတ်သာပဲ သည်းခံနေရစဉ် ရုတ်တရက် စွမ်းအားတစ်ခု သူမ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
သူမ၏ခန္ဓာကိုယ်မှ ပျောက်ဆုံးနေသော အတွင်းအားလည်း ချက်ချင်းပြန်လည်ရှင်သန်လာသည်။ သို့သော် သူမသည် ထိုအားကို အသုံးပြု၍ လုချန်းအား ခုခံနိုင်ခြင်းမရှိသေးပေ။ သို့သော် အတွင်းအား၏ ပြန်လည်လည်ပတ်မှုသည် သူမ၏ သိုင်းပညာအဆင့်ကို မြှင့်တင်ပေးလာသလို ခံစားလိုက်ရသည်။ သူမသည် ထိပ်သီးပညာရှင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ဆက်လက်တိုးတက်ပါက အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိသွားနိုင်သည်။
ချန်ဝမ်ရွန်သည် အလွန်အံ့အားသင့်သွားခဲ့သည်။ ဖြစ်နိုင်လို့လား။
လုချန်းမည်သို့လုပ်ခဲ့သည်ကို သိလိုသော်လည်း လုချန်းက သူမ၏ခန္ဓာကိုယ်ကို ထပ်မံထိန်းချုပ်လိုက်သဖြင့် သူမဆက်လက် မစဉ်းစားနိုင်တော့ပေ။
လင်ဝမ်ရွန် အလွန်စိုးရိမ်နေပြီဖြစ်ကြောင်း သူတို့နှစ်ဦးစလုံး မသိကြပေ။ တစ်ညလုံးပြန်မလာပဲ ယခုမနက်ပိုင်းလည်း ကုန်ဆုံးသွားပြီဖြစ်သည်။
လင်ဝမ်ရွန်သည် ရိုးသားသူ ဖြစ်သော်လည်း လုချန်းလုပ်နေသည့်အရာကို မှန်းဆနိုင်သည်။
သို့သော် မှန်းဆရုံ မှန်းဆခြင်းက အကျိုးမရှိပေ။ နှစ်ဦးလုံး ဘယ်သွားနေ သည်ကို သူမ မသိပေ။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် ချန်ဝမ်ရွန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် အေးမြသောစွမ်းအားတစ်ခု ထွက်ပေါ်လာကာ သူမကိုပွေ့ဖက်ထားသော လုချန်းကိုပင် ချမ်းစိမ့်သွားစေခဲ့သည်။
ချမ်းစိမ့်မှုကို သက်သာစေရန် လုချန်းက ချန်ဝမ်ရွန်ကို ပိုမိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ရသည်။
ချန်ဝမ်ရွန် အနည်းငယ်အံ့အားသင့်နေသည်။
သူမသတိအပြည့်အဝ ပြန်ရလာပြီးနောက် သူမ၏အပေါ်တွင် လှဲနေသော ယောက်ျားကို ကြည့်လိုက်ပြီး ချန်ဝမ်ရွန် ဇဝေဇဝါဖြစ်သွားသည်။ သူဘယ်လိုလုပ်ခဲ့တာလဲ...
သူဘာကြောင့် သူမကို အဆင့်လွန်ပညာရှင်အဆင့်ရောက်အောင် ကူညီနိုင်ခဲ့တာလဲ...
လုချန်းက ချန်ဝမ်ရွန်ကို အဆင့်လွန်ပညာရှင်အဆင့်သို့ မတော်တဆ ရောက်ရှိစေခဲ့သည်တော့ မဟုတ်ပါ။ သူမ ခန္ဓာကိုယ် အတွင်း၌ စွမ်းအင်များ စုပုံနေသည်ကို သူသတိပြုမိခဲ့ခြင်းကြောင့်ဖြစ်သည်။
ချန်ဝမ်ရွန်သည် အဆင့်လွန်ပညာရှင်၏ စွမ်းအားကို ရရှိရန် အလှမ်းဝေးတော့ပေ။ သူမလိုအပ်နေသည်မှာ အဆင့်တစ်ဆင့်သာဖြစ်ပြီး လုချန်းက ထိုအဆင့်ကို ဖြတ်ကျော်ရန် ကူညီခဲ့သည်။
နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် အမှန်တကယ်ထိရောက်မှုရှိပြီး ချန်ဝမ်ရွန်အား အဆင့်လွန်ပညာရှင်အဆင့်သို့ လွယ်ကူစွာ ရောက်ရှိစေခဲ့သည်။
ထိုအချိန်တွင် လုချန်းက ထလိုက်ပြီး ပြုံးလျက် ချန်ဝမ်ရွန်၏မျက်လုံးများကို ကြည့်ရှုကာ
“ကိုယ်မင်းကို အဆင့်လွန်ပညာရှင်အဆင့်ရောက်အောင် ကူညီပေးခဲ့တယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကိုယ့်အတွက် ကလေးအနည်းဆုံး ဆယ်ယောက်လောက် မွေးပေးမှာလား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ မျက်နှာနီမြန်းသွားပြီး ဆက်လက်တိတ်ဆိတ်နေခဲ့သော်လည်း လုချန်း၏ မျက်လုံးများကို နူးညံ့သော အကြည့်ဖြင့် ကြည့်ရှုနေ၏။ ဤအကြိမ်တွင် သူမ မျက်လုံး မလွှဲတော့ပေ။
မနေ့ကအထိ ရေခဲလို အေးစက်နေသော နတ်သမီးသည် ယခုအခါတွင် နူးညံ့သိမ်မွေ့သော ဇနီးတစ်ဦးနှင့် တူနေသည်။
လုချန်းက ဆက်ပြောလိုက်သည်။
“အမှန်တော့ မင်းကို အဆင့်လွန်ပညာရှင်အဆင့်ရောက်အောင် ကူညီခဲ့တာကို နည်းနည်းတော့ နောင်တရနေပြီ။ အဆင့်မြင့်လာလေလေ ကလေးရဖို့ ခက်ခဲလာ လေလေပဲ။ အခုကိုယ်တို့နှစ်ယောက်လုံး အဆင့်လွန်ပညာရှင်ဖြစ်နေပြီဆိုတော့ ကလေးရဖို့ နှစ်ပေါင်းများစွာ အတူနေရနိုင်တယ်။”
လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ နှလုံးတုန်လှုပ်သွားခဲ့သည်။
အဆင့်လွန်ပညာရှင်...
မနေ့ညက ချစ်ခြင်းပိုးကောင် လုချန်းအပေါ် အကျိုးသက်ရောက်မှု မရှိခဲ့သည်မှာ လုချန်း အဆင့်လွန်ပညာရှင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သောကြောင့်ဖြစ်သည်။ အစကတည်းက လုချန်းတွင် ပြောင်းလဲမှုအချို့ ရှိနေသည်ကို သူမသတိထားမိခဲ့သည်။ သူ၏အငွေ့အသက်က သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်က မျက်နှာနီရဲလျက်
“ ရှင်က တကယ်တော့ ဘယ်သူလဲ”
ဟု မေးလိုက်သည်။
လုချန်းက အနည်းငယ်ပြုံးပြီး
“မင်းရဲ့ ယောက်ျားလေ”
ဟု ပြန်ပြောလိုက်သည်။
“ချစ်ရတဲ့ ဇနီးလေး။ အခုတော့ မင်း မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်သွားဖို့ မတွေးတော့ဘူး မဟုတ်လား။”
..........
အခန်း (၃၆၅)
ဝမ်ရွန်ဆောင်မှ ခူးခဲ့သော ပန်းများ (၃)
ချန်ဝမ်ရွန်က ပြန်မေးလိုက်သည်။
“ကျွန်မလက်စားချေမယ့် ကိစ္စကို ရှင်မတားဘူးဆိုတာ တကယ်ပဲလား။”
လုချန်းက ပြန်ဖြေလိုက်သည်။
“မတားပါဘူး။”
လုချန်း၏ ရှင်းလင်းသောအဖြေကို ကြားပြီးနောက် ချန်ဝမ်ရွန်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ သူမက လုချန်း၏ မျက်လုံးများထဲသို့ ကြည့်ရှုကာ အေးဆေးစွာပြောလိုက်သည်။
“ကလေး အသက် ၁၅ နှစ်ပြည့်ပြီးတဲ့အခါ ကျွန်မ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားပြီး ကျင့်စဉ်တွေပဲ ကျင့်တော့မယ်။”
ချန်ဝမ်ရွန်၏ စကားတွင် အချက်နှစ်ချက်ပါဝင်သည်။
ပထမတစ်ချက်က လုချန်းနှင့် လက်ထပ်မည်မဟုတ်ဟူသော အချက်ဖြစ်ပြီး ဒုတိယတစ်ချက် သူနှင့် ကလေးယူရန် သဘောတူလိုက်ခြင်းဖြစ်သည်။
တကယ်တော့ ချန်ဝမ်ရွန် လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားလိုသည်ကို လုချန်း လုံးဝ ဂရုမစိုက်ပေ။ သူ၏ စွမ်းအားက လျှို့ဝှက်လဝန်းနန်းတော်၏ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် ထက် ပိုမိုအားကောင်းလာပါက သူသည် နေ့တိုင်း လျှို့ဝှက်လဝန်းနန်းတော်သို့ သွားရောက်ကာ ချန်ဝမ်ရွန်နှင့် မည်သည့်အခက်အခဲမှ မရှိပဲ ဆက်ဆံရေး လေ့ကျင့်နိုင်မည်ဖြစ်သည်။
လုချန်းက ပြုံးရယ်ကာ ပြောလိုက်သည်။
“ဒါဆို ကိုယ်တို့ရဲ့ ပထမဆုံးကလေး ၁၅ နှစ်မပြည့်သေးပဲ နောက်ထပ် ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချန်ဝမ်ရွန်၏ မျက်နှာ ပို၍နီရဲလာကာ ခေါင်းလှည့်သွားပြီး
“အဲ့ဒီအချိန်ရောက်မှ ပြန်စဉ်းစားမယ်။”
ထိုနတ်သမီး၏ ရှက်ရွံ့နေသော အမူအရာကို မြင်လိုက်ရသည်နှင့် လုချန်း မထိန်းနိုင် ဖြစ်သွားကာ ကိုယ်ကို ပြန်လည်ကိုင်းညွတ်လိုက်ပြီး နမ်းလိုက်ပြန်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်၏ စိတ်ထဲ၌ အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ ဒီလူက လွန်လွန်းသည်။ ပထမဆုံးအကြိမ်တွင်ပင် ဤကဲ့သို့ ပြုမူနေပါက နောင်တွင် သူမ၏အပေါ် မည်သို့မည်ပုံ ဆက်ဆံမည်ကို သူမမသိနိုင်ပေ။
ယခုတော့ သူမ၏ အစီအစဉ်များ ပျက်သွားရုံသာမက သူမကိုယ်တိုင်ပါ ထိုအရာထဲသို့ ပါဝင်သွားခဲ့ပြီဖြစ်သည်။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ လာရောက်ခဲ့သည့် သူမ၏ ဆုံးဖြတ်ချက် မှန်သလား မှားသလားဆိုတာ သူမ မတွေးကြည့်ပဲ မနေနိုင်တော့ပေ။
...
ချန်ဝမ်ရွန်နှင့် လုချန်း ပြန်ရောက်သည့် အချိန်မှာ မွန်းလွဲ ၂ နာရီ သို့မဟုတ် ၃ နာရီခန့်ရှိပြီဖြစ်သည်။
လုချန်း အချိန်အကြာကြီး ပျောက်နေခြင်းကြောင့် မင်းသားစံအိမ် အတွင်းဆောင်ရှိ အမျိုးသမီးအားလုံး စိုးရိမ်နေကြသည်။ ပုံမှန်အားဖြင့် မင်းသားစံအိမ်မှ လုချန်း ဤမျှကြာအောင် ထွက်ခွာလေ့မရှိပေ။ တစ်ညလောက်ပျောက်နေခြင်းမှာ ကိစ္စမရှိသော်လည်း ယခုအခါ ညနေစောင်းခါနီးပြီ ဖြစ်သော်လည်း လုချန်း မပြန်ရောက်သေးပေ။ ထို့ပြင် မင်းသားစံအိမ်ရှိ လူအများစုလည်း သူသွားရာနေရာကို မသိကြပေ။
ယခင်က သူသွားမည့်နေရာကို မင်းသားစံအိမ်ရှိ တစ်စုံတစ်ဦးကို လုချန်း အမြဲအသိပေးလေ့ရှိသည်။ မုကျိရွှမ်းတို့ သူသွားရာ နေရာကိုသိရှိပြီး စိတ်မပူစေအောင်ဖြစ်သည်။
ထိုအချိန်တွင်...
လုချန်း၏ ဇနီးမယားအားလုံး မင်းသားစံအိမ်၏ ပင်မခန်းမတွင် စိုးရိမ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသည်။
ကျောင်းယိုယိုက ကလေးတစ်ယောက်ကိုပွေ့ကာ ပြောလိုက်သည်။
“မင်းသားက အရမ်း အစွမ်းကြီးတယ်။ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။”
ရဲလိနန်ရန်က ပြောလိုက်သည်။
“အရင်တုန်းက မင်းသား တစ်နေရာရာသွားတဲ့အခါတိုင်း ရှောင်ဟွမ်ကို ပြောသွားတတ်တယ်။ ဒါမှမဟုတ် အခြား အစေခံတစ်ယောက်ယောက်ကို အသိပေးတတ်တယ်။ ဒီတစ်ခါတော့ ဘယ်သူ့ကိုမှ မပြောပဲထွက်သွားတယ်။ သူတစ်ခုခုဖြစ်နေမှာ စိုးရိမ်မိတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် မုကျိရွှမ်း၏ မျက်နှာတွင် စိုးရိမ်မှုများ ပေါ်လာသည်။ သို့သော် ချူးယုချင်က ဆက်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ချန်းလေး အဆင်ပြေမှာပါ။ လက်ရှိအချိန်မှာ မြောက်ပိုင်းပြည်နယ်ထဲမှာ သူ့ကိုဒုက္ခပေးနိုင်တဲ့သူ နည်းလွန်းပါတယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုခုရှိလို့ အလျင်စလို ထွက်သွားရင်း အစေခံကို ပြောဖို့မေ့သွားတာပဲဖြစ်မယ်။”
လုချန်းသည် ယခု အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ဤခောတ်ကမ္ဘာတွင် အဆင့်လွန် ပညာရှင်တစ်ယောက်ကို သူ၏ဆန္ဒမပါပဲ တိတ်တဆိတ် ဖမ်းခေါ် သွားနိုင်သူ မည်သူမှ မရှိပါ။
မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ လုချန်း ကိုယ်တိုင် ထွက်ခွာသွားခြင်းသာဖြစ်သည်။
မုကျိရွှမ်းတို့စိုးရိမ်ပူပန် နေကြသည့် အချိန်တွင် အစေခံတစ်ဦး ခန်းမဆောင်အတွင်းသို့ ပြေးဝင်လာပြီး
“မင်းသား ပြန်ရောက်ပါပြီ”
ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် မုကျိရွှမ်းလည်း သူပိုက်ထားသော ကလေးကို နို့ထိန်းမိခင်ထံ အပ်နှံလိုက်ကာ အခြားသူများကို ခေါ်ဆောင်ပြီး အပြင်သို့ ထွက်လာသည်။
ထိုအချိန်တွင် လုချန်းက ပင်မအဆောင်ဝင်ပေါက်တွင် ရပ်နေရင်း မနေ့ညက စနစ်မှ ပေးပို့သော အသိပေးချက်များကို စစ်ဆေးနေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဇနီးများနှင့် မယားများကို အံ့ဩစေရန် နည်းလမ်းများကိုလည်း စဉ်းစားနေသည်။
[ဇနီးအသစ် ထပ်မံရရှိတဲ့အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ် - ဖန်ထည်ပြုလုပ်သည့် နည်းပညာ။]
[ဇနီးနှင့် ခံစားချက် လေ့ကျင့်ရာမှ အတွင်းအားမန္တာန်ကျင့်စဉ် အတွေ့အကြုံ ၁၀,၀၀၀ တိုးလာသည်။ ပြန်လည်သန်စွမ်းစေသောစွမ်းအား အတွေ့အကြုံ ၁၀၀၀၀ တိုးလာသည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀၀ တိုးလာသည်။ စုပ်ယူသည့်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀၀ တိုးလာသည်။ အလင်းအရိပ်ကျင့်စဉ် အတွေ့အကြုံ ၁၀၀၀၀ တိုးလာသည်။ အလင်းအရိပ်ကျင့်စဉ် တတိယအဆင့်သို့ ရောက်ရှိသည်။ သခင်သည် စိတ်ခံစားမှုဆိုင်ရာ မှတ်တိုင်တစ်ခု ရရှိခဲ့ပြီး အတွေ့အကြုံအားလုံး နှစ်ဆတိုးလာသည်။]
[ဇနီးနှင့် စိတ်ဝိညာဉ် သဟဇာတဖြစ်မှုအတွက်ဆုလာဘ်မှာ အလှအပထိန်းသိမ်းသည့် ဆေး ၁၀ လုံးဖြစ်သည်။]
စနစ်၏ အသိပေးချက်များကို မြင်ရသည့်အခါ လုချန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ဖန်ထည်ပြုလုပ်သည့် နည်းပညာဖြင့် မင်းသားစံအိမ်၏ စက္ကူပြတင်းများကို အစားထိုးနိုင်မည်။ ယခုမှစ၍ စက္ကူပြတင်းများကို ထိုးဖောက်ကာ အခန်းအတွင်းသို့ ခိုးကြည့်ရန် လွယ်ကူတော့မည် မဟုတ်ပေ။
သို့သော် ဤသည်မှာ ဖန်ထည်၏ တစ်ခုသာ အသုံးဝင်မှုသာ ရှိသေးသည်။ ဖန်ခွက်၊ ဖန်ပုလင်း နှင့် အခြားသော အလှပြ ဖန်ထည်ပစ္စည်းများ ပြုလုပ်နိုင်သည့် ထိုနည်းပညာသည် အလွန်အမြတ်ထွက်နိုင်သော နည်းပညာတစ်ခု ဖြစ်သည်။
ဖန်ထည်၏ အသုံးဝင်ပုံများထက် လုချန်းကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ အလှအပထိန်းသိမ်းသည့် ဆေးများ ဖြစ်သည်။
လုချန်းလည်း အလှအပထိန်းသိမ်းသည့် ဆေး၏ အကျိုးကျေးဇူးများကို စစ်ဆေးကြည့်လိုက်သည်။
[အလှအပထိန်းသိမ်းသည့် ဆေးကို သောက်သုံးပါက အရွယ်မတိုင်ခင် အိုမင်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို နုပျိုစေသည်။ ဆံပင်သာဖြူလာခြင်းကိုတော့ မကာကွယ်ပါ။]
အမျိုးသမီးတိုင်းသည် အရွယ်မတိုင်ခင် အိုမင်းခြင်းမှ ကင်းဝေးပြီး အလှအပကို ထိန်းသိမ်းလိုကြသည်။ ဤအလှအပထိန်းသိမ်းသည့် ဆေးများသည် မင်းသားစံအိမ်ရှိ အမျိုးသမီးများအတွက် အလွန်အရေးကြီးသည်။ အထူးသဖြင့် မုကျိရွှမ်းနှင့် ကျောင်းညီအစ်မကဲ့သို့ သာမန်လူများအတွက် ပို၍ အရေးကြီးသည်။
ရဲလိနန်ရန် နှင့် အခြားသူများသည် သိုင်းပညာရှင်များ ဖြစ်ကြသည်။ သိုင်းပညာရှင်များသည် အဆင့်တစ်ခုသို့ ရောက်ရှိပါက အလွယ်တကူ အိုမင်းခြင်း မရှိတော့ပေ။ သို့သော် သာမန်လူများမှာမူ ကွဲပြားသည်။ ခန္ဓာကိုယ်အတွင်း စွမ်းအားမရှိပါက အလွန်လျင်မြန်စွာ အိုမင်းသွားတတ်သည်။
လုချန်းသည် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို အသုံးပြုကာ မုကျိရွှမ်းတို့အား လေ့ကျင့်ပေးနေသော်လည်း သူတို့၏ လေ့ကျင့်မှုအရှိန်က အတန်ငယ် နှေးကွေးနေဆဲဖြစ်သည်။ မုကျိရွှမ်း အမြဲတမ်း စိုးရိမ်နေခဲ့သည်မှာ သူမ၏ အဆင့် မတိုးတက်ပဲ အိုမင်းသွားကာ အလှပျက်သွားမည်ကိုဖြစ်သည်။
ယခုတော့ အလှအပထိန်းသိမ်းသည့် ဆေးများရှိလာပြီဖြစ်သဖြင့် သူတို့စိုးရိမ်စရာမလိုတော့ပေ။
စနစ်၏ အသိပေးချက်များကို လုချန်း အာရုံစိုက်နေစဉ်မုကျိရွှမ်းတို့လည်း အနားရောက်လာခဲ့သည်။ ထိုအချိန်တွင် မုကျိရွှမ်းက
“မင်းသား။ နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်။”
ချူးယုချင်က ဘေးမှ ထပ်ပြီး
“ချန်းလေး။ မင်းအပြင်ထွက်တဲ့အခါ မင်းသားစံအိမ်က တစ်ယောက်ယောက်ကိုတော့ သတင်းပေးသင့်တယ်။ ကျိရွှမ်းတို့က အရမ်းစိတ်ပူနေကြတာ။”
မုကျိရွှမ်း၏စကားကို ကြားလိုက်ရသည်နှင့် လုချန်း သတိပြန်ဝင်လာပြီး
“တောင်းပန်ပါတယ်။ မနေ့ညက အလျင်စလို ဖြစ်နေတော့ တစ်ယောက်ယောက်ကို ပြောဖို့မေ့သွားတယ်”
ဟု ပြုံးရယ်ကာ ပြောလိုက်သည်။
ထိုအချိန်တွင် မုကျိရွှမ်းက လုချန်းအပေါ်မှ အနံ့ကို သတိထားမိလိုက်ပြီး ထိုအနံ့က လက်ရှိရှိနေသည့် အမျိုးသမီးများထံမှ မဟုတ်ကြောင်း ချက်ချင်းသိလိုက်သည်။
မုကျိရွှမ်းက ပြုံး၍
“မင်းသားစံအိမ်မှာ ညီအစ်မတွေ အများကြီးရှိပါလျက်နဲ့ ဘာလို့ အပြင်က ပန်းရိုင်းတွေကို သွားခူးရတာလဲ မင်းသား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်းတုန်လှုပ်သွားခဲ့သည်။ မုကျိရွှမ်း၏ အနံ့ခံစွမ်းရည် ဤမျှ ထက်မြက်မည်လိမ့်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထို့နောက် လုချန်းသည် ရယ်မောကာ
“ဘယ်က ပန်းရိုင်းလဲ။ ကိုယ်ခူးလာတာက ဝမ်ရွန်အဆောင်ကပါ။”
.........
အခန်း (၃၆၆)
ကောလာဟလ (၁)
လုချန်း၏ အဖြေကို ကြားလိုက်ရသည့် အမျိုးသမီးများ ခဏတာမျှ အံ့အားသင့်သွားကြပြီးမှ ဖြစ်ခဲ့သည့် အရာကို နားလည်သွားကြသည်။
ဝမ်ရွန်အဆောင်တဲ့။
ချန်ဝမ်ရွန်ရဲ့ အဆောင် မဟုတ်လား။
မုကျိရွှမ်းက ချက်ချင်းပင်
“မင်းသား နောက်ထပ် အလှမယ်တစ်ယောက် ရသွားတာကို ဂုဏ်ယူပါတယ်”
ဟု ပြောလိုက်သည်။ ထိုအခါ လုချန်းက ပြုံးပြလိုက်၏။
ထိုအချိန်တွင် ချူးချင်လီကတော့ လုချန်းကို စူးစိုက်ကြည့်နေသည်။
သူမစိတ်ထဲတွင် စဉ်းစားမိနေသည်။
နောက်ထပ် အလှမယ်တစ်ယောက်လား။
ဒီလူဆိုးက လင်ဝမ်ရွန်ကို ရယူပြီးသားဖြစ်ပြီး အခု ချန်ဝမ်ရွန်ကိုပါ ထည့်သွင်းလိုက်ပြီဖြစ်သည်။
ဒီလိုဆို သူဆိီမှာ အမျိုးသမီး နှစ်ယောက် ထပ်တိုးသွားပြီဖြစ်သည်။
ဒီလူဆိုးက အတော်ရဲတင်းနေပါလား။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ကိုတောင် ထိပါးရဲသည်။
လျှို့ဝှက်လဝန်းနန်းတော်က သာမန်အင်အားစုမဟုတ်ပေ။ ကောင်းကင်လူသားအဆင့်ကို ရောက်ရှိပြီးသူများ ရှိသည်ဟု ကောလာဟလများ ရှိနေသည်။
လုချန်းက သေမှာ မကြောက်ဘူးလား။ ချန်ဝမ်ရွန်၏ ဆရာမ ရောက်လာရင် သူ ဘယ်လိုရင်ဆိုင်မှာလဲ။
မဟုတ်ပါ။ ဒီလူနဲ့အတူ ပြဿနာထဲ မပါသွားအောင် သူမ လုချန်းနှင့် ထားရှိထားသော အပေးအယူကိစ္စကို အမြန်ဆုံးပြီးအောင် လုပ်ပြီး သူမအစ်မနှင့်အတူ ထွက်ပြေးရမည်ဖြစ်သည်။
ထိုသို့စဉ်းစားရင်း သူမ လုချန်းနှင့် အကြိမ်မည်မျှ ပြုလုပ်ပြီးပြီလဲဆိုသည်ကို ချူးချင်လီ၏ စိတ်ထဲတွင် တွက်ချက်နေမိသည်။
ထိုအခါ ချူးချင်လီ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။
သူမ လုချန်းနှင့် အကြိမ်အရေအတွက် မည်မျှပြုလုပ်ပြီးသည်ကို မေ့နေသလို ခံစားရသည်။
ဒါက...
ဤမျှ အရေးကြီးသော အရာကို သူမ ဘာကြောင့် မေ့နေရသနည်း။
ယခုတော့ ဒုက္ခရောက်တော့မည်။
အကြိမ်တစ်ရာ ပြည့်ပြီးမှန်း မသိပဲ လုချန်းနှင့် ထပ်ပြီးဆက်ဆံနေမိပါက ဘယ်လိုလုပ်မလဲ။
ချူးချင်လီသည် စိတ်ထဲတွင် သူမကိုယ်သူမ အပြစ်တင်နေမိသည်။
ထိုအချိန်တွင် လုချန်းက
“ကောင်းပြီ။ အားလုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။ ကျွန်တော် ရေသွားချိုးတော့မယ်။ နောက်ပိုင်းမှာ နိုင်ငံတော် ကိစ္စတွေလည်း လုပ်စရာ ရှိသေးတယ်”
ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် လုချန်းလည်း သူ၏အခန်းဆီသို့ ဦးတည်သွားလိုက်၏။ မင်းသားစံအိမ်မှ အစေခံများလည်း ရေနွေးပြင်ဆင်ရန် အလျင်အမြန် လှုပ်ရှားလာကြသည်။
လုချန်း ထွက်သွားပြီးနောက် မုကျိရွှမ်းတို့လည်း အဓိကခန်းမဆောင်သို့ ပြန်သွားကာ လက်ဖက်ရည်နှင့် မုန့်များ ဆက်လက် စားသောက်နေကြသည်။
ဝမ်ရွန်အဆောင်။
ထိုအတောအတွင်း။
ဝမ်ရွန်အဆောင်တွင်။
လင်ဝမ်ရွန်ကတော့ ချန်ဝမ်ရွန်ကို စောင့်မျှော်နေတုန်းဖြစ်သည်။
ချန်ဝမ်ရွန်ကို အဆောင်ဝင်ပေါက်တွင် မြင်လိုက်ရသည်နှင့် လင်ဝမ်ရွန် အလျင်အမြန် ထလိုက်ပြီး
“နန်းတော်သခင်။ မနေ့ညက ဘယ်ကို သွားခဲ့တာလဲ။ အဆင်ပြေရဲ့လား”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်ထံ ချဉ်းကပ်လိုက်သည်နှင့် သူမထံမှ ထွက်ပေါ်နေသည့် ကြီးမားသော ဖိအားကို ခံစားလိုက်ရပြီး လင်ဝမ်ရွန် ရုတ်တရက် တုံ့ဆိုင်းသွားသည်။
အဆင့်လွန် ပညာရှင်။
လင်ဝမ်ရွန်က ဝမ်းသာစွာဖြင့်
“နန်းတော်သခင် အဆင့်လွန် ပညာရှင်အဆင့် ရောက်သွားပြီလား”
ဟု အော်ဟစ်မေးလိုက်သည်။
ချန်ဝမ်ရွန်မှာ ယခုနှစ်တွင် အသက် ၂၀ ကျော်သာ ရှိသေးသည်။
ဤမျှငယ်ရွယ်သော အရွယ်တွင် အဆင့်လွန် ပညာရှင်အဆင့်သို့ ရောက်ရှိပါက အသက် ၄၀ သို့မဟုတ် ၅၀ မတိုင်မီ ကောင်းကင်လူသားအဆင့်ကို ရောက်ရှိနိုင်မည်ဖြစ်သည်။
လင်ဝမ်ရွန် သိသလောက်ဆိုရင်
လုချန်းပြီးရင် အဆင့်လွန် ပညာရှင်အဆင့်ကို အရွယ်မတိုင်ခင် ရောက်ခဲ့သော တစ်ဦးတည်းသောသူက ချန်ဝမ်ရွန်ပင် ဖြစ်သည်။
လင်ဝမ်ရွန်၏စိတ်ထဲ ချန်ဝမ်ရွန်အတွက် အလွန်ဝမ်းသာနေခဲ့သည်။ ချန်ဝမ်ရွန် အဆင့်လွန် ပညာရှင်အဆင့်ကို ရောက်သွားသဖြင့် သူမ၏ သွေးကြွေးကို အောင်မြင်စွာဆပ်နိုင်ဖို့ အခွင့်အလမ်း ပိုများလာပြီဖြစ်သည်။ နောင်တစ်ချိန်တွင် လျှို့ဝှက်နဂါးမန္တာန် ကို အသုံးမပြုလျှင်တောင် ဆွမ်ဧကရာဇ်ကို အနိုင်ယူနိုင်မည်ဟု တွေးမိလိုက်သည်။
သူတို့ လျှို့ဝှက်နဂါးမန္တာန်ကို သုံးစရာ မလိုပါက လုချန်းနှင့် သူတို့ကြားမှာ ပဋိပက္ခကြီးကြီးမားမား ရှိလာနိုင်တော့မည် မဟုတ်ပေ။
ချန်ဝမ်ရွန်က ‘အင်း’ ဟုသာ ပြန်ဖြေလိုက်ပြီး စကားဆက် မပြောပဲ အဆောင်ထဲသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။
လင်ဝမ်ရွန်လည်း အလျင်အမြန် လိုက်ပါသွား၏။
နှစ်ယောက်လုံး အဆောင်ထဲတွင် ခဏမျှ အနားယူပြီးနောက် ချန်ဝမ်ရွန်က
“ဒေါ်လေးလင်နဲ့ လုချန်းကြားက ကိစ္စကို ကျွန်မသိပြီးပြီ။”
ဟုတိုက်ရိုက်ပြောလိုက်၏။
ထိုစကားကို ကြားလိုက်သောအခါ လင်ဝမ်ရွန်၏ နှလုံး တဟုန်ထိုး ခုန်သွားပြီး ချက်ချင်း ဖြူဖပ်ဖြူလျော် ဖြစ်သွား၏။
လင်ဝမ်ရွန်က
“နန်းတော်သခင် ဒေါ်လေး...”
လင်ဝမ်ရွန် ဘာပြောရမှန်း မသိတော့ပေ။ ချန်ဝမ်ရွန်က မနေ့ညက တစ်ညလုံး ပြန်မလာပဲ အခုပြန်ရောက်ရောက်ချင်း ထိုသို့ ဖွင့်ဟလိုက်တာကို ထောက်ရှုပါက ချန်ဝမ်ရွန် မနေ့ညက လုချန်းနဲ့ တွေ့ပြီး သူတို့နှစ်ယောက်ကြား ဖြစ်ခဲ့သော အရာအားလုံးကို လုချန်းက ပြောပြခဲ့ခြင်းသာဖြစ်မည်။
ထိုအချိန်အထိ သူတို့နှစ်ယောက်၏ မဖွယ်မရာလုပ်ရပ်များကို ချန်ဝမ်ရွန် ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ခဲ့ပြီးသား ဖြစ်ကြောင်းကို လင်ဝမ်ရွန် မသိသေးပါ။
“လုချန်းပြောတဲ့ စကားကို မယုံပါနဲ့ နန်းတော်သခင်။ ဒေါ်လေးမှာ နန်းတော်သခင်ကို သစ္စာဖောက်ဖို့ စိတ်ကူးတောင် မရှိပါဘူး။”
လင်ဝမ်ရွန်က ရှင်းပြနေတုန်း ချန်ဝမ်ရွန်က မျက်နှာအပြောင်းအလဲမရှိပဲ တိုက်ရိုက်ပြောလိုက်၏။
“ ဒေါ်လေး တို့နှစ်ယောက် စာကြည့်ခန်းထဲမှာ အဲဒီလိုလုပ်နေတာကို အရင်ကတည်းက ကျွန်မမြင်ပြီးသားပါ။”
“ဒေါ်လေး...”
လင်ဝမ်ရွန် စကားမဆက်နိုင်တော့ပေ။ ချန်ဝမ်ရွန် ကိုယ်တိုင် မြင်ခဲ့တာ ဖြစ်သည့်အတွက် ဘယ်လိုမှ ငြင်း၍မရနိုင်တော့ချေ။
ချန်ဝမ်ရွန်က သူမကို သစ္စာဖောက်ဟု ထင်သွားမှာကို လင်ဝမ်ရွန် စိတ်ထဲမှာ အလွန်စိုးရိမ်သွား၏။
ထို့နောက် လင်ဝမ်ရွန်က ဆက်ပြောလိုက်၏။
“နန်းတော်သခင်။ ဒါတွေအားလုံးကို ဒေါ်လေးလုပ်ခဲ့ရတာက အခြေအနေ တစ်ခုကြောင့် ပါ။”
ချန်ဝမ်ရွန်က
“ဒေါ်လေးလင် ရှင်းပြစရာမလိုပါဘူး။ ကျွန်မအတွက် အဆိပ်ဖြေဆေးရဖို့ ဒေါ်လေးလုပ်ခဲ့တာကို ကျွန်မသိတယ်။”
ချန်ဝမ်ရွန်က သူမ၏အခက်အခဲကို နားလည်နေသည်ကို သိရသောအခါ လင်ဝမ်ရွန် စိတ်သက်သာရာရသွားသည်။ ချန်ဝမ်ရွန်က သူမကို ယုံကြည်မှု မပျက်ပြားလျှင် လုံလောက်ပြီဖြစ်သည်။
လင်ဝမ်ရွန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး
“ ဒေါ်လေးတို့ ဘာဆက်လုပ်ကြမလဲ။ နန်းတော်သခင် မနေ့ညက သူနဲ့တွေ့ခဲ့တယ် မဟုတ်လား။”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်က “အင်း” ဟု အသံပြုလိုက်ကာ ဆက်ပြောလိုက်သည်။
“ကျွန်မသူ့ရဲ့အမျိုးသမီးဖြစ်သွားပြီ။”
ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန်မှာ အလွန်တုန်လှုပ်သွားပြီး ဒေါသထွက်လာသည်။
“ ဘယ်လို.. ဘယ်လိုဖြစ်သွားတာလဲ။”
“ဒီကောင်... ဒီကောင်လေး ကတိဖျက်လိုက်တာလား။ သူ မင်းကိုမထိခိုက်စေဘူးလို့ ရှင်းရှင်းလင်းလင်း ကတိပေးထားတာပဲ။”
“သူ့ဆီက တရားမျှတမှု ပြန်တောင်းမယ်။ သူက မင်းသားတစ်ပါးပဲ။ သူ့စကားဟာ ရွှေထက်ပိုတန်ဖိုးရှိရမယ့်အစား ကတိဖျက်လိုက်တာလား။”
ဟု ပြောပြောဆိုဆိုနှင့် လင်ဝမ်ရွန် အဆောင်ထဲမှ ထွက်သွားလိုက်သည်။
ထိုစဉ် ချန်ဝမ်ရွန်က
“ဒီလောက်ဒေါသမထွက်ပါနဲ့ ဒေါ်လေးလင်။ ကျွန်မကိုယ်တိုင် သူ့ကိုပေးအပ်လိုက်တာပါ။”
“မင်း...” လင်ဝမ်ရွန် နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။
ချန်ဝမ်ရွန်က ထိုသို့ဆုံးဖြတ်ချက်ချမည်ဟု သူမ မမျှော်လင့်ထားခဲ့ဖူးပေ။
ချန်ဝမ်ရွန်က ဆက်ပြောလိုက်သည်။
“ကျွန်မ အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်နိုင်ခဲ့တာလည်း သူ့ကျေးဇူးကြောင့်ပါ။”
မယုံကြည်နိုင်သော အမူအရာဖြင့် လင်ဝမ်ရွန်က
“သူ့မှာ လူတစ်ယောက်ရဲ့စွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့နည်းလမ်းရှိတယ်ဆိုတာ ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ”
ဟု မေးလိုက်သည်။
.........