အခန်း ၃၆၇-၃၆၉
Vol. 25 Ch. 367-369
အခန်း (၃၆၇)
ကောလာဟလ (၂)
ချန်ဝမ်ရွန်က
“ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ သူသွားနေတဲ့လမ်းက သိုင်းပညာ လမ်းမဟုတ်ပဲ တန်ခိုးစွမ်းအားကျင့်စဉ်လမ်းလို့ တော့သိတယ်။”
“ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ အဆင့်လွန်ပညာရှင်အဆင့်ကို ရောက်နိုင်ဖို့က တန်ခိုးစွမ်းအား ကျင့်စဉ်လမ်းကြောင်းကပဲ ဖြစ်နိုင်တယ်။”
လင်ဝမ်ရွန် ထပ်မံ သက်ပြင်းချလိုက်သည်။
ယခုတော့ သူတို့နှစ်ဦးစလုံး မြင်သမျှ မိန်းမလှတိုင်းကို လိုချင်တတ်သော ထိုလူဆိုးလေး၏ လှည့်ဖြားခြင်းကို ခံခဲ့ရပြီဖြစ်သည်။ သူရဲ့ အားအင်တွေက အဘယ်ကြောင့် ဤမျှ မကုန်ခန်းနိုင် ဖြစ်နေရတာလဲ။
လင်ဝမ်ရွန်က
“သူက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကနေ ထွက်ခွာဖို့ ခွင့်ပြုပြီလား နန်းတော်သခင်”
ဟုမေးလိုက်သည်။
ချန်ဝမ်ရွန်သည် ခေါင်းညိတ်ကာ အေးစက်စွာဖြင့်
“ကျွန်မသူ့ကလေးမွေးပြီးရင် လွှတ်ပေးမယ်။”
လင်ဝမ်ရွန်၏မျက်ခုံးများ အနည်းငယ်တွန့်သွားပြီး
“ဒါပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘယ်လိုအကြောင်းပြမလဲ။ အကြာကြီး မပြန်ပဲနေရင် အကြီးအကဲတွေ မကျေမနပ်ဖြစ်မှာစိုးရတယ်။ တို့တတွေ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ ဒီလောက်ကြာအောင်နေပြီးပြီ။”
ချန်ဝမ်ရွန်က
“ခဏနေရင် သူ့ကိုထပ်မေးလိုက်မယ်”
ဟုဖြေလိုက်သည်။
လင်ဝမ်ရွန် နောက်ထပ်စကားမပြောတော့ပေ။
ထိုအချိန်တွင် ချန်ဝမ်ရွန်က လင်ဝမ်ရွန်ကိုကြည့်ကာ
“ ဒေါ်လေးလင် ဘယ်လိုထင်လဲ။ မနေ့ညက သူပြောတာက သူက ဒေါ်လေးရဲ့လင်မိသားစုနဲ့ ဆက်သွယ်ပြီးပြီတဲ့။ ဒေါ်လေးကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ လက်ထပ်ခိုင်းဖို့ အစိီအစဉ်ရှိတယ်တဲ့”
ဟုမေးလိုက်သည်။
“ ဒေါ်လေး...”
လင်ဝမ်ရွန် မည်သို့ပြန်ဖြေရမည်မှန်းမသိ ဖြစ်နေသည်။ သူမလည်း ရှုပ်ထွေးနေသည်။
သူမနှင့်လုချန်းမှာ အသက်ကွာခြားလွန်းပြီး လက်ထပ်ခြင်းက မသင့်တော်ဟု လင်ဝမ်ရွန် ထင်သော်လည်း ထိုလူဆိုးလေးက အသက်ကြီးသော မိန်းမများကို နှစ်သက်သည်ဟု ထင်ရသည်။
မင်းသားစံအိမ်ရှိ အမျိုးသမီးများ၏အသက်အရွယ်များကို ကြည့်လျှင် လုချန်း၏ အမျိုးသမီးတိုင်းသည် သူ့ထက်အသက်ကြီးနေပြီး အငယ်ဆုံးဖြစ်သော ကျောင်းယိုယိုနှင့် ရှောင်ဝမ်ယောင်တို့ပင် လုချန်းထက်ကြီးနေသည်။
မင်းသားစံအိမ်တွင်း၌ ရဲလိနန်ရန်လည်းရှိသေးသည်။ သူမသည်လည်း လင်ဝမ်ရွန်နှင့်အသက်အတူတူပင်ဖြစ်သည်။
ချန်ဝမ်ရွန်က
“ ဒေါ်လေး သူ့ကိုလက်မထပ်ချင်ရင် ဒေါ်လေးထွက်ခွာနိုင်ဖို့ နည်းလမ်း ကျွန်မရှာပေးမယ်။”
လက်ရှိအချိန်တွင် လုချန်းက လင်ဝမ်ရွန်အား မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ထွက်ခွာခွင့် မပြုနိုင်သေးသော်လည်း တစ်နေ့တွင် လုချန်း၏စိတ်ကို ပြောင်းလဲစေမည့် အခြေအနေတစ်ခုကို ရှာဖွေတွေ့ရှိမည်ဟု ချန်ဝမ်ရွန် ယုံကြည်သည်။
ထိုစကားများကိုကြားလိုက်ရသည်နှင့် လင်ဝမ်ရွန်သည် ခဏတာမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်
“မလိုအပ်ပါဘူး နန်းတော်သခင်။ ဒေါ်လေး မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာနေပြီး သူ့ရဲ့ သားသမီးတွေမွေးပေးဖို့ ဆုံးဖြတ်ပြီးပြီ။”
ချန်ဝမ်ရွန် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။ လင်ဝမ်ရွန်ထံ၌ လုချန်းအပေါ် ခံစားချက်ရှိနေသည်ဟု သူမမှန်းဆထားသော်လည်း လင်ဝမ်ရွန် ဆက်နေရန်ဆုံးဖြတ်လိုက်သည်ကို ကြားရခြင်းက အံ့အားသင့်စရာ ဖြစ်နေသေးသည်။
ချန်ဝမ်ရွန်က
“ကျွန်မနားလည်ပါပြီ”
လင်ဝမ်ရွန်က လုချန်း၏သားသမီးများကို မွေးဖွားပြီး ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် ချန်ဝမ်ရွန်အနေနှင့် တားဆီးရန် အကြောင်းမရှိတော့ပေ။
သို့သော် ချန်ဝမ်ရွန်ထံ၌ စိုးရိမ်မှုအနည်းငယ်ရှိနေဆဲဖြစ်သည်။ လုချန်း၏လက်ရှိဦးတည်ချက်အရ သူသည် နောင်တွင် ဧကရာဇ်ဖြစ်လာမည်ဖြစ်သည်။ ချန်ဝမ်ရွန်စိုးရိမ်သည်မှာ လင်ဝမ်ရွန်သာ နန်းတွင်းသို့ဝင်ရောက်ပါက လုချန်း၏အရိပ်အောက်တွင် သူမတစ်သက်လုံးနေထိုင်ရမည်ကို ဖြစ်သည်။
လက်ရှိအချိန်တွင် လုချန်း အမျိုးသမီးများကို အလွန်တပ်မက်ကြောင်းသာ သိထားပြီး သူ၏အခြား စိတ်နေသဘောထားများကို မသိနိုင်သေးပေ။ တစ်ချိန်ကျရင် သူ၏အမျိုးသမီးများကို စွန့်ပစ်မည်လားဆိုသည်က ပြောရန်ခက်ခဲနေသေးသည်။
သို့သော် ယခုအချိန်တွင် ဤမျှစိုးရိမ်နေခြင်းက အကျိုးမရှိပေ။ လုချန်း ဧကရာဇ်ဖြစ်လာပြီး အကြီးဆုံး အာဏာကို ပိုင်ဆိုင်သည့်အခါမှသာ သူ၏ စရိုက်အမှန်ကို သိရှိနိုင်မည်ဖြစ်သည်။
...
နှစ်နာရီခန့် ကြာပြီးနောက်။
ရေမိုးချိုး အဝတ်အစားလဲပြီး နိုင်ငံရေးရာများကို ကိုင်တွယ်ရန် သူ၏စာကြည့်ခန်းသို့ လုချန်း ရောက်ရှိလာခဲ့သည်။
မနေ့ညကသူ အိပ်ရေးပျက်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်မှုမရှိပဲ လန်းဆန်းတက်ကြွလျက် ရှိနေဆဲဖြစ်သည်။
ထိုအချိန်တွင် စာကြည့်ခန်းတံခါးဝမှ အစေခံတစ်ဦး၏ အသံကိုကြားလိုက်ရသည်။
“မင်းသား။ တပ်မှူးချင် ရောက်လာပါတယ်။”
လုချန်းက
“ဝင်ခွင့်ပြုလိုက်ပါ။”
နောက်ခဏ အကြာတွင် ချင်ယူရှန် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
လုချန်းက အေးဆေးစွာမေးလိုက်သည်။
“ဘာကိစ္စလဲ တပ်မှူချင်။”
ချင်ယူရှန်က ပြန်လည်ဖြေကြားသည်။
“လွင်ပြင်ဒေသမျိုးနွယ်စုတွေကို တိုက်ခိုက်ခဲ့တဲ့ သူရဲကောင်းရဲ့ မုဆိုးမကို မင်းသားက အတင်းအဓမ္မ သိမ်းယူထားတယ်၊ ကိုယ့်အဒေါ်ကိုတောင် အလွှတ် မပေးဘူးဆိုတဲ့အသံတွေ အခုတလော မြောက်ပိုင်းပြည်နယ်က ပြည်သူများကြားထဲ ပျံ့နှံ့နေပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် လုချန်း တုန်လှုပ်သွားပြီး လက်ထဲမှ အစီရင်ခံစာကို ချလိုက်ကာ စိုးရိမ်သောမျက်နှာဖြင့် မေးလိုက်သည်။
“ဒီအသံတွေရဲ့ အရင်းအမြစ်ကို ရှာပြီးပြီလား။”
ချင်ယူရှန်က ဖြေလိုက်သည်။
“ရှာပြီးပါပြီ။ ချူးမိသားစုက စတင်ခဲ့တာပါ။”
ချင်ယူရှန်၏ အဖြေကိုကြားလိုက်ရသည်နှင့် လုချန်း၏ မျက်နှာမဲသွားပြီး ဆက်မေးလိုက်သည်။
“တောင်ပိုင်းက ချူးမိသားစုလား။ ဒါမှမဟုတ် မြောက်ပိုင်းပြည်နယ်က ချူးမိသားစုလား။”
ချူးမိသားစုသည် နှစ်ခြမ်းကွဲသွားပြီဖြစ်ကာ မြောက်ပိုင်းပြည်နယ်တွင်လည်း ချူးမိသားစုတစ်ခု ရှိနေပြီဖြစ်သည်။
ချင်ယူရှန်က ထပ်မံဖြေကြားသည်။
“မြောက်ပိုင်းပြည်နယ်က ချူးမိသားစုပါ။”
လုချန်း တိတ်ဆိတ်သွားခဲ့သည်။
စဉ်းစားကြည့်လျှင် အဓိပ္ပါယ်ရှိသည်။ တောင်ပိုင်းရှိ အာဏာရှိမိသားစုများသည် လုရှုယွမ် ၏ ဦးဆောင်မှုအောက်တွင် နန်းတွင်းစစ်တပ်နှင့် စစ်မက်ဖြစ်နေကြသည်။ မြောက်ပိုင်းပြည်နယ်သို့ လူလွှတ်ပြီး အသံများဖြန့်ဖို့ အချိန်မရှိကြပေ။ မြောက်ပိုင်းချူးမိသားစုက လုပ်ခဲ့ခြင်းဖြစ်နိုင်သည်။
သို့သော် မြောက်ပိုင်းချူးမိသားစုက သူ့ထံ သစ္စာခံထားပြီးဖြစ်ကာ မိခင်ဘက်မှ အဖိုးတော်သူ ချူးရှုံက ထိုသို့သော စကားများကို ဖြန့်ဝေမည် မဟုတ်ဟု လုချန်ယုံကြည်သည်။ ချူးယုချင် လုချန်း၏ အမျိုးသမီး ဖြစ်လာရန် ချူးရှုံက ထောက်ခံထားပြီးလည်းဖြစ်သည်။
ချူးယုချင် သူ၏မိန်းမဖြစ်လာပါက မြောက်ပိုင်းချူးမိသားစုအတွက် အခြားဆက်သွယ်ရေးလမ်းကြောင်းတစ်ခု ရှိလာမည်ဖြစ်သည်။ ချူးယုချင်နှင့် ချူးမိသားစုတို့သည် သွေးသွားမတော်စပ်သော်လည်း ဤအခြေအနေကလင်ဝမ်ရွန် နှင့် လင်မိသားစုတို့၏ အခြေအနေနှင့် ဆင်တူသည်။ လင်ဝမ်ရွန်သည် လင်မိသားစုနှင့် သွေးရင်းမဟုတ်သော်လည်း လင်ကောင်းယွမ်က လင်ဝမ်ရွန်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် ဆက်သွယ်ရန် လမ်းကြောင်းတစ်ခုအဖြစ် လိုချင်နေခဲ့သည်။
ခဏစဉ်းစားပြီးနောက် လုချန်းက ချင်ယူရှန်အား ပြောလိုက်သည်။
“ဒီကိစ္စကို အထူးကိုယ်ရံတော်တွေကို စုံစမ်းခိုင်းမနေပါနဲ့။ ခင်ဗျားကိုယ်တိုင် ချူးမိသားစုဆီသွားပြီး ရှာတွေ့ခဲ့သမျှကို ပြောပြလိုက်ပါ။ ကျွန်တော့်အဖိုးက ဘာလုပ်ရမလဲဆိုတာ သိပါလိမ့်မယ်။”
ချင်ယူရှန်က
“ကျွန်တော် နားလည်ပါပြီ။ အခုပဲ သွားပါမယ်”
ဟု တုံ့ပြန်လိုက်သည်။
အခန်း (၃၆၈)
ကောလာဟလ (၃)
“ကျွန်တော်ကို ခွင့်ပြုပါဦး။”
စကားဆုံးသည်နှင့် ချင်ယူရှန် လှည့်ထွက်သွားခဲ့သည်။
ချင်ယူရှန်၏ နောက်ကျောကို ကြည့်ရင်းနှင့် ချူးမိသားစုက ဘာကြောင့် ဒီအချိန်မှာ ဒီလိုအသံတွေဖြန့်နေရတာလဲဟု လုချန်းစဉ်းစားမိသည်။
တကယ်တော့ ဒါက တောင်ပိုင်းချူးမိသားစုက စေလွှတ်ထားတဲ့လူတွေရဲ့ လက်ချက်ဖြစ်နိုင်သည်။
မြောက်ပိုင်းချူးမိသားစုအတွင်းမှာ တောင်ပိုင်းချူးမိသားစုမှ သူလျှိုများ ရှိနေနိုင်၏။ သူတို့ ဒီလိုလုပ်ရခြင်းက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နှင့် မြောက်ပိုင်းချူးမိသားစုကြား သွေးခွဲရန်နှင့် လုချန်းကို နာမည်ဖျက်ရန်ဖြစ်သည်။
လုချန်း ထိုကိစ္စကို စဉ်းစားနေစဉ် အစေခံ၏အသံ ထွက်ပေါ်လာပြန်သည်။
“လင် လုံခြုံရေးမှူး ရောက်လာပါတယ် မင်းသား။”
လုချန်ူလည်း အတွေးထဲမှ ပြန်လည်နိုးထလာကာ
“ဝင်ခွင့်ပြုလိုက်ပါ။”
နောက်ခဏအကြာတွင် ရင့်ကျက်လှပသော လင်ဝမ်ရွန် စာကြည့်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
တံခါးဝတွင် အမျက်ဒေါသထွက်နေသော လင်ဝမ်ရွန်ကို မြင်လိုက်ရသည်နှင့် လုချန်းက ပြုံးရယ်ကာ မေးလိုက်သည်။
“ဒေါ်လေးလင် ဘယ်သူ့ကို ဒေါသထွက်နေတာလဲ။ ဘာတွေ စိတ်ဆိုးနေရတာလဲ။”
လင်ဝမ်ရွန်က မေးလိုက်သည်။
“မင်းက ရွန်ရွန့်ကိုလွှတ်ပေးမယ်လို့ ကတိပေးခဲ့တာမဟုတ်လား။ ဘာကြောင့် သူ့ကိုယ်ကို ဆက်ပြီး သိမ်းပိုက်ရတာလဲ။”
အစကတော့ လင်ဝမ်ရွန် လုချန်းထံလာရန် မရည်ရွယ်ခဲ့ပေ။ သို့သော် ချန်ဝမ်ရွန် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ မထွက်ခွာပါနိုင်က သူမ၏ သွေးကြွေးကိုလည်း ဆပ်နိုင်မည် မဟုတ်သလို နိုင်ငံကိုလည်း ပြန်လည်ရယူနိုင်မည် မဟုတ်ဟု စဉ်းစားမိခဲ့သည်။
လင်ဝမ်ရွန်၏စကားကို ကြားလိုက်ရသည်နှင့် လုချန်းက အေးဆေးစွာ ပြုံးလိုက်ပြီး
“ဒေါ်လေး အားလုံးကို သိပြီးပြီထင်တယ်။”
လင်ဝမ်ရွန်က ဆက်ပြောသည်။
“မင်းက တစ်နေ့ ဧကရာဇ် ဖြစ်လာမယ့် မင်းသားတစ်ဦးပဲ။ ဘာလို့ ကတိစကားကို...”
လင်ဝမ်ရွန် စကားမပြီးမီ သူမ၏ခန္ဓာကိုယ်ကို ရုတ်တရက် ထိန်းချုပ်နိုင်မှု မရှိတော့ပဲ လုချန်း၏လက်ထဲ ရောက်ရှိသွားခဲ့သည်။
လင်ဝမ်ရွန် ချက်ချင်း ရုန်းကန်လိုက်သည်။
“ ဒေါ်လေးကို လွှတ်လိုက်ပါ...”
သူမ၏ ဖွံ့ဖြိုးသောကိုယ်ခန္ဓာကို ပွေ့ဖက်ရင်း လုချန်းက နားနားကပ် ပြောလိုက်သည်။
“သူ့ကိုလွှတ်မပေးဘူးလို့ ဘယ်တုန်းကမှ ကျွန်တော် မပြောခဲ့ဘူး။ သူကိုယ်တိုင် ကျွန်တော့် မိန်းမဖြစ်ချင်လာတာ။ သူ့လိုလှပတဲ့နတ်သမီးကို ဘယ်ယောက်ျားက မစွဲမက်ပဲနေနိုင်မှာလဲ။ သူ့ကို လုံးဝမစွဲမက်ခဲ့ရင် ကျွန်တော် ယောက်ျားဟုတ်ဦးပါ့မလား။”
လင်ဝမ်ရွန်က ဒေါသဖြင့်
“မင်း...”
လုချန်းက ခပ်တိုးတိုး အသံဖြင့်
“ဝမ်ရွန်။ ကိုယ်နဲ့ရင်ဆိုင်ဖို့ မင်းဒီကိုလာတာ ... မင်းစိတ်ထဲမှာ အားကျစိတ်ဝင်နေတာလား။”
လင်ဝမ်ရွန်၏ မျက်နှာ နီရဲသွားပြီး စကားပြောမည့်အချိန်တွင် လုချန်းက သူမ၏နှုတ်ခမ်းကို အုပ်ကာ
“အမ်... အမ်”
လုချန်း စကားများများဆက်ပြောရန် မလိုတော့ပေ။ သူမစိတ်ထဲတွင် ဒေါသထွက်နေလျှင် သူမ၏ဒေါသကို အရင်ဖြေဖျောက်ပေးရမည်။ သူမ၏ဒေါသကို ပြေပျောက်စေရန်က မခက်ခဲလှပေ။
မကြာမီ စာကြည့်ခန်းအပြင်ဘက်မှ ရှောင်ဟွမ်လည်း လင်ဝမ်ရွန်၏အသံကို စတင် ကြားလာရသဖြင့် တိတ်ဆိတ်စွာဖြင့် ခြံဝင်းအပေါက်ဝသို့ သွားစောင့်နေခဲ့သည်။
နှစ်နာရီခန့် အကြာတွင် လင်ဝမ်ရွန်၏ ဒေါသများ အလုံးစုံပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လုချန်း၏ခြေထောက်ကိုခွလျက် အနေအထားဖြင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကကို လုချန်း၏ ပခုံးပေါ်တွင် မလှုပ်မယှက် မှီနေသည်။
ဒေါသစိတ်များ သာမက သူမ၏ဝိညာဉ်ပါ ပျံထွက်သွားသလို ဖြစ်နေပြီး လုချန်းကို ရင်ဆိုင်ရန် အားအင်မရှိတော့ပေ။
ထို့နောင် လင်ဝမ်ရွန်က အားနည်းစွာဖြင့် ပြောလိုက်သည်။
“ရွန်ရွန့်ကို လွှတ်ပေးဖို့ ဘာလိုအပ်သေးလဲ။”
သူမ၏ နူးညံ့သောကိုယ်ခန္ဓာကို ပွေ့ဖက်ရင်း လုချန်းက သူမ၏ နားနားကပ်၍ တိုးတိုးပြောလိုက်သည်။
“သူက မင်းကိုပြောပြီးသားပဲမဟုတ်လား။ ကိုယ်နဲ့ သူနဲ့ရတဲ့ ကလေး ၁၅ နှစ်ပြည့်ရင် လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်သွားလို့ရတယ်ဆိုတာ။”
လင်ဝမ်ရွန်က
“သူက လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ပဲ။ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှာ အမြဲတမ်း နေလို့မရဘူး။ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေသာ သိသွားရင် သူ့ကိုလာခေါ်ကြလိမ့်မယ်။ လျှို့ဝှက်လဝန်းနန်းတော်နဲ့ ရန်ဖြစ်ဖို့ မင်းမှာ အစီအစဉ်ရှိနေလို့လား။”
“လျှို့ဝှက်လဝန်းနန်းတော်က သာမန်အင်အားစုမဟုတ်ဘူး။ မင်းက အဆင့်လွန်ပညာရှင်ဖြစ်ပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်မှာ အဆင့်လွန်ပညာရှင်တွေ တစ်ယောက်နှစ်ယောက်မကရှိတယ်။ မင်းနဲ့ ကျူးကဲ့ကျုံကောင်း ပူးပေါင်းရင်တောင် အဲဒီအကြီးအကဲတွေကို မနိုင်နိုင်ဘူး။”
လင်ဝမ်ရွန်၏ စကားကို ကြားပြီးနောက် လုချန်း အတွေးထဲနစ်မြောသွားသည်။ ဒါက ဖြစ်နိုင်ခြေ တကယ်ရှိသည်။
အကယ်၍ ချန်ဝမ်ရွန်ကို ဆယ်နှစ်ကျော်လောက် မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ချုပ်နှောင်ထားပြီး ပေးမပြန်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများ လိုက်လာကြမည်ဖြစ်သည်။ ထိုအခါ ပြဿနာ တကယ်ကြီးသွားပေလိမ့်မည်။
ထိုအတွေးနှင့်အတူ လုချန်းက လင်ဝမ်ရွန်၏ နူးညံ့သောကျောပြင်ကို ညင်သာစွာ ပွတ်သပ်ရင်း
“ဒါဆို မင်းက ဒီကိစ္စကို သတိပေးဖို့လာတာလား ဝမ်ရွန်။ မင်းတကယ်ပဲ ကိုယ့်ကိုအပြစ်ပေးဖို့ လာတယ်လို့ ထင်နေတာ”
ဟု ပြောလိုက်သည်။
“ကြည့်ရတာ မင်းတကယ် ကိုယ့်အတွက် စိုးရိမ်တတ်တာပဲ။”
လင်ဝမ်ရွန်က အေးစက်စွာဖြင့်
“ဘယ်သူက မင်းအတွက် စိုးရိမ်ရမှာလဲ မကောင်းတဲ့ ကောင်လေး။ မိန်းမလှတွေကို ဘယ်တော့မှ လက်လွတ်မခံတဲ့သူ။ နောက်ဆုံးမှာ မိန်းမကြောင့်ပဲ မင်းပျက်စီး
လိမ့်မယ်”
ဟု ပြန်ပြောလိုက်သည်။
လုချန်းက ဂရုမစိုက်သလိုဖြင့်
“စိတ်မပူပါနဲ့။ ကိုယ်မိန်းမကြောင့် မပျက်စီးနိုင်ပါဘူး။ မိန်းမတွေကပဲ ကိုယ့်ကိုချစ်မိသွားကြတာပါ။ မင်းနဲ့ ရွန်ရွန်တို့လည်း ကိုယ့်ကိုချစ်မိသွားပြီးပြီ မဟုတ်လား။”
လုချန်း၏ ထိုစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ရွန်က အသံနိမ့်ဖြင့်
“တို့တတွေကံမကောင်းလို့ မင်းလိုမကောင်းတဲ့ကောင်လေးနဲ့ လာတွေ့မိတာပါ”
ဟု တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် စာကြည့်ခန်း
အဆာင်ဝင်းပြင်ပ၌ ရှောင်ဟွမ် နှင့် အခြား တစ်ယောက်စကားပြောနေသံကို လုချန်း ကြားလိုက်ရသည်။
“ မင်းသား အလုပ်များနေပါတယ် ချူးလုံခြုံရေးမှူး။ အထဲမဝင်ပါနဲ့။”
ချူးချင်လီက
“ဘာအလုပ်များနေတာလဲ”
ဟု ပြန်မေးလိုက်သည်။
ချူးချင်လီ၏ အသံကို ကြားလိုက်ရတော့ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ်မြင့်တက်လာပြီး
“ချင်လီ။ ဝင်လာခဲ့”
ဟု အသံမြှင့်ကာ ခေါ်လိုက်သည်။
လုချန်း ထိုစကားကို ကြားလိုက်ရသော လင်ဝမ်ရွန်က လုချန်းကို ဖက်ထားရာမှ အံ့သြ ဒေါသထွက်သွားပြီး
“မင်းရူးနေပြီလား”
သို့သော် လုချန်းက သူမ၏ ကန့်ကွက်သံကို လုံးဝဂရုမစိုက်ပေ။
စာကြည့်ခန်းထဲမှ လုချန်းက လှမ်းပြောလိုက်သဖြင့် အစေခံမိန်းကလေး ရှောင်ဟွမ်လည်း နောက်ထပ်ဘာမှမပြောတော့ပေ။ ချူးချင်လီ စာကြည့်ခန်းသို့ မကြာခဏလာလေ့ရှိကြောင်း သူမ သိထားသဖြင့် နောက်ထပ်တစ်ယောက် ဝင်သွားခြင်းက ပြဿနာမရှိဟု ထင်မှတ်လိုက်သည်။
ချူးချင်လီကတော့ စာကြည့်ခန်းထဲတွင် နောက်ထပ် တစ်ယောက် ရှိနေသည်ကို မသိခဲ့ပေ။ သူမ စာကြည့်ခန်းဆိီသို့ တည့်တည့်လျှောက်သွားလိုက်သည်။
သို့သော် စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသော မြင်ကွင်းက သူမကို အံ့ဩမင်တက် သွားစေခဲ့သည်။
လင်ဝမ်ရွန် လွတ်မြောက်ရန်ကြိုးစားနေသော်လည်း လုချန်းက စားပွဲပေါ်တွင် ဖိထားသဖြင့် လွတ်အောင် မရုန်းနိုင်ခဲ့ပေ။
ချူးချင်လီက အံ့အားသင့်သော မျက်နှာဖြင့်
“ရှင်... ရှင်”
ဟု စကားဆက်မပြောနိုင်ပဲ ဖြစ်နေသည်။
ချူးချင်လီ၏ မျက်နှာလည်း ချက်ချင်း နီရဲလာသည်။ လုချန်းနှင့် လင်ဝမ်ရွန်ကြား ဆက်ဆံရေးကို သူမသိထားပြီးတာ ကြာပြီဖြစ်သော်လည်း လုချန်းက ယခုလို အချိန်တွင် သူမအား ဝင်ခွင့်ပြုမည်ဟု လုံးဝမျှော်လင့်ထားခဲ့ခြင်း မရှိပေ။
လုချန်းနှင့် အပေးအယူ ပြုလုပ်ရန် သူမ လာခဲ့ခြင်း ဖြစ်သော်လည်း စာကြည့်ခန်းကို အခြားတစ်ယောက်က ဝင်ရောက်အသုံးပြုနေပြီဖြစ်သည်။
လုချန်းက အေးဆေးစွာဖြင့်
“တံခါးကို မပိတ်ပဲ ထားတော့မလို့လား ချင်လီ။ အပြင်ကလူတွေ အားလုံးမြင်အောင် ဖွင့်ထားချင်တာလား။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီလည်း တံခါးကို အလျင်အမြန် လှည့်ပိတ်လိုက်သည်။ ပိတ်ပြီးနောက် သူမက လုချန်းကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။
လုချန်းသည် သူ၏အလုပ်ကို ပြန်လည်အာရုံစိုက်ရင်း
“ကိုယ်ကို ဘာကိစ္စနဲ့ လာရှာတာလဲ။”
ချူးချင်လီက လင်ဝမ်ရွန်ကို ကြည့်လိုက်ပြီး “ ကျွန်မတို့ အပေးအယူက ပြီးတော့မယ်မဟုတ်လား။ ကျွန်မအစ်မကို မင်းသားစံအိမ်ကနေ လွှတ်ပေးဖို့ အချိန်တန်ပြီလို့ မထင်ဘူးလား။”
လုချန်းက
“အင်း... ဒီကိစ္စ...ညကျရင် မင်းဆီလာပြီး ဆွေးနွေးမယ်”
ဟု အဖြေပေးလိုက်သည်။
ထို့နောက် ချူးချင်လီက
“ဒါဆို ကျွန်မ အရင်ထွက်သွားတော့မယ်။ ဒီညက အစ်မ ကင်းလှည့်တာဝန်ကျတဲ့ ရက်။ ကျွန်မအခန်းမှာ ရှင့်ကိုစောင့်နေမယ်။”
လုချန်းက “အင်း” ဟု အသံပြုကာ လင်ဝမ်ရွန် အပေါ်သို့ သူ၏အာရုံအားလုံးကို စုစည်းလိုက်သည်။
ချူးချင်လီ ထွက်မသွားခင် လုချန်းနှင့် လင်ဝမ်ရွန်ကို တစ်ချက်ကြည့်လိုက်ရင်း စဉ်းစားလိုက်သည်။
ဒီလူက မနေ့ညက တစ်ညလုံးပျောက်နေပြီး အခုပြန်ရောက်တာနဲ့ ထပ်ပြီးမကောင်းမှုတွေ လုပ်နေခြင်းဖြစ်သည်။ ဒီညသူမဆီလာလျှင် သူ ဘာမှလုပ်ချင်စိတ် ရှိတော့မည် မဟုတ်ပေ။ ဒီတစ်ခါတော့ သူမအစ်မကို လွှတ်ပေးမည်ဟူသော ကတိစကားကို စောင့်ထိန်းမည်ဟု မျှော်လင့်ရသည်။
အကြောင်းမှာ မကြာသေးမီက ရန်ခရိုင်တွင် သူမ၏အစ်မနှင့်ပတ်သက်သည့် ကောလာဟလများစွာကို ကြားသိထားရသောကြောင့်ဖြစ်သည်။
.........
အခန်း (၃၆၉)
လူမိသွားခြင်း (၁)
မြောက်ပိုင်းပြည်နယ်။
ချူးမိသားစု။
နေဝင်ဆည်းဆာအချိန်၏ အနီရောင် နေ ခြည်များက မြေပြင်ပေါ်သို့ကျရောက်လျက်ရှိသည်။ ထိုအနီရောင်အလင်းတန်းတို့သည် မြေပြင်ပေါ်သို့ ကျဆင်းနေသည့် လတ်ဆတ်သည့် သွေးစက်များနှင့်ပင် တူနေသေးသည်။
ချူးရှုံသည် ဆောင်ဝင်းအတွင်း ထိုင်နေကာ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်မှ ချက်လုပ်သည့် အရက်ဖြူကို သောက်ရင်း တောင်ပိုင်းရှိ ချူးမိသားစုနှင့် ပတ်သက်သော နောက်ဆုံးရ ထောက်လှမ်းရေးသတင်းများကို ပြန်လည်သုံးသပ်နေသည်။
သူသည် ချူးမိသားစု၏ အစိတ်အပိုင်းတစ်ခုကို သူ၏မြေးဖြစ်သူဘက်သို့ ဦးဆောင်ခေါ်ဆောင်ပြီးဖြစ်သော်လည်း တောင်ပိုင်းရှိ ချူးမိသားစုကို အပြည့်အဝ စွန့်လွှတ်နိုင်ခြင်း မရှိသေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ကျေးဇူးကန်းသည့် သားဖြစ်သူ ထိုနေရာတွင် ရှိနေသေးသောကြောင့် ဖြစ်သည်။
ထောက်လှမ်းရေးသတင်းတွင် နန်းတွင်းစစ်တပ်များနှင့် တိုက်ခိုက်နေသော ပုန်ကန်သူများ ဆက်တိုက်အရေးနိမ့်နေသည်ကို မြင်ရသောအခါ ချူးရှုံ သက်ပြင်းချလိုက်မိသည်။ ထိုအခြေအနေကို သူအစကတည်းက မျှော်မှန်းထားခဲ့သည်။
တောင်ပိုင်းရှိ အာဏာရှိမိသားစုများတွင် တိမ်ဖောက်လေးနှင့် တိမ်ဖောက်မြားကဲ့သို့သော စွမ်းအားမြင့် လက်နက်များ ရှိသော်လည်း နန်းတွင်းစစ်တပ်၏ အင်အားက ပို၍ကြီးမားသည်။ ထို့ပြင် ဆွမ်ဧကရာဇ်က တောင်ပိုင်းအာဏာရှိမိသားစုများအား ပုန်ကန်စေရန် ဖိအားပေးခဲ့သည်ကို ထောက်ရှူခြင်းအားဖြင့် သူတို့ကို ရင်ဆိုင်ရန် ဆွမ်ဧကရာဇ်ဘက်က အဆင်သင့်ဖြစ်နေပြီဟု သက်သေပြနေသည်။ လုရှုယွမ်၏ ထီးနန်းအိပ်မက်သည် သူထင်ထားသလောက် အလွယ်တကူ အကောင်အထည်ပေါ်လာမည် မဟုတ်ပေ။
ချူးရှုံ သက်ပြင်းချနေစဉ် အစေခံတစ်ဦး အဆောင်ဝင်းအတွင်းသို့ ဝင်လာပြီး
“အထူးကိုယ်ရံတော်မှ တစ်ဦး ရောက်နေပါတယ် မိသားစုအကြီးအကဲ။”
ချူးရှုံ အံ့သြသွားသည်။
အထူးကိုယ်ရံတော် ဆိုပါလား။
အထူးကိုယ်ရံတော်က သူ့ကို ဘာကိစ္စနှင့် လာရှာရတာလဲ။
လုချန်းမှာ ပြောစရာ တစ်ခုခုရှိနေလို့လား။
မြောက်ပိုင်းပြည်နယ်တွင် အတော်ကြာနေထိုင်ပြီးနောက် မြောက်ပိုင်းပြည်နယ်၏ နိုင်ငံရေးဖွဲ့စည်းပုံကို အခြေခံအားဖြင့် ချူးရှုံ နားလည်ပြီးဖြစ်သည်။ ထို့ပြင် မြောက်ပိုင်းနယ်စားမင်းသား အနီးတွင် ရှိသော အဓိကလူများနှင့် ပတ်သက်၍လည်း အကြမ်းဖျဉ်း သိရှိထားသည်။
ထို့ကြောင့် အထူးကိုယ်ရံတော်သည် လုချန်းအနီးရှိ အရေးအကြီးဆုံး အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်ကြောင်း ချူးရှုံ ကောင်းစွာသိထားသည်။ အထူးကိုယ်ရံတော် တစ်ဦးက သူ့အား ရှာနေပါက လုချန်းထံမှ အမိန့်တစ်စုံတစ်ရာ ယူဆောင်လာခြင်း ဖြစ်နိုင်ခြေများသည်။
ချူးရှုံက အစေခံအား
“ချက်ချင်း ဖိတ်ခေါ်လိုက်ပါ”
မကြာမီ အစေခံက ချင်ယူရှန်ကို ချူးမိသားစု အိမ်တော်ဝင်းအတွင်းသို့ ခေါ်ဆောင်လာသည်။ ဝင်ရောက်လာသည်နှင့် ချင်ယူရှန်သည် ပြုံး၍
“ချူးအကြီးအကဲကို ဂါရဝပြုပါတယ်”
ဟု နှုတ်ဆက်လိုက်သည်။
လာသူက ချင်ယူရှန် ဖြစ်နေသည်ကို မြင်လိုက်ရသည်နှင့် ချူးရှုံ ပို၍အံ့အားသင့်သွားသည်။ ချင်ယူရှန်သည် အထူးကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ သူသိထားသလောက် အထူးကိုယ်ရံတော်ခေါင်းဆောင်၏ အထက်တွင် မြောက်ပိုင်းနယ်စားမင်းသားကိုယ်တိုင်သာရှိသည်။
အထူးကိုယ်ရံတော်ခေါင်းဆောင်များသည် အမြဲအလုပ်များနေတတ်သည်။ ဘာကြောင့် အခုသူက ချူးမိသားစုဆီ ကိုယ်တိုင်လာရတာလဲ။ အရေးကြီးသော အရေးကိစ္စတစ်ခုခု ရှိနေပြီဖြစ်သည်။ ချူးရှုံ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်ပေါက်လာပြီး တိုက်ရိုက်မေးလိုက်သည်။
“ဘယ်လိုအကြောင်းက မင်းသားရဲ့ လူယုံတော် တပ်မှူးချင်ကို ကျွန်တော့်အိမ်အထိ ရောက်လာစေရတာပါလဲ။”
ချင်ယူရှန်က ပြုံးရယ်လျက်
“လူယုံတော်ဆိုတာထက် ကျွန်တော်က မင်းသားရဲ့ သစ္စာရှိ နောက်လိုက်တစ်ယောက်ပါ။”
ထိုစဉ် ချင်ယူရှန်က အနားတွင်ရှိသော အစေခံများကို တစ်ချက်ကြည့်လိုက်ပြီး
“မင်းသားက ကျွန်တော့်ကို ခင်ဗျားနဲ့ ကိစ္စတစ်ခု ဆွေးနွေးဖို့ စေလွှတ်လိုက်တာပါ။ ဒီနေရာက ဒီလိုကိစ္စမျိုး ဆွေးနွေးဖို့ မသင့်တော်ပါဘူး။”
ချင်ယူရှန်၏ သဘောကို ချူးရှုံ ချက်ချင်းနားလည်သွားပြီး
“ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ တပ်မှူးချင်။”
ချူးရှုံက ချင်ယူရှန်အား သူ၏စာကြည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ စာကြည့်ခန်းအတွင်းသို့ ရောက်သည်နှင့် တံခါးကိုပိတ်လိုက်ပြီး စမေးလိုက်သည်။
“မင်းသားက ဘာများညွှန်ကြားထားပါသလဲ။”
ချင်ယူရှန်က သူ၏ အင်္ကျီအိတ်ထဲမှ ထောက်လှမ်းရေး အစီရင်ခံစာတစ်စောင်ကို ထုတ်ယူပြီး ပြောလိုက်သည်။
“သီးသန့်ညွှန်ကြားချက်တော့မရှိပါဘူး။ ဒါပေမဲ့ မင်းသားက ဒီအချက်အလက်တွေကို ခင်ဗျားကိုပြဖို့ ကျွန်တော့်ကို ပြောထားပါတယ်။”
ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးရှုံ စူးစမ်းလိုစိတ်ဖြစ်လာကာ ချင်ယူရှန်ထံမှ စာရွက်ကိုယူပြီး အာရုံစိုက်ဖတ်ရှုလိုက်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ချူးရှုံ၏ မျက်ခုံးများ ရုတ်တရက်ကျုံ့ဝင်သွားပြီး မျက်နှာအမူအရာလည်း ပို၍လေးနက်လာခဲ့သည်။
သူမမျှော်လင့်မထားခဲ့သည်က မြောက်ပိုင်းပြည်နယ်သို့ လိုက်ပါလာခဲ့သော ချူးမိသားစုဝင်များထဲတွင် သစ္စာဖောက်များ ရှိနေခြင်းဖြစ်သည်။ သူ၏အကြီးဆုံးစိုးရိမ်မှုမှာလည်း ချူးမိသားစုအတွင်း သစ္စာဖောက်မှုများ ဖြစ်လာနိုင်ခြေကိုပင်ဖြစ်သည်။
သို့သော် လုချန်းက မည်သည့်သတိပေးချက်မှ မပြုပဲ ချင်ယူရှန်ကို ဤထောက်လှမ်းရေးအချက်အလက်အား ပေးပို့စေခြင်းက သူ့အား သစ္စာဖောက်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းစေရန် လိုလားကြောင်း ချူးရှုံ နားလည်လိုက်သည်။ လောလောဆယ်တွင် သစ္စာဖောက်အနည်းငယ်ကြောင့် လုချန်းက သူတို့အား သံသယမထားသေးပေ။
ချူးရှုံက အမြန်ပြောလိုက်သည်။
“ဒီအသံဖြန့်ဝေသူတွေကို ကျွန်တော် အမှန်တကယ်ကိုင်တွယ်ပါမယ်လို့ မင်းသားကို ပြောပေးပါ တပ်မှူးချင်။ နောက်ပြီး ဒီကိစ္စရဲ့ နောက်ကွယ်က အဓိကလူကိုပါ ရှာဖွေပါမယ်။”
ချင်ယူရှန်က
“ကောင်းပါပြီ”
ဟု သဘောတူလိုက်သည်။
“အဲ့ဒါဆို ကျွန်တော် ဆက်ပြီး အနှောင့်အယှက်မပေးတော့ပါဘူး။”
ထိုစကားများနှင့်အတူ ချင်ယူရှန်လည်း စာကြည့်ခန်းထဲမှ လှည့်ထွက်သွားခဲ့သည်။
ချူးရှုံက အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“ နှုတ်ဆက်ပါတယ် တပ်မှူးချင်။”
ချင်ယူရှန် ချူးအိမ်တော်မှ ထွက်ခွာသွားပြီးနောက် ချူးရှုံလည်း ချင်ယူရှန် ပေးခဲ့သော ထောက်လှမ်းရေးအချက်အလက်ကို အခြေခံ၍ အသံဖြန့်ဝေသူများကို ရှာဖွေရန် စုံစမ်းမှုများ ချက်ချင်းစတင်ခဲ့သည်။
နှစ်နာရီအတွင်းမှာပင် အသံဖြန့်ဝေသူများစွာကို ဖော်ထုတ်နိုင်ခဲ့သည်။
ခြံထဲတွင် ဒူးထောက်နေသော အစေခံများကို ကြည့်ရင်း ချူးရှုံ၏မျက်နှာမှာ မီးခိုးရောင်သန်းနေသည်။ သူက မေးလိုက်သည်။
“ပြောကြစမ်း။ ဘယ်သူ့က မင်းတို့ကို ဒီလိုလုပ်ခိုင်းတာလဲ။”
သူတို့၏လုပ်ရပ်များ ပေါ်သွားပြီဖြစ်ကြောင်း သိရှိသွားသော အစေခံများက အလျင်အမြန် ဒူးထောက်ကာ
“အသက်ချမ်းသာပေးပါမိသားစု အကြီးအကဲ။ ဒါတွေအားလုံးက ဒုတိယ သခင်လေးရဲ့ အမိန့်နဲ့လုပ်ခဲ့တာပါ။”
အစေခံ၏စကားကို ကြားလိုက်ရတော့ ချူးရှုံ မအံ့သြခဲ့ပေ။ သူ၏ မလိမ္မာသော သားဖြစ်သူ ဤအရှုပ်တော်ပုံ၏ နောက်ကွယ်တွင် ရှိနေမည်ဟု ချူးရှုံ အစကတည်းက သံသယရှိခဲ့သည်။
ချူးဟုန်ဖေးသည် အမြဲတမ်း ချူးယုချင်ကို တပ်မက်ခဲ့ပြီး ချူးယုချင်ကို ဆူဖုန်းမြို့သို့ ပြန်ခေါ်ရန် ဆန္ဒရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မြောက်ပိုင်းနယ်စားမင်းသား၏ အင်အားက ရုတ်တရက် ကြီးထွားလာကာ မြောက်ပိုင်းပြည်နယ်သည် နယ်စားပြည်နယ်များအနက် စစ်အင်အားအကြီးမားဆုံး ဖြစ်လာခဲ့သည်။ ထိုအခြေအနေက ချူးယုချင်ကို ချူးမိသားစုသို့ အတင်းအဓမ္မ ပြန်ခေါ်မည့် ချူးဟုန်ဖေး၏ အစီအစဉ်ကို စွန့်လွှတ်စေခဲ့သည်။
သို့သော် ဒါက ချူးဟုန်းဖေ လက်လျှော့သွားပြီဟု မဆိုလိုပေ။
ထိုအချိန်တွင် ချူးရှုံတစ်ချက် တုန်လှုပ်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားလိုက်မိသည်။
တောင်ပိုင်းပုန်ကန်သူများသည် လက်ရှိတွင် နန်းတွင်းစစ်တပ်နှင့် စစ်မက်ဖြစ်ပွားနေသည်။ ချူးဟုန်ဖေးသည် တောင်ပိုင်းချူးမိသားစု၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် လုရှုယွမ်ကို ကူညီရန် အာရုံစိုက်နေသင့်သည်။ သို့သော် ထိုအစား သူကမြောက်ပိုင်းပြည်နယ်တွင် ကောလာဟလများ ဖြန့်ဝေကာ အရှုပ်တော်ပုံများ ဖန်တီးနေသည်။
ထို့နောက် ချူးရှုံက မေးခွန်းတစ်ခု မေးလိုက်သည်။
“မင်းတို့ ငါနဲ့အတူ မြောက်ပိုင်းပြည်နယ်ကို လိုက်လာတုန်းကလည်း သူ့အမိန့်ကြောင့် လိုက်လာတာလား။”
..........