← Chapters

အခန်း ၃၇၀-၃၇၂

Vol. 25 Ch. 370-372

အခန်း ၃၇၀-၃၇၂

Vol. 25 Ch. 370-372

အခန်း (၃၇၀)

လူမိသွားခြင်း (၂)

“ဟုတ်ကဲ့သခင်ကြီး ဒုတိယသခင်လေးက မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပျက်သမျှကို မှတ်တမ်းတင်ပြီး သူ့ဆီသို့ စာနှင့်အကြောင်းကြားဖို့ အမိန့်ပေးခဲ့ပါတယ်”

ဟု အစေခံက ဒူးထောက်လျက် ဝန်ခံလိုက်သည်။

ချူးရှုံ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။ ထပ်မံစုံစမ်းစရာ မလိုတော့ပြီ။ ချူးမိသားစု၏ ညီနောင်နှစ်ဦးက ချူးဟုန်ဖေးကို အသုံးချခဲ့ကြောင်း သေချာသွားပြီ။ တစ်ဖက်တွင် မြောက်ပိုင်းပြည်နယ်၏ ထောက်လှမ်းရေးသတင်းများကို စုဆောင်းရန်နှင့် အခြားတစ်ဖက်တွင် ညစ်ပတ်‌သော အလုပ်များ လုပ်စေရန် ဖြစ်သည်။ ထိုစဉ်က ချူးမိသား၏ ပစ္စည်းများကို အလွယ်တကူ ခွဲဝေနိုင်ခဲ့ခြင်းက အံ့ဩစရာ မရှိပေ။

ချူးမိသားစုအတွင်း၌ သစ္စာဖောက်များ ရှိနေပါက ထိုသူတို့သည် တောင်ပိုင်းချူးမိသားစုထံ မြောက်ပိုင်းပြည်နယ်၏ သတင်းအချက်အလက်များကို အဆက်မပြတ် ပို့နေမည်ဖြစ်သည်။ ထိုလုပ်ရပ် ဖော်ထုတ်ခံရလျှင် မြောက်ပိုင်းမင်းသားက မြောက်ပိုင်းချူးမိသားစုအပေါ် သံသယဝင်လာမည်။ အုပ်စိုးသူတစ်ဦး၏ သံသယဝင်ခြင်း ခံရပါက မြောက်ပိုင်းပြည်နယ်ရှိ ချူးမိသားစုအတွက် နောင်တွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။

တောင်ပိုင်းချူးမိသားစုက မြောက်ပိုင်းချူးမိသားစုအတွင်း ထည့်ထားသော လောက်ကောင်အချို့၏ လုပ်ရပ်များက သိသာထင်ရှားသော သက်ရောက်မှုများ ရှိနေမည်ဖြစ်သည်။

မနက်စောစောတွင် မြောက်ပိုင်းမင်းသားစံအိမ်သို့ ကိုယ်တိုင်သွားပြီး လုချန်းထံ တောင်းပန်ရမည်ဟု ချူးရှုံစဉ်းစားမိသည်။

ထိုအတွေးဖြင့် ချူးရှုံက ခြံထဲရှိ မိသားစုအစောင့်များအား

“ဒီလူတွေကို ခေါ်သွားပြီး ရှင်းလိုက်ကြ”

ဟု အမိန့်ပေးလိုက်သည်။

“အသက်ချမ်းသာပေးပါ”

“သခင်ကြီး။ အသက်ချမ်းသာပေးပါ!”

“ကျွန်တော်တို့ မတတ်သာလို့ လုပ်ခဲ့ရတာပါ။”

အစောင့်များက သစ္စာဖောက်များ၏ ငိုယိုသံများကို လုံးဝဂရုမစိုက်ပဲ ဆွဲခေါ်သွားပြီး ချူးမိသားစု၏ အနောက်ခြံတွင် ကိုင်တွယ်ဖြေရှင်းလိုက်ကြသည်။

...

ညဖက်ရောက်ရှိလာပြီ။

ကောင်းကင်မှ ကြယ်များ လင်းလက်လာပြီး လရောင်မှာလည်း ရေကဲ့သို့ ကြည်လင်နေသည်။

လုချန်းသည် စာကြည့်ခန်းထဲတွင် စာရွက်စာတမ်းအချို့ကို ပြန်လည်သုံးသပ်နေစဉ် အနည်းငယ် ပင်ပန်းလာသည်။

မနေ့ညက အလုပ်များစွာလုပ်ခဲ့ပြီး အိပ်ရေးမဝခဲ့။ ဒီနေ့တစ်နေ့လုံးလည်း အနားမယူခဲ့ရပေ။ ခုနကလည်း စာကြည့်ခန်းထဲတွင် လင်ဝမ်ရွန်ကို ပင်ပန်းအောင်လုပ်ခဲ့ပြီး‌‌ နိုင်ငံတော်ကိစ္စများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ အဆင့်လွန်ပညာရှင်တစ်ဦးအတွက်ပင် ပင်ပန်းနွမ်းနယ်သင့်သည့်အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

ရေချိုးပြီး နွေးထွေးသော ဖက်‌ခေါင်းအုံးကြီးဖြင့် အိပ်ရန် နွေဦးအသံ အဆောင်သို့ သွားရန် ရည်ရွယ်ထားသော်လည်း ချူးချင်လီနှင့် တွေ့ဆုံရန် ချိန်းထား‌ကြောင်း ရုတ်တရက်သတိရလာသည်။

ထိုအတွေးဖြင့် လုချန်း ထရပ်လိုက်ပြီး ခြေလက်ဆန့်ကာ

“ဒီညတော့ အိပ်ရေးပျက်ရတော့မယ်ထင်တယ်”

ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

ထို့နောက် စာကြည့်ခန်းမှ လှမ်းထွက်လိုက်စဉ် ညဘက်ကင်းလှည့်နေသော ချူးယုချင်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။

လုချန်းကိုမြင်သည်နှင့် ချူးယုချင်က ရပ်လိုက်ပြီး စိုးရိမ်စွာဖြင့်

“ချန်းလေး။ သွားမအိပ်သေးဘူးလား”

ဟုမေးလိုက်သည်။

လုချန်းက ပြုံး၍

“အိပ်ဖို့သွားတော့မယ်”

ဟု ပြန်အဖြေ ပေးလိုက်သည်။

ယခုတော့ ချူးယုချင် အရင်ကလို လုချန်းကို မျက်နှာမပူတော့ပေ။ သူမ လုချန်းကို ပြုစုရန် သဘောတူထားတာကြာပြီဖြစ်သော်လည်း လုချန်းက စတင်မလုပ်ဆောင်သောကြောင့် သူမ အနေနှင့် ထိုကိစ္စကို စိတ်ပူခြင်းမရှိတော့ပေ။ လုချန်းအနားတွင် အမျိုးသမီးများစွာ ရှိနေပြီဖြစ်သဖြင့် သူမပါဝင်စရာ မလို‌နိုင်တော့ဟု ထင်မှတ်လာခဲ့သည်။

သို့သော် လုချန်းသာ တောင်းဆိုလာပါက သူမ ငြင်းဆန်မည်မဟုတ်ပေ။ ချူးချင်လီ မသိရန်သာ အရေးကြီးသည်။

ထိုအချိန်တွင် လုချန်းသည် ရုတ်တရက်အတွေးတစ်ခုရသွားပြီး ချူးယုချင်အား

“အခုတလော လူတွေကြားမှာ ကျွန်တော့်အကြောင်း မကောင်းတဲ့ အသံတွေ ထွက်နေတာ ဒေါ်လေး ကြားပြီးပြီလား”

ဟု မေးလိုက်သည်။

ချူးယုချင် လန့်သွားသည်။

လုချန်းရည်ညွှန်းနေသော အသံများကို သူမသိသည်။

မုဆိုးမတစ်ဦးဖြစ်သော သူမကို လုချန်းက သိမ်းပိုက်ထားပြီး အဒေါ်ဖြစ်သူကိုပင် အလွှတ်မ‌ပေးဟူသော အသံများ မဟုတ်ပါလား။

ထိုအသံများအကြောင်း စဉ်းစားမိသည်နှင့် ချူးယုချင်၏ မျက်နှာတွင် မီးခိုးရောင်သန်းလာသည်။

အစက လုချန်း သူမအား ပတ်သက်လာမည်ကို ကြောက်ရွံ့ခြင်းမှာလည်း ထိုကဲ့သို့ အတင်းအဖျင်းများ ထွက်ပေါ်လာပြီး မင်းသားတစ်ဦး၏ ဂုဏ်သတင်းကို ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

လုချန်းသည် နောင်တွင် ဧကရာဇ်ဖြစ်လာမည့်သူဖြစ်ပြီး သူ၏မှတ်တမ်းတွင် အစွန်းအထင်းများစွာမရှိသင့်ပေ။

ထိုအချိန်တွင် ချူးယုချင်က

“ချင်လီက ဒေါ်လေးကို ပြောပြီးပါပြီ။ ဒေါ်လေး...”

ဟု ပြောလိုက်သော်လည်း ဘာဆက်ပြောရမည်ကို မသိတော့ပေ။

လုချန်းက ပြုံးရယ်ကာ

“ ဒါတွေစိတ်ထဲ့မထားပါနဲ့ ဒေါ်လေးချူး။ ရက်အနည်းငယ်အတွင်း အဲ့ဒီအသံတွေ ပျောက်သွားပါလိမ့်မယ်။ ဒါတွေအားလုံးကို ချူးမိသားစုက ဖြန့်ဝေခဲ့တာပါ။ အခု ကျွန်တော့် အဖိုးက အဲ့ဒါကို ကိုင်တွယ်နေပါပြီ။”

ထိုစကားကိုကြားလိုက်ရသောအခါ ချူးယုချင် လန့်သွားသည်။ ချူးမိသားစုက ဘာကြောင့် ဒီလို အသံတွေကို ဖြန့်ရတာလဲ။

ချူးယုချင်က

“တောင်ပိုင်းချူးမိသားစုလား”

ဟု မေးလိုက်သည်။

လုချန်းက

“ စုံစမ်းမှုတွေအရ မြောက်ပိုင်းချူးမိသားစုက လူတွေလက်ချက်လို့ သိရတယ်။ ဒါပေမဲ့ ကျွန်တော် ထင်တာကတော့ ဒီအသံတွေကို ဖြန့်တဲ့သူတွေက တောင်ပိုင်းချူးမိသားစုက မြောက်ပိုင်းချူးမိသားစုထဲ အစောကြီးကတည်းက ထည့်ထားတဲ့ သူလျှိုတွေဖြစ်နိုင်တယ်။”

ချူးယုချင် အနည်းငယ်သက်ပြင်းချလိုက်ပြီး စကားဆက်မပြောတော့ပေ။

ထိုအချိန်တွင် လုချန်းက

“ကျွန်တော် အရင်အိပ်ရာဝင်တော့မယ် ဒေါ်လေးချူး။”

ချူးယုချင်က

“အင်း.. ကောင်းပါပြီ”

ဟု တုန့်ပြန်လိုက်သည်။

ထို့နောက် လုချန်းလည်း ချူးချင်လီရှိရာအဆောင်သို့ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။

ချူးယုချင် ကင်းလှည့်နေမည် ဖြစ်သောကြောင့် ချူးချင်လီနှင့် လုပ်ငန်းဆောင်တာများ ပြုလုပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

မကြာမီ လုချန်း ချူးချင်လီ၏အခန်းသို့ ရောက်ရှိလာခဲ့သည်။ အတွင်းသို့ဝင်ရောက်သည်နှင့် သူမ မတုန့်ပြန်နိုင်မီ သူမကို ချီယူကာ အိပ်ရာပေါ်တင်လိုက်ပြီး သူ့အောက်တွင်ထားလိုက်ကာ အပေါ်မှ ကြည့်လိုက်သည်။

လုချန်း၏မျက်လုံးများကို ကြည့်ရင်းနှင့် ချူးချင်လီက

“ဘာကြောင့် အလျင်စလို ဖြစ်နေတာလဲ။ မနေ့ညတစ်ညလုံး လျှို့ဝှက်လဝန်းနန်းတော်သခင်နေခဲ့တယ်။ ခုနကလည်း စာကြည့်ခန်းထဲမှာ လင်ဝမ်ရွန်ကို အနိုင်ကျင့်ခဲ့တယ်။ အလျင်စလိုလုပ်နေလို့ ဘာအကျိုးရှိမှာလဲ။ ရှင့်မှာ အားအင်တွေ ကျန်မနေတော့ဘူးလို့ ကျွန်မယုံတယ်”

ဟု အေးစက်စွာပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါ လုချန်း ခဏခန့် ရပ်နားသွားပြီး

“အရင်တုန်းက မလိမ်မာတဲ့မိန်းမတစ်ယောက်က ဒီလိုမျိုး ဆွပေးဖူးတယ်။ အခု ဒီရက်ပိုင်းအတွင်း မင်းသားစံအိမ်ကိုတောင် သူပြန်မလာရဲတော့ဘူး”

ဟု ရယ်မောကာ ပြန်ပြောလိုက်သည်။

ချူးချင်လီက အေးစက်သော အမူအရာဖြင့်

“ရှင့်စကားတွေက ကျွန်မကိုမလန့်စေနိုင်ဘူး။ ကျွန်မ...”

သို့သော် စကားမဆုံးမီ လုချန်းက သူမ၏နီမြန်းနေသောနှုတ်ခမ်းများကို နမ်းလိုက်သည်။

အမှန်အားဖြင့် ချူးချင်လီ လုချန်းကို ဆွပေးနေခြင်းမဟုတ်ပေ။ နေ့ရောညပါ အလုပ်များနေပြီးနောက် အဆင့်လွန်ပညာရှင်တစ်ဦးတောင်မှ အားအင်ကုန်ခမ်းသွားနိုင်ကြောင်း သူမအမှန်တကယ်ထင်ခဲ့ခြင်းဖြစ်သည်။

...........

အခန်း (၃၇၁)

လူမိသွားခြင်း (၃)

နောက်ဆုံးတွင် ချူးချင်လီ သူမ၏ အပြောအဆိုများ၏ အကျိုးဆက်ကို ခံစားလိုက်ရသည်။

ညသည် အလွန်ရှည်လျားလှသည်။ ချူးယုချင်သည် အတွင်းဆောင်ကို အကြိမ်ကြိမ်လှည့်လည်စစ်ဆေးပြီးနောက် ခြံထဲတွင် ခဏထိုင်ရန် စဉ်းစားလိုက်သည်။

ထိုအချိန်တွင် သူမသည် အဖြူရောင်ဝတ်စုံဖြင့် အိမ်ခေါင်မိုးပေါ်တွင် ရပ်လျက် အဝေးကိုငေးကြည့်နေသော ပိုင်ချင်းချင်းကို တွေ့မြင်လိုက်ရသည်။

ချူးယုချင်သည် အံ့သြသွားသည်။ ယနေ့ညပိုင်ချင်းချင်း၏ အလှည့်မဟုတ်ပါ။ သို့ပါလျက် အဘယ်ကြောင့် အိပ်ရာမဝင်ပဲ အိမ်မိုးပေါ်တွင် ရပ်နေရသနည်း။

ချူးယုချင် ခြေတစ်ချက်ဆောင့်ပြီး အိမ် ခေါင်မိုးပေါ်သို့ တက်သွားကာ

“ပိုင်။ ဒီည မင်းအလှည့်မှ မဟုတ်တာ။ ဘာလို့ အိပ်ရာမဝင်ပဲ ဒီမှာရပ်နေတာလဲ”

ဟု မေးလိုက်သည်။

ချူးယုချင်၏မေးခွန်းကို ကြားပြီးနောက် ပိုင်ချင်းချင်းသည် မျက်နှာအမူအရာ မပါပဲ

“ ကျွန်မအိပ်မပျော်ဘူး”

ဟု ဖြေလိုက်သည်။

ထိုအဖြေကို ကြားလိုက်ရသည်နှင့် ချူးယုချင်သည် အနည်းငယ် အံ့သြသွားသည်။

“စိတ်ညစ်စရာတစ်ခုခု ရှိနေလို့လား။ ပြောပြရင် ပိုကောင်းမယ်ထင်တယ်”

ဟု ချူးယုချင်က ဆက်မေးလိုက်သည်။

ပိုင်ချင်းချင်းသည် ငယ်စဉ်ကတည်းက စိတ်ခံစားမှုမရှိသူဖြစ်သည့်အတွက် သူမအား အိပ်မပျော်စေနိုင်သော ပြဿနာများ ရှိနိုင်လိမ့်မည်ဟု ချုးယုချင် မထင်ပေ။ ဒီည ဘာကြောင့် ပိုင်ချင်းချင်း အိပ်မပျော် ဖြစ်နေရတာလဲ။ ထိုအချက်က ချူးယုချင်အား အနည်းငယ်ထူးဆန်းနေစေသည်။

ထိုအချိန်တွင် ပိုင်ချင်းချင်းက

“ စိတ်ညစ်စရာမရှိပါဘူး။ အိပ်မပျော်ရုံ သက်သက်ပါ။”

ချူးယုချင်သည် အနည်းငယ်ထိတ်လန့်သွားသည်။ စိတ်ညစ်စရာမရှိပါက အဘယ်ကြောင့် အိပ်မပျော်နိုင်ရသနည်း။

သို့သော် ထိုကိစ္စကို ဆက်လက်မေးမြန်းခြင်းမပြုတော့ပေ။ လူတိုင်းတွင် လျှို့ဝှက်ချက်များရှိသည်။ ပိုင်ချင်းချင်းလည်း ထို့အတူပင်ဖြစ်သည်။ သူမပြောလိုပါက မပြောလည်း ရသည်။

ထိုအချိန်တွင် ချူးယုချင်လည်း ပိုင်ချင်းချင်းငေးကြည့်နေသောဘက်သို့ လှည့်ကြည့်လိုက်သည်။ ပိုင်ချင်းချင်း အိပ်မပျော်နိုင်ပါက သူမနှင် ခေါင်မိုးပေါ်တွင် အတူရပ်ကာ လေကောင်းလေသန့်ရှူရင်း အချိန်ကုန်ဆုံးရန် ချူးယုချင် စဉ်းစားမိသည်။

ချူးယုချင် ထိုသို့စဉ်းစားနေစဉ် ညည်းညူသံများကို အနည်းငယ်ကြားလိုက်ရသည်။

ထိုအသံကို ကြားလိုက်ရသော်လည်း ချူးယုချင်သည် အလွန်အမင်း ဂရုမပြုမိပေ။ မင်းသားစံအိမ်၏ အတွင်းဆောင်တွင် ထိုကဲ့သို့အသံများ ပေါ်ပေါက်ခြင်းမှာ ပုံမှန်ဖြစ်သည်။ ညတိုင်း သူမကင်းလှည့်စစ်ဆေးသည့်အခါတိုင်း ထိုကဲ့သို့အသံများကို ကြားရလေ့ရှိသည်။

ထိုအသံများ၏ အရင်းအမြစ်ကလည်း သိသာထင်ရှားသည်။ ထိုမလိမ်မာသော လူငယ်လေးမှလွဲ၍ အခြားသူမည်သူဖြစ်နိုင်မည်နည်း။

ချူးယုချင် ထိုအသံများ၏ အရင်းအမြစ်ကို ရှာဖွေရန် မရည်ရွယ်ပေ။ သူမသည် အိမ်မိုးပေါ်တွင် ဆက်လက်ရပ်နေကာ လေကောင်းလေသန့် ရှူရင်း ပိုင်ချင်းချင်းနှင့် အတူရှိနေပေးသည်။

တဖြည်းဖြည်းနှင့် တစ်နာရီခန့် ကြာသွားပြီး အတွင်းဆောင်မှ အသံများသည် ပိုမိုကျယ်လောင်လာသည်။

တစ်ခုခုမှားယွင်းနေသည်ဟု ချူးယုချင် ရုတ်တရက် ခံစားမိလိုက်သည်။

မင်းသားစံအိမ်၏ အတွင်းဆောင်တွင် ထိုကဲ့သို့အသံများကို ပုံမှန်ကြားနေရသော်လည်း ဘာ့ကြောင့်မှန်းမသိ ထိုအသံများက ချူးချင်လီ၏ အသံနှင့်တူနေသည်ဟု သူမခံစားမိသည်။

လုချန်း၏ ဇနီးမယားများနှင့် အမြဲအတူရှိနေခဲ့သောကြောင့် သူတို့၏ အသံများကို ချူးယုချင် အလွန်ရင်းနှီးစွာ သိထားသည်။ သူတို့ အော်ဟစ်သောအခါ အသံများ အနည်းငယ်ပြောင်းလဲသွားတတ်သော်လည်း ချူးယုချင်မှတ်မိနိုင်သည်။

ယခု အတွင်းဆောင်မှ ထွက်လာသော အသံများက‌တော့ လုချန်း၏ ဇနီးမယားများ၏ အသံများနှင့် မတူဟု ထင်ရသည်။

ချူးယုချင်က ပိုင်ချင်းချင်းကို လှမ်းကြည့်လိုက်ပြီး

“ပိုင်။ ဒေါ်လေး နောက်တစ်ခါ ထပ်ကင်းလှည့်လိုက်ဦးမယ်။”

ပိုင်ချင်းချင်းက “အင်း” ဟု မျက်နှာအမူအရာမပြောင်းပဲ တုန့်ပြန်လိုက်သည်။

ချူးယုချင်လည်း အိမ်မိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး အသံလာရာဘက်သို့ လိုက်သွားသည်။

လမ်းလျှောက်လာရင်း သူမနေထိုင်ရာ အဆောင်ဝင်းပေါက်သို့ ရောက်ရှိသွားခဲ့သည်။

ချူးယုချင် ချက်ချင်းလန့်သွားသည်။ ထိုအချိန်တွင် ချူးချင်လီ၏အသံက ပို၍ကျယ်လောင်လာသည်။

ချူးယုချင်သည် ရုတ်တရက်နားလည်သွားသည်။ မကြာသေးမီက အတွင်းအား လေ့ကျင့်ရင်း ချူးချင်လီ နတ်ဆိုးဝင်ပူးသလို ဖြစ်ခဲ့ဖူးသည်။ ယခုတွင်လည်း ထပ်မံဝင်ပူးနေခြင်းဖြစ်မည်။

ထိုအတွေးများ မဆုံးမီ ချူးယုချင်လည်း ချူးချင်လီ၏ အခန်းသို့ အလျင်အမြန်ရောက်ရှိသွားခဲ့သည်။ ချူးချင်လီ၏တံခါးနားသို့ ရောက်သည်နှင့် သူမ၏အသံက ပို၍ထူးဆန်းလာသည်။

“အား...”

ချူးချင်လီ၏ အခြေအနေ အလွန်ဆိုးနေသည်ဟု ထင်မှတ်ကာ ချူးယုချင်လည်း

တံခါးကိုတွန်းဖွင့်ပြီး

“ဘယ်လို‌နေလဲ ချင်လီ။ ခဏစောင့်ဦး ငါ အခုပဲ...”

စကားမဆုံးမီ သူမ၏ မျက်စိရှေ့မှာမြင်ရသည့် မြင်ကွင်းက သူမကို ထိတ်လန့်သွားစေ၏။ သူမ ရုတ်တရက်ရပ်တန့်သွားကာ အခန်းအတွင်းရှိ လူနှစ်ဦးကို အံ့အားသင့်စွာကြည့်နေမိသည်။

သူမပြောမည့်စကားမှာ

“ငါ အခုပဲ ချန်းလေးကိုခေါ်လာမယ်” ဟုဖြစ်သော်လည်း ထိုသို့ပြောရန် မလိုတော့ပါ။ လုချန်းက အခန်းထဲမှာ ရှိနေပြီးသား မဟုတ်ပါလား။

အသိစိတ် ဝေဝါးနေသော ချူးချင်လီလည်း ချူးယုချင် ဝင်လာသည်ကိုမြင်ပြီး ရုတ်တရက် သတိပြန်ဝင်လာကာ အလွန်အမင်း စိုးရိမ်သွားပြီး လုံးဝစကားမပြောနိုင်တော့ပေ။

ခဏခန့်ကြာပြီး ချူးချင်လီက

“အစ်မ... ငါ့ပြောတာကိုနားထောင်ပါ။ နင်ထင်သလိုမျိုး မဟုတ်ဘူး......”

ဟု တုန်တုန်ရီရီပြောလိုက်သည်။

လုချန်းက ချူးယုချင်၏ ဝင်ရောက်လာသည်ကို ဂရုမစိုက်ပဲ သူ၏အလုပ်ကို ဆက်လုပ်နေသည်။ ချူးချင်လီက ထရန်ကြိုးစား‌သော်လည်း သူမ ထွက်မသွားနိုင်စေရန် ဖိထားလိုက်သည်။

လုချန်းက သူမရှေ့မှာပဲ ဆက်ပြီးမကောင်းမှုလုပ်နေတာကိုမြင်သောအခါ ချူးယုချင်မျက်နှာ နီရဲသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်ကာ အခန်းထဲမှ အလျင်အမြန်ထွက်သွား လိုက်တော့သည်။

“ချန်းလေး တို့ဆက်လုပ်ကြ။နောက်မှပြန်လာမယ်။”

ချူးယုချင် အခန်းထဲမှ ထွက်သွားသည်နှင့် ချူးချင်လီက ရှက်စိတ်ဒေါသစိတ်တို့ဖြင့် လုချန်းဘက်သို့လှည့်ပြီး

“ရှင်... လူယုတ်မာ”

ဟုအော်ဟစ်လိုက်သည်။

လုချန်းက သူမ၏ စကားကို ဂရုမစိုက်ပေ။ မထူးတော့ပါ။ ဒီကိစ္စက လူမိသွားပြီဖြစ်သည်။ ယခုအချိန်က ချူးယုချင်နှင့် ရင်ဆိုင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

ချူးချင်လီ ဆက်လက်ရုန်းကန်နေသော်လည်း သူမခုခံလေလေ လုချန်း၏ ဒေါသမီးများကို ပိုမိုလောင်မြိုက်စေ လေလေဖြစ်ပြီး နောက်ဆုံးတွင် သူမကိုယ်တိုင်သာ အကျိုးဆက်ကို ခံစားလိုက်ရသည်။

အခန်းမှထွက်လာပြီးနောက် ချူးယုချင်၏စိတ်များ အလွန်ရှုပ်ထွေးသွားခဲ့သည်။

ချူးချင်လီ၏ အခန်းထဲမှ ထွက်လာသောအသံများသည် ကျင့်စဉ်လမ်းလွဲမှုကြောင့်ဟု သူမ အမြဲထင်မှတ်ထားခဲ့သည်။ သူမ၏အခန်းထဲ၌ သူတို့ကို တွေ့ခဲ့ရသည့် အခါတုန်းကပင် သူနှစ်ဦးကြား တစ်ခုခု ရှိနေမည်ဟု သူမသတိမထားမိခဲ့ပေ။

သို့သော် အခုတော့...

ပြဿနာမှာ ကျင့်စဉ်လမ်းလွဲမှုမဟုတ်ပဲ ထိုမလိမ်မာသောလုချန်းက ချူးချင်လီကို အပြည့်အဝ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

စဉ်းစားကြည့်လျှင် လုချန်းနှင့် ချူးချင်လီတို့ တစ်ကြိမ်မက မကောင်းမှုပြုခဲ့ကြပြီး‌လောက်ပြီဖြစ်သည်။

သူမ ဒေါသထွက်လာသည်။ ယခင်က သူမက ချူးချင်လီကို မြောက်ပိုင်းမင်းသားစံအိမ်မှ ရွှေ့ပြောင်းရန် အကြံပြုခဲ့စဉ်က လုချန်းက အနည်းငယ် မလိုလားဟန်ရှိခဲ့သည်။

ချူးချင်လီ နတ်ဆိုးဝင်ပူးသလို ထပ်ဖြစ်ပါက ကုသမည့်သူ မရှိမည်ကို စိုးရိမ်သောကြောင့်ဟု သူမထင်မှတ်ထားခဲ့သည်။ သို့သော် သူ့ထံ၌ ထိုကဲ့သို့သော ရည်ရွယ်ချက်မျိုး ရှိနေမည်ကို သူမ လုံးဝမမျှော်လင့်ခဲ့ပေ။

ကျင့်စဉ်လမ်းလွဲမှုတဲ့လား...

အကောင်းဆုံးအကြောင်းပြချက်ပါလား....

အခန်းအတွင်းမှ အသံများဆက်လက် ထွက်ပေါ်နေသည်ကို ကြားရတော့ ချူးယုချင်လည်း ရွံရှာစွာဖြင့် အခန်းဘက်သို့ ကြည့်လိုက်သည်။ လူမိသွားသည့်တိုင် ထိုလူဆိုးလေးက လုံးဝမစိုးရိမ်ပဲ မကောင်းမှုများကို ဆက်လုပ်နေဆဲဖြစ်သည်။

ချူးချင်လီ၏ နတ်ဆိုးဝင်ပူးသလို ဘာကြောင့် ခဏခဏ ဖြစ်ရသလဲဆိုတာကို ယခုသူမ နားလည်သွားပြီဖြစ်သည်။ လုချန်း ဤနည်းဖြင့် “ကုသ” နေမည်ဆိုပါက မသက်သာလာတာက မထူးဆန်းပေ။

သက်ပြင်းချလိုက်ပြီး ချူးယုချင် အခြေအနေကို ပြန်လည်သုံးသပ်မိသည်။

လုချန်း ချူးချင်လီအား မက်မောနေပြီးတစ်နေ့တွင် သူ့ဘက်မှ စတင်လိမ့်မည်ဟု စကတည်းက သူမ သံသယရှိခဲ့သည်။ သို့သော် ချူးချင်လီအား အခုလို ခိုးဆက်ဆံနေမည်ဟု သူမလုံးဝမမျှော်လင့်ခဲ့ပေ။

လူမိသွားသည်ကို လုချန်း လုံးဝဂရုမစိုက်ပုံရသည်ကို တွေ့တော့ သူ သူမနှင့် ပွင့်ပွင့်လင်းလင်း ရှင်းလင်းရန် အဆင်သင့်ဖြစ်နေပြီဟု ယူဆလိုက်ပြီး ချူးယုချင်လည်း ခြံထဲရှိ အဆောင်ငယ်တစ်ခုထဲသို့သွားပြီး သူတို့ထွက်လာတာကို စောင့်နေလိုက်သည်။

..........

အခန်း (၃၇၂)

ဒေါ်လေးချူး ခုနက သိပ်ဟန်ဆောင်ကောင်းတာပဲ (၁)

လုချန်းနှင့် ချူးချင်လီတို့ မကြာမီ သူမနှင့်ရင်ဆိုင်ရန် ထွက်လာကြမည်ဟု ချူးယုချင် ထင်မှတ်ထားသည်။ သူတို့၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပြီဖြစ်ကာ သူမကိုယ်တိုင်လည်း မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးဖြစ်သည်။

သို့သော် ချူးယုချင် အံ့သြမိသည်က သူမ အဆောင်ငယ်အတွင်း လေးနာရီကြာ ထိုင်စောင့်နေခဲ့ပြီး မိုးသောက်လုနီးပါး အချိန်‌ရောက်လာသော်လည်း နှစ်ဦးစလုံး အခန်းထဲမှ မထွက်လာကြသေးပေ။ ချူးချင်လီ၏ အသံသာ ပို၍ထူးဆန်းလာသည်ကို ကြားနေရသည်။ ချူးချင်လီသည် သူမ၏အသံကို ချုပ်တည်းရန် ကြိုးစားနေသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိပေ။

ထိုအချက်က ချူးယုချင်အား အံ့အားသင့်စေသည်။ ထိုလူဆိုးလေးက တကယ်ကို မရပ်မနား လုပ်နိုင်နေသည်။

အမှန်တွင် လုချန်းလည်း ဇွဲကောင်းလွန်းသောကြောင့် ထိုသို့ပြုလုပ်နေခြင်းမဟုတ်ပေ။ သူက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်သည်။ အဆင့်လွန်ပညာရှင်တစ်ဦးအနေနှင့် ချူးယုချင် အဆောင်အပြင်ဘက်တွင် စောင့်နေသည်ကို သိနိုင်သည်။

သို့သော် ပုံမှန်နေ့များလို ဒီအတိုင်းထွက်သွားရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ချူးချင်လီ၏ မာန်မာနကို အပြည့်အဝချိုးနှိမ်ရန် ရည်ရွယ်ထားသောကြောင့်ဖြစ်သည်။ နောင်တွင် သူနှင့် ချူးယုချင်တို့ကို မဆန့်ကျင် ရဲစေရန် ဖြစ်သည်။

အကျိုးသက်ရောက်မှုက မကြာမီ သိသာထင်ရှားလာမည်ဖြစ်သည်။

နံနက်ခင်းနေရောင်ခြည် မြေပြင်ပေါ်သို့ ကျရောက်လာပြီဖြစ်သည်။ အဆောင်ငယ်ထဲတွင် ထိုင်နေသော ချူးယုချင်၏ မျက်နှာ နီရဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံး မသက်မသာဖြစ်နေသည်။

ထိုလူဆိုးလေးက အမှန်ပင် လူကို နှိပ်စက်တတ်သည်။

နေမြင့်လာပြီဖြစ်သော်လည်း ချူးချင်လီကို လွှတ်ပေးခြင်း မရှိသေးပေ။

ချူးယုချင် ဆက်မစောင့်တော့ပဲ အတွင်းဆောင်၏ ကာကွယ်ရေးလုပ်ငန်းများကို စီစဉ်တော့မည်ဆိုသည့်အချိန်တွင် ချူးချင်လီ၏ အခန်းတံခါး နောက်ဆုံးတွင် ပွင့်လာသည်။

လုချန်းက ပြုံးရွှင်လျက် အခန်းမှထွက်လာ၏။ ချူးချင်လီမှာမူ မျက်နှာနီရဲနေကာ ချူးယုချင်ကို တိုက်ရိုက်မကြည့်ရဲပဲ အနောက်တွင် ပုန်းနေသည်။

အေးစက်သော အလှဘုရင်မ ဖြစ်ခဲ့ဖူးသူသည် ယခုအခါ အမှားလုပ်မိသော ကလေးတစ်ဦးကဲ့သို့ ဖြစ်နေသည်။

အဆောင်ငယ်ထဲတွင် ရှိနေသော ချူးယုချင်ကို မြင်လိုက်ရသည်နှင့် လုချန်းက

“မင်္ဂလာနံနက်ခင်းပါ ဒေါ်လေးချူး။”

ဟု ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။

ချူးယုချင်က လုချန်းကို မကျေမနပ်ဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့နောက်တွင် ပုန်းနေသော ချူးချင်လီဘက်သို့ သူမ၏အကြည့်ကို ရွေ့လိုက်သည်။

ထိုအချိန်တွင် ချူးယုချင်က အေးစက်သော အသံဖြင့်

“နတ်ဆိုးဝင်ပူးနေတာလား။ နတ်ဆိုးက ဘယ်လိုလုပ် ဒီလောက်ဝင်နေရတာလဲလို့ ငါအံ့ဩနေခဲ့တာ။”

“ ငါ့ကိုပြောစမ်းပါ ချင်လီ။ ဘယ်နတ်ဆိုးမျိုး နင့်ဆီဝင်နေတာလဲ။ “

ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးချင်လီ၏ နုနယ်သောခန္ဓာကိုယ် ရုတ်တရက်တုန်လှုပ်သွားသည်။

ချူးချင်လီက

“အစ်မ... အစ်မ၊ ကျွန်မ တကယ်မတတ်သာလို့...”

ထိုအချိန်တွင် ချူးယုချင်က စကားဖြတ်ကာ

“မတတ်သာလို့။ ဘယ်လို ဆင်‌ခြေမျိုးလဲ။ ငါတွေ့ပြီးတာ‌တောင် တစ်ညလုံးမထွက်ပဲနေပြီး အခုမှ မတတ်သာလို့လို့ ပြောနေတာလား။”

“ငါ...”

ယခုအချိန်တွင် ချူးချင်လီ လုချန်းကို အလွန်မုန်းတီးနေသည်။ သူမ မနေ့ညက ထွက်လာရန် ဆန္ဒရှိခဲ့သော်လည်း ထိုလူဆိုးက သူမအား အခန်းမှ မထွက်ခွာနိုင်ရန် တားထားခဲ့သည်။

သူမဘာလုပ်နိုင်မှာလဲ။ သူမ၏ စွမ်းအားကို ပိတ်ဆို့ခံထားရသည့်အပြင် လုချန်းကလည်း အဆင့်လွန်ပညာရှင်ဖြစ်နေသည့်အတွက် သူ့ရှေ့မှာ သူမက အားနည်းသော အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။

ချူးယုချင်က ဆက်ပြောလိုက်သည်

“ချင်လီ။ ငါ ချန်းလေးနဲ့ အတူမရှိနိုင်အောင် နင်လိုက်ဖျက်တာကို ငါ့အတွက်လို့ထင်ခဲ့တာ။ ဒါပေမဲ့ နင်ကိုယ်တိုင် ချန်းလေးရဲ့အိပ်ရာထဲ ဝင်နေတာလား။ နင်ငါ့ကိုတားရတာက ချန်းလေးကို တစ်ယောက်တည်း ပိုင်ဆိုင်ချင်လို့လား။”

ချူးချင်လီက ချက်ချင်းပြန်ဖြေလိုက်သည်။

“အဲ့ဒီလို မဟုတ်ပါဘူး အစ်မ။ ကျွန်မ အစ်မကိုကယ်တင်ဖို့...”

ချူးယုချင် ရယ်‌မောလိုက်သည်။

“ငါ့ကိုကယ်တင်ဖို့ဆိုပြီး ချန်းလေးအိပ်ရာထဲဝင်တာလား။ နင်အခုပြောတဲ့အကြောင်းပြချက်ကလည်း ကျင့်စဉ်လမ်းလွဲတာနဲ့ ဘာမှမကွာပါလား။”

ချူးချင်လီလည်း ရှင်းပြရန် နည်းလမ်းမရှိတော့ပဲ လုချန်းဘက်သို့ ကြည့်ကာ

“ ကျေးဇူးပြုပြီး ရှင်းပြပေးပါ မင်းသား။ ကျွန်မတို့ သဘောတူထားတဲ့ အရေအတွက်ပြည့်သွားပြီ။ အခု ကတိအတိုင်းလုပ်ပေးပါ။”

ချူးချင်လီ၏စကားကို ကြားလိုက်တော့ လုချန်းက ပြုံးလိုက်ကာ

“သဘောတူညီမှု။ ဘာသဘောတူညီမှုလဲ။ ကိုယ်မသိရပါလား။”

“မင်းကိုယ်နဲ့အတူနေတာက ကိုယ့်ခန္ဓာကိုယ်ကို တပ်မက်လို့ မဟုတ်ဘူးလား။”

လုချန်းက ဗြောင်ငြင်းနေသည်ကို ကြားလိုက်ရသည်နှင့် ချူးချင်လီ၏ ဒေါသအကြီးအကျယ် ထွက်သွားသည်။

“ရှင်...”

“အရမ်းယုတ်မာတဲ့လူ”

ထိုအချိန်တွင် လုချန်းက ချူးယုချင်အား “ဒေါ်လေးချူး။ ချင်လီနဲ့ ကျွန်တော်တို့က တကယ်ချစ်ကြတာပါ။ မနေ့ညက ဒေါ်လေးအဆောင်ပြင်မှာ ထိုင်နေရင်း ကြားခဲ့ရမှာပါ။ သူတကယ်မချစ်ရင် အဲ့ဒီလိုအသံမျိုးမထွက်နိုင်ပါဘူး။”

ချူးချင်လီလည်း ရှက်သွားပြီး

“လူယုတ်မာ။ ဘယ်သူက ရှင့်ကိုချစ်နေတာလဲ”

ဟု အော်ဟစ်လိုက်သည်။

ချူးယုချင်က

“တကယ်ချစ်တာလား ချင်လီ။ ငါနင့်ကို ယုံခဲ့မိတယ်။ နင်ဒီလိုမိန်းမမျိုးဖြစ်မယ်လို့ လုံးဝမထင်ခဲ့ဘူး။”

ထိုသို့ပြောပြီးနောက် ချူးယုချင် ထွက်သွားဟန် ပြင်လိုက်သည်။

ထိုအခြေအနေကိုမြင်လိုက်ရတော့ ချူးချင်လီ အလွန်စိုးရိမ်သွားသည်။ ယနေ့သူမ မရှင်းပြနိုင်ပါက လုချန်းကို သူမပိုင်ဆိုင်လိုသည်ဟု ချူးယုချင် ထင်မှတ်သွားမည်။

ချူးချင်လီလည်း လုချန်းနောက်မှ အလျင်အမြန်ထွက်လာကာ ချူးယုချင်ထံသို့ ဦးတည်ပြေးလာသည်။

“အစ်မ။ ငါပြောတာနားထောင်ပါ။ ငါတကယ်မတတ်သာလို့ပါ။ ဒါတွေအားလုံးက ဒီလူဆိုးကောင် လုပ်ခဲ့တာပါ။”

“သူ့စကားကို မယုံပါနဲ့။”

ထို့နောင် ချူးချင်လီက ချူးယုချင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ထွက်မသွားရန် တားဆီးလိုက်သည်။

ချူးယုချင်က ရပ်လိုက်ပြီး အေးစက်သောအပြုံးဖြင့်

“မတတ်သာလို့ ဟုတ်လား။ မတတ်သာလို့ဆိုရင် ဒီလို သာယာနေတဲ့ အသံတွေ ထွက်လာမယ်လို့ ငါမထင်ဘူး။”

“ငါ...”

ချူးချင်လီ ဘယ်လိုရှင်းပြရမယ်မှန်း မသိတော့ပေ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှာလဲ။ လုချန်းရဲ့ နည်းလမ်းပေါင်းစုံကို ရင်ဆိုင်ရတဲ့အခါ လုံးဝအသံမထွက်ပဲ နေဖို့ဆိုတာက

မဖြစ်နိုင်ပေ။

ဒါတွေအားလုံးက ထိုလူဆိုး၏ လက်ချက်ဖြစ်သည်။

အခုဘယ်လိုလုပ်ရမလဲ....

ဘယ်လိုရှင်းပြရမလဲ....

ချူးယုချင်က လုချန်းဘက်သို့ လှည့်ကြည့်ကာ အေးစက်စွာမေးလိုက်သည်။

“ချန်းလေး ချင်လီက မင်းသားစံအိမ် မလာခင်က သန့်ရှင်းတဲ့သူတစ်ယောက်ပါ။ ဘယ်သူနဲ့မှလည်းစေ့စပ်ထားတာ မရှိပါဘူး။ အခုမင်းက သူ့ကို ဒီလိုလုပ်ပြီးပြီဆိုတော့ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။”

.........

All Chapters