← Chapters

အခန်း ၃၇၃-၃၇၅

Vol. 25 Ch. 373-375

အခန်း ၃၇၃-၃၇၅

Vol. 25 Ch. 373-375

အခန်း (၃၇၃)

ဒေါ်လေးချူး ခုနက သိပ်ဟန်ဆောင်ကောင်းတာပဲ (၂)

လုချန်းက

“လင်မယားအရာ မြောက်သွားပြီဆိုတော့ သူ့ကို ကျွန်တော်ရဲ့မယားတစ်ဦးအဖြစ် မင်းသားစံအိမ်က လက်ထပ်ယူပါမယ်။”

လုချန်းရဲ့အဖြေကိုကြားလိုက်သည်နှင့် ချူးချင်လီက

“ဘယ်သူက ရှင့်ကို လက်ထပ်မှာလဲ။ လူယုတ်မာ”

ဟုဒေါသဖြင့် အော်ပြောလိုက်သည်။

ချူးယုချင်က

“တိတ်စမ်း”

ဟု ဆူငေါက်လိုက်သည်။

“ငါ...”

ချူးချင်လီက ချက်ချင်းနှုတ်ဆိတ်သွား၏။ သူမအစ်မ ဒီလောက်ဒေါသထွက်တာ သူမတစ်ခါမှ မမြင်ဖူး‌ပေ။ အစ်မက တကယ်ပဲ စိတ်ဆိုးနေပုံရသည်။

ဒါဆိုရင်တော့ သွားပြီ...

အစ်မကို ယုံအောင် ဘယ်လိုရှင်းပြရမလဲ။

ချူးယုချင်က လုချန်းကို ဆက်ပြောလိုက်၏။

“ချန်းလေး။ မင်းက သူ့ကို မယားအဖြစ်ယူဖို့ စီစဉ်ထားတယ်ဆိုရင် ချူးမိသားစုဆီကို သွားပြီး လက်ထပ်ခွင့်တောင်းသင့်တယ်။ ဒီလို ခိုးကြောင်ခိုးဝှက် လုပ်နေစရာ မလိုဘူး။”

လုချန်းက ပြုံးလိုက်ပြီး

“ဒေါ်လေးချူးပြောတာ မှန်ပါတယ်။ မနက်ဖြန်ကျရင် ချူးမိသားစုဆီမှာ လက်ထပ်ခွင့် သွားတောင်းသွားပါမယ်။”

အမည်ခံအားဖြင့် ချူးချင်လီက ချူးမိသားစုဝင်တစ်ဦး ဖြစ်နေသေး၏။ ချူးမိသားစုနဲ့ သွေးသွား‌ တော်စပ်မှု မရှိသော်လည်း လုချန်းက ချူးချင်လီကို တရားဝင် မယားအဖြစ် ယူမည်ဆိုပါက ချူးမိသားစုဆီမှ တိုက်ရိုက်တောင်းတာက အကောင်းဆုံးဖြစ်သည်။

ထိုစဉ် ချူးယုချင်က ချူးချင်လီဘက်လှည့်ပြီး

“နင်ငါ့ကို အရမ်းစိတ်ပျက်စေတယ် ချင်လီ”

ဟု ပြောလိုက်၏။

ထိုသို့ပြောပြီးနောက် ချူးယုချင်က ချူးချင်လီ၏ လက်ကို ဖယ်လိုက်ပြီး အဆောင်ဝင်းအတွင်းမှ ထွက်ခွာသွားတော့သည်။

ချူးယုချင် ထွက်ခွာသွား‌သော မြင်ကွင်းကို ကြည့်ရင်း ချူးချင်လီ၏ စိတ်ထဲတွင် ကြီးမား‌သော ကြေကွဲတစ်ခု ခံစားလိုက်ရပြီး ခန္ဓာကိုယ်တစ်ခုလုံး အားပြတ်သွားသလို ဖြစ်ကာ မြေပြင်ပေါ်လဲကျမတတ် ဖြစ်သွားသည်။ သို့သော် လုချန်းက အနောက်မှနေ၍ ချက်ချင်းပင် သူမ၏ သွယ်လျ‌သောခါးကိုပွေ့ဖက်ထားလိုက်သည်။

လုချန်း၏ ပွေ့ဖက်မှုနှင့်အတူ ချူးချင်လီ၏ ဒေါသ ပေါက်ကွဲထွက်လာကာ

“ဒါအားလုံး ရှင့်ကြောင့်။ ကျွန်မကို လွှတ်ပါ။”

ဟု ရုန်းကန်ရင်း အော်ဟစ်လိုက်သည်။

“ကတိမတည်တဲ့ လူ။ ရှင့်နဲ့တိုက်မယ်။”

လုချန်းက ချူးချင်လီ၏ သွယ်လျသောခါးကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားပြီး သူမ၏ကြိုးစားမှုများကို အချည်းနှီး ဖြစ်သွားစေသည်။ သူမ၏ အတွင်းအားကို ပိတ်ဆို့ထားပြီး ဖြစ်သောကြောင့် လွတ်အောင်လုပ်ဖို့ နည်းလမ်းမရှိတော့ပေ။

လုချန်းက ပြုံးလျက်

“ဒေါ်လေးချူးက တို့ကို လက်ပူးလက်ကြပ်မိသွားပြီ။ ဘယ်လိုမှ ရှင်းပြလို့ ရတော့မှာ မဟုတ်ဘူး။ မင်း ကိုယ်ရဲ့မယားလုပ်လိုက်တာက ပိုကောင်းမယ်။”

ချူးချင်လီက အေးစက်စွာဖြင်

“အိပ်မက်တောင် မမက်နဲ့။ ကျွန်မရဲ့အစ်မကို ရှင့်ရဲ့ လှည့်စားမှုတွေ ဖော်ထုတ်ပြမယ်။ ရှင်ဘယ်လိုလူစားလဲဆိုတာ သူသိအောင် လုပ်မယ်။”

လုချန်းက သူမ၏ နားနားကပ်၍

“မင်း အဲ့ဒီလောက် ကြိုးစားနေရင် ဒေါ်လေးချူးက မင်း ကိုယ့်ရဲ့နာမည်ကိုဖျက်ပြီး မင်းတစ်ဦးတည်း ကိုယ့်ကိုပိုင်ဆိုင်နိုင်ဖို့ ကြံစည် နေတယ်လို့ ပိုထင်သွားလိမ့်မယ်”

ဟု အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ချူးချင်လီ တုန်လှုပ်သွားပြီး နှုတ်ဆိတ်သွားသည်။

ဒါဆို အခုဘယ်လိုလုပ်ရမလဲ။

သူတို့ကို မတားဆီးနိုင်ပါက လုချန်းနှင့် ချူးယုချင်တို့သည် အမှန်တကယ်ပင် ထိုအမှုကိစ္စကို ကျူးလွန်မိမည်ဖြစ်သည်။

သို့သော် နောက်ထပ် ဝင်ရောက်စွက်ဖက်ပါက သူမအစ်မက သူမကိုအတ္တကြီးသည်ဟု မုချထင်မြင်သွားမည်ဖြစ်သည်။

သွားပြီ။

ဒီလူယုတ်မာက အစကတည်းက ကတိတည်ရန် စိတ်ကူးမရှိခဲ့ပေ။

ချူးချင်လီက

“မင်းသားတစ်ယောက်ဖြစ်ပြီး ‌ဒီ‌‌လောက်တောင် ကတိမတည်နိုင်ဘူးလား။ ရှင့်မှာကျင့်ဝတ်သိက္ခာဆိုတာ နည်းနည်းလေးတောင် မရှိဘူးလား”

ဟု မေးမြန်းလိုက်သည်။

လုချန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး

“ကျင့်ဝတ် ဟုတ်လား။ မင်းတောင် ကိုယ်တို့ ဘယ်နှစ်ကြိမ် ဒါလုပ်ခဲ့တယ် ဆိုတာကို မေ့နေပြီး‌တော့။ ဒါက မင်းကိုယ်တိုင် သဘောတူညီချက်အတိုင်း အပေးအယူ လုပ်ချင်စိတ် မရှိတာကို ပြသနေတယ်။ မင်းကိုယ်တိုင်က ဂရုမစိုက်ဘူးဆိုရင် ကိုယ်က ဘာ့ကြောင့် အစက ထားထားတဲ့ သဘောတူညီချက်ကို လိုက်နာရမှာလဲ။”

ဟု တုံ့ပြန်လိုက်သည်။

“ရှင်”

ချူးချင်လီ စကားမဆက်နိုင်တော့ပေ။

ဟုတ်ပါသည်။ သူမကိုယ်တိုင် အကြိမ် မည်မျှ လုပ်ပြီးပြီဆိုတာကို မေ့နေသည်က အမှန်ပင်ဖြစ်သည်။ လုချန်းက ကနဦး သဘောတူညီချက်ကို လိုက်နာမည်ဟု မည်သို့မျှော်လင့်နိုင်မည်နည်း။

ချူးချင်လီက

“ရှင့်ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်တော့ဘူး။ အခု ကျွန်မကို လွှတ်လိုက်ပါ။”

ထိုသို့ပြောဆိုပြီးနောက် ချူးချင်လီ ထပ်မံ၍ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် လုချန်းက

“မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ လက်ထပ်လိုက်ရင် မင်းရဲ့အစ်မနှင့် ကိုယ့်ကို အမြဲစောင့်ကြည့်နိုင်မယ်လို့ မတွေးဖူးဘူးလား။ အဲ့ဒါဆို ကိုယ်က မင်းအစ်မကို မသင့်တော်တဲ့ အပြုအမူတွေ လုပ်ရင် မင်း အရင်ဆုံး သိခွင့်ရမယ်။”

“အရင်က မင်းက မင်းသားစံအိမ်ရဲ့ အတွင်းဆောင် လုံခြုံရေးမှူးတစ်‌ယောက်ပဲဆိုတော့ နေရာစုံကို သွားလာခွင့်မရှိခဲ့ဘူး။ လှုပ်ရှားမှုတွေလည်း ကန့်သတ်ခံထားရတယ်။ ဒါပေမဲ့ မင်းကိုယ့်ရဲ့မယား ဖြစ်လာပါက နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလာနိုင်မယ်။ မင်းရဲ့အစ်မနှင့် ကိုယ့်ကို စောင့်ကြည့်ဖို့လည်း ပိုလွယ်လာမယ်”

ဟု ဆက်ပြောလိုက်သည်။

လုချန်း၏ စကားကို ကြားရသောအခါ ချူးချင်လီမှာ ခဏခန့် ရပ်တန့်သွားပြီး ထိုအချက်က အမှန်တကယ်ပင် အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသည်။

သူမ၏အစ်မသည် သူမနှင့် လုချန်း၏ ဆက်ဆံရေးကို သိရှိပြီး ဖြစ်နေသဖြင့် မည်သို့မှ ရှင်းပြ၍ ရတော့မည် မဟုတ်ပေ။ ထို့ကြောင့် လုချန်းကို လက်ထပ်လိုက်ခြင်းက ပိုကောင်းမည်ဟု ယူဆလိုက်သည်။

ချူးချင်လီက

“ကောင်းပြီ။ ကျွန်မရှင်နဲ့လက်ထပ်ဖို့ သဘောတူတယ်။”

ချူးချင်လီ သဘောတူလိုက်သည်ကို မြင်သောအခါ လုချန်း နောက်ထပ် စကားများမပြောတော့ပေ။ ချူးချင်လီသည် ပုံမှန်အားဖြင့် လျင်မြန်စွာ ဆုံးဖြတ်တတ်သူဖြစ်သည်။

လုချန်းက ချူးချင်လီကို လွှတ်ပေးလိုက်ပြီး “မင်းသဘောတူပြီဆိုလျှင် နောက်ရက်အနည်းငယ်အတွင်း အဆင်သင့်ဖြစ်အောင် ပြင်ထားပါ။ ရက်ပိုင်းအတွင်း မင်းကို ကိုယ်မယားအဖြစ် လက်ထပ်ယူမယ်။”

“ မင်းအစ်မ မင်းကိုစိတ်မဆိုးတော့အောင် ကိုယ်သွားပြောလိုက်မယ်။”

ထိုသို့ပြောပြီးနောက် လုချန်းလည်း အဆောင်ဝင်းအထွက်လမ်းသို့ ဦးတည်လျှောက်သွား‌တော့သည်။

လုချန်း အဆောင်ဝင်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အစေခံတစ်ဦးက ချဉ်းကပ်လာပြီး

“ချူးမိသားစုအကြီးအကဲက တွေ့ဆုံလိုပါတယ်မင်းသား”

ဟု အကြောင်းကြားလိုက်သည်။

လုချန်းက

“စာကြည့်ခန်းထဲမှာ ခဏစောင့်ခိုင်းပါ။ ရေ အရင်ချိုးမှ ဖြစ်မယ်”

ဟု ပြန်ပြောလိုက်သည်။

လုချန်းမနေ့က တစ်ညလုံး အလုပ်များနေသဖြင့် ပြင်းထန်သော အနံ့များ သူ၏ခန္ဓာကိုယ်တွင် ကပ်ညိနေပြီဖြစ်သည်။ လောလောဆယ် ဘယ်သူနဲ့မှတွေ့လို့ မကောင်းပါ။

ထို့နောက် လုချန်းလည်း အလျင်အမြန် ရေချိုးသန့်စင်ပြီး စာကြည့်ခန်းဘက်သို့ ဦးတည်လိုက်သည်။

လုချန်း စာကြည့်ခန်းသို့ ရောက်ရှိသည်နှင့် ချူးရှုံက ချဉ်းကပ်လာပြီး

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက ချက်ချင်း ချူးရှုံ၏ ပခုံးများကို ကိုင်လိုက်ပြီး

“ကျွန်တော် ဘယ်နှစ်ကြိမ် ပြောပြီးပြီလဲ အဖိုး။ ကျွန်တော်တို့ပဲ ရှိနေတဲ့အချိန်မှာ ဒီလောက် အရိုအသေ ပြုနေစရာ မလိုပါဘူး။ ကျွန်တော်က အဲ့ဒီလောက် စည်းကမ်းတင်းကျပ်တဲ့ လူစားမျိုး မဟုတ်ပါဘူး။

ချူးရှုံက ချက်ချင်း တုံ့ပြန်လိုက်သည်။

“ထုံးတမ်းအစဉ်အလာတွေကို မပယ်ဖျက်သင့်ပါဘူး။ မင်းသားဟာ မင်းသားတစ်ပါးပါ။”

လုချန်းက

“အဖိုးအခုလာတာ မြောက်ပိုင်းပြည်နယ်က လူတွေကြားထဲ ပြန့်နေတဲ့ အသံတွေကြောင့်မဟုတ်လား”

ဟု မေးလိုက်သည်။

ချူးရှုံက

“ချူးမိသားစုကို ကောင်းကောာင်း မအုပ်ချုပ်နိုင်တာက ကျွန်တော့်ရဲ့ အပြစ်ပါ။ မင်းသားကိုတောင်းပန်ပါတယ်။ အသံဖြန့်တဲ့ သူတွေကို ကျွန်တော် အပြစ်ပေးပြီးပါပြီ။ ဒီအရှုပ်တော်ပုံရဲ့ နောက်ကွယ်ကလူကိုလည်း ရှာတွေ့ပြီးပါပြီ။”

..........

အခန်း (၃၇၄)

ဒေါ်လေးချူး ခုနက သိပ်ဟန်ဆောင်ကောင်းတာပဲ (၃)

လုချန်းသည် ပြုံးရယ်လျက်

“နောက်ကွယ်က လူက ကျွန်တော့်ဦးလေးပဲ မဟုတ်လား အဖိုး”

ဟု မေးလိုက်သည်။

လုချန်းသည် အထူးကိုယ်ရံတော်များမှတစ်ဆင့် ချူးဟုန်ဖေး ချူးယုချင်အပေါ် စိတ်ဝင်စားနေသည် သိရှိထားပြီးဖြစ်သည်။ ကောလာဟလများကို ဆက်လက်စုံစမ်းရန် အထူးကိုယ်ရံတော်များကို မညွှန်ကြားထားသော်လည်း ယခုလို အချိန်တွင် ကောလာဟလများ ဖြန့်ဝေသူမှာ ချူးဟုန်ဖေးပင် ဖြစ်နိုင်သည်။

ချူးရှုံက သက်ပြင်းချလိုက်ကာ

“ ကျွန်တော့်သားကို ကောင်းကောင်း မပြုစုမပျိုးထောင်ခဲ့မိပါဘူး။ ဒါ့ကြောင့် ဒီလို ကျေးဇူးမသိတဲ့သား ‌‌ဖြစ်လာတာပါ။”

လုချန်းက

“စိတ်မပူပါနဲ့ အဖိုး။ ကျွန်တော် ဒီကိစ္စကို စိတ်ထဲမထားမိပါဘူး။ အဖိုး ဒီနေ့လာတာ ကောင်းတယ်။ ကျွန်တော် အဖိုးကို တစ်ခုတောင်းချင်လို့ပါ။”

ချူးရှုံက

“ပြောပါ။ ကျွန်တော်တို့ ချူးမိသားစုလုပ်နိုင်တဲ့အရာဆိုရင် အပြည့်အဝကြိုးစားဆောင်ရွက်ပေးပါမယ်။”

လုချန်းက

“မြောက်ပိုင်းပြည်နယ်က ချူးမိသားစုကို ဒေါ်လေးချူးနဲ့ ချင်လီတို့ရဲ့ မိဘအိမ်အဖြစ် ဆောင်ရွက်ပေးဖို့၊ ပြီးရင် သူတို့နှစ်ယောက်ကို မြောက်ပိုင်းနယ်စားမင်းသားစံအိမ်နဲ့ လက်ထပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”။

ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးရှုံ ခဏတာမျှ တုန်လှုပ်သွားသော်လည်း မကြာမီ လုချန်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

ချူးချင်လီကို လက်ထပ်ရန်မှာ လွယ်ကူသော ကိစ္စဖြစ်သော်လည်း ချူးယုချင်၏ အခြေအနေမှာမူ ကွဲပြားသည်။ သူမသည် ယခင်က ဝမ်မိသားစုနှင့် စေ့စပ်ထားဖူးပြီး ဝမ်မိသားစုထဲသို့ မရောက်မီ ခင်ပွန်းလောင်း အဆိပ်သင့် သေဆုံးခဲ့သော်လည်း တရားဝင်အရ သူမသည် ထိုသူ၏ ဇနီးပင်ဖြစ်နေဆဲဖြစ်သည်။

လုချန်း ချူးယုချင်ကို လက်ထပ်လိုပါက ပထမဦးစွာ သူမနှင့် ဝမ်မိသားစုကြား ဆက်နွယ်မှုကို ဖြတ်တောက်ရမည်။

စေ့စပ်မှုကို ချူးရှုံကိုယ်တိုင် စီစဉ်ပေးခဲ့ပြီး ယခုအခါ သူမြောက်ပိုင်းပြည်နယ်တွင် ရှိနေသည့်အတွက် ချူးရှုံက ချူးယုချင်၏ စေ့စပ်မှုကို ဖျက်သိမ်းပေးရန် သင့်လျော်သည်။ ဝမ်မိသားစုမှာ ယခု ပုန်ကန်သူများဖြစ်နေပြီဖြစ်ရာ စေ့စပ်မှုဖျက်သိမ်းခြင်းက အရေးမကြီးတော့ပေ။

ချူးရှုံက ချက်ချင်းပြောလိုက်သည်။ “နားလည်ပါပြီ။ ရက်အနည်းငယ်အတွင်း စေ့စပ်မှုဖျက်သိမ်းဖို့ တောင်ပိုင်းကို လူလွှတ်လိုက်ပါမယ်။”

လုချန်းက

“ဒီလောက်အရေးတကြီး လုပ်စရာမလိုပါဘူး။ အရင်ဆုံး ဖျက်သိမ်းရေးစာကိုရေးထားပါ။ ကျွန်တော် လိုအပ်တဲ့အချိန်မှ ချူးအိမ်တော်ကနေ လာယူပါမယ်။”

ချူးရှုံက

“ကောင်းပါပြီ။ ပြန်ရောက်တာနဲ့ စေ့စပ်မှု ဖျက်သိမ်းရေးစာကို ရေးထားပါမယ်။”

လုချန်း ဆက်ပြောဖို့ လုပ်နေသည့် အချိန်တွင် အပြင်မှ အစေခံ၏ အသံကြားလိုက်ရသည်။

“မင်းသားကို ဒေါ်လေးချူး ရှာနေပါတယ်။”

အစေခံ၏စကားကို ကြားလိုက်ရသည်နှင့် ချူးရှုံက လုချန်းတွင် အခြားကိစ္စရပ်များ ရှိနေဦးမည်ဟု သတိရသွားပြီး

“မင်းသားမှာ အခြားကိစ္စမရှိရင် ဒီနေ့အတွက် ကျွန်တော့်ကို ခွင့်ပြုပါ။”

လုချန်းက

“ဟုတ်ကဲ့ အဖိုး။ ကျွန်တော် လိုက်မပို့ တော့ဘူးနော်။”

ချူးရှုံက

“ခွင့်ပြုပါ”

ဟု ပြောကာ စာကြည့်ခန်းမှ ထွက်ခွာသွားသည်။

စာကြည့်ခန်းမှ ထွက်လာသည်နှင့် ချူးယုချင်ကို တွေ့လိုက်ရသည်။

မနက်စောစောစီးစီး လုချန်း၏စာကြည့်ခန်းမှ ချူးရှုံထွက်လာသည်ကို တွေ့ရသဖြင့် ချူးယုချင် အံ့သြသွားသည်။ ချူးရှုံ လုချန်းဆီကို မနက်စောစောစီးစီး ဘာကိစ္စနဲ့ လာရှာတာလဲဆိုတာကိုလည်း သိလိုစိတ်ဖြစ်ပေါ်လာသည်။

ချူးယုချင်ကို တွေ့မြင်သောအခါ ချူးရှုံ၏မျက်နှာတွင် ကြင်နာသော အပြုံးပေါ်လာသည်။ သူက ချူးယုချင်အား

“ယုချင်။ ဒီနှစ်တွေအတွင်း မင်း အရမ်းပင်ပန်းခဲ့ရတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင် စိတ်ရှုပ်သွားသည်။ ချူးရှုံ ရုတ်တရက် ဘာကြောင့် ထိုသို့ပြောရသည်ကို သူမ နားမလည်နိုင်ပေ။

ချူးယုချင်က ရှုပ်ထွေးစွာဖြင့်

“ဖခင် ဘာကိုဆိုလိုတာလဲ”

ဟု မေးလိုက်သည်။

ချူးရှုံက

“ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။ မင်းကို နောက်ထပ်မနှောင့်ယှက်တော့ဘူး”

ဟု ပြောကာ အဆောင်ဝင်း အတွင်းမှ ထွက်ခွာသွားလေသည်။

ချူးရှုံ၏ နောက်‌ကျောကိုကြည့်ရင်း ချူးယုချင်၏စိတ်ထဲတွင် မကောင်း ခံစားချက်များ ဝင်ရောက်လာသည်။

ထို့နောက် ဆက်မစဉ်းစားတော့ပဲ တိုက်ရိုက်စာကြည့်ခန်းထဲသို့ ဝင်သွားပြီး တံခါးကို ပိတ်လိုက်ကာ လုချန်းဘက်သို့ လှည့်၍ မေးလိုက်သည်။

“ချန်းလေး။ ခုနက ဖခင်နဲ့ ဘာတွေပြောနေတာလဲ။ သူ အရမ်းပျော်နေသလိုပဲ။”

လုချန်းက ပြုံးရယ်ပြီး

“ဘာမှမဟုတ်ပါဘူး။ ရက်နည်းနည်းကြာရင် ဒေါ်လေးသိလိမ့်မယ်”

ဟု ဖြေလိုက်သည်။

ထိုသို့ပြောဆိုပြီး လုချန်းက ချူးယုချင်ထံချဉ်းကပ်လာကာ သူမ၏နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။

လုချန်း၏ပွေ့ဖက်မှုကြောင့် ချူးယုချင်၏ နှလုံးခုန်နှုန်း မြန်လာပြီး ပါးပြင်နှစ်ဖက်လည်း နီမြန်းလာသည်။

လုချန်းက မကောင်းမှုများ မလုပ်ပဲ ချူးယုချင်ကို ပွေ့ဖက်ထားရုံသာဖြစ်သည်။

“ဒေါ်လေးချူး ခုနက သိပ်သရုပ်ဆောင်ကောင်းတယ်နော်။ ချင်လီက တကယ်ပဲ ဒေါ်လေး ဒေါသထွက်နေတယ်လို့ ထင်သွားတယ်။”

ထိုစကားကို ကြားလိုက်ရသည်နှင့် ချူးယုချင်က လုချန်းကို စိုက်ကြည့်လိုက်ပြီး

“မင်းဒီကိစ္စ ဒေါ်လေး ကိုပြောရဲသေးတယ်နော် ကောင်စုတ်လေး။ မင်း ချင်လီကို ရပြီးပြီဆိုတာ ဘာလို့မပြောတာလဲ။”

“ဒေါ်လေးက တကယ်ပဲ သူရဲ့ကျင့်စဉ်တွေ ကမောက်ကမဖြစ်နေတယ်ထင်လို့ နေ့တိုင်းစိတ်ပူနေခဲ့တာ။”

လုချန်းသည် ပြုံးရယ်လျက်

“အရင်တုန်းက အချိန်မတန်သေးလို့ပါ”

ဟု ပြန်ဖြေလိုက်သည်။

“ဒါဆို နောက်ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။”

လုချန်းက ချူးယုချင်၏ နားနားကပ်ကာ အသံတိုးတိုးသံဖြင့်

“နောက်တော့ ဒေါ်လေးတို့ကို လက်ထပ်ပြီး ကျွန်တော့် ကလေးတွေမွေးဖို့ပဲ။”

“မဖြစ်နိုင်ဘူး။ လူတွေကြားထဲ ပြန့်နေတဲ့ အတင်းအဖျင်းတွေက မင်းအတွက် အရမ်းဆိုးနေတယ်။ ဒေါ်လေးမင်းကို ပြုစုပေးပြီး ကလေးမွေးပေးနိုင်ပေမဲ့ လက်တော့မထပ်နိုင်ဘူး။”

လုချန်းသည် အေးဆေးစွာပင်

“ ဒေါ်လေးစိုးရိမ်နေတာကို သိပါတယ်။ စိတ်ချပါ။ လူထုကြားက အတင်းစကားတွေက မကြာခင် ပျောက်ကွယ်သွားမှာပါ။”

“တကယ်လား။ ဘာတွေလုပ်ဖို့အစီအစဉ်ရှိလို့လဲ။”

“အခုတော့ မပြောနိုင်သေးဘူး။။ အချိန်တန်ရင် သိလိမ့်မယ်။”

လုချန်း၏ လျှို့ဝှက်နေသော အပြုအမူကို မြင်ရသော ချူးယုချင် နောက်ထပ်မမေးတော့ပေ။ လုချန်းက အတင်းအဖျင်းစကားများကို ဖြေရှင်းနိုင်မည်ဟု ပြောပါက သူ့တွင် အစီအစဉ်တစ်ခု ရှိမည်မှာ သေချာသည်။

သို့သော် အကယ်၍ သူအမှန်တကယ် ဖြေရှင်းနိုင်ရင် သူမက သူ့ကို လက်ထပ်ရမှာလား။

ထိုအတွေးများကြောင့် ချူးယုချင် အလွန်စိတ်ရှုပ်ထွေးလာခဲ့သည်။ လုချန်းက ချူးယွဲ့၏သားဖြစ်သည်ကိုလည်း သတိရမိလိုက်သည်။

သူမစိတ်ထဲတွင် မပြတ်သားမှုများ ရှိနေသေးသော်လည်း ထိုအတွေးများကို စွန့်လွှတ်လိုက်သည်။ ချူးယွဲ့က သူမအား လုချန်းကို ဂရုစိုက်ရန် ပြောခဲ့ပြီး မည်သို့ဂရုစိုက်ရမည်ကို အတိအကျ မပြောပြခဲ့ပေ။ ထို့ပြင် သူမငယ်စဉ်က ချူးယွဲ့က သူမအား လုချန်းနှင့် လက်ထပ်ကာ တစ်သက်လုံး သူ့ကို စောင့်ရှောက်ရန် ပြောခဲ့ဖူးသည်။

လုချန်း ကောလာဟလများကို အမှန်တကယ် ဖြေရှင်းနိုင်လျှင် သူ့ကို လက်ထပ်ခြင်းက ပြဿနာမရှိပေ။

ချူးယုချင် ပိုမိုတွေးမိလေလေ သူမ၏မျက်နှာ ပိုနီမြန်းလာပြီး ခန္ဓာကိုယ်တွင် အပူဓာတ်များ တက်လာသည်။ မနေ့ညက သူမမြင်ခဲ့ရသော မြင်ကွင်းကို ပြန်သတိရမိသောအခါ ပို၍ပင် ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

ချူးယုချင်၏ ပုံမှန်မဟုတ်သော အပြုအမူကို လုချန်း သတိပြုမိသော်လည်း နှစ်ရက်တိုင်တိုင် စစ်တိုက်ခဲ့ပြီးနောက် သူ၏စိတ်သည် အချို့သော အပြုအမူများအတွက် အဆင်သင့်မဖြစ်သေးပေ။

လုချန်းက

“ကျွန်တော့်မှာ အလုပ်တွေ ရှိသေးလို့ ဒေါ်လေးချူး။”

ထိုအခါ ချူးယုချင် ရုတ်တရက် သတိဝင်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“အိုး။ ဟုတ်ပြီ။ ဒါဆို ဒေါ်လေး မနှောင့်ယှက်တော့ဘူး။”

ထို့နောက် ချူးယုချင်သည် စာကြည့်ခန်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ အကယ်၍ သူမ ဆက်နေပါက သူမ၏ရှက်ရွံ့ဖွယ် အခြေအနေကို ဖော်ပြမိနိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

........

အခန်း (၃၇၅)

ကျွန်မ မင်းသားကို အကြံဉာဏ်တောင်းမှာပါ (၁)

ချူးယုချင် စာကြည့်ခန်းမှ ထွက်ခွာသွားပြီးနောက် လုချန်း တစ်ချက်သမ်း‌ဝေလိုက်သည်။

နှစ်ရက်တာလုံး အလုပ်များပြီးနောက် ပင်ပန်းနွမ်းနယ်မှုကို လုချန်းသိသိသာသာ ခံစားနေရသည်။

“ဒီလိုဆက်‌နေလို့မဖြစ်ဘူး။ ငါ နည်းနည်းအိပ်ဖို့လိုတယ်” ဟုရေရွတ်လိုက်သည်။

ထိုသို့တွေးကာ စာကြည့်ခန်းမှ ထွက်လိုက်ပြီး တံခါးဝရှိ အစေခံမိန်းကလေးအား

“တုန်းဖန်လုံယွဲ့ကို နေ့လည်ကျော်လောက်မှ စာကြည့်ခန်းကိုလာဖို့ အထူးကိုယ်ရံတော်ကို မှာခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့ မင်းသား။”

အစေခံကို မှာကြားပြီးနောက် နွေဦးအသံအဆောင်သို့ လုချန်း ဦးတည်သွားလိုက်သည်။

နွေဦးအသံအဆောင်သို့ ရောက်သောအခါ ရဲလိနန်ရန်က ပင်မဆောင်ဆီသွားရန် ပြင်ဆင်နေချိန်ဖြစ်သည်။ လုချန်း ဝင်လာသည်ကို မြင်သောအခါ ရဲလိနန်ရန် အံ့သြသွားခဲ့သည်။

လုချန်းက

“ကိုယ့်ဇနီးက ဒီလောက်စောစော ထတာလား။”

ရဲလိနန်ရန်က လုချန်းအား သေချာစွာ ကြည့်လိုက်သည်။ နံနက်စောစော သူမဆီကို လာခြင်းမှာ ကောင်းသည့်အရာတစ်ခု မဟုတ်ဟု သူမထင်မိသည်။

ဒီကောင်လေး နွေဦးအသံအဆောင်သို့ လာသည့်အခါတိုင်း သူမအား မကောင်းမှုများ ပြုလုပ်တတ်သည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

ရဲလိနန်ရန်နားသို့ လုချန်းရောက်သောအခါ သူမ၏ နူးညံ့နွေးထွေးသော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ဝါဂွမ်းကို ပွေ့ဖက်သကဲ့သို့ နူးညံ့သည်။

ထို့နောက် ရဲလိနန်ရန်ကို ပွေ့ဖက်လျက် အိပ်ရာဆီသို့ လျှောက်သွားရင်း

“ဒီနှစ်ရက်လုံး ကောင်းကောင်းမအိပ်ခဲ့ရဘူး။ နန်ရန့်ကို ခေါင်းအုံးအဖြစ် အသုံးပြုမယ်။”

“မင်းသားကို ပြုစုရတာ ကျွန်မဂုဏ်ယူပါတယ်”

နောက်ထပ်စကားမပြောတော့ပဲ အိပ်ရာပေါ်ရောက်သည်နှင့် ရဲလိနန်ရန်က လုချန်းအား အဝတ်များ ကူချွတ်‌ပေးလိုက်သည်။ အိပ်ရန်သာဖြစ်သော်လည်း လုချန်းက အဝတ်အစားမပါပဲ အိပ်လိုပြီး ခန္ဓာကိုယ်ချင်း ကပ်နေခြင်းဖြင့် သူမ၏အပူဓာတ်ကို တိုက်ရိုက်ခံစားလိုသည်ကို ရဲလိနန်ရန်သိသည်။

ထို့နောက် နှစ်ဦးစလုံး အိပ်ရာပေါ်လှဲလိုက်ကာသောအခါ လုချန်းက ရဲလိနန်ရန်၏ခါးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူမ၏ နူးညံ့သောရင်ခွင်တွင် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

လုချန်း အိပ်ပျော်သွားသည်ကို မြင်သောအခါ ရဲလိနန်ရန်က သူ့ကို ငုံ့ကြည့်ကာလက်ဖြင့် သူ၏အနက်ရောင် ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ လုချန်း၏ ချောမောလှပသော မျက်နှာကို ကြည့်ရင်း ရဲလိနန်ရန်၏ မျက်နှာတွင်

အပြုံးတစ်ခု မထိန်းနိုင်ပဲ ပေါ်လာခဲ့သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်သို့ ပထမဆုံးရောက်ရှိချိန်က သူမတွင် စိုးရိမ်ပူပန်မှုများစွာ ရှိခဲ့သည်။ မြောက်ပိုင်းနယ်စားမင်းသားက ကြမ်းတမ်းစွာ ဆက်ဆံမည့်သူဖြစ်မည်ကို ကြောက်ရွံ့ခဲ့သည်။ သို့သော် ယခုအခါတွင် သူမ၏ စိုးရိမ်ခဲ့မှုအားလုံးမှာ အဓိပ္ပယ်မရှိဟု ထင်ရသည်။

ဟုတ်ပါသည်။ လုချန်းက သူမနှင့် ကြမ်းတမ်းစွာ ဆက်ဆံခဲ့သော်လည်း သူသည် ထာဝရတန်ခိုးရှင် နည်းလမ်းဖြင့် ကုသပေးသောကြောင့် သူမ၏ခန္ဓာကိုယ် မသက်မသာဖြစ်မှု မရှိပေ။

သူမ ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စုတွင် ရှိခဲ့သည့် အာဏာမျိုးကို မရှိတော့သော်လည်း မြောက်ပိုင်းနယ်စားမင်းသား စံအိမ်တွင် ပိုမိုများပြားသော အရာများကို သူမ ရရှိခဲ့သည်။ ဥပမာ သူမလိုချင်သောဘဝ၊ သူမတောင့်တနေသော ပျော်ရွှင်မှုများ၊ မြက်ခင်းပြင်ပေါ်တွင် ဘယ်တော့မျှ မရနိုင်ခဲ့သော ဘဝနေထိုင်မှု စသည်ကဲ့သို့သော အခြေအနေများဖြစ်သည်။

ထိုအချိန်တွင် နေရောင်ခြည်က ပြတင်းပေါက်မှ တိုးဝင်လာပြီး လုချန်း၏ မျက်နှာပေါ်သို့ ကျရောက်လာကာ သူ၏ မျက်ခွံများ တဖျတ်ဖျတ် လှုပ်ရှားသွားသည်။ ထိုအရာကိုမြင်သောအခါ ရဲလိနန်ရန်က ချက်ချင်း နေရောင်ကိုလက်ဖြင့်ကာလိုက်သည်။

လုချန်း ဤမျှနှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို မြင်ရသောအခါ ယခုလိုနေ့ရက်များ အစဉ်ထာဝရ ဆက်လက်တည်ရှိ‌စေချင်စိတ်များ ရဲလိနန်ရန်ထံ၌ ပြင်းပြလာခဲ့သည်။

လုချန်းသည် နယ်စားတစ်ဦးအဖြစ်သာ ရပ်တန့်‌နေမည် မဟုတ်ပဲ နောင်တစ်ချိန်တွင် ဧကရာဇ်ဖြစ်လာမည်ကို ရဲလိနန်ရန်သည် ကောင်းစွာသိထားသည်။

တစ်နေ့တွင် လုချန်း ဧကရာဇ်ဖြစ်လာပါက သူမသည် ပိုမိုများပြားသော မိဖုရားများနှင့် သူ့ကိုမျှဝေရမည်ဖြစ်၏။ ထို့ပြင် သူမအား ယခုကဲ့သို့ ချစ်မြတ်နိုးဦးမည်လားဆိုသည်က မသေချာပေ။

ထို့ပြင် လူတို့သည် အချိန်နှင့်အမျှ ပြောင်းလဲတတ်သည်။ ဧကရာဇ်၏ နှလုံးသားက အေးစက်သွားတတ်သည်ဆိုသော စကားပုံအတိုင်း လုချန်း ဧကရာဇ်ဖြစ်လာပြီး‌နောက်ပိုင်း သူ၏စိတ်ထားများ ကြီးမားစွာ ပြောင်းလဲသွားနိုင်၏။ ထိုအခါ နန်းတွင်းသူနန်းတွင်းသားများအား ယခုကဲ့သို့ ဆက်ဆံဦးမည်လားဆိုသည်က မေးခွန်းထုတ်စရာဖြစ်သည်။

ထိုအတွေးများက ရဲလိနန်ရန်အား စိုးရိမ်မှုအနည်းငယ် ဖြစ်စေခဲ့သည်။

ရဲလိနန်ရန်၏ နူးညံ့သော ခန္ဓာကိုယ်ခေါင်းအုံးကို ပွေ့ဖက်လျက် နံနက်ခင်းတစ်ခုလုံး လုချန်း နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့သည်။ ထိုအချိန်တွင် လုချန်း၏ စာကြည့်ခန်းသို့ တုန်းဖန်လုံယွဲ့ ရောက်ရှိနေပြီဖြစ်ပြီး သူ့ကိုစောင့်ဆိုင်းသည်။

မြောက်ပိုင်းနယ်စားမင်းသား သူမကို အရေးတကြီး ခေါ်ယူရသည့်အကြောင်းအရာကို တုန်းဖန်လုံယွဲ့ သိလိုစိတ် ပြင်းပြနေသည်။

သို့သော် နာရီဝက်ကြာ စောင့်ဆိုင်းပြီး‌ သော်လည်း လုချန်း ပေါ်မလာသေးပေ။

ထိုအတောအတွင်း...

နွေဦးအသံအဆောင်။

နာရီပိုင်းမျှသာ အိပ်စက်ခဲ့သော်လည်း လုချန်း၏ ပင်ပန်းနွမ်းနယ်မှုများ သိသိသာသာ လျော့ပါးသွားပြီဖြစ်သည်။ ဖြည်းဖြည်းချင်း သူ၏ မျက်လုံးများကိုဖွင့်လိုက်တော့ ရဲလိနန်ရန်က သူ့ကို နွေးထွေးစွာ ကြည့်ရှုနေသည်ကို သတိပြုမိလိုက်သည်။

“အခုဘယ်နှစ်နာရီရှိပြီလဲ။”

“နေ့လည်ခင်းပါ။ မင်းသား တီထွင်ထားတဲ့ အချိန်တွက်နည်းအရဆိုရင် နေ့လည် ၁ နာရီခွဲဖြစ်နေပါပြီ။”

ရဲလိနန်ရန်၏ အဖြေကိုကြားလိုက်ရသည်နှင့် တုန်းဖန်လုံယွဲ့ စာကြည့်ခန်းတွင် စောင့်မျှော်နေလောက်ပြီဖြစ်ကြောင်းကို လုချန်း သတိရလိုက်သည်။ သူချက်ချင်း သူမ၏ခန္ဓာကိုယ်ကိုခွာ၍ ထလိုက်သည်။

လုချန်း အိပ်ငိုက်နေသကဲ့သို့ ရှိနေသေးသည်။ ရဲလိနန်ရန်က နူးညံ့စွာဖြင့်

“နောက်ထပ်နည်းနည်း အိပ်ချင်သေးလား မင်းသား”

ဟု မေးလိုက်သည်။

“စာကြည့်ခန်းမှာ အလုပ်ကိစ္စ ဆွေးနွေးဖို့ ချိန်းထားတယ်။ မအိပ်တော့ဘူး။”

ထိုသို့ပြောရင်း တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ လုချန်းက ပြုံးရင်း

“ကိုယ်ဒီည နွေဦးအသံ အဆောင်ကို ထပ်လာမယ်။”

ထိုအခါ ရဲလိနန်ရန်၏ မျက်နှာတွင် နီရဲမှုများ ပေါ်ထွက်လာသည်။

“ကျွန်မ မင်းသားကို စောင့်မျှော်နေပါမယ်။”

ထို့နောက် လုချန်းလည်း အချိန်မဆွဲတော့ပဲ ချက်ချင်းအိပ်ရာမှ ထလိုက်၏။ ရဲလိနန်ရန်က သူ့ကို အဝတ်အစားများ ဝတ်ဆင်ပေးရန် အလျင်အမြန် ကူညီလိုက်သည်။

မကြာမီတွင် လန်းဆန်းတက်ကြွနေသော လုချန်း စာကြည့်ခန်းတွင် ပေါ်ထွက်လာခဲ့သည်။

လုချန်းရောက်ရှိလာသည်ကို တွေ့မြင်သောအခါ တုန်းဖန်လုံယွဲ့က ချက်ချင်းပင်

“မင်းသားကို ဂါရဝ ပြုပါတယ်။”

လုချန်းက ပြုံး၍

“လုံယွဲ့ကို စောင့်ခိုင်းရတာတောင်းပန်ပါတယ်။”

“ကျွန်မ အခုမှရောက်ခါစ ရှိပါသေးတယ်။”

လုချန်းက စားပွဲနားတွင် ထိုင်လိုက်ပြီးနောက်

“မင်းကိုခေါ်တာက အရေးကြီးတဲ့တာဝန်တစ်ခု အပ်နှံဖို့ပါ”

“ညွှန်ကြားပါ မင်းသား။ ကျွန်မ အပြည့်အဝကြိုးစားအားထုတ်ပါမယ်။”

“တုန်းဖန်မိသားစုအောက်မှာ သတင်းစာတိုက်တစ်ခု တည်ထောင်ဖို့ ကျွန်တော် စီစဉ်နေတယ်”

........

All Chapters