အခန်း ၃၉၁-၃၉၃
Vol. 27 Ch. 391-393
အခန်း (၃၉၁)
မင်းအရမ်းလှတာပဲ ရွန်ရွန် (၂)
သူ၏ မှန်းဆချက်မှန်မမှန်ကို လုချန်း သေချာမသိသေးပေ။
ထိုအချိန်တွင် သူက ခပ်ဝေးဝေးမှ မသေဆုံးသေးသော အရိပ်ကိုယ်ရံတော်များကို လုချန်း လှမ်းကြည့်လိုက်သည်။ သူ၏ စိတ်စွမ်းအားဖြင့် ထိုအရိပ်ကိုယ်ရံတော်များကို ဒဏ်ရာရစေခဲ့သော်လည်း အချို့မှာ ချက်ချင်းမသေပဲ ရှိနေသေးသည်။
လုချန်းက ထိုအရိပ်ကိုယ်ရံတော်များထံသို့ ချဉ်းကပ်သွားပြီး လှုပ်ရှားနေ သေးသော အရိပ်ကိုယ်ရံတော်တစ်ဦးကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ခင်ဗျား အသက်ရှင်ချင်လား"
ထိုအရိပ်ကိုယ်ရံတော်က လျင်မြန်စွာ ဖြေကြားလိုက်သည်။
"ကျွန်တော့်အသက်ကို ချမ်းသာပေးပါ မင်းသား။"
လုချန်းက ပြုံးလိုက်ကာ
" ခင်ဗျားအသက်ကို ချမ်းသာပေးမယ်။ သွေးကြောက်ပေါက်ဆေးလုံး သောက်ပြီး သွေးပွက်မီးလျှံစွမ်းအားကို အသုံးပြုလိုက်ပါ။ ပြီးရင် မင်းကို လွှတ်ပေးမယ်။"
ထိုစကားကို ကြားလိုက်ရသည့် အရိပ်ကိုယ်ရံတော်လည်း လုချန်း ဘာလုပ်ချင်နေသည်ကို နားမလည်သော်လည်း ချက်ချင်း သူ၏ရင်ဘတ်ထဲမှ သွေးပေါက်ဆေးလုံးကို ထုတ်ယူပြီး မျိုချလိုက်သည်။
သွေးကြောပေါက် ဆေးလုံးကို မျိုချပြီးနောက် သွေးပွက်မီးလျှံစွမ်းအားကိုလည်း အသုံးပြုလိုက်သည်။ နောက်ခဏခန့်တွင် သူ၏မျက်လုံးများ သွေးနီရောင်ပြောင်းသွားပြီး သူ၏စွမ်းအားများ တိုးမြှင့်လာသဖြင့် ဒဏ်ရာများ၏ နာကျင်မှုမှာ ယခင်ကထက် သိသိသာသာ လျော့နည်းသွားသည်ကို ခံစားရသည်။ ရုတ်တရက် ပို၍သက်သောင့်သက်သာ ဖြစ်သွားသည်ဟု သူ ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူက မြေပြင်ပေါ်မှ ထလာပြီး သတိထားကာ မေးမြန်းလိုက်သည်။
"ကျွန်တော် အခု ထွက်သွားလို့ရပြီလား မင်းသား။"
လုချန်းက ရယ်မောကာ
"ခင်ဗျား သွားလို့ရပြီ။"
မြောက်ပိုင်းနယ်စားမင်းသားက သူ့ကို အမှန်တကယ် လွှတ်ပေးလိုက်သည်ကို တွေ့လိုက်ရသော်လည်း လုချန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း ဝေးရာသို့ ပြေးသွားလိုက်သည်။
သို့သော် သူ ဝေးဝေးမပြေးရသေးမီ သူ၏ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွားပြီး အပိုင်းပိုင်းကွဲထွက်၏။ ခုနက ဝမ်ကျန်းတောင် ကြုံတွေ့ခဲ့ရသည့် ကံကြမ္မာမျိုးပင်ဖြစ်သည်။
လုချန်း အနည်းငယ် ရယ်မောလိုက်သည်။ ယခု သူတို့အား အလိုအလျောက် ပေါက်ကွဲမှုကို ဖြစ်စေသည့် အခြေအနေကို အခြေခံအားဖြင့် အတည်ပြုနိုင်ပြီဖြစ်သည်။ သွေးကြောပေါက်ဆေးလုံးကို သောက်ပြီး သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုလိုက်သည်နှင့် သူတို့ ပေါက်ကွဲသေဆုံးကြမည်ဖြစ်သည်။
သူ၏ဖခင်တွင် ထိုကဲ့သို့ နည်းလမ်းမျိုးရှိနေမည်ဟု လုချန်း မျှော်လင့်မထားခဲ့ပေ။ ထို့နောက် လုချန်းက ပိုင်ချင်းချင်းထံသို့ ပြန်သွားပြီး သူမ၏လက်ကို ထပ်ကိုင်ကာ သူမ၏ခန္ဓာကိုယ်ကို ဒုတိယအကြိမ် စစ်ဆေးလိုက်သည်။ သို့သော် သူမ၏ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အရာများ မတွေ့ရှိခဲ့ပေ။ ပိုင်ချင်းချင်း၏ခန္ဓာကိုယ်သည် အလွန်ကျန်းမာပြီး အဆိပ်သင့်နေသည့် လက္ခဏာများ မတွေ့ရှိခဲ့ပေ။
လုချန်း စိတ်ရှုပ်ထွေးစွာဖြင့် တွေးမိသည်။ ပိုင်းချင်းချင်း သွေးကြောပေါက်ဆေးလုံးကို မသောက်ထားပါကလည်း အလိုလျောက် ပေါက်ကွဲမှုကို ဖြစ်စေသော အရာဝတ္ထုက သူမ၏ ခန္ဓာကိုယ်အတွင်း ရှိနေရမည်။ သူ ပိုင်ချင်းချင်း၏ခန္ဓာကိုယ်အတွင်း အကြိမ်ကြိမ် စစ်ဆေးသော်လည်း ဘာမှ မတွေ့ရှိခဲ့ရပေ။
ထိုအချိန်တွင် လုချန်း၏ စိတ်ထဲ၌ ရဲရင့်သော မှန်းဆချက်တစ်ခု ပေါ်ပေါက်လာ၏။ သူ၏ စနစ်ကို မေးမြန်းလိုက်သည်။
"စနစ်။ ကျွန်တော့်ရဲ့ အဆိပ်ခံနိုင်ရည်ရှိသော ခန္ဓာကိုယ်က အခြားသူတွေရဲ့ အဆိပ်ကို ဖြေပေးနိုင်လား။"
[ဟုတ်ကဲ့။ သခင်၏ ခန္ဓာကိုယ်မှ အရည်များသည်လည်း အဆိပ်ဖြေနိုင်စွမ်း ရှိပါသည်။]
စနစ်၏ အဖြေကို ကြားလိုက်ရသည်နှင့် လုချန်း အရာရာကို နားလည်သွားသည်။
ပိုင်ချင်းချင်း၏ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အရာများ မတွေ့ရှိရခြင်းမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။
ထို့နောက် လုချန်းက အခြားအရိပ်ကိုယ်ရံတော်တစ်ဦးထံသို့ သွားပြီး သူ၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်ကာ စွမ်းအားကို စုပ်ယူလိုက်သည်။ ထိုအချိန်တွင် ပိုင်ချင်းချင်း ပြောပြခဲ့သော အဆိပ်ကို စမ်းသပ်တွေ့ရ်ှိလိုက်ရသည်။
အရိပ်ကိုယ်ရံတော်၏ အတွင်းအား ချက္ကရ အတွင်းတွင် အမည်းရောင် အရာဝတ္ထုတစ်ခုကို လုချန်း တွေ့ရှိလိုက်သည်။ သူက ခေါင်းလှည့်ကာ ပိုင်ချင်းချင်းကို ပြောလိုက်သည်။
"ပိုင်။ မင်းဆီမှာ သွေးကြောပေါက်ဆေးလုံးရှိလား။"
ထိုအခါ ပိုင်ချင်းချင်းက သူမ၏အင်္ကျီလက် အတွင်းမှ သွေးကြောပေါက် ဆေးဘူးကို ထုတ်ယူကာ လုချန်းထံသို့ ပစ်လိုက်သည်။ လုချန်းက ဆေးဘူးကိုဖမ်းယူလိုက်ပြီး အဖုံးဖွင့်ကာ အရိပ်ကိုယ်ရံတော်၏ပါးစပ်ထဲသို့ ဆေးပြားများကို ထည့်သွင်းလိုက်ကာ
"အသက်ရှင်ချင်ရင် သွေးပွက်မီးလျှံ စွမ်းအားကို သုံးလိုက်ပါ"
ဟု ပြောလိုက်သည်။
အရိပ်ကိုယ်ရံတော်သည် သေလုမြောပါးအခြေအနေရောက်နေပြီဖြစ်ရာ အသက်ရှင်နိုင်ရန်အတွက် သွေးပွက်မီးလျှံစွမ်းအားကို မတွန့်ဆုတ်ပဲ အသုံးပြုလိုက်သည်။ ခဏအကြာတွင် သူ့ခန္ဓာကိုယ်အတွင်းရှိ အမည်းရောင်ဒြပ်များ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး သူစားသုံးလိုက်သော သွေးကြောပေါက်ဆေးပြားများနှင့် ရောစပ်သွားသည်။ ထို့နောက် အရိပ်ကိုယ်ရံတော်၏ ခန္ဓာကိုယ်လည်း ဖောင်းကားလာသည်။
လုချန်းက အရိပ်ကိုယ်ရံတော်ကို ဝေးရာသို့ကန်ထုတ်ပစ်လိုက်သည်။ ထိုအရိပ်ကိုယ်ရံတော်၏ စွမ်းအားအာလုံးနီးပါး စုပ်ယူပြီးဖြစ်သောကြောင့် ဝမ်ကျန်းတောင်နှင့် အခြားအရိပ်ကိုယ်ရံတော်များကဲ့သို့ ပေါက်ကွဲမသွားပေ။ အတွင်းပိုင်း ပေါက်ကွဲမှုသာဖြစ်ခဲ့ပြီး မျက်စိ၊နား၊နှာခေါင်း၊ပါးစပ်တို့မှ သွေးများအလုံးအရင်းနှင့် စီးထွက်လာသည်။
ထိုအခြေအနေကို မြင်ပြီးနောက် ဆွမ်ဧကရာဇ်၏ အရိပ်ကိုယ်ရံတော်များကိုထိန်းချုပ်သည့်နည်းလမ်းအား သူသဘောပေါက်သွားပြီဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အရိပ်ကိုယ်ရံတော်များ သွေးကြောက်ပေါက်ဆေးပြားကိုသုံးပြီး သွေးပွက်မီးလျှံ စွမ်းအားကို အသုံးပြုပါက သေရမည်မှာ မလွဲဧကန်ဖြစ်သည်။
သို့သော် သူ၏ဖခင်သည် သူတို့ဘာသာ လိုလိုလားလား သစ္စာဖောက်နိုင်မည့် အခြေအနေကို မစဉ်းစားဖူးဘူးလား။ ဥပမာအားဖြင့် ပိုင်ချင်းချင်းကဲ့သို့ ဆန္ဒအလျောက်သစ္စာဖောက်ခြင်းမျိုးဖြစ်သည်။ လိုလိုလားလား သစ္စာဖောက်ခြင်းဖြင့် အသက်ဘေးနှင့်ရင်ဆိုင်ရန် မလိုအပ်ပေ။ ကိုယ့်ကိုယ်ကို ပေါက်ကွဲစေနိုင်သည့် အခြေအနေများကို မဖြစ်ပေါ်စေနိုင်ပေ။
ပိုင်ချင်းချင်းကတော့ အခုသွေးကြောပေါက်ဆေးနှင့် သွေးပွက်မီးလျှံ စွမ်းအားကို တစ်ပြိုင်နက်တည်း အသုံးပြုပါကလည်း သူ့ကိုယ်သူ ပေါက်ကွဲစေမည်မဟုတ်ပေ။ အကြောင်းမှာ သူမ၏ခန္ဓာကိုယ်တွင် အမည်းရောင်ဒြပ်များ မရှိတော့သောကြောင့်ဖြစ်သည်။ လုချန်းနှင့် အကြိမ်များစွာ နေခဲ့ရပြီးနောက် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များ အားလုံး ကင်းစင်သွားပြီဖြစ်သည်။
ထိုအချိန်တွင် လုချန်းက မြေကြီးပေါ်တွင် လဲကျနေသေးသော အရိပ်ကိုယ်ရံတော်များထံမှ စွမ်းအားအားလုံးကို ဆက်လက်စုပ်ယူလိုက်သည်။
အရိပ်ကိုယ်ရံတော်များကို ကိုင်တွယ်ပြီးနောက် သူ၏ကိုယ်ရံတော်တစ်ဦးက
"အခုတပ်စခန်းကို ဆက်သွားမှာလား မင်းသား"
ဟု မေးလာသည်။
လုချန်းက တပ်စခန်းသို့ဆက်သွားရန် ပြော တော့မည့် အချိန်တွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင် မခံမရပ်နိုင်အောင် ပူလောင်နေသည်ကို သတိထားမိလိုက်သည်။
ဒါက ကြီးကျယ်သော ပြဿနာတော့ မဟုတ်ပါ။ တစ်ခဏအတွင်း စွမ်းအားများစွာကို စုပ်ယူပြီးနောက် ချက်ချင်းမချေဖျက်နိုင်သောကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေမျိုးဖြစ်သည်။ ယခင်ကလည်း စွမ်းအားများစုပ်ယူပါက ထိုကဲ့သို့ဖြစ်တတ်သည်။
ဖြေရှင်းနည်းမှာ ရိုးရှင်းသည်။ လုချန်းက ခပ်လှမ်းလှမ်းတွင် ရှိနေသော ပိုင်ချင်းချင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ့ကိုယ်သူထိန်းချုပ်ကာ ပိုင်ချင်းချင်းကို လှည်းအတွင်းသို့ဝင်ရန် မပြောပဲ သူ့ဘာသူ လှည်းပေါ်သို့ပြန်တက်ကာ ကိုယ်ရံတော်များအား
"လူနှစ်ယောက်ကို တပ်စခန်းလွှတ်ပြီး အလောင်းတွေ ရှင်းလင်းခိုင်းဖို့ သတင်းပို့ပါ။ ကျန်တဲ့လူတွေက မင်းသားစံအိမ်ပြန်မယ်။"
...............
အခန်း (၃၉၂ )
မင်းအရမ်းလှတာပဲ ရွန်ရွန် (၃)
ထို့နောက် လုချန်းနှင့် ပိုင်ချင်းချင်းတို့လည်း မင်းသားစံအိမ်သို့ ပြန်လာခဲ့ကြသည်။
မင်းသားစံအိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် ဝမ်ရွန်အဆောင်သို့ လုချန်းတိုက်ရိုက်သွားခဲ့သည်။
သူ ပိုင်ချင်းချင်းကို မထိခဲ့ပါ။ ချန်ဝမ်ရွန်နှင့် အလုပ်ကိစ္စ ပြောစရာ ရှိသည့်အပြင် သူစုပ်ယူထားသော စွမ်းအားများက ချန်ဝမ်ရွန်၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်သောကြောင့် ဝမ်ရွန်အဆောင်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အချိန်တန်လျှင် ချန်ဝမ်ရွန်သည် သူနှင့်အတူ မြောက်ပိုင်းသို့ ခရီးဆက်ရမည် ဖြစ်သဖြင့် သူမ၏ စွမ်းရည်မြင့်မားလေလေ လွင်ပြင်ဒေသမျိုးနွယ်စုများ၏ ထျန်းချီဘုရင်ကို အနိုင်ယူနိုင်မည့် အခွင့်အလမ်းများလေလေ ဖြစ်သည်။
ဝမ်ရွန်အဆောင်သို့ ရောက်သောအခါ အဆောင်ငယ် တစ်ခုထဲတွင် ထိုင်ကာ လှပသော လက်ချောင်းလေးများဖြင့် တူရိယာကြိုးများကို ညင်သာစွာ တီးခတ်နေသော ချန်ဝမ်ရွန်ကို လုချန်းတွေ့မြင်လိုက်ရသည်။
ချန်ဝမ်ရွန် သည် ပုံမှန်အတိုင်းပင် နှင်းထက်ပင်ဖြူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျက်သရေရှိသော ရုပ်ဆင်းသဏ္ဍန်ဖြင့် မြင့်မြတ်သော နတ်သမီးတစ်ပါးကဲ့သို့ ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသည်။
အရင်က ချန်ဝမ်ရွန်ကို မြင်ပါက လုချန်း ၏စိတ်ထဲတွင် မသင့်တော်သော အတွေးများ မရှိသလောက်ဖြစ်ခဲ့သည်။ သူမထံမှ သန့်ရှင်းမြင့်မြတ်သော စွမ်းအားများက သူ့စိတ်နှလုံးကို သန့်စင်ပေးသည်ဟု ခံစားရသောကြောင့်ဖြစ်သည်။
သို့သော် ချန်ဝမ်ရွန် နှင့် တစ်ကြိမ်နေပြီးနောက်ပိုင်းတွင် သူမကိုမြင်သောအခါ ခံစားချက်များ ပြောင်းလဲသွားခဲ့သည်။ ထိုနတ်သမီးလေးကို အောင်နိုင်လိုသော သူမ၏ဂုဏ်သိက္ခာကို ထိပါးလိုသော မကောင်းသောအတွေးများ ဝင်လာခဲ့သည်။
တူရိယာတီးနေသော ချန်ဝမ်ရွန်လည်း တစ် ယောက်ယောက် အဆောင်ထဲသို့ဝင်လာသည်ကို သတိပြုမိသွားပြီး တူရိယာ တီးခတ်ခြင်းကို ရပ်လိုက်၏။ လုချန်းဝင်လာသည်ကို သူမ မြင်လိုက်ရပြိီဖြစ်သည်။
လုချန်းကို မြင်သောအခါ ချန်ဝမ်ရွန် က မျက်နှာအမူအယာ မပါပဲ
“ဘာကိစ္စရှိလို့လဲ မင်းသား”
ဟု မေးလိုက်သည်။
ချန်ဝမ်ရွန်က သူ့ကိုအေးစက်စွာဆက်ဆံခြင်း မဟုတ်ပေ။ ဒါက သူမ၏ပင်ကိုစရိုက်ဖြစ်သည်။ သူမ လုချန်း၏အကျဉ်းသားဖြစ်နေသော်လည်း ရုတ်တရက် သူ့ကိုပြုံးပြီး ကြိုဆိုနိုင်မည် မဟုတ်ပေ။
ထိုအချိန်တွင် လုချန်းက ပြုံးရင်းပြောလိုက်သည်။
“တိုင်ပင်စရာရှိလို့လာတာ။ ချန်မိန်းကလေး အချိန်နည်းနည်း ပေးနိုင်မလား။”
ချန်ဝမ်ရွန်က စူးစမ်းသော အကြည့်ဖြင့်
“မင်းသားက ကျွန်မနဲ့ ဘာတိုင်ပင်ချင်တာလဲ”
ဟု မေးလိုက်သည်။
လုချန်းက
“ဒီမှာပြောရတာ မသင့်တော်ဘူး။ အခန်းထဲမှာပြောကြမယ်။”
ထိုစကားကိုကြားရသောအခါ ချန်ဝမ်ရွန် က လုချန်းကို ကြည့်လိုက်သည်။ လုချန်းတွင် မသင့်တော်သော အကြံအစည်များရှိနေနိုင်သည်ဟု သူမ ခံစားရသော်လည်း သူက သူမကို “ရွန်ရွန်” ဟုမခေါ်ပဲ “ချန်မိန်း ကလေး” ဟုခေါ်နေသဖြင့် သူ့တွင်အရေးကြီးသော အကြောင်းအရာ အမှန်တကယ် ရှိသည်ဟု သူမ ထင်မိသည်။
ထိုအတွေးဖြင့် ချန်ဝမ်ရွန် ထလိုက်ပြီး သူမ၏အခန်းဆီသို့ လျှောက်သွားရင်း
“မင်းသား ကျွန်မနောက်ကနေ လိုက်လာနိုင်ပါတယ်။”
လုချန်းက မတွန့်ဆုတ်ပဲ နောက်မှလိုက်သွားသည်။
မကြာမီ ချန်ဝမ်ရွန် နှင့် လုချန်းတို့ အခန်းထဲသို့ ရောက်ရှိသွားကြသည်။ အခန်းထဲရောက်သည်နှင့် လုချန်းက အခန်းတံခါးကို ပိတ်လိုက်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန် က လုချန်းကို လှည့်ကြည့်ကာ
“မင်းသားက ဘာပြောချင်တာလဲ...”
ချန်ဝမ်ရွန်၏ စကားမဆုံးမီ လုချန်းလည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ မငြိမ်မသက်ဖြစ်နေသော စွမ်းအားကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပဲ ချန်ဝမ်ရုန်း၏ နူးညံ့သောခါးကို ပွေ့ဖက်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။
“အမ်...”
ချန်ဝမ်ရွန် အလွန်အံ့အားသင့်သွားသည်။ လုချန်းတွင် တကယ့်အလုပ်ကိစ္စရှိသည်ဟု ထင်ခဲ့သော်လည်း အခန်းထဲရောက်သည်နှင့် သူ၏မျက်နှာအမှန်ကို ပြလိုက်သည်။
သို့သော် ချန်ဝမ်ရွန် အပြင်းအထန် မခုခံခဲ့ပေ။ အကြောင်းမှာ လုချန်းက သူ၏ စွမ်းအားများကို သူမထံသို့ လွှဲပြောင်းပေးနေသည်ကို ခဏအကြာတွင် သိရှိသွားသောကြောင့်ဖြစ်သည်။
လုချန်းက ချန်ဝမ်ရွန်ကို နမ်းရင်း သူမ၏ခန္ဓာကိုယ်ကို အိပ်ရာဘက်သို့ တဖြည်းဖြည်းတွန်းသွားသည်။ ချန်ဝမ်ရွန်လည်း နောက်ဆုတ်စရာ မရှိတော့သည့်အခါ အိပ်ရာပေါ်သို့ ရောက်သွား၏။ လုချန်းက သူမကို ဖြည်းညင်းစွာ အိပ်ရာပေါ်တွင် လှဲချလိုက်ကာ သူ၏အောက်တွင် လှဲနေသော အေးစက်သည့် နတ်သမီးကို စိုးမိုးသည့်အကြည့်ဖြင့် ငေးကြည့်လိုက်သည်။
ထိုအချိန်တွင် ချန်ဝမ်ရွန်၏ မျက်နှာတွင် နီရဲသော အရောင်များ ဖြာထွက်လာသည်။ သူမ၏မျက်နှာသည် အေးစက်နေဆဲဖြစ်သော်လည်း ရေခဲနတ်သမီး၏ မျက်နှာပေါ်က ရှက်ရွံ့မှုက လုချန်း၏ ရင်ကို ပို၍လှုပ်ခတ်စေခဲ့သည်။
ချန်ဝမ်ရွန်က အေးစက်စွာပြောလိုက်သည်။ “မင်းသားက ကျွန်မကို ဒီကိစ္စအတွက်ပဲ ခေါ်တာလား။”
ချန်ဝမ်ရွန်၏မေးခွန်းကို မဖြေပဲ လုချန်းက နောက်တစ်ကြိမ် ကိုင်းညွတ်လိုက်၏။ ဤတစ်ကြိမ်တွင် သူ၏လက်များက ချန်ဝမ်ရွန်၏ အဝတ်အစားများကို ဖြေလျော့ပေးရန် စတင်လုပ်ဆောင်လိုက်သည်။
မြို့တောင်ပိုင်းရှိ လျှို့ဝှက်လဝန်း စား သောက်ဆိုင်တွင် ချန်ဝမ်ရွန်နှင့် ထိုညကို ကုန်ဆုံးပြီးကတည်းက လုချန်း သူမကို ထပ်မံ မထိတွေ့ရသေးသော်လည်း ထိုနတ်သမီးနှင့် ဘဝ၏အဓိပ္ပာယ်ကို ထပ်မံခံစားလိုစိတ် ရှိနေသည်မှာ ကြာပြီဖြစ်သည်။
ချန်ဝမ်ရွန်ကလည်း လုချန်းကို ငြင်းဆန်ခြင်းမရှိပေ။ သူမသည် သူနှင့်ရင်းနှီးပြီးသားဖြစ်သည့်အပြင် ယခု သူ၏အကျဉ်းသားဖြစ်နေပြီဖြစ်သည်။ လုချန်းသည် သူမကို ဘာလုပ်ချင်သည်ဖြစ်စေ လုပ်မည်သာဖြစ်သည်။ လုချန်း၏ ခန္ဓာကိုယ်နှင့် ထိတွေ့သောအခါ သူမ၏စွမ်းအားများ ပိတ်မိသွားပြီး ခုခံနိုင်စွမ်းလည်း မရှိတော့ပေ။
...
အချိန်များ ကုန်လွန်သွားခဲ့သည်။ မည်မျှကြာသွားခဲ့သည်ကို မသိရပေ။
ဝမ်ရွန်ဆောင်အပြင်ဘက်တွင်...
လင်ဝမ်ရွန်နှင့် ချူးယုချင်တို့သည် လွင်ပြင်ဒေသစစ်တပ်များ အရှေ့ဘက်သို့ ချီတက်မည့်ကိစ္စကို ဆွေးနွေးနေကြသည်။ သူတို့သည် စကားပြောရင်း ဝမ်ရွန်ဆောင်ဘက်သို့ လျှောက်လာကြသည်။
ချူးယုချင်က သက်ပြင်းချလိုက်ပြီး
“ဒီတစ်ခါ မြောက်ပိုင်းပြည်နယ်ကိုလာမယ့် လွင်ပြင်ဒေသဘုရင်က အဆင့်လွန်ပညာရှင်တစ်ဦးလို့ ကြားတယ်။ မြောက်ပိုင်းပြည်နယ်စစ်တပ်က သူတို့ကို ခံနိုင်ရည်ရှိပါ့မလားမသိဘူး။”
လင်ဝမ်ရွန်က သူမကို နှစ်သိမ့်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ ယုချင်။ ချန်းလေးလည်း ဒီတစ်ခါ မြောက်ပိုင်းကိုလိုက်သွားမှာပဲလေ။ သူရှိနေရင် ဘာမှဆိုးဆိုးရွားရွား ဖြစ်မှာမဟုတ်ပါဘူး။”
ချူးယုချင်က စိုးရိမ်စွာဖြင့်
“ငါ အစိုးရိမ်ဆုံးက ချန်းလေးရဲ့ ဘေးကင်းမှုပါ။”
စကားပြောရင်း ချူးယုချင် ရုတ်တရက် အကြံတစ်ခု ရသွားပြီး လင်ဝမ်ရွန်ကို ပြန်ပြောသည်။
“လင်... မင်းနဲ့ ချန်မိန်းကလေး မြောက်ပိုင်းကို အတူသွားပြီး ချန်းလေးကို ကာကွယ်ပေးကြပါလား။”
လောလောဆယ် ချူးယုချင်မှာ ထိပ်သီးအဆင့် တစ်ဝက်သာ ဖြစ်နေသေးပြီး သူမ စွမ်းရည်၏ အတိုင်းအတာကို သူမကိုယ်တိုင် သိသည်။ လုချန်းနှင့် မြောက်ပိုင်းသို့ အတူလိုက်သွားလျှင်လည်း သူ၏နေ့စဉ်လိုအပ်ချက်များကိုသာ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး သူ့အား ကာကွယ်နိုင်မည် မဟုတ်ချေ။ ပိုဆိုးသည်က သူ့အတွက် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာနိုင်သည်။
သို့သော် ချန်ဝမ်ရွန်မှာမူ ကွဲပြားသည်။ သူမတွင် လုံလောက်သော စွမ်းအားရှိပြီး လျှို့ဝှက်လဝန်းနန်းတော်၏ နောက်ခံအင်အားလည်း ရှိသည်။ ချန်ဝမ်ရွန် လုချန်းနှင့်အတူ မြောက်ပိုင်းသို့ လိုက်ပါလျှင် လျှို့ဝှက်လဝန်းနန်းတော်၏ အင်အားကို အသုံးပြုကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ ထျန်းချီဘုရင်နှင့် ရင်ဆိုင်နိုင်မည်။
ချူးယုချင်၏ စကားကို ကြားလိုက်ရသည်နှင့် လင်ဝမ်ရွန် အနည်းငယ် ပြုံးသွားပြီး
“နင်က... နင့်ရဲ့ ချန်းလေးအကြောင်းပဲ အမြဲတွေးနေတတ်တာပဲ။”
“နန်းတော်သခင်နဲ့ ငါတို့ မြောက်ပိုင်းကို လိုက်ချင်တယ်ဆိုတောင်... သူက ခွင့်မပြုနိုင်ဘူး ထင်တယ်။”
ချူးယုချင် ပြန်ပြောတော့မည့် အချိန်တွင် ရုတ်တရက် အသံတစ်ခု ကြားလိုက်ရသဖြင့် သူမ ဇဝေဇဝါဖြစ်သွားကာ
“ဒီအသံက ဘာအသံလဲ”
ဟု ပြောလိုက်သည်။
နှစ်ဦးလုံး တိတ်ဆိတ်စွာ နားစွင့်လိုက်ကြရာ ချန်ဝမ်ရွန်၏ အခန်းမှ ထွက်လာသော အသံဖြစ်နေသည်ကို သိလိုက်ရသည်။
လင်ဝမ်ရွန်က ချန်ဝမ်ရွန် တစ်ခုခုဖြစ်နေ ပြီလားဟု စိုးရိမ်ပြီး စိတ်လှုပ်ရှားစွာဖြင့် အခန်းဆီသို့ ပြေးသွားခဲ့သည်။ ချူးယုချင်လည်း နောက်မှ လိုက်သွားခဲ့သည်။
သို့သော် ချန်ဝမ်ရွန်၏ အခန်းနားသို့ ရောက်သောအခါ သူမ၏ ရှက်ရွံ့သော အသံကို အတွင်းမှ ကြားလိုက်ရသည်။
“ချစ်သူ... ဒီလိုမလုပ်... အင်း...”
ဒါက...
ချူးယုချင်နှင့် လင်ဝမ်ရွန် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ကြည့်မိလိုက်ကြသည်။ သူတို့နှစ်ဦးလုံး ရုတ်တရက် ရပ်တန့်သွားကြသည်။
သူတို့သည် အရူးများ မဟုတ်ကြပေ။ ဖြစ်နေသည့်အရာကို မှန်းဆနိုင်ကြသည်။
ထိုအချိန်တွင် ကျီစယ်သံတစ်ခုကလည်း အခန်းအတွင်းမှ ထွက်လာပြန်သည်။
“ရွန်ရွန်... မင်းလှလိုက်တာ။”
လုချန်း၏ အသံကို ကြားလိုက်ရသည်နှင့် အမျိုးသမီးနှစ်ဦးလုံး၏ ပါးပြင်များ ပူလောင်လာပြီး နီရဲသွားကြသည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း ဆုံမိကြပြီး ဝမ်ရွန်အဆောင်မှ ပြန်ထွက်သွားကြသည်။
............
အခန်း (၃၉၃)
နောင်တရလိမ့်မယ် (၁)
ချူးယုချင်နှင့် လင်ဝမ်ရွန်တို့လည်း ဝမ်ရွန်ဆောင်မှ တစ်ပြိုင်နက် ထွက်လာကြသည်။ နှစ်ဦးစလုံး နေရခက်နေကြပြီး ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
လုချန်း ချန်ဝမ်ရွန်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်ကြောင်း ချူးယုချင် သိထားတာ ကြာပြီဖြစ်သော်လည်း ယခုလို အခြေအနေကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်သည်။
လင်ဝမ်ရွန်လည်း ထိုနည်းတူ ခံစားရသည်။ ချန်ဝမ်ရွန် လုချန်း၏ မိန်းမဖြစ်သွားပြီဆိုတာကို သူမလည်း သိထားသည်။ သို့သော် အမြဲတမ်း အေးစက်ပြီး အငြိုးများဖြင့် ပြည့်နေသည့် ချန်ဝမ်ရွန်က ထိုကဲ့သို့ အပြုအမူမျိုးကို ပြလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
ဒီလူဆိုးလေးက အမျိုးသမီးတိုင်းရဲ့ ကံဆိုးမှုလား။
မိန်းမလှနှစ်ဦး ပိုမိုတွေးမိလေလေ သူတို့၏ မျက်နှာများ ပို၍နီရဲလာလေလေ ဖြစ် နေသည်။ လင်ဝမ်ရွန်က ချောင်းဟန့်လိုက်ပြီး
“ယုချင်... ငါ ကင်းလှည့်လိုက်ဦးမယ်။ ချန်းလေးအကြောင်း စိတ်မပူနဲ့။ သူနန်းတော်သခင်ကို မြောက်ပိုင်း လိုက်စေချင်တယ်ဆိုရင် နန်းတော်သခင်က သဘောတူမှာပါ။”
ချန်ဝမ်ရွန်သည် လုချန်းနှင့် “အိပ်ရာထဲတွင် ရှုပ်ထွေး”ပြီးဖြစ်သည့်အတွက် လက်ရှိဆက်ဆံရေးအရ မြောက်ပိုင်းသို့ လိုက်ပါရန် ငြင်းဆန်မည် မဟုတ်ပေ။
မျက်နှာနီရဲနေသော ချူးယုချင်က
“အင်း... ကောင်းပြီ လင်။ နင်အလုပ်သွားလုပ်တော့။”
လင်ဝမ်ရွန် လှည့်ထွက်သွားပြီးနောက် ချူးယုချင်တွေးမိသည်။
“ဒီလူဆိုးလေးက ......သူကလျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်လေ။ ညဘက်မှာ တောင် မဟုတ်ပဲ ဒီလိုအချိန်မျိုးမှာ ဒီလိုကိစ္စတွေ လုပ်နေတာပဲ...”
...
သူ၏ စွမ်းအားအချို့ကို ချန်ဝမ်ရွန်ထံသို့ လွှဲပြောင်းပေးအပြီးတွင် လုချန်းလည်း နေသာထိုင်သာရှိသွားသလို ခံစားရသည်။ ထိုအချိန်တွင် သူနှင့်ချန်ဝမ်ရွန်တို့ ပွေ့ဖက်ထားကြဆဲဖြစ်သည်။
စိတ်တည်ငြိမ်မှု ပြန်ရရှိပြီးသော ချန်ဝမ်ရွန်လည်း လွန်ခဲ့သော မိနစ်အနည်းငယ်က သူမ၏ အပြုအမူကို ပြန်တွေးမိပြီး ချက်ချင်းပင် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောနှောသွားသည်။ သူမ၏ မျက်နှာနီရဲသွားပြီး ခံပြင်းသော အသံဖြင့် အေးစက်စွာ ပြောလိုက်သည်။
“ရှင် အခုထွက်သွားနိုင်ပြီ။”
လုချန်းက ပြုံးလိုက်၏။ သူ၏ လက်များက ချန်ဝမ်ရွန်၏ ခန္ဓာကိုယ်ပေါ်တွင် လွတ်လပ်စွာ လှုပ်ရှားနေဆဲဖြစ်သည်။ သူက ရယ်မောပြီး ပြောလိုက်သည်။
“ခုနက ကိုယ့်ကို ချစ်သူလို့ ဘယ်သူက ခေါ်နေတာလဲ။ ချစ်ရတဲ့ ဇနီးလေးကဘာလို့ ဒီလောက် အမြန်ပြောင်းလဲသွားတာလဲ။”
ချန်ဝမ်ရွန်က စကားမပြောတော့ပဲ တစ်ဖက်သို့ လှည့်သည်။ သူ့ရှေ့မှာရှိနေသော လူဆိုးလေးကို သူမ မကြည့်လိုတော့ပေ။
ဒီအတိုင်း ဆက်သွားပါက သူမ ပျက်စီးသွားနိုင်သည်ဟု ချန်ဝမ်ရွန် ခံစားရသည်။ မူလက လုချန်းအတွက် သားသမီးမွေးဖွားရန်သာ ရည်ရွယ်ခဲ့သော်လည်း အချို့သောအရာများက စွဲလမ်းစေနိုင်ကြောင်း မမျှော်လင့်ခဲ့ပေ။
ဒါက ကောင်းသည့် လက္ခဏာ မဟုတ်ပေ။
လုချန်းက ဆက်ပြောလိုက်သည်။
“ဒေါသမထွက်နဲ့ ရွန်ရွန်။ ကိုယ်တကယ်ပဲ အရေးကြီးတဲ့ကိစ္စနဲ့ မင်းဆီလာတာပါ။ မင်းကို ကိုယ်နဲ့အတူ မြောက်ပိုင်း လိုက်စေချင်တယ်။”
ထိုစကားကို ကြားလိုက်ရတော့ ချန်ဝမ်ရွန် တုန်လှုပ်သွားပြီး လုချန်းကို ပြန်ကြည့်ကာ မေးလိုက်သည်။
“ရှင်က ကျွန်မကို ထျန်းချီဘုရင်နဲ့ ရင်ဆိုင်ဖို့ ကူညီခိုင်းတာလား။”
ချန်ဝမ်ရွန်သည်လည်း လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ အရှေ့ဘက်သို့ ကျူးကျော်မှုအကြောင်းကို အဦးဆုံး သိရှိသူများထဲမှ တစ်ဦးဖြစ်သည်။ ထိုကိစ္စက သေးငယ်သည့် အရေးကိစ္စ မဟုတ်သောကြောင့်ဖြစ်သည်။ လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များက အရှေ့ဘက် သတင်းစာဌာနမှ သတင်းကို ဖတ်ရှူပြီးချင်းချင်း သူမထံ သတင်းပို့ခဲ့ကြသည်။
လုချန်းက
“ဟုတ်တယ်။ ကိုယ်လည်း အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်ပေမဲ့ အခြားအဆင့်လွန် ပညာရှင်တစ်ယောက်နဲ့ တစ်ခါမှ မတိုက်ဖူးဘူး။ တိုက်ပွဲအတွေ့အကြုံလည်း မရှိဘူး။ အဲ့ဒါကြောင့် သတိထားတဲ့ အနေနဲ့ မင်းကို ကိုယ်နဲ့အတူ မြောက်ပိုင်းခေါ်သွားဖို့ စီစဉ်ထားတယ်။”
ချန်ဝမ်ရွန်က အေးစက်စွာ မေးလိုက်သည်။ “ရှင်က ကိုယ်ကူအညီတောင်းမယ့် သူတွေကို အမြဲ ဒီလိုနည်းနဲ့ ဆက်ဆံတာလား။”
လုချန်းက ရယ်လိုက်ပြီး
“ မင်းက အရမ်းလှနေလို့ပါ ရွန်ရွန်။ ကိုယ်မနေနိုင်ခဲ့ဘူး။ ပြီးတော့ မင်းသတိထားမိမှာပါ။ ကိုယ်မင်းကို စွမ်းအားတွေ အများကြီး လွှဲပြောင်းပေးခဲ့တယ်။ မင်းရဲ့ စွမ်းအားကို ပိုမြင့်တက်စေခဲ့တယ်။ ဒါက မင်းအတွက် ကောင်းတဲ့အရာပဲ မဟုတ်လား။”
ချန်ဝမ်ရွန် တိတ်ဆိတ်သွားသည်။ သူမ၏စွမ်းအား တိုးတက်လာခြင်းသည် ကောင်းသည့်အရာဖြစ်ကြောင်း သိသော်လည်း ဒီလူဆိုးလေးက နေ့ခင်းဘက်တွင် ထိုကဲ့သို့ အပြုအမူမျိုးကို စံအိမ်တစ်ခုလုံးကြားအောင် ပြုလုပ်ခဲ့သဖြင့် သူမစိတ်အနှောင့်အယှက် ဖြစ်သွားခြင်းဖြစ်သည်။
ထိုအချိန်က သူမ၏စွမ်းအား ပိတ်ပင်ခံထားရသော်လည်း လုချန်း စွမ်းအားသွင်းပေးနေသည်ကို သူမသေချာ သတိထားမိသည်။ အဆင့်လွန်ပညာရှင်ဖြစ်နေပြီဖြစ်သော သူမသည် လင်ဝမ်ရွန်နှင့် ချူးယုချင်တို့ ဝမ်ရွန်ဆောင်သို့ လာရောက်ခဲ့ကြောင်းကိုလည်း ကောင်းစွာသိသည်။
နှစ်ဦးစလုံး သူမ၏အသံကို ကြားခဲ့ကြပြီဖြစ်သည်။ ထိုအတွေးကပင် ချန်ဝမ်ရွန်၏ ရင်ထဲ လှိုင်းထစေသည်။
ယခင်က လျှို့ဝှက်လသာဆောင်တွင် ဖြစ်ပျက်ခဲ့စဉ်က သူမစိတ်မဆိုးခဲ့သော်လည်း အခု ဝမ်ရွန်ဆောင်၌ဖြစ်ပျက်ခဲ့သည်ကိုတော့ လင်ဝမ်ရွန်ပါ ကြားသွားခြင်းကြောင့် သူမ ရှက်ရွံ့နေသည်။
ခဏအကြာတွင် ချန်ဝမ်ရွန်က
“ကောင်းပြီ။ ကျွန်မရှင်နဲ့အတူ မြောက်ပိုင်းကို လိုက်မယ်။”
သူမ သဘောတူသွားသည်ကို တွေ့လိုက်ရတော့ လုချန်းလည်း ပြုံးသွားကာ
“ကိုယ့်ဇနီးက အကောင်းဆုံးပဲ။”
စကားပြောရင်း လုချန်း၏ နှုတ်ခမ်းများက နမ်းရန် နီးကပ်လာသော်လည်း သူမက လက်ဖြင့် လုချန်း၏ပါးစပ်ကို ပိတ်ဆို့လိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့အတူ မြောက်ပိုင်းကိုလိုက်မယ်ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေ သတိထားမိနိုင်တယ်။ သေချာစဉ်းစားပါ။”
လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများသည် ချန်ဝမ်ရွန်အတွက် မြောက်ပိုင်းပြည်နယ်တွင် အန္တရာယ်မရှိဟု မြင်သောကြောင့် သူမကို လွှတ်ပေးထားခဲ့ကြခြင်းဖြစ်သည်။
မြောက်ပိုင်းပြည်နယ်သည် စွမ်းအားကြီးမားသော သိုင်းပညာရှင်များမရှိသည့် ကျေးလက်ဒေသ သာသက်သာ ဖြစ်သဖြင့် သူမအား လွတ်လပ်စွာ နေထိုင်ခွင့်ပေးခဲ့ကြခြင်းဖြစ်သည်။
သို့သော် စစ်မြေပြင်တွင် ချန်ဝမ်ရွန်ပေါ်လာပါက အခြေအနေမတူတော့ပေ။ အကယ်၍ သူမ လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များကို ခေါင်းဆောင်ပြီး လွင်ပြင်ဒေသမျိုးနွယ်စုများ အထူးသဖြင့် သူတို့၏ အဆင့်လွန်ပညာရှင်နှင့် ရင်ဆိုင်တိုက်ခိုက်သည့် အကြောင်းကို အကြီးအကဲများသိရှိပါက တုန်လှုပ်သွားကြမည်မှာ သေချာသည်။
လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ဖြစ်ပြီး လောကီကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း အထူးသဖြင့် အန္တရာယ်ရှိသည့်နေရာများသို့ ကိုယ်တိုင်သွားရောက်ခြင်းများ မပြုလုပ်သင့်ကြောင်း အကြီးအကဲများက သူမကို ပြောကြမည်မှာ သေချာသည်။
နောက်ဆုံးတွင် သူတို့ မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာပြီး ချန်ဝမ်ရွန်အား လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်လာရန် တောင်းဆိုကြမည်ဖြစ်သည်။
ချန်ဝမ်ရွန်သည် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်၏ တပည့်ဖြစ်သည်။ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်သည် တပည့်တစ်ဦးကို ဆုံးရှုံးပြီးဖြစ်ရာ အကယ်၍ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်ကိုပါ ထပ်မံဆုံးရှုံးပါက အကြီးအကဲများအား ထိုသူက တာဝန်ယူစေမည်ဖြစ်သဖြင့် သူတို့ ဝင်ရောက်စွက်ဖက်ကြမည်မှာ သေချာသည်။
...........