← Chapters

အခန်း ၃၉၄-၃၉၆

Vol. 27 Ch. 394-396

အခန်း ၃၉၄-၃၉၆

Vol. 27 Ch. 394-396

အခန်း (၃၉၄)

နောင်တရလိမ့်မယ် (၂)

ချန်ဝမ်ရွန်၏စကားကို ကြားပြီး လုချန်းက ရယ်မောကာ

“အရင်က ကျွန်တော်တို့ သဘောတူထားတာက ကလေး ၁၅ နှစ်ပြည့်မှ မြောက်ပိုင်းပြည်နယ်ကနေ ထွက်ခွင့်ပေးမယ် ဆိုပေမဲ့ မင်းက ကိုယ်မိန်းမဖြစ်နေပြီဆိုတော့ မင်းကို ယုံကြည်ပြီး လွတ်လွတ်လပ်လပ် နေခွင့်ပေးမယ်။ နောက်ပိုင်း မင်း လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ချင်ရင် ကိုယ်မတားတော့ဘူး။ ဒါပေမဲ့ ကိုယ်ဆီ ပြန်လာဖို့တော့ မမေ့နဲ့။”

ထိုအခါ ချန်ဝမ်ရွန်ရပ်တန့်သွားပြီး မယုံကြည်နိုင်သလို မေးလိုက်သည်။

“ ကျွန်မ မြောက်ပိုင်းပြည်နယ်ကနေ ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာတော့မှာ ရှင်မကြောက်ဘူးလား။”

လုချန်းက

“ကိုယ်ပြောပြီးပြီလေ။ မင်းက အခု ကိုယ့်မိန်းမပဲ။ ဒါကြောင့် မင်းကို ယုံတယ်။ ကိုယ့်ဇနီးက ကိုယ့်ကို စွန့်ပစ်သွားမယ်လို့ မထင်ဘူး။”

ထိုသို့ပြောရင်း လုချန်းက သူ၏လက်ကို ဆန့်ထုတ်ပြီး ချန်ဝမ်ရွန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

လုချန်း၏ တုံ့ပြန်မှုကို ကြားလိုက်ရပြီးနောက် ချန်ဝမ်ရွန်က မျက်နှာအပြောင်းအလဲမရှိပဲ ပြောလိုက်သည်။

“ ရှင် ဒီဆုံးဖြတ်ချက်ကို နောင်တရလိမ့်မယ်။”

လုချန်းက အေးဆေးစွာဖြင့်

“ကိုယ် နောင်တမရဘူး။ မင်း လျှို့ဝှက်လဝန်းနန်းတော်ကနေ မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ကို ပြန်မလာခဲ့ရင် ကိုယ်ကိုယ်တိုင်လာပြီး မင်းကို အင်အားသုံးခေါ်ရမှာပဲ။”

ထိုအခါ ချန်ဝမ်ရွန် တိတ်ဆိတ်သွားပြီး သူမ၏နှလုံးခုန်သံက ပုံမှန်ထက် ပိုမိုမြန်ဆန်လာသည်။ လုချန်းက စကားချိုချိုများ ပြောနေခြင်းသာဖြစ်သည်ဟု သူမထင်သော်လည်း ထိုစကားများက သူမ၏စိတ်ကို လှုပ်ရှားစေသည်။

ထိုလူ၏ ကြောက်စရာ အကောင်းဆုံး အချက်မှာ ထိုအချက်ပင်ဖြစ်သည်။ သူ့တွင် အမျိုးသမီးများကို ကိုင်တွယ်ရန် နည်းလမ်းများစွာ ပိုင်ဆိုင်ထားသည့်အပြင် သူ့ကို စွဲလန်းစေနိုင်စွမ်းလည်း ရှိသည်။ သူနှင့်နီးစပ်သော မည်သည့်အမျိုးသမီးမဆို ကိုယ်နှင့်စိတ် နှစ်မျိုးလုံး အရှုံး‌ပေးရတတ်သည်။

မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် ကာလကြာမြင့်စွာ နေထိုင်ပြီးနောက် ထိုအချက်ကို သူမသတိထားမိပြီးဖြစ်သည်။ လုချန်း၏ မိန်းမအားလုံးနီးပါး သူ့ကို အလွန်ချစ်ကြပြီး လင်ဝမ်ရွန်ပင် သူ့ကို မခွဲနိုင်အောင် ဖြစ်နေပြီ ဖြစ်သည်။

ချန်ဝမ်ရွန် တိတ်ဆိတ်နေပြီး မျက်နှာနီရဲနေသော်လည်း အမူအယာကတော့ အေးစက်နေဆဲဖြစ်သည်ကို မြင်လိုက်ရတော့ လုချန်းထပ်၍ စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူက

“အချိန်တွေ အများကြီး ကျန်သေးတယ်။ မင်းရဲ့ စွမ်းအားကို နည်းနည်းထပ်တိုးပေးမယ်။ ဒါမှ မြောက်ပိုင်းဒေသကို ရောက်တဲ့အခါ ထျန်းချီဘုရင်ကို အနိုင်ရဖို့ အခွင့်အလမ်း ပိုများမယ်။”

ထိုသို့ပြောရင်း လုချန်းက နှုတ်ခမ်းကို အုပ်ထားသော သူမ၏ဖြူစင်သော လက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်တစ်ကြိမ် နမ်းရန် နှုတ်ခမ်းချင်း နီးကပ်လိုက်သည်။

ချန်ဝမ်ရွန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားနေသော်လည်း နောက်ဆုံးတွင် လုချန်းနှင့် ပူးပေါင်းဆောင်ရွက်လိုက်သည်။

လုချန်းနှင့်အတူနေသည့်အခါ သူမ၏စွမ်းအား တိုးတက်မှု အလွန်မြန်ဆန်သည်။ သို့သော် လုချန်းတွင် ထိုကဲ့သို့စွမ်းအားမြှင့်တင်ပေးနိုင်သည့် နည်းလမ်းများ ရှိနေသည့် ‌အကြောင်းအရင်းကိုတော့ သူမနားမလည်ခဲ့ပေ။ ထိုကဲ့သို့ နည်းလမ်းများကို မိစ္ဆာဂိုဏ်းဝင်များကသာ အသုံးပြုသည်ဟု သူမ ထင်မှတ်ထားပြီး ဘေးထွက် ဆိုးကျိုးများ ရှိနိုင်မည်ဟု ယူဆထားသည်။

သို့သော် လုချန်းနှင့် နှစ်ကြိမ်တိုင်တိုင် လေ့ကျင့်ပြီးနောက် သူမ၏ခန္ဓာကိုယ်ကို ထိခိုက်မှုမရှိကြောင်း တွေ့ရှိရသဖြင့် ဤနည်းလမ်းများသည် မိစ္ဆာဂိုဏ်းဝင်များ၏ ကျင့်စဉ်များနှင့် လုံးဝကွဲပြားကြောင်း သက်သေပြခဲ့သည်။

လုချန်း၏ လျှို့ဝှက်ဆန်းကြယ်သော နောက်ခံအကြောင်းအရာများနှင့် ပတ်သက်လျှင်တော့ သူမ၏ဆရာဖြစ်သူကဲ့သို့သော တစ်စုံတစ်ဦး သူ့နောက်ကွယ်တွင် ရှိနေနိုင်သည်ကို စဉ်းစားမိသည့်အခါ ချန်ဝမ်ရွန် စိတ်သက်သာရာရလာသည်။ ထိုစွမ်းအားမြှင့်တင်ရေး နည်းလမ်းများကို သူ့နောက်ကွယ်ရှိ ဆရာက လုချန်းအား သင်ကြားပေးထားခြင်း ဖြစ်နိုင်သည်။ ထိုသူသည် ထာဝရတန်ခိုးရှင်တစ်ဦး ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်တွင် လုချန်းသည် ထာဝရတန်ခိုးရှင်၏ တပည့်ဖြစ်သည်ဟု ပြောဆိုနေကြသည်မှာ အကြောင်းမဲ့ ကောလာဟတစ်ခု မဟုတ်ဟု သူမထင်မိသည်။

...

မိုးလင်းစအချိန်

လုချန်း နိုးလာသည့်အခါ ချန်ဝမ်ရွန်က မျက်နှာအမူအယာမဲ့စွာဖြင့် သူ့ကိုကြည့်နေသည်ကို တွေ့ရသည်။ လုချန်းက အနည်းငယ်ပြုံးပြီး

“ကိုယ့်ဇနီးက ဒီလောက်စောစော နိုးနေတာလား။”

ချန်ဝမ်ရွန်အေးစက်စွာပြောလိုက်သည်။

“ရှင် ထဖို့အချိန်ရောက်ပြီ။”

ချန်ဝမ်ရွန်၏ အသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် လုချန်းက သူမ၏ နုနယ်သောခန္ဓာကိုယ်ကို ရုတ်တရက် ပွေ့ဖက်လိုက်ပြီး ပက်လက်လှန်ကာ သူမကို အောက်တွင်ဖိထားလိုက်သည်။ ဒီလူဆိုးလေး နောက်ထပ်မကောင်းမှုပြုတော့မည်ဟု ထင်မှတ်ကာ ချက်ချင်း ချန်ဝမ်ရွန်၏ မျက်နှာနီရဲသွားပြီး သူမ၏ ဖြူစင်သောလက်ဖြင့် လုချန်း၏ ကျယ်ပြန့်သောရင်ဘတ်ကို တွန်းလိုက်သည်။

“မလုပ်နဲ့... “

“ရှင် မြောက်ပိုင်းကို စစ်သည်တွေခေါ်သွားရတော့မယ်။ အလုပ်ကိစ္စတွေအများကြီး ရှိမှာပဲ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ လုချန်းက ရယ်မောပြီး ပြန်ပြောလိုက်သည်။

“ကိုယ့်ဇနီး ပြောတာ မှန်တယ်။”

“ဒါပေမဲ့ မထခင်မှာ ကိုယ့်ဇနီးကို နမ်းချင်တယ်။ တစ်ခါပဲနမ်းပါ့မယ်။ နမ်းပြီးရင် ချက်ချင်းထမယ်။”

ထိုစကားကို ကြားလိုက်ရပြီး ချန်ဝမ်ရွန်က သံသယအကြည့်ဖြင့် သူ့ကိုကြည့်လိုက်သည်။ လုချန်းသူ၏စကားကို ပြန်ရုပ်သိမ်းနိုင်သည်ဟု သူမ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် မကောင်းသောသူဖြစ်ပြီး အထူးသဖြင့် မျက်နှာပြောင်တိုက်တတ်သူ ဖြစ်သောကြောင့် စကားပြန်ရုပ်သိမ်းခြင်းက သူ့အတွက် အံ့သြစရာမဟုတ်ပေ။

လုချန်းသည် အရှက်မဲ့တတ်သူဖြစ်သည်။ အကယ်၍ သူမက သဘောမတူပါက လုချန်း မထပဲ နေနိုင်သည်။

ထိုအတွေးနှင့်အတူ ချန်ဝမ်ရွန်လည်း နောက်ဆုံးတွင် သူမ၏ ဖြူဖွေးသောလက်ကို ဖြေလျှော့ပေးလိုက်၏။ လုချန်းက မတွန့်မဆုတ်ပဲ ကိုင်းလိုက်ကာ ချန်ဝမ်ရွန်ကို နမ်းလိုက်သည်။

လုချန်း၏ နမ်းရှုံ့မှုများကြောင့် ချန်ဝမ်ရွန် အာရုံပျံ့လွင့်နေစဉ် လုချန်းအိပ်ရာမှ ထလိုက်သည်။

လုချန်း အမှန်တကယ် ထလိုက်သည်ကို မြင်လိုက်ရသည့်အခါ ချန်ဝမ်ရွန်၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားသည်။ ဒီလူ တစ်ခါတစ်ရံတွင် သူ၏စကားအတိုင်း တည်မည်ဟု သူမ ထင်မထားခဲ့ပေ။

လုချန်းက အဝတ်အစားများ ဝတ်ဆင်နေရင်းပြောလိုက်သည်။

“မင်း မနေ့ညက ပင်ပန်းထားတယ်။ နည်းနည်း ထပ်အိပ်ထားလိုက်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ချန်ဝမ်ရွန်၏ စိတ်အတွင်း၌ တုန်လှုပ်သွားသည်။ ဒီလူက သူမ ပင်ပန်းနိုင်သည်ကို သိပုံရသည်။

သိုင်းပညာရှင်များအတွက် ကိုယ်ဝန်ဆောင်ရန် အတော်လေး ခက်ခဲပြီး သူတို့ကဲ့သို့ အဆင့်လွန်ပညာရှင် နှစ်ဦးအတွက် သားသမီးရရှိရန် ပို၍ပင် မဖြစ်နိုင်သလောက်ဖြစ်သည်။ ဒါက တစ်ရက် နှစ်ရက်အတွင်း အောင်မြင်နိုင်သည့် အရာမဟုတ်ပေ။ သို့သော် ထိုလူဆိုးလေးက သူမ တစ်ရက်အတွင်း ကိုယ်ဝန်မရလျှင် မကျေနပ်နိုင်သလိုမျိုး ပြုမူနေသည်။

ထိုလူဆိုးလေးသည် ကလေးရရှိရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပဲ ပျော်ရွှင်မှုအတွက် လုပ်နေသည်ဟု သူမ သံသယရှိလာသည်။

လုချန်းလည်း အဝတ်အစားများ ဝတ်ဆင်ပြီးနောက် ချန်ဝမ်ရွန်၏ အခန်းမှ ထွက်ခွာလာခဲ့သည်။ အပြင်သို့ ခြေလှမ်းထွက်လိုက်သည်နှင့် မျက်နှာနီရဲနေသော လင်ဝမ်ရွန် ခြံထဲတွင် လမ်းလျှောက်နေသည်ကို တွေ့မြင်လိုက်ရသည်။

သူမ ကို မြင်လိုက်ရသောအခါ လုချန်းက ပြုံးလိုက်ပြီး

“ဒေါ်လေးလင်... မနေ့ညက နံရံမှာကပ်ပြီး လာနားထောင်နေတာလား။”

ရုတ်တရက် မေးခွန်းထုတ်ခံလိုက်ရသဖြင့် လင်ဝမ်ရွန်၏ ပါးပြင်များ ပို၍နီရဲသွားပြီး ဒေါသထွက်သည့်အသံဖြင့် ပြောလိုက်သည်။

“ဘယ်သူနားထောင်တာလဲ။ မင်းလိုလူတွေပဲ စိတ်ဝင်စားတဲ့ ဒီလိုညစ်ပတ်တဲ့ အရာတွေကို လူတိုင်း စိတ်ဝင်စားတယ် မထင်နဲ့။”

...........

အခန်း( ၃၉၅ )

နောင်တရလိမ့်မယ် (၃)

လုချန်းက ရယ်လိုက်ကာ

“စာကြည့်ခန်းကို နေ့တိုင်းလာပြီး အဲဒီလိုညစ်ပတ်တဲ့အလုပ်တွေ လုပ်ခဲ့တာ ဘယ်သူတုန်း။”

လင်ဝမ်ရွန်က နှာခေါင်းရှုံ့ရင်း

“ဒီကိစ္စတွေ မင်းနဲ့ပြောမနေချင်ဘူး။ ဒေါ်လေး သိချင်တာက နန်းတော်သခင်ကို မင်းမြောက်ပိုင်း ခေါ်သွားဖို့ အစီအစဉ်ရှိလားဆိုတာပဲ။”

လုချန်းက ခေါင်းညိတ်ပြီး

“ဟုတ်ပါတယ်။ ကျွန်တော် အဲ့ဒီလို ရည်ရွယ်ထားတယ်”

ဟု ဖြေလိုက်သည်။

လင်ဝမ်ရုန်းက

“နန်းတော်သခင် သဘောတူပြီလား။”

လုချန်းက

“သဘောတူပြီ”

ဟု ပြန်ဖြေသည်။

ထိုအခါ လင်ဝမ်ရွန်က သတိပေးလိုက်သည်။

“နန်းတော်သခင်က စစ်မြေပြင်ရောက်သွားရင် လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲတွေ သိသွားနိုင်တယ်။ သူ့ကို ပြန်ခေါ်သွားနိုင်တယ်။ မင်း ဒါကိုစဉ်းစားထားပြီးပြီလား။”

လုချန်းမှာ အလွန်အားကောင်းသော နောက်ခံအင်အားရှိကြောင်း လင်ဝမ်ရွန် သိထား သော်လည်း သူ၏လက်ရှိအင်အားနှင့်တော့ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။

လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများသည် လောကီကိစ္စများကို မကြာခဏဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း နန်းတော်သခင်နှင့်ပတ်သက်လာလျှင်တော့မူ အခြေအနေမတူတော့ပေ။

နန်းတော်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်၏ မျက်နှာစာဖြစ်သည်။ ချန်ဝမ်ရွန် အန္တရာယ်တွေ့နိုင်သည်ကို မြင်လျှင် အကြီးအကဲများ ချက်ချင်းလာခေါ်သွားနိုင်သည်။

လုချန်းက

“ကျွန်တော် စဉ်းစားပြီးသားပါ။ ဒီစစ်ပွဲပြီးသွားရင် သူ လျှို့ဝှက်လဝန်းနန်းတော်ကို ပြန်ချင်ရင် ပြန်လို့ရပါတယ်။”

လုချန်းက ချန်ဝမ်ရွန်အား မြောက်ပိုင်းပြည်နယ်မှ ထွက်ခွာခွင့်ကြောင်း ကြားရတော့ လင်ဝမ်ရွန်သည် အနည်းငယ်မယုံကြည်နိုင်ဖြစ်သွားသည်။ ထို့နောက် လုချန်းက ကျက်သရေရှိ လှပသော လင်ဝမ်ရွန်ကို ကြည့်ကာ

“သူ သွားနိုင်ပေမဲ့ ဒေါ်လေးတော့မသွားရဘူး”

ရယ်မောကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်ဝမ်ရွန်လည်း လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သွားပြီး မျက်နှာအရောင်ပြောင်းသွားကာ

“ဒေါ်လေးက သွားချင်တယ်လို့ မပြောခဲ့ပါဘူး”

ဟု အေးစက်စွာပြောကာ ချန်ဝမ်ရွန်၏ အခန်းဘက်သို့ ထွက်သွားလိုက်သည်။

လုချန်းလည်း ဝမ်ရွန်အဆောင်တွင် ဆက်မနေတော့ပဲ ပင်မဆောင်သို့ ပြန်သွားသည်။ ပင်မဆောင်သို့ရောက်သည်နှင့် မုကျိရွှမ်းက အစေခံများအား လုချန်းအတွက် မနက်စာ ပြင်ခိုင်းလိုက်သည်။

လုချန်းက အစေခံ မိန်းကလေးတစ်ဦးကို

“ဒေါ်လေးကျောင်းတို့ကို သွားခေါ်လာခဲ့ပါ။ သူတို့နဲ့တိုင်ပင်စရာရှိလို့”

ဟု အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ မင်းသား”

ကလေးတစ်ဦးကို ပွေ့ချီထားသော မုကျိရွှမ်းက

“မြောက်ပိုင်းသွားမယ့်ကိစ္စ တိုင်ပင်ချင်တာလား မင်းသား”

ဟု မေးလိုက်သည်။

လုချန်း မြောက်ပိုင်းသို့ စစ်တပ်ဦးဆောင်သွားမည့်သတင်းက ရန်ခရိုင်တစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်ရာ မုကျိရွှမ်းတို့လည်း သိရှိပြီးဖြစ်သည်။

လုချန်းက

“ဟုတ်ပါတယ်။ ကိုယ်မြောက်ပိုင်းကို စစ်တပ်ဦးဆောင်သွားမယ်။ ဒါပေမဲ့ အဲ့ဒီကိစ္စ တိုင်ပင်ချင်တာမဟုတ်ဘူး။ နှမတော်တို့ သုံးယောက်ကို လက်ဆောင်ပေးချင်လို့”

ဟု ပြုံး၍ ဖြေလိုက်သည်။

လက်ဆောင်ဟု ပြောလိုက်တော့ မုကျရွှမ်း အံ့ဩသွားပြီး လုချန်းကို ကြည့်လိုက်၏။ ထို့နောက် သူမ၏ မျက်လုံးများက လုချန်း ခန္ဓာကိုယ်အောက်ပိုင်းသို့ ရောက်သွားပြီး ပါးပြင်များ နီမြန်းသွားကာ

“ မင်းသားပြောတဲ့ လက်ဆောင်က.... ကလေးတစ်ယောက်တော့ မဟုတ်ပါဘူးနော်။”

သူတို့ ဆက်ဆံရေး လေ့ကျင့်နေသည့် အချိန်များတွင် လုချန်းက လက်ဆောင်ပေးမည်ဟု ပြောတတ်သည်။ သို့သော် လုချန်းပေးသည့် လက်ဆောင်က နောက်ဆုံးဘာဖြစ်သွားသည်ဆိုတာကို အားလုံး နားလည်ကြသည်။ မုကျိရွှမ်း တစ်မျိုးထင်သွားတာ အံ့ဩစရာ မရှိပေ။ အဘယ့်ကြောင့်ဆို‌သော် ထိုလူဆိုး လုချန်းက ဒီလိုစကားမျိုးတွေ အိပ်ရာထဲတွင် ပြောတတ်သောသောကြောင့် ဖြစ်သည်။

ထိုအခါ လုချန်းဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပြီး

“ ဘာတွေတွေးနေတာလဲ နှမတော်။ မင်းခေါင်းထဲ ဒီလိုညစ်ပတ်တဲ့ အတွေးတွေနဲ့ ပြည့်နှက်နေတာပဲလား။ ကိုယ်က လက်ဆောင်ပေးမယ် ဆိုမှတော့ တကယ့်လက်ဆောင်ကိုပဲ ပေးမှာပေါ့။”

သူမ အတွေးလွန်နေသည်ကို သဘောပေါက်သွားပြီး မုကျိရွှမ်း၏မျက်နှာ ပို၍ပင် နီရဲလာသည်။ သို့သော် သူမက မှားသွားသည့် အမူအရာမပြပဲ ပြန်ပြောလိုက်သည်။

“ဒါက မင်းသားရဲ့ အမှားပါ။ မင်းသားက အိပ်ရာထဲမှာ လက်ဆောင်ပေးမယ်ဆိုပြီး ကလေး‌တွေ ပေးတာကိုး။”

လုချန်းသည် ပြုံးလိုက်ပြီး

“ဟုတ်ပါပြီ။ ကိုယ့်အမှားပါ။”

လုချန်းသည် အပြင်ဘက်တွင် အလွယ်တကူ အမှားဝန်ခံလေ့ မရှိသော်လည်း သူ၏အတွင်းဆောင်တွင်မူ ကွဲပြားသည်။ သူ၏အမျိုးသမီးများရှေ့တွင် သူသည် အမှားကို ဝန်ခံတတ်သော ယောက်ျားတစ်ဦးဖြစ်သည်။

မကြာမီ ကျောင်းယိုယိုနှင့် ကျောင်းရှောင်ရှောင်တို့ ပင်မဆောင်သို့ ရောက်ရှိလာကြသည်။ လုချန်းက မုကျိရွှမ်းအား

“ကလေးကို နို့ထိန်းဆီ အပ်လိုက်ပါ နှမတော်။ အစေခံတွေကိုလည်း ခဏထွက်ခိုင်းလိုက်ပါ။”

ထိုအခါ မုကျိရွှမ်းလည်း ချက်ချင်းပင် သူမ၏လက်ထဲရှိ ကလေးကို နို့ထိန်းထံ အပ်လိုက်၏။ ထို့‌နောက် နို့ထိန်းနှင့် အစေခံများ ထွက်ခွာသွားကြသည်။

အဆောင်ထဲတွင် သူတို့လေးဦးသာ ကျန်ရစ်သောအခါ လုချန်းက သူ၏စနစ်နယ်ပယ်မှ ပုလင်းသုံးလုံးကို ထုတ်ယူကာ မု့ကျိရွှမ်းနှင့် ကျောင်းညီအစ်မတို့အား ပေးလိုက်သည်။

မုကျိရွှမ်း အံ့ဩသွားပြီး

“ ဒီထဲမှာ ဘာတွေပါလဲ မင်းသား”

ဟု မေးလိုက်သည်။

လုချန်းက လျှို့ဝှက်သလို ပြုံးလိုက်ကာ

“ကိုယ်တိုင် မှန်းကြည့်ကြပါလား”

ဟု ပြန်ပြောလိုက်သည်။

အမျိုးသမီးသုံးဦးလည်း လုချန်း၏လက်မှ ပုလင်းငယ်များကို ယူလိုက်ကြသည်။ မုကျိရွှမ်းက ပုလင်းကို ဖွင့်ပြီး အနံ့ခံ ကြည့်လိုက်သည်။

မုကျိရွှမ်း ပုလင်းကို သူမ၏ လက်ဖဝါးပေါ် မှောက်လိုက်တာ့ အစိမ်းရောင် လင်းနေသော ဆေးလုံးများကို မြင်လိုက်ရသည်။ သုံးဦးစလုံး ခဏခန့် အံ့သြသွားကြသည်။

သို့သော် သူတို့မှန်းဆ၍ မရသေးပေ။

ရုတ်တရက် မုကျိရွှမ်းစိတ်ထဲ အကြံတစ်ခုဝင်လာသည်။ လုချန်းသည် ယင်ယန် ကျင့်စဉ်ဖြင့် သူမ၏စွမ်းရည်များကို မြှင့်တင်ပေးနေကြောင်း သတိရမိသွားခြင်းဖြစ်သည်။ သူမက မရေမရာစွာ မှန်းဆလိုက်သည်။

“ ဒီဆေးလုံးတွေက စွမ်းရည်မြှင့်တင်ပေးတဲ့ ထာဝရတန်ခိုးရှင်ဆေးလား မင်းသား။”

ထိုစကားကိုကြားတော့ လုချန်းက ရယ်မောလိုက်ကာ

“ဒီလိုအဖိုးတန်တဲ့ ထာဝရတန်ခိုးရှင်ဆေးတွေ အခုအချိန် ကိုယ့်ဆီမှာ ဘယ်လိုလုပ် ရှိမှာလဲ”

ဟု တုံ့ပြန်လိုက်သည်။

နေပြည်တော်မှာတုန်းက စွမ်းအားတို့မြှင့် ပေးသောဆေးတစ်လုံးကို လုချန်း သောက်ဖူးသည်။ သို့သော် ထိုအချိန်မှစ၍ စနစ်က ထိုကဲ့သို့ဆေးမျိုး ထပ်မံချီးမြှင့်ခြင်း မရှိတော့ပေ။

ထိုသို့သောဆေးများသည် အလွန်တန်ဖိုးကြီး၏။ သူ၏စွမ်းရည်များ ပိုမိုမြင့်မားလာပြီး သားသမီးများ ပိုမိုရရှိသည့်အခါမှသာ စနစ်က ထိုဆေးမျိုးကို ဆုအဖြစ်ချီးမြှင့်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် စွမ်းရည်မြှင့်တင်ရန်အတွက် ထိုကဲ့သို့ဆေးများလည်း မလိုအပ်‌ သေးပေ။

လုချန်းက ငြင်းလိုက်‌တော့ မုကျိရွှမ်းလည်း သူ့မရှေ့တွင်ရှိသော ဆေးလုံးများနှင့်ပတ်သက်၍ ပို၍ပင်စူးစမ်းလိုစိတ်ဖြစ်လာသည်။

ထိုအချိန်တွင် ကျောင်းယိုယိုက ကြောက်လန့် နေသလို ပုံစံဖြင့် မေးလိုက်သည်။

“ ဒီဆေးလုံးတွေက အဆိပ်တွေလား မင်းသား။”

ကျောင်းယိုယို၏မေးခွန်းက လုချန်းအား စကားမပြောနိုင် ဖြစ်သွားစေသည်။ သူက

“ ယိုယို။ ကိုယ်မင်းအခန်းကို မလာတာ ကြာပြီဆိုတော့ စိတ်မမှန်ချင်တော့ဘူးထင်တယ်။ ကိုယ်က ကိုယ့်ရဲ့ အမျိုးသမီးတွေကို ဘာလို့အဆိပ်ပေးရမှာလဲ။ ကိုယ့်ကို ဘယ်လိုလူမျိုးလို့ မင်းထင်တာလဲ။”

လုချန်း၏စိတ်ဆိုးသွားသည်ကို မြင်ရသော ကျောင်းယိုယိုက ချက်ချင်းလက်ငင်းတောင်းပန်လိုက်သည်။

“ အမှားလုပ်မိပါတယ် မင်းသား။ အကျိုးမဲ့တဲ့ စကားပြောမိပါတယ်။ ဒီည အပြစ်ပေးခံဖို့ အဆင်သင့်ပါပဲ။”

လုချန်းက ပြုံးလိုက်ကာ

“ယိုယို မင်းက ဒီည ကိုယ်မင်းအခန်းလာ အောင် မဟုတ်တာတွေ တမင်ပြောပြီး အကွက်ဆင်နေတာလား။”

လုချန်း၏စကားကို ကြားလိုက်‌တော့ ကျောင်းယိုယို၏ မျက်နှာ ချက်ချင်း နီရဲသွားပြီး နားသံသီးများအထိ ပြန့်နှံ့သွားသည်။ သူမဆီမှာ ထိုသို့သောရည်ရွယ်ချက် လုံးဝမရှိပေ။ လုချန်း မည်မျှ စွမ်း‌ဆောင်နိုင်ကို အားလုံးသိကြ၏။ ထိုကိစ္စမျိုးတွင် သူမ လှည့်ကွက် မဆင်ဝံ့ပေ။

..........

အခန်း ( ၃၉၆)

မြောက်ဘက်သို့ချီတက်ခြင်း (၁)

မုကျိရွှမ်းတို့ မှန်းဆ၍မရ ဖြစ်နေ‌သဖြင့် နောက်ဆုံးတွင် လုချန်းက တိုက်ရိုက်ပြောလိုက်သည်။

“အဲ့ဒီ ဆေးလုံးက ‘အလှထိန်းဆေး’ လို့ခေါ်တယ်။ နာမည်ကြည့်တာနဲ့ ဘာအတွက်ဆိုတာ သိပြီ‌ ပေါ့။”

လုချန်း၏စကားကိုကြားသည်နှင့် အမျိုးသမီးသုံးဦးစလုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားကြသည်။

ထို့နောင် သူတို့လက်ထဲရှိ ဆေးလုံးဆီသို့ ပြန်ကြည့်လိုက်ကြပြီး မျက်လုံးများ လင်းလက်သွားကြသည်။

မုကျိရွှမ်းက မယုံကြည်နိုင် ဖြစ်နေသောအမူအရာဖြင့် မေးလိုက်သည်။

“မင်းသား။ ဒီအလှထိန်းဆေးကို စားပြီးရင် အသက်ကြီးလာတာကို နှေးသွားစေတာလား။”

ဆေးက အသက်အရွယ် အိုမင်းမှုကိုနှေးစေမည်ဟုသာ မုကျိရွှမ်း မှန်းဆထားရဲသည်။ ထာဝရငယ်ရွယ်နုပျိုမှုကိုမူ စိတ်ကူးတောင်မယဉ်ခဲ့ပေ။ ထိုသို့သော အံ့ဖွယ်ဆေးဝါးမျိုး ရှိနိုင်မည်ဟု သူမ မယုံကြည်နိုင်ချေ။

လုချန်းက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“ နှမတော် မှန်းတာ နည်းနေသေးတယ်။”

“ဒီအလှထိန်းဆေးကို စားပြီးရင် ဘယ်တော့မှ အိုမင်းမှာ မဟုတ်တော့ဘူး။ ဆံပင်ဖြူတာလောက်ပဲ ဖြစ်နိုင်တယ်။”

လုချန်း၏စကားကို ကြားလိုက်ရသည်နှင့် သုံးဦးစလုံး အံ့သြသွားကြပြန်သည်။ ထို့နောက် သူတို့လက်ထဲရှိ အလှထိန်းဆေးကို မျိုချလိုစိတ်များ အပြင်းအထန်ဖြစ်လာကြသည်။

သတိပြန်ဝင်လာပြီး မုကျိရွှမ်းက

“မင်းသား။ ဒီလိုထာဝရ နုပျိုစေတဲ့ဆေးက အရမ်းတန်ဖိုးကြီးမှာပဲ။ ကျွန်မတို့ကို တစ်ကယ် ပေးမှာလား။”

လုချန်းက ပြုံးပြီး ဖြေသည်။

“ဟုတ်တယ်။ မင်းတို့အားလုံးက ကိုယ်ရဲ့ချစ်သူတွေပဲ။ လက်ဆောင်ပေးတာ ဖြစ်သင့်တယ် မဟုတ်လား။”

မုကျိရွှမ်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။

“ အလှထိန်းဆေးကို ပေးတဲ့အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်။”

မုကျိရွှမ်း ကျေးဇူးတင်နေသည်ကိုမြင်တော့ကျောင်းညီအစ်မတို့လည်း မဆိုင်းမတွ ပြောလိုက်ကြသည်။

“ အလှထိန်းဆေးကို ပေးတဲ့အတွက် မင်းသားကို ကျေးဇူးတင်ပါတယ်။”

ဝမ်းသာနေသော်လည်း မုကျိရွှမ်းက ဆက်လက်မေးခွန်းထုတ်လိုက်သေးသည်။

“မင်းသား။ ဒီလိုတန်ဖိုးကြီးတဲ့ဆေးကို အခြားညီအစ်မတွေအတွက်ရော...”

မုကျိရွှမ်း စကားဆက်မပြောတော့ချေ။ အကြောင်းမှာ ထိုဆေးကို လူတိုင်းလိုချင်ကြမည် ဖြစ်သည်။ လုချန်းတွင် ဆေးသုံးလုံးသာရှိပြီး သူတို့သုံးဦးကိုပေးလိုက်လျှင် စံအိမ်ရှိ အခြားမိန်းကလေးများနှင့် မညီမျှမှုဖြစ်နိုင်သည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

လုချန်းက ရှင်းပြလိုက်သည်။

“ဒီအလှထိန်းဆေးသုံးလုံးကို မင်းတို့ကိုအရင်ပေးရတဲ့ အကြောင်းရင်းက သူတို့က သိုင်းပညာရှင်တွေမို့ပါ။ သိုင်းပညာရှင်တွေက မြန်မြန်မအိုဘူး။ သူတို့ ကောင်းကင်လူသားအဆင့်ကို ရောက်ရင် ထာဝရငယ်ရွယ်နေနိုင်ပြီး အလှထိန်းဆေး မလိုတော့ဘူး။”

“ဒါပေမဲ့ စိတ်ချပါ။ ကိုယ့်ဆီမှာ အလှထိန်းဆေး သုံးလုံးထက် ပိုရှိပါသေးတယ်။ တစ်ယောက်ယောက် လိုအပ်ရင် ချက်ချင်းပေးမှာပါ။”

လုချန်း၏စကားကိုကြားပြီး မုကျိရွှမ်းက

“ဒါဆိုရင် စိတ်ချရပြီ။”

စံအိမ်အတွင်းရှိ အခြား အမျိုးသမီးများ မနာလိုဖြစ်ကာ အချင်းချင်း မကောင်းကြံလာမည်ကို မုကျိရွှမ်း အကြောက်ဆုံးဖြစ်သည်။ လုချန်းတွင် ဆေးများစွာရှိပြီး နောင်တွင် အခြားသူများကိုလည်း ပေးမည်ဖြစ်သောကြောင့် သူမ စိတ်သက်သာရာရခဲ့သည်။

လုချန်းက ဆက်ပြောလိုက်သည်။

“ကောင်းပြီ။ အခုပဲ သောက်လိုက်ကြပါ။ ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ ကြည့်ရအောင်။”

ထိုစကားကိုကြားပြီး အမျိုးသမီးသုံးဦးလည်း မတွန့်မဆုတ်ပဲ အလှထိန်းဆေးကို မျိုချလိုက်ကြသည်။

ဆေးမျိုပြီးနောက် သူတို့၏ခန္ဓာကိုယ်များတွင် မယုံနိုင်စရာ လန်းဆန်းမှုကို ခံစားရပြီး စိတ်ဓာတ်များလည်း သိသိသာသာ မြင့်တက်လာသည်။ ထို့နောက် သူတို့၏ အရေပြားများ အပေါ်ယံအလွှာများ ကွာကျလာသည်ကို လုချန်း သတိပြုမိလိုက်သည်။ သို့သော် သူတို့တွင် နာကျင်မှုမရှိချေ။

လုချန်းက လက်ဖြင့် မုကျိရွှမ်း၏မျက်နှာမှ ကွာကျနေသော အရေပြားအစအနကို ညင်သာစွာချွတ်ယူလိုက်ရာ အောက်မှ ချောမွေ့ပြီး နုနယ်သော အရေပြားအသစ်ကို တွေ့ရသည်။ ယခုမှစ၍ သူတို့သုံးဦး မိတ်ကပ်ပါးပါးပင်လိမ်းရန် မလိုတော့ပေ။

မုကျိရွှမ်းတို့လည်း ဖြစ်ပျက်နေသည်ကို သတိပြုမိကြသည်။ မျက်နှာသာမက ခန္ဓာကိုယ်တစ်ခုလုံးရှိ အရေပြားများလည်း မြွေ အရေခွံလဲသလို ကွာကျနေသည်။

မုကျိရွှမ်းက သူမ၏လက်မှ အရေပြားဟောင်းကို ချွတ်လိုက်ရာ လက်မောင်းသည် အလွန်ချောမွေ့ပြီး ဖြူစင်နေသည်ကို တွေ့ရသဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်။

အလှထိန်းဆေးဟု အမည်တွင်သည့်အတိုင်း သောက်ပြီးပြီးချင်း ချက်ချင်းအကျိုးသက်ရောက်မှုရှိသည်။

လုချန်းက ပြုံးလိုက်ကာ

“ ကိုယ့်ဇနီးတို့ရေ။ မင်းတို့ကိုယ်ခန္ဓာပေါ်က အညစ်အကြေးတွေကို သွားဆေးကြောလိုက်ကြပါလား။ ရေချိုးပြီးရင် မှန်ထဲမှာ ကြည့်လိုက်ပါ။ မင်းတို့ အံ့အားသင့်သွားကြမှာ သေချာတယ်။”

မုကျိရွှမ်းက စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ကဲ့ မင်းသား”

ချက်ချင်းပင် မုကျိရွှမ်းက အစေခံများအား ရေနွေးပြင်ဆင်ရန် ပြောပြီး ကျောင်းညီအစ်မတို့နှင့်အတူ ရေချိုးလိုက်ကြသည်။

ပင်မဆောင်အနီးတွင် ရေနွေးကန်တစ်ခုရှိသည်။ လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိပြီးနောက် သူ၏အမိန့်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အမျိုးသမီးသုံးဦးလည်း ထို နေရာတွင် ရေချိုးလိုက်ကြသည်။

အရေပြားဟောင်းနှင့် အညစ်အကြေးအားလုံး ဆေးကြောပြီးသည့်အခါ သူတို့၏အသားအရေများသည် ကြွေထည်ကဲ့သို့ ချောမွေ့လာပြီး ကလေးငယ်များ၏အရေပြားကဲ့သို့ နုနယ်ဖြူစင်လာသည်။ လုချန်း ရှိနေခဲ့လျှင် သူ၏စိတ်ကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ကျောင်းရှောင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“အစ်မ ကျိရွှမ်းက လှလွန်းလို့ မှတ်မိဖို့တောင် ခက်နေပြီ။”

မုကျိရွှမ်းက

“ နင်တို့လည်း အရမ်းလှသွားပြီ။ မင်းသားပေးတဲ့ အလှထိန်းဆေးက ဒီလောက်ထိ စွမ်းမယ်လို့ မထင်ခဲ့ဘူး။”

ထိုအချိန်တွင် ကျောင်းယိုယိုက ကလေးဆန်ဆန်ပြောလိုက်သည်။

“ကောင်းလိုက်တာ။ အခုကစပြီး မျက်နှာမှာ မိတ်ကပ်လိမ်းစရာ မလိုတော့ဘူး။”

အမျိုးသမီး သုံးဦးစလုံး စိတ်ထဲတွင် အလွန်ပျော်ရွှင်နေကြသည်။ ရေချိုးပြီးနောက် စံအိမ်တွင်း အသစ်တပ်ဆင်ထားသော မှန်ကြီးဆီသို့ ချက်ချင်းသွားကြည့်မိကြသည်။ မှန်ထဲတွင် သူတို့၏ ပြောင်းလဲမှုများကိုကြည့်ရင်း အတန်ငယ်ကြာသည်အထိ မှန်ရှေ့မှ မခွာနိုင်ကြချေ။

အချိန်အတန်ကြာမှ မုကျိရွှမ်းတို့လည်း လုချန်းအား ကျေးဇူးတင်ရန် သတိရလာကြသည်။ သို့သော် ပင်မဆောင်သို့ ပြန်ရောက်သည့်အခါ နိုင်ငံတော်ကိစ္စများဖြင့် လုချန်း အလုပ်များနေပြီဖြစ်သည်။

သူတို့ မကြာမီ မြောက်ဘက်သို့ ချီတက် တော့မည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း လိုအပ်သည့် လက်နက်နှင့် ရိက္ခာများ ပြင်ဆင်ရန် လိုအပ်သည်။

ရက်အနည်းငယ်အကြာ။

လုချန်းသည် မြောက်ပိုင်းမြို့တော်၏ မြို့ရိုးအပြင်ဘက်တွင် စစ်ရေးပြပွဲကြီးတစ်ခု ကျင်းပခဲ့သည်။ ထိုစစ်ရေးပြပွဲတွင် မြောက်ပိုင်းပြည်နယ်၏ ယမ်းလက်နက်များကိုတော့ ပြသခြင်းမပြုပေ။ ထိုစစ်ရေးပြပွဲက စစ်သည်တို့၏ စိတ်ဓာတ်ို မြှင့်တင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်သည်။

..........

All Chapters