← Chapters

အခန်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အခန်း ၄၁၂-၄၁၄

Vol. 28 Ch. 412-414

အခန်း (၄၁၂ )

လွင်ပြင်ဒေသမှ လျှို့ဝှက်နတ်ဘုရားမ (၂)

သို့သော် ထိုသို့သော နတ်သမီးတစ်ပါး ထွက်ခွာသွားမည်ကို မြင်ရမှာက လုချန်းအတွက် လက်ခံရန် အတော်လေး ခက်ခဲသော ကိစ္စတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် လုချန်းသည် သူ၏ ကြီးမားသော လက်ကို ချန်ဝမ်ရွန်၏ သွယ်လျပြီး ဖြူဖွေးသော ခြေထောက်ပေါ်တွင် တင်ကာ ညင်သာစွာ ပွတ်သပ်ရင်း

“ကောင်းပြီလေ။ ဒါပေမဲ့ မင်း မြောက်ပိုင်းပြည်နယ်ကို ဘယ်တော့ ပြန်လာဖို့ စီစဉ်ထားလဲ”

ဟု မေးလိုက်သည်။

“မင်း ကိုယ့်ရဲ့ ကလေးကို မမွေးရသေးဘူး။ အဲဒါအတွက် ကိုယ်တို့ ပိုကြိုးစားဖို့ လိုသေးတယ်။”

ထိုစကားကို ကြားသောအခါ ချန်ဝမ်ရွန် ခဏခန့် စဉ်းစားလိုက်ပြီး

“အကြီးအကဲတွေ တည်ငြိမ်သွားတာနဲ့ ကျွန်မ မြောက်ပိုင်းပြည်နယ်ကို ပြန်လာခဲ့မယ်”

ဟု ပြန်ဖြေလိုက်သည်။

လုချန်းက

“ကောင်းပြီလေ။ မင်း ပြန်လာတာကို စောင့်နေမယ်။”

လုချန်းက အလွယ်တကူ သဘောတူလိုက်သည်ကို မြင်သောအခါ ချန်ဝမ်ရွန်က သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ

“ကျွန်မပြန်သွားပြီးရင် ဘယ်တော့မှ ပြန်မလာမှာကို ရှင် မကြောက်ဘူးလား”

ဟု မေးလိုက်သည်။

ချန်ဝမ်ရွန်၏ မေးခွန်းကို ကြားသောအခါ လုချန်းက ညင်သာစွာ ပြုံးလိုက်ပြီးနောက် သူမဘက်သို့ ကိုယ်ကို အနည်းငယ် တိုးကပ်သွားလိုက်သည်။ ထို့နောက် သူမ၏ လှပပြီး အေးစက်သော ပါးပြင်ကို ပွတ်သပ်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ

“မင်းကို ကိုယ့်ရဲ့ အချစ်အဆိပ် ခတ်ထားတယ်လို့ အရင်ကတည်းက ပြောခဲ့တယ် မဟုတ်လား။ ကိုယ်မရှိပဲ မင်းနေနိုင်မယ်လို့ ထင်လို့လား။”

ချန်ဝမ်ရွန်က လုချန်း၏ အကြည့်ကို ရှောင်ဖယ်မသွားပဲ

“ရှင်ခတ်ထားတဲ့ အချစ်အဆိပ်ကို ကျွန်မရဲ့ ကျင့်စဉ်နဲ့ ဖယ်ထုတ်နိုင်တယ်။”

လုချန်းက ပြုံးပြီး

“ဒါဆိုလည်း မင်း ကြိုးစားကြည့်ပေါ့။”

“ဒါပေမဲ့ ကိုယ် နင်းပေမြို့ကို မလာခင်က မင်းကို ပြောခဲ့တယ်ထင်တယ်။ မင်း တကယ် ပြန်မလာဘူးဆိုရင် ကိုယ် လျှို့ဝှက်လဝန်းနန်းတော်ကို လိုက်လာပြီး မင်းကို ပြန်ခေါ်လာမယ်လို့။”

“ကိုယ်က အတော်လေး အာဏာရှင်ဆန်တယ်လေ။ တစ်ရက် ကိုယ်ရဲ့ ဇနီးဖြစ်သွားပြီဆိုရင် တစ်သက်လုံး ကိုယ်ရဲ့ ဇနီးပဲ။ ကိုယ့်ကို ဖယ်ရှားဖို့ မလွယ်ဘူး။”

ချန်ဝမ်ရွန်က ဂရုမစိုက်သလို အမူအယာဖြင့်

“နောက်ဆုံးတော့ ရှင်ကျွန်မကို ငြီးငွေ့သွားလိမ့်မယ်။”

ချန်ဝမ်ရွန်၏ အမြင်တွင် လုချန်းသည် သူမ၏ အလှကို ယခုထိ နှစ်သက်နေသေးသော်လည်း သူ၌ အလွန်လှပပြီး ဆွဲဆောင်မှုရှိသော မိန်းမ အများအပြား ရှိနေပြီဖြစ်သည်။ ထို့ပြင် လုချန်း၏ ဘုန်းတန်ခိုး ကြီးထွားလာသည်နှင့်အမျှ သူသည် နောင်တွင် မိန်းမအမြောက်အမြား ထပ်ယူမှာ သေချာသည်။

လုချန်း၏ မိန်းမ အရေအတွက် ပမာဏ တစ်ခုသို့ ရောက်သောအခါ သူ၏ အတိတ်မှ မိန်းမများကို ငြီးငွေ့သွားနိုင်ခြေ အလွန်များသည်။

ယောက်ျားနှင့် မိန်းမတို့ကြား ပျော်ရွှင်မှုသည် ခဏတာမျှသာ ဖြစ်သည်။ သူ၏ မိန်းမများ အားလုံး အလွန်လှပကြသည်။ သူမနှင့်ဖြစ်စေ အခြားသူနှင့်ဖြစ်စေ လုချန်းအတွက် အတူတူပင် ဖြစ်သည်။ သူတို့ အကြိမ်များစွာ ပေါင်းသင်းပြီးနောက် သူမကို စိတ်ဝင်စားမှု လျော့သွားလိမ့်မည်။

ချန်ဝမ်ရွန်၏ စကားကို ကြားတော့ လုချန်းရယ်‌မောလိုက်သည်။ ထို့နောက် သူက သူမ၏ သွယ်လျသော ခါးကို လက်ဖြင့် သိုင်းဖက်ကာ

“ငြီးငွေ့တယ်...။ ကိုယ် ဘယ်တော့မှ မငြီးငွေ့ဘူး။ မင်းလို မိန်းမလှကို နှေင့်ယှက်ရတာ ဘယ်လိုလုပ် ငြီးငွေ့နိုင်မှာလဲ။”

ချန်ဝမ်ရွန်က မည်သည့် ခံစားချက်မျှ မပြပဲ

“အခုတော့ ရှင်ဒီလို ပြောနေတာပဲ။”

ချန်ဝမ်ရွန် သူ၏ စကားကို မယုံကြည်သည်ကို မြင်သောအခါ လုချန်းက

“ဒါဆို ဒီလိုလုပ်ကြရအောင်။ လောင်းကြေးထပ်ကြမယ်။ နောင်မှာ ကိုယ်မင်းကို ဘယ်တော့မှ မငြီးငွေ့ဘူးဆိုရင် မင်း ကိုယ့်ဘေးမှာ အမြဲတမ်း နေရမယ်။ မင်း ကိုယ့်ဘေးမှာ ရှိနေသရွေ့ ကိုယ်တစ်လကို အနည်းဆုံး တစ်ကြိမ် မင်းရဲ့ အခန်းကို လာလည်မယ်။ ဘယ်လိုလဲ။”

လုချန်း၏ စကားကို ကြားသောအခါ ချန်ဝမ်ရွန်၏ မူလက ပန်းရောင်သန်းနေသော ပါးပြင်များ ပို၍ပင် နီရဲသွားသည်။ သူမ စကားမပြောတော့ပါ။ လုချန်း အဆိုပြုသော လောင်းကြေးကိုလည်း သဘောမတူခဲ့ပေ။

သို့သော် လုချန်း ငြီးငွေ့သည်ဖြစ်စေ မငြီးငွေ့သည်ဖြစ်စေ သူမနှင့် မသက်ဆိုင်ပေ။ သူမ သူ့အတွက် ကလေးတစ်ယောက် မွေးပေးရန်သာ စီစဉ်ထားသည်။ သူတို့၏ ကလေး ကြီးပြင်းလာသောအခါ လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်သွားပြီး သူမ၏ ဆရာသခင် ကျင့်စဉ် ပြီးဆုံးသည်အထိစောင့်ဆိုင်းမည်ဖြစ်သည်။

ချန်ဝမ်ရွန်တွင် နောက်ထပ် ပြောစရာ စကားမရှိသည်ကို မြင်သောအခါ လုချန်းက ခေါင်းကို ငုံ့ကာ သူမ၏ နီရဲသော နှုတ်ခမ်းများကို နမ်းလိုက်၏။ လုချန်းနှင့် ရင်းနှီးနေပြီဖြစ်သောကြောင့် ချန်ဝမ်ရွန် သူ့ကို တွန်းမထုတ်ခဲ့ပေ။

ခဏအကြာတွင် သူတို့၏ နှုတ်ခမ်းများ ကွာသွားသည်။ ထို့နောက် လုချန်းက

“ကိုယ်စစ်မြေပြင်ကို သွားကြည့်ဦးမယ်။ ဆက်ပြီး နားလိုက်ဦး။”

ချန်ဝမ်ရွန်က များများစားစား မပြောပဲ ညင်သာဖြင့် “အင်း”ဟု တုံ့ပြန်လိုက်သည်။

ထို့နောက် လုချန်းလည်း ထလိုက်ကာ အဝတ်အစားများ ဝတ်ဆင်ပြီး အခန်းမှ ထွက်သွားကာ စစ်မြေပြင်သို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ထိုအချိန်တွင် မြောက်ပိုင်းပြည်နယ်၏ တပ်များသည် လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စခန်းတွင် စစ်မြေပြင်ကို ရှင်းလင်းနေဆဲ ဖြစ်သည်။ တစ်ညလုံး ကုန်လွန်သွားသော်လည်း စစ်သည်များ အလုပ်များနေဆဲ ဖြစ်သည်။

လုချန်းသည် သူ၏ မြင်းကို စီးကာ လွင်ပြင်ဒေသ မျိုးနွယ်စုများ၏ စခန်းနား လှည့်ပတ်နေပြီး မကြာမီ မုချန်တိန်နှင့် ဗိုလ်ချုပ်များကိုတွေ့လိုက်ရသည်။

“မင်းသားကို ဂါရဝပြုပါတယ်။”

လုချန်းက ခေါင်းညိတ်ကာ

“အခြေအနေ ဘယ်လိုရှိလဲ”

ဟု မေးမြန်းလိုက်သည်။

မုချန်တိန်က

“အမှောင်ကို အကာအကွယ်ယူပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ လွင်ပြင်ဒေသ စစ်သည်အချို့မှလွဲပြီး ထျန်းချီ ဘုရင်ရဲ့ တပ်ဖွဲ့များကို ကျွန်တော်တို့ လုံးဝ ချေမှုန်းနိုင်ခဲ့ပါတယ်။ လွင်ပြင်ဒေသ စစ်သည်တွေရဲ့အလောင်းတွေကို အကြမ်းဖျင်း ရေတွက်ကြည့်သလောက် ရန်သူ နှစ်သိန်းကို ကျွန်ုပ်တို့ သတ်ဖြတ်နိုင်ခဲ့ပြီး လွင်ပြင်ဒေသ စစ်သား ရှစ်သောင်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်”

ဟု တင်ပြလိုက်သည်။

ထျန်းချီ ဘုရင်၏ တပ်ကြီးတွင် စုစုပေါင်း စစ်သည် လေးသိန်းရှိသော်လည်း မုချန်တိန်၏ အစီရင်ခံမှုတွင် လွင်ပြင်ဒေသ စစ်သား နှစ်သိန်းကိုသာ ဖော်ပြထားသည်။ သို့သော် ယခုမတိုင်မီ လဝက်ကြာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသူများကို ထည့်သွင်းစဉ်းစားလျှင် ကျဆုံးသူ အရေအတွက်လေးသောင်းခန့် ပိုရှိနိုင်သည်။ လွင်ပြင်ဒေသ တပ်ဖွဲ့ဝင်များ၏ အရေအတွက်နှင့် အခြေခံအားဖြင့် ကိုက်ညီသည်။

ဟုတ်ပါသည်။ ပြီးခဲ့သောညက အမှောင်အောက်တွင် ထွက်ပြေးလွတ်မြောက်သွားသူ အချို့ ရှိခဲ့မည်မှာ သေချာ၏။

လုချန်းက ဆက်လက်၍

“မြက်ခင်းလွင်ပြင်ပေါ်က မြင်းခွာရာတွေကို စစ်ဆေးဖို့ ကင်းထောက်တွေ စေလွှတ်ပါ။ ပြီးခဲ့တဲ့ညက ထွက်ပြေးသွားတဲ့ လွင်ပြင်ဒေသ စစ်သည်တွေကို ဆက်လက် ရှာဖွေပါ” ဟု အမိန့်ပေးလိုက်သည်။

မုချန်တိန်က

“စိတ်ချပါ မင်းသား။ ဗိုလ်ချုပ် ဝမ်ရန်လီနဲ့ ဗိုလ်ချုပ် ရှောင်တို့က ထွက်ပြေးနေတဲ့ လွင်ပြင်ဒေသ စစ်သည်တွေကို ရှာဖွေဖို့ မြင်းတပ်ဖွဲ့တွေကို စေလွှတ်ပြီးပါပြီ။”

လုချန်းက

“လက်နက်ချတဲ့ လွင်ပြင်ဒေသ အကျဉ်းသားတွေဆီ ကျွန်တော့်ကို ခေါ်သွားပါ။”

ထျန်းချီဘုရင် သေဆုံးခါနီးတွင် ပြောခဲ့သော နောက်ဆုံးစကားများအတွက် လုချန်း အနည်းငယ် စိုးရိမ်ပူပန်နေခဲ့သည်။ သူ‌ပြောခဲ့သော ထိုနတ်ဘုရားမ အကြောင်းကို မေးမြန်းရန် လွင်ပြင်ဒေသ စစ်သည်အချို့ကို တွေ့လိုသည်။

“ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ မင်းသား” ဟု မုချန်တိန်က ပြောသည်။

ထို့နောက် မုချန်တိန်က လုချန်းအား လွင်ပြင်ဒေသ အကျဉ်းသားများကို ထိန်းသိမ်းထားသော ယာယီစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

လုချန်း လွင်ပြင်ဒေသ အကျဉ်းသားများ၏ ယာယီစခန်းသို့ ရောက်ရှိလာသောအခါ လုချန်းထံမှ ထွက်ပေါ်လာသော သိုင်းပညာရှင်၏ အငွေ့အသက်ကို ခံစားမိသောကြောင့် စစ်သည်အားလုံး အလွန်အမင်း ကြောက်ရွံ့သွားကြသည်။ အဆင့်မြင့်သော လွင်ပြင်ဒေသ စစ်သားအချို့က ဤလူငယ် အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်ကြောင်း ချက်ချင်းမှန်းဆမိလိုက်ကြသည်။

အခန်း (၄၁၃ )

လွင်ပြင်ဒေသမှ လျှို့ဝှက်နတ်ဘုရားမ (၃)

ပထမတွင် လွင်ပြင်ဒေသ မျိုးနွယ်စုများမှ စစ်သည်များသည် သူတို့၏ ဘုရင် မည်သည့်နေရာသို့ ရောက်‌နေမှန်းကို မသိသောကြောင့် သူတို့၏ ဘုရင် လာရောက်ကယ်တင်လိမ့်မည်ဟု မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။ သို့သော် ထို အဆင့်လွန် ပညာရှင်လူငယ်ကို တွေ့သောအခါ သူတို့၏ နှလုံးများသည် ချက်ချင်း အေးစက်သွားသည်။

မြောက်ပိုင်းပြည်နယ်သည် ယခုတစ်ကြိမ်တွင် အဆင့်လွန် ပညာရှင်တစ်ဦးကို စေလွှတ်ခဲ့ပြီး သူတို့၏ ဘုရင်သည်လည်း တစ်ညလုံး ပျောက်ဆုံးနေခဲ့သည်။ ထိုအရာက သူတို့၏ ဘုရင် ကံဆိုးမိုးမှောင် ကျရောက်ခဲ့နိုင်ခြေ အလွန်များကြောင်းကို ဆိုလိုသည် မဟုတ်ပါလား။

ဒါက လုံးဝ ကပ်ဆိုးကြီးတစ်ခု ဖြစ်သည်။

လုချန်းက ဖမ်းဆီးခံထားရသော လွင်ပြင်ဒေသသားများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ လူအုပ်ထဲတွင် အဆင့်မြင့် ပညာရှင် အဆင့် လွင်ပြင်ဒေသ ဗိုလ်ချုပ်တစ်ဦးကို တွေ့လိုက်သည်။

ထိုလွင်ပြင်ဒေသ ဗိုလ်ချုပ်သည် သူ၏ စွမ်းအားကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်သည်။ သူ၏ ခန္ဓာကိုယ်မှ သိုင်းပညာရှင်အငွေ့အသက်သည် အနည်းငယ်သာ ထွက်ပေါ်လာနေပြီး သာမန် လွင်ပြင်ဒေသ စစ်သည်တစ်ဦးနှင့်ပင် တူနေသည်။

သို့သော် သူ မည်မျှပင် ဖုံးကွယ်ထားစေကာမူ စနစ်၏ အကူအညီရှိသော လုချန်း၏ အရှေ့တွင် အချည်းနှီးသာ ဖြစ်သည်။ လုချန်းက လူအုပ်ထဲတွင် ပုန်းအောင်းနေသော လွင်ပြင်ဒေသ ဗိုလ်ချုပ်အား ချက်ချင်းပင်

“ဟူယန်ထုန်။ စစ်သည်တွေကြားမှာ ပုန်းနေရင် ဘယ်သူမှ ခင်ဗျားကို သိမှာ မဟုတ်ဘူးလို့ ထင်နေတာလား။”

ထိုလူငယ်၏ သူ့နာမည်ကို ခေါ်သံကို ကြားသောအခါ ဟူယန်ထုန် အံ့အားသင့်သွားသည်။ မြောက်ပိုင်းပြည်နယ်တွင် မည်သူက သူ့ကို မှတ်မိနိုင်မည်နည်း။

ဒါ မဖြစ်နိုင်ပါ။ ထိုလူငယ်က သူ့ကို လှည့်စားနေရတာဖြစ်မည်။ လွင်ပြင်ဒေသ စစ်တပ်အတွင်း ဟူယန်ထုန် ရှိနေကြောင်းကို စစ်သားတစ်ဦးဦးထံမှ သိရှိခဲ့ရမည်ဖြစ်သောကြောင့် လူအုပ်ကို ထိုသို့ ပြောခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုလူငယ်သည် သူ့ကို မသိနိုင်ပေ။

နတ်ဘုရားမ ပေးထားသော နည်းစနစ်ကို လေ့ကျင့်ထားသောကြောင့် သူ၏ သိုင်းပညာရှင်၏ အငွေ့အသက်ကို ဖုံးကွယ်ထားနိုင်ခဲ့ပြီး သူသည် သာမန် လွင်ပြင်ဒေသ စစ်သားတစ်ဦးနှင့် မည်သို့မှ မခြားနားကြောင်း ဟူယန်ထုန် ယုံကြည်သည်။ သူ့ကို သိနိုင်မည် မဟုတ်ပေ။

ပတ်ဝန်းကျင်ရှိ လွင်ပြင်ဒေသ စစ်သည်များက သူ့ကို သစ္စာဖောက်ကာ ညွှန်ပြခြင်း မရှိသရွေ့ သူ ဘေးကင်းစွာ ပုန်းအောင်းနေနိုင်လိမ့်မည်။ ထိုလူငယ် ထွက်သွားပြီးသည်နှင့် ထွက်ပြေးရန် အခွင့်အရေးကို ရှာဖွေပြီး

နင်းပေမြို့တွင် ဖြစ်ပျက်ခဲ့သည်များကို နတ်ဘုရားမထံ အစီရင်ခံရမည်ဖြစ်သည်။

ဟူယန်ထုန် ထိုသို့ တွေးနေစဉ် လုချန်းက ရယ်မောလိုက်ပြီးနောက် လက်ကို မြှောက်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြု၍ ဟူယန်ထုန်ကို လူအုပ်ထဲမှ ဆွဲထုတ်လိုက်သည်။

ဟူယန်ထုန် အလွန်အံ့အားသင့်သွားသည်။ ထိုလူငယ်က သူတို့ကို လှည့်စားရန်သာ ကြိုးစားနေသည်ဟုသာ ဟူယန်ထုန် ထင်မှတ်ထားခဲ့သော်လည်း ထိုလူငယ်က အမှန်တကယ်ပင် သူ့ကို ရွေးထုတ်လိုက်သည်။

ဘယ်သူ့သားက သူ့ကို သစ္စာဖောက်တာလဲ။

သူ သိပါက ထိုသစ္စာဖောက်ကို သေချာပေါက် သတ်ပစ်မည်။

လုချန်းသည် သန်မာပုံမပေါ်ပဲ စုတ်ပြတ်နေသော သားရေဝတ်စုံကို ဝတ်ဆင်ထားသည့် လွင်ပြင်ဒေသ စစ်သည်တစ်ဦးကို ဆွဲထုတ်သည်ကို မြင်သောအခါ မုချန်တိန်က စူးစမ်းလိုစိတ်ဖြင့်

“ ဒီလူကို သိပါသလား မင်းသား”

ဟု မေးလိုက်သည်။

လုချန်းက ပေါ့ပေါ့ပါးပါးပင်

“ဒီလူက ထျန်းချီ ဘုရင်ရဲ့ လက်အောက်က အဆင့်မြင့် ပညာရှင် အဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ပဲ။”

ထိုစကားများကို ကြားသောအခါ မုချန်တိန်လည်း ထိုနေရာတွင် ရပ်တန့်သွားပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဟူယန်ထုန်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လိုက်သည်။

ဟူယန်ထုန်သည် အဆင့်မြင့် ပညာရှင် စစ်ဗိုလ်ချုပ်တစ်ဦးနှင့် လုံးဝ မတူပေ။ ပထမအချက်မှာ သူ့၌ သိုင်းပညာရှင် အငွေ့အသက် မရှိခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူ၏ ခန္ဓာကိုယ်သည် သာမန် လွင်ပြင်ဒေသ စစ်သားများကဲ့သို့ပင် မတောင့်တင်းခြင်း ဖြစ်သည်။ သူသည် လွင်ပြင်ဒေသသားများကြားတွင် အသုံးမကျသော စစ်သည်တစ်ဦးထက် ပိုမိုသည်ဟု မထင်ရပေ။

ဒီလူက ထျန်းချီ ဘုရင် လက်အောက်က အဆင့်မြင့် ပညာရှင် အဆင့်ရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးကော ဟုတ်နိုင်ရဲ့လား။

သတိပြန်ဝင်လာသောအခါ မုချန်တိန်ကမျက်မှောင်ကြုတ်လိုက်ပြီး

“မင်းသား မှား‌နေတာများလား။ ဒီလူက လွင်ပြင်ဒေသ ဗိုလ်ချုပ်နဲ့ လုံးဝ မတူဘူး။”

လုချန်းသည် ရယ်မောလိုက်ပြီး

“ဟူယန်ထုန်။ ခင်ဗျားရဲ့ သိုင်းပညာရှင် အငွေ့အသက်ကို ဖုံးကွယ်ထားရုံနဲ့ ကျုပ်ရဲ့ မျက်လုံးတွေကို လှည့်စားနိုင်မယ်လို့ တကယ် ထင်နေတာလား။”

“ခင်ဗျား ဒီအတိုင်း ဆက်လုပ်နေရင် ခင်ဗျားရဲ့ ဘုရင်ဆီကို ကျွန်တော်ပို့ပေးလိုက်မယ်။”

ထိုစကားကို ကြားသောအခါ ဟူယန်ထုန် အံ့အားသင့်သွားသည်။

သူ့ကို ဘုရင်ဆီ ပို့ပေးမယ်...။

ဒါဆို သူတို့ရဲ့ ဘုရင် တကယ် သေသွားပြီလို့ ဆိုလိုတာလား။

သူ့ရှေ့က လူငယ် အဆင့်လွန် ပညာရှင်က သူ့ကို သတ်လိုက်တာလား။

ထိုအတွေးကြောင့် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသော ဟူယန်ထုန်က သူ၏ လေသံကို အလျင်အမြန် ပြောင်းလိုက်ပြီး

“ကျွန်တော် ဟူယန်ထုန်ပါ။ ထျန်းချီ ဘုရင်ရဲ့ လွင်ပြင်ဒေသ ဗိုလ်ချုပ်ပါ။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ သခင်။ ဘာသိချင်တာပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။ ကျွန်တော် အကုန်ပြောပြပါ့မယ်။”

ဟူယန်ထုန် သူ၏ အမည်ကို ချက်ချင်း ဝန်ခံသည်ကို မြင်သောအခါ မုချန်တိန်လည်း စကားလုံးမဲ့သွာသလို အနည်းငယ်ခံစားလိုက်ရသည်။ လွင်ပြင်ဒေသ ဗိုလ်ချုပ်တစ်ဦး ထိုကဲ့သို့ အောက်ကျခံ ပြုမူခြင်းကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထိုသူသည် စစ်သည်များကြားတွင် ပုန်းအောင်းနေရုံသာမက သူ၏ ကိုယ်ပိုင်အမည်ကိုပင် ဝန်ခံရန် ကြောက်ရွံ့နေခဲ့သည်။

ထျန်းချီ ဘုရင်၏ လက်အောက်တွင် ထိုကဲ့သို့သော လွင်ပြင်ဒေသ ဗိုလ်ချုပ်တစ်ဦး ပါဝင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထို့နောက် လုချန်းက တိုက်ရိုက်မေးလိုက်သည်မှာ

“ ပြီးခဲ့တဲ့ညက ခင်ဗျားတို့ ဘုရင်မသေခင် ခင်ဗျားတို့ရဲ့ နတ်ဘုရားမက ကျွန်တော့်တို့ကို လက်စားချေလိမ့်မယ်လို့ ပြောခဲ့တယ်။ ခင်ဗျားတို့ရဲ့ နတ်ဘုရားမကို ကျွန်တော် အတော်လေး စိတ်ဝင်စားတယ်။ ပြောပါ။ သူက ဘယ်လို မိန်းမမျိုးလဲ။”

လုချန်း၏ မေးခွန်းကို ကြားသောအခါ ဟူယန်ထုန်သည် ခဏခန့် အံ့အားသင့်သွားသည်။

ဟူယန်ထုန် ချက်ချင်း မဖြေသည်ကို မြင်သောအခါ လုချန်းက ဆက်လက်၍

“ဘာလဲ။ အဆင့်မြင့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး ခင်ဗျားတို့ရဲ့ လွင်ပြင်ဒေသရဲ့ နတ်ဘုရားမအကြောင်း မသိဘူးလား”

ဟု မေးလိုက်သည်။

သတိပြန်ဝင်လာပြီးနောက် ဟူယန်ထုန်က အလျင်အမြန်ပင်

“သိပါတယ်။ နတ်ဘုရားမအကြောင်း ဘာသိချင်လဲဆိုတာ သေချာ မသိလို့ပါ။”

ထို့နောက် လုချန်းက

“ခင်ဗျားတို့ နတ်ဘုရားမရဲ့ စွမ်းအားက ဘယ်လောက်လဲ”

ဟု မေးမြန်းလိုက်သည်။

ဟူယန်ထုန်က

“ကျွန်တော် အဲ့ဒါကို သေချာ မသိပါဘူး။ ကျွန်တော် သိတာတစ်ခုက ကျွန်တော်တို့ရဲ့ ဘုရင်တောင် သူ့ကို မယှဉ်နိုင်ဘူးဆိုတာပါပဲ။ နတ်ဘုရားမက လက်ညှိုးတစ်ချောင်းနဲ့ ကျွန်တော်တို့ရဲ့ ဘုရင်ကို မြေကြီးပေါ်လဲကျ အောင် လုပ်နိုင်တယ်”

ဟု ပြန်ဖြေလိုက်သည်။

ဟူယန်ထုန်၏ အဖြေကြောင့် လုချန်းနှင့် မုချန်တိန်တို့၏ နှလုံးခုန်နှုန်းများ မြန်ဆန်သွားသည်။ ထျန်းချီ ဘုရင်သည် အတော်လေး စွမ်းအားကြီးမားသူဖြစ်သော်လည်း လွင်ပြင်ဒေသ နတ်ဘုရားမက သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် မြေကြီးပေါ် လှဲချနိုင်သည်ဆိုလျှင်...

ထိုလွင်ပြင်ဒေသ နတ်ဘုရားမ၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်နည်း။

သူမက ကောင်းကင်လူသားအဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်နိုင်လား။

လွင်ပြင်ဒေသတွင်လည်း ကောင်းကင်လူသားအဆင့်ရှိ စွမ်းအားရှင် ရှိနိုင်ပါသလား။

ဒါက သူတို့၏ မြောက်ပိုင်းပြည်နယ်အတွက် သတင်းကောင်းမဟုတ်ပေ။

မြောက်ပိုင်းပြည်နယ်တွင် လက်ရှိ၌ အဆင့်လွန် ပညာရှင် သုံးဦးသာ အများဆုံးရှိပြီး အဆင့်လွန် ပညာရှင်နှင့် ကောင်းကင်လူသားနယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦးကြား ကွာခြားချက်က အလွန်ကြီးမားသည်။ ကောင်းကင်နှင့် မြေကြီး ကွာခြားသကဲ့သို့ပင် ဖြစ်သည်။ လွင်ပြင်ဒေသ နတ်ဘုရားမ ရောက်လာပါက မြောက်ပိုင်းပြည်နယ် ခုခံနိုင်မည်လားဆိုတာက မသေချာပေ။

............

အခန်း( ၄၁၄ )

ထျန်းချီ ဘုရင်သည် အဆင့်လွန် ပညာရှင်ဖြစ်သည် (၁)

ဟူယန်ထုန်၏ အဖြေကို ကြားသော်လည်းလွင်ပြင်ဒေသ နတ်ဘုရားမ၏ စွမ်းအားကို လုချန်း မကြောက်ရွံ့ပေ။ နတ်ဘုရားမသည် စွမ်းအားကြီးမားသော်လည်း သူမ ပို၍ စွမ်းအားကြီးလေလေ သူမ၏ ဂုဏ်သိက္ခာကို ထိပါးစေမည့် အပြုအမူများကို ကိုယ်တိုင် လုပ်ဆောင်ရန် ဝန်လေးလေလေ ဖြစ်လိမ့်မည်။

သာမန်အခြေအနေတွင် အဆင့်လွန် ပညာရှင်တစ်ဦးပင် စစ်မြေပြင်တွင် အလွယ်တကူ ပေါ်လာမည် မဟုတ်ပေ။ ကောင်းကင်လူသားနယ်ပယ်မှ စစ်သည်တော်တစ်ဦးဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။

ထို့ပြင် လွင်ပြင်ဒေသ၏ နတ်ဘုရားမ မြောက်ပိုင်းပြည်နယ်ကို အမှန်တကယ် ဒုက္ခပေးလိုလျှင်ပင် လုချန်း များစွာ စိုးရိမ်ရန် မလိုပေ။ ကျူးကဲ့ကျုံကောင်းသည် ကောင်းကင်လူသားနယ်ပယ်သို့ ရောက်ရှိရန် အလွန်နီးကပ်နေပြီဖြစ်ပြီး နတ်ဘုရားမက ဒုက္ခလာပေးခြင်း မပြုမီ ကျူးကဲ့ကျုံကောင်း အဆင့်တက်နိုင်လိမ့်မည်ဟု လုချန်း ယုံကြည်သည်။

ကျူးကဲ့ကျုံကောင်းကို အားမကိုးလျှင်ပင် သူ၏ ကျင့်စဉ်အရှိန်ကို မြှင့်တင်ပါက သူကိုယ်တိုင် ကောင်းကင်လူသားနယ်ပယ်သို့ ရောက်ရှိနိုင်မည်ဟု လုချန်း မျှော်လင့်နိုင်သည်။

ထို့နောက် လုချန်းက ဆက်မေးလိုက်သည်

“ထျန်းချီ ဘုရင် ဘာကြောင့် အရှေ့ဘက်ကို ချီတက်ခဲ့တာလဲ။ မြောက်ပိုင်းဒေသကို ပြောင်းရွှေ့ဖို့လား။ ဒါမှမဟုတ် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ သက်သက်လား။”

ဟူယန်ထုန်က

“အစပိုင်းမှာ နတ်ဘုရားမက ထျန်းချီ ဘုရင်ကို မြောက်ပိုင်းဒေသကို ပြောင်းရွှေ့ဖို့နဲ့ လောလောဆယ်တော့ မဆင်မခြင် မလုပ်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ကျူးနိုင်ငံတော်ကို ရှုံးနိမ့်ပြီး စိတ်တိုနေတဲ့ ဘုရင်က သူ့ရဲ့ ဒေါသကို ထုတ်ဖော်ချင်တာကြောင့် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ ကျွန်တော်တို့က်ု ဦးဆောင်ခဲ့တာ”

ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် ဟူယန်ထုန်က ချက်ချင်း ဒူးထောက်လိုက်ပြီး

“ဒါတွေအားလုံး ထျန်းချီ ဘုရင်ရဲ့ ဆုံးဖြတ်ချက်တွေပါ။ ကျွန်တော့်နဲ့ ဘာမှ မဆိုင်ပါဘူး။ သူအတင်းအကျပ် စေခိုင်းလို့ ကျွန်တော် မြောက်ပိုင်းပြည်နယ်ကို တိုက်ခိုက်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ။”

ဟု တောင်းပန်လိုက်သည်။

ဟူယန်ထုန်၏ စကားများကို ကြားသောအခါ လုချန်းလည်း အတွေးထဲ နစ်မြောသွားသည်။ ထျန်းချီ ဘုရင် မြောက်ပိုင်းဒေသသို့ လာရောက်ခြင်းက သူ့တွင်ကိုယ်ပိုင် အကြောင်းပြချက်များ ရှိသည်ဟု မူလက လုချန်း ထင်ခဲ့သော်လည်း နောက်ကွယ်မှ တွန်းအားပေးနေသူ တစ်ဦး ရှိနေကြောင်း သိလိုက်ရသည်။

လွင်ပြင်ဒေသ နတ်ဘုရားမက ထျန်းချီ ဘုရင်ကို မြောက်ပိုင်းဒေသမှာ ဘာလုပ်စေချင်နေတာလဲ။ နတ်ဘုရားမ စိတ်ဝင်စားသော အရာတစ်ခု မြောက်ပိုင်းဒေသမှာ ရှိနေလို့လား။

ထိုသို့တွေးတောပြီး လုချန်းက

“ခင်ဗျားတို့ရဲ့ လွင်ပြင်ဒေသ နတ်ဘုရားမက ထျန်းချီ ဘုရင်ကို ဘာ့ကြောင့် မြောက်ပိုင်းဒေသ လာခိုင်းခဲ့တာလဲဆိုတာ ခင်ဗျားသိလား”

ဟု မေးလိုက်သည်။

ဟူယန်ထုန်က

“ကျွန်တော်က မျိုးနွယ်စုငယ် တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ နတ်ဘုရားမရဲ့ အတွေးတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ” ဟု ပြန်ဖြေလိုက်သည်။

ဟူယန်ထုန်၏ အဖြေကို ကြားသောအခါ

ထျန်းချီ ဘုရင်ကို အလျင်အမြန် သတ်လိုက်မိသည်ကို လုချန်းချက်ချင်း နောင်တရသွားသည်။

ပြီးခဲ့သောညက တိုက်ပွဲအချိန် ကြာမြင့်ခြင်းကို ရှောင်ရှားရန်နှင့် မတော်တဆမှုများ မဖြစ်ပွားစေရန် ထျန်းချီ ဘုရင်ကို စောစော သတ်ဖို့ သူတွေးလိုက်ခြင်းဖြစ်သည်။ သို့သော် သူ့ကိုသတ်လိုက်ခြင်းက သတင်းအချက်အလက်များစွာကို ဆုံးရှုံးစေသည်။

နောင်တွင် သူခေါင်းအေးအေးထား၍ လုပ်တတ်ရန် လိုအပ်သည်။ ဆုံးဖြတ်ချက် မြန်မြန်ချခြင်းသည် အမြဲတမ်း ကောင်းသောအရာ မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းသည် ဖမ်းဆီးခံထားရသော လွင်ပြင်ဒေသသားများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အကြည့်က

ဟူယန်ထုန်ထံ ပြန်ရောက်သွားကာ

“ခင်ဗျားတို့ရဲ့ နတ်ဘုရားမအကြောင်း တခြားဘာသိသေးလဲ။ ဥပမာ နတ်ဘုရားမ ဘယ်လို မွေးဖွားလာတာလဲ။ ဒါမှမဟုတ် သူ ဘယ်လို အရည်အချင်းတွေ ပိုင်ဆိုင်လဲ”

ဟု မေးလိုက်သည်။

ဟူယန်ထုန်က

“ ကျွန်တော် သိသမျှ အကုန် ပြောပြပြီးပါပြီသခင်။ နတ်ဘုရားမကို ကျွန်တော် အကြိမ်

နည်းနည်းလောက်ပဲ တွေ့ဖူးတာပါ။ သူ့အကြောင်း တကယ် မသိပါဘူး”

ဟု ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် မုချန်တိန်က လုချန်းထံ ချဉ်းကပ်လာပြီး သူ၏ နားနားကပ်၍ ပြောလိုက်သည်။

“မင်းသား။ ဒီ လွင်ပြင်ဒေသ ဗိုလ်ချုပ်ကို ဘယ်လို ကိုင်တွယ်ရမလဲ။”

ခဏတာ စဉ်းစားပြီးနောက် လုချန်းက “ပထမဆုံး သူ့ရဲ့ စွမ်းအားကို ပိတ်စို့လိုက်ပါ။ ပြီးရင် သူ့ကို နောက်ထပ် သုံးလို့ရအောင် ရန်ခရိုင်ကို ပြန်ခေါ်သွားပါ။ သူ အသုံးဝင်နိုင်ပါသေးတယ်။”

မုချန်တိန်က

“နားလည်ပါပြီ”

ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် လုချန်းက ဟူယန်ထုန်အား

“အသက်ရှင်ချင်ရင် ရိုးရိုးသားသား နေပါ။ လှည့်ကွက်တွေ လုပ်မယ်ဆိုရင် ခင်ဗျားရဲ့ဘုရင်ဆီ တန်းပို့လိုက်မယ်။”

ဟူယန်ထုန်က

“စိတ်ချပါ သခင်။ကျွန်တော် လုံးဝ ရိုးသားပါ့မယ်။ထွက်ပြေးဖို့လည်း မကြိုးစားပါဘူး။”

လုချန်းလည်း ဟူယန်ထုန်နှင့် နောက်ထပ် စကားမပြောတော့ပဲ ထိုနေရာမှ လှည့်ထွက်သွားသည်။ အခြားသော လွင်ပြင်ဒေသ စစ်သည်များကိုလည်း နတ်ဘုရားမအကြောင်း မေးမြန်းရန် အစီအစဉ်မရှိပေ။ ဟူယန်ထုန်ပင် သူမအကြောင်း အနည်းငယ်သာ သိထားသည်ကို ထောက်ရှုခြင်းအားဖြင့် အခြားသူများအတွက် သူမနှင့် ပို၍ပင် ထိတွေ့မှုနည်းပြီး ပို၍ပင် နည်းပါးစွာ သိနိုင်ဖွယ်ရှိသည်။

ထို့နောက် လုချန်း လှည့်ထွက်သွားသည်။

ဖမ်းဆီးခံထားရသော လွင်ပြင်ဒေသသားများ၏ ယာယီစခန်းမှ လုချန်း ထွက်ခွာသွားပြီး မကြာမီ ရှောင်ပင်တိန်က မြင်းတပ်များနှင့် ပြန်ရောက်လာပြီး မနေ့ညက ထွက်ပြေးသွားသော လွင်ပြင်ဒေသ စစ်သည်အုပ်စုတစ်စုကို ခေါ်ဆောင်လာခဲ့သည်။

ရှောင်ပင်တိန်ကို မြင်သောအခါ လုချန်းသည် ချက်ချင်းပင်

“ဗိုလ်ချုပ် ရှောင်။ခဏလောက် ဒီကို လာပါဦး။ ကျွန်တော် မေးစရာရှိလို့။”

ထိုစကားကို ကြားသောအခါ ရှောင်ပင်တိန်လည်း ချက်ချင်းပင် လုချန်းရှေ့သို့ ရောက်လာပြီး

“မင်းသား။ ကျွန်တော့်ကို ဘာများ မေးမြန်းလိုပါသလဲ။”

လုချန်းက တိုက်ရိုက်ပင်

“ခင်ဗျားတို့ လွင်ပြင်ဒေသရဲ့ နတ်ဘုရားမအကြောင်း ကြားဖူးလား”

ဟု မေးလိုက်သည်။

ရှောင်ပင်တိန်သည် လွင်ပြင်ဒေသတွင် ကြီးပြင်းခဲ့ပြီး ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုအတွင်း အဆင့်အတန်း နိမ့်ကျသူ မဟုတ်သောကြောင့် နတ်ဘုရားမအကြောင်း အချို့သော သတင်းအချက်အလက်များကို သူ သိသင့်သည်ဟု လုချန်း တွေးထင်ခဲ့သည်။

လုချန်း၏ မေးခွန်းကြောင့် ရှောင်ပင်တိန် အံ့သြသွားပြီး ခဏတာ တုံ့ဆိုင်းပြီးမှ

“လွင်ပြင်ဒေသမှာ နတ်ဘုရားမ ရှိတယ်ဆိုတာ မင်းသား ဘယ်တုန်းက သိတာလဲ။ ကျွန်တော် ဒီအကြောင်း မကြားဖူးပါဘူး။”

ရှောင်ပင်တိန်၏ အဖြေမှ တစ်စုံတစ်ခုကို လုချန်း သဘောပေါက်သွား၏။ ကောင်းကင်ဝံပုလွေဘုရင်၏ မျိုးနွယ်စုသည် မြောက်ပိုင်းဒေသသို့ အတော်စောစော ပြောင်းရွှေ့ခဲ့ကြောင်း လုချန်းချက်ချင်း သတိရသွားသည်။ လွင်ပြင်ဒေသ နတ်ဘုရားမသည် ကောင်းကင်ဝံပုလွေဘုရင် မျိုးနွယ်စု ပြောင်းရွှေ့ပြီးနောက် မွေးဖွားခဲ့ခြင်း ဖြစ်နိုင်ပြီး ထိုမျိုးနွယ်စု အနေနှင့် နတ်ဘုရားမအကြောင်း လုံးဝ မသိနိုင်ပေ။

လုချန်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး

“ထားလိုက်တော့။ ခင်ဗျားရဲ့ တာဝန်တွေကို ဆက်လုပ်ပါ။”

ဒါက...

ရှောင်ပင်တိန် ခဏတာမျှ တုံ့ဆိုင်းသွားပြီး “ကျွန်တော့်ကို ခွင့်ပြုပါ”

ဟု ပြောလိုက်သည်။

ပြီးခဲ့သောညက ဖြစ်ပွားခဲ့သော စစ်မြေပြင်ကို အကြိမ်ကြိမ် လှည့်လည်ကြည့်ရှုပြီးနောက် လုချန်း နင်းပေမြို့သို့ ပြန်လာခဲ့သည်။

အထူးကိုယ်ရံတော်များကို နောက်ဆုံးရ တိုက်ပွဲအစီရင်ခံစာကို ရန်ခရိုင်သို့ ပို့ခိုင်းရန် ပြင်ဆင်နေစဉ် ဝူယွမ် ရောက်လာပြီး စာတစ်စောင်ကို ပေးကာ

“ ရန်ခရိုင်က ထောက်လှမ်းရေး သတင်းပါ မင်းသား။”

လုချန်းက ဝူယွမ်ထံမှ စာကို ယူကာ ဖွင့်ပြီး အတွင်းရှိ ထောက်လှမ်းရေး သတင်းကို ဖတ်ရှုလိုက်သည်။

ထောက်လှမ်းရေး သတင်းတွင် ကျူးနိုင်ငံတော်က မြောက်ပိုင်းပြည်နယ်သို့ သံတမန် စေလွှတ်ကြောင်း ဖော်ပြထားသည်ကို မြင်သောအခါ လုချန်း မျက်နှာ တည်သွားသည်။

ကျူးနိုင်ငံတော်၏ သံတမန် ယခုလို အချိန်မှာ မြောက်ပိုင်းပြည်နယ်သို့ လာရောက်ခြင်းက ဘာကို လိုချင်နေလို့လဲ။

ထောက်လှမ်းရေး သတင်းတွင် ကျူးနိုင်ငံတော်၏ သံတမန်က အကူအညီပေးရန် ကမ်းလှမ်းထားကြောင်း ဖော်ပြထားသည်။ မြောက်ပိုင်းပြည်နယ်တွင် မည်သည့် လိုအပ်ချက် ရှိရှိ ကျူးနိုင်ငံတော်ကို အကူအညီတောင်းနိုင်ပြီး ကျူးနိုင်ငံတော်က မငြင်းပဲ ကူညီမည်ဟု ဆိုထားသည်။

..........

All Chapters