← Chapters

စောင့်ရှောက်သူချန်း

Vol. 15 Ch. 213

စောင့်ရှောက်သူချန်း

Vol. 15 Ch. 213

“မင်းတို့က ဟွမ်းရှန့်နန်းတော်ကို တရားဝင် ဝင်ရောက်နိုင်ပြီ..”

ဟွမ်းသည် ထိုလူငယ်များကို ကြည့်ကာ ဆိုလိုက်၏။

ကျီးဟူကျိတို့သည် ပြုံးရွှင်သွားကြသည်။ သူတို့သည် အဖွဲ့အစည်းသစ်တစ်ခုအား ဝင်ရောက်လိုက်ရသော်လည်း မည်သို့မျှ နိမ့်ကျသည်ဟု မခံစားရပေ။ ထို့အပြင် ကျီယွမ်မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များပင် လာရောက်ကြည့်ရှုနေကြခြင်းဖြစ်သည်။

ကျီထျန်းရှစ်တို့လည်း ထူးဆန်းသည် စမ်းသပ်ချက်များကြောင့် မှင်သက်ရသော်လည်း တပည့်အရေအတွက်ကြောင့်ပို၍ စွံအမိသွားကြ၏။ ထိုအရေအတွက်သည် အဖွဲ့အစည်းတစ်ခုအတွက် တပည့်လက်ခြင်းဟု၍ပင် မ‌ခေါ်ဆိုနိုင်ပေ။ ဟွမ်းရှန့်နန်းတော်၏ လုပ်ရပ်များကို နားမလည်နိုင်ဖြစ်နေသည်။

ခဏအကြာတွင် ဝမ်မုန့်ယွင်သည် အစီအရင်အတွင်း ကျန်ရစ်သည့် လူငယ်များအတွက် အစီအရင်ကို ရုတ်သိမ်းပေးလိုက်၏။ သို့မှသာ ထိုလူငယ်များသည် လွတ်မြောက်လာပြီး ပြင်ပလောကနှင့် အဆက်အသွယ်ရရှိတော့သည်။

အချိန်အနည်းငယ်ယူပြီးနောက် ဖြစ်ပျက်မှုများကို ပြန်တွေးမိကာ အလွန်ပင် ရှက်ရွံ့သွားကြတော့၏။ သူတို့ထံတွင် ပုံရိပ်ယောင်များကို အတုယောင်လား၊ အစစ်အမှန်လား ဟုပင်ခွဲခြားနိုင်စွမ်း ကင်းလွတ်သွားကြသည်။ ထိုပုံရိပ်ယောင်များသည်လည်း အတုအယောင်ဟု ပြောရန်ပင် ခက်ခဲနေ၏။

ထို့နောက် ဝမ်မုန့်ယွင်သည် အခမ်းအနားကို ပိတ်သိမ်းရန် ကြေညာလိုက်ချိန်တွင် မြူနှင်းမြို့၏ ကောင်ကင်ထက်မှ စူးရှသည့် အသံထွက်ပေါ်လာသည်။

“နေဦး..”

စူးရှလှသည့် အသံကြောင့် ရင်ပြင်အတွင်းရှိကျင့်ကြံသူများ၏ အကြည့်သည် ထိုလူ့ထံကျရောက်သွား၏။

ဟွမ်းသည် ထိုအသံလာရာသို့ ကြည့်လိုက်ရာ ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအမျိုးသားသည် ဆက်လက်ပြောဆိုလိုက်၏။

“ကောင်းကင်တံခါးဂိုဏ်းရဲ့ နယ်နိမိတ်ထဲမှာ နန်းတော်တစ်ခု တည်ဆောက်ရဲတဲ့အထိ ရဲတင်းနေတာလား..”

“မင်းကဘယ်သူလဲ..”

ဟွမ်းသည် တည်ငြိမ်သည့်လေသံနှင့်သာ မေးခွန်းထုတ်လိုက်၏။

“ကျုပ်ကို စောင့်ရှောက်သူချန်း လို့ခေါ်နိုင်တယ်..၊ အဆင့်သုံးနယ်မြေတွေရဲ့ တာဝန်ရှိသူပဲ..”

ချပ်ဝတ်တန်ဆာများနှင့် အမျိုးသားသည် မိတ်ဆက်လိုက်၏။ သူသည် ကောင်းကင်ထက်မှ တလှမ်းချင်း ဆင်းလာသည်။

“အဆင့်သုံးနယ်မြေတွေကို ကာကွယ်သူ..”

ကျီထျန်းရှစ်သည် စောင့်ရှောက်သူချန်းကို ကြည့်ကာ ရေရွတ်လိုက်၏။ ကောင်းကင်တံခါးဂိုဏ်းသည် အဆင့်သုံးနယ်မြေများနှင့် ပတ်သတ်သည့် ကိစ္စများကို တာဝန်ယူထားကြသည်။ ပြောရလျှင် အဆင့်သုံးနယ်မြေအား၏ ခေါင်းဆောင်ဂိုဏ်းတစ်ခုဟု ခေါ်ဆိုနိုင်သည်။ ထို့အပြင် ထိုဂိုဏ်း၏ ထုတ်ပြန်ချက်အရ ကောင်းကင်နန်းတော်ဟူသည် နတ်ဘုရားလောက၏ အင်အားကြီး အဖွဲ့အစည်းနှင့် ဆက်နွယ်မှုများရှိနေသည်ဟုပင်။

ပုံမှန်ဆိုလျှင် ကောင်းကင်တံခါးဂိုဏ်းသည် အဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာမှုကို စွက်ဖက်ပြုမှုခြင်းမရှိပေ။ သူတို့သည် အဆင့်သုံးနယ်မြေများ၏ အခက်အခဲကိစ္စအချို့ကိုသာ ဝင်ရောက်စွက်ဖတ်တက်ကြ၏။

သို့သော် စောင့်ရှောက်သူချန်းသည် ဟွမ်းရှန့်နန်းတော်တွင် ‘နန်းတော်’ ဟူသည့်အသုံးအနှုံးကြောင့် စွက်ဖက်ခဲ့ခြင်းဖြစ်သည်။ ကောင်းကင်နန်းတော်၏ အရှိန်အဝါကြောင့် နတ်ဘုရားကုန်းမြေတွင် မည်သည့်အဖွဲ့အစည်းမျှ ‘နန်းတော်’ ဟူသည်ကို မသုံးနှုံးရဲချေ။

ကျီထျန်းရှစ်တို့သည် ထိုအရာကို ဟွမ်း မည်သို့မည်ပုံ ဖြေရှင်းမည်ကို သိလိုသွားသည်။ ထို့ကြောင့် ဟွမ်းကိုကြည့်လိုက်ကြ၏။

“ထွက်သွားစမ်း..”

ကျီထျန်းရှစ် “...”

‘ဒီလူက ရာထူးနဲ့ နောက်ခံတောင်မိတ်ဆက်လိုက်ပြီလေ၊ ကောင်းကင်တံခါးဂိုဏ်းကို မသိတာတော့ မဖြစ်နိုင်ဘူးမလား..’

ဟွမ်း၏ တုန့်ပြန်မှုကြောင့် ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွားကြ၏။ စောင့်ရှောက်သူချန်းပင် နားကြားမှားသည်လားဟု တွေးမိသွားသည်။

ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲပါလိမ့်။

စောင့်ရှောက်သူချန်းသည် ကောင်းကင်တံခါးဂိုဏ်းမှ ဖြစ်သောကြောင့် အဆင့်သုံးနယ်မြေများ၏ ခေါင်းဆောင်များပင် မလေးမစား မလုပ်ဝံ့ချေ။ သို့သော် တည်ထောင်ထားသည်မှာ ဆယ်စုနှစ်တစ်ခုပင် မကြာသေးသည့် အဖွဲ့အစည်းသည် သူ့အားဂရုပင် မစိုက်ချေ။

သူ၏ တုန့်ပြန်မှုသည် ခက်ထန်သွား၏။

“မင်းကိုမင်း ဘာထင်နေတာလဲ..၊ ကောင်းကင်တံခါးဂိုဏ်းကို မျက်လုံးထဲ ထည့်မထားတာလား..၊ ဖြေရှင်းချက်မထုတ်ပေးရင် ကောင်းကင်တံခါးဂိုဏ်းရဲ့ နှိမ်နှင်းခြင်းကို ခံရမယ်..”

“အမှိုက်ဂိုဏ်း..”

ဟွမ်းသည် ဂရုမစိုက်စွာ ပြောလိုက်၏။ သူ၏ အခမ်းအနားတွင် အော်ကြီးဟစ်ကျယ်လုပ်ကာ ဖျတ်လို့ဖျတ်စီး ပြုမှုနေ၏။ သူသည်းမခံနိုင်တော့ပေ။

ကောင်းကင်ထက်မှ ဆင်းလာသည့် စောင့်ရှောက်သူချန်းလည်း သူ၏ ဒေါသကို မည်သို့ ထုတ်ဖော်ရမည်ကိုပင် မသိတော့ချေ။ သူသည် ကျီထျန်းရှစ်ကို အစိမ်းလိုက်ဝါးစားမတက်ကြည့်ကာ ပြောဆိုလိုက်၏။

“ခင်ဗျား.. မဟာမိတ် ခေါင်းဆောင်လုပ်နေပြီး ဒီလို မောက်မာတဲ့ လူမျိုးကို ခွင့်ပြုထားတာပဲလား..”

“ကျုပ်..”

ကျီထျန်းရှစ်သည် မတုန့်ပြန်နိုင်တော့ချေ။ မဟာ နတ်အင်ပါယာတစ်ဦးအား အဆင့်ခြောက်တစ်ဦးက ကျိန်းမောင်းနေခြင်းသည် အဓိပ္ပါယ်မဲ့လှ၏။ အဆင့်ခြောက်တစ်ဦးသည် မည်မျှပင် အစွမ်းထက်ပါစေ မဟာ နတ်အင်ပါယာတစ်ဦးကို အံတုနိုင်စွမ်းမရှိချေ။

သို့သော် စောင့်ရှောက်ချန်းသည် ကောင်းကင်တံခါးဂိုဏ်းမှ ဖြစ်သောကြောင့် ထိုသို့ မောက်မာမှုအတွက် တုန့်ပြန် ပြောဆိုနိုင်ခြင်းမရှိချေ။

ထို့နောက် ကျီထျန်းရှစ်သည် သူ၏ ကဆုန်ပေါက်နေသည့် နှလုံးသားကို ထိန်းချုပ်ကာ ဖြေရှင်းချက်ထုတ်လိုက်သည်။

“စောင့်ရှောက်သူချန်း..၊ ဒီကိစ္စက နားလည်မှု လွဲတာပါ..၊ ဟွမ်းရှန့်နန်းတော်က အဖွဲ့အစည်းငယ် တစ်ခုအဖြစ်ပဲ တည်ထောင်ထားတာမို့ ကျုပ်တို့ခွင့်ပြုပေးခဲ့တာပါ..”

“ခင်ဗျားက ဒီလို လက်လွတ်စပယ် ခွင့်ပြုပေးလို့ ဒီလူက ကောင်းကင်တံခါးဂိုဏ်းကို မထီမဲ့မြင်လုပ်နေပြီ..၊ အဲ့ဒီအတွက် ခင်ဗျား ဖြေရှင်းချက်ပေးရလိမ့်မယ်..”

စောင့်ရှောက်သူချန်းသည် ကတ်ကတ်လန်အောင် ရန်တွေ့ပြောဆိုလိုက်၏။ ထိုလူသည် သူ၏ ဂိုဏ်းကိုပင် အမှိုက်ဂိုဏ်းဟု ခေါ်ဝေါ်နေသည်။ ဘယ်လိုမှ သည်းခံ၍ မရပေ။ ထို့ကြောင့် ခွင့်ပြုချက်ပေးသည် ကျီယွမ်မဟာမိတ်ကို ဖိနှိပ်ပြောဆိုလိုက်၏။ သို့သော် ထိုအချိန်ဟွမ်း ဟွမ်း၏ စကားသံကို ထပ်မံကြားလိုက်ရသည်။

“ထပ်ပြီး အော်ဟစ်နေမယ်ဆိုရင် ရိုက်နှက်ပြီး နှင်ထုတ်မယ်..”

“ဟား..ဟား..၊ ကောင်းတယ်..၊ ဒီနေ့မှာ ငါ့ကို ဘယ်လိုရိုက်..”

“ဘုန်း..”

“အွတ်..”

စောင့်ရှောက်သူချန်းသည် စကားဆုံးအောင် မပြောလိုက်ရချေ။ သူ၏ ဝမ်းဗိုက်တွင် မည်သည့်အချိန်က ရောက်ရှိလာသည်မှန်းမသိရသည့် လက်သီးတစ်ခု ထိမှန်သွား၏။ ထိုသို့ ထိုးနှက်ခံလိုက်ရမှုကြောင့် သူ၏ ခန္ဓာကိုယ်သည် အမြောက်ဆံ တစ်ခုသဖွယ် ကျဆင်းသွားသည်။ သူ၏ ကျဆင်းသည့် အရှိန်ကြောင့် မြေလွှာများပင် အက်ကွဲကုန်၏။

ဟွမ်းသည် ထိုသူ၏ ပေါက်ပန်းလေးဆယ်စကားများကို မကြားချင်တော့ပေ။ ထို့ကြောင့် သူ့အားပါးစပ်ပိတ်စေလိုက်သည်။ သို့သော် ဟွမ်း၏ နည်းလမ်းသည် အနည်းငယ် ကြမ်းတမ်းသွားဟန်ရ၏။

ကျီထျန်းရှစ်နှင့် ရှီဖန်ကျစ်တို့ ခန္ဓာကိုယ်တွင် ချွေးစေးများထွက်နေခဲ့သည်။ သူတို့၏ နှလုံးသားများလည်း တဒုန်းဒုန်းနှင့် ခုန်ပေါက်နေ၏။

ယနေ့ထက်တိုင်သူတို့သည် ကောင်းကင်တံခါးဂိုဏ်းမှ ကျင့်ကြံသူများကို မစော်ကားဝံ့ချေ။ သို့သော် နန်းတော်သခင်သည် ရိုက်နှက်မှုပင် ပြုလိုက်၏။ ကျီယွမ်ကုန်းမြေ၏ အနာဂတ်အတွက် သူတို့၏ စိတ်များလေးလံလာသည်။

“မင်း..”

စောင့်ရှောက်သူချန်းသည် အလွန်ပင် ဒေါသထွက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တွင် နာကျင်မှုများ ရှိနေသော်လည်း မွှန်ထူနေသည့် ဒေါသကြောင့် နာကျင်မှုများပင် ဂရုမစိုက်နိုင်တော့ချေ။

“မင်းတို့ အဖွဲ့အစည်းကို ကောင်းကင်တံခါးဂိုဏ်းက ကျိန်းသေဖျတ်စီးပစ်မယ်..”

ထို့နောက် သူသည် အဖြူရောင် တံဆိပ်တော်တစ်ခုကို ထုတ်ယူလိုက်၏။ ထိုတံဆိပ်တော်သည် အဆောင်စာရွက်ပုံစံနှင့်ဆင်တူသည်။ ၎င်းမှ ထွက်ပေါ်လာသည့် ရောင်ဝါများသည် သန့်စင်လွန်းပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား ချက်ချင်း လွှမ်းမိုးသွားသည်။

“ဒါက..ကောင်းကင်ဂိုဏ်းရဲ့လျှို့ဝှက်တံဆိပ်တော်လား..၊ မဟာ နတ်အင်ပါယာကိုတောင် အံတုနိုင်တဲ့ အရာလား..”

ကျီထျန်းရှစ်ကိုယ်ပင် ထိုရောင်ဝါကြောင့် ထိတ်လန့်သွား၏။ သို့သော် အခြားကျင့်ကြံသူများကဲ့သို့ ထိုရောင်ဝါ၏ ဖိနှိပ်မှုကို မခံစားရချေ။ သူသည် မဟာနတ်အင်ပါယာဖြစ်သော်လည်း သူနှင့် တန်းတူ အစွမ်းရှိသည့် အရာမျိုးကို ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

ထိုတံဆိပ်တော်သည် ထုတ်ဖော်ထားရုံနှင့် ဤမျှပြင်းထန်သည့် ဖိအားပေးစွမ်းနေပြီဖြစ်သည်။ ကောင်းကင်တံခါးဂိုဏ်းတွင် ထူးခြားသည့် တံဆိပ်တော်များရှိသည်ဟု ကောလဟာလအဖြစ်သာ ကြားဖူးခဲ့၏။

အခြားကျင့်ကြံသူများသည် ထိုတံဆိပ်တော်မှ ပေါ်ထွက်နေသည့် ဖိအားကြောင့် ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။

“ဒီနေ့မှာ ကောင်းကင်တံခါးဂိုဏ်းက မင်းရဲ့ မောက်မာမှုကို ချိုးနှိမ်ပေးမယ်..”

All Chapters