← Chapters

အထင်ကြီးမှု

Vol. 15 Ch. 214

အထင်ကြီးမှု

Vol. 15 Ch. 214

စောင့်ရှောက်သူချန်းသည် ထိုတံဆိပ်ကို ဝိညာဉ်စွမ်းအင်များထည့်သွင်းလိုက်၏။ ၎င်းသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်မှ လေထုကိုဖျတ်ဆီးနိုင်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

“သေစမ်း..”

စောင့်ရှောက်သူချန်းသည် သူ၏ လက်သီးနှင့် ဟွမ်းကို ထိုးနှက်လိုက်၏။ ထိုအချိန်တွင် သူ၏ နောက်မှ ကြီးမားသည် ပုံရိပ်ကြီး ထွက်ပေါ်လာပြီး ၎င်းပုံရိပ်မှ စောင့်ရှောက်သူချန်းနှင့် သဏ္ဌာန်တူသည် လက်သီးချက် ပေါ်ထွက်လာသည်။

‘အဆင့်တိုးစေတဲ့ တံဆိပ်လား..၊ ဒီအမှိုက်လက်ထဲ ဘယ်လိုရှိနေတာလဲ..’

ဟွမ်းသည် တံဆိပ်အသုံးပြုပြီးနောက် စောင့်ရှောက်သူချန်း၏ စွမ်းအင်များသည် တိုးတက်လာမှုကိုတွေ့လိုက်ရ၏။ ထိုသို့တံဆိပ်မျိုး ပြုလုပ်နိုင်သူသည် တစ်ဦးတည်းသာရှိပြီး ယခုအချိန်တွင် မရှိတော့ချေ။ ဟွမ်းအတွက် ထူးဆန်းသွား၏။

သို့သော် စဉ်းစားမနေတော့ချေ။ သူထံ ကျရောက်လာသည့် လက်သီးကြီးကိုတားဆီးလိုက်၏။ ထိုလက်သီးကြီးသည် သူ၏ ခန္ဓာကိုယ်အား ခြွေမွပစ်နိုင်သည်အထိ ကြီးမားလွန်းသည်။

“ဘုန်း..”

ဟွမ်းသည် ပြန်လည်တုန့်ပြန်လိုက်၏။ ထိုလက်သီးကြီးကိုပင် ဟွမ်းသည် အသာယာ တားဆီးလိုက်သည်။ ထို့အတွက်ကြောင့် စွမ်းအင်ပုံရိပ်ထုတ်ဖော်ထားသည့် စောင့်ရှောက်သူချန်းသည် နောက်သို့ ဆုတ်လိုက်ရ၏။

‘ဒီလူက မဟာ နတ်အင်ပါယာလား’

စောင့်ရှောက်သူချန်းသည် အနည်းငယ် ထိန်လန့်စိတ်ဝင်သွားသည်။

“ဟမ်..”

သူတွေဝေနေစဉ် ဟွမ်း၏ လက်သီးချက်သည် ထပ်မံကျရောက်လာပြန်၏။

စောင့်ရှောက်သူချန်းသည် အလျှင်အမြန်တုန့်ပြန်ကာ ကာကွယ်မှုပြုလုပ်လိုက်ရသည်။ သူ့နောက်ရှိ ပုံရိပ်ကြီးသည် လက်ကြီးနှစ်ဖက်နှင့် ခန္ဓာကိုယ်အား ဖုံးအုပ် ပွေ့ဖက်သည့်အလား ကာကွယ်လိုက်၏။

“ဘုန်း..”

ဟွမ်း၏ ထိုးနှက်ချက်ကြောင့် ပုံရိပ်သည် ချက်ချင်း ပြိုကွဲသွားသည်။ စောင့်ရှောက်သူချန်း၏ နောက်မှ ကြီးမားသည့် ပုံရိပ်ကြီးသည် ပျောက်ကွယ်သွားတော့၏။ သူ၏ ကိုယ်တွင်းစီးဆင်းနေသည့် တံဆိပ်တော်သည် ကျိုးကြေသွားပြီး ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ကျဆင်းသွားတော့သည်။

“မဟုတ်ဘူး..၊ ရပ်စမ်း..”

ပုံရိပ်၏ အကာအကွယ်မရှိတော့သည့် စောင့်ရှောက်သူချန်းသည် ထိတ်လန့်တကြားရေရွတ်လိုက်ရ၏။ ဟွမ်း၏ လက်သီးသည် ရပ်တန့်ခြင်းမရှိသောကြောင့်ပင်။

စောင့်ရှောက်သူချန်းသည် သူ၏ ရင်ဘက်အား ကြီးမားသည့် တောင်ကြီးတစ်လုံးနှင့် ပြင်းပြင်းထန်ထန် ဖိချခံလိုက်ရသည့်အလားပင်။

“အား..”

သူ၏ ခန္ဓာကိုယ်သည် မြေလွှာအတွင်းပင် နစ်ဝင်သွားခဲ့ပြီး ကြီးမားသည့် ချိုင့်ခွက်ကြီး ပေါ်လာတော့သည်။

“အဟွတ်..”

စောင့်ရှောက်သူချန်းသည် သူ၏ ရင်ဘက်အရိုးများ ကျိုးကြေသွားပြီး သွေးများအန်ထွက်လာသည်။ သူသည် ပထမဆုံးဟွမ်း၏ ရိုက်နှက်မှုကို ခံလိုက်ရချိန်တွင် စိတ်ထိန်းချုပ်နိုင်စွမ်း ကင်းလွတ်သွား၏။

ကောင်းကင်တံခါးဂိုဏ်း၏ စောင့်ရှောက်သူရာထူး ရှိသူတစ်ယောက်အနေနှင့် ထိုသို့ ဆက်ဆံခြင်းမျိုး မခံဖူးခဲ့ချေ။ နယ်မြေတိုင်းတွင်ရှိသည့် ခေါင်းဆောင်များ၏ လေးစာမှုကို ခံခဲ့ရသည်။

သို့သော် ဟွမ်းသည် ကောင်းကင်တံခါးဂိုဏ်းကို မထီမဲ့မြင်ပြုသည့်အပြင် သူ့ကိုလည်း ရိုက်နှက်ခဲ့သည်။ ဟွမ်း၏ သာလွန်သည့်စွမ်းအားကြောင့် လျှို့ဝှက်တံဆိပ်တော်ကို မဆိုင်းမတွ ထုတ်သုံးခဲ့ခြင်းဖြစ်သည်။ ထိုအရာက သူ၏ နှလုံးသွေးများကို ယိုစီးစေ၏။

အကြပ်အတည်းမျိုးရင်ဆိုင်ရလျှင်အသုံးပြုရန် ရရှိထားသည့် တံဆိပ်တော်ဖြစ်သည်။ လက်ရှိတွင် ထိုတံဆိပ်အသုံးပြုလိုက်သော်လည်း ဟွမ်းကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့ချေ။ ထို့အပြင် သူပင် အပြင်းအထန် ဒဏ်ရာရှိသွားပြီဖြစ်၏။

“မင်း..အဟွတ်..”

စောင့်ရှောက်သူချန်းသည် တုန်တုန်ယီယီနှင့် ထရပ်လိုက်ပြီး ပြောဆိုရန် ကြိုးစား လိုက်သော်လည်း သွေးအန်မှုသည် မရပ်တန့်သေးချေ။ ခဏကြာတည်ငြိမ်သွားပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ထိန်းကာ ထပ်မံပြောဆိုလိုက်သည်။

“ကောင်းကင်တံခါးဂိုဏ်းက မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး..”

“ခင်ဗျား အကောင်းအတိုင်း ထွက်ခွာခွင့်မရှိတော့ဘူး..”

ဟွမ်းသည် ထိုသို့ ပြောပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ရုတ်ချည်း ပျောက်ကွယ်သွား၏။ ထို့နောက် စောင့်ရှောက်သူချန်း၏ ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

“မင်းဘာလုပ်..”

“ဘန်း..”

ဟွမ်းသည် ထိုလူ၏ မျက်နှာကို ရိုက်နှက်လိုက်သည်။

စောင့်ရှောက်သူချန်းသည် တုန့်ပြန်ရန် မကြိုးစားနိုင်ခဲ့တော့ချေ။ ဟွမ်း၏ မြန်ဆန်သည့် အလျှင်နှင့် သူ၏ ရရှိထားသည့် ဒဏ်ရာများကြောင့် ခုခံရန်ခက်ခဲသွားလေသည်။

ရိုက်နှက်ခံရသည့် အရှိန်ကြောင့်ပင် သူ၏ ခန္ဓာကိုယ်သည် မြေလွှာကို တရွတ်တိုက် ဆွဲကာ လွင့်စင်သွားရသည်။ သို့သော် ဟွမ်းသည် မရပ်တန့်ချေ။ သူ၏ အခမ်းအနားတွင် မည်သို့ရောက်ရှိလာမှန်း မသိရှိရတဲ့ အကောင်သည် ချိန်းလားခြောက်လား ပြုမှုခဲ့၏။

ထို့ကြောင့် သက်ညှာမှုပေးရန် မစဉ်းစားခဲ့ချေ။ သို့သော် သေဆုံးသည်အထိတော့ မရိုက်နှက်ခဲ့ပေ။

စောင့်ရှောက်သူချန်းသည် ရင့်မာသည့်ယောက်ျားသားများစွာက ဖျတ်လို့ဖျတ်ဆီး ပြုမှု ခံထားရသည့် မိန်းမငယ်လေးတစ်ဦးအလား ခွေခွေလေး လဲကျနေ၏။ သူ၏ ခန္ဓာကိုယ်သည် တဆက်ဆက်တုန်ယင်နေပြီး သတိလစ်လုနီးပါးဖြစ်နေခဲ့သည်။

“လက်ထောက်မြို့သခင်..၊ ဒီအမှိုက်ကို မြို့အပြင် ဆွဲထုတ်သွား..”

ဟွမ်းသည် ရှင်းဝေ့ကျန်းနှင့် ဟေးချုံးတို့ကို ကြည့်ကာဆိုလိုက်၏။ ဟွမ်း၏ အမိန့်ကြောင့် သူတို့နှစ်ဦးသည် လဲကျနေသည့် စောင့်ရှောက်သူချန်းကို ဆွဲထုတ်သွားကြသည်။

စောင့်ရှောင့်သူချန်းသည် တစ်စုံတစ်ရာပြောလိုသော်လည်း သူ၏ နှုတ်မှ အသံထုတ်ဖော်ခြင်းပင် မပြုနိုင်ချေ။

ကျီထျန်းရှစ်တို့သည်တော့ အသက်ရှုရန်ပင် မေ့လျော့နေကြသည်။ ဟွမ်းရှန့်နန်းတော်သခင်သည် မဟာ နတ်အင်ပါယာတစ်ဦးဖြစ်သည်ကို သိရှိထားသော်လည်း ယခုလုပ်ရပ်သည် အဆင်အခြင်မဲ့လွန်းလှသည်ဟု ယူဆမိကြ၏။

ထို့နောက် သူသည် ဟွမ်း၏ အနားသို့ သွားရောက်ကာ ပြောကြားလိုက်သည်။

“နန်းတော်သခင်..၊ ကောင်းကင်တံခါးဂိုဏ်းကို အပြစ်ပြုလိုက်ပြီ..၊ အဲ့ဒီအတွက် သူတို့က ဟွမ်းရှန့်နန်းတော်ကို ကြီးထွားခွင့်ပေးမှာမဟုတ်တော့ဘူး..”

ကောင်းကင်တံခါးဂိုဏ်း၏ စောင့်ရှောက်သူကို ရိုက်နှက်ခြင်းသည် ထိုဂိုဏ်းကို စိတ်ခေါ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့်ပင် အဆင့်သုံးကုန်းမြေများ၏ ခေါင်းဆောင်များသည် သူ့အား မထိရဲကြခြင်းဖြစ်သည်။

“ကောင်းပြီ..”

ဟွမ်းသည် မှင်သေသေနှင့်သာ တုန့်ပြန်လိုက်၏။

ကျီထျန်းရှစ် “...”

ဟွမ်း၏ အပြုအမူကြောင့် စွံ့အသွား၏။ သူ၏ ကြင်နာစွာ သတိပေးမှုကိုပင် မလိုလားသည်ဟု တွေးထင်သွားသည်။ သို့သော် ကျီယွမ်ကုန်းမြေတွင် အန္တရာယ် မကျရောက်စေလိုပေ။

“နန်းတော်သခင်..၊ ကောင်းကင်တံခါးဂိုဏ်းမှာ စောင့်ရှောက်သူချန်းတို့က ရာထူးနိမ့်သေးတယ်၊ ပြီးတော့ အဲ့ဒီဂိုဏ်းမှာ မဟာ နတ်အင်ပါယာတွေ အများကြီးရှိပြီး သူတို့လက်အောက်ခံ ဂိုဏ်းခွဲတွေလဲ အများကြီးရှိတယ်၊ ဒါ့ကြောင့် တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝှိုက်တဲ့ နည်းလမ်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်..”

“ခင်ဗျားရဲ့ ပူပန်မှုကိုနားလည်တယ်..၊ ပြီးတော့ ခင်ဗျားဆီက အကူအညီယူမှာ မဟုတ်လို့ စိတ်ပူစရာမလိုဘူး..၊ ဖြစ်ပျက်လာမဲ့ အရာတွေကို ကျုပ်ကိုယ်တိုင်ရှင်းမယ်..”

ဟွမ်းသည် ကျီထျန်းရှစ်၏ သဘောထားကို နားလည်နေ၏။ ထိုလူသည် ကြင်နာမှုနှင့် သတိပေးခြင်းမဟုတ်ပေ။သူတို့ပါ အရှုပ်အထွေးများနှင့် ပတ်သတ်မိမှာစိုးရိမ်ပြီး ပြောဆိုနေခြင်းသာဖြစ်သည်။

ကျီထျန်းရှစ်တို့အပေါ်တွင် သူသည် ကျေးဇူးကြွေးမရှိသောကြောင့် ထိုလူများသည် သူ့ဘက်တွင် ရှိမည်မဟုတ်ပေ။ ဟွမ်းသည် ကျီယွမ်မဟာမိတ်ဖြစ်စေ၊ ကောင်းကင်တံခါးဂိုဏ်းဖြစ်စေ သူ၏ အာရုံတွင် မရှိချေ။

ထိုအချိန်တွင် ဝမ်မုန့်ယွင်သည် ရှေ့ထွက်လာပြီး ရင်ပြင်အတွင်း ရောက်ရှိနေသည့်ကျင့်ကြံသူများကို အခမ်းအနား ပြီးဆုံးကြောင်း ပြောအပ်လိုက်သည်။

ကျင့်ကြံသူများသည် သူတို့မြင်တွေ့ခဲ့ရသည့် ဖြစ်ရပ်များကြောင့် စိတ်လှုပ်ရှားနေသည်။ ဟွမ်းရှန့်နန်းတော်သခင်သည် လွှမ်းမိုးနိုင်စွမ်းကြီးမား၏။ ကောင်းကင်တံခါးဂိုဏ်းကို ဆန့်ကျင်ခြင်းသည် ယ လူငယ်ဖြစ်သောကြောင့် စိတ်ထင်ရာလုပ်ခြင်း ဖြစ်သည်လား၊ ယုံကြည့်ချက်ကြောင့် ဖြစ်သည်လားတော့ မပြောတက်ပေ။

သို့သော် မည်သည့်အဖွဲ့အစည်းမျှ မလုပ်ဝံ့သည့် ထိုသို့ရဲတင်းသည့်လုပ်ရပ်ကို တိတ်တဆိတ်ချီးကျုးမိကြသည်။ နောင်တွင် ကျီယွမ်ကုန်းမြေတွင် အရှုပ်အထွေးများ ပေါ်ထွက်လာမည်မှာ ကျိန်းသေဟု ကောက်ချက်ချထားကြ၏။

နန်းတော်တွင်း ဝင်ခွင့်မရသည့် လူငယ်များသည်လည်း ထိုဖြစ်ရပ်ကြောင့် ပို၍ပင် အထင်ကြီးလာကြသည်။ နဂိုက ဝင်ရောက်ခွင့် မရလျှင်လည်း ပြသနာမရှိပေ။ ဟွမ်းရှန့်နန်းတော်သည် အဖွဲ့အစည်းသစ်မျှသာဖြစ်၏။ သို့သော် လက်ရှိဖြစ်ရပ်ကြောင့် သူတို့၏ ဝင်ရောက်လိုသည့် စိတ်ဓာတ်များလည်း ပြင်းထန်လာတော့သည်။

သူတို့သည် စိတ်တွင်လည်း ဟွမ်း၏ပုံရိပ်သည် စွဲထင်လာတော့၏။

All Chapters