← Chapters

ရှင်သန်ခြင်းဝိညာဉ်နယ်ပယ်ကျင့်စဉ်

Vol. 15 Ch. 215

ရှင်သန်ခြင်းဝိညာဉ်နယ်ပယ်ကျင့်စဉ်

Vol. 15 Ch. 215

ဟွမ်းသည် တပည့်အသစ်များကို ဟွမ်းရှန့်နန်းတော်သို့ ခေါ်ဆောင်သွားစေလိုက်သည်။ လုရှင်းယန်တို့ဦးဆောင်ကာ ထိုတပည့်သစ်များကို ခေါ်ဆောင်သွားကြ၏။

“ခင်ဗျားတို့ကို လိုက်မပို့တော့ဘူး..”

ဟွမ်းသည် မဟာမိတ်ခေါင်းဆောင်များကို ကြည့်ကာ ဆိုလိုက်၏။ သူ့ထံတွင် ထိုလူများကို ဂရုစိုက်ရန် အချိန်မရှိပေ။

“အဆင်ပြေပါတယ် နန်းတော်သခင်..”

ကျီထျန်းရှစ်တို့သည် အသိမှတ်ပြုဟန်နှင့်ပြောလိုက်၏။ ဟွမ်းရှန့်နန်းတော်၏ တပည့်စုဆောင်းခြင်းတွင် လောဘကြီးခြင်းမရှိသည်ကို တွေ့မြင်ခဲ့ရ၏။ သူတို့သည် ထူးခြားသည့် စမ်းသပ်ချက်များကို တွေ့ကြုံခဲ့ခြင်းမရှိသော်လည်း ဟွမ်းရှန့်နန်းတော်၏ တပည့်လက်ခံပုံသည် အံ့အားသင့်စရာကောင်းခဲ့သည်။

အခြားအဖွဲ့အစည်းများဆိုလျှင်တော့ ရသမျှ တပည့်များ စုဆောင်းသွားမည်ဖြစ်ပေ၏။ ထို့နောက်မှသာ စီမံကာ အဆင့်အတန်းများ ခွဲခြားကြသည်။

ထို့အပြင် ဟွမ်း၏ လုပ်နိုင်စွမ်းသည် အံ့အားသင့်ဖွယ်ကောင်းသည်ကိုတော့ ဝန်ခံရပေမည်။ မည်သူမဆို ကောင်းကင်တံခါးဂိုဏ်းဟု ကြားလိုက်ရလျှင် မဆန့်ကျင်ရန် ချက်ချင်း ဆုံးဖြတ်လိုက်ကြမည်ဖြစ်သည်။

စိတ်တွင်းတွင်တော့ ဟွမ်း၏ တဇွတ်ထိုးဆန်မှုကို အကြိမ်ကြိမ်သက်ပျင်း ချနေမိသည်။ သူတို့သည် ကောင်းကင်တံခါးဂိုဏ်းအား ဟွမ်းရှန့်နန်းတော်နှင့် မပတ်သတ်ကြောင်း ကြိုတင်ပြောဆိုထားသင့်လားဟုပင် တွေးတောနေ၏။

ထိုသို့အကြောင်းအရာနှစ်ခုသည် သူတို့၏ စိတ်တွင် လွန်ဆွဲနေ၏။ ကောင်းကင်တံခါးဂိုဏ်းဘက်မှနေရမည်လား၊ ဟွမ်းရှန့်နန်းတော်ဘက်မှ ရပ်တည်ရမည်လား မဆုံးဖြတ်နိုင်သေးပေ။

သို့သော် ဟွမ်းသည် လက်ခံစဉ်ကတည်းကပင် ပါရမီရှိတိုင်း တွေ့သမျှလူငယ်များကို ခေါ်ယူခြင်းမရှိပေ။ ထို့အပြင် သူ၏ နန်းတော်တွင် အသုံးမဝင်သည် အမှိုက်များကို နေရာပေးလိုခြင်းမရှိပေ။

ကောင်းကင်တံခါးဂိုဏ်းလား၊ လာရှုပ်လျှင် ရိုက်နှက်ပေးလိုက်မည်။

အားလုံး၏ စိတ်တွင် သို့လောသို့လော အတွေးများနှင့် မြူနှင်း မြို့တော်မှ ထွက်ခွာသွားကြ၏။

ဟွမ်းရှန့်နန်းတော်တွင် လုရှင်းယန်တို့သည် တပည့်အသစ်များအတွက် ဂိုဏ်းအမှတ်အသား တံဆိပ်များပေးအပ်ကာ နားနေဆောင်များကို လမ်းညွှန်ပေးခဲ့သည်။

“ကျေးဇူးတင်ပါတယ်..၊ ဒုတိယစီနီယာအစ်ကို..”

ထိုတံဆိပ်များသည် ပေါ့သေးသေးမဟုတ်ချေ။ ဟွမ်းကိုယ်တိုင် စနစ်တကျ ပြုလုပ်ထားသည့် အရာဖြစ်သည်။ ထို့အပြင် ချုးယွီဟွာသည် ထိုတံဆိပ်အားရေးဆွဲပေးသူဖြစ်၏။ ထို့နောက် သူတို့အား နန်းတော်ရင်ပြင်သို့ စုဝေးစေသည်။

‘နန်းတော်ထဲက ဝိညာဉ်စွမ်းအင်တွေက ပြင်ပနေရာတွေထပ် သိပ်သည်းနေတယ်’

ကျီးဟူကျိတို့သည် နန်းတော်၏ ကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များကို ခံစားမိကာ အလွန်ပင် တက်ကြွနေကြသည်။ ခဏအကြာတွင် ဟွမ်းသည် တပည့်အသစ်များ၏ ရှေ့သို့ ရောက်ရှိလာ၏။

“မင်းတို့က ဟွမ်းရှန့်နန်းတော်ရဲ့ တပည့်တွေဖြစ်သွားပြီ..၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်အတွက် ဟွမ်းရှန့်နန်းတော်ကနေ အပြည့်အဝ ကူညီပေးလိမ့်မယ်..”

“အဲ့ဒီအတွက် ဟွမ်းရှန့်နန်းတော်ကို သစ္စာစောင့်သိပေးရလိမ့်မယ်၊ သစ္စာဖောက်ဖို့ ကြိုးစားခဲ့ရင် ပြန်လည်မွေးဖွားခွင့်မရှိနိုင်အောင် အဆုံးသတ်ခံရမယ်..”

ဟွမ်းသည် တပည့်သစ်များကို ကြည့်ကာ လိုရင်းကိုသာ တည့်ပြောလိုက်၏။

“နားလည်ပါပြီ..၊ တပည့်တို့ ဟွမ်းရှန့်နန်းတော်ကို သစ္စာစောင့်သိပါ့မယ်..”

တပည့်သစ်များသည် တညီတညာတည်း အရိုအသေပြုလိုက်ကြသည်။

“ဒါက ဟွမ်းရှန့်နန်းတော်ရဲ့ ပင်တိုင်နည်းစနစ်ပဲ..”

ဟွမ်းသည် ကျင့်စဉ်နည်းစနစ်ထည့်သွင်းထားသည့် ကျောက်ပြားများကို တပည့်များထံပေးအပ်လိုက်၏။ ထိုကျင့်စဉ်သည် ရှင်သန်ခြင်းဝိညာဥ်နယ်ပယ် ဟူသည့်ကျင့်စဉ်ဖြစ်ပြီး နတ်ဘုရားအဆင့်ကျင့်စဉ်ထက်ပင် သာလွန်သည်ဟုခံစားမိသည်။

ထိုကျင့်စဥ်သည် ဟွမ်းကိုယ်တိုင်ပင် မည်သည်နေရာမှ ရရှိသည်ကို မသိသော်လည်း အစွမ်းထက် ကျင့်စဉ်တစ်ခုဖြစ်နေသည်ကို လေ့လာမိခဲ့သည်။

ထို့ကြောင့် ထိုကျင့်စဉ်နှင့် ကိုက်ညီသည့် နာမည်ကို သူကိုယ်တိုင်ပင် ပေးထားခြင်းဖြစ်၏။ သို့သော် ထိုကျင့်စဉ်သည် ပြည့်စုံခြင်းမရှိဟု ခံစားမိသည်။

ထိုကျင့်စဉ်၏ မူလသည် မည်သို့ အစွမ်းထက်မည်ကို ဟွမ်းကိုယ်တိုင်ပင် မတွေးနိုင်ချေ။ ထိုကျင့်စဉ်သည် သူနိုးထလာချိန်ကတည်းကရှိနေခဲ့ပြီး သူကိုယ်တိုင်ကျင့်ကြံရန် ကြိုးစားဖူးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

ထို့အပြင် မည်သူမျှ ပိုင်ဆိုင်သည့် ကျင့်စဉ်မဟုတ်သောကြောင့် နန်းတော်တပည့်များကို ကျင့်ကြံစေပြီး နန်းတော်၏ မူလနည်းစနစ်အဖြစ် အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

“ဒါ ဘယ်လိုကျင့်စဥ်မျိုးလဲ..”

တပည့်များသည် သူတို့၏ အဆောင်ကို ရောက်ရှိရန်ပင် မစောင့်နိုင်တော့ချေ။ ချက်ချင်းပင် စိတ်အားထက်သန်စွာ လေ့လာလိုက်ကြ၏။

“အားအင်အပြည့်နဲ့ပဲ..”

ဟွမ်းသည် ထိုတက်ကြွနေသည့် လူငယ်များကို ကြည့်ကာ ခေါင်းခါယမ်းမိသွား၏။ ထိုတပည့်များသည် သူကိုယ်တိုင် ရွေးချယ်ထားသည့် တပည့်များဟုဆိုလျှင်လည်း မမှားချေ။

ထို့နောက် သူသည် ရင်ပြင်မှ ထွက်ခွာခါနီးတွင် ရုတ်တရက်နောက်လှည့်၍ မိန်းမငယ်လေးတစ်ဦးကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“မင်းရဲ့ ဖခင်ကရော..”

ဟွမ်း၏ မေးခွန်းကြောင့် အပြာရောင်ဝတ်စုံနှင့် မိန်းမငယ်လေးသည် တုန်ယင်သွား၏။ ဟွမ်း၏မေးခွန်းသည် သူမကို ဦးတည်နေကြောင်း ရွှီယင်းအာ သိလိုက်ရသည်။

“ကျွန်မ..”

ထို့နောက် ဟွမ်းသည် သူ၏ လက်ဝှေ့ယမ်းလိုက်ချိန်တွင် သူမသည် နန်းတော်၏ ဟောခန်းမ အတွင်းသို့ရောက်ရှိနေခဲ့ပြီဖြစ်၏။

“အရှင်..၊ ကျွန်မကို ဘယ်လိုသိတာလဲ..”

ရွှီယင်းအာသည် ဦးစွာမေးခွန်းထုတ်လိုက်သည်။

“မင်းကရော ငါ့ကို ဘယ်လိုသိတာလဲ..”

ဟွမ်းသည် သူမ၏မေးခွန်းကို မဖြေပဲ ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ရွှီယင်းအာသည် ထိတ်လန့်သွား၏။ ထို့နောက် သူမသည် အနည်းငယ်စဉ်းစားပြီးနောက် ကျောက်ပြားငယ်တစ်ချပ်ကို ထုတ်ယူကာ ဟွမ်းထံပေးအပ်လိုက်သည်။

ဟွမ်းသည် ထိုကျောက်ပြားကို ယူဆောင်လိုက်၏။ ပြီးနောက် ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ချိန်တွင် ဟွမ်းနှင့် တစ်ထေရာတည်း တူသည် ပုံတူတစ်ခု ထွက်ပေါ်လာသည်။

‘ဘယ်လိုဖြစ်လို့ ငါ့ပုံကရှိနေတာတုန်း..’

ဟွမ်းသည် သူ၏ ပုံတူကို ထည့်သွင်းထားသည့်အကြောင်းအရာကို မသိရှိပေ။ သူ၏ မျက်နှာထက်တွင် ရှုပ်ထွေးသည့် အမူအယာထွက်ပေါ်လာသည်။

“အရှင်..၊ အဲ့ဒီပုံတူက အဆင့်နှစ်ကုန်းမြေကြီးတွေရဲ့ မျိုးနွယ်အချို့မှာ ရှိကြတယ်..”

ဟွမ်း၏ နားမလည်သည့်အမူအယာကြောင့် ရွှီယင်းအာသည် ရှင်းပြလိုက်၏။ ထိုအရာသည် မျိုးနွယ်ကြီး အချို့၏ နောင်လာနောင်သာများအား မစော်ကားစေရန် ထားရှိထားသည့် ပုံတူများဖြစ်ကြသည်။ စော်ကားမိသူကိုလည်း မျိုးနွယ်မှ ထုတ်ပယ်မည်ဟုပင် အမိန့်ပေးထားကြ၏။

ဟွမ်း “...”

ဟွမ်း၏ မျက်နှာထက်တွင် စိတ်ပျက်သည့် အမူအယာထွက်ပေါ်လာသည်။ သူသည် ဘေးဥပါဒ်တစ်ခုအလား ခံစားမိသွား၏။ ထို့နောက် ထိုအရာများကို ဘေးဖယ်ကာ လိုရင်းကို မေးလိုက်သည်။

“မင်းကဘာလို့ ဒီရောက်နေတာလဲ၊ မင်းရဲ့ ဖခင်ကရော..”

“ကျွန်မ..”

ရွှီယင်းအာသည် တွေဝေနေဟန်ရနေ၏။ သို့သော်လည်း ခဏအကြာတွင် ရှင်းပြလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ကျွန်မရဲ့ အဖေက ထူးဆန်းတဲ့ လေဟာနယ် အက်ကွဲကြောင်းကို စစ်ဆေးဖို့ တာဝန်ရခဲ့တယ်၊ ဒါ့ကြောင့် ကျွန်မကို အဆင့်သုံးနယ်မြေကို ပို့ခဲ့ပြီး ထွက်သွားတော့တာ..”

သူမ၏ ဖခင်သည် နယ်မြေကာကွယ်သူဖြစ်သည့် ရွှီခုန်းကျစ်ဖြစ်၏။ ဟွမ်းသည် သူမ၏ စကားကြောင့် အတွေးများစွာ ဝင်ရောက်သွားသည်။ လေဟာနယ်အက်ကွဲကြောင်းအတွက်နှင့် သူမကို အဆင့်သုံးနယ်မြေသို့ ပို့ဆောင်ခဲ့ရန် မလိုအပ်ချေ။

သို့သော် မည်သည့်အတွက်ကြောင့် ပို့ဆောင်ခဲ့သနည်း။ လေဟာနယ်အက်ကွဲကြောင်းသည်ရော မည်သို့ ထူးဆန်းနေရသနည်း။

“အဖေက ကျွန်မကို ဘာတစ်ခုမှ မပြောခဲ့ဘူး၊ အရှင့်ပုံတူ ပါတဲ့ ကျောက်ပြားလေးပေးထားခဲ့ပြီး အရှင့်ကို စောင့်နေခိုင်းခဲ့တာ..”

ရွှီယင်းအာ၏ မျက်နှာသည် ညိုးငယ်နေ၏။ သူမမွေးဖွားလာချိန်တွင် ဟွမ်းသည် နတ်ဘုရားနယ်မြေတွင် မရှိတော့သောကြောင့် ဟွမ်းကို မမြင်ဖူးချေ။ သို့သော် ရွှီခုန်းကျစ်သည် ဟွမ်းကို စောင့်နေရန် မှာကြားခဲ့ပြီး ပုံတူကို ပေးအပ်ခဲ့သည်။

‘ခုန်းကျစ်က ငါအဆင့်သုံး နယ်မြေကို ရောက်လာမယ်ဆိုတာသိစရာအကြောင်းမရှိနိုင်ဘူး..၊ ဒါပေမဲ့ သူ့ရဲ့ သမီးကို ဘာကြောင့် ဒီလိုပြောထားခဲ့တာလဲ..’

ဟွမ်းသည် ထူးဆန်းမှုများကို ခံစားမိသည်။ ရွှီယင်းအာအတွက်ဆိုလျှင် ကောင်းကင်နန်းတော်တွင် ထားခဲ့လျှင်လည်းရ၏။ သို့သော် အဆင့်သုံးနယ်မြေအထိ ပို့ဆောင်ခဲ့သည်က အဓိပ္ပါယ်မရှိချေ။ ဟွမ်းသည် ရွှီယင်းအာကို ကြည့်ကာဆိုလိုက်၏။

“မင်းဒီနန်းတော်မှာ သက်တောင့်သက်သာ နေထိုင်လို့ရတယ်..”

“ကျေးဇူးတင်ပါတယ် အရှင်..”

All Chapters