← Chapters

အမှောင်စွမ်းအင်

Vol. 15 Ch. 218

အမှောင်စွမ်းအင်

Vol. 15 Ch. 218

ဟွမ်းသည် အချိန်အနည်းငယ်ကြာ ပျံသန်းခဲ့ပြီးနောက်တွင် အနက်ရောင်နယ်မြေသို့ရောက်ရှိလာခဲ့သည်။

“ဒီအငွေ့အသက်တွေက..”

ဟွမ်းသည် ရင်းနီးနေသည့် အငွေ့အသက်များကို ခံစားမိသွားသည်။ ထို့အငွေ့အသက်များသည် အေးစက်စက်နှင့် မသတီစရာကောင်းနေ၏။ ထို့နောက် တိတိကျကျသိရှိစေရန် အနက်ရောင်နယ်မြေတွင်းသို့ ဝင်ရောက်သွားသည်။

တောနက်တွင်းသို့ရောက်ရှိသွားချိန်တွင် ထိုအငွေ့အသက်မှ လွဲ၍ ထူးဆန်းသည့်အရာများကို မတွေ့ရှိချေ။ ထို့အပြင် ပတ်ဝန်းကျင်အနေအထားသည်လည်း မှောင်မိုက်နေသည်မှလွဲ၍ သံသရဖြစ်စရာတွေ့ချေ။ အတွင်းပိုင်းသို့ရောက်လေ အလင်းရောင်သည် ပျောက်ကွယ်လေဖြစ်သွား၏။

“ဘယ်လိုနေရာမျိုးလဲ..”

သူ၏ မှတ်ဉာဏ်များကို ပြန်လည်မွှေနှောက်ရှာဖွေသော်လည်း ဤသို့နေရာမျိုး မရောက်ဖူးခဲ့ချေ။ သူသည် ပတ်ဝန်းကျင်ကို လေ့လာရင်း ထူးဆန်းသည့် ခံစားချက် စတင်ခံစားလိုက်ရ၏။

“ရွှီး..”

ထိုအချိန်တွင် လေတိုးသံများနှင့်အတူ သစ်ပင်များသည် ယိမ်းနွဲ့လာ၏။

“ဘန်း..”

ရုတ်တရက်ဆိုသလို သစ်ပင်များသည် လှုပ်ရှားလာကာ ဟွမ်းကို တိုက်ခိုက်လိုက်ကြသည်။ ကြီးမားသည့် သစ်ပင်များသည် ၎င်းတို့၏ အကိုင်းအခက်များနှင့် တိုက်ခိုက်လိုက်ပြီး နွယ်ပင်များသည်လည်း ဟွမ်းကို တုတ်နှောင်ရန် ကြိုးစားလိုက်၏။

ဟွမ်း ချက်ချင်းဆိုသလို ရှောင်တိမ်းလိုက်ရင်း ထိုသစ်ပင်များကို ဖျတ်ဆီးလိုက်သည်။

“ဘုန်း..ဝုန်း..”

ဟွမ်း၏ ရိုက်ချက်ကြောင့် အကိုင်းအခက်များသည် ကျိုးပဲ့သွားပြီး နွယ်ပင်များလည်း ပြတ်တောက်ကုန်၏။ သို့သော် လှုပ်ရှားနိုင်စွမ်းရှိသည့် သစ်ပင်များ၏ အရေအတွက်သည် နည်းနည်းနောနောပင် မဟုတ်ပေ။ ဟွမ်း၏ ဖျတ်ဆီးနှုန်းနှင့် အညီ သူတို့သည်လည်း ဆက်တိုက်ပေါ်ထွက်လာကာ တိုက်ခိုက်ကြပြန်သည်။

၎င်းတို့သည် ဟွမ်းကို သတ်ဖြတ်ရန်ထက် ချုပ်နှောင်နိုင်ရန် ဦးစားပေးတိုက်ခိုက်နေသည်။

“ဒီအပင်တွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတာလား..”

ထိုသစ်ပင်များ၏ တိုက်ခိုက်မှုများတွင် အသိဉာဏ်ရှိနေဟန်ရ၏။ သို့သော် ဟွမ်းသည် ဆက်တိုက်ဆိုသလို တိုက်ခိုက်နိုင်သော်လည်း ဤနေရာတွင် အချိန်ဖြုန်းမနေချင်ပေ။

“ဝုန်း..”

ဟွမ်းသည် မြေလွှာကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်နင်းလိုက်၏။ ထိုအချိန်တွင် မြေသားများသည် အက်ကွဲကုန်ပြီး ကြီးမားသည့် ချိုင့်နက်ကြီးဖြစ်ပေါ်သွားသည်။

ဟွမ်းကို တိုက်ခိုက်နေသည့် သစ်ပင်များသည် အမြစ်မှ ဆွဲထုတ်ခံရသည့်အလား အားလုံးပြိုလဲကုန်၏။ ချက်ချင်ပင် အပင်များသည် ညိုးနွမ်းခြောက်ကပ်ကုန်သည်။

“အတော်ထူးဆန်းတာပဲ..”

“ဝှစ်..”

ဟွမ်းသည် တွေးနေချိန်မရချေ။ အလင်းတန်းများသည် သူ့ထံ ဦးတည်လာနေ၏။ ဟွမ်း၏ တုန့်ပြန်မှုသည်လည်း မနှေးချေ။ ချက်ချင်းရှောင်တိမ်းလိုက်သည်။ ထို့နောက် စွမ်းအင်အလင်းတန်းများ ထုတ်လွှတ်သည့် အရင်းအမြစ်ကို ရှာဖွေလိုက်၏။

‘ကျင့်ကြံသူတွေလား..၊ မဟုတ်သေးဘူး ဒါတွေက..’

ဟွမ်းသည် တောင်တန်း၏ နက်ရှိုင်းသည့် နယ်မြေတွင်းမှ ထွက်ပေါ်လာသည့် ကျင့်ကြံသူများကို တွေ့မြင်လိုက်ရသည်။ သူတို့သည် အယောက်နှစ်ဆယ်ခန့်ရှိနေပြီး အားလုံးသည် အဆင့်ငါးများဖြစ်နေကြ၏။ ထိုအရေအတွက်နှင့် ကျင့်ကြံသူများသည် အဆင့်သုံးကုန်းမြေတစ်ခုကိုပင် ဆိုးဆိုးရွားရွား ထိခိုက်သွားစေရန် လုံလောက်သည်။

သို့သော် သူတို့အားလုံးထံမှ အသက်စွမ်းအင်များ ပေါ်ထွက်နေသော်လည်း သူတို့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေ၏။

‘ထိန်းချုပ်ခံထားရတာလား..’

ထိန်းချုပ်ခံထားရသည့် ကျင့်ကြံသူများသည် ဟွမ်းထံ တဟုန်ထိုးပြေးဝင်လာပြီး တိုက်ခိုက်လိုက်ကြ၏။

“ဘုန်း..”

ဆယ်ဦးခန့်သည် သူတို့ထံမှ စွမ်းအင်ချိန်းကြိုးများပေါ်ထွက်လာကာ ဟွမ်းကို ချည်နှောင်ရန်ကြိုးစားလိုက်သည်။ သူတို့ခန္ဓာကိုယ်မှ ကြမ်းတမ်းသည့်စွမ်းအင်များ ပေါ်ထွက်မနေသော်လည်း တစ်ဦးချင်းစီတိုင်းသည် သာမန် ကျင့်ကြံသူများ ထက်ပင် အင်အားသာလွန်နေ၏။

“ဘုန်း..”

ဟွမ်းသည် အနီးကပ်တိုက်ခိုက်နေသည့် ကျင့်ကြံသူဆယ်ဦး၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်ရသည်။ သူတို့၏ အရှိန်သည်လည်း အလွန်လျှင်မြန်လှသည်။ ဟွမ်းကို ဆက်တိုက်ဆိုသလို ဖိအားပေးကာ တိုက်ခိုက်နေကြ၏။

ဟွမ်းသည် အဝေးတွင်ရှိသည့် ကျင့်ကြံသူများ၏ စွမ်းအင်ချိန်းကြိုးများကို ရှောင်တိမ်းနေရပြီး အနီးကပ်တွင် ဖိအားပေး တိုက်ခိုက်နေသည့် ကျင့်ကြံသူများကိုလည်း ပြန်လည်တုန့်ပြန်နေရသည်။

“သေစမ်း..”

ဟွမ်းသည် ဝိညာဉ်စွမ်းအင်များကို စုစည်းကာ အနီးနားရှိကျင့်ကြံသူတစ်ဦး၏ ဦးခေါင်းကို တိုက်ရိုက် ထိုးနှက်လိုက်၏။

“ဘုန်း..”

ထိုသူ၏ ဦးခေါင်းသည် ရိုက်ခွဲခံလိုက်ရသည့် ဖရဲသီးကဲ့သို့ပင် အစိတ်စိတ်အမွာမွာ ကြေမွသွားသည်။ ထိုအချိန်တွင် ထူးဆန်းစွာဖြင့် သေဆုံးသွားသည့် ကျင့်ကြံသူထံမှ အနက်ရောင်စွမ်းအင်များထွက်ပေါ်လာကာ အမှောင်ထုအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

“အမှောင်စွမ်းအင်..”

ဟွမ်းသည် ထိုစွမ်းအင်များကို ချက်ချင်းသိရှိလိုက်၏။ သူသည် အံ့ဩသွားခဲ့သည်။ အမှောင်ဝိညာဉ်သည် လျှိုမင်ယွမ်ထံတွင် တည်ရှိနေပြီးဖြစ်၏။ အဘယ့်ကြောင့် ယခုတွင် ထွက်ပေါ်လာသည်ကို နားမလည်နိုင်ဖြစ်သွားသည်။

အကြောင်းအရင်းမှာ အမှောင်ဝိညာဉ်ရှိသူသာ အမှောင်စွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်းပင်။ သူကြုံတွေ့ခဲ့ရသည့်အရာများအရ အမှောင်ဝိညာဉ်နှင့် အစွမ်းထက်ပညာရှင် တစ်ဦးထွက်ပေါ်ခဲ့သည်ကိုပင်။

ထိုလူသည် ကောင်းကင်နန်းတော်၏ နှိမ်နှင်းမှုကြောင့် သေဆုံးခဲရပြီး နှစ်ပေါင်းများစွာကြာတိုင်းတွင် အမှောင်ဝိညာဉ်နဲ့မွေးဖွားသူတစ်ဦးပေါ်ထွက်လာလေ့ရှိ၏။ သို့သော် ပေါ်ထွက်လာတိုင်း သူတို့ကြီးထွားမလာခင် အစွမ်းထက်ကျင့်ကြံသူများ၏ သတ်ဖြတ်မှုကိုသာ ခံခဲ့ရသည်။

ယခုတွင် အမှောင်ဝိညာဉ်သည် လျှိုမင်ယွမ်နှင့်အတူ မွေးဖွားလာသည်ဖြစ်ပြီး သူ့တွင်ရှိသည့် အမှောင်ဝိညာဉ်သည် မနိုးထသေးပေ။

“အမှောင်ဝိညာဉ်နဲ့ မွေးဖွားလာတဲ့သူ နောက်တစ်ယောက်ထပ်ရှိသေးတာလား..”

ဟွမ်းသည် အတွေးများစွာဝင်ရောက်လာ၏။ သို့သော် စွမ်းအင်ချိန်းကြိုးများသည် သူ့အား ထပ်မံတွေးတော ခွင့်မပေးတော့ချေ။

“ရွှီး..”

ချိန်းကြိုးများသည် တဟုန်ထိုး ဝင်ရောက်လာပြီး ဟွမ်း၏ ခန္ဓာကိုယ်အား ရစ်ပတ်ကုန်သည်။ ထို့အပြင် အခြားများစွာသည့် ချိန်းကြိုးများသည်လည်း သူ၏ ခန္ဓာကိုယ်အား နေရာလပ် မကျန်အောင်ပစ် ရစ်ပတ်သွားတော့၏။

ထို့နောက် ကျန်ရှိသည့် ကျင့်ကြံသူများသည် သူတို့၏ စွမ်းအင်များနှင့် ဟွမ်းကို ထိုးနှက်လိုက်သည်။ သူတို့၏ စွမ်းအားသည် အဆင့်ငါးတွင်သာ ရှိနေသော်လည်း မဟာ နတ်အင်ပါယာ တစ်ဦးကိုပင် ပြင်းပြင်းထန်ထန် အထိနာစေနိုင်စွမ်းရှိနေ၏။

“ချွမ်း..၊ ဝုန်း..”

ဟွမ်းသည် သူ၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသည့် ချိန်းကြိုးများကို အသာယာပင် ဝိညာဉ်စွမ်းအင်များသုံးကာ ရုန်းထွက်လိုက်၏။ ထိုချိန်းကြိုးများသည် တစ်စစီဖြစ်ကာ ပြတ်တောက်ကုန်သည်။

“သေစမ်း..”

ဟွမ်းသည် အချိန်ဆွဲမနေတော့ပေ။ လျှင်မြန်သည့် အရှိန်နှုန်းနှင့် ကျင့်ကြံသူများကို တိုက်ခိုက်လိုက်တော့သည်။

“ဘန်း..”

“ဘန်း..”

တုန့်နှေးမှု မရှိပဲ ကျင့်ကြံသူတစ်ယောက်ပြီး တစ်ယောက်ကို အဆုံးသတ်စေလိုက်၏။ သေဆုံးသွားသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအင်များ ထွက်ပေါ်လာကာ တူညီသည့် အမှောင်ထုအတွင်းသို့ ဦးတည်ဝင်ရောက်သွားသည်။

ဟွမ်းသည် တစ်ချက်မျှပင် မရပ်တန့်ချေ။ ထို့ကျင့်ကြံသူများကို သတ်ဖြတ်နေသော်လည်း သူ၏ စိတ်အာရုံအချို့သည့် အမှောင်စွမ်းအင် ဝင်ရောက်သွားသည့် တည်နေရာကို စူးစမ်းနေ၏။

အအချိန်အနည်းငယ်ကြာပြီးနောက်တွင် မြေပြင်ထက်တွင် ခေါင်းမဲ့နေသည့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ ပြန့်ကျဲနေသည်။

ဟွမ်းသည် ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို စူးစမ်းကြည့်သော်လည်း ထူးထူးခြားခြားဖြစ်ပျက်နေသည့် အရာများကို မတွေ့ရှိချေ။

“အရင်က အမှောင်စွမ်းအင်သယ်ဆောင်လာသူက ဒီနည်းလမ်းနဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ်သွားနိုင်တာလား..”

ထိုစဉ်က တစ်ခဏအတွင်း အမှောင်မျိုးနွယ်ဟူ၍ တစ်ခဏအတွင်း ကြီးထွားလာသေးသည်။ ထိုအရာများကို ဟွမ်းသည် တွေးတောမိသွား၏။ သို့သော် ထိုစဉ်က ထိန်းချုပ်ခံထားရသည့် အမှောင်မျိုးနွယ်ဝင်များသည် ယခုကဲ့သို့ အသိစိတ်မဲ့ မနေချေ။

လောကကြီးအား မုန်းတီးမှုကြီးမားသူအများစုသည် အမှောင်မျိုးနွယ်ဝင်များ ဖြစ်လာကြသည်။ ထို့ကြောင့်ပင် တစ်ခဏအတွင်း ကြီးထွားလာနိုင်ခြင်းဖြစ်၏။ သို့သော် သူတို့သည် ဖျတ်စီးလိုစိတ်ကြီးမားသောကြောင့် နတ်ဘုရားလောကတစ်ခုလုံးရှိ ကျင့်ကြံသူများသည် ရှင်သန်ခွင့်မပေးခဲ့ကြချေ။

ဟွမ်းသည် သူ့အတွေးများ စုစည်းနေစဉ်တွင် အမှောင်ထု အတွင်းမှ အရှိန်အဝါတစ်ခုထွက်ပေါ်လာသည်ကို ခံစားမိသွားသည်။ သူ၏ အာရုံသည် ထိုအရှိန်အဝါအပေါ်သို့ ကျရောက်သွား၏။

All Chapters