← Chapters

ထိန်းချုပ်လိုခြင်း

Vol. 15 Ch. 220

ထိန်းချုပ်လိုခြင်း

Vol. 15 Ch. 220

လီထျန်းသည် ဆက်လက်ပြောဆိုနိုင်စွမ်းမရှိတော့ပေ။ ဟွမ်း၏ စကားထက် လက်အရင် ဝင်ရောက်မှုကြောင့် လွင့်စင်သွားတော့၏။

သူ၏ တုန့်ပြန်မှုသည် နှေးကွေးခြင်းကြောင့် မဟုတ်ပဲ ဟွမ်း၏ ရုတ်တရက်ရောက်ရှိလာချိန်တွင် သူ၏ ခွန်အားများ ကင်းမဲ့သွားသောကြောင့်ပင်။

‘ဘယ်လိုဖြစ်နိုင်မှာလဲ..’

လီထျန်းသည် သူ၏ မျက်နှာ ရိုက်နှက်ခံလိုက်ရမှုကို ယုံကြည်နိုင်စွမ်းပင်မရှိတော့ချေ။ စတင်တိုက်ခိုက်ချိန်တွင် သူတို့သည် လက်ရည်တူဟန်ရပြီး ဟွမ်း၏ အစွမ်းထက်လက်နက်ကြောင့်သာ အရေးနိမ့်ခဲ့ရ၏။ သို့သော် ယခုတွင် တုန့်ပြန်မှုပြုရန်ပင် စွမ်းအင်များ မထုတ်နိုင်တော့ချေ။

‘မဟုတ်သေးဘူး..’

သူ၏ ကိုယ်တွင်းသွေးကြောများတွင် အမည်သိ စွမ်းအင်များ ပိတ်ဆို့သွားသည်ကို ခံစားမိသွား၏။ သူသည် ထိုစွမ်းအင်များကို တွန်းလှန်ကာ သူ၏ စွမ်းအင်များကို ထုတ်ဖော်နိုင်ရန် ကြိုးစားနေသည်။

ထိုအရာသည် လီထျန်းသည် အစွမ်းထက်ကာ အာရုံခံနိုင်စွမ်း ကောင်းလွန်းသည်ဟုဆိုရပေမည်။ အကြောင်းမှာ ထျန်းယွမ်ကုန်းမြေမှ ကျီယွမ်ကုန်းမြေအထိ ဟွမ်းအား တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူများသည် သွေးကြောများတွင် ပိတ်ဆို့နေသည့်စွမ်းအင်ကို မသိရှိခဲ့ကြချေ။ ရုတ်တရက် စွမ်းအင်မဲ့ မှုကိုသာ ခံစားခဲ့ကြရသည်။

‘ဘယ်လိုစွမ်းအားမျိုးမို့ ဒီလောက်အထိ တားဆီးနိုင်စွမ်းကြီးမားနေတာလဲ..’

ဟွမ်းသည် အလွတ်မပေးချေ။ လီထျန်းနောက်သို့ ချက်ချင်းလိုက်ကာ ထပ်မံရိုက်နှက်လိုက်သည်။

“ဘန်း..”

လီထျန်းသည် မဟာ နတ်အင်ပါယာတစ်ဦး ယခုကဲ့သို့ ရိုက်နှက်ခံနေရသည်ကို မယုံနိုင်ဖြစ်နေ၏။ ထို့သို့အကြောင်းအရာမျိုး မကြုံဖူးချေ။

လက်နက်မပါလျှင်ပင် သူအား ရိုက်နှက်နိုင်ပါသော်လည်း အဘယ်ကြောင့် လက်နက်နှင့် ဟန်ရေးပြခဲ့ရသနည်း။

အကြောင်းကတော့ ရိုးရှင်းပေ၏။ ဟွမ်းသည် နည်းစနစ်အသုံးမပြုနိုင်သောကြောင့်ပင်။ ထို့အပြင် လီထျန်း၏ သန့်စင်မှုမရှိသည့် အမှောင်စွမ်းအင်များကို တိုက်ရိုက်ရင်မဆိုင်လိုသောကြောင့်လည်းပါဝင်၏။

လီထျန်း၏ အမှောင်စွမ်းအင်များသည် ညစ်ညမ်းလွန်းနေသည်။ သူ၏ ခန္ဓာကိုယ်နှင့် ထိုညစ်ညမ်းသည့် စွမ်းအင်များကို မတားဆီးချင်ပေ။

“ရပ်တော့..”

လီထျန်းသည် သက်သက်မဲ့ ရိုက်နှက်ခံနေရသည့် ဒဏ်ကို မခံစားနိုင်တော့သောကြောင့် ရပ်တန့်စေလိုက်ရ၏။ သူ၏ အသွင်သည် ရှိုက်ကြီးတငင် ငိုယိုနေသည့်မိန်းမငယ်လေးအလားပင်။

မဟာ နတ်အင်ပါယာ တစ်ဦးသည် ထိုသို့ ဖြစ်ပျက်နေသည်ကို အခြားကျင့်ကြံသူများသိသွားလျှင်ပင် ယုံနိုင်မည်မဟုတ်ပေ။ အဆင့်သုံးနယ်မြေများတွင် မဟာ နတ်အင်ပါယာများသည် လက်လှမ်းမမှီနိုင်သည့် တည်ရှိမှုများဖြစ်ကြ၏။

ဟွမ်းသည် လီထျန်းအား အဆက်မပြတ်ရိုက်နှက်နေမှုကို ရပ်တန့်လိုက်၏။ ထို့နောက် မေးခွန်းများကို စတင်မေးမြန်းလိုက်သည်။

“မင်းရဲ့ အမှောင်စွမ်းအင်ကို ဘယ်လိုရရှိလာတာလဲ..”

“ကျုပ်..”

လီထျန်းသည် ဖြေရခက်သွားဟန်ရှိသည်။ သို့သော် ဟွမ်း၏ မျက်နှာအမူအယာကြောင့် ဖြေလိုက်ရ၏။

သူသည် ဤကုန်းမြေသို့ လွန်ခဲ့သည့် ငါးနှစ်ခန့်က ရောက်ရှိလာခဲ့သည်။ ထိုစဉ်က သူသည် အဆင့်ငါးကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသေး၏။

ထို့နောက်တွင် အနက်ရောင်နယ်မြေသို့ ရောက်ရှိခဲ့သည်။ ဤနယ်မြေ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားပြီးနောက်တွင် အမှောင်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်အတွင်း ရုတ်တရက်ဝင်ရောက်လာခဲ့သည်ဟု ဆို၏။

ဟွမ်းသည် လီထျန်း၏ ပြောသမျှကို နားထောင်နေပြီး သူ၏ လေသံ အတက်အကျကိုလည်း သတိထား စစ်ဆေးနေသည်။

လီထျန်း၏ ခန္ဓာကိုယ်တွင် အမှောင်စွမ်းအင်များ ဝင်ရောက်သွားပြီးနောက် လအနည်းငယ်နှင့် မဟာ နတ်အင်ပါယာအဆင့်ပင် ရောက်ရှိခဲ့သည်။ သို့သော် သူသည် ဤနေရာမှ ထွက်ခွာနိုင်စွမ်းမရှိတော့ချေ။ အနက်ရောင်နယ်မြေမှ ထွက်ခွာရန်ကြိုးစားလိုက်တိုင်း သူ၏ ဝိညာဉ်သည် ပြင်းထန်သည့် နာကျင်မှုကို ခံစားရသည်။

ဟွမ်းသည် အမှောင်စွမ်းအင်နှင့် ပတ်သက်သည့် အကြောင်းအရာသည် ထူးဆန်းနေ၏။ အမှောင်စွမ်းအင်နှင့် ပတ်သတ်သည့် လီထျန်း၏ အဆိုသည် မမှားနိုင်ပေ။ အကြောင်းမှာ လီထျန်းသာ ဤနေရာမှ ထွက်ခွာ၍ ရပါက အဆင့်သုံးကုန်းမြေများသည့် ဒုက္ခကြီးစွာ ရောက်ရှိတော့မည်ဖြစ်သည်။

‘အမှောင်စွမ်းအင်ကို ထိန်းချုပ်နိုင်တဲ့သူလား..’

ဟွမ်းသည် ထိုအကြောင်းအရာများကို ဆက်စပ်၍ မရဖြစ်နေ၏။

ထိုသို့ထိန်းချုပ်နိုင်သူသည် မည်သည့်နေရာမှ ပေါ်ပေါက်လာသည်ကို မသိရှိရပေ။ ထိုအရာကို ထိန်းချုပ်ခံထားရသည့် လီထျန်းကိုယ်တိုင်ပင် မသိနိုင်ချေ။ သို့သော် ဟွမ်းသည် လီထျန်း၏ စကားများမှ ချန်လှပ်ထားသည့် အကြောင်းအရာများ ရှိနေသည်ကို ခံစားမိ၏။ သူသည် တင်းမာသည့် အကြည့်နှင့် လီထျန်းကိုကြည့်ကာ မေးလိုက်သည်။

“မင်းပြောတဲ့ အမျိုးသမီးက မိစ္ဆာသူတော်စင်ဂိုဏ်းရဲ့ သခင်မ လား..”

ဟွမ်း၏ မေးခွန်းကို လီထျန်းသည် မဖြေလိုသည့်အလား တုန့်ဆိုင်းသွားသော်လည်း ဟွမ်း၏ အကြည့်ကြောင့် တုန်ယင်သွားကာ ဖြေလိုက်ရ၏။

“ဟုတ်တယ်..၊ အဲ့ဒီမိန်းမရဲ့ ရက်စက်မှုကြောင့် ဒီနယ်မြေထဲ ထွက်ပြေးလာခဲ့ရတာပဲ..”

“ဟုတ်လား..”

“မင်း မကြုံဖူးသေးလို့..၊ သူမကြောင့် သေဆုံးခဲ့ရတဲ့ ကျင့်ကြံသူတွေ မနည်းမနောပဲ..၊ ကုန်းမြေတစ်ခုကို ဖျတ်စီးဖူးတယ်လို့တောင် ကြားဖူးတယ်..၊ အဲ့ဒီမိန်းမကြောင့်သာ မဟုတ်ရင် ငါ ဒီနေရာမှာ ပိတ်မိနေမှာမဟုတ်ဘူး..”

လီထျန်းသည် ဒေါသတကြီးပြောဆိုလိုက်၏။ ဟွမ်းသည် ရှောင်ချင်းပြောသည့် စကားများနှင့် လွဲချော်နေသောကြောင့် တွေးတောနေမိသည်။ သို့သော် လီထျန်း၏ စကားသည် မဆုံးသေးချေ။ သူသည် အံကြိတ်ရလွန်းသောကြောင့် သွားများပင် ‘တကျိကျိ’ မြည်သံပေါ်ထွက်နေ၏။

“ဒီနေရာကို ရောက်လာတဲ့ သူမရဲ့ လက်အောက်ငယ်သား နှစ်ယောက်ကို သတ်ဖြတ်လိုက်ရပေမဲ့ သူမကို သတ်ရမှ ကျေနပ်နိုင်မယ်..”

“ကံမကောင်းစွာနဲ့ အဲ့ဒီမိန်းမက ဒီနယ်မြေထဲကို ဝင်မလာဘူး..၊ ဒီနယ်မြေက လွတ်တာနဲ့ အဲ့ဒီမိန်းမကို အရင်ဆုံးသတ်မယ်..”

လီထျန်း၏ ဒေါသတကြီး ကြုံးဝါနေပုံကို ဟွမ်းသည် အမူအယာပြောင်းလဲခြင်းမရှိနားထောင်နေသည်။ ထို့နောက် ဟွမ်းသည် တွေးဆကာမေးမြန်းလိုက်၏။

“မင်းကို ထိန်းချုပ်ထားတဲ့အရာကိုမြင်တွေ့ဖူးလား..”

“ရောင်းရင်း..၊ အမှောင်စွမ်းအင်နဲ့ ပတ်သတ်ပြီး စိတ်ဝင်စားတဲ့ပုံပဲ..”

လီထျန်းသည် ဒေါသအရှိန်သပ်ပြီး သူ၏ အမူအယာကို ထိန်းကာ ပြောဆိုလိုက်သည်။

“အနည်းငယ်ပေါ့..”

ဟွမ်းသည် သံယောင်လိုက်ကာ ဖြေလိုက်၏။ ထို့နောက် လီထျန်း၏ အဖြကို စောင့်ကြည့်လိုက်သည်။

“အဲ့ဒီ နေရာမှာ အမှောင်စွမ်းအင် အရင်းအမြစ်ရှိတယ်..၊ ရောင်းရင်း စိတ်ဝင်စားရင် လေ့လာလို့ရတယ်..”

လီထျန်း၏ အသွင်သည် ဖော်ရွေသူ တစ်ယောက်အလားပြောင်းလဲသွားပြီး ဟွမ်းကို အကြံပေးနေ၏။ သူ၏ လက်အောက်ငယ်သားများ အသတ်ခံလိုက်ရသည်ကိုပင် မေ့လျော့သွားသည့်အလားပင်။

ဟွမ်းသည် လီထျန်းညွှန်ပြသည့် တောင်တန်း၏ နက်ရှိုင်းသည့်နေရာကိုကြည့်လိုက်သည်။ သာမန် မှောင်မိုက်နေသည့်နေရာနှင့် ဆင်တူသော်လည်း စိတ်ဝိညာဉ်ကို အေးစိမ့်ပြီး ထူးဆန်းသည့် ခံစားချက်ကိုပေးစွမ်းနေ၏။

“မင်း စုပ်ယူနိုင်စွမ်းရှိသလောက် ခွန်အားတွေ တိုးတက်လာလိမ့်မယ်..မင်းရဲ့စွမ်းရည်နဲ့ဆို ငါ့လိုမျိုး အမှောင်စွမ်းအင်ရဲ့ အနိုင်ယူခြင်းကို ခံရလောက်မယ်မထင်ဘူး..၊ ဒါပေမဲ့ သတိတော့ထားပါ..”

လီထျန်းသည် မြှောက်ပင့် ပြောဆိုနေသည်။ ထို့အပြင် စိုးရိမ်ဟန်နှင့် သတိပေးလိုက်၏။

ဟွမ်း တွေးတော့နေခြင်း မပြုတော့ပဲ လီထျန်းညွှန်ပြသည့် တည်နေရာကို ချဉ်းကပ်သွားသည်။

“ညစ်ညမ်းလွန်းတဲ့ အမှောင်စွမ်းအင်တွေ..”

ထိုနေရာနှင့် နီးကပ်လာလေလေ၊ အမှောင်စွမ်းအင်များသိပ်သည်းလာလေလေပင်။ အမှောင်စွမ်းအင် အရင်းအမြစ်နှင့် နီးကပ်လာချိန်တွင် ဟွမ်းသည် မျက်မှောင်ကြုတ်သွား၏။

ရုတ်တရက်ဆိုသလို အမှောင်စွမ်းအင်များသည် လှုပ်ရှားလာသည်။ ဟွမ်း၏ အနီးတဝှိုက်တွင် ပိတ်ပိတ်မှောင်ပြီး အသက်ရှုကြပ်စေသည့် အမှောင်ထုက ဖုံးလွှမ်းသွားတော့၏။

ထို့နောက်တွင် ထိတွေ့ကိုင်တွယ်၍ မရသည့် အမှောင်စွမ်းအင်များသည် ရုန်းရင်းဆန်ခက်နှင့် ဟွမ်း၏ ခန္ဓာကိုယ်အတွင်းဝင်ရောက်ရန် အရူးအမူးတိုးဝင်နေကြသည်။ ဟွမ်း၏ ခန္ဓာကိုယ်တွင် အမှောင်စွမ်းအင်များနှင့် ဖုံးလွှမ်းနေတော့၏။ သို့သော် ဟွမ်းသည် ရုန်းကန်နေခြင်းမပြုပေ။

“ငါ့လက်အောက်ခံဖြစ်လိုက်စမ်း..”

လီထျန်းသည် ဟွမ်း၏ နောက်မှ ပြင်းထန်သည့် စွမ်းအင်လှိုင်းများနှင့် ပစ်လွှတ်လိုက်သည်။ သူသည် ဟွမ်း၏ ခန္ဓာကိုယ်အတွင်း အမှောင်စွမ်းအင်များ ဝင်ရောက်နေသည်ကို အခွင့်ကောင်းယူကာ တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ ထိုလှိုင်းတွင် သူ၏ သွေးစွမ်းအင်များပါဝင်နေပြီး ဟွမ်းကို ထိန်းချုပ်ရန် ရန်ရွှယ်လိုက်ခြင်းဖြစ်သည်။

သို့သော် ဟွမ်း၏ ခန္ဓာကိုယ်တွင် ရှိသည့် အမှောင်စွမ်းအင်များသည် တဖြေးဖြေး ပါးလျလာသည်။ ထို့အပြင် သူ့ထံလာနေသည့် စွမ်းအင်လှိုင်းများကို ဂရုမစိုက်ပဲ ခပ်ယဲ့ယဲ့ပြုံးကာ လီထျန်းကို ကြည့်လိုက်သည်။

“ညံ့ဖျင်းတဲ့ကောင်..”

All Chapters