← Chapters

ကောင်းကင်အရှင်သခင်

Vol. 15 Ch. 221

ကောင်းကင်အရှင်သခင်

Vol. 15 Ch. 221

ဟွမ်း၏ အကြည့်ကြောင့် လီထျန်း၏ နှလုံးသားသည် အပြင်းအထန် ခုန်ပေါက်သွားပြီး အသက်ရှုရန်ပင် မေ့လျော့သွား၏။ သူ၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်နေရင်း ရေရွတ်လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ..”

လီထျန်းသည် ဟွမ်းကို အမှောင်စွမ်းအင်၏ ထိန်းချုပ်မှုအောက် ကျရောက်သွားပြီဟု ထင်မိခဲ့သည်။ ထို့ကြောင့်ပင် သူသည် ထိန်းချုပ်ရန် စွမ်းအင်လှိုင်းကို ပစ်လွှတ်ခဲ့၏။ သူ၏ လက်အောက်ငယ်သားများကိုပင် ထိုနည်းလမ်းနှင့် ထိန်းချုပ်ခဲ့သည်။

သို့သော် ဟွမ်းသည် အမှောင်စွမ်းအင်များ သက်ရောက်ခံရဟန်မရသောကြောင့် တအံ့တဩကြည့်လိုက်မိသည်။

ဟွမ်း၏ ခန္ဓာကိုယ်တွင် ပါးလွှာကာ မြင်နိုင်စွမ်းမရှိသည့် အကာကွယ်အလွှာထွက်ပေါ်နေ၏။ ထိုအလွှာကြောင့် လေထုနှင့် ရောနှောနေသည့် အမှောင်စွမ်းအင်များသည် ဝင်ရောက်နိုင်စွမ်းမရှိတော့ပေ။

“ဝုန်း..”

ဟွမ်းသည် လီထျန်းပစ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းကို အသာယာဖျတ်စီးလိုက်၏။ ထို့နောက် မြန်ဆန်သည့် အရှိန်နှင့် လီထျန်း၏ ရင်ဘက်ကို ထိုးခွဲရန် ကြံရွယ်လိုက်သည်။

လီထျန်းသည် စွမ်းအင်များနှင့် အလွှာတစ်ခုကို ချက်ချင်း ဖန်တီးကာ ကာကွယ်လိုက်သည်။ မဟာ နတ်အင်ပါယာတစ်ဦး၏ စွမ်းအင်ကာကွယ်မှုသည် အလွန်ပင်မြင့်မား၏။

“ဘန်း..”

“ဝုန်း..”

သို့သော်လည်း ဟွမ်း၏ ခွန်အားကို မတားဆီးနိုင်ခဲ့ချေ။

“အဟွတ်..”

လီထျန်း၏အကာအကွယ်သည် ချက်ချင်းပြိုကွဲသွားပြီး သူ၏ ရင်ဘက်တွင် လက်သီးရာတစ်ခု စွဲထင်သွား၏။ သူ၏ ရင်ဘက်သည့် ချိုင့်ဝင်သွားပြီး ဒဏ်ရာမှ သွေးများ တစက်စက် ယိုစီးကျနေသည်။ ထို့အပြင် သွေးများလည်း အဆက်မပြန် အန်ထုတ်လိုက်ရ၏။

“မဟုတ်ဘူး..မင်းငါ့ကို သတ်လို့မရဘူး..”

ဟွမ်းသည် လီထျန်းလဲကျရာ နေရာသို့ ရောက်ရှိလာသောကြောင့် သူသည် လန့်ဖြန့်သွားကာ တောင်စဉ်ရေမရ အော်ဟစ်လိုက်မိ၏။

“ဒါမင်းဆုံးဖြတ်ခွင့်မရှိဘူး..”

သို့သော် ဟွမ်းသည် လီထျန်း၏ စကားများကို ဂရုမစိုက်ကာ သူ၏ ဦးခေါင်းကို ထိုးခွဲလိုက်သည်။

“ဘုန်း..”

လီထျန်းသည် အော်ဟစ် ချိန်ပင် မရလိုက်ချေ။ သူ၏ ဦးခေါင်းသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားကာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားသည့် ခန္ဓာကိုယ်သည် လဲကျသွားတော့၏။

လီထျန်းသည် ဟွမ်းကို အနိုင်မယူနိုင်သောကြောင့် အမှောင်စွမ်းအင်များရှိနေရာသို့ သွားစေရန် သွေးဆောင်လိုက်သည်။ ထို့နောက် ဟွမ်းတွင် အမှောင်စွမ်းအင်များ ကူးစက်သွားချိန်တွင် သူသည် ထိန်းချုပ်နိုင်လိုက်ပါက မဟာ နတ်အင်ပါယာအဆင့် နောက်လိုက်တစ်ဦးရရှိမည်ဟု တွက်ဆထားခြင်းဖြစ်သည်။

သူမထင်ထားသည်မှာ အမှောင်စွမ်းအင်ပင် ဟွမ်းကို ထိခိုက်အောင်မလုပ်နိုင်ခြင်းပင်။ သူ၏ တွက်ဆမှု မှားယွင်းသွားခဲ့၏။

သို့သော် သူ မဆွဲဆောင်လျှင်ပင် ဟွမ်းသည် ဤနေရာသို့ သွားရောက်မည်သည်။

ဟွမ်းသည် လီထျန်း၏ ခန္ဓာကိုယ်မှ အကြည့်လွဲလိုက်စဉ်တွင် ထိုခန္ဓာကိုယ်မှ လီထျန်းသည် ဝိညာဉ်အသွင်နှင့် ထွက်ပေါ်လာ၏။

“ငါသေရင်တောင် မင်းကိုပါဆွဲချသွားမယ်..”

လီထျန်းသည် အနက်ရောင် ဝိညာဉ်သဖွယ် ဖြစ်တည်သွားပြီး အနီးနားရှိ အမှောင်စွမ်းအင်များကို စုစည်းလိုက်တော့သည်။ အနီးနားရှိ အမှောင်စွမ်းအင်များသည် သူ၏ ဝိညာဉ်တွင်းသို့ အတိုင်းအဆမဲ့ဝင်ရောက်လာ၏။

“ငါ့ရဲ့ ဝိညာဉ်ကိုပါ စတေးထားတာကြောင့် မင်းရဲ့ အကာအကွယ်က အသုံးမဝင်တော့ဘူး..”

လီထျန်းသည် ဝိညာဉ်ကိုပင် လောင်ကျွမ်းစေလိုက်ပြီး အမှောင်စွမ်းအင်များနှင့်ပေါင်းစည်းလိုက်ခြင်းဖြစ်၏။ လီထျန်းဝိညာဉ်နှင့် အမှောင်စွမ်းအင်များသည် စက်လုံးငယ်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

ထိုအချင်းအရာကြောင့် အနီးနားရှိ အမှောင်စွမ်းအင်များသည် ပါးလွှာလာ၏။

ထို့နောက် ၎င်းသည် ဟွမ်း၏ ဝိညာဉ်ပင်လယ်တွင်းသို့ ဦးတည်ဝင်ရောက်လာသည်။

ဟွမ်းသည် တားဆီးရန်ကြိုးစားလိုက်သော်လည်း ထိုစွမ်းအင်များကို သူထိတွေ့၍ မရတော့ချေ။ သူ၏ ကာဆီးလိုက်သည့် လက်များကို ကျော်ဖြတ်ကာ ဝိညာဉ်ပင်လယ်တွင်းသို့ ဝင်ရောက်သွား၏။

ဟွမ်းသည် ထိုသို့ဖြစ်ရပ်ကြောင့် အံ့ဩချိန်ပင် မရလိုက်ချေ။ အကြောင်းမှာ သူ၏ ဝိညာဉ်ပင်လယ်သည် မှောင်မိုက်လာသောကြောင့်ပင်။

“သခင်..”

သူ၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ရပ်တန့်သွား၏။ ထိုအချင်းအရာကြောင့် ရွှမ်းလုံသည် အလျှင် အမြန်ပင် လာရောက်ကာ ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ဝင်ရောက်ရန်ကြိုးစားလိုက်သည်။

သို့သော် ဝင်ရောက်၍ မရတော့ချေ။ ဝိညဉ်ပင်လယ်သည် လုံးဝ ပိတ်ဆို့ခံလိုက်ရသည့်အလားပင်။ ထို့ကြောင့် ပြင်ပမှ ဟွမ်း၏ ခန္ဓာကိုယ်ကို စောင့်ရှောက်လိုက်သည်။

ဝိညာဉ်ပင်လယ်အတွင်းတွင် အမှောင်စွမ်းအင်စက်လုံးလေးသည် ပြိုကွဲလာပြီး ကြီးမားသည် အမှောင်ထုနှင့် ဖုံးလွှမ်းရန် ကြိုးစားလိုက်သည်။

ဟေးယန်သည် ထိုအမှောင်ထုကြောင့် ချက်ချင်းပင် ဟွမ်း၏ ဝိညာဉ်ကို မီးတောက်များနှင့် ကာကွယ်လိုက်၏။

“ဒီကောင်က သခင်ရဲ့ ဝိညာဉ်ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ..”

“လီထျန်းကိုလည်း ဒီလိုပုံစံနဲ့ ထိန်းချုပ်သွားခဲ့တာထင်တယ်..၊ ထူးဆန်းတာက အသိစိတ်မရှိနေဘူး..”

ဟွမ်းသည် မှတ်ချက်ပြုလိုက်သည်။ သူ၏ ဝိညာဉ်ပင်လယ်သည် ဝင်ရောက်ကျုးကျော်ခြင်း ခံနေရသော်လည်း သက်တောင့်သက်သာ အမူအယာနှင့်ပင်။

အမှောင်စွမ်းအင်များသည် အသိစိတ်မရှိပဲ ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း အပြည့်အဝလွှမ်းမိုးရန် ကြိုးစားနေခြင်းဖြစ်သည်။

အသိစိတ်မရှိပဲ အဘယ်ကြောင့် သိမ်းပိုက်ချင်နေရသနည်း။

ဟွမ်းသည် ထိုအရာများနှင့် ပတ်သတ်၍ များစွာ ရှုပ်ထွေးလွန်းနေသည်။ ပို၍ ထူးဆန်းသည်မှာ အရင်းအမြစ်မရှိပဲ အမှောင်စွမ်းအင်များ ထွက်ပေါ်လာခြင်းပင်။

‘အဆင့်နှစ်နယ်မြေရဲ့ အတားအဆီးနဲ့ သက်ဆိုင်နေတာလား..’

သို့သော်လည်း သူ၏ အတွေးများကို ရပ်တန့်ပြီး အမှောင်စွမ်းအင်များ၏ ကြိုးစားနေမှုကို စိတ်ဝင်တစားကြည့်ရှုနေ၏။

အမှောင်စွမ်းအင်များသည် ဝိညာဉ်ပင်လယ်တစ်ခုလုံးကို လွှမ်းမိုးရန်ကြံရွယ်နေသော်လည်း ဟွမ်း၏ အဆုံးအစမဲ့သည့် ဝိညာဉ်ပင်လယ်အတွင်းတွင် လမ်းပျောက်နေသည့် ကလေးငယ်အလားပင်။

အရပ်မျက်နှာအသီးသီးသို့ ပြန့်နှံ့ကာ လွှမ်းမိုးလိုသော်လည်း ၎င်း၏စွမ်းအင်များသည် လုံလောက်မနေချေ။

၎င်းစွမ်းအင်များကို မဟာ နတ်အင်ပါယာများသည် အသည်းအသန် ခုခံလိုက်လျှင်ပင် ၎င်း၏လွှမ်းမိုးမှုမှ လွှတ်မြောက်နိုင်မည်မဟုတ်ချေ။

သို့သော် ကျုးကျော်ခံရသည့် ဝိညာဉ်ပင်လယ်ပိုင်ရှင်ပင် သက်တောင့်သက်သာ ထိုင်ကြည့်နေသော်လည်း ၎င်းသည် မထိန်းချုပ်နိုင်ပေ။

အမှောင်စွမ်းအင်များတွင် စိတ်ခံစားချက်သာ ဖော်ပြနိုင်ပါက မျက်ရည်မျ တသွင်သွင် စီးကျနေမည်မှာကျိန်းသေပင်။ သို့သော် ခံစားချက်မရှိသောကြောင့် ဦးတည်ရာမဲ့ ပျံ့လွင့်နေသည်။

ထိုအဖြစ်အပျက်ကို ဝိညာဉ်ပင်လောင်ကျွမ်းကာ သေဆုံးသွားရသည့် လီထျန်းသာ သိနိုင်ဦးပါက နောင်တရမည်မှာ ကျိန်းသေပင်။ သူ၏ အားထုတ်မှုသည် အလဟသဖြစ်သွား၏။

ထိုအချိန်တွင် ဟွမ်း၏ ဝိညာဉ်ပင်လယ်တွင် တိတ်တဆိတ်ရှိနေသည့် ရွှေရောင်သစ်ပင်ငယ်လေးသည် ထိုအဖြစ်အပျက်ကို ကြည့်ရှု့ချင်ဟန်မရတော့ချေ။

၎င်း၏ နှစ်ခုတည်းသာရှိသည့် သစ်ရွက်ကလေးသည် လှုပ်ယမ်းသွားပြီး စွမ်းအင်အလင်းတန်းတစ်ချို့ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများသည် လေပွေတစ်ခုကဲ့သို့ လည့်ပတ်နေပြီးနောက် ပြန့်ကျဲနေသည့် အမှောင်စွမ်းအင်များကို စုစည်းလိုက်၏။

ချက်ချင်းဆိုသလို အမှောင်စွမ်းအင်များသည် လေပွေအတွင်း ဝင်ရောက်လာတော့သည်။ ထို့ကြောင့် ဟွမ်း၏ ဝိညာဉ် ပင်လယ်သည် ပြန်လည်ကြည်လင်လာတော့၏။

“ဒီကောင်..”

ဟေးယန်သည် အလိုမကျဖြစ်သွား၏။ သူတို့ ဆရာတပည့်နှစ်ဦး ပြပွဲကြည့်ရှု့နေသည်ကို ထိုသစ်ပင်ကောင်သည် အနှောက်အယှက် ပေးသွား၏။

ဟွမ်းသည် ထိုသစ်ပင်ငယ်လေးတွင် ဝိညာဉ်ရှိမှန်း သိရှိသော်လည်း ဆက်သွယ်၍ မရချေ။ သူဆက်သွယ်ရန် ကြိုးစားလိုက်တိုင်း မည်သို့မျှ မတုန့်ပြန်ပေ။

လေပွေသည် ရပ်တန့်သွားသည့်နောက်တွင် နက်မှောင်နေသည့် သေးသေးသွယ်သွယ် သလင်းကျောက်တစ်ခု ပေါ်ထွက်လာ၏။

“ဒီလိုလဲ လုပ်နိုင်တာလား..”

ဟွမ်းသည် ထိုသလင်းကျောက်လေးကို ကိုင်ဆောင်လိုက်ချိန်တွင် ၎င်းမှ အမှောင်စွမ်းအင်များ ပေါ်ထွက်နေသည်ကို ခံစားမိသည်။ ရွှေရောင်သစ်ပင်ငယ်လေးသည် အမှောင်စွမ်းအင်များကို အစိုင်အခဲအဖြစ် ပြောင်းလဲ လိုက်ခြင်းပင်။

ကောင်းကင်ထက်ရှိ တည်ရှိမှုများကိုပင် တားဆီးနိုင်စွမ်းရှိသည့် ရွှေရောင်သစ်ပင်ငယ်လေးသည် ထူးခြားသည်ကို သိရှိထားပြီးဖြစ်၏။ သို့သော်လည်း ၎င်း၏ လုပ်နိုင်စွမ်းသည် ကြီးမားကျယ်ပြန့်ဟန်ရှိသည်။

“သခင် ဘာဖြစ်သွားတာလဲ..”

ဟွမ်းသည် လှုပ်ရှားလာပြောကြောင့် ရွှမ်းလုံသည် မေးခွန်းထုတ်လိုက်၏။ ဟွမ်းသည် ဟေးယန်ကို ရှင်းပြခိုင်းလိုက်သည်။

ထို့နောက်သူသည် လေးနက်သည့် အသံနှင့် ဆိုလိုက်၏။

“ရောက်နေတာကြာပြီဆိုမှတော့..၊ထွက်လာခဲ့..”

“ဖုံးကွယ်ထားနိုင်မယ် ထင်ခဲ့တာ.. အရှင့်ရဲ့ မျက်စိအောက်က မလွတ်နိုင်ခဲ့ဘူးပဲ..၊ ကောင်းကင်အရှင်သခင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တကယ်ပဲ ထိုက်တန်တာပဲ”

All Chapters