ရန်စဟောင်းများ
Vol. 15 Ch. 224
ဟွမ်းနှင့် စုန့်ချင်း ဖြတ်သန်းလာရာ ကုန်းမြေအချို့တွင်လည်း အမှောင်စွမ်းအင်များ ဖြစ်ပေါ်စ ပြုနေသည်ကို တွေ့ရှိခဲ့ရသည်။
ထိုအရာများကို မည်သို့ ဖယ်ရှား ရမည်ကို မသိရှိ သေးသောကြောင့် အမှောင်စွမ်းအင် သက်ရောက်ခံရသူ ရှိမရှိကိုသာ စစ်ဆေးခဲ့၏။
“အစ်ကိုလေး..၊ ကုန်းမြေတော်တော်များများမှာ အမှောင်စွမ်းအင်တွေ ထွက်ပေါ်နေပြီ..၊ ဒီနှုန်းနဲ့ဆိုရင် သိပ်မကြာခင် ကျင့်ကြံသူတွေကို သက်ရောက်ခံရတော့မယ်..”
စုန်ချင်းသည် တွေးဆကာ ပြောဆိုလိုက်၏။ ထိုသို့သာ ဖြစ်လာပါက အဆင့်သုံးကုန်းမြေများ ငြိမ်းချမ်းနိုင်တော့မည်မဟုတ်ပေ။
“ဒီကုန်းမြေတွေနဲ့ယှဉ်ရင် မင်းရဲ့ ကုန်းမြေက လုံခြုံမှု မရှိတော့ဘူး..”
ဟွမ်းသည် အသေအချာစစ်ဆေးပြီးနောက် ထပ်မံသတိပေးလိုက်သည်။ ဤနယ်မြေများတွင် အမှောင်စွမ်းအင်များ ပေါ်ထွက်နေသော်လည်း မိစ္ဆာသူတော်စင်ကုန်းမြေလောက် မများပြားသေးချေ။
ဟွမ်း၏ စကားကြောင့် စုန့်ချင်းသည် တွေဝေသွား၏။
“အစ်ကိုလေး..၊ ကျွန်မနဲ့ ကောင်းကင်တံခါးဂိုဏ်းရဲ့ ပြသနာတွေကြောင့် အခြားနယ်မြေကို ရွှေ့ပြောင်းဖို့က ခက်ခဲလိမ့်မယ်..”
စုန့်ချင်းသည် အနည်းငယ်ဝမ်းနည်းသည့် လေသံနှင့် ပြောဆိုလိုက်သည်။ သူမ၏ စွမ်းအားကြောင့်သာ မိစ္ဆာသူတော်စင်ကုန်းမြေသည် ရပ်တည်နေနိုင်သေးခြင်းဖြစ်၏။ သို့သော် သူမသည် အဆင့်သုံးကုန်းမြေများတွင် နာမည်ဆိုးနှင့် ကျော်ကြားသည်။
ထို့ကြောင့် အခြားကုန်းမြေများတွင် နေထိုင်ခွင့်ပြုကြမည်မဟုတ်ပေ။ ထို့အပြင် ကောင်းကင်တံခါးဂိုဏ်းနှင့် ကြီးမားသည့် ပြသနာရပ်များလည်းရှိနေသေးသည်။ ထိုပြသနာများစတင်ပုံကို ဟွမ်းအား ရှင်းပြလိုက်သည်။
“ဒါကို ဖြေရှင်းရမဲ့ နည်းလမ်းရှာတွေ့မှာပါ..၊ နတ်နန်းမြို့တော်ကို အရင်သွားကြမယ်..”
ဟွမ်းသည် သူမ၏ အဖြစ်အပျက်များကို နားထောင်ပြီးနောက်တွင် နှစ်သိမ့်စကားဆိုလိုက်၏။ ထိုစကားလုံးများသည် နှစ်သိမ့်ခြင်းသာဖြစ်သော်လည်း သူမ၏ စံပြပုဂ္ဂိုလ်ဖြစ်သူက ပြောသည့်စကားများ ဖြစ်သောကြောင့် စုန်ချင်း စိတ်သက်သာရာရသွားသည်။
ထို့နောက် သူတို့နှစ်ဦးသည် နတ်နန်းမြို့တော်သို့ဦးတည်သွားလိုက်ကြတော့၏။ ကြက်သွေးရောင်သံလိုက်အိမ်မြောင်သည် အစွမ်းထက်ရတနာ ဟုခေါ်ဆိုရန် ထိုက်တန်ပေသည်။ နတ်နန်းမြို့တော်သို့ တစ်လအတွင်းရောက်ရှိလာခဲ့၏။
“ရပ်စမ်း..”
ဟွမ်းနှင့် စုန့်ချင်းသည် နတ်နန်းမြို့တော်သို့ ဝင်ရောက်ချိန်တွင် မြို့၏ မုခ်ဝတွင် တားဆီးခံလိုက်ရသည်။
“မြို့တော်ထဲ ဝင်ချင်ရင် မြို့သခင်ရဲ့ ဖိတ်ကြားလွှာကို ပြသဖို့လိုတယ်..”
“မရှိဘူး..”
ဟွမ်းသည် ပေါ့ပေါ့ပါးပါးလေသံနှင့်သာ ဖြေလိုက်၏။
“မရှိရင် ဝင်ခွင့် မပေးနိုင်ဘူး..”
အစောင့်သည် ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်တော့သည်။
“အရင်က ဒီလောက် မတင်းကြပ်ပါဘူး..”
ဟွမ်းသည် နားမလည်ဟန်နှင့် မေးလို့်၏။
“အခုအချိန်မှာ အခြေအနေတွေက ရှုပ်ထွေးနေတယ်..၊ မြို့သခင်က နတ်နန်းမြို့ထဲ ဝင်ခွင့်ကို တင်းကြပ်ထားတယ်..”
အစောင့်သည် ရှင်းပြလိုက်၏။
“ကျွန်မက မိစ္ဆာသူတော်စင်ကုန်းမြေရဲ့ သခင်မပါ..၊ ဒီအရာနဲ့ဆိုရင် ဝင်လို့ရမလား..”
စုန်ချင်းသည် ရှေ့သို့တက်လာပြီး သူမ၏ အမှတ်အသားတံဆိပ်ကို ထုတ်ပြလိုက်သည်။ အစောင့်သည် ထိုတံဆိပ်ကို စစ်ဆေးကြည့်လိုက်၏။
“ဒါက ကောင်းကင်တံခါးဂိုဏ်းက ထုတ်ပေးထားတဲ့ အသိအမှတ်ပြုတံဆိပ်ပြားပဲ..၊ နယ်မြေပေါင်းစုံ ဆွေးနွေးပွဲကို လာပြီး..တက်ရောက်တာလား..”
အစောင့်သည် စုန့်ချင်းကို မေးခွန်းအချို့မေးကာ ဝင်ခွင့်ပြုစေလိုက်သည်။
“အဲ့ဒီ ဆွေးနွေးပွဲက ဘာအတွက်လဲ..”
ဟွမ်းသည် အစောင့်၏ စကားကို ဆက်လက်မေးမြန်းလိုက်သည်။ ဟွမ်း၏ မေးခွန်းကြောင့် အစောင့်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ထို့နောက် မိစ္ဆာသူတော်စင်ကုန်းမြေသည် နတ်နန်းမြို့တော်နှင့် ဝေးကွာလွန်းသည့်နေရာတွင် တည်ရှိနေသောကြောင့် ထိုဆွေးနွေးပွဲ အကြောင်းကို မသိရှိဟု ထင်မှတ်သွားသည်။
စုန့်ချင်းလည်း စိတ်ရှုပ်သွား၏။ သူမသည် ထိုကိစ္စနှင့်ပတ်သတ်၍ သိရှိထားခြင်းမရှိပေ။ သို့သော် သူမသည် ကောင်းကင်တံခါးဂိုဏ်းနှင့် ကတောက်ကဆ ရှိသောကြောင့် အသိမပေးဟု ထင်မှတ်လိုက်သည်။
“မြို့သခင်က အင်အားကြီးနယ်မြေအချို့ရဲ့ ခေါင်းဆောင်တွေကို အရေးကြီးကိစ္စဆွေးနွေးဖို့ဆိုပြီး ဖိတ်ခေါ်ထားတာပါ..”
အစောင့်သည် သူသိထားသည်ကိုသာ ပြောလိုက်၏။
“အဲ့ဒီဆွေးနွေးပွဲက ဘယ်မှာလဲ..”
“မြို့တော်ရဲ့ ဟောခန်းမမှာ..၊ နောက်သုံးရက်နေရင် စတင်တော့မှာ..”
ဟွမ်းသည် အစောင့်ပြောသည့်အရာများကို မှတ်သားပြီးနောက် စုန့်ချင်းနှင့်အတူ မြို့အတွင်းသို့ ဝင်ရောက်သွားသည်။
မြို့အတွင်းတွင် အနိမ့်ဆုံးကျင့်ကြံသူများပင် အဆင့်သုံးသို့ရောက်ရှိနေကြသည်။ ထို့အပြင် ထိုလူများသည် မြို့၏ အဆင့်နိမ့်ကျင့်ကြံသူများသာ ဖြစ်နေကြ၏။
အဆင့်လေးနှင့် အဆင့်ငါးကျင့်ကြံသူများသည် နေရာအနှံ့ပင် တွေ့ရှိနိုင်သည်။
“ဒီမြို့တော်ကို အရင်က မရောက်ဖူးတော့သေချာမသိခဲ့ဘူး..၊ အဆင့်နှစ်နယ်မြေတစ်ခုလို့တောင် ထင်နိုင်စရာရှိတယ်..”
စုန့်ချင်းသည် တအံ့တဩနှင့် စူးစမ်းနေ၏။ သူမ၏ မျက်ဝန်းလေးများသည် ပုံထက်ပင်ကျယ်ဝန်းနေပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်တလားကြည့်ရှု့နေသည်။
“ဒီမြို့ကို အဆင့်နှစ်ကုန်းမြေရဲ့ မုခ်ဝလို့လည်းခေါ်တယ်လေ..၊ ဒီမြို့မှာရှိတဲ့ ကူးပြောင်းရေး အစီအရင်နဲ့ဆိုရင် လေဟာနယ်အလွှာကို ဖြတ်ကူးစရာမလိုပဲ သက်တောင့်သက်သာနဲ့ သွားနိုင်တယ်..”
ဟွမ်းသည် ရှင်းပြလိုက်၏။ ထို့နောက် သူတို့သည် မြို့တော်၏ ဟောခန်းမသို့ ဦးတည်ကာ ထွက်ခွာသွားကြသည်။
“မိစ္ဆာမ..၊ ဒီမြို့တော်ထဲ ဝင်လာရဲတယ်..၊ သေစမ်း..”
“ရွှစ်..”
ကျင့်ကြံသူတစ်ဦးသည် ရုတ်တရက် ရောက်ရှိလာပြီး စုန့်ချင်းကို ရည်ရွယ်ကာ ဓားနှင့် ထိုးစိုက်လိုက်၏။ သူ၏ ရည်ရွယ်ချက်သည် ကြမ်းကြုတ်ဟန်ရပြီး သူမကို အသေသတ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
စုန့်ချင်းသည် ရုတ်တရက်ဆန်သောကြောင့် စွံ့အကာ ကြည့်နေမိသည်။ ထိုကျင့်ကြံသူ၏ ဓားသည် သူ၏ ရင်ဘက်သို့ တန်းတန်းမတ်မတ် စိုက်ဝင်လာ၏။
စုန့်ချင်းကို ထိုးစိုက်လုဆဲဆဲတွင် သူ၏ ဓားသွားသည် ရပ်တန့်သွားရသည်။
“မင်း..”
ဟွမ်းသည် ထိုကျင့်ကြံသူ၏ ဓားသွားကို လက်နှင့် ဆုပ်ကိုင်ထားပြီး ထိုသူ၏လုပ်ရပ်ကို ရပ်တန့်စေသည်။
စုန့်ချင်း၏ အသက်ရှုနှုန်းများ မြန်ဆန်လာသည်။ သူမ၏ ရင်ဘက်လေးသည် နိမ့်ချေ မြင့်ချေပင်ဖြစ်နေ၏။ ခွန်အားအရ ထိုကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် မခက်ခဲပေ။ သို့သော် ဟွမ်း၏ အကာကွယ်ပေးမှုကြောင့် စိတ်လှုပ်ရှားသွားခြင်းဖြစ်သည်။
“မင်းသေချင်နေတာလား..”
ထိုကျင့်ကြံသူသည် ဟွမ်းကို ဒေါသတကြီး အော်ငေါက်လိုက်၏။ သူ၏ ဓားကို ပြန်လည် ဆွဲယူသော်လည်း ပြုတ်တူနှင့် ညှပ်ခံထားရသည့်အလား တုပ်တုပ်မျှပင် မလှုပ်ချေ။
ထို့နောက် ဟွမ်းသည် ဓားကို ဆုပ်ကိုင်ထားသည့် လက်တွင် အားအနည်းငယ်ထည့်ကာ ညှစ်လိုက်၏။ ထိုဓားသည် သူ၏ လက်ကို ဖြတ်တောက်နိုင်စွမ်းမရှိသော်လည်း သူ၏ ဖျစ်ညှစ်လိုက်မှုကြောင့် အက်သံတစ်ချို့ထွက်ပေါ်လာသည်။
“ခလွမ်း..”
ချက်ချင်း မှန်တစ်ချပ်ကွဲကြေသွားသည့် အသံထွက်ပေါ်လာပြီး ထိုသူ၏ ဓားသည် အစိတ်စိတ်အမွှာမွှာကြေမွသွား၏။
ဟွမ်းသည် ထိုသူ၏ ဓားကို ချေမွလိုက်ခြင်းပင်။ သူသည် ကြမ်းကြမ်းတမ်းတမ်းစွမ်းအင်များ အားစိုက်ရန်ပင်မလိုခဲ့ချေ။
“သေချင်နေပြီလား..”
ထိုကျင့်ကြံသူသည် သူ၏ဓား ကျိုးကြေသွားသောကြောင့် ပို၍ ဒေါသထွက်လာတော့၏။ ထို့နောက် ထပ်မံတိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် စုန့်ချင်းသည် သူ၏ ရှေ့တွင် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး တိုက်ခိုက်လိုက်သည်။
“ဘုန်း..”
စုန်ချင်း၏ ရိုက်ချက်ကြောင့် ထိုကျင့်ကြံသူသည် အကွာဝေးတစ်ခုအထိသို့ လွင့်စင်သွား၏။
“လက်တစ်ဖက်နဲ့ မလုံလောက်သေးဘူးလား..”
“ဖန့်ဟယ်..”
စုန့်ချင်းသည် ထိုသူကို စူးစိုက်ကြည့်ကာ ခက်ထန်နေသည့် လေသံနှင့်ဆိုလိုက်၏။ ဟွမ်းနှင့် ပြောဆိုသည့် လေသံနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူမ၏ ပုံစံသည် အခြားတစ်ယောက်အသွင်ပြောင်းလဲသွားသည့်အလားပင်။
“အဟွတ်..”
ဖန့်ဟယ်သည် စုန့်ချင်း၏ ရိုက်ချက်ကြောင့် သွေးအန်လိုက်ရသည်။ သူ၏ မျက်နှာသည် နာကျင်မှုကြောင့် ရုပ်ဆိုးအကျည်းတန်သွား၏။
စုန့်ချင်း၏ စကားကြောင့် အံကြိတ်လိုက်မိ၏။ တစ်ချိန်က စုန့်ချင်းသည် သူ၏ လက်တစ်ဖက်အား ဖြတ်တောက်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် ယခုထက်ထိ မကျေမချမ်းနိုင်ဖြစ်နေခြင်းပင်။ သူ၏ ကျင့်ကြံမှုနှင့် စုန့်ချင်းကို အနိုင်မယူနိုင်သော်လည်း သူမကို တွေ့မြင်လိုက်သည်နှင့် ဒေါသထွက်လာပြီး ချက်ချင်း တိုက်ခိုက်မိခြင်းဖြစ်၏။
ထို့နောက် စုန့်ချင်းကို ကြည့်ကာ ဒေါသတကြီးပြောဆိုလိုက်သည်။
“မင်းက ဒီမြို့ကို လာခွင့်မရှိဘူး..ထွက်သွား..”
“ဒီနေရာကို ရှင်တို့ ကောင်းကင်တံခါးဂိုဏ်းလို့ထင်နေလား..”
စုန့်ချင်းသည် ခွန်းတုန့်ပြန်လိုက်သည်။ ထို့နောက် ဂရုမစိုက်တော့ချေ။ သူမတို့တွင် ထို့ထက် အရေးကြီးသည့် ကိစ္စရပ်များရှိနေ၏။ ဟွမ်းနှင့်အတူ ဤနေရာမှ ထွက်သွားရန် ပြင်ဆင်လိုက်သည်။
“သေစမ်း..”