← Chapters

အခန်း ၄၁၅-၄၁၇

Vol. 28 Ch. 415-417

အခန်း ၄၁၅-၄၁၇

Vol. 28 Ch. 415-417

အခန်း( ၄၁၅ )

ထျန်းချီ ဘုရင်သည် အဆင့်လွန် ပညာရှင်ဖြစ်သည် (၂)

အကူအညီပေးမည်ဟုဆိုသော်လည်း ဤမျှ ရက်ရောစွာ ကမ်းလှမ်းခြင်းက အဘယ်ကြောင့်နည်း။

မြောက်ပိုင်းပြည်နယ်နှင့် ကျူးနိုင်ငံတော်သည် တရားဝင် ဆက်ဆံရေး မရှိခဲ့ဖူးပေ။ အကြောင်းမှာ မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်အတွင်းရှိ နယ်စားနယ်မြေတစ်ခုသာဖြစ်ပြီး နယ်စား နယ်မြေများသည် နိုင်ငံတစ်ခုနှင့် သံတမန် ဆက်ဆံရေး ထူထောင်ပိုင်ခွင့် မရှိပေ။

ကျူးနိုင်ငံတော်မှ မြောက်ပိုင်းပြည်နယ်ကို ကူညီရန် သံတမန်တစ်ဦး ရုတ်တရက် စေလွှတ်ခြင်းက မရိုးသားသော ရည်ရွယ်ချက်များ ပါဝင်နေသည်မှာ ထင်ရှားသည်။

ကျူးနိုင်ငံတော်သည် ရှပြည်တွင်းရေး မညီညွတ်မှုကို ဖန်တီးရန်၊ ဆွမ်ဧကရာဇ်အား မြောက်ပိုင်းပြည်နယ်က လွတ်လပ်ရေး ကြေညာရန် စီစဉ်နေသည်ဟု ယုံကြည်စေရန်၊ ထို့ကြောင့် ကျူးနိုင်ငံတော်နှင့် လျှို့ဝှက်စွာ သံတမန် ဆက်ဆံရေး ထူထောင်နေသည်ဟု ထင်မြင်စေရန် ရည်ရွယ်ထားသည်ဟု လုချန်း စိုးရိမ်မိသည်။

ဤအရာက ကျူးဧကရာဇ်မ၏ အကြံအစည် ဟုတ်မဟုတ် မသေချာပါ။

အကယ်၍ ကျူးဧကရာဇ်မ၏ အကြံအစည်သာ ဖြစ်ပါက သူမသည် အလွန် အကြံအစည်များသော အုပ်စိုးသူဖြစ်ပြီး နယ်မြေကို ချဲ့ထွင်ရန် ရည်မှန်းချက်များ ရှိနိုင်ကြောင်း သက်သေပြနေသည်။

လုချန်း ထိုကိစ္စကို ယာယီအားဖြင့် လစ်လျှူရှုထားလိုက်သည်။ ထို့နောက် ဝူယွမ်အား

“ ရန်ခရိုင်ကို ချက်ချင်း ပြန်သွားပြီး ပြီးခဲ့တဲ့ညက စစ်ရေးအောင်ပွဲကို အရှေ့ဘက် သတင်းစာတိုက်ဆီ သတင်းပို့ပါ။ သတင်းစာထဲမှာ အကြီးအကျယ် ဖော်ပြဖို့ ညွှန်ကြားပါ။”

လူနှစ်သိန်းရှိသော ပြည်နယ်စစ်တပ်သည် လူလေးသိန်းရှိသော လွင်ပြင်‌ဒေသတပ်ကြီး ကို လုံးဝ အနိုင်ယူခဲ့ပြီး ထိုဖြစ်စဉ်တွင် အဆင့်လွန် ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

အဆင့်လွန် ပညာရှင်တစ်ဦး စစ်မြေပြင်တွင် သေဆုံးသည်မှာ နှစ်ပေါင်းရာချီအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်က နိုင်ငံစစ်ပွဲများ သို့မဟုတ် အခြားသော ပဋိပက္ခများတွင် အဆင့်လွန် ပညာရှင်များ စစ်မြေပြင်သို့ မသွားရောက်ခဲ့သောကြောင့် စစ်မြေပြင်တွင် အဆင့်လွန် ပညာရှင် တစ်ဦးမှ မသေဆုံးခဲ့ဖူးပေ။

ထိုကဲ့သို့ သိသာထင်ရှားသော စစ်ရေးအောင်မြင်မှုသည် မြောက်ပိုင်းပြည်နယ်ကို လိုချင်သော လူအချို့ကို ဟန့်တားရန် လုံလောက်လိမ့်မည်ဟု လုချန်း ယုံကြည်သည်။

ဟုတ်ပါသည်။ ထိုအရာက လူအချို့အား မြောက်ပိုင်းပြည်နယ်ကို ပို၍ သတိထားစေပြီး သူ့ကို မြောက်ပိုင်းနယ်စားမင်းသား နေရာမှ ဖယ်ရှားရန် အစီအစဉ်များကို အရှိန်မြှင့်စေလိမ့်မည်။ ဥပမာ သူ၏ ဖခင်ဖြစ်သော ဆွမ်ဧကရာဇ်ပင် ဖြစ်သည်။

ထိုအချိန်တွင် ဝူယွမ်က

“မင်းသား။ ကျွန်တော် ရန်ခရိုင်မှာတုန်းက ပညာရှိကြီးက ကျူးနိုင်ငံတော်ရဲ့ သံတမန်တွေကို မင်းသား တွေ့ဆုံလိုလားလို့ မေးခိုင်းပါတယ်။”

ထိုမေးခွန်းကို ကြားသောအခါ လုချန်းက “ပညာရှိကြီးက ဘာပြောလဲ”

ဟု ပြန်မေးလိုက်သည်။

ဝူယွမ်က

“ပညာရှိကြီးက မင်းသားရဲ့ သဘောအတိုင်းပဲလို့ ပြောပါတယ်။”

လက်ရှိအခြေအနေအရ မြောက်ပိုင်းပြည်နယ်သည် ဆက်လက်၍ ငြိမ်သက်စွာ ရှင်သန်နေ၍ မရတော့ပေ။ အကြောင်းမှာ ယင်း၏ အင်အားကို ထုတ်ဖော်ပြသပြီးဖြစ်ကာ ဆွမ်ဧကရာဇ်ကလည်း မြောက်ပိုင်းပြည်နယ်ကို ကိုင်တွယ်ရန် စဉ်းစားနေပြီဖြစ်သည်။ ထို့ကြောင့် မြောက်ပိုင်းပြည်နယ်အနေနှင့် ကျူးနိုင်ငံတော်နှင့် သံတမန် ဆက်ဆံရေး ထူထောင်ရန်အတွက် ရှနန်းတွင်း၏ ထင်မြင်ယူဆချက်ကို တောင်းရန် မလိုအပ်ဟု ကျူးကဲ့ကျုံကောင်း ယူဆပုံရသည်။

မြောက်ပိုင်းနယ်စားမင်းသား အလိုရှိပါက ကျူးနိုင်ငံတော်နှင့် တရားဝင် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို တည်ထောင်နိုင်သည်။

ထို့ပြင် တောင်ပိုင်းရှိ သူပုန်တပ်ဖွဲ့များက ဆက်လက် ခုခံနေဆဲဖြစ်ပြီး ရှနန်းတွင်း အတွက် မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို အာရုံစိုက်ရန် အရင်းအမြစ် မရှိပေ။ ရှနန်းတွင်းက မြောက်ပိုင်းပြည်နယ်၏ လုပ်ရပ်ကို သဘောမကျလျှင် တောင်‌ ယခုလိုအခြေအနေတွင် ဆက်ဆံရေးကို ဖြတ်တောက်ဦးမည် မဟုတ်ပေ။

မြောက်ပိုင်းပြည်နယ်သည် အင်အားအကြီးဆုံး နယ်စားပြည်နယ် ဖြစ်နေပြီဖြစ်သည်။ ဆက်ဆံရေးကို စောစီးစွာ ဖြတ်တောက်ခြင်းသည် ရှနိုင်ငံတော်အတွက် အကျိုးမရှိပေ။

ရှနန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို ကိုင်တွယ်ရန် အကြံရှိပါက စစ်အတွက် ပြင်ဆင်ပြီးမှသာ လုပ်ဆောင်မည်ဖြစ်သည်။

တောင်ပိုင်း အာဏာရှိ မိသားစုများအား ဆွမ်ဧကရာဇ်၏ ကိုင်တွယ်ပုံကို ကြည့်ခြင်းအားဖြင့် သူသည် သတိကြီးသော အုပ်စိုးသူဖြစ်ကြောင်း ပြသနေသည်။ ပြည်ပရန်သူ မရှိတော့ပဲ ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးမှသာ လုရှုယွမ်ကို တောင်ဘက်သို့ သွားခိုင်းခဲ့သည်။

ထို့ပြင် မြောက်ပိုင်းပြည်နယ်သည် တောင်ပိုင်းရှိ အာဏာရှိ မိသားစုများနှင့် မတူပေ။ လုချန်း မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိချိန်မှစ၍ သူသည် စစ်ပွဲသုံးပွဲဆက်တိုက် အောင်မြင်ခဲ့သည်။

တောင်ပိုင်း အာဏာရှိ မိသားစုများသည် စည်းလုံးညီညွတ်မှုမရှိသော သဲများကဲ့သို့ဖြစ်ပြီး ပုန်ကန်ရာတွင်ပင် စုစည်းနိုင်စွမ်း မရှိကြပေ။ နန်းတွင်းစစ်တပ်က သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း ရန်သူအင်အား တစ်သန်းနီးပါးကို သေဆုံးခဲ့သည့် မြောက်ပိုင်းပြည်နယ်ကို ရင်ဆိုင်ရသောအခါ ဆွမ်ဧကရာဇ် သေချာပေါက် သတိထားလိမ့်မည်ဖြစ်သည်။ ထိုအချက်က သံသယဖြစ်စရာ မလိုပေ။

နင်းပေမြို့ တိုက်ပွဲအကြောင်းကို ဆွမ်ဧကရာဇ် သိရှိပြီး မြောက်ပိုင်းပြည်နယ်၏ ခွန်အားကို ပြန်လည် ဆန်းစစ်အကဲဖြတ်ပြီးပါက မြောက်ပိုင်းပြည်နယ်နှင့် ဆက်ဆံရေး ဆက်လက် ထိန်းသိမ်းရန် ရွေးချယ်နိုင်ခြေ အလွန်များသည်။

ခဏတာ စဉ်းစားပြီးနောက် လုချန်းက ဝူယွမ်အား

“ပြန်သွားပြီး ကျူးနိုင်ငံတော်ရဲ့ သံတမန်တွေကို မြောက်ပိုင်းပြည်နယ်မှာ ခဏ ပိုနေခိုင်းလိုက်ပါ။ ကျွန်တော် လဝက်လောက်နေရင် ပြန်လာခဲ့မယ်။”

ဝူယွမ်က

“ကျွန်တော် နားလည်ပါပြီ။”

လုချန်းက

“ကောင်းပါပြီ။ ခင်ဗျားရဲ့ တာဝန်တွေကို ဆက်လုပ်တော့။”

“ကျွန်တော့်ကို ခွင့်ပြုပါ။”

...

ခုနစ်ရက်အကြာ။

ရန်ခရိုင် ။

အရှေ့ဘက် သတင်းစာတိုက်၏ နောက်ဆုံးထုတ် သတင်းစာသည် ထုတ်ဝေသည်နှင့် ချက်ချင်း ရောင်းကုန်သွားခဲ့သည်။

တုန်းဖန်လုံယွဲ့က မင်းသားစံအိမ်၏ ပုံနှိပ်စက်ဖြင့် အလျင်အမြန် နောက်ထပ် တစ်သုတ် ထပ်မံ ရိုက်နှိပ်စေခဲ့သော်လည်း ထိုသတင်းစာများလည်း ၁၅ မိနစ်အတွင်း ရောင်းကုန်သွားခဲ့သည်။

မြောက်ပိုင်းပြည်နယ်သည် လူလေးသိန်းရှိသော ထျန်းချီ ဘုရင်၏ စစ်တပ်ကို ချေမှုန်းနိုင်ခဲ့ပြီး ထျန်းချီ ဘုရင်ကိုလည်း သုတ်သင်နိုင်ခဲ့သည့် သတင်းက ရန်ခရိုင်တစ်ခုလုံးကို ချက်ချင်း လှုပ်ခတ်သွားစေခဲ့သည်။

လူအများက ထိုသတင်းကို ယုံကြည်ရန် ခက်ခဲကြပြီး အထူးသဖြင့် အင်အားကြီးနိုင်ငံများ၏ သူလျှိုများအတွက် ပို၍ပင် ခက်ခဲကြသည်။

ထျန်းချီ ဘုရင်သည် အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်သည်။

သူ့ကို အဲ့ဒီလို အလွယ်တကူ သတ်လိုက်တာလား။

မြောက်ပိုင်းပြည်နယ်ကို မတိုက်ခိုက်မီ ထျန်းချီ ဘုရင်၏ လွင်ပြင်ဒေသစစ်တပ်က ကျူးနိုင်ငံတော်ကို တိုက်ခိုက်ခဲ့ကြောင်း သတိရသင့်သည်။ ဧကရာဇ်မကိုယ်တိုင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သော်လည်း စစ်မြေပြင်မှ

ထျန်းချီ ဘုရင် အထိအခိုက်မရှိပဲ ဆုတ်ခွာနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မြောက်ပိုင်းပြည်နယ်၌ သူသေဆုံးခဲ့သည်။

....

လျှို့ဝှက်လဝန်းတည်းခိုခန်း။

သီးသန့်အခန်းတစ်ခုအတွင်း။

အလွန်လှပပြီး ဆွဲဆောင်မှုရှိသော အနက်ရောင်နှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် စားပွဲတစ်ခုနားတွင် ထိုင်ကာ သူမ၏လက်ထဲရှိ စာရွက်တစ်ရွက်ကို ကြည့်နေသည်။

သူမရှေ့တွင် အသက်ကြီးပိုင်းများစွာ ရပ်နေပြီး ထိုအထဲတွင် ကျူးဧကရာဇ်မ မြောက်ပိုင်းပြည်နယ်သို့ သံတမန်အဖြစ် စေလွှတ်ခဲ့သော ဝမ်မော်ရွှီလည်း ပါဝင်သည်။

ထို့နောက် သူမက

“ကျူးကဲ့ကျုံကောင်း ဘာပြောလဲ”

ဟု မေးလိုက်သည်။

ထိုအမျိုးသမီး၏ မေးခွန်းကို ကြားသောအခါ ဝမ်မော်ရွှီက

“ ကျူးကဲ့ကျုံကောင်းက မြောက်ပိုင်းနယ်စားမင်းသား ပြန်လာတဲ့အထိ ခဏစောင့်ဖို့ အကြံပြုပါတယ်မုယုံသခင်မ။ သူကိုယ်တိုင် ကျွန်တော်တို့ကို တွေ့ဆုံဖို့ ရည်ရွယ်ထားလို့လို့ ပြောပါတယ်။”

ထိုစကားကို ကြားသောအခါ ထိုအမျိုးသမီးသည် သံသယ မျက်နှာဖြင့်

“မြောက်ပိုင်းနယ်စားမင်းသား ပြန်လာတာကို စောင့်ရမယ်...”

ဟု မေးလိုက်သည်။

“မြောက်ပိုင်းနယ်စားမင်းသားက လက်ရှိ

နင်းပေမြို့မှာ လွင်ပြင်‌ဒေသတပ်နဲ့ တိုက်ပွဲဝင်နေတယ် မဟုတ်လား။ အခုလိုအချိန်မှာ သူ တကယ် ထွက်လာနိုင်ပါ့မလား။”

“မြောက်ပိုင်းနယ်စားမင်းသားက သူ့လက်အောက်ငယ်သားတွေကို နင်းပေမြို့မှာ ခုခံခိုင်းပြီး သူတစ်ယောက်တည်း ရန်ခရိုင်ကို ပြန်လာဖို့ စီစဉ်နေတာလား။”

ဝမ်မော်ရွှီက

“အဲဒါတော့ ကျွန်တော် အတိအကျမသိပါဘူး။ လွင်ပြင်ဒေသတပ်တွေရဲ့ တိုက်ခိုက်မှုက အရမ်း မပြင်းထန်တာလည်း ဖြစ်နိုင်ပါတယ်။ အင်းအားကို စမ်းသပ်တဲ့ သဘောနဲ့ တိုက်တာဖြစ်ပြီး မြောက်ပိုင်းပြည်နယ်ကို တကယ် တိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့မြောက်ပိုင်းနယ်စားမင်းသားက ယူဆနေတာလည်း ဖြစ်နိုင်ပါတယ်”

ဟု မှတ်ချက်ပြုလိုက်သည်။

ထိုအချိန်တွင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအမျိုးသမီးက ညင်သာစွာဖြင့်

“တံခါး မပိတ်ထားဘူး။ဝင်လာခဲ့ပါ။”

.............

အခန်း (၄၁၆)

ထျန်းချီ ဘုရင်သည် အဆင့်လွန် ပညာရှင်ဖြစ်သည် (၃)

နောက်တစ်ခဏတွင် ကျူးနိုင်ငံတော်မှ ကိုယ်စားလှယ်အဖွဲ့မှ အမျိုးသားတစ်ဦးသည် အရှေ့ဘက်သတင်းစာတိုက်မှ ယခုထုတ်ဝေထားသော သတင်းစာတစ်စောင်ကို ကိုင်ဆောင်ကာ အခန်းထဲသို့ ဝင်လာ၏။ ထိုသူက အသက်ရှူမဝသည့်အသံဖြင့်

“ သတင်းထူးပါ...။ လွင်ပြင်‌ဒေသမျိုးနွယ်စု… အင်အားလေးသိန်းရှိတဲ့ စစ်တပ် ချေမှုန်းခံလိုက်ရပြီ။ ထျန်းချီ ဘုရင်လည်းသေသွားပြီ…”

ထိုစကားများကို ကြားသောအခါ အခန်းထဲရှိ လူတိုင်း အံ့သြမှင်တက်သွားကြသည်။

ခဏအတွင်း အခန်းထဲ၌ အလွန်တိတ်ဆိတ်ငြိမ်သက်သွားပြီး အပြင်ဘက်လမ်းမှ ဆူညံသံများပင် အလွန်အမင်း ကျယ်လောင်လာသည်ဟု ထင်ရသည်။

ခဏကြာသောအခါ ဝမ်မော်ရွှီ သတိပြန်ဝင်လာပြီး မယုံကြည်နိုင်ဟန်ဖြင့်

“ဒီသတင်းကို ဘယ်ကရတာလဲ။ ထျန်းချီ ဘုရင်ရဲ့တပ်မှာ လူလေးသိန်းရှိတယ်လေ။ ဘယ်လိုလုပ် အဲဒီလောက် အလွယ်တကူ ရှုံးနိမ့်သွားနိုင်မှာလဲ။”

ဟု မေးလိုက်သည်။

ထိုလူက သူကိုင်ဆောင်ထားသော သတင်းစာကို ဝမ်မော်ရွှီထံ ချက်ချင်း ပေးလိုက်၏။ဝမ်မော်ရွှီက သတင်းစာကို ဆွဲယူကာ အကြောင်းအရာများကို အလျင်အမြန် ဖတ်ရှုလိုက်သည်။

ယနေ့ထုတ် အရှေ့ဘက်သတင်းစာတိုက်၏ သတင်းစာတွင် ထျန်းချီ ဘုရင်၏ တပ်မတော်ကို မြောက်ပိုင်းပြည်နယ်က ချေမှုန်းသည့် အကြောင်းအရာတစ်ခုတည်းကိုသာ အဓိကထား ဖော်ပြထားသည်။

သတင်းစာတွင် လွန်ခဲ့သော လဝက်ခန့်က

ထျန်းချီ ဘုရင်၏ လွင်ပြင်ဒေသစစ်တပ် နင်းပေမြို့ကို မည်သို့ တိုက်ခိုက်ခဲ့ကြောင်းနှင့် မြောက်ပိုင်းနယ်စားမင်းသားက အန္တရာယ်ကို မမှုပဲ ရန်သူကို ပရိယာယ်သုံး၍ တိုက်ခိုက်ကာ တစ်ညတည်းဖြင့် ထျန်းချီ ဘုရင်၏ တပ်ကို မည်သို့ ချေမှုန်းခဲ့ကြောင်းကို ဖော်ပြထားသည်။

ဟုတ်ပါသည်။ အရှေ့ဘက်သတင်းစာတိုက်က ယမ်းလက်နက်ကြီးများအကြောင်း ဘာမှ မှတ်တမ်းတင်ထားခြင်း မရှိပါ။ လက်နက်ကြီးများအကြောင်း မပါသဖြင့် အောင်ပွဲသတင်းက အနည်းငယ် ယုတ္တိတန်‌ နေသည်။

လူနှစ်သိန်းရှိသော စစ်တပ်က ညအချိန်တွင် ရန်သူ့စခန်းကို ဝင်ရောက်စီးနင်းကာ ရန်သူထျန်းချီ ဘုရင်၏ အင်အားလေးသိန်းရှိသော စစ်တပ်ကို ဖျက်ဆီးပြီး အဆင့်လွန် ပညာရှင်တစ်ဦးဖြစ်သော ထျန်းချီ ဘုရင်ကိုပင် သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ဒါက တကယ် အဲဒီလောက် လွယ်နိုင်ပါ့မလား။

ဟာသတစ်ခုလား။

လွင်ပြင်ဒေသ စစ်တပ်သည် ညဘက်တွင် အိပ်ပျော်နေသည့်တိုင် ပြန်လည်တုံ့ပြန်လာပါက စစ်မြေပြင်တွင် ကြောက်စရာကောင်းသည့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းရှိသည်။ ထို့ပြင် ထျန်းချီဘုရင်၏ စစ်တပ်သည် ယခင်က လွင်ပြင်ဒေသ ဧကရာဇ်ဘုရင်၏ အဓိက မျိုးနွယ်စုမှ ခွဲထွက်လာခဲ့သည့် စစ်တပ်ဖြစ်သည်။ ထိုတပ်၏ စစ်သည်များတွင် မြင့်မားသော တိုက်ခိုက်နိုင်စွမ်းများ ရှိကြသည်။ ချုံခိုတိုက်ခိုက်ခံရလျှင် ချက်ချင်း ဘယ်လိုလုပ် ပြိုလဲသွားနိုင်မည်နည်း။

ဒီသတင်း မှားနေနိုင်လား။

သို့သော် ကျူးနိုင်ငံတော်မှ စုဆောင်းရရှိသော ထောက်လှမ်းရေး သတင်းများအရ အရှေ့ဘက် သတင်းစာတိုက်သည် မြောက်ပိုင်းနယ်စားမင်းသားစံအိမ်၏ ခွင့်ပြုချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ သဘောဖြင့် မမှန်သော သတင်းများကို ဖြန့်ဝေမည် မဟုတ်ပေ။ အထူးသဖြင့် စစ်ပွဲနှင့် သက်ဆိုင်သော ကိစ္စမျိုးတွင် ပို၍ပင် မဖြစ်နိုင်ပေ။

ခဏတာ မျက်မှောင်ကြုတ် နေပြီးနောက်

ဝမ်မော်ရွှီက သတင်းစာကို အမျိုးသမီးထံ ချက်ချင်း ပေးလိုက်ပြီး

“တစ်ချက် ကြည့်ပါဦး မုယုံသခင်မ”

ထိုအမျိုးသမီးက ဝမ်မော်ရွှီ၏ လက်ထဲမှ သတင်းစာကို ယူကာ အကြောင်းအရာများကို ဂရုတစိုက် ဖတ်ရှုလိုက်သည်။

သတင်းစာပါ အကြောင်းအရာများကို ပြန်လည်စစ်ဆေးပြီးနောက် မုယုံရွှီ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး အခန်းထဲရှိ လူများကို

“မြောက်ပိုင်းပြည်နယ်မှာ အစိုးရထုတ် သတင်းစာရှိတယ်လို့ ကျွန်မ မှတ်မိတယ်။ ဒီနေ့ထုတ် အစိုးရ သတင်းစာတစ်စောင် အမြန်ဆုံးသွားပြီးဝယ်လာခဲ့။”

ထိုစကားကို ကြားသောအခါ သတင်းစာကို လာ‌ပေးသော အမျိုးသားက ချက်ချင်းပင်

“ဟုတ်ကဲ့။ ကျွန်တော် ချက်ချင်း သွားဝယ်ပါ့မယ်။”

ထိုအမျိုးသား အခန်းမှ ထွက်သွားပြီးနောက် ဝမ်မော်ရွှီက

“ဒီသတင်းကို ဘယ်လောက်အထိ ယုံကြည်ရမယ်လို့ ထင်ပါသလဲ မုယုံသခင်မ”

ဟု မေးလိုက်သည်။

မုယုံရွှီက

“လုံးဝ ယုံကြည်ရတယ်”

ဟု ပြန်ဖြေလိုက်သည်။

သူမ၏ စကားကြောင့် အခန်းထဲရှိ လူတိုင်း အံ့သြသွားကြသည်။

ကိုယ်စားလှယ်အဖွဲ့မှ အရာရှိတစ်ဦးက

“မုယုံသခင်မက သတင်းစာပါ အကြောင်းအရာကို ဘာကြောင့် ဒီလောက် ယုံကြည်တာလဲ။ ဒီသတင်းက ဘယ်လိုကြည့်ကြည့် ယုတ္တိမရှိဘူးလို့ ထင်ရတယ်”

ဟု မေးလိုက်သည်။

မုယုံရွှီက

“သတင်းစာတွေ ရိုက်နှိပ်ဖို့ အရှေ့ဘက် သတင်းစာတိုက်က မြောက်ပိုင်းနယ်စားမင်းသားစံအိမ်ရဲ့ ခွင့်ပြုချက်ကို ရယူရတယ်။ ဒါကြောင့် ဒီသတင်းကို မြောက်ပိုင်းမင်းသားစံအိမ်က သေချာ စိစစ်ပြီးသား ဖြစ်မှာ သေချာတယ်။”

“ဒါက မြောက်ပိုင်းနယ်စားမင်းသားစံအိမ်က ဒီသတင်းကို တမင်တကာ ထုတ်ပြန်တာကို ပြနေတယ်။”

“မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်ကို ရောက်လာပြီးကတည်းက သူရင်ဆိုင်ခဲ့ရတဲ့ စစ်ပွဲနှစ်ခုစလုံး မရှုံးခဲ့ဘူး။ ထျန်းကောင်းမြို့ တိုက်ပွဲမှာ မြောက်ပိုင်းပြည်နယ်က အင်အားလေးသောင်းကျော်ရှိတဲ့ သံချပ်ကာ မြင်းတပ်တွေ ဆုံးရှုံးခဲ့တယ်လို့ ပြောခဲ့ပေမဲ့ အဲဒီသံချပ်ကာ မြင်းတပ်တွေဟာ လွန်ခဲ့တဲ့ တစ်လက မြောက်ပိုင်းပြည်နယ် စစ်ရေးပြပွဲမှာ ပြန်ပေါ်လာခဲ့တယ်။”

‌ဒါက သူတို့ရဲ့ တကယ့် အင်အားကို ဖုံးကွယ်ထားတာလို့ သက်သေပြနေတယ်။ သူတို့ ထျန်းကောင်းမြို့ တိုက်ပွဲမှာ မြောက်ပိုင်းဖရီဘုရင်ရဲ့ စစ်တပ်ကို အပြတ်အသတ် အနိုင်ယူခဲ့တယ်။”

“ဒီတိုက်ပွဲနှစ်ခုကိုကြည့်ရင် မြောက်ပိုင်းပြည်နယ်၏ စစ်အင်အား မသေးဘူးဆိုတာ ထင်ရှားတယ်။”

ထိုအချိန်တွင် ဝမ်မော်ရွှီက

“မုယုံသခင်မ။ ထျန်းချီ ဘုရင်ရဲ့ မျိုးနွယ်စုဟာ လွင်ပြင်ဒေသ ဧကရာဇ်ဘုရင်ရဲ့ နန်းတွင်းက ခွဲထွက်လာတဲ့ အဓိက မျိုးနွယ်စုဖြစ်ပါတယ်။ ထျန်းချီ ဘုရင် လက်အောက်က လွင်ပြင်‌ဒေသ စစ်သည်‌တွေဟာ နဂိုမြောက်ပိုင်းဒေသက စစ်သည်တွေထက် ပိုပြီး အစွမ်းထက်ကြတယ်။”

မုယုံရွှီက

“ဝမ်သခင်လည်း ထျန်းချီ ဘုရင်ဦးဆောင်တဲ့ လွင်ပြင်ဒေသ စစ်တပ် အင်အားကြီးတယ်ဆိုတာ သတိထားမိတာပဲ။ ဒါဆို မြောက်ပိုင်းပြည်နယ်ဟာ အစကတည်းက သူ့ရဲ့ အင်အားအမှန်ကို ဖုံးကွယ်ထားတယ်လို့ ဝမ်သခင် မထင်ဘူးလား”

ဟု ပြန်မေးလိုက်သည်။

“ဒါက...”

ဝမ်မော်ရွှီ ခဏမျှ တုံ့ဆိုင်းသွားပြီး

“မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ်ကို ရောက်တာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်...”

ဟု ပြောလိုက်သည်။

မုယုံရွှီက

“ကောင်းကင်ဝံပုလွေဘုရင်ရဲ့ စစ်တပ် ရန်ခရိုင်ကို လာတိုက်တဲ့ အချိန်က မြောက်ပိုင်းနယ်စားမင်းသား မြောက်ပိုင်းပြည်နယ် ရောက်တာ ဘယ်လောက်ကြာပြီလဲ။”

ဟု ပြန်မေးလိုက်သည်။

“မြောက်ပိုင်းပြည်နယ်ရဲ့ စစ်ရေးအင်အားကို ခန့်မှန်းဖို့ သာမန်မျက်စိနဲ့ ကြည့်လို့ မရဘူးဆိုတာ ထင်ရှားပါတယ်။”

“မြောက်ပိုင်းနယ်စားမင်းသားရဲ့ နောက်ကွယ်မှာ ဘယ်လိုအင်အားစုမျိုး ရှိနေလဲဆိုတာ မြောက်ပိုင်းမင်းသားကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ မသိဘူး။ ဧကရာဇ်မတောင် သူ့ကို ဖောက်ထွင်းမြင်နိုင်စွမ်း မရှိဘူး။”

မုယုံရွှီ၏ စကားများကို ကြားသောအခါ လူတိုင်း တစ်ဖန် တိတ်ဆိတ်သွားကြသည်။

မုယုံရွှီက

“မြောက်ပိုင်းပြည်နယ်ရဲ့ အစိုးရ သတင်းစာ ထွက်လာတဲ့အခါ ဒီသတင်း မှန်လား မှားလားဆိုတာ ကျွန်မတို့ သိရလိမ့်မယ်။”

ထိုအချိန်တွင် ဝမ်မော်ရွှီက

“ကျူးကဲ့ကျုံကောင်းက ကျွန်တော်တို့ကို စောင့်ခိုင်းတာ အံ့ဩစရာ မဟုတ်ဘူး။ သူက မြောက်ပိုင်းပြည်နယ်တပ်ရဲ့ ကြီးမားတဲ့ အောင်ပွဲအကြောင်းကို သိပြီးဖြစ်ပုံရတယ်။”

အခန်းထဲ ရောက်ရှိနေသူများ၏ ခံစားချက်များ ရှုပ်ထွေးနေသည်။ မူလက သူတို့သည် မြောက်ပိုင်းပြည်နယ်ကို ကူညီရန် ရည်ရွယ်ချက်ဖြင့် မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြောက်ပိုင်းပြည်နယ်အား ကျူးနိုင်ငံတော်အပေါ် ကျေးဇူးအတင်ခံ စေလိုခဲ့သည်။ စစ်ပွဲက ယခုလို လျင်မြန်စွာ အဆုံးသတ်သွားမည်ဟု သူတို့ မထင်ထားခဲ့ပေ။

အခန်းထဲတွင် ၁၅ မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် ခုနက အမျိုးသား သတင်းစာနှင့်အတူ ပြန်ရောက်လာခဲ့သည်။

မြောက်ပိုင်းပြည်နယ်၏ အစိုးရ သတင်းစာတွင်လည်း နင်းပေမြို့မှ စစ်ရေးအောင်ပွဲကို ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုအခါ သူတို့လည်း မြောက်ပိုင်းပြည်နယ်က ထျန်းချီ ဘုရင်ဦးဆောင်သော လွင်ပြင် ဒေသတပ်ကို အမှန်တကယ် အနိုင်ယူခဲ့သည်ဟု အခြေခံအားဖြင့် ယုံကြည်သွားကြတော့သည်။

ထိုအရာက သံတမန်များအတွက် မေးခွန်းသစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ထျန်းချီ ဘုရင်သည် အဆင့်လွန် ပညာရှင်ဖြစ်သောကြောင့် သူ့ကို အနိုင်ယူရန် စစ်မြေပြင်တွင် အနည်းဆုံး အခြား အဆင့်လွန် ပညာရှင်တစ်ဦး ရှိရမည်ဖြစ်သည်။ ကျူးကဲ့ကျုံကောင်းသည် တစ်လျှောက်လုံး ရန်ခရိုင်တွင် အမြဲရှိနေခဲ့သောကြောင့် မြောက်ပိုင်းပြည်နယ်တွင် အခြားသော လျှို့ဝှက် အဆင့်လွန် ပညာရှင်တစ်ဦး ရှိနေသည်ဟု ဆိုလိုသည့် သဘောသက်ရောက်‌နေသည်။

အဆင့်လွန် ပညာရှင် နှစ်ဦးရှိသော နယ်စား နယ်မြေတစ်ခုလား။

ထိုနယ်မြေကို နယ်စား နယ်မြေဟု သတ်မှတ်နိုင်ပါသေးလား။

မြောက်ပိုင်းနယ်စားမင်းသား ရန်ခရိုင်သို့ ပြန်ရောက်လာပါက သူ့တွင် ဧကရာဇ်ဘွဲ့ခံရန် အစီအစဉ်များ ရှိနေနိုင်သည်။ မဟုတ်ပါက ကျူးကဲ့ကျုံကောင်းက မြောက်ပိုင်းနယ်စားမင်းသား ကျူးနိုင်ငံတော်ကိုယ်စားလှယ်အဖွဲ့နှင့် ကိုယ်တိုင်တွေ့ဆုံလိုကြောင်း အဘယ်ကြောင့်ပြောရပါမည်နည်း။

မြောက်ပိုင်းပြည်နယ်က ထျန်းချီ ဘုရင်၏ တပ်မတော်အား အနိုင်ယူခဲ့သည့် သတင်း ဟိုးလေးတကျော် ဖြစ်သွားပြီး တစ်လမပြည့်မီပင် နိုင်များစွာသို့ ပျံ့နှံ့သွားခဲ့သည်။

မှန်ပါသည်။ ဆွမ်ဧကရာဇ်၏ နားထဲသို့လည်း ရောက်ရှိခဲ့သည်။

သို့သော် ဆွမ်ဧကရာဇ်နှင့် နန်းတွင်းအရာရှိများ ထိုသတင်းကို ကြားသိရပုံက ကောလာဟလများမှတစ်ဆင့် မဟုတ်ပေ။ မြောက်ပိုင်းပြည်နယ်မှ စေလွှတ်လိုက်သော အနီရောင် ဖဲကြိုးတပ် သတင်းပို့သူထံမှ ဖြစ်သည်။

.....

ရှနိုင်ငံတော်။

ချွန်ကျင်ခန်းမ။

ယနေ့ နန်းတွင်းသည် အထူးတလည် စည်ကားနေပြီး အရာရှိများသည် လုရှုယွမ်ကို မည်သို့ ကိုင်တွယ်သင့်ကြောင်း ဆွေးနွေးနေကြသည်။ ရှနိုင်ငံတော်အတွင်းရှိ ပြည်တွင်းစစ်သည် အဆုံးသတ်ရန် နီးကပ်လာပြီဖြစ်သည်။ လုရှုယွမ်ကို မဖမ်းဆီးရသေးသော်လည်း နန်းတွင်းစစ်တပ်သည် ဆူဖုန်းမြို့ကို ဝန်းရံထားပြီးဖြစ်ကာ ယခင်အိမ်ရှေ့မင်းသားဖြစ်ခဲ့သူ လုရှုယွမ်သည်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

သူတို့ အပြင်းအထန် ဆွေးနွေးနေစဉ် အပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“မြောက်ပိုင်းပြည်နယ်မှ အရေးပေါ် အစီရင်ခံစာ။”

ထိုအသံကို ကြားသောအခါ ချွန်ကျင်ခန်းမ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

မြောက်ပိုင်းပြည်နယ်....။

မြောက်ပိုင်းပြည်နယ်က ဘယ်လို အရေးပေါ် အစီရင်ခံစာမျိုး ရောက်လာတာလဲ။

မြောက်ပိုင်းပြည်နယ်ရဲ့ စစ်သား နှစ်သိန်း

ထျန်းချီ ဘုရင် လက်ချက်နဲ့ အဆုံးသတ်သွားပြီလား။

.............

အခန်း (၄၁၇ )

သူက အဆင့်လွန် ပညာရှင် ဖြစ်နေပြီ (၁)

နန်းတွင်းအရာရှိများသည် မကြာသေးမီက တောင်ပိုင်းရှိ စစ်ရေးကိစ္စများတွင် အာရုံစိုက်နေသော်လည်း မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်သော သတင်းအချို့ကိုမူ သိရှိထားကြသည်။

အထူးသဖြင့် မြောက်ပိုင်းပြည်နယ်၏ စစ်သည်အင်အား စာရင်းသည် အမတ်များကို ထိတ်လန့်စေခဲ့၏။ နှစ်သိန်းသော စစ်တပ်ပေါ်ထွန်းလာခြင်းက မြောက်ပိုင်းပြည်နယ်သည် ထိန်းချုပ်မရတော့သည့် အခြေအနေသို့ ရောက်ရှိလာကြောင်း သဘောပေါက်လာခဲ့ကြသည်။

သို့သော် တောင်ပိုင်းသူပုန်များကို မချေမှုန်းနိုင်သေးသောကြောင့် မြောက်ပိုင်းပြည်နယ်တွင် ဖြစ်ပျက်နေသည်များကို အာရုံစိုက်ရန် စွမ်းအားမရှိကြပေ။

တောင်ပိုင်းရှိ ပုန်ကန်သူများကို မနှိမ်နင်းမီ မြောက်ပိုင်းပြည်နယ်ကို ဦးတည်ပါက ရှေ့နောက်ညှပ်ခံရနိုင်သည့် အလားအလာများရှိသဖြင့် နန်းတွင်းအမတ်များသည် မြောက်ပိုင်းပြည်နယ်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းသော သဘောထားရှိခဲ့ကြသည်။ လျစ်လျူရှုထားမည်ဟူသော သဘောထားဖြစ်သည်။

ထို့ပြင် ထျန်းချီဘုရင်၏ လေးသိန်းသော စစ်တပ် အရှေ့ဘက်သို့ ချီတက်လာသည်ဟု ကြားသိရသည့်အခါ မြောက်ပိုင်းပြည်နယ်နှင့် ထျန်းချီဘုရင်တို့အကြား တိုက်ပွဲဖြစ်ပွားပြီး ထျန်းချီဘုရင်၏ ကြောက်မက်ဖွယ်ရာ အင်အားက မြောက်ပိုင်းပြည်နယ်၏ အင်အားကို အနည်းနှင့်အများ ချိနဲ့စေမည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် ထျန်းချီ ဘုရင်၏ တိုက်ခိုက်မှုကြောင့် မြောက်ပိုင်းပြည်နယ် အားနည်းသွားစေလိုသော်လည်း ထျန်းချီ ဘုရင်၏ လက်အောက်တွင် လုံးဝ ကျရောက်သွားမည်ကိုတော့ မလိုလားကြပေ။

ယခု သူတို့၏အာရုံက တောင်ပိုင်းတွင်ရှိနေစဉ် မြောက်ပိုင်းပြည်နယ်သာ ထျန်းချီဘုရင်၏ လက်အောက်သို့ ကျရောက်သွားပါက ရှနိုင်ငံတော်အတွက် နောက်ထပ်ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ ထျန်းချီဘုရင်သည် အဆင့်လွန်ပညာရှင်တစ်ဦးဖြစ်ပြီး သူ၏မျိုးနွယ်စုသည် ယခင်လွင်ပြင်ဒေသဧကရာဇ်ဘုရင်၏ နန်းတွင်းမှ ခွဲထွက်လာခဲ့သည့် အဓိကမျိုးနွယ်စုဖြစ်ကာ သူ၏လွင်ပြင်ဒေသစစ်သည်တိုင်းသည် အလွန်စွမ်းရည်ပြည့်ဝသူများ ဖြစ်ကြသည်။

မြောက်ပိုင်းပြည်နယ်သာ ထျန်းချီ ဘုရင်၏ စစ်တပ် သိမ်းပိုက်ခြင်းကို ခံရပါက ရှနိုင်ငံတော်၏ ဦးခေါင်းပေါ်တွင် ချိတ်ဆွဲထားသော ထက်မြက်သော ဓားတစ်လက်နှင့် တူညီပြီး နိုင်ငံအတွက် အလွန်ဆိုးရွားသော အခြေအနေတစ်ခု ဖြစ်လာလိမ့်မည်။

နန်းတွင်းအရာရှိများအားလုံး မြောက်ပိုင်းပြည်နယ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်ဟု ထင်ကြေးပေးနေစဉ် အနီရောင် ဖဲကြိုးတပ် သတင်းပို့သူက ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။

“မြောက်ပိုင်းပြည်နယ် အောင်ပွဲကြီးရပြီ။”

“မြောက်ပိုင်းနယ်စားမင်းသားသည် အင်အားနှစ်သိန်းရှိသော တပ်မတော်ကို ဦးဆောင်ကာ နင်းပေမြို့တွင် ကြီးမားသော အောင်ပွဲကို ရရှိခဲ့ပြီး လွင်ပြင် ဒေသမျိုးနွယ်စုဝင် စစ်သည် သုံးသိန်းနှစ်သောင်းကို သတ်ဖြတ်ကာ ရှစ်သောင်းကို ဖမ်းဆီးရမိခဲ့သည်။ ကျွန်ုပ်တို့ဘက်မှ ဗိုလ်ချုပ်တစ်ဦး၏ လက်ချက်ဖြင့် ထျန်းချီ ဘုရင် သေဆုံးခဲ့ပါသည် “

ထိုသတင်းကို ကြားသောအခါ ခန်းမကြီးသည် ပို၍ပင် တိတ်ဆိတ်သွားပြီး အချို့ အရာရှိများသည် အံ့အားသင့်လွန်းသဖြင့် အသက်ရှူသံများပင် ထွက်ပေါ်လာကြသည်။

မြောက်ပိုင်းပြည်နယ် ထျန်းချီဘုရင်၏ လက်အောက်သို့ ကျရောက်သွားပြီဟု သူတို့ထင်ခဲ့ကြသော်လည်း ရလဒ်မှာ မြောက်ပိုင်းပြည်နယ်က ထျန်းချီဘုရင်၏ လေးသိန်းသော စစ်တပ်ကို အနိုင်ရခဲ့ပြီး အဆင့်လွန်ပညာရှင်ဖြစ်သည့် ထျန်းချီဘုရင်ကိုပင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်နေသည်။

ဒါက...

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...

မြောက်ပိုင်းပြည်နယ်က ဘယ်လိုလုပ်လိုက်လို့လဲ။

မြောက်ပိုင်းပြည်နယ်၏ အဆင့်လွန်ပညာရှင် ကျူးကဲ့ကျုံကောင်းသည် အမြဲတမ်း ရန်ခရိုင်တွင်သာရှိပြီး နင်းပေမြို့သို့ မသွားရောက်ခဲ့ပေ။

အဆင့်လွန်ပညာရှင်တစ်ဦးကို သတ်ရန် မြောက်ပိုင်းပြည်နယ်တွင် အဆင့်လွန်ပညာရှင်တစ်ဦး ရှိရမည်။

ကျူးကဲ့ကျုံကောင်း စစ်မြေပြင်သို့ မသွားရောက်ခဲ့ပါက မြောက်ပိုင်းပြည်နယ်တွင် အခြားဝှက်ထားသော အဆင့်လွန်ပညာရှင်တစ်ဦး ရှိနေသေးသည်ဟု ဆိုလိုသည် မဟုတ်လော။

နယ်စားပြည်နယ်တစ်ခုတွင် အဆင့်လွန်ပညာရှင်နှစ်ဦး။

ဒါဆို ထိုပြည်နယ်ကို နယ်စားပြည်နယ်ဟု ဆိုနိုင်သေးသလား။

ရှနိုင်ငံတော်၏ တော်ဝင် မိသားစုတွင်ပင် လူသိရှင်ကြား အဆင့်လွန် ပညာရှင်တစ်ဦးသာ ရှိသည်။ နိုင်ငံတော်၏ ပညာရှိ စစ်တူစီဖြစ်သည်။ သို့သော် မြောက်ပိုင်းပြည်နယ်တွင် နှစ်ဦးရှိသောကြောင့် မြောက်ပိုင်းပြည်နယ်သည် ပုန်ကန်ရန် ရည်ရွယ်ချက်မရှိဟု ယုံကြည်ရန် ခက်ခဲစေသည် မဟုတ်ပါလား။

ထိုအချက်က မြောက်ပိုင်းနယ်စားမင်းသားသည် ဆွမ်ဧကရာဇ်၏ စစ်တူရင် ကစားကွက်ထဲက နယ်ရုပ်တစ်ရုပ်သာဖြစ်သည်ဟု ထင်မြင်ယူဆခဲ့ကြသူများကို သံသယဝင်စေသည်။

မြောက်ပိုင်းနယ်စားမင်းသားက တကယ်ပဲ ဆွမ်ဧကရာဇ်၏ နယ်ရုပ်ဖြစ်နိုင်ပါသလား။

ဧကရာဇ်က နယ်ရုပ်၏ ဘေးတွင် အဆင့်လွန်ပညာရှင် နှစ်ဦးကို ထားရှိရန် လိုအပ်ပါသလား။

နယ်ရုပ်တစ်ရုပ်က စစ်တုရင်ကွက်ထဲတွင် ခုန်ပျံကျော်လွှားလာနိုင်ပါက ထိုအရုပ်ကို နယ်ရုပ်ဟု ခေါ်ဆိုနိုင်ဦးမှာလား။

ထိုအချိန်တွင် ခန်းမအတွင်းရှိ စိတ်ခံစားမှုလေထုက အလွန်လေးလံနေပြီး ဆွမ်ဧကရာဇ်ထံမှ ထွက်ပေါ်လာသော ဖိအားကိုပင် လက်တွေ့ခံစားမိနေရသကဲ့သို့ ဖြစ်နေသည်။ အရာရှိများသည် အသက်ကိုပင် ရဲရဲမရှူရဲကြပေ။

ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် ဆွမ်ဧကရာဇ်ဘေးရှိ မိန်းမစိုးတစ်ဦးက သတိပြန်ဝင်လာကာ အနီရောင်ဖဲကြိုးတပ် သတင်းပို့သူထံ အလျင်အမြန်သွားကာ စစ်ရေးအစီရင်ခံစာကို ယူလိုက်ပြီး တုန်ယင်နေသော လက်များဖြင့် ဧကရာဇ်ထံ ဆက်သလိုက်သည်။

ထို့နောက် ဆွမ်ဧကရာဇ်က စစ်‌ရေးအစီရင်ခံစာကိုယူကာ အကြောင်းအရာကို ဖတ်ရှုပြီးနောက် အတော်ကြာ တိတ်ဆိတ်စွာနေခဲ့သည်။

ထျန်းချီ ဘုရင် အရှေ့ဘက်သို့ ချီတက်ကြောင်း ပထမဆုံး ကြားသိရစဉ်က မြောက်ပိုင်းပြည်နယ်သည် ကြီးမားသော အကျပ်အတည်းနှင့် မလွဲဧကန် ရင်ဆိုင်ရမည်ဟု သူလည်း ထင်ခဲ့သည်။ မြောက်ပိုင်းပြည်နယ်ဘက်က ထျန်းချီ ဘုရင်၏ ထိုးစစ်ကို ခံနိုင်ခဲ့လျှင်တောင် သူတို့၏ အင်အားသည် သိသိသာသာ လျှော့နည်းသွားလိမ့်မည်။

သို့သော် ယခု အစီရင်ခံစာက မြောက်ပိုင်းပြည်နယ်သည် ထျန်းချီ ဘုရင်၏ စစ်သည်လေးသိန်းကို အနိုင်ရရုံသာမက အဆင့်လွန် ပညာရှင်ဖြစ်သော ထျန်းချီ ဘုရင်ကိုလည်း သတ်နိုင်ခဲ့ကြောင်း ပြောပြနေသည်။

တိုတောင်းသော ကာလအတွင်း မြောက်ပိုင်းပြည်နယ်က ဘယ်လိုလုပ် ဒီလောက်တောင် အားကောင်းလာရတာလဲ။

အဓိကအချက်မှာ အရိပ်ကိုယ်ရံတော်များ၏ ထောက်လှမ်းရေးအချက်အလက်များအရ ကျူးကဲ့ကျုံကောင်း စစ်မြေပြင်သို့ မရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မြောက်ပိုင်းနယ်တွင် အနည်းဆုံး အခြားအဆင့်လွန်ပညာရှင် နောက်တစ်ဦး ရှိနေသေးသည်။ အစပိုင်းတွင် သူသည် ကျူးကဲ့ကျုံကောင်းကို လုချန်းနောက်ကွယ်ရှိ လူဟု ထင်မြင်ခဲ့သော်လည်း ယခုတော့ ကျူးကဲ့ကျုံကောင်း သည် မြောက်ပိုင်းပြည်နယ်၏ အပြောင်းအလဲများနောက်ကွယ်မှ အဓိက ကြိုးကိုင်သူ မဟုတ်နိုင်ကြောင်း ထင်ရှားလာသည်။

တိုက်ပွဲအစီရင်ခံစာပါ အကြောင်းအရာများကို ကြည့်ရှုနေစဉ် ဆွမ်ဧကရာဇ်၏ မျက်နှာ မည်းမှောင်သွားပြီး အလွန်အမင်း စိတ်မချမ်းမသာ ဖြစ်လာနေပုံရသည်။

မြောက်ပိုင်းပြည်နယ်သည် ရှနိုင်ငံတော်၏ လက်အောက်ခံဖြစ်သောကြောင့် ရှနိုင်ငံ၏ ဧကရာဇ်ဖြစ်သော ဆွမ်ဧကရာဇ် အနေနှင့် ဝမ်းမြောက်သင့်သည်။ သို့သော် လက်အောက်ခံ ပြည်နယ်တစ်ခု အလွန်အင်အားကြီးမားလာပါက နန်းတော်နှင့် သူ၏ ဧကရာဇ်ရာထူးအတွက်ပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာသည်။

မြောက်ပိုင်းပြည်နယ်သည် နန်းတွင်း၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရှနိုင်ငံတော် နန်းတွင်းက မြောက်ပိုင်းပြည်နယ်ကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သည်မှာ ထင်ရှားသည်။ မြောက်ပိုင်းပြည်နယ်ရှိ အခြေအနေကို ကိုင်တွယ်ရန် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် ဆွမ်ဧကရာဇ်က နောက်ဆုံးတွင် အေးစက်စွာဖြင့်

“ကျုပ်ရဲ့ သစ္စာရှိတဲ့ အရာရှိတွေ။ မြောက်ပိုင်းနယ်စားမင်းသားဟာ တိုက်ပွဲမှာ အလွန်သတ္တိ ပြောင်ခဲ့ပြီး ကြီးကျယ်တဲ့ အောင်ပွဲကို ရရှိခဲ့တယ်။ သူ့ကို ကျုပ်ဘယ်လို ဆုချသင့်တယ်လို့ ခင်ဗျားတို့ ထင်လဲ”

ဟု မေးလိုက်သည်။

ဆွမ်ဧကရာဇ်၏ အေးစက်သော လေသံကို ကြားသောအခါ ခန်းမကြီးအတွင်းရှိ အရာရှိတစ်ဦးမှ စကားပြောရန် မဝံ့ရဲကြပေ။

ထိုရလဒ်ကို ဆွမ်ဧကရာဇ် မကျေနပ်သည်မှာ ထင်ရှားသည်။ ထိုကဲ့သို့ အင်အားကြီးမားသော စစ်ရေးအင်အားရှိသည့် နယ်စားသည် နန်းတွင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။

ထိုအချိန်တွင် ညာလက်ရုံးဝန်ကြီး ကျောင်းဝမ်ဟန်က ထရပ်ကာ

“မင်းကြီး။ မြောက်ပိုင်းနယ်စားမင်းသားဟာ ကြီးမားတဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့သော်လည်း စစ်အင်အား ကန့်သတ်သည့် အမိန့်ကို ချိုးဖောက်ကာ ခွင့်ပြုချက်မရှိပဲ တပ်ဖွဲ့ဝင်များကို နှစ်သိန်းအထိ တိုးချဲ့ခဲ့ပါတယ်။ ထိုသို့ ခွင့်ပြုချက်မရှိပဲ တိုးချဲ့ခြင်းဟာ ကြီးလေးတဲ့ ပြစ်မှုဖြစ်ပါတယ်။

ဒါပေမဲ့ သူရဲ့ တပ်မတော်ဟာ မြောက်ဘက်ကို ချီတက်ပြီး ရှနိုင်ငံတော်ကို နိုင်ငံခြားရန်သူများရဲ့ ကျူးကျော်မှုမှ ကာကွယ်ခဲ့တာ ထည့်သွင်းစဉ်းစားရင် သူရဲ့ စွမ်းဆောင်မှုဟာ သူ့ရဲ့ ပြစ်မှုကို ချေဖျက်နိုင်တယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် မြောက်ပိုင်းနယ်စားမင်းသားကို နောက်ထပ် ဆုချဖို့ မလိုအပ်ပါဘူး။”

..........

All Chapters